ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 959 ဝိညာဥ်ချိတ်သင်္ကေတ
ရှီဖုန်းသည် မွန်းစတားရွံရှာခြင်းစာလိပ်၏ ဟာကွက်အကြောင်းကို သွေးအစွယ်အား ပြောပြလိုစိတ် မရှိပေ။ သူတို့သည် ပူးပေါင်းဆောင်ရွက်သူမျှသာဖြစ်ပြီး မိတ်ဆွေများမဟုတ်ကြပေ။ တစ်ဦးထံမှ သူတို့လိုအပ်သည့်အရာကိုသာ ရယူရုံသာဖြစ်သည်။ ရေဗန်သည် သူမွန်းစတားတပ်ဖွဲ့များကို ခုခံနိုင်ခြင်း ရှိ မရှိက သူစိုးရိမ်ပူပန်ရမည့်အရာ မဟုတ်ပေ။ ဆိုရလျှင် မြို့၏တည်ဆောက်မှု အစောပိုင်းကာလအတွင်း သူက ရေဗန်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးရုံသာ ဖြစ်သည်။ ထို့အပြင် ရေဗန်ကဲ့သို့သော အာဏာရှင်ကြီးထံမှ မှော်သလင်းများ မခွာထုတ်လျှင် နှမျောစရာကောင်းနေပေမည်။
မြစ်ဖြူမြို့က ပို့ဆောင်ရေးအိမ်က မှော်သလင်းများ အရေးတကြီးလိုအပ်နေသည်။ သူသည် မှော်သလင်းများ လုံလုံလောက်လောက်ရနိုင်သရွေ့ ဂိမ်းငွေကြေးများအဖြစ် ပြောင်းလဲနိုင်သည်။ ဇီးရိုးဝင်းက ၎င်း၏ ပထမဆုံးမြို့ ရှိလာသည်နှင့် ၎င်း၏ ကိုယ်ပိုင်လုံခြုံမှု ရှိလာပေလိမ့်မည်။
ပင်မနတ်ဘုရားစနစ်က သူတို့ကြားရှိ စာချုပ်ကို အတည်ပြုခဲ့ပြီးသည်နှင့် နှစ်ဖက်လုံးက စိတ်အေးသွားတော့သည်။
ရှီဖုန်းသည် ပြန်သွားရန်အတွက် ပြန်ရောက်ခြင်းစာလိပ်ကို အသုံးပြုပြီး ထွက်ခွာရန်စီစဥ်လိုက်သည်။ သို့သော် သွေးအစွယ်က သူ့ကို ရုတ်တရက်တားလိုက်၏။
” ခဏလေး … ”
သွေးအစွယ်က ရှီဖုန်းကို ဟန့်တားလိုက်သည်။ သူက ပြုံးကာပြောလိုက်တော့၏။
” ဇီးရိုးဝင်းအတွက် အသုံးဝင်မယ်လို့ထင်တဲ့ အချက်အလက်တွေရှိတယ် … ”
ထိုသို့ပြောပြီးနောက် သွေးအစွယ်သည် အနက်ရောင်စာအိတ်တစ်အိတ်ကိုထုတ်ပြီး ရှီဖုန်းအား ပေးလိုက်၏။ ရှီဖုန်းသည် ထိုစာအိတ်ကိုမြင်သည့်အချိန်၌ မျက်ခုံးပင့်မိသွားသည်။ ထိုစာအိတ်က သာမန်ပုံ ပေါ်သော်ငြား ကုတ်များဖြင့် ရေးထားသည့်စာဖြစ်သည်။ ရည်ရွယ်ထားသည့်ကစားသမားတစ်ဦးမှအပ ကျန်သည့်သူများသည် ထိုစာကိုမဖတ်နိုင်ပေ။ ထို့အပြင် ထိုစာကို ဖတ်ပြီးသည့်နောက် ကိုယ်တိုင်တောင်သိထားနိုင်မည်ဖြစ်ကာ စာကိုမှတ်တမ်းတင်ထားဖို့က မဖြစ်နိုင်ချေ။
