ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1011 အဆင့်မြင့်သတိပေးဆော်ခြင်း နည်းလမ်း
” ဇီးရိုးဝင်းလို အစည်းအရုံးလေးက ငါတို့ အမှောင်အစည်းအရုံးတွေအားလုံးကို ရန်စရဲတယ်ပေါ့ … သူတို့ အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ ဖြစ်ရမယ် … ”
” ငါတို့တွေ ဇီးရိုးဝင်းကို မသုတ်သင်ခဲ့ရင် ကျန်တဲ့အစည်းအရုံးတွေက ငါတို့တွေ အားနည်းတယ်လို့ စတွေးလာမိလိမ့်မယ် … ”
” ရေနက်ကော်ပိုရေးရှင်းရဲ့ အလိုအတိုင်း လိုက်လုပ်ဖို့ပဲ စီစဥ်ထားခဲ့တာ အခုတော့ ငါတို့ကိစ္စ ဖြစ်သွားပြီ … ”
” ဇီးရိုးဝင်းရဲ့နာမည် ကြယ်လတိုင်းပြည်ကနေ မပျောက်မကွယ်မချင်း ငါတို့ အမှောင်အစည်းအရုံးတွေ အနားမယူဘူး … ”
ဇီးရိုးဝင်းက ၎င်း၏ စစ်ကြေညာချက်ကို ကြေညာပြီး မကြာမီ၌ အမျိုးမျိူးသော အမှောင်အစည်းအရုံး၏ အထက်အရာရှိများကလည်း တုံ့ပြန်လာကြသည်။ မူလက မြစ်ဖြူမြို့ထဲတွင် အမှောင်အစည်းအရုံးများများစားစား မရှိခဲ့ပေ။ သို့သော် ဇီးရိုးဝင်း၏ စစ်ကြေညာချက်ပေါ်လာပြီးနောက် ခေါင်းစွပ်နက်ကစားသမားများက မြို့ထဲသို့ စတင်ဝင်ရောက်လာတော့သည်။ ထို့အပြင် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက မြစ်ဖြူမြို့တစ်ဝိုက်ရှိ ကွင်းပြင်ထဲ၌ ချုံခိုတိုက်ခိုက်မှုများ ပိုတွေ့လာရတော့သည်။
” အစည်းအရုံးခေါင်းဆောင် အခု အမျိုးမျိုးသော အမှောင်အစည်းအရုံးက အဖွဲ့ဝင်တွေက စုဝေးလာပြီး ကျွန်မတို့ အစည်းအရုံးရဲ့အဖွဲ့ဝင်တွေက မြို့ထဲက မထွက်သွားနိုင်တော့ဘူး … အဖွဲ့က ကွင်းပြင်ထဲမှာ လုံခြုံမှုမခံစားရတော့ဘူး … အမှောင်အစည်းအရုံးတစ်ချို့က အစည်းအရုံးဂေဟာရဲ့ဝင်ပေါက်ကို ရဲရဲတင်းတင်းဖြတ်လျှောက်နေပြီ … အထဲက ထွက်သွားရဲတဲ့ ဘယ်သူကိုမဆို သူတို့ကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားနေတယ် … ”
ရေနှင်းဆီက သတင်းပို့ကာ မျက်မှောင်ကြုတ်သွားတော့၏။ ရှီဖုန်း လုပ်ရန်ကြိုးစားနေတာကို သူမ နားမလည်နိုင်ခဲ့ပေ။
