ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 950 ကုန်သွယ်ရေးလုပ်ငန်းများကြားရှိ ယှဥ်ပြိုင်မှု
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 950 ကုန်သွယ်ရေးလုပ်ငန်းများကြားရှိ ယှဥ်ပြိုင်မှု
” ဒီတိုက်တန်မြို့ ဝင်ခွင့်တံဆိပ်ပြားတွေရဲ့အကြောင်းကို ရှင်းပြပြီးပြီ …”
ရှီဖုန်းက ပြောပြီးနောက် သူ့လက်ထဲရှိ ဝင်ခွင့်တံဆိပ်ပြားကို လှည့်ပတ်ဆော့ကစားနေသည်။ ပြီးနောက် သူ့ရှေ့ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီး သူတို့ပြသသည့် စိတ်အားထက်သန်မှုကြောင့် သူအလွန်စိတ်ကျေနပ်နေမိသည်။
” ဒီတော့ မင်းတို့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုဖြစ်မလဲ …”
သူသည် ထိုဝင်ခွင့်တံဆိပ်ပြားများရရန်အတွက် များစွာစတေးခဲ့ရသည်။ သူ၏ တန်ဖိုးအကြီးဆုံး အလွှာလေးမှော်စာလိပ်ကိုတောင် အသုံးပြုခဲ့ရသည်။ အတိတ်တုန်းက တိုက်တန်မြို့ ဝင်ခွင့်တံဆိပ်ပြားတစ်ခုကို လေလံပွဲ၌ ရွှေပြားသုံးရာကျော်ဖြင့် ရောင်းချနိုင်ပြီး ထိုတံဆိပ်ပြား၏ တန်ကြေးက တစ်ခါတစ်ရံတွင် ရွှေပြားခြောက်ရာတောင် ရောက်သွားသေးသည်။ ယင်းက သာမန်ကစားသမားများ တတ်နိုင်သည့်အရာမဟုတ်ပေ။
ထို့အပြင် သူတို့က ယင်းကို ရယူနိုင်ခဲ့လျှင်တောင် တိုက်တန်မြို့ထဲ၌ သုံးစွဲရန် လုံလောက်သည့် ငွေပမာဏရှိရန် လိုအပ်ပေသည်။ မဟုတ်လျှင် သူတို့က မြို့သို့လည်ပတ်နိုင်တော့မှာ မဟုတ်ပေ။
အစည်းအရုံးကြီးများက အဆင့်မြင့်ဘဝပုံစံ ကစားသမားတစ်ဦးကို ပညာရှင်အဆင့် သို့မဟုတ် ဘဝပုံစံပညာရှင်အဆင့်ကို ဖန်တီးမှုအသစ် ထုတ်လုပ်ခွင့်ရရှိနိုင်ရန်အတွက် ဝင်ခွင့်တံဆိပ်ပြားများကို တန်ကြေးမြင့်မြင့်ဖြင့်ဝယ်ယူရန် ဆန္ဒရှိကြသည်။ အလယ်အဆင့် ဘဝပုံစံကစားသမားများနှင့် အဆင့်မြင့်ဘဝပုံစံကစားသမားများကို သူတော်စင်မြို့သို့ ပို့ပေးခြင်းက ဖြုန်းတီးမှုသာဖြစ်ပေ၏။ သို့သော် ရှီဖုန်းက ယခုအချိန်တွင် ဂရုမစိုက်ပေ။
လက်ရှိဘဝပုံစံ ကစားသမားများအတွက် ပညာရှင်အဆင့်သို့ရောက်ရှိရန်က မဖြစ်နိုင်ပေ။ သုသေသနအခန်း၏ ကူညီပေးမှုဖြင့်တောင် ခရင်ကိုးကိုးအားကဲ့သို့ ပန်းပဲပါရမီရှင်များသည် အချိန်တိုအတွင်း ပန်းပဲပညာရှင်တစ်ဦး မဖြစ်နိုင်စရာအကြောင်း မရှိပေ။
