ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 82 ခေါင်းနှစ်လုံးမြွေဘုရင်ကို သတ်ဖြတ်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 82 ခေါင်းနှစ်လုံးမြွေဘုရင်ကို သတ်ဖြတ်ခြင်း
Chapter – 82 ခေါင်းနှစ်လုံးမြွေဘုရင်ကို သတ်ဖြတ်ခြင်း
ခေါင်းနှစ်လုံးမြွေဘုရင်က ၎င်း၏လက်အောက်မှ မြွေနှစ်ကောင်ဖြင့် ရှီဖုန်းရှိရာဘက်သို့ တဖြည်းဖြည်း လျှောတိုက်၍ လာနေသည်။ သို့သော်လည်း ၎င်းက ရှီဖုန်းကို သတိပြုမိဟန် မရပေ။ ၎င်းက အမြီးကို လှုပ်ယမ်းပြီး ခေါင်းကို မော့ကာ ၎င်း၏ပိုင်နက်နယ်မြေကို ကြည့်လိုက်သည်။
ထိုစဉ်တွင် သာမန်ခေါင်းနှစ်လုံးမြွေ ၂ကောင်က သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။ ၎င်းတို့က မြွေဘုရင်လောက် မဝံ့ကြွားသော်လည်း မြွေဘုရင်၏ သက်တော်စောင့်ကဲ့သို့ ၎င်းတို့က ပတ်ဝန်းကျင်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး လိုက်ပါလာကြသည်။ တစ်ခုခု ဖြစ်လာခဲ့လျှင် ၎င်းတို့က မြွေဘုရင်၏ဓားများကဲ့သို့ ချက်ချင်း ဖြစ်သွားပြီး ရန်သူအားလုံးကို သတ်ဖြတ်ကြလိမ့်မည် ဖြစ်သည်။
ခေါင်းနှစ်လုံးမြွေဘုရင်က သူ့နေရာကို ရောက်လာပြီး ပြန်ထွက်သွားသည့်အချိန်ထိ ရှီဖုန်းက တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။ ရှီဖုန်းက အလောတကြီး မလှုပ်ရှားပေ။ ထို့အစား သူက ၎င်းတို့နောက်မှ လျှို့ဝှက်စွာ လိုက်သွားပြီး အကဲခတ်မျက်လုံးကို အသုံးပြုကာ မြွေဘုရင်၏ အချက်အလက်များကို ကြည့်လိုက်သည်။ သူက တိုက်ခိုက်ရန် အကောင်းဆုံးနေရာအတွက် စောင့်နေခြင်း ဖြစ်သည်။
ခေါင်းနှစ်လုံးမြွေဘုရင် (ရှားပါးလက်ရွေးစင်)
အဆင့် ၁၀
HP 4,000/4,000
တခြားခေါင်းနှစ်လုံးမြွေနှစ်ကောင်ကတော့ သာမန်သားရဲများဖြစ်ပြီး ၎င်းတို့က အဆင့် ၁၀တွင် ရှိကာ HP က 1400 ရှိ၏။
ရှီဖုန်းက သားရဲ ၃ကောင်စလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမည် ဖြစ်ပြီး သားရဲ ၃ကောင်ထဲတွင် ရှားပါးသားရဲတစ်ကောင်တောင် ပါနေသေး၏။ ရှီဖုန်းက ငွေလအစုံတန်ဆာကို အပြည်အစုံ ဝတ်ဆင်ထားလျှင်တောင်မှ ၃ကောင်စလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်အတွက် အစီအစဉ်တစ်ခုတော့ ချရန် လိုအပ်နေသေးသည်။ မြွေမျိုးနွယ်များသည် ရွေ့လျားမှုတွင် အလွန်လျင်မြန်ကြပြီး မြွေဘုရင်ဆိုလျှင် ပိုပြီးတော့တောင် မြန်သေး၏။