” ဗွီဒီယို မတ်ဆေ့လား …”
စာအိတ်ကိုဖွင့်ပြီးနောက် ဗွီဒီယိုဖိုင်ထဲမှ စာကထွက်ပေါ်လာသည်။ ရှီဖုန်းက ဖိုင်ကိုဖွင့်လိုက်တော့၏။ ဗွီဒီယို ကြည့်ပြီးသည်နှင့် သူက ထိတ်လန့်သွားတော့သည်။
ဗွီဒီယိုထဲတွင် များစွာသောကစားသမားသည် ဦးချိုတစ်ဖက်လူသားသဏ္ဍာန်ဖန်တီးသတ္တဝါနား၌ လှည့်ပတ်နေသည်။ သတ္တဝါသည် သုံးမီတာခန့်မြင့်ကာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ များစွာသောကြေးသွေးရောင်ရုမ်းများ၊ မီးတောက်မီးလျှံများက ထိုလူပုံသဏ္ဍာန်သတ္တဝါ၏ ကိုယ်ပေါ်တွင် ရှိနေပေ၏။ ထို့အပြင် လူပုံသဏ္ဍာန်သတ္တဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မြူများပေါ်ထွက်နေပြီး ကြေးသွေးရောင်မျက်လုံးများဖြင့်ကြည့်လိုက်ရာ ကစားသမားများကို တုန်လှုပ်သွားစေ၏။ ထိုမွန်းစတား၏အဆင့်နှင့် HP အတွက်မူ ဗွီဒီယိုက ဘာမှပြသခဲ့ခြင်းမရှိပေ။
မွန်းစတား၏အဆင့် သို့မဟုတ် HP က အလွန်မမြင့်ပဲ HP တစ်သန်းကျော်ဖြင့် အဆင့် (၄၀) ရှိပေသည်။ အကြမ်းမျဥ်းခန့်မှန်းမှုအရ ရှီဖုန်းက ထိုမွန်းစတားသည် မျိုးနွယ်စုအကြီးအကဲအဆင့်သာရှိကြောင်း တွက်ဆလိုက်မိသည်။ ထိုသို့တိုင် လက်ရွေးစင်ကစားသမားရာချီကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သေးသည်။
သို့သော် အဆင့် (၃၅) လက်ရွေးစင်ကစားသမားရာချီ သေဆုံးသည့်အပြင် ဦးချိုမွန်းစတားများ၏ အတိုင်းထက်အလွန်လှုပ်ရှားမှုများက ဗွီဒီယို၏ အဓိကသော့ချက်များ ဖြစ်နေသည်။
မွန်းစတား၏ တိုက်ပွဲဝင်ပုံစံက ကစားသမားများ၏ တိုက်ပွဲဝင်ပုံစံနှင့် ဆင်တူနေပေသည်။
ထို့အပြင် ထိုမွန်းစတားသည် ကစားသမာတစ်ဦးကို သတ်ဖြတ်လိုက်သည့်အချိန်၌ ၎င်း၏ HP အချို့ ပြန်တက်လာရုံသာမက အရည်အချင်းများကလည်း အနည်းငယ်တက်လာပေ၏။ အရေးကြီးဆုံးက ရှီဖုန်းသည် ထိုမွန်းစတား၏ ခန္ဓာကိုယ်ပေါ်၌ တူညီသည့်အရာကို သတိပြုမိလိုက်တာပဲ ဖြစ်သည်။
ဝိညာဉ်ချိတ်သင်္ကေတသည် အင်မော်တယ်ဝိညာဥ်ကို စုပ်ယူရန် အသုံးပြုတာ ဖြစ်သည်။ ရှလင်းက သူ့လက်၏ နောက်ကျောပေါ်၌ ဝိညာဉ်ချိတ်သင်္ကေတကို မှတ်သားထားခဲ့သည်။ ထို့ကြောင့် သူတာဝန်ပြီးမြောက်သရွေ့ ဝိညာဉ်ချိတ်သင်္ကေတက အင်မော်တယ်ဝိညာဥ်ကို စုပ်ယူလိုက်သည့်အချိန်တွင် အဖြူရောင်အလင်းသာ တောက်ပသွားမှာဖြစ်သည်။
