ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1017 အဆင့်မြင့် ဝိညာဉ်ဓာတ်စွမ်းအား သံချပ်ကာ ကိရိယာ
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1017 အဆင့်မြင့် ဝိညာဉ်ဓာတ်စွမ်းအား သံချပ်ကာ ကိရိယာ
ကြယ်လမြို့ ကောင်းကင်ဘုံမြှုပ်နှံရာ အစည်းအရုံး ဂေဟာတွင် ဖြစ်သည်။
အမှောင် အစည်းအရုံးများ၏ ရှုံးနိမ့်မှုက ကြယ်လတိုင်းပြည်ထဲတွင် ဇီးရိုးဝင်း၏ ဂုဏ်သတင်းကို သိသိသာသာ တိုးသွားသွားစေသော်ငြား ထိုရလဒ်က ကောင်းကင်ဘုံ မြှုပ်နှံရာကို အနည်းငယ်မျှတောင် မထိခိုက်စေခဲ့ပေ။ အစည်းအရုံး ဂေဟာ၏ အပြင်ဘက်၌ တန်းစီ စောင့်ဆိုင်းနေသည့် ကစားသမားများစွာ ရှိနေသေးသည်။ အစည်းအရုံးဂေဟာ အပြင်ဘက်၌ ကိစ္စရပ်များက ပိုတောင် သက်ဝင်လှုပ်ရှားလာ၏။
အမှောင်အစည်းအရုံး အဖွဲ့ဝင်အများစုသည် မြင်းဖြူမြို့ထဲ၌ သုတ်သင် ရှင်းလင်းခြင်း ခံရပြီးနောက် ကောင်းကင်ဘုံ မြှုပ်နှံရာက ဘဝပုံစံ ကစားသမား အရေအတွက်များစွာကို စုဆောင်းကြောင်း ကြေညာခဲ့၏။ အစည်းအရုံးထဲ ဝင်ခဲ့သည့် ဘဝပုံစံ ကစားသမားများသည် ပုံရိပ်ယောင် ဂိတ်လောက၏ လူသိများသော ဘဝပုံစံ ပညာရှင်အချို့ဆီမှ လမ်းညွှန်မှု ရရှိပြီး နောင်တွင် ရောက်ရှိရန် ခက်ခဲသည့် အကျော်အမော် အဆင့်ကို ရောက်နိုင်သည်ဟု ကြေညာခဲ့သည်။
ပညာရှင်အဆင့်သည် ဘဝပုံစံ ကစားသမားတိုင်း၏ ပန်းတိုင် ဖြစ်သည်။ မရေမတွက်နိုင်သော ဘဝပုံစံ ကစားသမားများ အတွက် ညတွင်းခြင်း ကြွယ်ဝချမ်းသာစေရန် အခွင့်အရေး တစ်ခုလည်း ဖြစ်ပေ၏။
နတ်ဘုရား နယ်မြေသည် ပုံရိပ်ယောင် ဂိမ်းလောကထဲ ဝင်လာချိန်မှစပြီး အမျိုးမျိုးသော အစည်းအရုံးကြီးများက ဘဝပုံစံ ကစားသမားများအပေါ် အရေးပါမှုကို စတင် ဦးစားပေးလာ၏။ ဆိုရလျှင် နတ်ဘုရားနယ်မြေထဲရှိ ကိစ္စရပ်များစွာတွင် ဘဝပုံစံ ကစားသမားများကို လိုအပ်၏။ အရင်က ပုံရိပ်ယောင် ဂိမ်းလောကထဲ၌ လူသိများသော ဘဝပုံစံ ကစားသမားများ၏ တန်ဖိုးကို တိုးသွားစေတော့သည်။ နတ်ဘုရား နယ်မြေထဲတွင် အချို့သော ဘဝပုံစံ ကစားသမားများ၏ အဆင့်အတန်းသည် ထိပ်တန်း အလွှာ ကျွမ်းကျင်သူများနဲ့တောင် ယှဉ်နိုင်ပေသည်။
