ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1015 အစပိုင်းခွန်အားပြမှု
တောအုပ်ထဲတွင် နက်ရှိုင်းသည့်အသံတစ်သံက ထွက်ပေါ်လာပြီး သစ်တောထဲမှ လူရိပ်ဆယ့်နှစ်ရိပ် ထွက်လာတော့သည်။ ကစားသမားတိုင်းက ငွေရောင်တောင်ပံခြောက်ခုတံဆိပ်ကို သူတို့ ရင်ဘတ်ပေါ်၌ ထိုးထားသည်။
ထို့အပြင် သူတို့ထဲက အဆင့်အနိမ့်ဆုံး ကစားသမားက အဆင့် (၃၉) ဖြစ်ပြီး အများစုက အဆင့် (၄၀) ဖြစ်ကြသည်။ ထိုကစားသမားများက အံ့သြဖွယ်လက်နက်များ၊ ချပ်ဝတ်တန်ဆာများလည်း ဝတ်ဆင်ထား၏။
သို့သော် ထိုကစားသမားများ ပေါ်လာပြီးနောက် စိုးရိမ်နေသော အမှောင်အစည်းအရုံးအဖွဲ့ဝင်များက တည်ငြိမ်သွားပြီး လှောင်ပြုံးများ ပြုံးကြတော့သည်။
” ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေ ငါတို့ကို ဝိုင်းထားပြီလို့ ထင်လိုက်တာ၊ ဒီလူတွေက ငါတို့ကို တိုက်တိုက်ဆိုင်ဆိုင်ရှာတွေ့သွားတဲ့ပုံပဲ”
” တကယ်ပဲ၊ သူတို့ အတွက်တော့ ကံကောင်းတယ်လို့ ပြောလို့မရဘူးလေ၊ ဒီလောက် လူနည်းနည်းလေးနဲ့ ဖြိုခွဲဖို့အတွက် ချွေးတောင်စို့မှာ မဟုတ်ဘူး”
” အမ်၊ ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တစ်ဖွဲ့၊ ငါတို့သာ သူတို့ကို ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် အံ့မခမ်းချပ်ဝတ်တန်ဆာတွေ ပိုရလိမ့်မယ်”
” အဲ့တာတွေက ဇီးရိုးဝင်းရဲ့ ကျွမ်းကျင်သူတွေလား၊ ကစားသမား ဆယ့်နှစ်ယောက်နဲ့ ငါတို့ကို ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့၊ သူတို့ရဲ့ ရူးမိုက်မှုကလည်း အကန့်အသတ်မရှိဘူးကို”
” ဒါတွေကို မြန်မြန်လေ ဖြေရှင်းလိုက်ရအောင်၊ အချိန်ပိုဖြုန်းနေရင် ဇီးရိုးဝင်းရဲ့ အခြားအဖွဲ့ဝင်တွေ မှီလာလိမ့်မယ်”
ဇီးရိုးဝင်းအဖွဲ့ဝင်များ ရုတ်တရက်ပေါ်ပေါက်လာမှုကို သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။ အနီးကပ်ကြည့်ပြီးနောက် သူတို့ကြားရှိ ကွာဟချက်က ရှင်းလင်းနေပြီ ဖြစ်သည်။ အဖွဲ့ဝင်အရည်အတွက်အရ တိုက်ပွဲက သိသာနေပြီ ဖြစ်သည်။
သူတို့သည် ကစားသမားအဖွဲ့ဝင် လေးဆယ်ကျော် ရှိသေးသည်။ တစ်ဖက်တွင်မူ ဇီးရိုးဝင်းအဖွဲ့ဝင်က ဆယ့်နှစ်ယောက်ခန့်သာ ရှိသည်။ ထို နာမည်နီများက တစ်ပန်းသာနေပြီးသား ဖြစ်၏။ သူတို့အဖွဲ့ထဲတွင် ထိပ်တန်းအလွှာ ကျွမ်းကျင်သူတစ်ဦးလည်း ရှိနေသည်။
