ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 993 မြင့်တက်နေသော အသက်ဓာတ်
” အဲဒီလူက ဆောင်းဦးဂူ့စ်ရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့သူလား”
ကြွေလွင့်လေက မြင်လိုက်ရသည့်အချိန်၌ အံ့သြမှင်သက်သွားသည်။
သူသည် အဆင့် (၄၀) အစောက်အရှောက်သူရဲကောင်းတစ်ဦးဖြစ်ပြီး အဖွဲ့၏ ခေါင်းဆောင် MT တစ်ဦးဖြစ်ပေ၏။ တစ်ချိန်လုံးတွင် ရှေ့တန်းတွင် တိုက်ခိုက်နေသောကြောင့် မသေမျိုးအယူသည်းသူများ မည်မျှအစွမ်းထက်ကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ ထိုလက်ရွေးစင်များထဲမှ တစ်ကောင်သာဆိုလျှင် သူတို့အဖွဲ့ထဲရှိ မည်သူမဆိုတစ်ကိုယ်တည်း တိုက်ခိုက်နိုင်စွမ်း ရှိပေ၏။
မသေမျိုးအယူသည်းသူများသည် မဟာခွန်အားပိုင်ဆိုင်ထားပြီး သူတို့အဖွဲ့၏ အဆင့် (၄၀) ရှေးစစ်သည်တော် ဆောင်းဦးဂူ့စ်ကိုတောင် ကျော်သော်ငြား သူတို့၏ တိုက်ခိုက်မှုအရှိန်နှင့် တုံ့ပြန်မှုအရှိန်က မမြန်ဆန်ပေ။ နေရာလုံလုံလောက်လောက်ပေးခဲ့လျှင် MT တစ်ဦးတောင် သူတို့ကို တစ်ဦးဆီ ဖြည်းဖြည်းခြင်း ယှဥ်နိုင်၏။
သို့သော် ထို လက်ရွေးစင်မွန်းစတား အကောင်ရေတစ်သောင်းကျော် ရှိလာသည့်အချိန်၌ သူတို့နားတွင် ဝိုင်းထားသည့် မသေမျိုးအယူသည်းသူများက သူတို့ လှုပ်စရာမြေမရှိ ဖြစ်စေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ထိုလက်ရွေးစင်များကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရတော့သည်။ မသေမျိုးအယူသည်းသူများသည် HP နှစ်သိန်းကျော်ပိုင်ဆိုင်ထားပြီး အဆင့် (၅၀) လက်ရွေးစင်မသေမျိုးတစ်ဦးအတွက် HP က ထိုထက်ပိုမြင့်ပေ၏။ ထို့အပြင် မသေမျိုးများ၏ မွေးရာပါမှော်ခုခံမှုက အလွန်မြင့်မာသည်။ သူတို့အဖွဲ့ထဲရှိ တစ်စုံတစ်ယောက်က AOE တိုက်ခိုက်ရေးဂါထာတစ်ခု အသုံးပြုခဲ့လျှင်တောင် လက်ရွေးစင်များကို (-၂၀၀၀) ထိခိုက်မှုသာ ဖြစ်စေလိမ့်မည်။ အမျိုးစုံပြင်ဆင်ပြီးနောက် သူတို့သည် မသေမျိုးအယူသည်းသူများကို အနည်းငယ် ထိခိုက်စေရုံမျှသာ ရှိသည်။
သူတို့အဖွဲ့ သုတ်သင်ရှင်းလင်းခံရရန် အချိန်အတိုင်းအတာတစ်ခုသာ လိုသည်။ ထိုသို့တိုင် ဓားတစ်ချက်လွှဲယမ်းရုံဖြင့် ရှီဖုန်းသည် မသေမျိုးအယူသည်းသူအကောင်ရေတစ်ထောင်နီးပါးကို အငွေ့ပျံသွားစေသည်။
ကြွေလွင့်လေမှအပ အဖွဲ့ထဲရှိလူတိုင်းသည် ရှီဖုန်း၏ လုပ်ဆောင်ချက်ကြောင့် အံ့သြမှင်သက်ကုန်၏။
” ဆောင်းဦး၊ ဒီလိုမွန်းစတားတစ်ကောင်နဲ့ ဘယ်လိုများအသိအကျွမ်း ဖြစ်ခဲ့တာလဲ”
