ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 958 မယုံနိုင်စရာကောင်းအောင် အံ့သြဖွယ်ကောင်းသည့် ဇီးရိုးဝင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 958 မယုံနိုင်စရာကောင်းအောင် အံ့သြဖွယ်ကောင်းသည့် ဇီးရိုးဝင်း
“အခုအချိန် ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုရင် အစည်းအရုံးခေါင်းဆောင်နဲ့ ဆွေးနွေးပြီး ပြန်လာလို့ရတယ် … ဒါပေမဲ့ စဥ်းစားဖို့ အချိန်တစ်ရက်ပဲ ပေးနိုင်မယ် … ”
သွေးအစွယ်က ပူးပေါင်းဆောင်ရွက်ရန်အတွက် နောက်ထပ်ရွေးချယ်မှုတစ်ခု ရှိလိမ့်မည်ဆိုတာ မယုံပေ။ ဇီးရိုးဝင်းသည် ထိုမျှ များပြားသည့်ငွေကြေးကို အချိန်တိုအတွင်း ပေးအပ်နိုင်ခြင်းမရှိဟု သူယုံကြည်ပေသည်။
” ရွှေတစ်သိန်းက နည်းပါးတဲ့ပမာဏမဟုတ်ဘူး … ဇီးရိုးဝင်းက ဒီလောက်အချိန်နည်းနည်းလေးအတွင်း စုဆောင်းနိုင်လိမ့်မယ်ဆိုတာ ငါမယုံဘူး … ဒါမှမဟုတ် အရင်ဆုံးရွှေပြားလေးသောင်းပေးပြီး နောင်ငါးရက်အတွင်းမှာ ကျန်တဲ့ခြောက်သောင်းပေးလေ … ”
ရေဗန်က လက်ရှိတွင် မွဲတေနေပေ၏။ သူတို့သည် မြို့ကိုပြန်လည်တည်ဆောက်ရန်နှင့် NPC အစောင့်များငှားရမ်းရန်အတွက် သူတို့ငွေကြေးအားလုံးနီးပါး အသုံးပြုခဲ့ရသည်။ သို့သော် ထိုအစောင့်များသည် မွန်းစတားများအားလုံးကို ရင်ဆိုင်ရာတွင် ရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။
သူတို့က မြို့ကိုကာကွယ်ချင်လျှင် ခုခံခြင်းမှော်အစီအရင် တည်ဆောက်ရန်လိုအပ်သည်။ မှော်အစီအရင်နှင့် NPC အစောင့်ဖြင့် သူတို့သည် ဆယ့်ငါးရက်ကာကွယ်မှုကာလအတွင်း ရှင်သန်နိုင်ပေ၏။ သူတို့က ခုခံမှုခံတပ်များကို ကာကွယ်ခြင်းအချိန်ကာလအတွင်း တည်ဆောက်ပြီးစီးသရွေ့ ဘာပြဿနာမှမရှိပဲ ဝိညာဥ်ဓာတ်ကျောက်ကြောကို တူးဖော်နိုင်မှာပဲ ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် သွေးအစွယ် … ရွှေပြားတစ်သိန်းက သိပ်များလွန်းတယ် … ဇီးရိုးဝင်းတောင် ဒီလောက်များတဲ့ပိုက်ဆံ မသုံးနိုင်ဘူး … ”
ရှီဖုန်းသည် သွေးအစွယ်၏ ကမ်းလှမ်းမှုကို ထပ်မံငြင်းပယ်လိုက်ပြန်သည်။
” ကျုပ်တို့တွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နောက်ထပ်နည်းတစ်ခု စဥ်းစားကြည့်ရအောင်လား … ဇီးရိုးဝင်းက မြို့ကို ညကာကွယ်ဖို့အတွက် တာဝန်ယူပေးမယ် … ဒါပေမဲ့ ဝင်ငွေရဲ့ (၃၀) ရာခိုင်နှုန်း ခင်ဗျားတို့ပေးရမယ် …”