“ခေါင်းဆောင်၊ အဲဒီ ရိန်းဂျားကို ကျုပ်ဆီ အပ်ထားလိုက်၊ ဘလက်ဖလိမ်းကိုသတ်ဖို့ လေ့ကျင့်စရာအနေနဲ့ သူ့ကို သုံးလိုက်မယ်၊ ကျန်တဲ့သူတွေကို မင်းတို့အတွက် ချန်ထားမယ်”
ပါဂစ်တိုရီဂေါ့စ်ဖိုင်းယားက ပြောပြီးပြုံးကာ မိုင်နာလေကို အာရုံစိုက်လိုက်၏။ သူတို့အဖွဲ့ဆီသို့ မြားငါးစင်း ပထမဆုံးပစ်ခဲ့သည့်ရိန်းဂျား ဖြစ်သည်။ ကစားသမား တစ်ဒါဇင်ထဲတွင် မိုင်နာလေက အသန်မာဆုံးဆိုတာ သူ သိနေသည်။ သူ ယခင်က သတ်ဖြတ်ခဲ့ဖူးသည့် ဇီးရိုးဝင်း ပင်မအဖွဲ့ဝင်များထက်တောင် ပိုသန်မာပေသည်။ မိုင်နာလေက လေ့ကျင့်ရန်အတွက် အကောင်းဆုံးပစ်မှတ် ဖြစ်နေ၏။
” ကောင်းပြီ၊ ကျန်တာကို ငါတို့ဆီ အပ်ထားခဲ့လိုက်”
အဖွဲ့ကို ဦးဆောင်သည့် အဆင့် (၃၉) ရှေးစစ်သည်တော်က ပြန်ပြောလိုက်သည်။ သူတောင် အဆင့် (၄၀) ရိန်းဂျားမိုင်နာလေကို မဖြေရှင်းနိုင်မှန်း သဘောပေါက်သွား၏။ ရိန်းဂျားကို ပါဂစ်တိုရီဂေါ့စ်ဖိုင်းယား ဖြေရှင်းရန် ထားလိုက်ပေးခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေသည်။
သို့သော် ရှေးစစ်သည်တော် ပြောပြီးသည်နှင့် အမူအရာက သုန်မှုန်သွားတော့၏။
မည်သူမှ သဘောမပေါက်သေးခင် ပုံရိပ်တစ်ခုက ပါဂစ်တိုရီဂေါ့စ်ဖိုင်းယားနောက်၌ ပေါ်လာပြီး ဖြူစွပ်သောဓားမြှောင်က ဓာတ်ကြီးလေးပါးအသုံးပြုသူ၏ နဖူးကို စိုက်ဝင်သွားပြီးနောက် သူ့ကို သတိလစ်သည့် အခြေအနေထဲအောင် တွန်းပို့လိုက်သည်။ ချက်ချင်းပင် ကစားသမားက ဂေါ့စ်ဖိုင်းယား၏ နောက်ကျောဆီသို့ နောက်ထပ်ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်တော့၏။
ထို ရုတ်တရက်အခြေအနေက ဓာတ်ကြီးလေးပါးအသုံးပြုသူကိုတောင် မှင်သက်သွားစေသည်။ ချုံခိုတိုက်ခိုက်သော လုပ်ကြံသတ်ဖြတ်ရေးသမားကို သူ သတိမပြုခဲ့မိပေ။
သို့သော် ပါဂစ်တိုရီဂေါ့စ်ဖိုင်းယားက သာမန်ကျွမ်းကျင်သူ မဟုတ်ပေ။ သေရေးရှင်ရေး၌ သူက ဘလင့်ခ်ကို အသုံးပြုလိုက်၏။ နောက်ကျော ထိုးစိုက်မှုကို ရှောင်နိုင်ရုံသာမက မေ့လျော့သည့် အခြေအနေကို ဖယ်ရှားပြီး ရန်သူနှင့် ဆယ့်ငါးကိုက်အကွာတွင် ပေါ်လာ၏။
သူ့အဖို့ ကံဆိုးရသည်က ပါဂစ်တိုရီဂေါ့စ်ဖိုင်းယားသည် ဘလင့်ခ်ကို အသုံးပြုပြီးနောက် အရိပ်ခြေလှမ်းကို အသုံးပြုနေသည့် အနက်ရောင်အရိပ်က သူ့ဘေး၌ ထပ်မံ ပေါ်ပေါက်လာကာ ဓားမြှောင်ဖြင့် ဆက်လက်တိုက်ခိုက်တော့သည်။
” အား”
