ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1032 တစ်ကိုယ်တော်ကစားသမားများ၏ အထွတ်အမြတ်မြေ
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1032 တစ်ကိုယ်တော်ကစားသမားများ၏ အထွတ်အမြတ်မြေ
ရေနက်အစည်းအရုံးခေါင်းဆောင်၏ ရုံခန်းအတွင်းရှိ အထက်အရာရှိများစွာက စွန့်ပစ်ခံလှိုင်း၏ အမိန့်ကိုကြားသည့်အချိန်တွင် ထိတ်လန့်သွားကြသည်။ ထိုသို့တိုင် သူတို့က စွန့်ပစ်ခံလှိုင်း၏ အတွေးရထားကို နားလည်နိုင်ပေ၏။
ကျောက်တောမြို့၏ နောက်ဆုံးပြောင်းလဲမှုက ပိုမက်မောစရာကောင်းလာသည်။
အစက ကျောက်တောမြို့သည် ဇီးရိုးဝင်းကို အနိုင်ယူရန်အတွက် ရေနက်အသုံးပြုစရာ ကိရိယာတစ်ခု ဖြစ်ခဲ့သည်။ ယခုမူ မြို့က ရွှေတောင်ငွေတောင်ဖြစ်နေပြီး နတ်ဘုရားနယ်မြေထဲတွင် ရေနက်၏ တည်ထောင်မှုကို ကြီးကြီးမားမားကူညီပေးနိုင်၏။ လက်ရှိ အစည်းအရုံးများအဖို့ မှော်သလင်းများက မယုံနိုင်လောက်အောင် အရေးပါပေ၏။
အစည်းအရုံးတစ်ခုက ၎င်း အဖွဲ့ဝင်များ၏ နည်းစနစ်များကို မြန်မြန်ဆန်ဆန်တိုးတက်အောင် ပျိုးထောင်ပေးချင်လျှင် အံ့ဖွယ်အားကစားရုံ၏ မှော်မျှော်စင်သို့ ပို့ခြင်းက အမြန်ဆုံးနည်းလမ်းဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ထိုသို့ ပြုလုပ်နိုင်ရန်အတွက် သူတို့သည် မှော်သလင်းများစွာ လိုအပ်သည်။
ကံဆိုးသည်မှာ မှော်သလင်းများက ရရှိရန်ခက်ခဲသည်။ ရေနက်သည် ကြွယ်ဝချမ်းသာမှုနှင့် အဆက်အသွယ်များစွာကို ပိုင်ဆိုင်ထားသည့်တိုင် သူတို့က အကန့်အသတ်ဖြင့်သာ ထုတ်ပေးနိုင်၏။ အဆုံးတွင် အစည်းအရုံးက မှော်သလင်းများကို လက်ရွေးစင်အဖွဲ့ဝင် အနည်းငယ်နှင့် ၎င်း၏ ကျွမ်းကျင်သူများကိုသာ ထောက်ပံ့ပေးနိုင်သည်။
ရေနက်တွင် ပါရမီရှိ ကစားသမား မချို့တဲ့ပေ။ သူတို့က မှော်သလင်းများ လုံလုံလောက်လောက် ရနိုင်သရွေ့ သူတို့ဆန္ဒရှိသလောက် ကျွမ်းကျင်သူအဖွဲ့များစွာကို ပျိုးထောင်နိုင်မှာပဲ ဖြစ်သည်။
ယခု ကျောက်တောမြို့၏ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှု တိုးလာပြီး ကစားသမားများသည် သူတို့၏ တည်းခိုဆောင်မှ EXP (၃၀) ရာခိုင်နှုန်းအပိုဆောင်းရရှိနိုင်ပြီး မြို့က တစ်ကိုယ်တော်ကစားသမားများစွာကို စွဲဆောင်နိုင်ပေသည်။ ထိုကစားသမားများ၏ အဆင့်တက်သည့် ဧရိယာက ကန့်သတ်ခံထားရသည့်အချိန်နှင့် မတူတော့ဘဲ ယခုဆို သူတို့က အဆင့် မြန်မြန်ဆန်ဆန် တက်ချင်လျှင် ကျောက်တောမြို့သို့ သွားနိုင်ပေ၏။