တူညီသည့်ဝိညာဉ်ချိတ်သင်္ကေတကို လူသားသဏ္ဍာန်မွန်းစတား၏ ရင်ဘက်ပေါ်တွင် ရှိနေပြီး ၎င်းက ကစားသမားတစ်ဦးကို သတ်ဖြတ်လိုက်သည့်အချိန်တိုင်း၌ ဝိညာဥ်ချိတ်သည် ငွေရောင်ဖျော့ဖျော့အလင်း ဖြာထွက်နေသည်။ အပြင်လူ၏အမြင်မှာ တောက်ပနေသော ဝိညာဥ်ချိတ်သည် မွန်းစတား၏ နှလုံးခုန်သံကဲ့သို့ ဖြစ်နေပေသည်။
ဖြတ်သန်းသွားလာသည့် လုပ်ကြံသတ်ဖြတ်ရေးသမားက ဗွီဒီယိုကို မှတ်တမ်းတင်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်ရေးသမားက တိုက်ပွဲကွင်းပြင်နှင့် မလှမ်းမကမ်းတွင် နေနေပြီး တိတ်ဆိတ်ခြင်းထဲဝင်ရောက်နေသောကြောင့် သူတို့သူ့ကို ရှာတွေ့ရန်ခက်ခဲသည်။ ထို့ကြောင့် ထိုဗွီဒီယိုသည် တိုက်ပွဲတစ်ခုလုံးကို မှတ်တမ်းတင်ထားခဲ့၏။
ဦးချိုတစ်ချောင်းမွန်းစတားသည် လက်ရွေးစင်ကစားသမားများကို သတ်ဖြတ်ပြီးနောက် ပိုတောင်အံ့သြဖွယ်ကောင်းသည့် တစ်စုံတစ်ခု ဖြစ်ပွားလာတော့၏။
ပုံမှန်ဆို မွန်းစတားများသည် ကစားသမားများကျသည့်အိုင်တမ်များကို အာရုံစိုက်ခြင်းမရှိချေ။ တာဝန်နှင့်သက်ဆိုင်နေသည့် အိုင်တမ်မဟုတ်သရွေ့ စိတ်မဝင်စားကြချေ။ ထိုသို့တိုင် ကစားသမားများကို သတ်ဖြတ်ပြီးနောက် ဦးချိုတစ်ဖက်မွန်းစတားသည် ကျလာသည့်ပစ္စည်းများကို ယူလိုက်တော့၏။ မွန်းစတားက ဤဧရိယာထဲမှ မထွက်သွားခင် နောက်ထပ်ပုံရိပ်များစွာ ပေါ်လာတော့၏။ ထိုပုံရိပ်များကြားထဲတွင် အချို့က မွန်းစတားနှင့် တူနေပေ၏။ သူတို့က အရပ်ရှည်ရုံသာမက နဖူးပေါ်တွင်လည်း ချိုတစ်ချောင်းပေါက်နေကြသည်။ အံ့သြဖွယ်ကောင်းသည်က သူတို့ထဲ၌ ကစားသမားတစ်ဦး ရပ်နေတာပဲဖြစ်သည်။ သို့သော် ထိုမြင်ကွင်းကို မလှမ်းမကမ်းကနေ မှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး ကစားသမား၏ အနက်ရောင်ခေါင်းစွပ်နှင့် မျက်နှာဖုံးတို့ကြောင့် ရှီဖုန်းသည် ထိုကစားသမား၏ လိင်အမျိုးအစားကိုတောင် မခွဲခြားနိုင်ရာ သူ၏နောက်ခံကိုဆိုလျှင် ပိုတောင်မသိနိုင်ပေ။