ကြောက်လန့်နေသည့် ဂေါ့စ်ဖိုင်းယားက ရန်သူကို တန်ပြန်တိုက်ခိုက်ရန်အတွက် တစ်ဟုန်ထိုးမီးတောက်ကို အသုံးပြုလိုက်သည်။ သို့သော် တစ်ဟုန်ထိုးမီးတောက်က အနက်ရောင်ပုံရိပ်ကို ထိသွားသည့်အချိန်တွင် ဂေါ့စ်ဖိုင်းယား ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အနက်ရောင်အရိပ်က မြဲမြံစွာ ရပ်နေ၏။ သူ၏ တစ်ဟုန်ထိုးမီးတောက် ပုံရိပ်၏ ခန္ဓာကိုယ်ကို အထိအခိုက်မရှိ ဖြတ်သန်းသွားတော့၏။
” သေစမ်း၊ ပုံရိပ်ယောင်ပဲ၊”
ဂေါ့စ်ဖိုင်းယားက သူ အရူးလုပ်ခံရမှန်း ချက်ချင်း သဘောပေါက်သွား၏။ နောက်ကျောကို ကာကွယ်ရန်အတွက် ရေခဲနံရံကို ရွတ်ဆိုခြင်းဖြင့် သူ၏ အမှားကိုဖာထေးရန် ကြိုးစားလိုက်သော်ငြား အနက်ရောင်ပုံရိပ်က ကျောက်ကပ်သို့ လာရောက်တိုက်ခိုက်ရာ သူ့ကို သတိလစ်သည့်အခြေအနေသို့ရောက်အောင် ဖိအားပေးလိုက်ပြီး ရေခဲနံရံတောင် ပုံမပေါ်ခဲ့ပေ။ ပုံရိပ်က ချက်ချင်းပင် အကြွင်းမဲ့ထိုးနှက်ချက်နှင့် လိုက်ပါလာပြီး အရိပ်တစ်ခု အသွင်ပြောင်းလဲသွားကာ ပါဂစ်တိုရီဂေါ့စ်ဖိုင်းယား၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ ပုံရိပ်က ပြန်လည်ဖွဲ့တည်လာသည့်အချိန်တွင် ၎င်းက လေထဲတွင် လှည့်ပတ်လျက် ပါဂစ်တိုရီဂေါ့စ်ဖိုင်းယားကို နောက်ကျောထိုးစိုက်ခြင်း အသုံးပြုကာ ဓာတ်ကြီးလေးပါးအသုံးပြုသူ၏ နောက်ဆုံး HP ကို ခုတ်ယူလိုက်တော့သည်။
” မင်းက ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ”
” ဇီးရိုးဝင်းရဲ့ နံပါတ်တစ်ကျွမ်းကျင်သူ မီးလျှံကကြိုးများလား”
” ငါ တကယ် ကံဆိုးနေတဲ့ပုံပဲ”
ဂေါ့စ်ဖိုင်းယား၏ HP က သုညသို့ရောက်တော့မည့် အချိန်တွင် သူက ဝတ်ရုံနက်လုပ်ကြံသတ်ဖြတ်ရေးသမားကို အာရုံစိုက်ကြည့်လိုက်၏။ သူ မှတ်မိသရွေ့ ထိုကဲ့သို့ အရည်အချင်းမျိုးကို ဇီးရိုးဝင်း၏ မီးလျှံကကြိုးကသာ ပိုင်ဆိုင်တာ ဖြစ်သည်။
အမှောင်အစည်းအရုံး အပြုံးအိမ်ဂျယ်က မီးလျှံကကြိုးကို တစ်မူထူးခြားသော တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် အမည်တပ်ခေါ်ခဲ့သည်။ သူမနှင့် တိုက်ပွဲတွင် ရင်ဆိုင်တွေ့သည့် မည်သည့်အစည်းအရုံးဝင်မဆို သူမကို တစ်ကိုယ်ထဲ ရင်ဆိုင်ခြင်းမှ ဟန့်တားထားသည်။ သူမကို ဖြေရှင်းရန်အတွက် အနည်းဆုံး သုံးယောက်ထက် စုပြီး တိုက်ခိုက်သင့်၏။ အဖွဲ့၌ ကျွမ်းကျင်သူတစ်ယောက် ရှိကိုရှိရမှာပဲ ဖြစ်သည်။
