ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 994 အံ့ဖွယ်အဆင့်သို့တက်ခြင်း
လူတိုင်းသည် ရှီဖုန်း၏ အခြေခံအရည်အချင်းများ မည်မျှသန်မာကြောင်း သူတို့ကိုယ်တိုင် မြင်ခဲ့ပြီဖြစ်သည်။ အဆင့် (၅၀) မသေမျိုးအယူသည်းသူများတောင် ခွန်အားအရာတွင် သူနှင့် ယှဥ်ပြိုင်နိုင်ခြင်း မရှိပေ။ သူက လက်ရွေးစင်များကို သာမန်တိုက်ကွက်ဖြင့် အဝေးသို့ လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်ပေ၏။
သို့သော် အရည်အချင်းသက်သက်ကို မှီခိုအားထားပြီး သူနှင့်ဆက်ကိုက်အတွင်း မွန်းစတားတစ်ကောင်မှ ဝင်မလာနိုင်အောင် လုပ်နိုင်ဖို့က မဖြစ်နိုင်ပေ။ တိုက်ပွဲဝင်နည်းစနစ်နှင့် အတွေ့အကြုံက အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေပေသည်။
ကစားသမားများသည် ချပ်ဝတ်တန်ဆာအဆင့်မြှင့်တင်ခြင်းမှ အခြေခံအရည်အချင်းများကို တိုးမြှင့်နိုင်ပြီး တိုက်ပွဲဝင်နည်းစနစ်များနှင့် အတွေ့အကြုံများက အလွယ်တကူ မတိုးတက်စေနိုင်ပေ။ ထို့ကြောင့် လေနတ်ဘုရား၏လှံက ဝင့်ကြွားနေတာပဲ ဖြစ်သည်။ အမျိုးမျိုးသော အစည်းအရုံးကြီးများသည် သူတို့၏ လက်နက်များနှင့် ချပ်ဝတ်တန်ဆာကို အဆင့်မြင့်တင်ရန် မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ပြီး အလုပ်များနေကြ၏။ သူတို့သည် သူတို့၏ နည်းစနစ်များနှင့် တိုက်ပွဲဝင်အတွေ့အကြုံများ စုဆောင်းရန်အတွက် အာရုံသိပ်မစိုက်ကြပေ။
ထို့ကြောင့် လေနတ်ဘုရား၏ လှံသည် မဟူညအင်ပါယာ၏ အမျိုးမျိုးသော အစည်းအရုံးကြီးများကြားထဲ၌ လုံလုံခြုံခြုံရှိနေနိုင်ခဲ့ပြီး ယခုအချိန်ထိ တည်ရှိနေနိုင်တာပဲ ဖြစ်သည်။
ယခင်က လေနတ်ဘုရား၏ လှံ အဖွဲ့ဝင်များသည် မသေမျိုးစွဲလမ်သူ အကောင်ရေရာချီကို ရှီဖုန်း တိုက်ကွက်တစ်ကွက်ထဲဖြင့် သတ်ဖြတ်လိုက်တာကို မြင်သည့်အချိန်၌ သူတို့ အလွန်ဆုံး ထိတ်လန့်မိရုံသာ ရှိသည်။ ဆိုရလျှင် အစွမ်းထက်တော့ အိုင်တမ်များနှင့် စကေးများကို အားကိုးပြီး ပြုလုပ်နိုင်သည့်အရာ ဖြစ်၏။ သို့သော် ယခု ရှီဖုန်းက မယုံနိုင်စရာကောင်းသော တိုက်ပွဲဝင်နည်းစနစ်တစ်ခုကို အသုံးပြုပြီး လက်ရွေးစင်မွန်းစတားများကို သတ်ဖြတ်နေ၏။ ရှီဖုန်းကို ကြည့်မိချိန်၌ လူတိုင်းခံစားရသည်က ထိတ်လန့်မှုသာမဟုတ်ဘဲ ယုံကြည်လေးစား ကိုးကွယ်မှုတို့ပါ ပါလာ၏။