ထိုသို့တိုင် ရှီဖုန်းက သူတို့၏ ခေါင်းအထက်တွင်ရှိသော စိန်ပုံသဏ္ဍာန်အမှတ်အသားကြောင့် မွန်းစတားဖြစ်ကြောင်း သေချာသိနေပေ၏။ အမှတ်အသားသည် ကစားသမားများအတွက် ပြိုင်စံရှားပေ၏။
လုပ်ကြံသတ်ဖြတ်ရေးကျွမ်းကျင်သူတစ်ဦးက မွန်းစတားများနောက်လိုက်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ့ကိုရှာတွေ့သွားသောကြောင့် အဆင့် (၃၈) လုပ်ကြံသတ်ဖြတ်ရေးသမားက အစွမ်းကုန်ကြိုစားပြီး ထွက်ပြေးခဲ့သော်ငြား အဆုံးတွင် ဦးချိုတစ်ချောင်းမွန်းစတားများဆီမှ မလွတ်မြောက်နိုင်ခဲ့ပေ။
” ဒီလိုမွန်းစတားတွေ ဘယ်လိုလုပ် ရှိနေရတာလဲ … ”
ရှီဖုန်းသည် မွန်းစတားသတ်ဖြတ်လိုက်သည်ဆိုတာ သေချာသိနေ၏။ ထိုအမှတ်အသားက ကစားသမားများအတွက် သီးသန့်ဖြစ်သည်။
တိုက်ပွဲဝင်နည်းစနစ်အရာတွင် လုပ်ကြံသတ်ဖြတ်ရေးသမားသည် သူ၏ စံသတ်မှတ်ချက်ဖြင့် စမ်းသပ်ခြင်းမျှော်စင်၏ ဆဋ္ဌမအလွှာသို့ ရောက်နိုင်ပေသည်။ သူသည် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးဟူ၍ သတ်မှတ်၍ရနိုင်သည်။ ပထမတန်းအစည်းအရုံးထဲတွင်တောင် ရှိပေသည်။ ဆိုရလျှင် စတုတ္ထအလွှာသို့ရောက်ရှိသည့် ကစားသမားများကို ကျွမ်းကျင်သူများဟူ၍ အများစုက အသိအမှတ်ပြုထားကြသည်။
ထိုသို့တိုင် မွန်းစတား၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်က လုပ်ကြံသတ်ဖြတ်ရေးသမားထက် ပိုသန်မာနေပေ၏။ ကံဆိုးသည်မှာ တိုက်ပွဲဝင်နည်းစနစ်ချို့တဲ့ခြင်းကြောင့် ရှီဖုန်းသည် ဦးချိုတစ်ချောင်းမွန်းစတား၏ အရည်အချင်းအစစ်အမှန်ကို မပြောနိုင်ဖြစ်နေသည်။ သူတို့သည် အနည်းဆုံးတော့ လေဟာနယ်နယ်ပယ်တစ်ဝက်အဆင့်သို့ရောက်ပြီဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
သူတို့က NPC များဖြစ်ခဲ့လျှင် ဤစံသတ်မှတ်ချက်အထိ သူတို့ရောက်နိုင်လျှင် ရှီဖုန်း ဖြုန်လောက်မှာမဟုတ်ချေ။ ဆိုရလျှင် တိုက်ပွဲဝင်စံသတ်မှတ်ချက် ပိုမြင့်မားသည့် NPC များကို သူကြုံတွေ့ဖူးသည်။ သို့သော် နတ်ဘုရားနယ်မြေ၏ မွန်းစတားများ ဤကဲ့သို့တိုက်ခိုက်မှုအတွက်ကိုမူ ဤဉာဏ်ရည်က အလွန်မြင့်မားလွန်းနေပြီး မဟာအရှင်များတောင် ထိုကဲ့သို့ မတိုက်ခိုက်ခဲ့ပေ။