ပညာရှင်အဆင့်ကို ရရှိရန်အတွက် ဘဝပုံစံကစားသမားများအားလုံးသည် မူလဖန်တီးမှုများ ထုတ်လုပ်ရန်လိုအပ်ပေသည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ကုန်ကြမ်းအားလုံး၏ အသိပညာဗဟုသုတ ပိုင်ဆိုင်ထားရန်လိုအပ်သည်။ ရှီဖုန်း အစောပိုင်းတွင်ဖန်တီးခဲ့သည့် ရင်ကာအစပြားက ကံကောင်းထောက်မပြီး ရလာရုံမျှသာဖြစ်သည်။ သူသည် ယခုအချိန်တွင် ချပ်ဝတ်တန်ဆာ အပိုင်းအစသစ်ကို ဖန်တီးရမည်ဆိုပါက အောင်မြင်နိုင်ခြေက မရှိပေ။
ကြေးနီအဆင့် မှိန်ဖျော့ခြင်းရင်ကာပြားကို ဖန်းတီးနိုင်ခြင်းကပင် ဆန်းကြယ်နေပြီ ဖြစ်သည်။ ပညာရှင်တစ်ဦးဖြစ်ရန်အတွက် ထုတ်လုပ်ရန်လိုအပ်သော အိုင်တမ်၏ အရည်အသွေးက ပိုမြင့်ရမှာ ဖြစ်သည်။
ပန်းပဲပညာရှင်တစ်ဦး ဖြစ်ရန်အတွက် ပန်းပဲကျွမ်းကျင်မှုတစ်ခန်း လိုအပ်သည့်အပြင် ဆန်းကြယ်သံမဏိအိုင်တမ်သုံးမျိုးနှင့် လျှို့ဝှက်ငွေအိုင်တမ်တစ်မျိုးကို ဖန်တီးရန်လည်း လိုအပ်ပေသည်။ သို့သော် ဘဝပုံစံပညာရှင်တစ်ဦးဖြစ်ရန် အောင်မြင်သည့် ကစားသမားအရေအတွက်က အင်မတန်နိမ့်ပြီး အဆင့်မြင့်ဘဝပုံစံကစားသမားတစ်ရာတွင် တစ်ယောက်တောင် ထွက်မလာပေ။
ယင်းက တိုက်တန်၏ သူတော်စင်မြေသည် အတိတ်တုန်းက ဘဝပုံစံကစားသမားများအတွက် သူတော်စင်မြေတစ်ခု ဖြစ်လာရသည့်အကြောင်းအရင်းလည်း ဖြစ်ပေသည်။ မရေမတွက်နိုင်သည့် အဆင့်မြင့်ဘဝပုံစံကစားသမားများသည် သူတို့၏ အသက်မွေးဝမ်းကြောင်း ရှေ့ဆက်နိုင်ရန်အတွက် သူတော်စင်မြို့သို့ ဝင်ခွင့်ရရန် အိပ်မက်မက်နေကြသည်။ အမျိုးမျိုးသောအစည်းအရုံးကြီးများကလည်း ဝင်ခွင့်တံဆိပ်ပြားများကိုဝယ်ယူရန် ကြိုးစားနေကြသည်။
ဘဝပုံစံပညာရှင်တစ်ဦးဖြစ်လာနိုင်သည့် မည်သူမဆို သူတို့ပိုင်ဆိုင်သည့် ကုန်သွယ်ရေးလုပ်ငန်း၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပေမည်။ ဆိုရလျှင် ဘဝပုံစံပညာရှင်များသည် သူတို့ကိုယ်တိုင်အတွက် ပြိုင်စံရှားသည့်အိုင်တမ်များ ထုတ်လုပ်နိုင်ပေ၏။ ထို့အပြင် လူတစ်ယောက်၏အောင်မြင်မှုသည် ပညာရှင်တစ်ဦးဖြစ်လာချိန်၌ သူတို့၏ အမျိုးအစားနှင့် သက်ဆိုင်နေသော အမျိုးမျိုးသောကုန်ကြမ်းများအပေါ် သုသေသနပြုမူကလည်း တိုးတက်လာပြီး အမျိုးအစားများကို အဆင့်သစ်ရောက်စေသည်။ နောက်တွင် သူတို့က အိုင်တမ်အသစ်များ ထုတ်လုပ်ပြီး ငွေကြေးရှာရာ၌ ပိုမိုလွယ်ကူသွားပေလိမ့်မည်။ ထိုကြောင့် အမျိုးမျိုးသော အစည်းအရုံးကြီးများက ပညာရှင်အဆင့်ကစားသမားများကို တလေးတစားဆက်ဆံကြ၏။