စုပေါင်း အစည်းအရုံး များစွာက ယခင် ပုံရိပ်ယောင် အစစ်အမှန် ဂိမ်းထဲ၌ အောင်မြင်မှုများ ရခဲ့သည့် ဘဝပုံစံ ကစားသမား များစွာကို စတင် စုဆောင်းရန် ယှဉ်ပြိုင် လာကြတော့သည်။ သူတို့ထဲ၌ စုပေါင်း အစည်းအရုံး တိုက်ပွဲဝင် ဝံပုလွေက ပုံရိပ်ယောင် ဂိမ်းလောကထဲတွင် မဟာပညာရှင် ဘဝပုံစံ ကစားသမား ထိပ်တန်း ၅ ဦးထဲမှ တစ်ဦးအဖြစ် လူသိများသော ကစားသမား တစ်ဦးကို တန်ကြေး အများအပြား ပေးကာ ခေါ်ယူနိုင်ခဲ့၏။ ထို့အပြင် တိုက်ပွဲဝင် ဝံပုလွေသည် ထိုမဟာပညာရှင်ကို သူတို့၏ တပည့်ခေါင်းဆောင်အဖြစ် ထားခဲ့သည်။ စုပေါင်း အစည်းအရုံး၏ တပည့်တစ်ပါးထဲမှ တစ်ဦးဖြစ်လာရန် အလွန် အင်မတန် ခက်ခဲသည်။ တပည့်ခေါင်းဆောင်ဆိုလျှင် ပိုဆိုးချေသေး၏။ တပည့်ခေါင်းဆောင်၏ အဆင့်အတန်းက ဒုအစည်းအရုံး ခေါင်းဆောင်၏ အဆင့်အတန်းနှင့် ညီမျှပေသည်။
သူတို့သည် ထိုကဲ့သို့ မြင့်မားသော ရာထူးကို အိပ်မက် မမက်ကြသော်ငြား နတ်ဘုရား နယ်မြေထဲတွင် ဘဝပုံစံ ကစားသမား ပညာရှင် ဖြစ်လာနိုင်ပါက သူတို့ဘဝ အခြေကျပြီပဲ ဖြစ်သည်။
သို့သော် နတ်ဘုရား နယ်မြေထဲ၌ ပညာရှင် အဆင့်သို့ ရောက်ရန်က အလုပ်ထက် အပြောက လွယ်ကူပေ၏။ အတွေ့အကြုံရှိသည့် တစ်စုံတစ်ယောက် လမ်းညွှန်ပြသ ပေးခဲ့လျှင် နောင်၌ ပညာရှင်များ ဖြစ်လာရန်အတွက် ပို လွယ်ကူ သွားပေသည်။
ထို့ကြောင့် ကြယ်လတိုင်းပြည်၏ ဘဝပုံစံ ကစားသမားများစွာသည် ကောင်းကင်ဘုံ မြှုပ်နှံရာသို့ ဝင်ချင်နေတာပဲ ဖြစ်သည်။ ထိုတွင်မက ကျန်တဲ့ တိုင်းပြည်များ၏ ဘဝပုံစံ ကစားသမားများကလည်း လူသစ် စုဆောင်းမှုအကြောင်း ကြားသောအခါ အစည်းအရုံးဆီသို့ ကမန်းကတန်း စတင် ပြေးလာကြတော့၏။
“ ဦးလေး ၇၊ ကျုပ်ကို တွေ့ဖို့ ဘာကြောင့် အလောတကြီး ဖြစ်နေတာလဲ၊ အရေးတကြီး ပြောစရာ ရှိရင် ခေါ်လိုက်လို့ မရဘူးလား၊ ဘာကြောင့် ပြန်လာခိုင်းရတာလဲ”
တစ်ကိုယ်တော် မြှုပ်နှံရာက မေးသည်။ အစည်းအရုံး ခေါင်းဆောင်၏ ရုံးခန်းထဲသို့ ကမန်းကတန်း ဝင်လာသည့် အသက် ၅၀ ကျော် လူရွယ်ကို ကြည့်ပြီး ရယ်မောလိုက်၏။
“ဖုန်းပြောပြီး ဖြေရှင်းလို့ရတဲ့ ကိစ္စဆိုရင် ခေါ်ပြီးပြီပေါ့။ ခရီးထွက် လာရလောက်အောင် အရေးကြီးတဲ့ ငါ မင်းအတွက် အံ့အားသင့်စရာ တစ်ခုရှိသေးတယ်”
ရတနာ ခုနစ်ပါးက ပြောပြီး ရယ်မောလိုက်၏။
“အံ့အားသင့်စရာလား”
တစ်ကိုယ်တော် မြှုပ်နှံရာက ပြန်မေးလိုက်တော့သည်။
“ မင်း ငါ့ကို မယုံဘူးဆိုတာ ငါသိတယ် ဒီမှာ တစ်ချက်ကြည့်ကြည့် ဘာလို့ ထင်လဲ’
ရတနာခုနစ်ပါးသည် သူ၏ အိတ်ထဲမှ ဒီဇိုင်း တစ်ခုထုတ်ပြီးနောက် စားပွဲပေါ်သို့ တင်လိုက်တော့သည်။
“ ဒါက”