ရေနက်က ကျောက်တောမြို့ကို မြန်မြန်ထိန်းချုပ်နိုင်လေ နတ်ဘုရားနယ်မြေအတွင်း ၎င်း၏ သိမ်းပိုက်မှုကို တရားဝင်စတင်နိုင်လေ ဖြစ်သည်။
” ဘော့စ်လှိုင်း၊ ကျုပ်တို့တွေ အများကြီးပြင်ဆင်ဖို့ လိုသေးတယ်၊ အခု လှုပ်ရှားခဲ့မယ်ဆိုရင် ကျောက်တောမြို့ကို သိမ်းပိုင်ဖို့က ခက်ခဲလိမ့်မယ်”
ရယ်မောခြင်းယစ်ထုတ်က အကြံပြုလိုက်၏။
” ဒါ့အပြင် အစ်မကြီးလင်းက ပန်သီအွန်နဲ့ ညှိနှိုင်းနေတုန်းပဲ၊ ပန်သီအွန်က သူတို့ရဲ့ ကျွမ်းကျင်သူတွေကို ငှားဖို့ သဘောတူခဲ့မယ်ဆိုရင် မြို့ကို သိမ်းပိုက်ရတာ လွယ်လိမ့်မယ်၊ လောဖို့ မလိုဘူး”
” မင်းပြောတာ မှန်တယ်၊ ငါ နည်းနည်းစိတ်မရှည် ဖြစ်သွားတယ်”
စွန့်ပစ်ခံလှိုင်းက အသက်ပြင်းပြင်းရှုလိုက်၏။ ပြီးနောက် သူက ရယ်မောကာ ပြောလိုက်သည်။
“ငါက ဇီးရိုးဝင်းရဲ့ လုပ်ဆောင်မှုအကြောင်း ဒေါသထွက်နေတုန်းပဲ၊ ဒါပေမဲ့ အခု သူတို့ကို ကျေးဇူးတင်သင့်တဲ့ပုံပဲ၊ သူတို့တွေက သူတို့နောက်ဆုံးအခိုက်အတန့် မရောက်ခင်မှာ ငါ့ကို လက်ဆောင်တစ်ခုတောင် ပေးတာလေ၊ သူတို့ကို နောက်ထပ်နှစ်ရက်လောက် အသက်ရှင်ခွင့် ပေးလိုက်တာပေါ့၊ ဒါပေမဲ့ ကျောက်တောမြို့ကိုသွားပြီး အဆောက်အဦသစ်ကို စစ်ဆေးသင့်တယ်၊ မြို့ရဲ့ ရုတ်တရက်ပြောင်းလဲမှုက အဲဒီ မျှော်စင်နဲ့ သက်ဆိုင်နေမှာ သေချာတယ်၊ ဖြစ်နိုင်ရင် ငါတို့အတွက် တစ်ခုလောက် ဘယ်လိုများ ဆောက်လုပ်ရမလဲဆိုတာ သိချင်တယ်”
သူက အတော်စိတ်မရှည် ဖြစ်နေသည်။ ကျောက်လက်သည်းတောင်းတန်းအတွင်းရှိ ချိပ်ပိတ်မှော်အစီအရင်က ပြီးမြောက်ခြင်း မရှိသေးပေ။ ထိုအရာမရှိဘဲ ကျောက်တောမြို့ကို သိမ်းပိုက်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် မှော်အစီအရင် ပြီးစီးသွားသည်နှင့် သူတို့က စူပါအစည်းအရုံး ပန်သီအွန်ကို ဖျောင်းဖျနိုင်မည်ဖြစ်ကာ ဖျောင်းဖျနိုင်သည်နှင့် ဇီးရိုးဝင်းက အစည်းအရုံးအရည်အချင်း မည်မျှရှိစေကာမူ မြို့ကို ထိန်းထားနိုင်တော့မှာ မဟုတ်ပေ။
ရေနက်က ချိပ်ပိတ်ခြင်းမှော်အစီအရင်၏ ပြီးစီးမှုအတွက် စောင့်စားရန်စီစဥ်နေစဥ် ကြယ်လတိုင်းပြည်အတွင်းရှိ တစ်ကိုယ်တော်ကစားသမားများက အုတ်အော်သောင်းတင်း ဖြစ်ကုန်၏။ ရလဒ်အနေဖြင့် ဇီးရိုးဝင်း၏ အနာဂတ်ကို သံသယဝင်ခဲ့ကြသော ကုမ္ပဏီအများစုက သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရလာပြီ ဖြစ်သည်။