“အစ်မကြီးမီးက မင်းလိုလူအတွက် သူ့လက် ညစ်ပတ်ခံဖို့ မလိုဘူး၊ ငါ အရိပ်ပျံသန်းခြင်းက လုံလောက်တာထက် ပိုနေပြီ၊ အမကြီးမီးနဲ့ တိုက်ခိုက်ဖို့ တွေးဖို့အတွက် ဆယ်နှစ်လောက် လိုပါသေးတယ်ကွာ”
အနက်ရောင်အရိပ်က ပါဂစ်တိုရီဂေါ့စ်ဖိုင်းယား၏ စကားကို တုံ့ပြန်သည့်အနေဖြင့် အထင်တသေးပြောလိုက်၏။
သို့သော် အရိပ်ပျံသန်းခြင်းက လိမ်နေတာ မဟုတ်ပေ။ ခက်ခဲမှုများစွာ ကြုံတွေ့ပြီး သန့်စင်ခြင်းနယ်ပယ်တစ်ဝက်သို့ ရောက်ရှိလာပြီးနောက် သူသည် မီးလျှံကကြိုးနှင့် ယှဥ်သည့်အခါတွင် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးတောင် မရခဲ့ချေ။
ပါဂစ်တိုရီဂေါ့စ်ဖိုင်းယားက သန့်စင်ခြင်းနယ်ပယ်တစ်ဝက်သို့တောင် မရောက်သေးပေ။ သူက မီးလျှံကကြိုး၏ ပြိုင်ဘက်ဖြစ်ရန် မည်သည့်နည်းနဲ့မှ အနီးဆပ်ချေ။
ထိုစဥ် ဂေါ့စ်ဖိုင်းယားက တစ်စုံတစ်ခုပြောချင်သော်ငြား သူ၏ အမြင်အာရုံက မီးခိုးရောင်ဖြစ်သွား၏။ အဆုံးတွင်မူ စကားတစ်ခွန်းမှ
” ဂေါ့စ်ဖိုင်းယား သေသွားပြီလား”
” သူ ဘယ်လိုလုပ် သေရတာလဲ”
ကျွမ်းကျင်သူသေဆုံးသွားတာကို မြင်သည့်အချိန်၌ ကျန်သည့် အမှောင်အစည်းအရုံး အဖွဲ့ဝင်များကလည်း အံ့သြဆွံ့အနေသည်။ သူတို့သည် ပါဂစ်တိုရီဂေါ့စ်ဖိုင်းယား၏ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ရသည်။ သူတို့ အမှောင်အစည်းအရုံး၏ ထိပ်တန်းကျွမ်းကျင်သူများကတောင် သူ့ကို မယှဥ်နိုင်ပေ။ အရိပ်ပျံသန်းခြင်းကို ရင်ဆိုင်ရာတွင် ဂေါ့စ်ဖိုင်းယားက ပညာရှင်တစ်ဦးရှေ့၌ ရပ်နေသည့် ကလေးတစ်ယောက်သဖွယ် ဖြစ်နေတော့သည်။ ထိုကစားသမားများက သူတို့ အိပ်မက်မက်နေသလားဟုတောင် တွေးမိကြတော့၏။
ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများအကြောင်း ကောလဟာလများ ကြားခဲ့ဖူးသည့်တိုင် အရိပ်ပျံသန်းခြင်း၏ ခွန်အားက ရူးလောက်စရာ ဖြစ်သည်။
ထိုအစည်းအရုံး အဖွဲ့ဝင်များက အံ့သြမှင်သက်နေရာမှ သတိဝင်လာရန် ရုန်းကန်လိုက်ရပြီး မြားများ၊ ဂါထာများစွာက သူတို့နားသို့ ကျရောက်လာ၏။ မျက်တောင်တခက်အတွင်း နောက်ထပ် ခုနှစ်ယောက် သေသွားကြသည်။
” သေစမ်း၊ ငါတို့တော့ ဒုက္ခပေးနိုင်တဲ့ ကျွမ်းကျင်သူတွေနဲ့ တွေတာပဲ၊ နောက်ဆုတ်ကြဟေ့”
ဦးဆောင်လာသည့် ရှေးစစ်သည်တော်က အမိန့်လိုက်သည်။ တိုက်ပွဲကွင်းပြင်ရှိ အခြေအနေကို စစ်ဆေးပြီးနောက် သူတို့အဖွဲ့ကြားရှိ ကွာဟချက်ကို သူ သဘောပေါက်သွားတော့သည်။
သူတို့၌ အရေအတွက် တစ်ပန်းသာနေသော်ငြား ယင်းက ယာယီမျှသာ ဖြစ်သည်။ တိုက်ပွဲက ရှေးဆက်သည်နှင့် ဇီးရိုးဝင်းအဖွဲ့ဝင်များ ပိုမိုရောက်ရှိလာပေလိမ့်မည်။ ယင်းက အခွင့်မသာသည့် အခြေအနေတစ်ခု ဖြစ်နေ၏။ သို့သော် သူ အမိန့်ပေးပြီးသည်နှင့် မိုင်နာလေက မလှမ်းမကမ်းကနေ အပြာရောင်မြားကိုးစင်းကို ပစ်ထုတ်လိုက်ပြီး သူ၏ ဆုတ်နေသည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။
” ငါ့ကို အလွယ်တကူ သတ်နိုင်လိမ့်မယ်လို့ တွေးတောင်မတွေးလေနဲ့”
အမှောင်အစည်းအရုံး၏ အဖွဲ့ခေါင်းဆောင်များထဲမှ တစ်ဦးအနေဖြင့် သူ့၌ ထိုရာထူးကို ရနိုင်သောခွန်အား ရှိသည်။ ချက်ချင်းပင် လေပွေပိုင်းဖြတ်ခြင်းကို အသက်သွင်းကာ ဝင်လာသည့်မြားများကို ပိတ်ဆို့လိုက်၏။
ဖန်၊ ဖန်၊ ဖန်၊
သို့သော် ရှေးစစ်သည်တော်၏ တိုက်ပွဲဝင်ပုဆိန်က စတုတ္ထမြောက်မြားနှင့် တိုက်မိသွားသည့်အချိန်၌ လက်နက်က ပြန်ကန်လာတော့သည်။ ကျန်ရှိသည့်မြားများက သူတို့ အဖွဲ့ခေါင်းဆောင်ကို ထိမိသွားပြီး HP များကို ရှင်းထုတ်ပစ်တော့၏။ ခေါင်းဆောင်မရှိဘဲ ရှင်သန်ရစ်သော အမှောင်အစည်းအရုံးအဖွဲ့ဝင်များကလည်း ဖရိုဖရဲဖြစ်ကုန်၏။ အဖွဲ့ဝင်အများစုက မတူညီသည့် အမှောင်အစည်းအရုံးမှ ဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးရုံမျှသာ ရှိသေး၏။ အမိန့်ပေးမည့်သူတစ်ယောက် ဆုံးရှုံးသွားသည့်အချိန်တွင် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက သူတို့ကို ယင်ကောင်ရိုက်သလို လိုက်ရိုက်တော့သည်။ အချို့က ထွက်ပြေးသော်ငြား အရိပ်ပျံသန်းခြင်းနှင့် မိုင်နာလေတို့လက်အောက်တွင် မည်သူမှ မပြေးနိုင်ချေ။ အချိန်တိုအတွင်း အမှောင်အစည်းအရုံးအဖွဲ့ဝင် ကစားသမားငါးဆယ်နီးပါးက ဇီးရိုးဝင်းအဖွဲ့ဝင် လက်ထဲ၌ သေဆုံးခဲ့ကြသည်။
တစ်ချိန်တည်းတွင် နှင်းတောအုပ်ထဲ၌ အမျိုးမျိုးအမှောင်အစည်းအရုံးများဖြင့် ဖွဲ့ထားသော အဖွဲ့များကလည်း ဇီးရိုးဝင်း၏ အမှောင်နတ်ဘုရားတပ်မဟာနှင့် ပင်မအဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံနေရသည်။ အမှောင်အစည်းအရုံးအဖွဲ့ဝင်များ သေသွားသည်နှင့် ရှီဖုန်းသည် သူတို့၏ သေနှုန်းကို တရားဝင်ဖိုရမ်ပေါ် တင်လိုက်တော့၏။
တစ်နာရီမပြည့်မီ၌ အမှောင်အစည်းအရုံးအဖွဲ့ဝင် (၃၅၈၆) က မြစ်ဖြူမြို့နားတစ်ဝိုက်တွင် သေဆုံးခဲ့သည်။ ထို့အပြင် အရေအတွက်က မိနစ်နှင့်အမျှ ဆက်လက်တိုးနေပေ၏။