အဖွဲ့ထဲရှိ ကစားသမားအများစုက ဓား၏ လမ်းကြောင်းကြောင့် မှင်သက်နေကြပြီ ဖြစ်သည်။ မသေမျိုးအယူသည်းသူများသာ သူတို့ဆီ ဆက်တိုက်တိုးဝင်မလာလျှင် သူတို့က ရှီဖုန်း၏ နည်းစနစ်ကို လေ့လာရန်သည် အာရုံစိုက်နေမှာပဲ ဖြစ်၏။
” ဒီလို ဓားသိုင်းမျိုး ဓားရှစ်လက်သူရဲကောင်းရဲ့ ဓားသွားတစ်လက်ကတောင် သူနဲ့ မယှဥ်နိုင်မှာ စိုးရိမ်မိပါရဲ့”
ကြွေလွင့်လေသည် ရှီဖုန်းကို ကြည့်နေစဥ် သူ၏ မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်တို့ ပြင်းပြနေ၏။ မဟူရာညအင်ပါဟာတစ်ခုလုံးထဲတွင် သူ့ အသိအမှတ်ပြုမူကိုရသည့် ကျွမ်းကျင်သူက လက်တစ်ဆုပ်စာသာ ရှိသည်။ သူတို့ထဲတွင် လျှို့ဝှက်မျှော်စင်၏ ဓားရှစ်လက်သူရဲကောင်းထဲမှ တစ်ဦးဖြစ်သည်။ သူက ကြွေလွင့်လေ လေးစားသည့်သူ ဖြစ်သည်။ ယခု သူ လေးစားသည့်သူ အရေအတွက်ထဲတွင် တစ်ယောက်ပိုတိုးလာပြီ ဖြစ်၏
မသေမျိုးအယူသည်းသူများသာ ရှိမနေလျှင် သူသည် ရှီဖုန်းနှင့် တိုက်ခိုက်လိုစိတ်ကို အမှန်တကယ် အကောင်အထည်ဖော်မိလိမ့်မည်။
” ဒီလိုအစွမ်းထက်တဲ့ တိုက်ပွဲဝင်စနစ်ကို ဆက်တိုက်အသုံးပြုနေရင် သူရဲ့ သက်လုံအားနဲ့ အာရုံစူးစိုက်မှုက ထိန်းထားနိုင်ပါမလား”
ဆောင်းဦးဂူ့စ်က ရှီဖုန်းကို ကြည့်နေစဥ်၌ အတော်လေးစိုးရိမ်ပူပန်နေသည်။
သူမသည် သာမန်ကစားသမားတစ်ဦး မဟုတ်ပေ။ ယခင်က မဟူရာညအင်ပါယာ၏ အမျိုးမျိုးသောအစည်းအရုံးကြီးများ အဝိုင်းခံထားရစဥ် သူမက အထူးတိုက်ပွဲဝင်နည်းစနစ်များကို အသုံးပြုသည့် ကစားသမားများနှင့်လည်း ကြုံတွေ့ဖူးသည်။
ထိုအထူးတိုက်ပွဲဝင် နည်းစနစ်များက အမှန်တကယ်အစွမ်းထက်နေပြီး သူတို့၌ ဟာကွက်ကြီးတစ်ခု ရှိပေ၏။ ယင်းက အသုံးပြုရန် ကုန်ကျစရိတ်များပြားလွန်းခြင်း ဖြစ်သည်။ အထူးတိုက်ပွဲဝင်နည်းစနစ်တစ်ခုကို အသုံးပြုခြင်းက အားစိုက်ထုတ်လိုက်ရခြင်းသာ ဖြစ်၏။ လူတစ်ဦး၏ သက်လုံအားနှင့် အာရုံစူးစိုက်မှုအပေါ် ဝန်အားက အဆပေါင်းများစွာ ပိုမြင့်မားနေသည်။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများ၌ HP တစ်သာ ကျန်နေခဲ့လျှင်တောင် သူတို့က ဒဏ်ရာပြင်းပြင်းထန်ထန်မရသရွေ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သေးသည်။ သို့သော် ကစားသမားများ၏ သက်လုံအားနှင့် အာရုံစူးစိုက်မှုသည် အဆင့်တစ်ခုထိ ကျသွားပါက တိုက်ပွဲဝင်နိုင်တော့မှာ မဟုတ်ချေ။