သူ့ကိုယ်ပိုင်မြို့ တည်ဆောက်ရန်အတွက် ငွေကြေးပမာဏများစွာ လိုနေသေးသည်။ ရေဗန်ကို သူ၏ ဂိမ်းငွေကြေးများ မည်ကဲ့သို့ပေးနိုင်မည်နည်း။
ထို့အပြင် ခုခံမှုမှော်အစီအရင်နှင့် NPC အစောင့်များမရှိပဲတောင် မြို့ကိုမွန်းစတားများရန်မှ ကာကွယ်နိုင်၏။ သူသည် ဘလက်ဝင်းမြို့သို့တန်းသွားပြီး မွန်းစတားစိမ့်ဝင်ခြင်း စာလိပ်တစ်လိပ်ကို ဝယ်နိုင်ပေ၏။
မွန်းစတားစိမ့်ဝင်ခြင်းစာလိပ်သည် ဧရိယာတစ်ခုအတွင်းမွန်းစတားများကို တစ်ကွဲတစ်ပြားဆီ ဖြစ်စေနိုင်သော အိုင်တမ်မျိုးဖြစ်ပြီး အဆင့်နိမ့်မွန်းစတားများကို အနားမကပ်နိုင်အောင် ကာကွယ်ထား၏။ အာနိသင်က တခဏသာ ဖြစ်သော်ငြား စာလိပ်က အလွန်ဈေးပေါပေ၏။ စာလိပ်တစ်လိပ်ကို ရွှေပြားငါးပြားသာ ကျသင့်သည်။ ယင်းက ခုခံခြင်းမှော်အစီအရင် သို့မဟုတ် ခုခံခြင်းခံတပ်များ တည်ဆောက်ခြင်းထက် ငွေကုန်ကြေးကျ သက်သာပေ၏။
နတ်ဘုရားနယ်မြေထဲတွင် ခုခံခြင်းမှော်အစီအရင်နှင့် ခံတပ်များသည် မွန်းစတားများကို စီးနင်းတိုက်ခိုက်ရာတွင် အသုံးများကြသည်။ ကစားသမားများကို ဖြေရှင်းရာတွင်မူ သူတို့က NPC အစောင့်များကဲ့သို့ ထိရောက်မှု မရှိချေ။ ထို့အပြင် ငွေကုန်ကြေးကျပိုများသေး၏။
ထိုအစီအစဥ်ဖြင့် ငွေကြေးဖြုန်းတီးမည့်အစား ရှီဖုန်းက သူ၏ ကိုယ်ပိုင်အစည်းအရုံးတွင် ငွေကြေးမြှုပ်နှံပြီး သို့မဟုတ် တခြားတစ်နေရာတွင် မြှုပ်နှံတာက ပိုကောင်းသည်ဟု တွေးမိသည်။
ပုံမှန်ဆို မြို့နှင့်မြို့ကြီးများကို တိုက်ခိုက်သည့်မွန်းစတားများက ဉာဏ်ရည်အလွန်နိမ့်သည်။ ထို့ကြောင့် မွန်းစတားစိမ့်ဝင်ခြင်းစာလိပ်က သူတို့ကို မောင်းထုတ်ပေးနိုင်မှာပဲ ဖြစ်သည်။ အသူရာကျူးကျော်မှုကို ရင်ဆိုင်ရန် စာလိပ်ကိုအသုံးပြုခြင်းအတွက်ကမူ အလွန်နည်းပါးသည်။ အသူရာမွန်းစတားများကသာ နိမ့်ပါးသည့်ဉာဏ်ရည် ပိုင်ဆိုင်ထားတာဖြစ်သည်။ ထို့ကြောင့် စာလိပ်က ထိရောက်မှုမရှိပေ။
” မြို့ကို ခုခံဖို့ ဇီးရိုးဝင်းကို ခွင့်ပြုပေးရမှာလား … ”
သွေးအစွယ်က ရှီဖုန်း၏ ပြောကြားချက်ကြောင့် မရယ်မောပဲ မနေနိုင်တော့ချေ။