အဆင့် (၃၉) အမျိုးသမီး ကျိန်စာအသုံးပြုသူက ညင်သာစွာမေးလိုက်သည်။
“ငါ သူ့ကိုတွေ့တာက ရိန်းနဲ့ တာဝန်ထိမ်းဆောင်နေတဲ့အချိန်ပဲ၊ အဲဒီတုန်းက နင်တို့လိုပဲ အစည်းအရုံးကျွမ်းကျင်သူတွေက အလိုလိုက်ခံထားရတဲ့ ကစားသမားတွေသာသာပဲလို့ ငါတို့ထင်ခဲ့တာ”
ဆောင်းဦးဂူ့စ်သည် လေနတ်ဘုရား၏လှံ အဖွဲ့ဝင်များ ယခုအချိန်တွင် တွေးနေသကဲ့သို့ သူမသည်လည်း တူညီသည့်အတွေး ရှိခဲ့သည့်အချိန်ကို ပြန်စဥ်စားမိသောအခါ သူမကို သူမအရှက်ရမိသည်။
ကျိန်စာအသုံးပြုသူနှင့် ဆောင်းဦးဂူ့စ်တို့ ပြောတာကိုကြားသောအခါ တွေးခေါ်သူရိန်းနှင့် ဘလူးဘမ်ဘူးတို့က အစောပိုင်းက ဒေါသများကို ကျော်လွန်လျှက် ဂုဏ်ယူဝံ့ကြွားမှုတို့ ခံစားလိုက်ရသည်။
” ငါ အရင်ထဲကပြောသားပဲ၊ ဟုတ်တယ်မလား၊ အကိုကြီးရီဖုန်းက သိပ်အစွမ်းထက်တယ်၊ အရင်ထဲက အကိုကြီးရီဖုန်ူက အဆင့် (၅၀) ကွင်းပြင်မဟာအရှင်ကို အဖွဲ့ထဲမှာ ငါနဲ့ရိန်း ပါရုံနဲ့ သတ်နိုင်ခဲ့တာ၊ သူ့အတွက် အဆင့် (၅၀) လက်ရွေးစင်မွန်းစတားတွေကို ဖြေရှင်းဖို့ဆိုတာ ပြဿနာမဟုတ်ဘူး”
ဘလူးဘမ်ဘူးက ရင်ကော့လျက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
သူတို့သည် အဆင့် (၅၀) မဟာအရှင်ကို အနိုင်ယူနိုင်ရန်အတွက် ရှီဖုန်း၏ ကိုယ်ပိုင်သက်တော်စောင့်နှစ်ဦးကို အားကိုးခဲ့ရသော်ငြား ဘလူးဘမ်ဘူးက ကိုယ်ပိုင်သက်တော်စောင့်ကလည်း ရှီဖုန်းခွန်အား၏ တစ်စိတ်တစ်ပိုင်းဟူ၌ တွေးထားတာဖြစ်သည်။ ဆိုရလျှင် ထိုကဲ့သို့ အစွမ်းထက်သော ကိုယ်ပိုင်သက်တော်စောင့် ပျိုးထောင်နိုင်သည့်သူကို သူမ တစ်ခါမှမမြင်ခဲ့ဖူးပေ။ ထိုကဲ့သို့ အစွမ်းထက်သည့် ကိုယ်ပိုင်သက်တော်စောင့်ကို ပျိုးထောင်နိုင်စွမ်းရှိသည့်သူကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးပေ။
” ဘာ၊ သူက အဆင့် (၅၀) ကွင်းပြင်မဟာအရှင်ကို မင်းတို့ မှော်အမျိုးအစားနှစ်ဦးထဲကိုခေါ်ပြီး တစ်ကိုယ်တော်တိုက်ခိုက်နိုင်ခဲ့တယ်လား”
“ဒါ မဖြစ်နိုင်ဘူးနော်၊ အရင်တုန်းက ငါတို့ လေနတ်ဘုရာလှံက ကစားသမားအယောက်တစ်ရာ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတာတောင် အဆင့် (၄၀) ကွင်းပြင်မဟာအရှင်ကို အနိုင်ယူနိုင်ဖို့ ရှားပါးတဲ့ကိရိယာတွေ အသုံးပြုခဲ့ရသေးတာ”
ဘလူးဘမ်ဘူး၏ ဖော်ပြချက်ကြောင့် လေနတ်ဘုရား၏ လှံမှ လူတိုင်းသည် ထိတ်လန့်သွားကြသည်။ အဆင့် (၅၀) မဟာအရှင်ကို သတ်ဖြတ်နိုင်ခြင်းက မသေမျိုးအယူသည်းသူ အကောင်ရေရာချီကို တိုက်ရိုက်ရှင်းထုတ်ခြင်းထက် ပိုအံ့သြဖွယ်ကောင်းပေသည်။
နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် မွန်းစတားများစွာနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် အဆင့် (၅၀) ကွင်းပြင်မဟာအရှင် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိပေ၏။ လက်ရှိ ကစားသမားများသည် ထိုကဲ့သို့ဘော့စ်များကို ရင်ဆိုင်နိုင်ရန် အခွင့်အရေးမရှိချေ။
အဆင့် (၅၀) ဟူသည် အဓိကမှတ်ကျောက်တစ်ခု ဖြစ်ပေ၏။ ကစားသမားများသည် ထိုအဆင့်၌ သူတို့၏ အလွှာနှစ်အမျိုးအစားပြောင်းလဲမှုကို စတင်စိန်ခေါ်လာနိုင်မည်ဖြစ်ကာ သူတို့၏ အရည်အချင်းများလည်း တိုးတက်လာပေမည်။ သူတို့စကေးများက အလွှာနှစ်သို့လည်း ရောက်နိုင်ပေ၏။ အဆင့် (၅၀) သို့ရောက်ရှိပြီးသည်နှင့် ကစားသမားများသည် သူတို့၏ တိုက်ပွဲဝင်စွမ်းအားကို များစွာမြင့်တင်နိုင်မှာပဲ ဖြစ်သည်။ ထို့ကြောင့် စနစ်က အဆင့် (၅၀) မွန်းစတားများသည် အဆင့် (၄၉) မွန်းစတားများထက် အတိုင်းအတာတစ်ခု ပိုသန်မာကြောင်း ဖော်ပြထားခဲ့၏။
ထို့ကြောင့် ဆောင်းဦးဂူ့စ်ကဲ့သို့ ရှေးစစ်သည်တော်ကျွမ်းကျင်သူတစ်ဦးတောင် အဆင့် (၅၀) မသေမျိုးအယူသည်းသူများကို ခွန်အားအရာတွင် ယှဥ်ပြိုင်ခြင်းမရှိတာလည်း ဖြစ်သည်။
ချက်ချင်းပင် လူတိုင်းက ရှီဖုန်းကို အံ့သြစွာ ကြည့်လိုက်ကြ၏။
ရှီဖုန်းကို အထင်သေးခဲ့သည့် သာမန်ဓားသွားကမူ တွေးခေါ်သူရိန်း ရှီဖုန်းကို ဆက်တိုက်ကြည့်နေတာ သတိပြုမိပြီး သူ့ရင်ထဲ၌ မနာလိုမှုတို့ ပေါ်လာတော့သည်။
” စောင့်နေစမ်းပါ၊ တစ်နေ့ကျရင် မင်းကို သေချာပေါက်ကျော်တက်ပြမယ်”
သာမန်ဓားသွားက သူ့ဘာသာသူ ကျိန်ဆိုလိုက်၏။
သူသည် နတ်ဘုရားနယ်မြေထဲ ရောက်တာ အချိန်တိုတောင်းသေး၏။ သူ၏ ခွန်အားကလည်း လျင်မြန်စွာ တိုးတက်နေသေးဆဲ ရှိသည်။ ထို့အပြင် သူက အပြင်လောက၌ ကိုယ်ခံပညာရှင်တစ်ဦး၏ လက်ထောက်ဖြစ်ခဲ့သည်။ ဆရာက သူသည် သိုင်းပါရမီရှင်တစ်ဦးအဖြစ် သူ့ကိုတောင် အသိအမှတ် ပြုထားခဲ့၏။
နတ်ဘုရားနယ်မြေ၏ ပုံရိပ်ယောင်လောကသည် အပြင်လောကနှင့် တူနေဆဲဖြစ်ရာ နောင်တွင် ရှီဖုန်းကို အနိုင်မယူနိုင်ဆိုတာ သူ မယုံကြည်ပေ။
“ငါတို့တွေ အမြဲတမ်း ခုခံနေလို့မရဘူး၊ မင်းတို့အတွက် လမ်းကြောင်းတစ်ခုဖွင့်ပေးမယ်၊ အနီးကပ်အမျိုးအစားတွေ ဘေးကနေ မှော်အမျိုးအစားတွေကို ကာကွယ်ပြီး ငါနောက်ကလိုက်ခဲ့”
ရှီဖုန်းသည် မသေမျိုးအယူသည်းသူများ နံရံထဲမှ ဆက်လက်ပေါ်ထွက်လာတာကို သတိပြုမိသည့်အချိန်၌ အမြန်ပြောလိုက်သည်။