အမှောင်အစည်းအရုံးတစ်ခုထဲကို သူတို့ဖြေရှင်းနိုင်ပေ၏။ သို့သော် ယခုအချိန်၌ အမှောင်အစည်းအရုံး တစ်ဒါဇင်ကျော်မှ အဖွဲ့ဝင်များသည် မြစ်ဖြူမြို့ထဲ၌ စုဝေးလာတာပဲ ဖြစ်၏။ မြစ်ဖြူမြို့က ယခုဆို နာမည်နီများ ပုံနေခဲ့ပြီ ဖြစ်သည်။ ထိုသို့တိုင် ဇီးရိုးဝင်းက ဘာမှ မလုပ်နိုင်သေးပေ။ နာမည်နီကစားသမားများက ခေါင်းစွပ်ကို ဝတ်ပြီး အမျိုးမျိုးသောအိုင်တမ်များဖြင့် သူတို့ကို သူတို့ ရုပ်ဖျက်ထားသရွေ့ သူတို့သည် NPC အစောင့်များကို အလွယ်တကူ လှည့်စားနိုင်ပေသည်။ သူတို့ ရှာတွေခဲ့လျှင်တောင် ကွင်းပြင်ထဲသို့ ပြေးနိုင်သရွေ့ သူတို့က ခြေရာလက်ရာမကျန်ပဲ ပျောက်ကွယ်သွားပေလိမ့်မည်။
ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များသည် ထိုအမှောင်အစည်းအရုံးကစားသမားများထဲမှ အချို့ကို သတ်ဖြတ်ရန် သူမ လွတ်ခဲ့သော်ငြား သူတို့က ခြစ်ရာသာထင်အောင် လုပ်နိုင်ခဲ့သည်။ သူတို့က စစ်ပွဲကို ဆက်ချင်လျင် ထိုအမှောင်အစည်းအရုံးများသည် ဇီးရိုးဝင်းကို ဆွဲချပေလိမ့်မည်။ ထို့အပြင် ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာက သူတို့အစည်းအရုံးကို နီးနီးကပ်ကပ်စောင့်ကြည့်နေ၏။
” သူတို့တွေ မြစ်ဖြူမြို့မှာ စုဝေးနေပြီလား … ”
ရှီဖုန်းက ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်။
” ငါတို့တွေ အောင်ပွဲခံသင့်တာပေါ့ … ဒါနဲ့ဆိုရင် သူတို့ကိုရှာဖို့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး … ”
ရေနှင်းဆီက ဇဝေဇဝါဖြစ်သွားသည်။ ရန်သူအရေအတွက်တိုးလာသော်ငြား ရှီဖုန်းက ယင်းကို ကောင်းမွန်သည့်ကိစ္စဟု တွေးနေသည်။ သို့သော် ရှီဖုန်းကမူ ရှင်းပြမနေတော့ပေ။ သူက ရေနှင်းဆီနှင့် မီးလျှံကကြိုးကို စွန့်စားသူအဖွဲ့အစည်းဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ အဆုံးတွင်မူ အမှောင်အစည်းအရုံးများက အမှောင်အစည်းအရုံးသာ ဖြစ်နေသေးသည်။ သူတို့က အမှောင်ထဲတွင်ပုန်းရန် ဖိအားပေးခံနေရသည့် ကြွက်များနှင့်မခြားပေ။ သူတို့က NPC မြို့ထဲတွင် ရဲရဲတင်းတင်းနေထိုင်ရဲလျှင် သူတို့က တန်ကြေးပေးဆပ်ရပေမည်။
” မင်္ဂလာပါဆရာ … ဒီနေ့ ဘယ်လိုဝန်ဆောင်မှုမျိုး ပေးရမလဲ … ”
ရွှေအိုရောင်ဆံနွယ်ဖြင့် NPC မိန်းမလှလေးက ရှီဖုန်းတို့အဖွဲ့ ချဥ်ကပ်လာတာကိုကြည့်ပြီး မေးလိုက်၏။
” ဟယ်လို … ကျုပ်က သွေးရောင်ဝါသလင်းကို ဝယ်ယူချင်လို့ပါ … မြစ်ဖြူမြို့ရဲ့ အဆင့်မြင့် သတင်းပေးနိုးဆော်ခြင်းကိုလည်း အသက်သွင်းချင်တယ် … ”
ရေနှင်းဆီရော မီးလျှံကကြိုးကပါ ဘာတွေဖြစ်နေမှန်း မသိပေ။
သူတို့သည် သွေးရောင်ဝါသလင်းကို မကြာဖူးပေ။ အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်းကိုလည်း တစ်ခါမှ မကြာခဲ့ဖူးပေ။