” ဇီးရိုးဝင်းကို ငါအထင်သေးနေတာ မဟုတ်ဘူး … ဒါပေမဲ့ အဲ့ဒီ မွန်းစတားတွေအားလုံးက အဆင့် (၁၀၀) ကျော်တွေ … သူတို့တွေက အကောင်ရေထောင်ကျော် ရှိတယ် … ကစားသမားတွေရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် သူတို့ကိုခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး … အောင်မြင်ခဲ့ရင်တောင် ရွှေပြားတစ်သိန်းကို လုံခြုံရေးအတွက် သုံးချင်နေတဲ့အချိန်မှာ မြို့ကို ခုခံဖို့အတွက် မင်းကို (၃၀) ရာခိုင်နှုန်း ဘာကြောင့်ပေးရမှာလဲ … ဒါက ဆုံးရှုံးမှု ပိုမများဘူးလား … ဒါက မင်းရဲ့ ကမ်းလှမ်းချက်ဆိုရင် တခြားအင်အားစုတွေကိုပဲ ဆက်သွယ်လိုက်တော့မယ် … သူတို့တွေက ပိုပြီး ပူးပေါင်းလိုစိတ် ရှိမယ်ဆိုတာ ယုံကြည်တယ် … ”
ဇီးရိုးဝင်းက သွေးအစွယ်၏ တစ်ခုတည်းသောရွေးချယ်မှုမဟုတ်ပေ။ ပြဿနာက အဓိကအင်အားစုကြီးများသည် ရွှေပြားတစ်သိန်းရင်းနှီးမြှုပ်နှံရန် မတက်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူသည် ရွှေပြားတစ်သိန်းမလိုအပ်ချေ။ ကနက်ဦးရွှေပြားလေးသောင်းရသရွေ့ သူသည် ဆယ့်ငါးရက်ကာကွယ်သည့်ကာလအတွင်း လုံလောက်သည့်တည်းခိုစောင့်များစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ သူတို့၏ သက်လုံအားများကို ပြန်ဖြည့်ခြင်းဖြင့် လက်အောက်ငယ်သားများက မှော်သလင်းများကို ဆက်တိုက်တူးဖော်နိုင်မှာပဲ ဖြစ်သည်။ ခံတပ်များတည်ဆောက်ရန်အတွက် လိုအပ်သည့်ပိုက်ဆံများကို လုံလုံလောက်လောက် ရလာမည်ဖြစ်သည်။
သို့သော် ရေဗန်က ထိုကာလအတွင်း အတော်လေးကြပ်တည်းနေမှာပဲ ဖြစ်၏။
” ဒီလိုဆိုရင် ကျုပ်မှာ နောက်ထပ်အကြံပြုစရာ ရှိတယ် … မွန်းစတားတွေ စီးနင်းတိုက်ခိုက်တာကို ဇီးရိုးဝင်းက ရပ်တန့်နိုင်ခဲ့မယ်ဆိုရင် ရေဗန်က မှော်သလင်းခြောက်ထောင်ပေးရမယ် … ဘယ်လိုလဲ … ”
ရှီဖုန်းက အကြံပြုလိုက်၏။
” တကယ်လား … ”
သွေးအစွယ်က တအံ့တသြပြောလိုက်သည်။
သူတို့ ထိုနည်းလမ်းကိုအသုံးပြုခဲ့လျှင် မြို့၏ဝင်ငွေကို ရေဗန်က အပြည့်အဝပိုင်ဆိုင်မှာပဲ ဖြစ်သည်။ သူတို့က တူးဖော်မှုလုပ်ငန်းစဥ် စတင်သည်နှင့် ရေဗန်သည် ငွေကြေးပြဿနာကြုံတွေ့ရတော့မှာ မဟုတ်ပေ။ သူတို့၌ အစွမ်းထက်သော ခုခံမှုအချို့ကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်မည်ဖြစ်၏။ အစောပိုင်းကာလက အခက်အခဲဆုံး ဖြစ်ပေမည်။
ထိုအလဲအလှယ်ကို ရှီဖုန်း စိတ်ဝင်စားလိမ့်မည်ဟု သူမထင်ထားချေ။
