ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 952 ကြွယ်ဝချမ်းသာမှုကြီး
” လောင်ကျွမ်းခြင်း … မင်းက ဘယ်လိုနောက်ရမလဲဆိုတာ သိတာပဲ …”
” တရားထိုင်အခန်းကြောင့် မင်းထွက်သွားဖို့ တွန့်ဆုတ်နေတာမလား … အခြေခံတရားထိုင်အခန်းက ကောင်းတယ်ဆိုပေမဲ့ ကုန်သွယ်ရေးလုပ်ငန်းထဲမှာ အဆင့်မြင့် ဘဝပုံစံကစားသမားတွေ များလွန်းတယ် … ငါတို့အသုံးပြုနိုင်ဖို့ အလှည့်ကျလာဖို့ အချိန်အကြာကြီး စောင့်ရအုံးမှာ … အဲ့ဒီ ထိပ်တန်းအလွှာ ဘဝပုံစံကျွမ်းကျင်သူတွေက လမ်းညွှန်ပေးတာနဲ့ ယှဥ်ရင် ပညာရှင်အဆင့် ရောက်ဖို့အတွက် တရားထိုင်အခန်းက ပေးနိုင်တာက နည်းနည်းလေးပဲ ရှိမယ် …”
“ပြီးတော့ စူပါအစည်းအရုံးတွေတောင် ငါတို့ကို အထင်သေးနေတဲ့ အခြေအနေမှာ ငါတို့ပညာရှင် ဖြစ်လာတာနဲ့ စူပါအစည်းအရုံးတွေက သူတို့ဆီကိုလာဖို့အတွက် ငါတို့ကို တောင်းပန်လိမ့်မယ် …”
အနားရှိ ဘဝပုံစံကစားသမားများသည် လောင်ကျွမ်းခြင်းအသူရာ၏ စကားကိုကြားသည့်အချိန်၌ သူတို့က မရယ်မောဘဲ မနေနိုင်ကြတော့ချေ။
ဘဝပုံစံအမျိုးအစားသည် တိုက်ပွဲဝင်အမျိုးအစားနှင့် မတူညီပေ။ ပြင်ပအချက်အလက်များက ဘဝပုံစံကစားသမားများကို ထောက်ပံ့ပေးနိုင်သည်က အကန့်အသတ်သာ ရှိပေ၏။ သူတို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ပိုင်နည်းစနစ်နှင့် အတွေ့အကြုံကိုသာ အားထားရမှာပဲ ဖြစ်သည်။ လိုအပ်သည့်အရာများက ကြိမ်ဖန်များစွာ လေ့ကျင့်မှုဖြစ်သည်။
ဂိမ်း၏ အစောပိုင်းအခြေအနေတွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက သူတို့ကို ထောက်ပံ့ပေးသည့်အခြေအနေများသည် စူပါအစည်းအရုံးများနှင့်ယှဥ်လျှင် ပိုကောင်းပေ၏။ သို့သော် ကစားသမားတစ်ဦးသည် ပိုမြင့်သည့်အဆင့်သို့ ရောက်လာချိန်၌ ပြင်ပအထောက်အပံ့များက ရပ်တန့်သွားပေသည်။ ထို့ကြောင့် စူပါအစည်းအရုံးများ၌ အဆင့်မြင့်ဘဝပုံစံကစားသမားများ နည်းပါးနေတာဖြစ်သည်။ ဆိုရလျှင် ကစားသမားများသည် ထိုအဆင့်သို့ရောက်ရန်အတွက် များပြားသည့်အရင်းအမြစ်များစွာ လိုအပ်ပေသည်။
ပညာရှင်အဆင့်သို့ ရောက်ရှိပြီးသည့် ဘဝပုံစံကစားသမားများအတွက်မူ မတူညီတော့ပေ။ ယင်းက အရင်းအမြစ်သက်သက်ဖြင့် ရနိုင်တာမဟုတ်။
” လောင်ကျွမ်းခြင်း … မင်းမထွက်သွားချင်ရင်လည်း ထားလိုက်တော့ … ငါတို့ကို ဒီမှာနေဖို့ ခြိမ်းခြောက်နေဖို့ လိုလို့လား …”