တစ်ကိုယ်တော် မြှုပ်နှံရာသည် ဒီဇိုင်း၏ ရှင်းပြချက် အညွှန်းကို ဖတ်ရှုပြီးနောက် အံ့ဩ မှင်သက်သွား၏။
ဒီဇိုင်းက အလွန်သာမန် ဆန်သော်ငြား အလင်းကျောက်တုံး ဟူသော စကားလုံးသည် တစ်ကိုယ်တော် မြှုပ်နှံရာ၏ အာရုံစိုက်မှုကို ဖမ်းစားသွားသည်။
ကောင်းကင်ဘုံ မြှုပ်နှံရာ၏ အစည်းအရုံး ခေါင်းဆောင် အနေဖြင့် သူကို အံ့အားသင့်စေသည့် ကိစ္စရပ် သိပ်မရှိပေ။ အံ့ဖွယ် လက်နက်ကတောင် သူ့ကို စိတ်မလှုပ်ရှားစေပေ။ သို့သော် ရတနာခုနစ်ပါး သူ့ရှေ့တွင် ထုတ်ပြလာသည့် အလင်းကျောက်တုံး ပန်းပဲဒီဇိုင်းက သူ့ကို အံ့အားသင့်စေကြောင်း ဝန်ခံမှာပဲ ဖြစ်သည်။
အလင်းကျောက်တုံးသည် ဖယောင်းတိုင် အလင်း ကုန်သွယ်ရေး လုပ်ငန်း၏ သင်္ကေတ ဖြစ်ပေသည်။
ကောင်းကင်ဘုံ မြှုပ်နှံရာနှင့် ရေနက်သည် အတူတူ အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း မည်သည့် အစည်းအရုံးကမှ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ယင်းက အလင်းကျောက်တုံးကြောင့် ဖြစ်၏။
နတ်ဘုရား နယ်မြေထဲတွင် မည်သူကများ အဆင့်ကို ပိုမြန်မြန်ဆန်ဆန် မတက်ချင်ဘဲ ရှိမည်နည်း။
သို့သော် အမှောင်ထုက နတ်ဘုရား နယ်မြေတွင် ကျရောက်လာသည့် အချိန်၌ ကွင်းပြင်များက ပိုအန္တရာယ် များလာ၏။ လက်ရွေးစင် တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင် ကစားသမား တစ်ဦး မဟုတ်ခဲ့လျှင် သူတို့က ရုန်းကန် ရပေလိမ့်မယ်။ ကံမကောင်းလျှင် သူတို့ဘဝ ဆုံးရှုံးသွားမည်ဖြစ်ကာ သူတို့၏ဖြစ်စဉ်က နှောင့်နှေးသွားပေမည်။ ထို့နောက် အလင်းကျောက်တုံးက နတ်ဘုရား နယ်မြေထဲတွင် ညအခါ၌ အဆင့်တက်ရာတွင် ရှိကို ရှိရမည့် အိုင်တမ်တစ်ခု ဖြစ်၏။
ထို့အပြင် အလင်းကျောက်တုံး၏ တန်ကြေးက အလွန် နိမ့်ကာ သာမန် ကစားသမားများအတွက် မရှိမဖြစ် ကိရိယာ တစ်ခု ဖြစ်လာသည်။ ယင်းက ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်း၏ နေရာကို မြဲမြံစေပြီး ယှဉ်ပြိုင်ရန် နေရာမရှိ ဖြစ်စေ၏။
သို့သော် ယခု ကောင်းကင်ဘုံ မြှုပ်နှံရာ၌ အလင်းကျောက်တုံး ပန်းပဲဒီဇိုင်း ရှိလာပြီ ဖြစ်ရာ ဖယောင်းတိုင် အလင်း ကုန်သွယ်ရေး လုပ်ငန်းသည် အလင်းကျောက်တုံးကို တစ်ဦးတည်း ထိန်းချုပ်ထားနိုင်မည် မဟုတ်တော့ချေ။
“ ဦးလေး ၇ ဒါတွေကို ဘယ်ကနေ ရှာတွေ့လာတာလဲ”
တစ်ကိုယ်တော် မြှုပ်နှံရာက မေးလိုက်၏။
