ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1008 မတူညီသည့် ကစားသောပုံစံ
နတ်ဘုရားစစ်ဆေးမှုထဲမှ ထွက်လာပြီးနောက် ရှီဖုန်းသည် မြစ်ဖြူမြို့ထဲရှိ အစည်းအရုံးဂေဟာဆီသို့ ပြန်လာခဲ့သည်။
မူလက ရှီဖုန်းသည် မြို့စားကတော်ကေတီဂရင်းဆီ သွားရောက်လည်ပတ်ရန် ရည်ရွယ်ခဲ့၏။ သို့သော် မြို့စားကတော်၏ လုပ်နိုင်စွမ်းကို ပြန်လည်တွေးတောပြီးနောက် သူက မသွားရန် ဆုံးဖြတ်လိုက်၏။ နတ်ဘုရားစစ်ဆေးမှုထဲ ထပ်မံဝင်ရောက်သွားနိုင်သည့် စွန့်စားမှုကို ပြုလုပ်ရန် သူ့၌ အချိန်နှင့် စွမ်းအားမရှိပေ။ မည်သည့်နည်းနှင့်မဆို မြို့စားကတော်က သူ ပြန်လာမည်ဟု မထင်ထားခဲ့လျှင် သူ့ကို လွတ်ပေးစရာအကြောင်းပြချက် မရှိပေ။
ထို့အပြင် ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာက ဇီးရိုးဝင်းကို စစ်ကြေညာခဲ့ပြီ ဖြစ်သည်။ ထိုအရေးကိစ္စကို တက်နိုင်သမျှ မြန်မြန်ဖြေရှင်းရန် လိုအပ်၏။
အစည်းအရုံးဂေဟာသို့ ပြန်လာချိန်တွင် ရှီဖုန်းက စိတ်ဓာတ်ကျနေသော ပတ်ဝန်းကျင်စီးကြိုတာ ခံလိုက်ရသည်။ အစည်းအရုံး၏ ပင်မခန်းမက ခါတိုင်းထက် လူစည်ကားမှု လျော့နည်းနေသည်။ တာဝန်ဘုတ်ပြားနား၌ ကစားသမား အနည်းငယ်သာ ရှိ၏။ ယခင်က သက်ဝင်လှုပ်ရှားခဲ့သော ပတ်ဝန်းကျင်က မရှိတော့ပေ။
ဇီးရိုးဝင်းသည် ရက်ပိုင်းအတွင်း ထိုကဲ့သို့ အခြေအနေထဲကျရောက်ရန် မှန်းဆရန် ခက်ခဲပေ၏။ ရေနက်ကော်ပိုရေးရှင်း၏ အုတ်မြစ် မည်မျှအစွမ်းထက်ကြောင်း မြင်နိုင်ပေသည်။
ကံကောင်းသည်မှာ မြစ်ဖြူမြို့က ဇီးရိုးဝင်း၏ နယ်မြေဖြစ်သည်။ ဤနေရာ၌ အစည်းအရုံးအဖွဲ့ဝင် များစွာရှိ၏။ ရေနက်အဖို့ ဇီးရိုးဝင်းကို ကွင်းပြင်ထဲ၌ ဖြေရှင်းရန် မလွယ်ကူချေ။ ဆိုရလျှင် ၎င်း၏ အုပ်ချုပ်မှုအောက်၌ မြို့များစွာ၌ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် လူ့စွမ်းအား အရင်းအမြစ်များစွာ လိုအပ်ပေမည်။ အလွန်ဆုံးမှာ အစည်းအရုံး၏ ထိပ်တန်းကျွမ်းကျင်သူများကိုသာ ပို့နိုင်မှာဖြစ်၏။
စစ်ပွဲတစ်ပွဲထဲတွင် နှစ်ဖက်လုံးက ဆုလာဒ်များ လျော်ကြေးများအတွက် ဂိမ်းငွေကြေးများစွာ သုံးစွဲရန် လိုအပ်သည်။ အစည်းအရုံး၏ ထိပ်သီးကျွမ်းကျင်သူများက သန်မာ၏။ ထို့ကြောင့် သူတို့ နေနိုင်ချေက နိမ့်ပေသည်။ ရန်သူကစားသမားများကို သတ်နိုင်ချေကလည်း ပိုမြင့်၏။