” မှော်အမျိုးအစားတွေ တိုက်ခိုက်မနေကြနဲ့၊ လှုပ်ရှားမှုအရှိန် လျှော့ချခြင်းနဲ့ အကျဥ်းချခြင်းစကေးတို့ကို တက်နိုင်သမျှသုံးဖို့ကြိုးစား”
ရှီဖုန်းက ပြောပြီးနောက် သူ့ရှေ့၌ မီးမုန်တိုင်းကို ရွတ်ဆိုလိုက်တော့သည်။
မြင့်မားသည့် မီးတောင်ချော်ရည်များက နေရာအားလုံးကို ဝါးမျိုသွား၏။ မသေမျိုးအယူသည်းသူများက မြင့်မားသောမှော်ခုခံမှုကို ပိုင်ဆိုင်ထားသော်ငြား ရှီဖုန်း၏ သတ်ဖြတ်ခြင်းရောင်ခြည်က သူ၏ ထိခိုက်မှုကို အမှောင်သတ္တဝါများဆီ နှစ်ဆမြင့်တင်ပေးခဲ့၏။ ရလဒ်အနေဖြင့် မီးမုန်တိုင်းအသုံးပြုနိုင်သည့်ကြာချိန် ကုန်ဆုံးသွားသောအခါ မီးလျှံများအတွင်းရှိ မသေမျိုးအယူသည်းသူများ တစ်ကောင်မှ အသက်ရှင်လျက် မရှိတော့ပေ။
ကံဆိုးသည်မှာ ဤနေရာက နတ်ဘုရားစစ်ဆေးမှုဖြစ်ရာ သူတို့သည် ဤနေရာ၌ မွန်းစတားမည်မျှများများသတ်စေကာမူ EXP များ ရနိုင်မှာမဟုတ်ပေ။ ဤနည်းတူ ထိုနေရာရှိ မွန်းစတားများသည် မည်သည့်ပစ္စည်းမှ ကျမလာနိုင်ပေ။ ကစားသမားများလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဤနေရာရှိမွန်းစတားများကို ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့် ရနိုင်သည့်တစ်ခုတည်းသောအရာက စကေးကျွမ်းကျင်မှုသာ ဖြစ်သည်။ ကစားသမားများသည် အဆင့်တစ်ဆင့်ကို ရှင်းလင်းပြီးမှသာ ဆုကြေးများရတာဖြစ်၏။
သို့သော် ရှီဖုန်းက ထိုမသေမျိုးအယူသည်းသူများကို သတ်ဖြတ်ခြင်းဖြင့် ထပ်တိုးအကျိုးအမြတ်တစ်ခု ရရှိသေးသည်။ ယခင်က သူသည် မသေမျိုးအယူသည်းသူများကို သတ်ဖြတ်ရန် အလင်းဓားသွားကို အသုံးပြုခဲ့ရချိန်၌ အီကာရက်၏နှလုံးသားက အသက်ဓာတ်များစွာကို စုပ်ယူခဲ့ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။
မွန်မြတ်သောသွေးခွက်ကို အီကာရက်၏နှလုံးသားအား ဆင့်ကဲပြောင်းလဲရန် အသုံးပြုပြီးနောက် လည်ဆွဲသည် ၎င်းကို အဆင့်မြင့်တင်ရန် ဘော့စ်များကို သတ်ဖြတ်ဖို့ရာ မလိုတော့ချေ။ ထိုအစား သူသည် ကစားသမားများကို သတ်ဖြတ်ပြီး အသက်ဓာတ်များကိုစုပ်ယူရန်သာ လိုအပ်သည်။ လိုအပ်သည့် အသက်ဓာတ်ပမာဏက များပြားနေရုံသာ ရှိ၏။ လက်ရှိတွင် သူက လည်ဆွဲကို အံ့ဖွယ်အဆင့်သို့ မြင့်တင်နိုင်ရန်အတွက် အသက်ဓာတ်ငါးထောင်လိုအပ်နေသည်။
ရှီဖုန်းသည် အီကာရက်၏ နှလုံးသားကို ဆင့်ကဲပြောင်းလဲပြီးနောက် ကစားသမားများစွာ သတ်ဖြတ်ခဲ့သော်ငြား လည်ဆွဲ၏ စကေးအကြိမ်ပေါင်းများစွာကို အသုံးပြုခဲ့ရသေးသည်။ ရတနာသေတ္တာများဖွင့်ခြင်းနှင့် ဘော့စ်ကို သတ်ဖြတ်ခြင်းပင် ဖြစ်၏။ တစ်ကြိမ်အသုံးပြုမူက အသက်ဓာတ်တစ်ရာ ကုန်ကျစေ၏။ သူ စုဆောင်းခဲ့သမျှအားလုံးကို အသုံးပြုခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအတောအတွင်း အီကာရက်၏ နှလုံးသားကို အံ့ဖွယ်အဆင့်သို့ မြင့်တင်နိုင်ခဲ့ခြင်း မရှိပေ။