“ဒီဗွီဒီယိုကို မှတ်တမ်းတင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားက နာမည်နီကစားသမားပဲ … အနည်းငယ်ကျော်ကြားတယ် … သူသေပြီးတာ နှစ်ရက်ကြာသွားပြီ … ဒါပေမဲ့ သူအခုထိ နတ်ဘုရားနယ်မြေထဲ မဝင်နိုင်သေးဘူး … ”
သွေးအစွယ်က ရှီဖုန်းကို သတင်းပေးလိုက်သည်။
” လူအနည်းစုပဲ ဒီအကြောင်းကိုသိကြတယ် … ကစားသမားပြောခဲ့တဲ့ပုံအရ ဒီမွန်းစတားတွေက အင်မတန်အစွမ်းထက်တယ် … မွန်းစတားတွေက လက်ရွေးစင်အဖွဲ့ကို မဖြေရှင်းရသေးခင် သူတို့က ကွင်းပြင်ဘော့စ်ကိုသတ်ဖြတ်ဖို့အတွက် ဧရိယာထဲ လှည့်လည်သွားလာနေတာ … ဒီမွန်းစတားတွေက မွန်းစတားတွေကိုရော ကစားသမားတွေကိုပါ သတ်ဖြတ်ပြီး သူတို့ရဲ့ အရည်အချင်းတိုးအောင်လဲ ဆောင်ရွက်နိုင်ကြတယ် … ဒါ့အပြင် သူတို့ရဲ့ ဉာဏ်ရည်ကလည်း အလွန်မြင့်တယ် … ”
“ဒါကို သတင်းပို့တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားက ဦးချိုတစ်ချောင်းမွန်းစတားတွေကို သူရင်ဆိုင်တဲ့အချိန် ကျွမ်းကျင်ကစားသမားတွေကို တိုက်ခိုက်ရနေသလိုမျိုး ခံစားရတယ်လို့ ပြောတယ် … သူတို့တွေက ဉာဏ်ရည်မြင့်လွန်းပြီး သူ့ရဲ့လှုပ်ရှားမှုကို အလွယ်တကူခန့်မှန်းနိုင်တယ် … သင့်တော်သလို တိုင်းတာနိုင်တယ်လို့ ပြောတယ် … ”
” ဇီးရိုးဝင်းက ဒါနဲ့ ဘယ်လိုပတ်သက်တာလဲ … ”
ရှီဖုန်းက မေးလိုက်၏။
ထိုမွန်းစတားများ အလွန်ထူးခြားကြောင်း သူလက်ခံသော်ငြား နတ်ဘုရားနယ်မြေထဲတွင် ထူးခြားသည့်အခြေအနေများ ရှိပေသည်။ အချို့သော ဂိမ်းပွဲစဥ်များထဲတွင် ဖြစ်နိုင်ပေ၏။ ထို့အပြင် သူ့တွင်လည်း ကိုယ်ပိုင်အရေးကိစ္စရှိသေးရာ တခြားသူ၏ကိစ္စကို စိုးရိမ်ပူပန်နေရန် အချိန်မရှိပေ။
” ဒီဗွီဒီယိုကို ကြယ်လတိုင်းပြည်ထဲမှာ ရယူခဲ့တာ … ကျောက်တောမြို့နဲ့ နည်းနည်းပဲဝေးတယ် … မွန်းစတားတွေက NPC တွေ ကာကွယ်တဲ့မြို့ကို မခြိမ်းခြောက်နိုင်သေးဘူးဆိုပေမဲ့ မြို့ရဲ့လုံခြုံမှုက ကာကွယ်မှုကာလ အဆုံးသတ်သွားတာနဲ့ ပြဿနာတစ်ရပ် ဖြစ်လာလိမ့်မယ် … ပြောရရင် ဒီမွန်းစတားတွေ ဘယ်လောက်အစွမ်းထက်ကြောင်း ဘယ်သူမှမပြောနိုင်ဘူး … ”
သွေးအစွယ်ကပြောပြီးနောက် ရယ်မောလိုက်တော့သည်။