အစည်းအရုံးများကြားထဲရှိ စစ်ပွဲတွင် အခြေခံအကျဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အဆုံးတွင် အစည်းအရုံးတိုင်း၏ အရင်းအမြစ်များက ရလဒ်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။ ကြာရှည်ခံနိုင်သည့်သူက အနိုင်ရမည့်သူ ဖြစ်သည်။
အတိတ်တုန်းက ထိုနည်းလမ်းသည် အစည်းအရုံးလေးများစွာကို ဖျက်ဆီးခဲ့၏။ အစည်းအရုံးကြီးများက ရင်းမြစ်နှင့် ဘဏ္ဍာငွေ ပိုရှိသည်။ သူတို့၌ ကျွမ်းကျင်သူများလည်း ပိုရှိ၏။ အစည်းအရုံးလေးများက စစ်ပွဲအတွက် ကုန်ကျစရိတ်ကို မတက်နိုင်ချေ။
” ရေနက်ကော်ပိုရေးရှင်းက တကယ်အထင်ကြီးဖို့ ကောင်းတာပဲ … ရက်အနည်းငယ်အတွင်း သူတို့က ကြယ်လတိုင်းပြည်ရဲ့ အမှောင်အစည်းအရုံးအများစုကို ရယူနိုင်သွားခဲ့ပြီ … “
ရှီဖုန်းက ပင်မခန်းမထဲ၌ ကစားသမားများစွာ ပြောနေသည့်အရာကို ကြားသည့်အချိန်၌ မျက်မှောင်ကြုတ်သွားမိသည်။
” ကြည့်ရတာ အမှောင်နတ်ဘုရားတပ်မဟာကို မသေမျိုးချောက်ကမ်းပါးထဲမှာ ဆက်လက်ချဲ့ထွင်ခွင့် ပေးလို့မရတော့တဲ့ ပုံပဲ … “
” အမှောင်အစည်းအရုံးတွေက အလွန်သန်မာတာလား … “
တွေးခေါ်သူရိန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အမှောင်နတ်ဘုရားတပ်မဟာက ဇီးရိုးဝင်း၏ အသန်မာဆုံးတပ်မဟာ ဖြစ်၏။ သူက အမှောင်နတ်ဘုရားတပ်မဟာကို ပြန်ခေါ်ခဲ့လျှင် တပ်မဟာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေလိမ့်မည်။ အစည်းအရုံးများကြားရှိ စစ်ပွဲက အလွန်ရှည်ကြာ၏။ တိုက်ပွဲအသေးစားလေးတွင် အမှောင်နတ်ဘုရားတပ်မဟာ အချိန်ဖြုန်းနေခြင်းက ကောင်းမွန်သည့် အကြံဉာဏ်မဟုတ်ပေ။
” အင် … သူတို့က သိပ်သန်မာတယ် … ပုံမှန်အစည်းအရုံးတွေနဲ့ မတူပဲ အမှောင်အစည်းအရုံးတွေက ကစားသမားချင်းတိုက်ခိုက်ရတာကို နစ်ခြိုက်တယ် … တိုက်ပွဲကို နစ်ခြိုက်သူတွေ အများကြီးရှိပြီး ကျန်တဲ့ကစားသမားတွေဆီက ချပ်ဝတ်တန်ဆာ၊ လက်နက်တွေကို အားတမလုယူရတာကို ကြိုက်တဲ့သူတွေ ရှိတယ် … သူတို့က ကွင်းပြင်တိုက်ပွဲတွေနဲ့ အလွန်ရင်းနှီးတာလေ … ဒါ့အပြင် သူတို့ သင်ယူခဲ့တဲ့စကေးတွေ သူတို့ ချပ်ဝတ်တန်ဆာတွေ လက်နက်တွေ ဝတ်ဆင်ထားတာတွေ သူတို့ပိုင်ဆိုင်တဲ့နည်းစနစ်တွေအားလုံးက ကစားသမားချင်းတိုက်ခိုက်ဖို့ကိုပဲ အထူးပြုထားတာ … ပိုအရေးကြီးတာက အမှောင်အစည်းအရုံးထဲဝင်ဖို့ လိုအပ်ချက်က သာမန်အစည်းအရုံးတွေထက် ပိုတင်းကြပ်တယ် … “