ရှီဖုန်းက မြွေဘုရင်၏ နောက်မှ လိုက်လာရင်း သဲကျောက်တုံးများ ပြည့်နေသော နေရာတစ်ခုသို့ ရောက်လာသည်။ ထိုနေရာတွင် သဲကျောက်တုံးများက လူတစ်ရပ်ကျော်ထက် မြင့်ပြီး မြွေဘုရင်၏ အမြင်အာရုံကို ကောင်းကောင်း ပိတ်ဆို့နိုင်လေသည်။ ထို့ကြောင့် ရှီဖုန်းက နောက်ဆုံးတွင် စတင်လှုပ်ရှားလာလေပြီ။
ရှီဖုန်းက ပုံရိပ်ယောင်ကိုယ်ပွားစကေးကို ချက်ချင်း သုံးပြီး ကိုယ်ပွားကို နောက်တွင် ချန်ထားခဲ့ကာ သူကိုယ်တိုင်က လေဓားသွားကို သုံးပြီး ရှေ့သို့ ပြေးဝင်သွားကာ အနီးဆုံးရှိ ခေါင်းနှစ်လုံးမြွေကို ဓားဖြင့် ထိုးသွင်းလိုက်သည်။
လေဓားသွားမှ အမြန်နှုန်းနှင့် အလစ်တိုက်ခိုက်မှုကြောင့် ခေါင်းနှစ်လုံးမြွေက နောက်မှ ထိုးသွင်းလိုက်သည့် ရှီဖုန်း၏ ဓား၂လက်ကို မခုခံနိုင်လိုက်တော့ချေ။ ဓားနှစ်လက်က ခေါင်းနှစ်လုံးမြွေ၏ နောက်ကျောကို ဖောက်ဝင်သွားပြီး ထိခိုက်မှု -၇၆နှင့် -၆၁ ကို ဖြစ်စေလိုက်သည်။ ထို့နောက် ရှီဖုန်းက နှစ်ဆခုတ်ချက်ကို သုံးကာ ထိခိုက်မှု -၁၀၃ နှင့် -၈၉ ဖြစ်စေပြီး သွေးယိုစိမ့်ခြင်းအကျိုးသက်ရောက်မှုကိုပါ ဖြစ်စေခဲ့သည်။
ရှီဖုန်းက ထိပ်တန်းအဆင့် ချပ်ဝတ်တန်ဆာနှင့် အဆင့်မြင့်စကေးကို အသုံးပြုထားသည့်အတွက် ခေါင်းနှစ်လုံးမြွေက မြင့်မားသည့် ခုခံမှု ရှိလျှင်တောင်မှ ရှီဖုန်းက ခေါင်းနှစ်လုံးမြွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သည်။ သာမန် အဆင့် ၅ ကစားသမားတစ်ယောက်ကသာ ခေါင်းနှစ်လုံးမြွေကို တိုက်ခိုက်လျှင် ထိခိုက်မှု -၃ သို့မဟုတ် -၄ သာ ဖြစ်စေလိမ့်မည်။
ခေါင်းနှစ်လုံးမြွေအစောင့်က နာကျင်မှုကြောင့် ဆွဲဆွဲငင်ငင် အော်လိုက်သည်။ ထို့နောက် ၎င်းက ခေါင်းများကို အနောက်သို့ ချက်ချင်း လှည့်ပြီး ရှီဖုန်းကို တိုက်ခိုက်လိုက်သည်။ ကျန်သည့် ခေါင်းနှစ်လုံးမြွေအစောင့်ကလည်း ချက်ချင်း ရောက်လာပြီး ရှီဖုန်းကို ကိုက်လိုက်သည်။ ယခု ရှီဖုန်းက အရပ်မျက်နှာ၂ခုမှ တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
ရှီဖုန်းက မြွေနှစ်ကောင်ကို ကြည့်ကာ မသိမသာ ပြုံးလိုက်ပြီး မိုးကြိုးလျှပ်စီးကို အသုံးပြုလိုက်ရာ မိုးကြိုးစီးကြောင်း ၃ခုက ခေါင်းနှစ်လုံးမြွေတစ်ကောင်ဆီသို့ ပြေးဝင်သွား၏။ သို့သော်လည်း ခေါင်းနှစ်လုံးမြွေ၏ တုန့်ပြန်မှုက အလွန်မြန်လှသည်။ ၎င်း၏ ခေါင်းတစ်လုံးက မိုးကြိုးလျှပ်စီးများကို ခုခံပြီး ကျန်တစ်လုံးက ရှီဖုန်းကို ကိုက်လိုက်သည်။