ပန်းပဲဒီဇိုင်း တစ်ခုမှ ပန်းပဲသမား တစ်ဉီးသာလျှင် သင်ယူနိုင်ပြီး လူတစ်ဉီးက ထုတ်လုပ်နိုင်သည့် အလင်းကျောက်တုံး အရေအတွက်က အကန့်အသတ်ရှိပြီး ကောင်းကင် ကုန်သွယ်ရေး လုပ်ငန်းမှာ ဖယောင်းတိုင် အလင်းကုန်သွယ်ရေး လုပ်ငန်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိသေးပေ။ ယင်းက ဖယောင်းတိုင် အလင်း၏ စီးပွားရေးကို အနည်းငယ် ထိစေရုံမျှသာ ရှိ၏။
“သေခြင်းတရား မျှော်စင်ထဲမှာ ငါတို့အစည်းအရုံးရဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့က မွန်းစတားတွေကို စီးနင်းတိုက်ခိုက်နေတဲ့ အချိန် မတော်တဆ ဒီဇိုင်းတစ်ခု ရလာခဲ့တာပဲ”
ရတနာခုနစ်ပါးက ပြောပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
“ဒီ ဒီဇိုင်း ရပြီးတဲ့နောက် သေခြင်းတရား မျှော်စင်ထဲမှာ ဆက်လက် စီးနင်းတိုက်ခိုက်ဖို့ အစည်းအရုံးရဲ့ လက်ရွေးစင် အဖွဲ့တွေကို ချက်ချင်း အကြောင်းကြားခဲ့တယ်။ မကြာခင်မှာ အလင်းကျောက်တုံး ပန်းပဲဒီဇိုင်းတွေ ပိုရလာလိမ့်မယ်”
“အံ့ဩဖို့ ကောင်းလိုက်တာ ဒါ တကယ် အံ့ဩစရာပဲ။ ဦးလေး ၇ ကို အားကိုးလိုက်ပြီ၊ လူအင်အား လိုနေရင် တစ်ခွန်းပဲ ပြောလိုက်”
တစ်ကိုယ်တော် မြှုပ်နှံရာက ပျော်ရွှင်စွာ ပြောလိုက်၏။ မွန်းစတားက ဒီဇိုင်းရမည်မှန်း သူတို့သိနေသရွေ့ ကောင်းကင်ဘုံ မြှုပ်နှံရာ၏ ခွန်အားဖြင့် သူတို့၌ ပစ္စည်းများ လက်ဝယ် ရထားဖို့က အချိန်အတိုင်းအတာ တစ်ခုသာ လိုမှာပဲ ဖြစ်သည်။
“ကျုပ်တို့မှာ ဒီဇိုင်း လုံလုံလောက်လောက် ရှိသွားပြီ ဆိုတာနဲ့ ဖယောင်းတိုင် အလင်းကို အမြစ်ဖြတ်ပစ်မယ် ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်းနဲ့ ကျောက်တုံး အုတ်မြို့က ဘဏ္ဌာရေး ထောက်ပံ့မှု မရှိဘဲ ဇီးရိုးဝင်းက အပြီးသတ် သွားမှာပဲ”
“အင်း ဒါကြောင့် ဒီရောက်နေတာ မဟုတ်ဘူး၊ ဈာပန တပ်မဟာရဲ့ အဖွဲ့ဝင် အချို့ကို ငါရင်ဆိုင်ရမလား မွန်းစတားတွေက အဆင့်မြင့်လွန်းနေတယ်။ ငါတို့ရဲ့ သာမန် လက်ရွေးစင်တွေ စီးနင်း တိုက်ခိုက်တဲ့ အချိန်က နှေးလွန်းတယ်။ သူတို့ကို ဦးဆောင်ဖို့ ကျွမ်းကျင်သူတွေ လိုတယ်”
ရတနာခုနစ်ပါးက ခေါင်းညိတ်ပြီး ရှင်းပြလိုက်၏။
ဈာပန တပ်မဟာသည် ကောင်းကင်ဘုံ မြှုပ်နှံရာ၏ အသန်မားဆုံး ကစားသမား တပ်ဖွဲ့ ဖြစ်ပေ၏။ ဇီးရိုးဝင်း၏ အမှောင် နတ်ဘုရား တပ်မဟာနှင့် ဆင်တူပေသည်။ ကောင်းကင်ဘုံ မြှုပ်နှံရာက ထိုတပ်မဟာကို ပြုစု ပျိုးထောင်ရန်အတွက် အရင်းအမြစ် အများစု မြှုပ်နှံခဲ့ကာ အဖွဲ့ဝင်တိုင်းက အင်မတန် အစွမ်းထက်ပေ၏။ သာမန် ကစားသမားများ၏ အမြင်တွင် သူတို့က ကျွမ်းကျင်သူများ ဖြစ်တာ သေချာလေသည်။ သို့သော် အစည်းအရုံး ခေါင်းဆောင်သာလျှင် ဈာပန တပ်မဟာကို အမိန့်ပေးနိုင်ပြီး သူတို့က ကျွမ်းကျင်သူများ၏ အမိန့်ကို လျစ်လျူရှုထားမှာပဲ ဖြစ်သည်။
“ရတာပေါ့ ကိစ္စ မရှိဘူး အဖွဲ့ဝင် ၄ ယောက် ပေးလိုက်မယ်”
တွေဝေမနေဘဲ တစ်ကိုယ်တောင် မြှုပ်နှံရာသည် ဈာပနတပ်မဟာ၏ အဖွဲ့မှူးကို အကြောင်းကြားကာ အဖွဲ့ဝင် ၄ ယောက်အား သေခြင်းတရား မျှော်စင်သို့ ချက်ချင်း စေလွှတ်ရန် ပြောလိုက်၏။
မြင်းဖြူမြို့ထဲရှိ ဖယောင်းတိုင်အလင်း ကုန်သွယ်ရေး လုပ်ငန်း၏ အထူးပန်းပဲ အခန်းများထဲမှ တစ်ခန်းထဲတွင် ဖြစ်သည်။
အီကာရက်စ် နှလုံးသား၏ နတ်ဘုရားကောင်းချီး စကေးကို အသက်သွင်းရန် အတွက် အသက်ဓာတ် ၅၀၀ ကို စတေးပြီးနောက် ရှီဖုန်းသည် အဆင့်မြင့် ဝိညာဉ်နတ်စွမ်းအား သံချပ်ကာ ကိရိယာများ တစ်ခုပြီးတစ်ခု စတင် သွင်းလုပ်နေပြီ ဖြစ်သည်။
ထိုတင်မက ရှီဖုန်းသည် သူ၏ ပန်းပဲအဆင့် တပည့်စံ သတ်မှတ်ချက်ကို ပညာရှင် အဆင့်သို့ မြှင့်တင်ခဲ့ပြီး သက်ရောက်မှုက ၃ နာရီသာ ကြာရှည်ခံ၏။ နတ်ဘုရား ကောင်းချီး၏ ပြန်လည် အသုံးပြုနိုင်ရန် စောင့်စားရချိန်က ၄ နာရီသာ ဖြစ်သည်။ ထိုမြှင့်တင်မှုဖြင့် သူသည် စစ်မှန်သည့် ဘဝပုံစံ ကစားသမား ပညာရှင်တစ်ဉီး ဖြစ်လာတော့သည်။
နတ်ဘုရား ကောင်းချီးကို အသက်သွင်းရန်အတွက် စုဆောင်းရသည့် အသက်ဓာတ် များလွန်းသည်သာ အားနည်းချက် ကျန်ရှိသည်။ မည်သို့ပင် ဆိုစေကာမှု ရှီဖုန်းက ထိုရလဒ်ကို အလွန် ကျေနပ်နေ၏။ ပန်းပဲ ပညာရှင် တစ်ဦးအနေဖြင့် သူသည် အဆင့်မြင့် ဝိညာဉ်နတ်စွမ်းအား သံချပ်ကာ ကိရိယာ၏ ထုတ်လုပ်သည့် နည်းလမ်းကို သင်ယူနိုင်ပြီး အမျိုးမျိုးသော ကိရိယာများကို အသုံးပြုခြင်းဖြင့် အဆင့်မြင့် ဝိညာဉ်ဓာတ်စွမ်းအား သံချပ်ကာ ကိရိယာကို ၄၁ ရာခိုင်နှုန်းရအောင် မြှင့်တင်နိုင်ပြီး ၃ ကြိမ် ကြိုးစားလျှင် ၁ကြိမ် အောင်မြင်၏။
၃နာရီအတွင်း ရှီဖုန်းက အဆင့်မြင့် ဝိညာဉ်နတ်စွမ်းအား သံချပ်ကာ ၃၁ ခုကို အောင်မြင်စွာ သွင်းလိုက်နိုင်ခဲ့သည်။ ထုတ်လုပ်သည့် ပမဏက အလယ်အဆင့် ဝိညာဉ်ဓာတ်စွမ်းအား သံချပ်ကာနှင့် နှိုင်းယှဉ်နိုင်သော်လည်း အဆင့်မြင့် ပိုင်ရှင်၏ အရည်အချင်းများက အလယ်အဆင့် သံချပ်ကာ ဗားရှင်း၏ အရည်ချင်းများကို ဖြိုချနိုင်ပေ၏။