” သာမန်အစည်းအရုံးတစ်ခုကို ဝင်ဖို့ဆိုရင် အစည်းအရုံးရဲ့ စစ်ဆေးမှုကို ဖြတ်ကျော်ဖို့ပဲ လိုတာ … ဒါပေမဲ့ အမှောင်အစည်းအရုံးတွေကတော့ မတူဘူး … အစည်းအရုံးရဲ့ စစ်ဆေးမှုကို ဖြတ်ကျော်ဖို့ လိုရုံတင်မကဘူး စနစ်ရဲ့ စစ်ဆေးမှုကိုလည်း ပြီးမြောက်ဖို့ လိုအပ်တယ် … “
” စနစ်ရဲ့ စစ်ဆေးမှုလား … “
တွေးခေါ်သူရိန်းက ယခုအချိန်၌ ပိုတောင် စိတ်ရှုပ်ထွေးသွားသည်။ ထိုအရာအကြောင်း ကြားဖူးတာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
” အမှောင်အစည်းအရုံးထဲ ဝင်ဖို့အတွက် စနစ်ရဲ့စစ်ဆေးမှုက အတိအကျကြီး ခက်ခဲနေတာတော့ မဟုတ်ဘူး … မင်းထက် အဆင့်သုံးဆင့်ထက် ပိုမနိမ့်တဲ့ ကစားသမားဆယ်ယောက်ကို သတ်ဖို့ပဲ လိုတယ် … ဒါပေမဲ့ အမှောင်အစည်းအရုံးထဲမှာ နေနိုင်ဖို့က ပိုခက်ခဲတယ် … စနစ်က မင်းကို ကစားသမားတွေ NPC တွေကို သတ်တဲ့အရေအတွက်အတိုင်း သတ်ခိုင်းမှာ … ဒီလိုလုပ်ရင် မင်းက EXP ပမာဏနဲ့ လက်နက်အမျိုးမျိုး၊ ချပ်ဝတ်တန်ဆာအမျိုးမျိုး၊ ကိရိယာအမျိုးမျိုး ရလာလိမ့်မယ် … ဒါပေမဲ့ ကျရှုံးခဲ့ရင် အမှောင်အစည်းအရုံးကနေ ထုတ်ပယ်ခံရမယ် … ဒါကြောင့် အမှောင်အစည်းအရုံးထဲမှာ နေနိုင်တဲ့ ကစားသမားတွေက မယုံနိုင်စရာကောင်းလှအောင် သန်မာကြတယ် … ဒါ့အပြင် သာမန်ကစားသမားတွေနဲ့မတူပဲ အမှောင်အစည်းအရုံးရဲ့ အဖွဲ့ဝင်တွေက အလွန်အမျှော်အမြင်ရှိကြတယ် … သူတို့က ဖြေရှင်းရမလွယ်ကူဘူး … ဒါကြောင့် သာမန်အစည်းအရုံးတွေက သူတို့ကို ရန်မစမိအောင် ရှောင်ကျဥ်ကြတာပဲ … “
ရှီဖုန်းက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
အတိတ်တုန်းက အစည်းအရုံများစွာသည် ဖိအားပေးဖြိုခွဲခံခဲ့ရ၏။ အကြောင်းမှာ သူတို့သည် အစွမ်းထက်သော အမှောင်အစည်းအရုံးများကို ရန်စခဲ့မိသောကြောင့် ဖြစ်သည်။
သာမန်ကစားသမားများနှင့်မတူပဲ အမှောင်အစည်းအရုံး ကစားသမားများသည် EXP များ၊ လက်နက်များ၊ ချပ်ဝတ်တန်ဆာများ၊ ငွေကြေးနှင့် အခြားသော လိုအပ်သည့်အရာများကို ရရှိရန်အတွက် မွန်းစတားများကို မသတ်ခဲ့ပေ။ ထိုအစား သူတို့သတ်ခဲ့သည့် ကစားသမားများဆီမှ EXP ကို ယူတာပဲ ဖြစ်သည်။ သူတို့က လက်နက်များ၊ ချပ်ဝတ်တန်ဆာများ၊ သတ်ဖြတ်ရေးကိရိယာတွေကို ငွေကြေးနှင့် စသဖြင့် ထိုအရာများအတွက် လှဲလှယ်နိုင်သည့် သတ်ဖြတ်ခြင်းအမှတ်များလည်း ရကြသည်။ အမှောင်အစည်းအရုံးများက အစည်းအရုံးများကြားရှိ စစ်ပွဲရှည်ကြာမှုကို အလွယ်တကူတက်နိုင်ကြ၏။