” ဆရာ သွေးရောင်ဝါသလင်းကို ဝယ်ယူချင်လို့ဆိုရင် အနည်းဆုံးတော့ ကြယ်နှစ်ပွင့်စွန့်စားသူတစ်ယောက် ဖြစ်ဖို့လိုအပ်ပါတယ် … မြစ်ဖြူမြို့ရဲ့ အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်းကို အသက်သွင်းဖို့အတွက် ကြယ်သုံးပွင့်စွန့်စားသူတစ်ယောက်ဖြစ်ဖို့ လိုပါတယ် … ”
NPC မိန်းမလှက ရှင်းပြလိုက်သည်။
” ဒီ ID က လုံလောက်လား … ”
ရှီဖုန်းက ရယ်မောပြီးနောက် ဝိညာဥ်သတ်ဖြတ်ခြင်းဘွဲ့အမည်ကို ထုတ်ပြလိုက်သည်။
ဝိညာဥ်သတ်ဖြတ်ခြင်း ဘွဲ့အမည်က စွန့်စားသူအဖွဲ့အစည်းထဲ၌ ကြယ်လေးပွင့်ခံစားခွင့်ကို ရရှိစေနိုင်သည့် အဆင့်မြင့်ဘွဲ့တစ်မျိုးဖြစ်ပေ၏။ သူ၏ အဆင့်အတန်းက အဖွဲ့အစည်းခွဲတစ်ခု၏ အကြီးအကဲတစ်ဦးနှင့် ညီမျှနေပေသည်။
” ဒီတော့ အရှင်ဝိညာဥ်သတ်ဖြတ်သူကို … ဒါက သွေးရောင်ဝါသလင်းပါ … ကြယ်လေးပွင့်စွန့်စားသူတစ်ယောက် ဖြစ်တယ်ဆိုတော့ (၃၀) ရာခိုင်နှုန်း လျော့ဈေးရရှိပါမယ် … သွေးရောင်ဝါသလင်းကို ရွှေပြား ခုနှစ်ရာနဲ့ ဝယ်ယူနိုင်ပါပြီ … မြို့၏ အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်းအတွက်ကတော့ ရွှေပြားထောင့်လေးရာ ပေးချေရပါမယ် … ”
ရှီဖုန်း၏ ဘွဲ့အမည်ကို မြင်သောအခါ NPC အလှလေးက ရှီဖုန်းကို စကားပြောသည့်အချိန်၌ ပိုယိုကျိုးသည့်လေသံ သတိအနေအထားတို့ဖြင့် ပြောလာတော့သည်။
” ကောင်းပြီ … ”
ရှီဖုန်းက ပြော၏။ ပြီးနောက် NPC အား ရွှေပြား နှစ်ထောင့်တစ်ရာ ပေးလိုက်တော့သည်။
သွေးရောင်ဝါသလင်းနှင့် မြို့၏ အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်း နှစ်မျိုးလုံးက နာမည်နီများ၏ ဘုံရန်သူ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် အမျိုးမျိုးသောအမှောင်အစည်းအရုံးမှ ကစားသမားများသည် NPC မြို့များကို ရှောင်ကျဥ်ကြတာ ဖြစ်သည်။
သွေးရောင်ဝါသလင်းသည် ကစားသမားများ၏ သွေးရောင်ဝါကို အကွာအဝေးတစ်ခုအတွင်း၌ ခြေရာခံနိုင်ပေ၏။ ကျန်သည့် ကစားသမားများကို သတ်ဖြတ်ခဲ့သည့် ကစားသမားများ သို့မဟုတ် NPC များတွင်သာ သွေးရောင်ဝါရှိသည်။ ကစားသမားချင်း တိုက်ခိုက်သည့် ကစားသမားများ၏ နာမည်နီများနှင့် ဆင်တူပေသည်။ သူတို့၏ သွေးရောင်ဝါများကို ဖယ်ရှားရန် ကစားသမားတစ်ဦးအတွက် အချိန်ကြာမြင့်စွာ ယူရမှာပဲ ဖြစ်သည်။