ငါးပျံ၏ အမူအရာက သုန်မှုန်သွားသည်။ လောင်ကျွမ်းခြင်းအသူရာ၏ စကားများ တကယ်ဖြစ်လာမည်ဟု သူ မထင်သော်လည်း ထိုစကားများကိုကြားပြီးနောက် သူစိတ်မကျေမနပ် ဖြစ်နေသေးသည်။
” ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ထွက်သွားရလို့ နောင်တရမှာလား …”
အခြေခံတရားထိုင်အခန်းသည် ပညာရှင်များထံမှ လမ်းညွှန်မှုနှင့် ယှဥ်နိုင်မည်ဆိုတာ သူမယုံကြည်ပေ။ ထို့အပြင် သူသည် ကောင်းကင်ကုန်သွယ်ရေးလုပ်ငန်းထဲ၌ ပိုကောင်းသည့်ဆက်ဆံမှုနှင့် အာရုံစိုက်မှုများ ရလာနိုင်သည်။
ပညာရှင်များစွာ တည်ရှိမှုဖြင့် ကောင်းကင်ကုန်သွယ်ရေးလုပ်ငန်းသည် ကြယ်လတိုင်းပြည်ထဲ၌ နံပါတ်တစ်ကုန်သွယ်ရေးတစ်ခုဖြစ်လာရန် အချိန်အတိုင်းအတာတစ်ခုသာ လိုမှာဖြစ်သည်။
” မင်းသဘောပဲ …”
ထိုသို့ပြောပြီးနောက် လောင်ကျွမ်းခြင်းအသူရာသည် စစ်ဆေးမှုဖြေဆိုရန် လွမ်းဆွေးခြင်းအပြုံးဆီသို့ လျှောက်သွားလိုက်၏။
သူသည် ငါးပျံကို စိုးရိမ်ပူပန်နေရသည့် အကြောင်းအရင်းမှာ သူတို့၏ ကောင်းမွန်သော ဆက်ဆံရေးကြောင့် ဖြစ်သည်။
တိုက်တန်မြို့ဝင်ခွင့်တံဆိပ်ပြားများက အကန့်အသက်ဖြင့်သာ ရရှိနိုင်သည်။ ပါရမီရှင်များကို ပြုစုပျိုးထောင်ရန်အတွက် အစည်းအရုံးသည် တိုက်တန်မြို့ကို အလယ်အဆင့် ဘဝပုံစံကစားသမားများ ပို့မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အဆင့်မြင့် ဘဝပုံစံ ကစားသမားများအတွက် ရနိုင်သည့်နေရာများက အလွန်နည်းပါးတာ သေချာသည်။ ငါးပျံနှင့် ကျန်သည့်အဆင့် ဘဝပုံစံကစားသမားများ ထွက်သွားခဲ့လျှင် သူသည် သူတော်စင်မြို့ကို သွားရောက်လည်ပတ်နိုင်ရန် ရွေးချယ်ခံရဖို့ အခွင့်အရေးပိုများပေသည်။
” အစည်းအရုံးခေါင်းဆောင် … ရှင်တွက်ထားတဲ့အတိုင်းပဲ … အဆင့်မြင့်အမျိုးအစားလေးယောက်နဲ့ အလယ်အဆင့် အယောက်နှစ်ဆယ်က ကျွန်မတို့နဲ့ သူတို့ရဲ့စာချုပ်တွေကို ဖျက်သိမ်းဖို့တောင်းဆိုလာပါတယ် …”
လွမ်းဆွေးခြင်းအပြုံးက ရှီဖုန်းဆီ လျှောက်လွှာတစ်ချက်ပြလိုက်သည်။ သူမက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်တော့သည်။
” အစည်းအရုံးခေါင်းဆောင် … ကျွန်မတို့တွေ သူတို့ကို တကယ်သွားခွင့်ပေးမှာလား …”
လက်ရှိတွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၌ အဆင့်မြင့်ဘဝပုံစံကစားသမားများ မရှိပေ။ ထိုလူများကို သွားခွင့်ပေးခဲ့လျှင် ကုန်သွယ်ရေးလုပ်ငန်း၏ ယှဥ်ပြိုင်မှုကို လျော့ကျသွားစေမှာပဲ ဖြစ်သည်။