ထိုကြောင့် နတ်ဘုရားနယ်မြေထဲတွင် ထိုအစည်းအရုံးများ ဆက်လက်တည်ရှိနေတာပဲ ဖြစ်သည်။ အမှောင်အစည်းအရုံးများက ဂိမ်းထဲတွင်အလွန်နည်းပါးပြီး အဖွဲ့ဝင်များနည်းပါးသည့်တိုင် ရပ်တည်နိုင်ကြသည်။
ပြီးနောက် ရှီဖုန်းက ရေနှင်းဆီကို အကြောင်းကြားပြီး ပွဲအတွက် အစည်းအဝေးခေါ်ခဲ့ကြသည်။
ရှီဖုန်းက အစည်းအဝေးအကြောင်း ကြေညာသည်နှင့် ဇီးရိုးဝင်း အဖွဲ့ဝင်တိုင်းက စိတ်လှုပ်ရှားလာကြ၏။
” ဟုတ်ပြီ … ငါတို့အစည်းအရုံးတွေရဲ့ အထက်အရာရှိတွေက နောက်ဆုံးတော့ လှုပ်ရှားတော့မယ် … “
” အစည်းအရုံးက ဒီတစ်ခေါက် ဘာစီစဥ်ထားလဲဆိုတာ သိချင်မိတယ် …”
” ငါ ဒီအခိုက်အတန့်ကို အကြာကြီး စောင့်နေခဲ့တာ … အစည်းအရုံးခေါင်းဆောင်က ဒီ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲကို ဦးဆောင်ရင် အံ့သြစရာ ကောင်းမှာပဲ … “
” ဒီလို တိုက်ပွဲမျိုးကို ရှာတွေ့ဖို့ မလွယ်ဘူး … တခြားအဖွဲ့တွေက ထိပ်တိုက်ရင်ဆိုင်ပြီး စဖို့ ရည်ရွယ်ချက်မရှိတာ မင်း မတွေ့ဖူးလား … သူတို့တွေက ငါတို့ကို တတိတိလဲပြိုဖို့ပဲ ကြိုးစားနေကြတာ … ဒါ့အပြင် အမှောင်အစည်းအရုံးတွေကြောင့် ကွင်းပြင်ထဲမှာ အဖွဲ့လိုက်တိုက်ပွဲ စတင်ဖို့ ပိုခက်ခဲလာခဲ့ပြီ … “
ဇီးရိုးဝင်း အဖွဲ့ဝင်များက သူတို့အမြင်များ ထုတ်ဖော်နေစဥ် ရှီဖုန်း ခေါ်ဆိုမှုအတွက် ဆွေးနွေးနေကြ၏။ အချို့က မျှော်လင့်ပြီး အချို့က စိုးရိမ်ပူပန်နေကြသည်။
ကြယ်လမြို့၏ အဆင့် (၄၀) ကန္တာရမြေပုံထဲတွင် အဆင့် (၂၀) ကျော် ကစားသမားတစ်စုက ဒေါသတကြီး တိုက်ခိုက်နေကြသည်။ ထိုကစားသမားများက ရေနက်တံဆိပ်ကို ဝတ်ဆင်ထား၏။
ထို အဆင့် (၂၀) ကျော် ကစားသမားများက အဆင့် (၃၅) ကျော် ကစားသမားတစ်ရာကျော်ကို ဝိုင်းထား၏။
လက်ရှိတွင် အဆင့် (၃၅) MT သုံးဆယ်က ဘေး၌ ရပ်နေပြီး နတ်ဆိုးပုရွတ်ဆိတ်များနှင့် မဟာနတ်ဆိုးပုရွတ်ဆိတ်များ၏ တိုက်ခိုက်မှုကို ပိတ်ဆို့နေရ၏။ နောက်တန်းတွင် ဓာတ်ကြီးလေးပါး အသုံးပြုသူ၊ ကျိန်စာအသုံးပြုသူနှင့် ဆင့်ခေါ်သူများက မွန်းစတားများကို AOE တိုက်ကွက်များဖြင့် တိုက်ခိုက်နေကြ၏။ မြင်ကွင်းက အံ့သြဖွယ်ရာ ကောင်းလှပေ၏။
နတ်ဆိုးပုရွတ်ဆိတ် သာမန်
အဆင့် (၄၅)
HP (၅၀၀၀၀/၅၀၀၀၀)
ဧရာမနတ်ဆိုးပုရွတ်ဆိတ် အထူးလက်ရွေးစင်
အဆင့် (၄၆)
