ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 988 ရတနာခုနှစ်ပါး၏ ပထမဆုံးပေါ်ပေါက်လာမှု
ဇီးရိုးဝင်း၏ အမည်ကို ကြားသောအခါ လမ်းပေါ်ရှိကစားသမားများသည် အစည်းအရုံးခန်းမ၏ ခေါင်မိုးမှ တလူလူလွင့်နေသောအလံကို လှမ်းကြည့်ကြသည်။
” တကယ်ကြီး တောင်ပံခြောက်ခုတံဆိပ်ပဲ”
” ဘာ”
” ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်အစည်းအရုံးက ဒီမှာ အစည်းအရုံးခွဲတစ်ခု တကယ်စတင်ပြီလား”
လူများစွာက ကျောစိမ့်သွားကြပြီး အစည်းအရုံးအလံကို စိုက်ကြည့်နေကြစဥ် မည်သူကမှ သူတို့မျက်လုံး သူတို့မယုံနိုင် ဖြစ်နေကြသည်။
ရေအိုင်နှလုံးသားမြို့သည် နဂါးနက်အင်ပါယာထဲတွင် ရှိသော်ငြား ကြယ်လတိုင်းပြည်၏ အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်သည်။ သူတို့က အနီးအနားရှိတိုင်းပြည်များအကြောင်း သိကြသည်။ နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း၏ ပုံစံတူကိုလည်း သူတို့မကြာခဏဝယ်ယူကြ၏။ လူတိုင်းသိသည်က ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းအကြောင်းကို လူတိုင်းသိကြပေသည်။ ထို့အပြင် နဂါးနက်အင်ပါယာ၏ တော်ဝင်မြို့တော်ကို အုပ်စိုးသူ နဂါးဖီးနစ်ပွဲကြည့်စင်က ဇီးရိုးဝင်း၏လက်ထဲတွင် ဝေဒနာခံစားခဲ့ရသည်။
ထိုကဲ့သို့အစွမ်းထက်သည့် အစည်းအရုံးတစ်ခုက ရေအိုင်နှလုံးသားမျိုးထဲတွင် ပေါ်ပေါက်လာရာ သူတို့၏ စိတ်လှုပ်ရှားမှုကို မည်ကဲ့သို့ထိန်းနိုင်မည်နည်း။
” ဇီးရိုးဝင်းက ဒီနေရာကို ရောက်လာပြီဆိုတော့ ငါတို့ ဇီးရိုးဝင်းကိုဝင်ဖို့ အခွင့်အရေးရှိပြီလို့ ဆိုလိုတာမလား”
” ငါလည်း ဒီလိုပဲထင်တယ်၊ အစည်းအရုံးတစ်ခုက မြို့သစ်တစ်ခုမှာ စတင်ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အချိန် ချဲ့ထွင်မှုအတွက် ဒေသခံကစားသမားအချို့ကို စုဆောင်းတာပုံမှန်ပဲလေ”
“ဇီးရိုးဝင်းက ကမ်းလှမ်းတဲ့ ခံစားခွင့်တွေက အံ့သြစရာကြီးလို့ ငါကြားထားတယ်၊ သူတို့က ပထမတန်းအစည်းအရုံးတွေက ကမ်းလှမ်းတာထက်တောင် ပိုမိုက်သေးတယ်၊ တခြားအစည်းအရုံးတွေမှာဆို ပင်မအဖွဲ့ဝင်တွေပဲ အစည်းအရုံးဂေဟာရဲ့ သီသန့်အခန်းတွေကို သုံးခွင့်ရှိတာတဲ့၊ တစ်ဖက်မှာတော့ ဇီးရိုးဝင်း လက်ရွေးစင်အဖွဲ့တစ်ယောက်က သီးသန့်ခန်းတစ်ခန်း ငှားပြီး EXP နှစ်ဆကို စုဆောင်းနိုင်တယ်လို့ ပြောတယ်”