မှော်မျှော်စင်ကြောင့် ကျောက်တောမြို့၏ အလားအလာနှင့် တန်ဖိုးက တိုးသွားတော့၏။
သူတို့ကဲ့သို့ ကုမ္ပဏီများအဖို့ ကစားသမားလုံလောက်မှုထက် မည်သည့်အရာကမှ ပိုအရေးမကြီးပေ။ အစက ကျောက်တောမြို့၏ ကစားသမားဦးရေက လုံလောက်အောင်မြင့်မားခြင်း ရှိလာမှာမဟုတ်ဟု သူတို့သေချာနေခဲ့သည်။ သို့သော် ကိစ္စရပ်များက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြို့၏ အခွင့်သာသော ပတ်ဝန်းကျင်အနေအထားဖြင့် လူဦစရေက အဆပေါင်းများစွာတိုးတက်သွားရန် အချိန်အတိုင်းအတာတစ်ခုသာ လိုမှာပဲ ဖြစ်သည်။ သူတို့က ကျောက်တောမြို့ထဲ၌ ဈေးဆိုင်တစ်ဆိုင် တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် သူတို့ စီးပွားရေးက သေချာပေါက်အကျိုးအမြတ်ရမှာပဲ ဖြစ်၏။ ကုမ္ပဏီက သူတို့ ယှဥ်ပြိုင်မှု၏ ပုံရိပ်ယောင်ဈေးကွက်တစ်ပိုင်းကိုသိမ်းပိုက်နိုင်ခဲ့လျှင် နတ်ဘုရားနယ်မြေထဲ၌ ပိုတောက်ပသည့် အနာဂတ်တစ်ခု ရှိလာပေလိမ့်မည်။
ရုတ်တရက် ရေနှင်းဆီက ရှီဖုန်းကို ဆက်သွယ်လာ၏။ သူမက ပျော်ရွှင်စွာ ပြောလိုက်တော့သည်။
“အစည်းအရုံးခေါင်းဆောင် ကျွန်မကို ဆက်သွယ်ဖို့ တွေဝေခဲ့ကြတဲ့ ကစားသမားတချို့က ခေါင်းဆောင်နဲ့ပူးပေါင်းဖို့ ဆွေးနွေးချင်တဲ့အကြောင်း ပြောလာပါတယ်”
ယခင်က သူမသည် ရှီဖုန်းက မောက်မာထောင်လွှားလွန်နေပြီး မည်သည့်ကုမ္ပဏီကမှ သူတို့နှင့် အလုပ်လုပ်ချက်စိတ် မရှိမှာကို သူမ စိုးရိမ်ခဲ့၏။ ယခုမူ ကုမ္ပဏီနှစ်ဆယ်ကျော်က သူမကို ဆက်သွယ်လာခဲ့သည်။ ထို့အပြင် ထိုကုမ္ပဏီတိုင်းက ယခင်က သူတို့၏ တွက်ချက်မှုကို အမြတ်ထုတ်ရန် ကြိုးစားခဲ့ကြသည့် ကုမ္ပဏီအချို့ထက် ပိုအစွမ်းထက်သည်။
” ဪ၊ သူတို့ ဆုံးဖြတ်တာ မြန်တာပဲ၊ ကံဆိုးတာက ငါရဲ့ အာရုံစိုက်မှုကို လိုအပ်တဲ့ ကိစ္စရပ်လေးတွေ ရှိသေးတယ်၊ နောက်လေးနာရီကြာရင် မြစ်ဖြူမြို့ရဲ့ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲမှာ သူတို့နဲ့ တွေ့ဆုံဖို့ စီစဥ်လိုက်”
ရှီဖုန်းက စဥ်စားပြီးနောက် ညွှန်ကြားလိုက်သည်။ ရေနက်က အုရိုဘိုရိုကို ရှင်းလင်းပြီးခဲ့တာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ အစည်းအရုံး၏ လေ့ကျင့်ရေးစင်တာကို ဝယ်ယူရန် အကောင်းဆုံးအချိန် ဖြစ်လောက်၏။ ထပ်မံစောင့်စားနေလျှင် အထင်မှတ်ထားသည့်အရာ ဖြစ်လာနိုင်၏။