ရှီဖုန်းက ယခုအချိန်၌ သက်လုံအားနှင့် အာရုံစူးစိုက်မှုတို့ ကုန်ဆုံးသွားလျှင် နောက်ဆက်တွဲက မမှန်းဆှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။ သို့သော် လက်တွေ့တွင်မူ ဆောင်းဦးဂူ့စ်၏ စိုးရိမ်ပူပန်မှုများက မလိုအပ်သည့်အရာ ဖြစ်သည်။
ဓား၏ လမ်းကြောင်းက ရှီဖုန်း၏ သက်လုံအားကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေချိန်၌ နည်းစနစ်၏ အာရုံစူးစိုက်ခြင်းကို သုံးစွဲခြင်းက အသေးအမွှားသာ ဖြစ်သည်။ ထို့အပြင် ဓား၏ လမ်းကြောင်းကို အသုံးပြုပြီး ထိုမသေမျိုးအယူသည်းသူများကို မခုခံခင် ရှီဖုန်းက အခြေခံအာဏာရှင်ဘွဲ့ကို အသက်သွင်းခဲ့ပြီဖြစ်ကာ သူ၏ ဇွဲသတ္တိကို သုံးဆယ်အထိ အဆင့်မြင့်တင်ကာ သက်လုံအား (၂၀) ရာခိုင်နှုန်း အမြင့်ဆုံးထိတင်ထားပြီး အခြေခံအရည်အချင်းများအားလုံး (၅) ရာခိုင်နှုန်း မြင့်တင်ခဲ့သည်။
ထပ်တိုး = ၃၀
ခံနိုင်ရည်က သူ၏ သက်လုံအားနှင့် အာရုံစူးစိုက်မှုကုန်ဆုံးခြင်ူကို သိသိသာသာလျော့ချပေးနိုင်၏။ သူ၏ သက်လုံအား အမြင့်ဆုံးတိုးတက်လာမှုဖြင့် ရှီဖုန်းသည် ဆောင်းဦးဂူ့စ် တွေးထင်ထားသည်ထက် ပိုကြာမြင့်စွာ ခံနိုင်ရည် ရှိပေသည်။
ထို့အပြင် ရှီဖုန်း၏ လက်ရှိသက်လုံအားနှင့် အာရုံစူးစိုက်မှုက သူတို့ ဝေးကွာသည့် ဘုရားကျောင်းကို ရောက်သည့်အချိန်ထိတောင် မတောင့်ခံနိုင်လျှင် သူက သွေးသန့်စင်ခြင်းကျောက်တုံးကို ပိုင်ဆိုင်ထားသေး၏။
သွေးသန့်စင်ခြင်းကျောက်တုံးက သွေးသန့်စင်ခြင်းလမ်းကြောင်းထဲမှ သူ ရလာခဲ့သည့် အရာဝတ္ထု ဖြစ်သည်။ အစွမ်းထက်သောမွန်းစတားများ၏ အသက်ဓာတ်ကို စုပ်ယူပြီး ယင်းကို သွေးစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။ သူသည် သွေးစွမ်းအင်အမှတ်တစ်ရာကို အသုံးပြုပြီး အသက်အဆီအနှစ်တစ်စက်အဖြစ် ထုတ်နိုင်၏။ သုံးစွဲလိုက်သည့်အချိန်တွင် အသက်အဆီအနှစ်က