အတိတ်တုန်းက သွေးရောင်ဝါသလင်းသည် အမှောင်အစည်းအရုံးများကို ပစ်မှတ်ထားရန် အသုံးပြုသည့်အရာ ဖြစ်ခဲ့သည်။ လက်ရှိ ကစားသမားများကမူ ထိုအကြောင်းကို မသိသေးပေ။ သွေးရောင်ဝါသလင်းက အလွန်တန်ဖိုးကြီးရာ ကြယ်နှစ်ပွင့်စွန့်စားသူများသာလျှင် ၎င်းကို ဝယ်ယူအသုံးပြုနိုင်တာ ဖြစ်၏။
အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်းကမူ ရိုးရိုးရှင်းရှင်း ပြောရလျှင် မြစ်ဖြူမြို့အတွင်း၌ ကစားသမားအားလုံးကို သူတို့၏ ID ဖုံးကွယ်ဖို့ရာ ခေါင်းစွပ်နက်များဝတ်ဆင်ခြင်းကို ဟန့်တားခဲ့တာပဲ ဖြစ်သည်။ ကင်းလှည့်နေသော NPC များသည် အမှောင်သတ္တဝါများ၏ ရောင်ဝါနှင့် နာမည်နီများ၏ သွေးရောင်ဝါကို ရွေးချယ်မိနိုင်သည့် အဆင့်မြင့်ခြေရာခံခြင်းကျောက်တုံးကိုလည်း ကိုင်ဆောင်ထားကြမှာ ဖြစ်သည်။ တစ်ချိန်ထဲတွင် မြို့အတွင်းရှိ ကစားသမားများက ပို့ဆောင်ရေးအိုင်တမ်များကို အသုံးပြုနိုင်တော့မှာ မဟုတ်ပေ။ ထိုနည်းလမ်းဖြင့် မြို့ထဲမှထွက်ခွာရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ပို့ဆောင်ရေးခန်းမနှင့် မြို့၏ ဝင်ပေါက်ဖြစ်သည်။ သို့သော် အဆင့်မြင့် NPC များသည် နေရာနှစ်မျိုးလုံးကို စောင့်ကြပ်နေ၏။ သူတို့၏ ID ကို ဖုံးကွယ်နိုင်သည့် ခေါင်းစွပ်နက်မရှိပဲ နာမည်နီကစားသမားများ လွတ်မြောက်နိုင်ခြင်း မရှိပေ။
” အရှင်ဝိညာဥ် သတ်ဖြတ်သူ … ရှင့်ရဲ့ လုပ်ဆောင်ချက်ကို အတည်ပြုပြီးပါပြီ … အဆင့်မြင့် သတိပေးနိုးဆော်ခြင်းနည်းလမ်းက သုံးရက်တာ ကြာပါမယ် … ဒီနည်းလမ်းကို ထုတ်သုံးဖို့အတွက် နောက်ထပ်တစ်ပတ်စောင့်စားရမှာပါ … ”
NPC မိန်းမလှက ရှီဖုန်းကို တလေးတစားပြန်ပြောလိုက်သည်။
NPC ပြောပြီးသည့်အချိန်တွင် မြစ်ဖြူမြို့၌ စနစ်အသိပေးသံက ပေါ်လာတော့သည်။
မြစ်ဖြူမြို့ စနစ်အသိပေးခြင်း : မြို့သည် အဆင့်မြင့်သတိပေးနိုးဆော်ခြင်းအတွင်း ယာယီဝင်ရောက်သွားပါပြီ။ ပို့ဆောင်ရေးကိရိယာများအားလုံး မြို့အတွင်းအသုံးပြုနိုင်ခြင်း မရှိတော့ပါ။
စနစ်ကြေညာချက်က သုံးကြိမ်သုံးခါတိုင်တိုင် ပေါ်ထွက်လာပြီး မြစ်ဖြူမြို့၏ ကစားသမားများကို အံ့သြမှင်သက်သွားစေ၏။
” အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်းဆိုတာ ဘာလဲ … ”
” တစ်ယောက်ယောက်က အထူးတာဝန်တစ်ခုကို ဖွင့်မိသွားတာလား … ”