” ကောင်းပြီ …”
လွမ်းဆွေးခြင်းအပြုံးက တင်းမာသည့်ပုံစံဖြင့် သူမရှေ့ရှိ ဘဝပုံစံကစားသမားများကို ကြည့်လိုက်သည်။ စားပွဲပေါ်တွင် စာချုပ်ကိုတင်လိုက်ပြီးနောက် သူမက ဆက်ပြော၏။
“မင်းတို့တွေ တိုးတက်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ဒီစာချုပ်ကို လက်မှတ်ထိုးလိုက် … မဟုတ်ရင် ကုန်သွယ်ရေးလုပ်ငန်းက ဒီလိုတန်ဖိုးရှိတဲ့အခွင့်အရေး မင်းတို့ကိုပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ် …”
“ဒါပေမဲ့ ကျုပ်တို့တွေ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်မယ်ဆိုရင် ဖယောင်းတိုင်အလင်းမှာ ကျုပ်တို့ကိုယ်ကျုပ်တို့ ရောင်းချတာနဲ့ တူသွားပြီလေ … နောင်ကျ ဖယောင်းတိုင်အလင်းကနေ ထွက်သွားဖို့အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး … ဒါ့အပြင် ကျုပ်တို့ကို အချိန်အပြည့်တောင် တောင်းထားသေးတာ … ဒီကိစ္စကိုစဥ်းစားဖို့အတွက် အချိန်တချို့လိုတယ် …”
အလယ်အဆင့်ဘဝပုံစံကစားသမားအချို့က သူတို့အမြင်ကို ပြောသည်။ သူတို့အမြင်တွင် နတ်ဘုရားနယ်မြေက ဂိမ်းတစ်ခုမျှသာ ဖြစ်သည်။ သူတို့က နတ်ဘုရားနယ်မြေထဲတွင် အချိန်အပြည့်အဝမြှုပ်နှံနေပါက နောင်တွင် စာလောင်ပြီးမသေနိုင်ဘူးလို့ မည်သူက အာမခံနိုင်မည်နည်း။
ထို့အပြင် စာချုပ်ထဲတွင်ပါဝင်သည့် အချက်အလက်များက တောင်းဆိုမှုများလွန်းသည်။ စာချုပ်က နောက်ထပ်ဆယ်စုနှစ်တစ်ခုအတွင်း အခြားသောနေရာတွင် အလုပ်လုပ်ခြင်းကို တားမြစ်ထား၏။ သူတို့က အကောင့်ကိုပျက်ဖြစ်ပြီး ထပ်မံအသစ်စတင်တာမျိုးတောင် ခွင့်မပြုပေ။ စနစ်စာချုပ် ဖြစ်သည်နှင့်အညီ သူတို့က နတ်ဘုရားနယ်မြေထဲတွင် ကစားတာကိုရပ်ရန် မဆုံးဖြတ်လိုက်သရွေ့ အခြေအနေများမှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
ထို့အပြင် သူတို့သည် ဆယ်စုနှစ်တစ်စုကြာပြီးနောက် အခြားနေရာတွင် အလုပ်လုပ်ရန်ရွေးချယ်ခဲ့လျှင်တောင် ထိုသို့မလုပ်ခင် သူတို့အကောင့်များကို ဦးစွာဖျက်ရန် လိုအပ်သည်။