ယခင်က ဂျမ်းတဲလ်စနိုးထံမှ လေ့ကျင့်ရေးစင်တာအကြောင်း များစွာ သိရှိခဲ့၏။
အုရိုဘိုရိုက ဝါရင့်ပထမတန်းအစည်းအရုံးတစ်ခုဖြစ်ကြောင်း သူ ဝန်ခံရမှာပဲ ဖြစ်သည်။ အစည်းအရုံးသည် အကြောင်းပြချက် မရှိဘဲ ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းများစွာကို လွှမ်းမိုးနိုင်ခဲ့၏။ ၎င်း၏ လေ့ကျင့်ရေးစင်တာတစ်ခုကပင် အထင်ကြီးဖွယ်ကောင်းနေသည်။
လေ့ကျင့်ရေးစင်တာက ကျွမ်းကျင်ကစားသမားများကို ပျိုးထောင်ရန် အစည်းအရုံးတစ်ခု လိုအပ်သည့်အရာအားလုံး အပြည့်အဝတပ်ဆင်ထားရုံသာမက ခုနှစ်စင်ကြယ် လေ့ကျင့်ရေးစင်တာထက်လည်း ပိုကြီးပေ၏။ ထို့အပြင် လေ့ကျင်ရေးစင်တာက လူဦးရေ အလွန်များပြားပြီး ပထမအဆင့်မြို့၏ မြို့လယ်ခေါင်ဧရိယာ၌ တည်ဆောက်ထားတာ ဖြစ်သည်။ မြေနေရာက ရွှေနှင့်ချီ တန်မှာ သေချာပေ၏။
ဂျမ်းတဲလ်စနိုးကသာ လေ့ကျင့်ရေးစင်တာ၏ ရှယ်ယာများကို ထည့်မတွက်ရလျှင် သူမသာ ဈေးနှုန်းသာ မလျှော့ချထားပေးခဲ့လျှင် သူ့လက်ထဲရနိုင်မှာ မဟုတ်ပေ။ သူ နှစ်ဆပေးလျှင်တောင် ဝယ်နိုင်မှာမဟုတ်။
” အား ဟုတ်သား၊ အစည်းအရုံးခေါင်းဆောင် ပြောစရာရှိသေးတယ်၊ ဖီးနစ်မိုးက ဆွေးနွေးမှုထဲ ဝင်ပါချင်တဲ့ပုံပဲ၊ ကျွန်မတို့တွေ သူ့ကို ဖိတ်သင့်လား”
ရေနှင်းဆီက မေး၏။
” ဖီးနစ်မိုးလား”
ရှီဖုန်းက အနည်းငယ်အံ့သြသွားသည်။ ပြီးနောက် သူက ပြောလိုက်တော့၏။
” ကောင်းပြီ၊ သူ့ကို ခေါ်လိုက်လေ”
ဖီးနစ်မိုးသည် နဂါးဖီးနစ်ပွဲကြည့်စင်ထဲရှိ ပွဲကြည့်စင်သခင် ဖြစ်သည်။ သူမက အပြင်လောကတွင်လည်း အဆင့်အတန်းတစ်ခု ရှိ၏။ ဖီးနစ်မိုးသည် အမှောင်ပြိုင်ကွင်းထဲသို့ တိုက်ပွဲဝင်အဖွဲ့တစ်ဖွဲ့ ပို့နိုင်ရန် အရည်အချင်းပြည့်မီခြင်းက သူမ၏ အစွမ်းထက်သော နောက်ခဲအလွန်ထူးကဲကြောင်း ပြသနေတာပဲ ဖြစ်သည်။ ကြွယ်ဝချမ်းသာမှုကလည်း ရှိနေပြီးသား ဖြစ်၏။ သူမက ဆွေးနွေးညှိနှိုင်းမှုကို စိတ်ဝင်စားနေခြင်းသည် ရှီဖုန်းအတွက် သတင်းကောင်းများသာ ဖြစ်နေ၏။