” စိတ်မပူနဲ့ … ဖယောင်းတိုင်အလင်းလုပ်ငန်းက ထိုလူတွေ မလိုအပ်ဘူး …”
ရှီဖုန်းက ရယ်မောလိုက်၏။
” သူတို့က စာချုပ်ကိုဖျက်သိမ်းပြီး ငါတို့ကို ငွေကြေးလက်ဆောင်ပေးချင်နေတယ်ဆိုမှတော့ ဒီလိုလုပ်ဖို့ ကြိုဆိုရမှာပေါ့ … ”
ဇီးရိုးဝင်း၏ အလုပ်ရုံသည် လက်တလော၌ လူပေါင်းများစွာစုစည်းခဲ့ပြီး ပိုက်ဆံအရေးတကြီး လိုနေသည်။ ကျန်သည့်အစည်းအရုံးများက ထိုဘဝပုံစံကစားသမားများကိုခေါ်ရန် ပိုက်ဆံပေးချင်စိတ် ရှိသောကြောင့် သူက ပျော်ပျော်ရွှင်ရွှင်လက်ခံလိုက်မှာပဲ ဖြစ်သည်။
ရှီဖုန်း၏ စကားများကိုကြားသောအခါ လွမ်းဆွေးခြင်းအပြုံးက ဆွံ့အသွားမိ၏။
ကျန်သည့်ကုန်သွယ်ရေးလုပ်ငန်းများသည် ပိုက်ဆံရရန်ထုတ်ကုန်များရောင်းချနေစဥ် ရှီဖုန်းကမူ ပိုက်ဆံရရန် ဘဝပုံစံကစားသမားများ အမှန်တကယ်ရောင်းနေပေသည်။
သို့သော် ယင်းက အင်မတန်ကောင်းမွန်သည့် ရလဒ်ဖြစ်ပေသည်။ အစထဲက ထိုဘဝပုံစံကစားသမားများသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၌ ရေရှည်နေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ယခု သူတို့ကိုယ်တိုင် နုတ်ထွက်သွားရုံသာမက နုတ်ထွက်ခအဖြစ် အကျိုးအမြတ်များစွာလည်း ပေးခဲ့သေးသည်။
” ကောင်းပြီ … ပို့ဆောင်ရေးအိမ်ဘက်ခြမ်းက ကိစ္စတွေ ဘယ်လိုရှိလဲ … ”
ရှီဖုန်းက တိတ်တဆိတ်မေးလိုက်သည်။
” ကျွန်မရဲ့ စစ်ဆေးချက်အရ မြစ်ဖြူမြို့ကနေ အမြွှာမျှော်စင်တိုင်းပြည်ကို ပို့ဆောင်မှုတစ်ကြိမ်အတွက် မှော်သလင်းစွမ်းရည် ငါးပုံတစ်ပုံလောက် လိုအပ်တယ် … ဒါကြောင့် မြစ်ဖြူမြို့အတွက် ပို့ဆောင်ခ လူတစ်ယောက်ကို ငွေပြားနှစ်ဆယ်တိုး ထားထားလိုက်တယ် … အကျိုးအမြတ်က ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ရထားတဲ့ တစ်နေ့တာအမြတ်ထက် ပိုနေပါသေးတယ် … ”
လွမ်းဆွေးခြင်းအပြုံးက ဖြေပြီးနောက် ပို့ဆောင်ရေးအိမ်အကြောင်း ပြောနေစဥ်တွင် သူမ မျက်နှာထက်၌ တောက်ပသည့်အပြုံး ရှိနေပေ၏။
ဖယောင်းတို၈်အလင်းကုန်သွယ်ရေးလုပ်ငန်းသည် ကြယ်လတိုင်းပြည်ထဲတွင် နံပါတ်တစ်ကုန်သွယ်ရေးလုပ်ငန်း ဖြစ်သည်။ တစ်နေ့လျှင်ရရှိသည့် ဂိမ်းငွေကြေးက ပထမတန်းအစည်းအရုံးများကိုတောင် သရေယိုစေနိုင်၏။ ထိုသို့တိုင် ကုန်သွယ်ရေးလုပ်ငန်း၏ ဝင်ငွေက ပို့ဆောင်ရေးအိမ်၏ ဝင်ငွေနှင့်ယှဥ်လျှင် သိသိသာသာလျော့နေသေးသည်။