“မင်းတို့ကို ဖိအားမပေးဘူး … ဒါပေမဲ့ ဒီတံဆိပ်တွေကိုရဖို့ အင်မတန်ခက်ခဲတယ်ဆိုတာ မင်းတို့အားလုံး နားလည်ထားဖို့လိုတယ် … နတ်ဘုရားနယ်မြေထဲမှာ နေ့ဝက်ပဲ အချိန်ကုန်မယ်ဆိုရင် ဒီတံဆိပ်ပြားတွေကို ဖြုန်းတီးရာရောက်နေမှာပဲ … နောင်ကျ မင်းတို့တွေက ရုတ်တရက်ကြီးထွက်သွားဖို့ ဆုံးဖြတ်ခဲ့ရင် မင်းတို့တွေဆီမှာ ငါတို့မြှုပ်နှံထားတဲ့ အရင်းအမြစ်တွေက ဖြုန်းတီးရာ မရောက်ဘူးလား … မင်းတို့ကိုတိုးတက်အောင် ပြုလုပ်ပေးနိုင်တဲ့ ဘယ်အရင်းအမြစ်မဆို နတ်ဘုရားနယ်မြေထဲမှာ တန်ဖိုးမဖြတ်နိုင်ဘူးဆိုတာ မင်းတို့အားလုံး သိထားသင့်တယ် … အသုံးပြုပြီးသွားရင် နောက်ထပ်အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး …”
” စာချုပ်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား … မင်းတို့အချိန်အပြည့် သွားပြီးသွားရင် ဇီးရိုးဝင်းရဲ့ ပင်မအဖွဲ့ဝင်တွေနဲ့ တူညီတဲ့ခံစားခွင့် ရရှိမယ် … တစ်လကို လစာ ခရက်ဒစ်တစ်သောင်းရမည့်အပြင် မင်းတို့ထုတ်လုပ်တဲ့အိုင်တမ်အတွက် ဝေစုလည်းရမယ် … ဒီလို ဝင်ငွေနည်းနည်းလေးနဲ့ စာချုပ်ကိုလက်မှတ်မထိုးဘူးလို့ ငါယုံတယ် … ဟုတ်တယ်နော် …”
” ဖယောင်းတိုင်အလင်းရဲ့ ကမ်းလှမ်းမှုက သိပ်ကိုကောင်းပြီး ဒီလုပ်ငန်းမှာဆို ထိပ်ရောက်နေပြီးသား … ငါက အလုပ်များတဲ့သူ … မင်းတို့အားလုံး ဆယ်မိနစ်အချိန်ရမယ် …”
ရှီဖုန်းကလည်း ထိုလူများ၏ စိုးရိမ်ပူပန်မှုကို နားလည်သည်။ ထိုသို့တိုင် သူတို့က တိုက်တန်မြို့သို့ သွားရောက်ရန် အခွင့်အရေးယူချင်ပါက စာချုပ်တွင် လက်မှတ်ထိုးရမည်။
ထို့အပြင် သူတို့ကို ဤမျှရက်ရောသည့် အခြေအနေများ ကျန်သည့်အစည်းအရုံးများ၏ ကမ်းလှမ်းမှုသည် သူကမ်းလှမ်းသည့် အရင်းအမြစ်များနှင့် မယှဥ်နိုင်ပေ။ ကျန်သည့်အစည်းအရုံးများ၏ အဆင့်မြင့်ဘဝပုံစံကစားသမားများက ပညာရှင်ဖြစ်လာနိုင်ရန် အခွင့်အရေးတစ်ရာခိုင်နှုန်းရှိခဲ့လျှင် သူက အနည်းဆုံးတော့ သူ့ဘက်ခြမ်း၌ (၅) ရာခိုင်နှုန်း အခွင့်အရေးရှိနေတာပဲ ဖြစ်သည်။
အတိတ်တုန်းက အရိပ်သည် အစည်းအရုံးလေးတစ်ခု ဖြစ်ခဲ့ပြီး ၎င်းငှားရမ်းထားသည့် အဆင့်မြင့်ဘဝပုံစံကစားသမားများပေါ် တင်းကြပ်သည့်အခြေအနေများ မထားခဲ့ပေ။ အဆုံးတွင်မူ ထိုလူများကို များစွာရင်းနှီးမြှုပ်နှံပြီးနောက် ပညာရှင်ဖြစ်သည့်သူများက ကျန်သည့်အစည်းအရုံးများဆီ ပြောင်းရွှေ့သွားခဲ့ပြီးနောက် အရိပ်က သူတို့ထွက်သွားတာကိုတားဖို့ ဘာမှမလုပ်နိုင်ခဲ့ပေ။
နတ်ဘုရားနယ်မြေထဲတွင် ခေါင်းပုံဖြတ်သူများလည်း ရှိပေ၏။ ဘဝပုံစံကစားသမားများ၏ အရေးပါမှု တိုးလာသည်နှင့် ထိုလူများ၏ ကမ်းလှမ်းမှုလည်း တိုးတက်လာတော့သည်။ မည်သူကမှ ဘဝပုံစံကစားသမားများ၏ မက်မောစရာထဲ မကျဟု အာမခံနိုင်ခြင်း မရှိပေ။
ထို့အပြင် ရေနှင်းဆီကို စုံစမ်းခိုင်းထားသည့် စစ်ဆေးချက်များအရ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေးလုပ်ငန်း၏ အဆင့်မြင့်ဘဝပုံစံကစားသမားအချို့သည် ခေါင်းပုံဖြတ်သူများဆီမှ အဆက်အသွယ် ရရှိခဲ့သည်။ သူက ဘဝပုံစံကစားသမားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ်၌ ဤကဲ့သို့ အရေးကြီးသည့်ကိစ္စကို စွန့်စားလိုစိတ်မရှိပေ။
” ဟုတ်သား … ငါဒါကို မေ့တော့မလို့ … ဒါပေမဲ့ လူတိုင်းက ထိုစာချုပ်ကိုလက်မှတ်ထိုးဖို့ အရည်အချင်းမမှီဘူး … မင်းတို့အားလုံး လွမ်းဆွေးခြင်းကိုဆီမှာ စစ်ဆေးမှုကို အရင်ဖြေဆိုရမယ် …”
ရှီဖုန်းက ပြောပြီးနောက် တိတ်ဆိတ်နေသောဘဝပုံစံကစားသမားများကိုကြည့်လိုက်သည်။
” ပြီးတော့ … မင်းတို့တွေပဲ ဖြေဆိုခွင့်ရှိတာ မဟုတ်ဘူး … လွမ်းဆွေးခြင်း ကုန်သွယ်ရေးလုပ်ငန်းထဲက လူအားလုံးကို သတိပေးလိုက် … သူတို့ကို ပြောပြလိုက် … သူတို့က စစ်ဆေးမှုကိုကျော်ဖြတ်နိုင်ပြီး စာချုပ်ကိုလက်မှတ်ထိုးမယ်ဆိုရင် နောင်ကျ တရားထိုင်အခန်းကို အသုံးပြုဖို့ အခွင့်အရေးရမယ် …”
ကျန်သည့် အစည်းအရုံးကြီးများသည် ဘဝပုံစံကစားသမားများကို ပြုစုပျိုးထောင်ရာ၌ ခက်ခဲပေလိမ့်မည်။ သို့သော် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကမူ ပျိုးထောင်ရာတွင် လွယ်ကူပေ၏။
ကျန်သည့်အစည်းအရုံးများ၌ အဆင့်မြင့်ဘဝပုံစံကစားသမားများ ရှားကောင်းရှားနိုင်မည်။ ဒါပေမဲ့ သူ့ဆီ၌ မဟုတ်ပေ။
ကျန်သည့်အစည်းအရုံးများ၏ အလယ်အဆင့်ဘဝပုံစံကစားသမားများအဆင့်တွင် ရပ်နေတာ ကြာပြီဖြစ်ကာ သူတို့သည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသို့ ဝင်ရောက်ပြီးသည်နှင့် အဆင့်မြင့်အဆင့်သို့ ရောက်လာကြသည်။ ဆိုရလျှင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၌ အထူးအလုပ်ရုံများ ပိုင်ဆိုင်ထား၏။ ကုန်သွယ်ရေးလုပ်ငန်းက ရှားပါးသောဒီဇိုင်းများလည်း ရှိပေသည်။
ထိုလူများက စာချုပ်လက်မှတ်ထိုးရန် ဆန္ဒမရှိလျှင် သူက အဆင့်နိမ့်ဘဝပုံစံကစားသမားများဆီသာ ရင်းနှီးမြှုပ်နှံတော့မှာ ဖြစ်၏။