သို့သော် သူသတ်ဖြတ်ခဲ့သည့် မသေမျိုးအယူသည်းသူ နှစ်ကောင်၊ သုံးကောင်အတွက်မူ အီကာရက်၏ နှလုံးသားက အသက်ဓာတ်များ ချက်ချင်းတိုးသွားတော့၏။ နှစ်ချက်တိုက်ခိုက်ပြီးနောက် ရှီဖုန်းသည် အသက်ဓာတ်ရှစ်ရာ ရလိုက်သည်။ အသက်ဓာတ်များကို ယခုစုဆောင်းသည့်နှုန်းက သူ ကစားသမားများကို သတ်ဖြတ်သည့်အချိန်ကထက် ပိုမြန်ဆန်နေသည်။
ပြီးနောက် ရှီဖုန်းသည် ခုခံခြင်းဓားသွားနှင့် မိုကြိုးနတ်ဘုရား၏ သက်ဆင်းခြင်းကို အသက်သွင်းလိုက်တော့သည်။ သူက ဓားကို ဆက်တိုက်လွဲခုတ်နေပြီးနောက် ဓား၏ လမ်းကြောင်းကို ထုတ်ဖော်ကာ ရှေ့ဆက်တက်သွားပြီး ဆက်လက်သတ်ဖြတ်နေ၏။
မသေမျိုးအယူသည်းသူများသည် ရှီဖုန်း၏ အဖွဲ့ဝင်များထက် ခွန်အားတစ်ပန်းသာကောင်း သာနိုင်သော်ငြား ရှီဖုန်းအတွက်တော့ မသာပေ။ ခွန်အား အရည်အချင်းချင်း ယှဥ်ပါက အပိုင်းအစ ဒဏ္ဍာရီလာအိုင်တမ်နှင့် အံ့ဖွယ်လက်နက်များ၊ ချပ်ဝတ်တန်ဆာများစွာကို ပိုင်ဆိုင်ထားသည့် ရှီဖုန်းက မသေမျိုးစွမ်းလမ်းသူများကို လွင့်ထွက်သွားစေရန် တစ်ကွက်သာတိုက်ခိုက်ရန် လိုအပ်သည်။ အရှိန်အရာတွင် သူက လက်ရွေးစင်မွန်းစတားများထက် ပိုမြန်ဆန်ပေ၏။ မွန်းစတားများက သူ့ကို ထိတောင်မထိနိုင်သေးခင် သူ၏ ဓားက သူတို့၏ အားနည်းချက်များကို ထိပြီး သူတို့ကို လွင့်ထွက်သွားစေ၏။
ရှီဖုန်းသည် အဆုံးမရှိ မသေမျိုးအယူသည်းသူများနှင့် ရင်ဆိုင်ချိန်၌ အသားကြိတ်စက်သဖွယ် ဖြစ်နေတော့သည်။ သူ၏ ဓားက လက်ရွေးစင်မွန်းစတားများကို ရူးသွပ်စွာဝါးမျိုနေတော့၏။ ခြွင်းချက်မရှိ ရှီဖုန်းနှင့် ဆယ့်ငါးကိုက်အတွင်းရှိ မသေမျိုးအယူသည်းသူများ အားလုံးသည်။ ပတိမျက်လုံးဖြင့် မြင်နိုင်သည့်အရှိန်ဖြင့် သူတို့၏ HP များ လျော့ကျသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်း များစွာသော မသေမျိုးအယူသည်းသူများသည် HP နှစ်သိန်းကျော် အပြည့်အဝ ကုန်ဆုံးသွားသည်။ အီကာရက်၏ နှလုံးသားက အသက်ဓာတ် စုဆောင်းမှုလည်း တိုးလာ၏။ ခဏအကြာတွင် တစ်ထောင်အထိ ရောက်သွားတော့သည်။
” ဆောင်းဦး၊ သူက ကစားသမားတစ်ယောက် ဟုတ်ရဲ့လား”
လေနတ်ဘုရားလှံအဖွဲ့ဝင်များက ရှီဖုန်းနောက်မှ အလိုလိုလိုက်လာကြသည်။ သူတို့က မြင်နေရတာကို မယုံနိုင် ဖြစ်နေကြ၏။