မိုးကြိုးလျှပ်စီး ၃ခုက တားဆီးခံလိုက်ရပြီး ခေါင်းနှစ်လုံးမြွေကို မဖြစ်စလောက် ထိခိုက်မှုလေးသာ ပေးနိုင်ခဲ့လေသည်။
မြွေ၏ အစွယ်များက သူ့ကို ထိတော့မည့် အချိန်တွင် ရှီဖုန်းက ပယ်ရီတိုက်ကွက်ကို အသုံးပြုပြီး လေလမ်းလျှောက်ခြင်းကို အသက်သွင်းလိုက်သည်။ တိုက်ခိုက်မှုကို ပယ်ရီတိုက်ကွက်ဖြင့် ခုခံပြီးနောက် ရှီဖုန်းက နောက်သို့လှည့်ပြီး ထွက်ပြေးလေသည်။
ခေါင်းနှစ်လုံးမြွေ ၂ကောင်က ၎င်းတို့ကို ဒေါသဖြစ်စေသော ရန်သူကို အလွတ်မပေးတတ်ပေ။ ထို့ကြောင့် အလွန်မြန်သောနှုန်းဖြင့် သဲပြင်တွင် လျှောတိုက်ကာ ရှီုဖန်း၏ နောက်သို့ လိုက်လေသည်။ တိုက်ခိုက်မှု မခံရသည့် ခေါင်းနှစ်လုံးမြွေဘုရင်ကတော့ ကြောက်စရာမျက်လုံးများဖြင့် ကြည့်ပြီး ရှီဖုန်း၏ နောက်သို့ လိုက်သွားသည်။
သို့သော်လည်း ခေါင်းနှစ်လုံးမြွေဘုရင်က ကိုက်အနည်းငယ် သွားပြီးနောက်တွင် ရှီဖုန်း၏ ကိုယ်ပွားက လေဓားသွားကို သုံးပြီး ခေါင်းနှစ်လုံးမြွေဘုရင်ထံ ပြေးဝင်လာသည်။ ကိုယ်ပွားက ခေါင်းနှစ်လုံးမြွေဘုရင်၏ လည်ပင်းကို ဓားဖြင့် ခုတ်လိုက်ရာ ခေါင်းနှစ်လုံးမြွေဘုရင်၏ခေါင်းထက်တွင် ထိခိုက်မှု -၂၄ ပေါ်လာသည်။ ထိုတိုက်ခိုက်မှုကြောင့် ခေါင်းနှစ်လုံးမြွေဘုရင်က ဒေါသထွက်သွားပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ကိုယ်ပွားကို ကိုက်ချလိုက်သည်။
ယခု ကိုယ်ပွား၏ ရည်ရွယ်ချက်က အောင်မြင်သွားလေပြီ။ ချက်ချင်းဆိုသလိုပင် ကိုယ်ပွားက လေလမ်းလျှောက်ခြင်းကို အသုံးပြုပြီး နောက်လှည့်ကာ ထွက်ပြေးသည်။
ရှီဖုန်း၏ ရည်ရွယ်ချက်ကား ခေါင်းနှစ်လုံးမြွေအစောင့်များနှင့် မြွေဘုရင်ကို သပ်သပ်စီ ခွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ခေါင်းနှစ်လုံးမြွေအစောင့်များက အစွမ်းထက်သော်လည်း မြွေဘုရင် မရှိလျှင် ၎င်းတို့က ရှီဖုန်း၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို မခုခံနိုင်ပေ။ ရှီဖုန်း၏ ဓားနှစ်ချောင်းက တစ်ချက်ပြီးတစ်ချက် ခေါင်းနှစ်လုံးမြွေအစောင့် ၂ကောင်၏ သေကွင်းသေကွက်များကို ခုတ်ပိုင်းနေသည်။