နတ်ဆိုးပုရွတ်ဆိတ်တစ်ကောင်က မခြိမ်းခြောက်နိုင်ပေ။ သို့သော် နတ်ဆိုးပုရွတ်ဆိတ်များသည် တစ်ကိုယ်ထဲ ဘယ်တော့မှာ မလှုပ်ရှားချေ။ သူတို့က အကောင်ရေရာချီ တစ်ခါတစ်ရံ၌ အကောင်ရေထောင်ချီ ပေါ်လာတာပဲ ဖြစ်သည်။ ထို့အပြင် နတ်ဆိုးပုရွတ်ဆိတ်များက ပစ္စည်းကျလေ့မရှိပေ။ သူတို့က အလွန်ဆုံးမှာ EXP များသာ ပေးနိုင်တာ ဖြစ်သည်။ သာမန်အဖွဲ့များသည် သူတို့၏ အချိန်များကို မဖြုန်းပဲ သူတို့ကို ရှောင်တိန်းလေ့ရှိကြ၏။
သို့သော် နတ်ဆိုးပုရွတ်ဆိတ်များသည် အဆင့်တက်ရန်အတွက် စီးနင်းတိုက်ခိုက်ရန် အကောင်းဆုံးမွန်းစတားများထဲမှ တစ်ကောင်ဖြစ်သည်။
” ဒီနေရာက အဆင့်တက်တဲ့အရှိန်က မဆိုးဘူး … မွန်းစတားတွေကို ဆက်မျှားထားလိုက် … များလေကောင်းလေပဲ … “
စွန့်ပစ်ခံလှိုင်းက အမိန့်ပေးပြီးနောက် ကစားသမားများ၏ နောက်တွင် အေးအေးလူလူထိုင်နေကာ ဝိုင်တစ်ခွက်ကို သောက်လျှက် သူ၏ အတွေ့အကြုံဘား လျင်မြန်စွာ တက်နေတာကို ကြည့်လိုက်၏။
ခဏအကြာတွင် အဆင့်နှစ်ဆယ်ကျော် ကစားသမားများက အဆင့် ထပ်တက်သွားပြန်၏။ သူတို့၏ အဆင့်တက်သည့်အရှိန်က မြန်လွန်းရာ လက်ရွေးစင်ကစားသမားများကို ဆွံ့အသွားစေနိုင်သည်။
ရုတ်တရက် ခေါင်းစွပ်နက်ဖြင့် လူတစ်ဦးက သူ၏ မျက်နှာကို အနက်ရောင်ပတ်တီးများဖြင့် ကာထားသည့်သူသည် စွန့်ပစ်ခံလှိုင်းဘေး၌ ပေါ်လာပြီး စွန့်ပစ်ခံလှိုင်းကို စောင့်ကြပ်နေသည့် အဆင့် (၄၀) ကျွမ်းကျင်သုအချို့က ချက်ချင်း တင်းမာသွားတော့၏။
ထိုလူကိုကြည့်ပြီး စွန့်ပစ်ခံလှိုင်းက ခေါင်းမော့ကာ မေးလိုက်တော့သည်။
” ကြောက်နေဖို့ မလိုဘူး … သူက ငါတို့လူပဲ … “
ထိုစကားကို ကြားသောအခါ အဆင့် (၄၀) ကျွမ်းကျင်သူများက အနည်းငယ်စိတ်အေးသွား၏။ သို့သော် ထိုကစားသမားကို ကြည့်မိသည့်အချိန်၌ ထိုအကြည့်ထဲတွင် အကြောက်တရားများ ပြည့်နေသည်။
ထိုလူ ပေါ်မလာခင်အထိ မည်သူကမှ သူ၏ တည်ရှိမှုကို အာရုံမခံမိခဲ့ချေ။ သူက မကောင်းသောရည်ရွယ်ချက်ဖြင့် လာခဲ့လျှင် နောက်ဆက်တွဲက မှန်းဆနိုင်တော့မှာ မဟုတ်ပေ။
” မင်း ဒီကို ဘာကြောင့် ရောက်လာတာလဲ … “
စွန့်ပစ်ခံလှိုင်းက ပတ်တီးများဖြင့်လူကို သိချင်စိတ်ဖြင့် မေးလိုက်တော့၏။
” ကျုပ်ဘက်ခြမ်းက ပြင်ဆင်တာ ပြီးခါနီးပြီ … ဒီအိုင်တမ်တွေပေးဖို့ ရောက်လာတာပဲ … အချိန်ကျလာတဲ့အချိန် ခင်ဗျားတို့လူတွေက မီးမွေးမိမှာကို စိုးရိမ်ပူပန်နေဖို့ မလိုဘူး … “