” ငါက ဇီးရိုးဝင်းကိုအမြဲတမ်း ဝင်နေချင်တာ၊ နဂါးနက်အင်ပါယာကနေ မြစ်ဖြူမြို့ကို သွားတဲ့စရိတ်က များလွန်းနေတာ ကံဆိုးတာပဲဟေ့၊ အခုတော့ ပို့ဆောင်ခကို စိုးရိမ်ပူပန်စရာမလို့တော့ဘူး”
တစ်ကိုယ်တော်ကစားသမားများ၏ ရင်ထဲတွင် မျှော်လင့်ချက်တို့ ပြည့်နှက်နေပြီး ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာအသစ်ကို ငေးကြည့်နေကြသည်။
သာမန်ကစားသမားများအဖို့ ကျန်သည့်နိုင်ငံများဆီ ခရီးနင်ရန်က အလွန်ဈေးကြီးလွန်းသည်။ သူတို့၏ ပိုင်ဆိုင်မှုအားလုံးကိုသုံးပြီး မြစ်ဖြူမြို့သို့သွားခဲ့လျှင်တောင် အစည်းအရုံက လက်ခံမည်ဆိုတာ အာမခံချက် မရှိပေ။
ထို့အပြင် သူတို့က ရေအိုင်နှလုံးသားနှင့် ၎င်း၏ ပတ်ဝန်းကျင်ဖြင့် နေသားကျနေခဲ့တာ ကြာပြီဖြစ်သည်။ သူတို့က အမည်မသိမြို့တစ်မြို့၌ စတင်ဖွံ့ဖြို့တိုးတက်အောင်ဆောင်ရွက်ခဲ့လျှင် သူတို့ အဆင့်တက်သည့်အရှိန်နှင့် နေ့စဥ်ဝင်ငွေက သိသိသာသာလျော့ကျသွားမှာ ဖြစ်သည်။ ထို့အပြင် ရေအိုင်နှလုံးသားမြို့နှင့် မတူဘဲ သူတို့သည် မြစ်ဖြူမြို့ထဲတွင် အားကိုးစရာအဖော်အပေါင်းများ မရှိပေ။ သို့သော် ယခုအချိန်၌ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဇီးရိုးဝင်း၏ အစည်းအရုံးခွဲပေါ်ပေါက်လာပြီး မကြာခင်၌ ထိုအရေးကိစ္စက မြို့ထဲ၌ သတင်းမြန်မြန်ဆန်ဆန် ပြန့်သွားသည်။ အချို့က ပျော်ရွှင်နေကြကာ အချို့သူများက စိုးရိမ်ပူပန်နေကြသည်။ တစ်ကိုယ်တော်ကစားသမားများအဖို့ ဇီးရိုးဝင်းပေါ်ပေါက်လာမှုက သတင်းကောင်းဖြစ်သည်။ သို့သော် ဒေသခံအစည်းအရုံးများအဖို့ ထိုအခြေအနေက ကောင်းတာမရှိပေ။
ရေအိုင်နှလုံးသားမျိုးကို အုပ်စိုးနေသော ဒုတိယတန်းအစည်းအရုံး ကျေးသွေးနန်းတော်အစည်းအရုံးက သတင်းကြားသည့်အချိန်၌ အထက်အရာရှိများနှင့်အတူ အရေးပေါ်အစည်းအဝေးခေါ်ခဲ့၏။
“ဇီးရိုးဝင်းက အပြင်နဲ့ အဆက်အသွယ်ပျက်နေတဲ့ ရေအိုင်နှလုံးသားမြို့လိုမြို့မှာ သူက ဘာကြောင့်ရုတ်တရက်ပေါ်လာရတာလဲ”
“ဇီးရိုးဝင်းက ဒီနေရာမှာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ တကယ်ရည်ရွယ်နေတာဆိုရင် ငါတို့သိမ်းပိုက်နေကြ အရင်းအမြစ်မြင့်မားတဲ့ ဧရိယာတွေကို သူတို့ ပစ်မှတ်ထားလာတော့မှာပဲ”
” ဘာကြောင့် ကြောက်နေရမှာလဲ၊ ဇီးရိုးဝင်းက ကြယ်လတိုင်းပြည်မှာ အစွမ်းထက်ရင်တောင် ဒီနေရာက ရေအိုင်နှလုံးသားမြို့၊ ငါတို့ရဲ့နယ်မြေပဲ၊ ဇီးရိုးဝင်းထက်စာရင် မြို့ရဲ့ပတ်ဝန်းကျင်ကို ငါတို့က ပိုရင်းနှီးတယ်၊ ငါတို့ အစည်းအရုံးတွေကြား စစ်ပွဲတစ်ပွဲဖြစ်ခဲ့လျှင်တောင် အနိုင်ရသူက မသေချာသေးဘူး”