မည်သို့ပင်ဆိုစေကာမူ ငွေလအစုံတန်ဆာက အလှပြအိုင်တမ်များ မဟုတ်ပေ။ ယခု ရှီဖုန်း၏ သွက်လက်မှုက ၆၀ကျော်နေပြီဖြစ်သည့်အတွက် ခေါင်းနှစ်လုံးမြွေအစောင့်များက ရှီဖုန်း၏ ဓားတစ်လက်ကို ခုခံကာကွယ်နိုင်လျှင်တောင်မှ ကျန်ဓားတစ်လက်ဖြင့် တိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။ ဓားချက်တိုင်းက ခေါင်းနှစ်လုံးမြွေအစောင့်များ၏ HP 60 သို့မဟုတ် 70 ကို နှုတ်ယူနေပြီး ထိချက်ပြင်းတိုက်ခိုက်မှုက ရံဖန်ရံခါတွင် HP 150 ကျော်ကို နှုတ်ယူလေသည်။
ရှီဖုန်း၏ ဓားချက်များက ပြင်းထန်သော လေပြင်းတစ်ခုကဲ့သို့ ခေါင်းနှစ်လုံးမြွေ ၂ကောင်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေပြီး ၎င်းတို့၏ HP ကို ဆက်တိုက်လျှော့ချနေလေသည်။ အချိန်ခဏလေးအတွင်းမှာပင် ခေါင်းနှစ်လုံးမြွေ ၂ကောင်စလုံးက နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားကြသည်။
ကျလာသည့် အိုင်တမ်များကို ကောက်ယူပြီးနောက် ရှီဖုန်းက ခေါင်းနှစ်လုံးမြွေဘုရင်ဆီသို့ ပြေးသွားလိုက်သည်။
ယခုအချိန်တွင် ကိုယ်ပွား၏ HP က ၃၀% အောက်သို့ ရောက်နေပြီး ခေါင်းနှစ်လုံးမြွေဘုရင်ကို အသည်းအသန် ထိန်းထားနေရသည်။ ရှားပါးလက်ရွေးစင်တစ်ကောင်၏ တိုက်ခိုက်မှုက အလွန်အမင်း လျင်မြန်ပြီး မကြာခဏဆိုသလိုပင် အဆိပ်ငွေ့များကိုလည်း မှုတ်ထုတ်တတ်သေး၏။ ကိုယ်ပွားက မူလခန္ဓာကိုယ်၏ စွမ်းရည် ၅၀% ကိုသာ ပိုင်ဆိုင်ထားသဖြင့် ကိုယ်ပွားက ခေါင်းနှစ်လုံးမြွေဘုရင်၏ တိုက်ခိုက်မှုများကို ခုခံပြီး ထွက်ပြေးရုံသာ တတ်နိုင်လေသည်။ မဟုတ်လျှင် ကိုယ်ပွားသည် အစောကြီးကတည်းက သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ယခု မူလခန္ဓာကိုယ်က ရောက်လာသည့်အတွက် ခေါင်းနှစ်လုံးမြွေဘုရင်ကို ထိန်းထားရန် ကိုယ်ပွားအား မလိုအပ်တော့ပေ။
ရှီဖုန်းက နဂါးကိုးကောင်ခုတ်ချက်ကို ချက်ချင်း အသုံးပြုပြီး အသူရာဓား၏ ကိုယ်ပွားဓား ၉ချောင်းကို ပစ်လွှတ်လိုက်သည်။ တစ်ဆက်တည်းဆိုသလိုပင် ခုခံမှုဓားသွားကိုလည်း အသက်သွင်းလိုက်ရာ သူ၏တိုက်ခိုက်မှုအကွာအဝေးက များစွာ ကျယ်ပြန့်သွား၏။
သူက အဆိပ်များ မှုတ်ထုတ်နိုင်သော ခေါင်းနှစ်လုံးမြွေဘုရင်ကို ရင်ဆိုင်ရန် အဝေးမှသာ တိုက်ခိုက်နိုင်ပေလိမ့်မည်။ သူက ခေါင်းနှစ်လုံးမြွေဘုရင်ကို အနီးကပ်တိုက်ခိုက်လျှင် ၂၀ စက္ကန့်တောင် တောင့်ခံနိုင်မည် မဟုတ်ပေ။ သူက အသက်ကယ်စကေးအားလုံးကို အသုံးပြုလျှင်တောင်မှ အသက်ရှင်ရန် အခွင့်အရေးလည်း မရှိချေ။