NPC များကို ငှားရမ်းခနှင့် ပို့ဆောင်ရေးအစီအရင်လည်ပတ်ရန် လောင်စာအဖြစ်မှော်သလင်းများ၏ ကုန်ကျစရိတ်ကို နုတ်ပြီးနောက် ပို့ဆောင်ရေးအိမ်သည် နာရီအနည်းငယ်လည်ပတ်ပြီးချိန် ရွှေပြားနှစ်ထောင်ရနေပြီ ဖြစ်သည်။ ကံဆိုးသည်မှာ သူတို့အစည်းအရုံးထံမှ ရရှိနိုင်သည့် မှော်သလင်းပမာဏနှင့် ကျန်သည့်နေရာများမှ ဝယ်ယူနိုင်သည်ကလည်း ကန့်သတ်ခံထားရသောကြောင့် ပို့ဆောင်ရေးမှော်အစီအရင်ကို အသုံးပြုနိုင်ရန်အတွက် ကစားသမားများကို အကန့်အသတ်မရှိ မပို့ပေးနိုင်ပေ။
ထိုသို့တိုင် လွမ်းဆွေးခြင်းအပြုံး၏ တွက်ချက်မှုအရ သူတို့သည် တစ်ရက်လျှင် ရွှေပြားငါးထောင် အကျိုးအမြတ်ရနိုင်သေး၏။ ယင်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ဝင်ငွေထက် အဆပေါင်းများစွာ များပေသည်။
စူပါအစည်းအရုံးများက ဇီးရိုးဝင်း၏ နေ့စဥ်ဝင်ငွေကိုသိသွားခဲ့လျှင် သူတို့က မည်သည့်နည်းနဲ့မဆို ဇီးရိုးဝင်းကို ရင်ဆိုင်ကြတော့မှာပဲ ဖြစ်သည်။ လွမ်းဆွေးခြင်းအပြုံး၏ တင်ပြချက်ကိုကြားပြီးနောက် ရှီဖုန်းတောင် အံ့သြသွားမိသည်။
ပို့ဆောင်ရေးအိမ်က အင်မတန်အကျိုးအမြတ်ဖြစ်ထွန်းမည်ဟု သူသိပြီးသားဖြစ်သော်ငြား ထိုမျှအကျိုးအမြတ် များလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့မိချေ။
ထောက်ပံ့ပေးနိုင်သည့် မှော်သလင်းများ ကန့်သတ်ခံထားရတာကြောင့်သာ မဟုတ်လျှင် ထိုပမာဏက အဆပေါင်းများစွာ ပိုမြင့်နိုင်ပေ၏။ လူများစွာသည် အတိတ်တုန်းက ရှေးအသူရာစာအုပ်ရရန် ရူးသွပ်နေကြတာ အံ့သြစရာ မရှိပေ။
ကြည့်ရတာ မှော်သလင်းတွေက အဓိကပြဿနာပဲ။ ကျောက်တောမြို့က ရနိုင်တဲ့ပမာဏက နည်းလွန်းနေပြီး ဝယ်နိုင်တာကလည်း အင်မတန်နည်းသည်။ ရှီဖုန်းသည် နတ်ဘုရားနယ်မြေထဲတွင် မှော်သလင်းများစွာ ရနိုင်မည်နည်းလမ်းကို စဥ်းစားနေ၏။
ကစားသမားများသည် ဂိမ်းထဲဆက်လက်ရှေ့တက်သွားစဥ် သူတို့လိုအပ်သည့် မှော်သလင်းပမာဏကလည်း တိုးတက်လာ၏။ ထို့ကြောင့် နတ်ဘုရားနယ်မြေထဲတွင် မှော်သလင်းအရင်းအမြစ်က နည်းပါးလွန်းနေသည်။ လက်ရှိတွင် မြေအောက်စခန်များနှင့် ပုန်းကွယ်တည်နေရာအချို့မှအပ မှော်သလင်းများစွာရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ မှော်သလင်းတောများကို တူးဖော်ခြင်းဖြစ်သည်။ သို့သော် နတ်ဘုရားနယ်မြေ၏ လက်ရှိကစားသမားများက ထိုနေရာများကိုသွားဖို့က မဖြစ်နိုင်ပေ။
အချိန်တချို့ကြာပြီးနောက် တရားထိုင်အခန်းထဲတွင် ဖြေဆိုပြီးသည့်သူများ၏ ရလဒ်ထွက်ပေါ်လာတော့သည်။ အမျိုးအစားတို၈်း၏ အဆင့်သတ်မှတ်ချက်အရ ရှီဖုန်းသည် ထုတ်လုပ်မှုအမြင့်ဆုံး ကစားသမားငါးဆယ်ကို ရွေးချယ်ခဲ့သည်။ ထိုငါးဆယ်တွင် ငါးယောက်က အဆင့်မြင့် ဘဝပုံစံကစားသမားများဖြစ်ပြီး အယောက်နှစ်ဆယ်က အလယ်အဆင့် ဘဝပုံစံကစားသမားများဖြစ်ကာ နှစ်ဆယ့်ငါးယောက်က အခြေခံဘဝပုံစံကစားသမားများ ဖြစ်ပေ၏။
သူသည် ထိုကဲ့သို့ဖြန့်ဝေရန် ဆုံးဖြတ်ချက်ချလိုက်ရသည့်အကြောင်းအရင်းမှာ အဆင့်မြင့်ဘဝပုံစံ ကစားသမားများစွာ ပျိုးထောင်ချင်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် ပညာရှင်အဆင့်ကစားသမားများ ပျိုးထောင်ရန်အစီအစဥ် မရှိသေးပေ။ ထို့အပြင် ထိုသို့ပြုလုပ်ချင်လျှင်တောင် ရှီဖုန်း၏ လက်ရှိအဆင့်မြင့်ဘဝပုံစံကစားသမားများက မတိုးတက်နိုင်သေးပေ။
ခရင်ကိုးကိုးအား၏ အဆင့်မြင့်အမျိုးအစားကမူ အစည်းအရုံး၏ ပင်မလျှို့ဝှက်ချက်ကို သိသည့်အဖွဲ့ဖြစ်ပြီး ရှီဖုန်းက အစည်းအရုံးတံဆိပ်ကိုသုံးကာ သူတို့ကို ပို့ပေးမှာပဲ ဖြစ်သည်။ သူသည် တိုင်တန်မြို့၏ အထူးအလုပ်ရုံများတွင် အလုပ်လုပ်နေခဲ့လျှင် စီးတော်ယာဥ်များနှင့် ခွန်အားမြင့်တင်ခြင်းကိရိယာများကို မြန်မြန်ဆန်ဆန်ထုတ်လုပ်နိုင်မှာပဲ ဖြစ်သည်။
သူတော်စင်မြို့တံဆိပ်က တိုင်တန်မြို့ဆီသို့ ပို့ဆောင်ရေးဂိတ်တစ်ခု ဖွင့်ပေးနိုင်ပြီးနောက် ဖြတ်သန်းသွားလာရန် လူဆယ်ယောက်ကို ခွင့်ပြုပေးသည်။ သို့သော်တံဆိပ်သည် တစ်ခါအသုံးပြုနိုင်ရန် ခုနှစ်ရက်စောင့်စားရမှာ ဖြစ်သည်။
ပြန်လည်အသုံးပြုနိုင်ဖို့ရာ စောင့်ဆိုင်းချိန်မရှိသည့် ဝင်ခွင့်တံဆိပ်ပြားများကဲ့သို့ အဆင်မပြေသော်ငြား အမှန်တကယ်တွင် ပြန်လည်အသုံးပြုနိုင်သောကြောင့် တန်ဖိုးရှိပေ၏။ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ ဘဝပုံစံကစားသမားများကို တိုက်တန်မြို့ဆီ ဆက်တိုက်ပို့ပေးနိုင်ပေသည်။
လူတိုင်း တိုင်တန်မြို့ဆီ ရောက်သွားပြီးနောက် ရှီဖုန်းက ကုန်သွယ်ရေးလုပ်ငန်းမှ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။
” ဒါက တိုက်တန်ရဲ့ သူတော်စင်မြို့လား … ”
မူလက လူတိုင်းသည် အထူးအလုပ်ရုံများဝင်ခွင့်ရသည့် ရှားပါးသောဒီဇိုင်းများနှင့် အညွှန်များကို သင်ယူခွင့်ရရှိမည်ဖြစ်သောကြောင့် အင်မတန်စိတ်လှုပ်ရှားနေခဲ့ကြတာပဲ ဖြစ်သည်။ သို့သော် တိုက်တန်မြို့သို့ ရောက်ရှိပြီးနောက် တိုက်တန်မြို့၏မြင်ကွင်းက သူတို့ကို အင်မတန် ထိတ်လန့်သွားစေ၏။