ကစားသမားတစ်ဦး၏ သက်လုံအားနှင့် အာရုံစူးစိုက်မှု ပြန်တက်သည့်အရှိန်ကို နှစ်နာရီကြာ မြန်နေစေလိမ့်မည်။ ထို့အပြင် အာနိသင်က သုံးဆထိရောက်မှု ရှိ၏။ ယင်းက ရှီဖုန်း ကိုယ်တိုင်ဆောင်ထားသည့် အိုင်တမ်တစ်ခု ဖြစ်သည်။ လက်ရွေးစင်မွန်းစတားတိုင်းက သူ့ကို သွေးစွမ်းအင်ဖြင့် မထောက်ပံ့ပေးနိုင်သော်ငြား ကာလရှည်ကြာစွာ စုဆောင်းမှုကြောင့် သူ့၌ ယခုဆို အသက်၏အဆီအနှစ် ရှစ်ရာနှစ်ဆယ့်ခုနှစ်စက် ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အချိန်မရွေး သက်လုံအားနှင့် အာရုံစူးစိုက်မှု ကုန်ဆုံးသွားမှာကို စိုးရိမ်ပူပန်နေစရာ မလိုပေ။
အချိန်က လျင်မြန်စွာကုန်ဆုံးသွား၏။ လူတိုင်းက ရှီဖုန်း၏ သက်လုံအား တောင့်မခံထားနိုင်ဟု တွေးမိသည့်အချိန်၌ ရှီဖုန်းသည် အသက်အဆီအနှစ်ကို သုံးစွဲပေလိမ့်မည်။ သို့သော် အစက်တစ်စက်ဖြင့် ပြန်တက်သည့်အရှိန်က မလုံလောက်ပေ။ သုံးစက်ခန့်သုံးစွဲပြီးမှ သူ၏ ပြန်တက်သည့်အရှိန်က သူ၏ ကုန်ဆုံးသည်အရှိန်ထက် ပိုနေပေလိမ့်မည်။
ရှီဖုန်းက မသေမျိုးအယူသည်းသူများကို ဆက်လက်သတ်ဖြတ်နေစဥ် အီကာရက်၏ နှလုံးသားက စုဆောင်းသည့် အသက်ဓာတ်ကလည်း လျင်မြန်စွာ တက်သွားတော့၏။
အမှတ်နှစ်ထောင်
အမှတ်သုံးထောင်
အမှတ်လေးထောင်
အဖွဲ့က တလက်လက်တောက်ပနေသည့် ရွှေရောင်ဘုရားကျောင်းရှေ့သို့ ရောက်သည့်အချိန်၌ ရှီဖုန်းသည် အသက်ဓာတ်ငါးထောင် စုဆောင်းနိုင်ခဲ့သည်။ တုံ့ဆိုင်းမနေဘဲ ရှီဖုန်းက အီကာရက်၏ နှလုံးသားကို အဆင့်မြှင့်တင်လိုက်တော့၏။
[အီကာရက်၏ နှလုံးသား] [လည်ဆွဲ၊ အံ့ဖွယ်အဆင့်]
ချပ်ဝတ်တန်ဆာ လိုအပ်ချက် = အရည်အချင်းများအားလုံး (၁၂၀)
အဆင့် (၄၀) အဆင့် (၁၀၀) လက်ရှိတွင် အဆင့် (၄၄)
အရည်အချင်းများအားလုံး (+၄၄)
ကံကောင်းမှု (+၁၈)
ထပ်တိုးစကေးတစ်။ ။ နတ်ဘုရားစောင့်ရှောက်မှု
ကစားသမားတစ်ဦး၏ ကံကို ငါးဆယ်မှတ်စာ စက္ကန့်သုံးဆယ် ယာယီတိုးစေ၏။
ပြန်လည်အသုံးပြုနိုင်ရန် စောင့်ဆိုင်းရချိန် = မိနစ်သုံးဆယ်
ကံကောင်းမှုစောင့်ဆိုင်းရချိန်နှင့် ပြန်အသုံးပြုနိုင်ရန် စောင့်ဆိုင်းရချိန်တို့က တိုးနိုင်ပြီး အသက်ဓာတ်ကို စတေးခြင်းဖြင့် လျှော့ချနိုင်၏။ တစ်ကြိမ်လျှင် အသက်ဓာတ်နှစ်ရာကို အမြင့်ဆုံး စတေးနိုင်၏။