ခေါင်းနှစ်လုံးမြွေဘုရင်က အလွန်ဉာဏ်များလှသည်။ ရှီဖုန်းနှင့် ရင်ဆိုင်နေချိန်တွင် ခေါင်းတစ်လုံးက ရှီဖုန်း၏ တိုက်ခိုက်မှုများကို ခုခံထားပြီး ကျန်သည့် ခေါင်းတစ်လုံးက ကိုယ်ပွားကို အဆက်မပြတ် တိုက်ခိုက်ကာ ရှီဖုန်းကို အရေးပင် မလုပ်ချေ။
ခေါင်းနှစ်လုံးမြွေဘုရင်၏ တိုက်ခိုက်မှု ၄ခု မြောက်တွင် ကိုယ်ပွားက တောင့်မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် ခေါင်းနှစ်လုံးမြွေဘုရင်၏ HPက 70% အထက်တွင် ရှိနေသေး၏။ ၎င်း၏ခေါင်းတစ်လုံးက ရှီဖုန်းဘက်သို့ လှည့်လာပြီး ပါးစပ်ကို ဟကာ အဆိပ်များ မှုတ်ထုတ်လိုက်သည်။
ရှီဖုန်း၏ အမူအရာက ချက်ချင်း လေးနက်သွား၏။ သူ၏ခန္ဓာကိုယ်ကို ဘေးသို့ ရွေ့ပြီး အဆိပ်များကို ရှောင်လိုက်သည်။
အဆိပ်ရည်များက သဲကျောက်တုံး တစ်တုံးကို ထိမှန်သွားသောအခါ အဆိပ်ရည်များက သဲကျောက်တုံးကို ဖြတ်သွားပြီး သဲကျောက်တုံးတွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ကျန်ခဲ့လေသည်။ အဆိပ်ရည်က ခေါင်းနှစ်လုံးမြွေ၏ တိုက်စားခြင်းအက်စစ်ရည်များ ဖြစ်သည်။ တစ်ယောက်ယောက်ကသာ အဆိပ်ရည်များကို ကာလိုက်မည်ဆိုလျှင် သာမန်အဆင့် လက်နက်များက ချက်ချင်း အရည်ပျော်သွားလိမ့်မည် ဖြစ်သည်။ လျှို့ဝှက်ငွေအဆင့် လက်နက်တောင်မှ အဆင်ပြေရုံလေးသာ ရှိပေလိမ့်မည်။ ကြေးအဆင့် လက်နက်ဆိုလျှင်တော့ လက်နက်၏သက်တမ်းက တစ်ဝက်ခန့် လျော့ကျသွားပြီး အဆိပ်ရည်များနှင့် နှစ်ခါထိမှန်သွားမည်ဆိုလျှင် လက်နက်က ချက်ချင်း ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ထိုနည်းလမ်းဖြင့် လူတစ်ယောက်နှင့် မြွေတစ်ကောင်က အဝေးမှ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည်။ ရှီဖုန်းက ဓားကို တစ်ချက်ပြီး တစ်ချက် ဝေ့ယမ်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဓားအလင်းများဖြင့် ပြည့်နေလေသည်။ ထိုစဉ်တွင် ခေါင်းနှစ်လုံးမြွေဘုရင်ကတော့ အဆိပ်ရည်များကို မရပ်မနား မှုတ်ထုတ်နေပြီး သဲကျောက်တုံးများတွင် များစွာသော အပေါက်များ ဖြစ်နေစေသည်။ မကြာမခဏဆိုသလိုပင် ပတ်ဝန်းကျင်တွင် အဆိပ်ငွေ့များဖြင့် ပြည့်သွားတတ်ပြီး မြက်ပင်တစ်ပင်တောင်မှ ရှင်သန် မကျန်ရစ်ပေ။
မကြာခဏဆိုသလိုပင် ရှီဖုန်းက တိုက်ခိုက်နေရင်း အဆိပ်မိ၏။ ၁၀ မိနစ်ကျော် ကြာပြီးနောက်တွင် ရှီဖုန်းက အခြေခံကုသရေးဆေးရည်ကို အချိန်ပြည့်တိုင်း ထပ်ကာထပ်ကာ သောက်နေသော်လည်း သူ၏ HP က 8% သာ ကျန်တော့၏။ ထိုစဉ်တွင် ခေါင်းနှစ်လုံးမြွေဘုရင်ကတော့ 14% HP ကျန်နေသေးသည်။
သူတို့နှစ်ယောက်၏စလုံးက HP က နည်းနေသည်ကို မြင်သောအခါ ခေါင်းနှစ်လုံးမြွေဘုရင်က ရက်စက်ယုတ်မာတော့မည့် အပြုံးကို ပြုံးလိုက်သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်က မူလထက် တစ်ဆ ကြီးသွားပြီး လေထဲသို့ ခုန်လိုက်သည်။ ခေါင်းတစ်လုံးက ပါးစပ်ကို ဟပြီး နို့နှစ်ရောင်အစွယ်များကို ထုတ်ဖော်ကာ တခြားခေါင်းတစ်လုံးက အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ ခေါင်းနှစ်လုံးမြွေဘုရင်က တိုက်ခိုက်မှုနှင့် ခုခံမှုနှစ်မျိုးစလုံး ပါသော တိုက်ခိုက်မှုပုံစံကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ရှီဖုန်းက အနားသို့ ကပ်လိုက်သည်နှင့် သေစေနိုင်သော အဆိပ်ငွေ့များထဲတွင် ပိတ်မိသွားပေလိမ့်မည်။
“အစွမ်းကုန် ထုတ်သုံးပြီလား… “
လက်ရှိတွင် ရှီဖုန်းက အဆိပ်ငွေများထဲ၌ဆိုလျှင် ၃စက္ကန့်အထိ နေနိုင်ပြီး ခေါင်းနှစ်လုံးမြွေဘုရင် တိုက်ခိုက်မှုဆိုလျှင် တစ်ချက်သာ ခံနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းက လက်တစ်ဖက်ဖြင့် အခြေခံကုသရေးဆေးရည်ကို အိတ်ထဲမှ ထုတ်သောက်လိုက်ရာ 180 HP က ချက်ချင်း ပြန်ပြည့်သွား၏။ တစ်ခြားလက်တစ်ဖက်ကလည်း အသွင်ပြောင်းမှော်စာလိပ်ကို ထုတ်ယူလိုက်သည်။
ခေါင်းနှစ်လုံးမြွေက မြေပြင်ပေါ်သို့ ပြန်ကျတော့မည့်အချိန်တွင် ၎င်းက သိုးအဖြစ်သို့ ချက်ချင်း ပြောင်းသွား၏။
“မိုးကြိုးလျှပ်စီး… “
“ခုတ်ချက်… “
“နှစ်ဆခုတ်ချက်… “
“မြေခွဲတိုက်ကွက်… “
ဆက်တိုက် တိုက်ခိုက်လိုက်ပြီးနောက် ခေါင်းနှစ်လုံးမြွေဘုရင်၏ HP က 5% သာ ကျန်တော့သည်။ သို့သော်လည်း ၎င်းက မူလပုံစံသို့ ပြန်ပြောင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးက အဆိပ်များဖြင် ပြည့်သွားလေသည်။ ခေါင်းနှစ်လုံးမြွေဘုရင်၏ ပြန်လည်ကုသနှုန်းက အဆိပ်ငွေ့များထဲတွင် မူလထက် တစ်ဆ တိုးလာသည်။ ၎င်း၏ရန်သူများကတော့ HP ကို အရူးအမူ လျှော့ချခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ရှီဖုန်းက နောက်သို့ အလျင်အမြန် ဆုတ်ပြီး အသူရာနှောင်ကြိုးကို ခေါင်းနှစ်လုံးမြွေဘုရင်ပေါ်သို့ အသုံးပြုလိုက်သည်။ ထို့နောက် ရှီဖုန်းက အဆင့် ၁ မှော်စာလိပ်(အဆက်မပြတ် မီးတောက်ဗုံး)ကို ထုတ်ယူပြီး မန္တန်ကို ရွတ်ဆိုလိုက်သည်။