ကျေးသွေးနန်းတော်၏ အထက်အရာရှိများက အခြေအနေကို အပူတပြင်းဆွေးနွေးနေကြသည်။
ရေအိုင်နှလုံးသားမြို့တစ်ဝိုက်ရှိ အဆင့်တက်သောဧရိယာများက အကျိုးအမြတ်များစွာ ဖြစ်ထွန်းမည်မဟုတ်သော်ငြား ကစားသမားများသည် ဧရိယာနှင့်အသားကျသွားသည်နှင့် သူတို့၏ အဆင့်တက်သည့်အရှိန်က တိုးတက်လာပေလိမ့်မည်။ ထို့အပြင် ကျန်သည့်မြို့များနှင့်မတူဘဲ ရေအိုင်နှလုံးသားမြို့ထဲတွင် အစည်းအရုံးအနည်းငယ်သာ ရှိပေ၏။ ယင်းက ကျေးသွေးနန်းတော်ကို ကုန်ကြမ်းများစွာ အလွယ်တကူရရှိစေ၏။
” ဒီလို လုပ်နေဖို့မလိုဘူး၊ ကြယ်လတိုင်းပြည်ထဲက အခြေအနေက သိပ်မတည်ငြိမ်ဘူးလို့ ငါကြားထားတယ်၊ ဇီးရိုးဝင်းက ရေအိုင်နှလုံးသားမြို့ကို သိမ်းပိုက်ဖို့ အာရုံသိပ်စိုက်မှာ မဟုတ်ဘူး၊ ဒါ့အပြင် နဂါးဖီးနစ်ပွဲကြည့်စင်က ဇီးရိုးဝင်းနဲ့ အငြိုးအတေးတစ်ခုရှိပြီးသား၊ ဇီးရိုးဝင်း ရောက်လာတဲ့အကြောင်း ပွဲကြည့်စင်ကို သတင်းပို့ခဲ့မယ်ဆိုရင် မျှော်စင်လက်စားချေဖို့ လုပ်တော့မှာပဲ”
အစည်းအရုံးခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေသော လူရွယ်တစ်ဦးက သူ့ရှေ့တွင်ငြင်းခုန်နေသော ကစားသမားများကို ကြည့်ပြီး ပြောလိုက်သည်။ သူက လေးနက်သည့်လေသံဖြင့်
” ဒီကာလအတွင်း ဇီးရိုးဝင်းအဖွဲ့ဝင်တွေကို စောင့်ကြည့်ထား၊ အားလုံးကို မျှော်စင်ဆီ သတင်းပို့”
သူတို့အစည်းအရုံးခေါင်းဆောင်၏ အမိန့်ကိုကြားသောအခါ ကျေးသွေးနန်းတော်၏ အထက်အရာရှိများက တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်ကြ၏။ သူတို့အစည်းအရုံးခေါင်းဆောင် ပြောသည့်အတိုင်း ဇီးရိုးဝင်းသည် နဂါးဖီးနစ်ပွဲကြည့်စင်ကို ခြေနင်းကျောက်တုံးအဖြစ်သုံးကာ နာမည်ကျော်ကြားခဲ့ပြီး ပွဲကြည့်စင်၏ ဂုဏ်သတင်းကို မှေးမိန်စေခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက် ကောင်းကင်နဂါးပွဲကြည့်စင်၏ နဂါးကိုးကောင်ဧကရာဇ်က ဤအရေးကိစ္စကို ခွင့်မလွှတ်ကြောင်း ကြေညာခဲ့သည်။
ကြယ်လတိုင်းပြည်ထဲတွင် ဇီးရိုးဝင်းနှင့် ဖြေရှင်းမှုက နဂါးဖီးနစ်ပွဲကြည့်စင်အတွက် အခက်တွေ့စေခဲ့သော်ငြား နဂါးနက်အင်ပါယာထဲတွင်မူ မတူညီသည့် ဇာတ်ကြောင်းတစ်ခု ဖြစ်သွားပြီပင်။ နဂါးနက်အင်ပါယာ၏ ပွဲကြည့်စင်၏ နယ်မြေဖြစ်သည်။ အစည်းအရုံးခွဲတစ်ခုကို ဖြေရှင်းဖို့က အသေးအမွှားသာ ဖြစ်ပေ၏။