ထပ်တိုးစကေးနှစ်။ ။ နတ်ဘုရား၏ ကောင်းချီး
အသုံးပြုသူသည် ဘဝပုံစံအမျိုးအစားများအားလုံးကို အဆင့်တစ်ဆင့် မြင့်တင်နိုင်မည် ဖြစ်သည်။ အမြင့်ဆုံးအဆင့် ပညာရှင်အဆင့် တစ်နာရီစာ မြင့်တင်နိုင်မည်။
ပြန်လည်အသုံးပြုနိုင်ရန် စောင့်ဆိုင်းရချိန် = ငါးနာရီ
သုံးစွဲနိုင်သည့်ကာလနှင့် ပြန်လည်အသုံးပြုနိုင်ရန် စောင့်ဆိုင်းရသည့်အချိန်က တိုးနိုင်ပြီး အသက်ဓာတ်ကို စတေးခြင်းဖြင့် ထိုအချိန်ကာလများကို လျော့ချနိုင်၏။ တစ်ကြိမ်လျှင် အသက်ဓာတ်ငါးရာ အမြင့်ဆုံးစတေးနိုင်သည်။
အလိုအလျောက်စကေး
အသက်သိုလှောင်မှု
ကစားသမားသည် အသက်ဓာတ်တစ်သောင်းအထိ စုဆောင်းနိုင်၏။ လက်ရှိပမာဏ (၀/၁၀၀၀၀)။
ရှီဖုန်းသည် အီကာရက်၏ နှလုံးသားကို အံ့ဖွယ်အဆင့်အထိ မြင့်တင်ပြီးနောက် တိုးတက်လာသည့် အရည်အချင်းများကြောင့် မှင်သက်သွားသည်။ အီကာရက်၏ နှလုံးသားသည် အခြေခံအရည်အချင်းအရာ၌ တိုးတက်မှုမရှိသော်ငြား ကစားသမားများအားလုံး လိုချင်နေသည့် နတ်ဘုရားအိုင်တမ်တစ်ခုဆိုတာ သေချာပေ၏။
အီကာရက်၏ နှလုံးသားက ထောက်ပံ့ပေးသည့် တိုးတက်လာသော ကံကောင်းမှု အရည်အချင်းများကို ဘေးချိတ်ထားပြီး လည်ဆွဲ၏ အရည်အချင်းက ဘဝပုံစံအမျိုးအစားအဆင့်အထိ မြင့်တင်ပေးနိုင်ရာ ဘဝပုံစံကစားသမားတစ်ဦး၏ တန်ကြေးကို အလွယ်တကူမြင့်တက်သွားစေသည်။ ဘဝပုံစံကစားသမားများက အဆင့်နိမ့်နေသေးစဥ် အဆင့်မြင့်ဘဝပုံစံကစားသမားကို ပညာရှင်အဆင့်သို့ အဆင့်မြင့်တင်နိုင်ခဲ့ခြင်းက တစ်ရက်ကို တစ်နာရီဆိုလျှင်တောင် ကုန်သွယ်ရေးလုပ်ငန်းတစ်ခုအတွက် အထောက်အကူကြီး ဖြစ်ပေလိမ့်မည်။
လက်ရှိတွင် ရှီဖုန်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသို့ ချက်ချင်းပြန်သွားချင်စိတ် ပေါ်နေ၏။ ကံဆိုးသည်မှာ သူသည် နတ်ဘုရားစစ်ဆေးမှုကို ဦးစွာကျော်ဖြတ်ရအုံးမည် ဖြစ်သည်။
လူတိုင်းက ဘုရားကျောင်းရှေ့သို့ ရောက်သည့်အချိန်၌ သူတို့သည် မသေမျိုးအယူသည်းသူများ၏ လိုက်လာမှုကို ဖယ်ရှားနိုင်ခဲ့ပြီဟု ထင်နေသေးဆဲ ဖြစ်သည်။ သို့သော် လူတိုင်းက ဘုရားကျောင်း၏ ပင်မခန်းမဆောင်ထဲ ဝင်လိုက်ချိန်၌ မသေမျိုးအယူသည်းသူများအားလုံးသည် သွေးမြူများအဖြစ် ရုတ်တရက်ပြောင်းလဲသွားပြီး နတ္ထိပျောက်ကွယ်သွားကုန်၏။ ထိုမွန်းစတားများရှိခဲ့သည့် လက္ခဏာတောင် မရှိတော့ချေ။
” ငါတို့ လုံခြုံသွားပြီလား”
ဘလူးဘမ်ဘူးက သူမ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မသေမျိုးအယူသည်းသူတစ်ကောင်မှ ရှာမတွေ့သောအခါ သူမက အလိုလို သက်ပြင်းချလိုက်၏။
တိုက်ပွဲ ရှည်ကြာလျှင် သူမ၏ ဝိညာဥ်ဓာတ်စွမ်းအားများ ကုန်ဆုံးသွားမှာ သေချာနေသည်။
လူတိုင်း၏ HP ကို လုံခြုံစွာ ထိန်းထားနိုင်ရန်အတွက် သူမသည် ကုသရေးဂါထာများကို ရွတ်ဆိုတာ တစ်ခါမှ မရပ်နားခဲ့ပေ။ ဘုရားကျောင်းသို့လာသည့် သူတို့၏ လမ်းထဲတွင် အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအားများ ပြန်ဖြည့်ခြင်းဆေးရည်များကို သူမ သုံးစွဲခဲ့သည်။ အလယ်အဆင့် ဝိညာဥ်ဓာတ်စွမ်းအား ပြန်ဖြည့်ခြင်းဆေးရည်များသည် ယခုအချိန်၌ ဈေးကွက်ထဲတွင် အလွန်တန်ကြေးကြီးနေရုံသာမက ရနိုင်သည့်ပမာဏကလည်း အလွန်နိမ့်သည်။ ကုန်သွယ်ရေးလုပ်ငန်းများ သို့မဟုတ် လေလံအိမ်တော်ထဲတွင် ပေါ်လာသည်နှင့် ချက်ချင်းနီးပါး ရောင်းထွက်၏။ ဆိုရလျှင် ဝိညာဥ်ဓာတ်စွမ်းအားသည် မှော်အမျိုးအစားများအတွက် ဒုတိယအသက်ဖြစ်ပေ၏။ ဝိညာဥ်ဓာတ်စွမ်းအားမရှိပဲ မှော်အမျိုးအစားများသည် အမှိုက်များနှင့် မခြားတော့ပေ။ ထို့ကြောင့် မှော်အမျိုးအစားတွင် ကစားသည့်သူများက အနည်းဆုံးတော့ အခြေခံ သို့မဟုတ် အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ပြန်ဖြည့်သည့်ဆေးရည်ပုလင်းကို အမြဲတမ်း သယ်ဆောင်ထားသည်။
ထို့အလယ်အဆင့် ဝိညာဥ်ဓာတ်စွမ်းအား ပြန်ဖြည့်ခြင်းဆေးရည်များကို ရယူရန်အတွက် သူမသည် ခက်ခက်ခဲခဲကြိုးစားပြီး ရထားသည့် အစည်းအရုံးထောက်ပံ့ရေးအမှတ်များကို အသုံးပြုခဲ့ရတာ ဖြစ်သည်။ ယခုဆို ထိုကာလအတွင်း သူမတွင်ရှိသည့် ဆေးရည်တစ်ဝက်နီးပါး အသုံးပြုခဲ့ပြီးဖြစ်ရာ သူမရင်ထဲ နာကျင်နေတော့သည်။
လူတိုင်းက သူတို့ နောက်ဆုံးတွင် လုံခြုံသွားပြီး ခုနှစ်ရောင်စုံရတနာသေတ္တာကို ရယူနိုင်တော့မည်ဟုထင်ကာ ခန်းမနောက်တွင်ရှိသည့် မြင့်မားသောပလ္လင်ထက်တွင် တင်ထားသော ခုနှစ်ရောင်စုံရတနာသေတ္တာကို ရယူနိုင်တော့မည်ဟု ထင်သည့်အချိန်၌ ယဇ်ပလ္လင်ဆီ ဦးတည်သွားသည့် လှေကားများက အနီရောင်အလင်းတန်းများ ရုတ်တရက်ပေါ်ပေါက်လာပြီး သုံးမီတာမြင့်မားကာ သံချပ်ကာ အပြည့်အဝဝတ်ဆင်ထားသည့် မသေမျိုးစောင့်ရှောက်သူများအဖြစ် ပြောင်းလဲသွားတော့သည်။
[မသေမျိုးစောင့်ရှောက်သူ] [အမှောင်သတ္တဝါ၊ မျိုးနွယ်စုအကြီးအကဲ]
အဆင့် (၅၀)
HP (၂၄ သိန်း/၂၄ သိန်း)
လှေကားပေါ်တွင် မသေမျိုးအစောင့်အရှောက် ရာချီ ရပ်နေသည့်တိုင် မသေမျိုး အယူသည်းသူအကောင်များစွာထံမှ အော်သံနှင့် ယှဥ်လျှင် လူတိုင်းက ထိုမသေမျိုး စောင့်ရှောက်သူများသည် လက်ရွေးစင်မွန်းစတားများထက် အဆပေါင်းများစွာ ပိုသန်မာကြောင်း အာရုံခံမိ၏။
လက်ရှိတွင် လှေကားထစ်တိုင်း၌ မသေမျိုးစောင့်ရှောက်သူများက သုံးကောင်ရပ်နေ၏။ အဖွဲ့က မျိုးနွယ်စုအကြီးအကဲတစ်ကောင်ကို မျှားခေါ်နိုင်ခဲ့လျှင် ကျန်သည့် မသေမျိုးစောင့်ရှောက်သူ နှစ်ကောင်ကလည်း လိုက်ပါလာမှာပဲ ဖြစ်သည်။ ဆိုရလျှင် သူတို့အဖွဲ့က အနည်းဆုံးတော့ မသေမျိုးစောင့်ရှောက်သူ သုံးကောင်ကို ရင်ဆိုင်ရမှာပဲ ဖြစ်သည်။
အဖွဲ့၏ ပျမ်းမျှအဆင့်က မသေမျိုးစောင့်ရှောက်သူများထက် ဆယ်ဆင့်မြင့်နေပေသည်။ ထို့အပြင် အဆင့် (၅၀) မသေမျိုးစောင့်ရှောက်သူများက ခွန်အားအရာတွင် အဆင့် (၄၀) အဆင့်မြင့်အရှင်နှင့် ယှဥ်နိုင်ပေကာ သူတို့ HP များသာ ပိုနိမ့်ပေ၏။
အဖွဲ့ထဲတွင် ထိုမျှနည်းပါးသော ကစားသမားများဖြင့် အဆင့် (၄၀) အဆင့်မြင့်အရှင်သုံးကောင်ကို တစ်ပြိုင်နက်ထဲ ရင်ဆိုင်ရန်က အလွန်ခက်ခဲပေလိမ့်မည်။
” ဒီစောင့်ရှောက်သူတွေကို အနိုင်မယူဘဲနဲ့ ဒီအဆင့်ကို ရှင်းလင်းဖို့က မဖြစ်နိုင်တဲ့ပုံပဲ”
ရှီဖုန်းက ပြောလိုက်၏။ သူက လှေကားထိပ်ထက်တွင် ရှိနေသော ခုနှစ်ရောင်စုံရတနာသေတ္တာကို ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်သည်။
နတ်ဘုရားစစ်ဆေးမှုကို စိန်ခေါ်တာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ခုနှစ်ရောင်စုံ ရတနာသေတ္တာကဲ့သို့ မက်မောဖွယ်ဆုကြေးကို စစ်ဆေးမှု၏ ပထမအဆင့်တွင် ရရှိခြင်းက သူ့အတွက် ပထမဆုံးဖြစ်မှာ သေချာပေ၏။