ထိုအခါ ကြီးမားသော မီးလုံး ၅ခုက ခေါင်းနှစ်လုံးမြွေဘုရင်၏ခန္ဓာကိုယ်ပေါ်သို့ ကျသွားပြီး ကျန်နေသေးသည့် HP အားလုံးကို နှုတ်ယူသွားလေသည်။ ခေါင်းနှစ်လုံးမြွေဘုရင် သေဆုံးသွားသည်နှင့် အိုင်တမ် ၄ခု ကျနေခဲ့သည်။
System : ခေါင်းနှစ်လုံးမြွေဘုရင်ကို သတ်နိုင်လိုက်ပါပြီ။ အဆင့်ကွာခြားချက် ၅။ ရရှိသော EXP ကို 500% တိုးပေးပါသည်။ 5,000 EXP ရရှိပါသည်။
ယခုမှသာ ရှီဖုန်းလည်း သက်ပြင်းချနိုင်တော့သည်။ ထင်ထားသည့်အတိုင်း အဆင့် ၁၀ ရှားပါးလက်ရွေးစင်ကို ရင်ဆိုင်ရန် အလွန်ခက်ခဲလှသည်။ သူကသာ ငွေလအစုံတန်ဆာနှင့် အဆင့် ၁ မှော်စာလိပ်ကို မပိုင်ဆိုင်ထားလျှင် တိုက်ပွဲ၌ သေဆုံးရမည့်လူမှာ သူသာ ဖြစ်သည်။ ကံကောင်းစွာဖြင့် ရှီဖုန်းက ခေါင်းနှစ်လုံးမြွေဘုရင်ကို သတ်နိုင်ခဲ့သည်။
ကျသည့် အိုင်တမ် ၄ခုထဲတွင် ဘာသာရေးခေါင်းဆောင်များအတွက် အဆင့် ၈ ထူးခြားသံအဆင့် မှော်တုတ်တံ(အသက်တေးသီချင်း)တစ်ချောင်းပါသည်။ ၎င်း၏ စွမ်းရည်များက တော်တော်လေးကောင်းပြီး ကုသရေးစကေးများကိုလည်း အဆင့် ၁ဆင့် မြှင့်ပေးနိုင်သည်။ ထို့ကြောင့် ၎င်းက ထိပ်တန်းအဆင့် မှော်တုတ်တံဟု သတ်မှတ်နိုင်သည်။ နောက်ထပ်အိုင်တမ်ကတော့ သာမန်စွမ်းရည်များသာ ရှိသော အဆင့် ၁၀ ကြက်ခြေခတ်ဒိုင်းဖြစ်သည်။ သို့သော်လည်း ထိုအိုင်တမ်ကို ရှားပါးသည့် အိုင်တမ်ဟု သတ်မှတ်ထားသည်။ နောက်ဆုံးအိုင်တမ် ၂ခုကတော့ မြွေဘုရင်သည်းခြေနှင့် မြွေဘုရင်၏ သားရေ ဖြစ်သည်။ ထိုနှစ်ခုစလုံးက ဆေးရည်လုပ်ခြင်းနှင့် သားရေချပ်ဝတ်များ လုပ်ရာတွင် ရှားပါးသော ပစ္စည်းများ ဖြစ်သည်။
တာဝန်အတွက် အိုင်တမ်များကို စုဆောင်းပြီးဖြစ်သဖြင့် ခဏနားပြီးနောက် ရှီဖုန်းက ကျောက်တူမြို့ငယ်လေးဆီသို့ ပြန်သွားလိုက်သည်။ သူက တာဝန်များကို အောင်မြင်သွားသည့်အတွက် ရှားပါးသည့် ပန်းပဲပစ္စည်းများကို ရရှိခဲ့သည်။ ထို့အပြင် သူ၏ EXP ကလည်း အဆင့် ၅၏ 91% သို့ ရောက်ရှိသွားပြီး အဆင့် ၆သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သည်။
အချိန်ကို ကြည့်လိုက်ရာ ချိန်းထားသည့်အချိန်နှင့် မလိုတော့သည်ကို တွေ့လိုက်ရသဖြင့် ရှီဖုန်းက အဆင့် ၈ နယ်မြေ ဖီးဆစ်ချောက်ဆီသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။