မြို့၏ ကစားသမားများက စနစ်ကြေညာချက်ကို အံ့သြနေကြစဥ် ခေါင်းစွပ်နက်ဝတ်ထားသည့် ကစားသမားများအားလုံး ဖော်ထုတ်ခံလိုက်ရ၏။
” ဘာတွေဖြစ်ကုန်တာလဲ … ”
” ငါ့ရဲ့ ခေါင်းစွပ်နက်က ဘာကြောင့် အလုပ်မဖြစ်တော့တာလဲ … ”
ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာအပြင်ဘက်တွင် စခန်းချနေသည့် အမှောင်အစည်းအရုံးကစားသမားများသည် ရုတ်တရက်အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားကြသည်။ သူတို့ ခေါင်းစွပ်နက်၏ ရုပ်ဖျက်နိုင်သောအာနိသင်မရှိပဲ အဆင့်မြင့် NPC များသည် သူတို့ ရုပ်ဖျက်ထားတာကို အလွယ်တကူတွေ့မြင်နိုင်မှာပဲ ဖြစ်သည်။
နာမည်နီကစားသမားများအနေဖြင့် NPC မြို့ထဲတွင် သူတို့အဖမ်းခံရလျှင် သေမှာပဲ ဖြစ်သည်။
” အစောင့်တွေ လာနေပြီ … ”
” စိတ်မပူနဲ့ … သူတို့က ကင်းလှည့်တဲ့အစောင့်တွေပဲ … အဆင့်မြင့် NPC တွေ မဟုတ်ဘူး … ငါတို့ ဂရုစိုက်ဖို့ လိုရုံပဲ … အဲ့ဒီ အဆင့်မြင့်သတိပေးနိုးဆော်ခြင်းနည်းလမ်း ပြီးသွားတာနဲ့ မြို့ကနေ လုံလုံခြုံခြုံထွက်သွားနိုင်ပြီ …”
” ဟုတ်တယ် … ငါတို့ရဲ့ အဆင့်မြင့် ID စကေးနဲ့ ရုပ်ဖျက်ထားတာကို မြင်နိုင်မှာ … ”
နာမည်နီ ကစားသမားများက စတင် စိတ်အေးလက်အေးဖြစ်လာချိန်၌ သူတို့ဆီ ကင်းလှည့်အစောင့်များက ကိုက်နှစ်ရာကျော်ကနေ ရောက်လာတော့သည်။ တွေဝေမနေပဲ NPC အစောင့်များက အမှောင်အစည်းအရုံးကစားသမားများကို စတင်သတ်ဖြတ်တော့၏။ အချိန်အတိုင်းအတာတစ်ခုအတွက် မြစ်ဖြူမြို့ထဲတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ မြို့၏ သာမန်ကစားသမားများကို ထိတ်လန့်စေခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် မြစ်ဖြူမြို့အတွင်းရှိ အမှောင်အစည်းအရုံးအဖွဲ့ဝင်များအားလုံး သေဆုံးခဲ့သည်။
NPC အစောင့်များ၏ သတ်ဖြတ်မှုအောက်တွင် မည်သူမှအသက်မရှင်ခဲ့ပေ။ သို့သော် ယင်းက အဆိုးဆုံးမဟုတ်ပေ။ မြစ်ဖြူမြို့ထဲတွင် ကျန်သည့်ကစားသမားတစ်ဦးကို တိုက်ခိုက်ခြင်းအတွက် ပြစ်ဒဏ်က ပြင်းထန်ကြောင်း လူတိုင်းသိကြပေသည်။ မြို့၏ NPC များက မရေမတွက်နိုင်သည့် ကစားသမားများကို သတ်ဖြတ်ခဲ့သည့် အမှောင်အစည်းအရုံးအဖွဲ့ဝင်များကို ဖမ်းမိခဲ့လျှင် ထိုကစားသမားများအတွက် တစ်ခုတည်းသော ရွေးချယ်စရာက သူတို့၏ အကောင့်များကို ဖျက်သိမ်းပြီး ပြန်လည်စတင်ရန်သာ ဖြစ်သည်။