မြက်ခင်းပြင်ထဲတွင် အယောက်ငါးဆယ်အဖွဲ့တစ်ဖွဲ့က အဆင့် (၄၅) မြက်ခင်းရေခဲဝံပုလွေတစ်စုကို တိုက်ခိုက်နေ၏။ အဆင့် (၄၅) မျိုးနွယ်စုအကြီးအကဲက ဝံပုလွေအုပ်ကို ဦးဆောင်လျက် လက်ရွေးစင်အဆင့် ဝံပုလွေအကောင်နှစ်ရာကျော် ရှိသည်။ သို့သော် ထိုအဖွဲ့က ဆီကောင်းကောင်းထည့်ထားသည့် စက်တစ်လုံးကဲ့သို့ လက်ရွေးစင်မွန်းစတားများကို သုတ်သင်ရှင်းလင်းပစ်နေသည်။ အဆင့် (၄၅) မျိုးနွယ်စုအကြီးအကဲကို ရင်ဆိုင်ရာတွင်တောင် ဦးဆောင်သည့် အဆင့် (၄၀) အစောင့်အရှောက်သူရဲကောင်းက ဘော့စ်ကို သူကိုယ်တိုင် အမာခံတိုက်၏။
“ဘော့စ်၊ ကျောက်တောမြို့ထဲမှာ အနားယူရင် EXP (၃၀) ရာခိုင်နှုန်း လေးနာရီတာ အပိုဆောင်းရနိုင်တယ်လို့ ကြားထားတယ်၊ ကျုပ်တို့ နှင်းကြွေအဖွဲ့က အဲဒီကို သွားသင့်လား”
” ကျောက်တောမြို့က ကျောက်လက်သည်းတောင်တန်းနဲ့ အလွန်နီးတယ်၊ (၃၀) ရာခိုင်နှုန်း EXP အပိုဆောင်းရမှုနဲ့ယှဥ်ရင် ကွင်းပြင်ထဲမှာထက် အဲဒီနေရာမှာဆိုရင် မြေအောက်စခန်းတွေထက် အဆင့်တက်တာ ပိုမြန်လောက်တယ်၊ ငါတို့ စီစဥ်ထားတာထက်စောပြီး အဆင့် (၄၀) ကို ရောက်နိုင်တယ်၊ ဒါ့အပြင် စွန့်စားသူအဖွဲ့ရဲ့ ခွန်အားနဲ့ဆို မြေအောက်စခန်းအတွင်းပိုင်းဧရိယာက မွန်းစတားတွေကို တိုက်ခိုက်ဖို့က ပြဿနာမဟုတ်ဘူး၊ မသေမျိုးချောက်ကမ်းပါးကို သွားတာနဲ့ ကျောက်လက်သည်းတောင်တန်းကိုသွားတာက ပိုကောင်းလိမ့်မယ်”
” ဟုတ်တယ် ခေါင်းဆောင်၊ နှင်းကြွေက ကြယ်လတိုင်းပြည်ရဲ့ ထိပ်တန်းစွန့်စားသူတွေထဲက တစ်ခုပဲ၊ စွန့်စားသူအဖွဲ့အသစ်တွေကို ကျုပ်တို့ကို လိုက်မီခွင့်ပေးလိုက်ရင် ကျုပ်တို့ အဟားခံရလိမ့်မယ်”
“ကောင်းပြီလေ၊ နှင်းကြွေက ဒါဆိုရင် ကျောက်တောမြို့ထဲမှာ ဖွံ့ဖြိုးတိုးတက်မှု ဆက်ဆောင်ရွက်ကြတာပေါ့”
ကျောက်တောမြို့အကြောင်း သတင်းပြန့်သွားပြီးနောက် အမျိုးမျိုးသော စွန့်စားသူအဖွဲ့အစည်းများက ကျောက်လက်သည်းတောင်းတန်းဆီ ဦးတည်လာကြသည်။
အချိန်အတိုင်းအတာတစ်ခုအတွက် ကျောက်တောမြို့သည် အမျိုးမျိုးသောစွန့်စားသူအဖွဲ့များ၏ စုဝေးရာ ဖြစ်လာသည်။
အမျိုးမျိုးသောစွန့်စားသူအဖွဲ့များနှင့် တစ်ကိုယ်တော်ကစားသမားက ကျောက်တောမြို့ကို ဦးတည်လာသည်နှင့် ရှီဖုန်းက မြို့လယ်ခေါင်တွင် မြို့၏ တိုက်ပွဲပြိုင်ကွင်း တည်ဆောက်ပြီးစီးသွားသည်။ အဆောက်အအုံက ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာနီးတူ ကျယ်ဝန်းပြီး ၎င်းက ငါးလွှာရှိကာ မြို့နေလူထုကို အရိပ်တစ်ခုလွှမ်းနေ၏။ ကျောက်တောမြို့ထဲရှိ အခမ်းနားဆုံး အဆောက်အဦးဟု ဆိုနိုင်ပေသည်။