ရှီဖုန်းသည် ရွှေပြားတစ်သိန်းကို ပေးပြီး မြို့၏ဝင်ငွေ (၂၀) ရာခိုင်နှုန်းကို ရယူနိုင်ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ ရွှေပြားတစ်သိန်းထက် ပိုရနိုင်ပေမည်။ ရေတိုအကျိုးအတွက် သူက အနာဂတ်ရွှေတွင်းကြီးကို လက်လျှေေခဲ့သည်။ သွေးအစွယ်က အစည်းအရုံးကြီးတစ်ခု၏ အထက်အရာရှိသည် ထိုကဲ့သို့လောကြီးသော ဆုံးဖြတ်ချက်ချမှတ်တာကို ယုံကြည်ရန် ခဲယဥ်းလွန်းနေသည်။
” ကောင်းပြီ … တကယ်ပြောနေတာ … ကျုပ်ရဲ့ အစည်းအရုံးခေါင်းဆောင်နဲ့ ဆွေးနွေးပြီးပြီ … သူက လက်ခံပြီးသား … အခု ခင်ဗျား ဒီအခြေအနေပေါ် လက်ခံလား လက်မခံနိုင်လားပေါ် မူတည်သွားပြီ … ”
ရှီဖုန်းက ရယ်မောလိုက်၏။
“ကောင်းပြီ … ဇီးရိုးဝင်းနဲ့ အလုပ်လုပ်ဖို့ သဘောတူတယ် … ဒီဆုံးဖြတ်ချက်ကို မင်းနောင်တမရမိစေနဲ့ …”
သွေးအစွယ်က ပြောလိုက်၏။
ရှီဖုန်းကို အချိန်အတော်ကြာ ကြည့်ပြီးသည့်တိုင် ထိုလူ၏ အတွေးများကို နားမလည်နိုင်ပေ။ သူက ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း တွေးနေသည်ကိုလည်း မထုတ်ဖော်နိုင် ဖြစ်နေ၏။
ဇီးရိုးဝင်းကို မြို့၏ရှယ်ယာတစ်ခုပေးရန် ကမ်းလှမ်းရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ အစည်းအရုံးသည် ငွေကြေးခွဲဝေလိုစိတ် မရှိမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် ဇီးရိုးဝင်းက ရှယ်ယာများကို ငြင်းပယ်ခဲ့ပြီး မှော်သလင်းအချို့သာ တောင်းဆိုခဲ့ခြင်းက ရေဗန်အတွက် သတင်းကောင်း ဖြစ်သည်။
မွန်းစတားများသည် နေ့စဥ်နေ့တိုင်း လာရောက်တိုက်ခိုက်တာ မဟုတ်ပေ။ ပုံမှန်ဆို သူတို့သည် တစ်ရက်ခြား ညဘက်တွင်သာ လာတိုက်ခိုက်တာဖြစ်၏။ ဇီးရိုးဝင်းက မြို့ကို ဆယ်ကြိမ်တိုက်ခိုက်ခွင့်ပေးရလျှင် မှော်သလင်းခြောက်သောင်းသာ အသုံးပြုရမှာဖြစ်၏။ မြို့၏ခုခံမှု ပြီးဆုံးသွားသည့်အချိန်၌ ဇီးရိုးဝင်း၏ အကူအညီကို မလိုအပ်တော့ချေ။
လက်ရှိဈေးကွက်အခြေအနေအရ မှော်သလင်းတစ်တုံးကို ငွေပြားနှစ်ဆယ့်ငါးပြားတန်ပေ၏။ ဇီးရိုးဝင်းက မြို့ကို ရက်နှစ်ဆယ်ခုခံပေးခဲ့လျှင်တောင် သူသည် ရွှေပြားတစ်သောင်းခွဲသာ ကုန်ဆုံးမှာဖြစ်၏။ မည်သို့ပင် ကြည့်စေကာမူ ထိုအပေးအယူက အကျိုးအမြတ်ရှိပေသည်။