ကျေးသွေးနန်းတော်က ဇီးရိုးဝင်းကို ဖြေရှင်းရန် နည်းလမ်းတစ်ခုစဥ်းစားနေစဥ် ရှီဖုန်းက အစည်းအရုံးရွှေ့ပြောင်းခြင်းစာလိပ်၏ ကိုသြဒိနိတ်များကို ချည်နှောင်ရန် ရွှေပြားသုံးရာသုံးခဲ့၏။
ယခုအချိန်မှစကာ ဖြစ်ဖြူမြို့ထဲရှိ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များသည် မြို့သို့တိုက်ရိုက်လာရန်အတွက် ရေအိုင်နှလုံးသားမြို့၏ အစည်းအရုံးရွှေ့ပြောင်းခြင်းစာလိပ်ကို ဝယ်ယူနိုင်မှာဖြစ်သည်။
အစည်းအရုံးရွှေ့ပြောင်းခြင်းစာလိပ်က အစည်းအရုံး၏ အကြီးမားဆုံးအကျိုးအမြတ်များထဲမှ တစ်ခုဖြစ်သည်။ NPC မြို့များ၏ ပို့ဆောင်ရေးခန်းမများနှင့်မတူ ကစားသမားများသည် သူတို့သွားလိုသည့် အစည်းအရုံးဂေဟာကို ရောက်ရှိရန်အတွက် အစည်းအရုံးကူးပြောင်းခြင်းစာလိပ်ကို ဝယ်ယူရန်သာလိုအပ်သည်။ သို့သော် ထိုကဲ့သို့ အကျိုးအမြတ်ကြီးကလည်း အကန့်အသတ်ရှိပေ၏။ ကစားသမားများသည် တစ်ကြိမ်လျှင် အစည်းအရုံးကူးပြောင်းခြင်းစာလိပ်တစ်လိပ်သာ သယ်ခွင့်ရှိသည်။ ထို့အပြင် စာလိပ်များက ပြန်လည်အသုံးပြုနိုင်ရန် စောင့်ဆိုင်းရသည့်အချိန်က အင်မတန် ကြာပေ၏။ ကူးပြောင်းခြင်းစာလိပ်၏ တန်ကြေးကလည်း သွားလိုသည့်နေရာနှင့် ဝယ်ထားသည့်နေရာကြား အကွာအဝေးပေါ်မူတည်ပြီး ပြောင်းလဲနေ၏။ မည်သို့ပင်ဆိုစေကာမူ ပို့ဆောင်ရေးခန်းမများကို အသုံးပြုခြင်းထက် ဈေးတန်သေးသည်။
အစည်းအရုံးတစ်ခုက အစည်းအရုံးဂေဟာ လုံလုံလောက်လောက်ရှိနေလျှင် ပို့ဆောင်ရေးခန်းမများကို အလွယ်တကူ အစားထိုးနိုင်မည် ဖြစ်သည်။
ရှီဖုန်းသည် ကိုသြဒိနိတ်များကို ပေါင်းစည်းတာ ပြီးဆုံးသွားသည့်အချိန်၌ နာရီကိုကြည့်လိုက်သည်။ မှောင်မည်းနေသော ကောင်းကင်ကို ကြည့်ပြီး သူ၏ စနစ်မျက်နှာပြင်ကိုဖွင့်ကာ ဂိမ်းထဲမှထွက်ပြီး အနားယူရန်ပြင်လိုက်၏။
ယခု ရေအိုင်နှလုံးသားမြို့၏ အစည်းအရုံးခွဲကို တည်ဆောက်ခဲ့ပြီဖြစ်ရာ ရွေးချယ်ထားသော အဖွဲ့ဝင်များကို ရွှေ့ပြောင်းပေးဖို့ ရေနှင်းဆီကို လိုအပ်သည်။ ရေဗန်၏ မွန်းစတားဖယ်ရှားခြင်း အရေးကိစ္စကမူ ရှီဖုန်းသည် အရိပ်ပျံသန်းခြင်းကို ဖြေရှင်းရန် ညွှန်ကြားထားပြီးသား ဖြစ်၏။
မူလက မီးလျှံကကြိုးကို တာဝန်အပ်ချင်ခဲ့သည်။ သို့သော် မီးလျှံကကြိုးက လက်ရှိတွင် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များကို ဦးဆောင်ပြီး မသေမျိုးချောက်ကမ်းပါး၌ စီးနင်းတိုက်ခိုက်ရင်း အလုပ်များနေသောကြောင့် အချိန်ပိုမရှိပေ။ ထို့ကြောင့် နောက်ထပ်အကောင်းဆုံးရွေးချယ်မှုဖြစ်သည့် အရိပ်ပျံသန်းခြင်းကိုသာ သုံးရသည်။