ပြီးနောက် ရှီဖုန်းသည် သွေးအစွယ်နှင့် သဘောတူစာချုပ်လက်မှတ်ထိုးလိုက်သည်။ ဇီးရိုးဝင်းက ရေဗန်ကို မွန်းစတားတစ်သုတ်တိုက်ခိုက်တာကို ကူညီပေးသရွေ့ ရေဗန်က တစ်ကြိမ်လျှင် မှော်သလင်းခြောက်ထောင်ပေးမည်ဖြစ်သည်။ ထို့အပြင် ပေးချေမှုကို မှော်သလင်းဖြင့်သာ ပေးနိုင်မှာ ဖြစ်သည်။ ရေဗန်က မပေးနိုင်ခဲ့လျှင် မှော်သလင်းတန်ဖိုး၏ ငါးဆကို ဂိမ်းငွေကြေး သို့မဟုတ် ကျန်သည့်ထုတ်ကုန်များဖြင့် ပေးရမည်ဖြစ်သည်။ ထို့အပြင် ရေဗန်က ဇီးရိုးဝင်းကို မြို့ထဲ၌ အစည်းအရုံးဂေဟာတစ်ခု တည်ဆောက်ခွင့်ပေးရမည် ဖြစ်သည်။ သို့မှသာ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက ဤနေရာသို့ အလွယ်တကူ လာနိုင်မှာပဲ ဖြစ်၏။
ဇီးရိုးဝင်းက မြို့ကိုခုခံရန် ကျရှုံးခဲ့လျှင် ရေဗန်အား ပြန်ပြင်စရိတ် ရွှေပြားသုံးသောင်း ပေးရမည်ဖြစ်သည်။
“ဒါဆိုရင် နောက်ထပ်တိုက်ခိုက်မှုက သန်ဘက်ခါညလောက်မှ ထင်တယ် … ဒါပေမဲ့ သေချာမပြောနိုင်ဘူး … မင်းတို့တွေ ဒါမတိုင်ခင် ပြင်ဆင်ထားဖို့ မျှော်လင့်တယ် … ”
သွေးအစွယ်က ရှီဖုန်းနှင့် စာချုပ်ရေးထိုးပြီးသည့်တိုင် သူက စိုးရိမ်ပူပန်နေသေးဆဲ ဖြစ်သည်။ ဇီးရိုးဝင်းက ဒီလောက်များတဲ့မွန်းစတားတွေကို တကယ်ခုခံနိုင်ပါမလား။
” စိတ်ချထားလိုက် … ဇီးရိုးဝင်းရဲ့ အစည်းအရုံးဂေဟာ တည်ဆောက်ပြီးတာနဲ့ … ခင်ဗျားတို့တွေ မွန်းစတားတွေအကြောင်း စိုးရိမ်ပူပန်စရာ မလိုတော့ဘူး … ”
ရှီဖုန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
ယခု သူတို့သည် စာချုပ်ချုပ်ပြီးဖြစ်သောကြောင့် သူက စိတ်ကောင်းဝင်နေသည်။
ရေဗန်က ဇီးရိုးဝင်း၏ အကူအညီကြောင့် စိတ်အေးသွားပုံရပြီး ၎င်းအစည်းအရုံး၏ အကြီးမားဆုံးပူပန်မှုကို ဖြေရှင်းပေးခဲ့သော်ငြား ဇီးရိုးဝင်းသည် မြို့၏ဝင်ငွေ (၂၀) ရာခိုင်နှုန်းကျော် ရမှာ ဖြစ်သည်။ သို့သော် သွေးအစွယ်က ဒါကို မသိခဲ့ပေ။
မွန်းစတားရွံရှာခြင်းစာလိပ်က အသုံးပြုရတာ အဆင်ပြေပြီး ဟာကွက်ကြီးလည်း ရှိပေသည်။
စာလိပ်သည် မွန်းစတားများသာ မောင်းထုတ်နိုင်တာဖြစ်ပြီး သူတို့ကို မသုတ်သင်နိုင်ပေ။ သူတို့ထွက်ပြေးသွားသည်နှင့် မွန်းစတားတပ်ဖွဲ့က ကြီးထွားလာပေမည်။ ကစားသမားများသည် မွန်းစတားရွံရှာခြင်းစာလိပ်ကို အသုံးပြုတာ ရပ်တန့်လိုက်ချိန်၌ နောက်ဆက်တွဲက ပိုမိုပြင်းထန်ပြီး ပိုတောင်ကြောက်မက်ဖွယ် ကောင်းလာမှာပဲ ဖြစ်သည်။ တပ်ဖွဲ့က လေးဆ၊ ငါးဆ ကြီးထွားလာလျှင် မြို့က ခံတပ်အခုသုံးဆယ်ရှိနေလျှင်တောင် ပြိုလဲသွားမှာ ဖြစ်၏။