အရိပ်ပျံသန်းခြင်းက ဇီးရိုးဝင်း၏ ဒုတိယအတော်ဆုံး လုပ်ကြံသတ်ဖြတ်ရေးသမား ဖြစ်သည်။ သူ၏ လှုပ်ရှားမှုအရှိန်က အတော်မြင့်မားရုံသာမက လှုပ်ရှားမှုကလည်း လျှို့ဝှက်ပေ၏။ သူ့ကို အလွယ်တကူ ရှာမတွေ့နိုင်ပေ။
မွန်းစတားကျူးကျော်မှုကို ဖယ်ရှားနေတဲ့အချိန်ရောက်လာလျှင် အရိပ်ပျံသန်းခြင်းက မည်သူမှ သတိမပြုလိုက်မိခင် မွန်းစတားရွံရှာခြင်းစာလိပ်ကို အသုံးပြုနိုင်မည်ဖြစ်ကာ ရေဗန်က စာလိပ်ကို ရှာတွေ့သွားနိုင်သည့် အခွင့်အရေးကို လျှော့ချနိုင်မှာပဲ ဖြစ်၏။
မွန်းစတားရွံရှာခြင်းစာလိပ်က အလွန်ရှားပါးပြီး လူအနည်းစုသာ သိသော်ငြား မြင့်မြတ်သော ဘုရားကျောင်း၏ ဒုဘုရားကျောင်းသခင် တိတ်ဆိတ်ခြင်းသံစဉ်သည် ဘလက်ဝင်းမြို့၌ စာလိပ်များစွာ ဝယ်ယူခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် စာလိပ်၏ လုပ်ဆောင်ချက်ကို ဖုံးကွယ်ထားခြင်းက အမြော်အမြင်ရှိသည့် လုပ်ဆောင်ချက်ဟု မှန်းဆခဲ့သည်။ မည်သည့်နည်းနှင့်မဆို အစည်းအရုံးက ကျူးကျော်မှုကို ဖယ်ရှားပေးရုံသာ လိုအပ်သည်။ ၎င်း၏ နည်းလမ်းကိုထုတ်ဖော်ရန် မလိုချေ။
ဂိမ်းထဲမှ ထွက်သည့်ခလုတ်ကိုနှိပ်ပြီးနောက် ရှီဖုန်းသည် ထွက်မည့်အချိန်ကို စောင့်ဆိုင်းနေ၏။ သူက ရွှေရောင်အမာရွတ်၏ ရှာဖွေခြင်းစကေးကို အလိုလိုအသုံးပြုနေကြ ဖြစ်သည်။
ရတနာခုနှစ်ပါးကို ရှာဖွေရန်တာဝန်က အင်မတန်ရက်စက်၏။ နတ်ဘုရားနယ်မြေက အင်မတန်ကျယ်ပြောလွန်းရာ သူသည် မည်ကဲ့သို့ ရှာဖွေနိုင်မည်နည်း။
ကံကောင်းသည်မှာ တာဝန်ကို ပြီးမြောက်ရန်အတွက် သူ့ကို ပေးထားသည့် အချိန်အကန့်အသတ်က ရှည်ပေသည်။ ထို့ကြောင့် ရှီဖုန်းသည် တစ်ရက်လျှင် တစ်ကြိမ်သာရှာဖွေ၏။ စကေး၏ အသုံးပြုနိုင်ရန် စောင့်ဆိုင်းရသည့်အချိန်က တစ်ရက်မဟုတ်ခဲ့လျှင် ရတနာခုနှစ်ပါးကိုရှာဖွေတာ ပိုမြန်မှာပဲ ဖြစ်၏။
ရှာဖွေသည့်စကေးကို အသုံးပြုပြီးနောက် ရှီဖုန်းသည် စနစ်အသိပေးသံတစ်သံကို ကြားလိုက်ရသည်။
စနစ် : ရွှေအမာရွတ်သည် အပြစ်ခုနှစ်ပါး၏ စွမ်းအင်လှိုင်းကို ရှာတွေ့ပါပြီ။ သင်သည် စွမ်းအင်လှိုင်းကိုခြေရာခံရန် ဆန္ဒရှိပါသလား။
” ရတနာခုနှစ်ပါးက ဒီကိုဘာကြောင့် ရောက်လာတာလဲ”
ရှီဖုန်းက ချက်ချင်းတောင့်တင်းသွားသည်။
ရေအိုင်နှလုံးသားမြို့ထဲတွင် အပြစ်ခုနှစ်ပါး၏ စွမ်းအင်လှိုင်းကို သူတွေ့မိလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိချေ။