ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1046 ရှေးအပျက်အဆီးနယ်မြေ
ရှီဖုန်းသည် ပျံဝဲခြင်းငှက်မွှေး၏ ဆန်းကျယ်သည့် ပိုင်ဆိုင်မှုများစွာအကြောင်း ကြားဖူးသည်။ နတ်ဘုရားနယ်မြေ၏ အစောပိုင်းအဆင့်တွင် ပျံဝဲခြင်းငှက်မွှေးက တစ်ကိုယ်တော် ကစားသမားဖြစ်ခဲ့သည်။ သူက အတိုင်းအထက်အလွန် ကံကောင်းမှုနှင့် ခွန်အားကို အားကိုးပြီး သူက အစွမ်းထက်သည်ဟု သတ်မှတ်၍ရသော စွန့်စားသွားလာသူ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ခဲ့၏။
သို့သော် အချို့သော အမည်မသိအကြောင်းပြချက်ကြောင့် သူသည် စူပါပထမတန်းအစည်းအရုံး ဆန်းကျယ်ကို ရန်စခဲ့မိသည်။
စူပါပထမတန်းအစည်းအရုံးတစ်ခုဖြစ်ပြီး ကမ္ဘာပျက်ကပ်အင်ပါယာ၏ အဓိကအင်အားစုသုံးစုထဲမှ တစ်စုဖြစ်သည်နှင့်အညီ စွန့်စားသူအဖွဲ့အစည်းလေးတစ်ဖွဲ့ကို သုတ်သင်ရှင်းလင်းရန်က သူတို့အတွက် ငှက်ပျောသီးအရေခွံခွားစားသကဲ့သို့ လွယ်ကူလှပေ၏။
သံသယဖြစ်ဖွယ်မလိုပဲ ပျံဝဲခြင်းငှက်မွှေးနှင့် သူ့အဖွဲ့က သတ်ဖြတ်ခံခဲ့ရသည်။
သို့သော် သူသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသည့်အလာ ပျံဝဲခြင်းငှက်မွှေးသည် ကျွန်းတစ်ခုသို့ သွားလာနေစဥ် အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်တစ်ခုကို ရရှိခဲ့၏။ ယင်းက သူ့ခွန်အားကို မြင့်တင်ပေသည်။ သူက တစ်ကိုယ်တော်ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို ခြေရာခံရန်အလွန်ခက်ခဲနေသည့် အချက်အပြင် ဆန်းကျယ်၏ ကျွမ်းကျင်သူများကတောင် ထိုလူကို ဘာမှ မလုပ်နိုင်ခဲ့ပေ။ အစည်းအရုံးသည် ထိပ်သီးကျွမ်းကျင်သူများစွာကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့သော်ငြား ပျံဝဲခြင်းငှက်မွှေးက အကြိမ်တိုင်လွှတ်မြောက်သွားခဲ့ပြီး တစ်ဖက်လူကလည်း ထိခိုက်မှုအချို့ကို ဖြစ်စေခဲ့သည်။
ပျံဝဲခြင်းငှက်မွှေးက ကမ္ဘာပျက်ကပ်အင်ပါယာထဲတွင် ထင်ရှားလာသည်နှင့် သူ၏ ညီနောင်များထဲမှ တစ်ဦးက သူ့ကိုရောင်းချပြီး သူရှိသည့်နေရာကို ဆန်းကျယ်အား ပေးခဲ့သည်။ အဆုံးတွင်မူ သူအဝိုင်းခံခဲ့ရကာ အစည်းအရုံး၏ ကျွမ်းကျင်သူများက သူ့ကို သတ်ဖြတ်ခဲ့သည်။ သူသည် အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်ကို ဆုံးရှုံးသွားရုံသာမက သူ၏ ချပ်ဝတ်တန်ဆာတစ်ဝက်နီးပါးကို ဆုံးရှုံးသွားပြီး ခွန်အား သိသိသာသာလျော့ကျသွား၏။ ဆန်းကျယ်နှင့် ရင်ဆိုင်နိုင်သည့်ခွန်အားတို့ ဆုံးရှုံးသွားသည်။
သူ့ကို သစ္စာဖောက်သွားသည့် ညီနောင်ကမူ ဆန်းကျယ်ကို တရားဝင်ဝင်ရောက်ခဲ့ပြီး ၎င်း၏ အဓိကအဖွဲ့ဝင်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
တစ်ဖက်တွင်မူ နတ်ဘုရားနယ်မြေထဲတွင် ပျံဝဲခြင်းငှက်မွှေး၏ ဘဝက ကျောက်တုံးအောက်ခြေနှင့် ရိုက်မိပြီဖြစ်သည်။ ပျံဝဲခြင်းငှက်မွှေး အဆုံးသတ်သွားပြီဟု လူတိုင်းက ယူဆခဲ့ကြ၏။ သို့သော် အချိန်တစ်ချို့ကုန်ဆုံးပြီးနောက် ဓာတ်ကြီးလေးပါးအသုံးပြုသူသည် အားလုံးရှေ့၌ ထပ်မံပေါ်ပေါက်လာပြန်သည်။ ထို့အပြင် သူ၏ ခွန်အားက မြေကမ္ဘာတုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဆန်းကျယ်မှ ထိပ်သီးကျွမ်းကျင်သူတစ်ဒါဇင်ကျော်ကို တစ်ဆက်ထဲ အနိုင်ယူခဲ့ကာ နတ်ဘုရားနယ်မြေထဲ၌ ချက်ချင်းကျော်ကြားလာတော့သည်။
ထိုအဖြစ်အပျက်က ဆန်းကျယ်ကို ဒေါသထွက်စေခဲ့၏။ အစည်းအရုံးသည် တုံ့ပြန်သည့်အနေဖြင့် မွန်းစတားအိုကြီးဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ကာ ပျံဝဲခြင်းငှက်မွှေးကို သတ်ဖြတ်ခိုင်းတော့သည်။
ထိုသို့တိုင် ပျံဝဲခြင်းငှက်မွှေးက မွန်းစတားအိုကြီး၏ အလိုက်ခံရမှုမှ လွတ်မြောက်ပြီး အသက်ရှင်သွားလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။ သို့သော် ထိုအဖြစ်အပျက်က လူတိုင်းသည် ပျံဝဲခြင်းငှက်မွှေး၏ လျှို့ဝှက်ချက်အကြောင်း သိသွားရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ ဓာတ်ကြီးလေးပါးအသုံးပြုသူသည် အများအမြင်အရှေ့၌ ပုန်းကွယ်နေစဥ် ဒဏ္ဍာရီလာအိုင်တမ်တစ်ခုကို ရရှိခဲ့သည်။ ယင်းက မွန်းစတားအိုကြီးထံမှ ပျံဝဲခြင်းငှက်မွှေးလွတ်မြောက်စေသော ဒဏ္ဍာရီလာအိုင်တမ်ပင် ဖြစ်သည်။
ပျံဝဲခြင်းငှက်မွှေးက ဉာဏ်ရှိရှိ ရှောင်တိန်းရမည့်နည်းကို သင်ယူခဲ့သည်။ သူက သူ၏ အချိန်အများစုကို နတ်ဘုရားနယ်မြေ ပင်လယ်ထဲတွင်သာ နေထိုင်ခဲ့သည်။ ပင်လယ်က ကျယ်ဝန်းပြီး အန္တရာယ်များသောကြောင့် ဆန်းကျယ်တောင် ဓာတ်ကြီးလေးပါးအသုံးပြုသူဆီကို မရောက်နိုင်ခဲ့ပေ။
အချိန်တစ်ချို့ကြာပြီးနောက် ဓာတ်ကြီးလေးပါးအသုံးပြုသူသည် ပျံဝဲခြင်းငှက်မွှေး၏ အလားအလာကို သဘောကျပြီး သံလွင်ကိုင်းခက်ကို ကမ်းလှမ်းခဲ့သည်။ ဆန်းကျယ်ကို လဲ့စားချေရန်အတွက် တိုက်ပွဲဝင်ဝံပုလွေသို့ဝင်ရန် သဘောတူခဲ့ပြီး စူပါအစည်းအရုံး၏ အဓိကအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ အဆုံးတွင်မူ သူက အစည်းအရုံးပင်လယ်ထဲသို့ စွန့်စားသွားလာချိန်၌ ဆန်းကျယ်က ပြဿနာရှာမှုများစွာကို ကြုံတွေ့ခဲ့ရသည်။
တစ်ကိုယ်တော်ကစားသမားများစွာက ပျံဝဲခြင်းငှက်မွှေး၏ စွန့်စားသွားလာမှုကို ချီးကျူးခဲ့ကြပြီး နတ်ဘုရားနယ်မြေထဲတွင် ဂန္တာဝင်ဖြစ်လာတော့သည်။
ပြီးနောက် ရှီဖုန်းသည် ခပ်ဝေးဝေးကနေ ပျံဝဲခြင်းငှက်မွှေးကိုကြည့်နေသည့် ကစားသမားလေးဦးကို ကြည့်လိုက်သည်။ ထိုကစားသမားလေးဦးတွင် အဆင့်အနိမ့်ဆုံးက အဆင့် (၃၈) ကျိန်စာအသုံးပြုသူဖြစ်ပြီး ကျန်သည့်သုံးဦးက အဆင့် (၃၉) ကစားသမားများ ဖြစ်ကြသည်။ ပျံဝဲခြင်းငှက်မွှေးကဲ့သို့ အဆင့် (၄၀) ဓာတ်ကြီးလေးပါးအသုံးပြုသူအပါအဝင် ထိုအဖွဲ့က အတော်သန်မာပေ၏။
” ခင်ဗျားတို့တွေ ဘယ်ကျွန်းကို သွားမှာလဲ … ”
ရှီဖုန်းက မေးလိုက်၏။
သူ၏ ယခင်ဘဝအချိန်အရ ပျံဝဲခြင်းငှက်မွှေးသည် ယခုအချိန်တွင် စွန့်စားသူအဖွဲ့တစ်ဖွဲ့ စတင်ဖွင့်ရုံမျှသာ ရှိလောက်သေးသည်။ သူ့ကို ဇီးရိုးဝင်းထဲခေါ်ရန်က အလွန်ခက်ခဲသော်ငြား အသိအကျွမ်းဖြစ်ထားခဲ့လျှင် အထိအခိုက်ရှိမှာ မဟုတ်ချေ။
သူသွားလိုသည့်နေရာက ပျံဝဲခြင်းငှက်မွှေး၏ နေရာနားရောက်မည်ဆိုလျှင် သူက ဓာတ်ကြီးလေးပါးအသုံးပြုသူ၏ အဖွဲ့နှင့် လိုက်ပါသွားမှာပဲ ဖြစ်သည်။
” ကျုပ်တို့က ရွှေသဲကျွန်းစုကို သွားမလို့ … လမ်းတစ်လျှောက်က အတော်အန္တရာယ်များတယ်ဆိုပေမဲ့ အဲ့ဒီကိုသွားတဲ့ ကစားသမားအချို့က ရှိပြီးသား … အရင်းအမြစ်တွေက အင်မတန်ကြွယ်ဝတယ် … ကျုပ်တို့က ရတနာသေတ္တာ ဒါမှမဟုတ် ထူးခြားတဲ့အဖွဲ့မြေအောက်စခန်းတွေ ရှာမတွေ့ရင်တောင် ပိုက်ဆံအတွက် ကုန်ကြမ်းတွေ တော်တော်များများ ရိတ်သိမ်းလို့ရမှာပဲ … ကျွန်းစုကိုသွားဖို့ လမ်းကြောင်းကတော့ ကျုပ်တို့အဖွဲ့က လျှို့ဝှက်မျှော်စင်ဆီကနေ လုံခြုံတဲ့လမ်းကြောင်းတစ်ခု ရှိပြီးသား … ကျုပ်တို့ ဂရုစိုက်နေသရွေ့ လမ်းတစ်လျှောက် ဘာမှဖြစ်မှာမဟုတ်ဘူး … ”
ရှီဖုန်း၏ စိတ်ဝင်စားမှုကို သတိပြုမိသည့်အချိန်တွင် ပျံဝဲခြင်းငှက်မွှေးက လျင်မြန်စွာ ရှင်းပြလိုက်သည်။
” ရွှေသဲကျွန်းစုလား … ”
ရှီဖုန်း၏ မျက်လုံးထဲတွင် အံ့သြသည့်အရိပ်အယောင် ဖျက်ခနဲပေါ်လာ၏။ ပြီးနောက် သူသည် ပျံဝဲခြင်းငှက်မွှေးကို ကြည့်လိုက်တော့သည်။
ရှီဖုန်းသည် အတိတ်တုန်းက ရွှေသဲကျွန်းစုဆီသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ ထိုကျွန်းစုက အလယ်အလတ်အရွယ်အစားခန့်ရှိသော ကျွန်းတစ်ကျွန်းဖြစ်ပြီး လူရိုင်းကျွန်းနှင့် အနည်းငယ်သာ ဝေးပေ၏။ ကျွန်းစုသည် အန္တရာယ်များသည့် ပင်လယ်ဒေသနှင့်လည်း အလွန်နီးကပ်နေ၏။ ကစားသမားများ၏ လက်ရှိစံသတ်မှတ်ချက်ဖြင့် ခရီးစဥ်က အလွန်စွန့်စားရာရောက်နေမှာပဲ ဖြစ်သည်။
သို့သော် အတိတ်တုန်းက ပျံဝဲခြင်းငှက်မွှေး၏ အောင်မြင်ကျော်ကြားမှုများက ထိုစွန့်စားမှုကို ယူလိုသည့်အမူအကျင့်နှင့် အတော်လေးသက်ဆိုင်နေပေသည်။
သူသည် သာမန်ကစားသမားများကဲ့သို့ နတ်ဘုရားနယ်မြေထဲတွင် ဆော့ကစားခဲ့ပြီး သမုဒ္ဓရာရှု့မြင်မြို့နှင့် နီးကပ်သည့် ကျွန်းစုတစ်ဝိုက်သာ လှည့်လည်သွားလာနေခဲ့လျှင် သူသည် ဤကဲ့သို့ ဖြုန်လောက်သည့် ကံကောင်းသည့် လက္ခာဏာရပ်များနှင့် ကြုံတွေမှာ မဟုတ်ပေ။
စွန့်စားမှုနှင့် အခွင့်အရေးသည် ပင်လယ်ထဲသို့ စူးစမ်းသွားလာသည့်အချိန်တွင် အမြဲတမ်းရရှိ၏။ ရွှေသဲကျွန်းစုက အရင်းအမြစ်ကြွယ်ဝသော ကျွန်းများဟူ၍ သတ်မှတ်န်ုင်စည့်အထဲ ပါသည်။
အကျော်ကြားဆုံးက ကျွန်းစု၏ ဗဟိုရှိ ရှေးဟောင်းအပျက်အဆီးနယ်မြေပင် ဖြစ်သည်။
ရှေးဟောင်းအပျက်အဆီးနယ်မြေအတွင်း၌ ဆန်းကျယ်သောကုန်သည်ရှိပြီး အပတ်တိုင်းတွင် ထိုကုန်သည်က ရှားပါးသောအိုင်တမ်များ ရောင်းချမှာ ဖြစ်သည်။ ကံကောင်းလျှင် သူတို့က ထိုကုန်သည်ကိုတောင်ရှာတွေ့ပြီး သူက အံ့ဖွယ်အိုင်တမ်များ ရောင်းချလောက်သည်။ သို့သော် ထိုကုန်သည်လက်ခံသည့်ငွေကြေးက မှော်သလင်းသာဖြစ်၏။ ထို့အပြင် လှည့်လည်သဟ့်နှုန်းက ဈေးကွက်တန်ဖိုး၏ တစ်ဝက်တောင်မရှိပေ။ လှဲလှယ်မှုက မထိုက်တန်ပေ။ တစ်ခါတစ်ရံတွင် ကုန်သည်ရောင်းချသည့် အိုင်တမ်များက အကြမ်းမျဥ်းဈေးနှင့် တန်ပေ၏။
ရှီဖုန်းသည် မှော်မျှော်စင်ကို တည်ဆောက်သည်နှင့် ရွှေသဲကျွန်းသို့သွားရန် ရည်ရွယ်ခဲ့တာ ဖြစ်သည်။ သို့သော် လူရိုင်းကျွန်းသို့မသွားခင် ရွှေသဲကျွန်းသို့ သွားခြင်းကလည်း ဆိုးဝါးသည့် အကြံဉာဏ်တစ်ရပ်မဟုတ်ပေ။
” ကျုပ် ခင်ဗျားနဲ့ လိုက်နိုင်ပါတယ် … ဒါပေမဲ့ ကျုပ်အဲ့ဒီကိုရောက်တဲ့အခါ ကျုပ်ဘာသာကျုပ်တစ်ယောက်ထဲ သွားချင်တယ် … အဆင်ပြေလား … ”
ရှီဖုန်းက မေးလိုက်၏။
အချို့ကိစ္စများကို စဥ်းစားပြီးနောက် ပျံဝဲခြင်းငှက်မွေး ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
” ကျုပ် ပြဿနာမရှိဘူး … ”
လက်တွေ့တွင်မူ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သွားလိုသည့်နေရာကို လုံလုံခြုံခြုံရောက်ခြင်းက ပင်လယ်ရေကြောင်းခရီးရှည်တွင် အဖွဲ့များဖွဲ့ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ အဖွဲ့များက ပြိုကွဲမည်လား သို့မဟုတ် ရှေ့ဆက်သွားမည်ဟုသည်က အရေးမကြီးပေ။ ဆိုရလျှင် ကစားသမားများက မြို့သို့ပြန်နိုင်အတွက် ပြန်ရောက်ခြင်းစာလိပ်ကို အသုံးပြုနိုင်ပေသည်။
ပြီးနောက် ပျံဝဲခြင်းငှက်မွှေးက ရှီဖုန်းကို သူ့အဖွဲ့ဆီ ခေါ်သွားပြီး အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ လက်ရှိတွင် ရှီဖုန်းက သူ၏ အမည်ကို မဖုံးကွယ်ထားပေ။ သူက ရီဖုန်းဟူသော အမည်ကိုသာ သုံး၏။
သူ၏ အမည်က ကြယ်လတိုင်းပြည်ထဲတွင် ကျော်ကြားကောင်းကျော်ကြားနိုင်သော်ငြား ကမ္ဘာပျက်ကပ်အင်ပါယာထဲတွင်မူ မည်သူမှ မသိကြပေ။ ကမ္ဘာပျက်ကပ်အင်ပါယာထဲတွင်မူ အဓိက အင်အားစုကြီးများ သို့မဟုတ် ပထမတန်းအစည်းအရုံးများ၏ အထက်အရာရှိများမှအပ မည်သူမှမသိကြပေ။ ထို့ကြောင့် ရှီဖုန်းသည် သူ၏ နာမည်ကို ဖုံးကွယ်မနေတော့ချေ။
” ခေါင်းဆောင် … ခေါင်းဆောင်က တကယ်အထင်ကြီးဖို့ကောင်းတာပဲ … အဆင့် (၄၀) ကျွမ်းကျင်သူကိုတောင် ကျုပ်တို့နဲ့အတူသွားဖို့ ဖိတ်ခေါ်နိုင်ခဲ့တယ် … ဒီလိုဆိုရင် ကျွန်မတို့တွေ ပင်လယ်ထဲမှာ ပိုလုံခြုံပြီပဲ … ”
ဆံပင်မြင့်မြင့်စီးထားသော အမျိုးသမီးကျိန်စာအသုံးပြုသူက လူရွယ်ကို ချီးကျူးလိုက်တော့သည်။
ကျန်သည့်အဖွဲ့ဝင်များကလည်း ရှီဖုန်း၏ ပါဝင်လာမှုကို ကြိုဆိုကြသည်။
ကစားသမားများက ဆိပ်ကမ်းတွင် အဖွဲ့များဖွဲ့နေစဥ် ဆိပ်ကမ်းတွင် ကစားသမားများဖွဲ့သော အဖွဲ့များထဲတွင် အဆင့် (၃၉) ကစားသမားက အများစုဖြစ်ပြီး အဆင့် (၄၀) ကစားသမားက အင်မတန်ရှားပါးသည်။ ကစားသမားများသည် အဆင့် (၄၀) သို့ ရောက်ရှိသည်နှင့် သူတို့သည် အဆင့် (၄၀) ချပ်ဝတ်တန်ဆာ ဝတ်ဆင်နိုင်မည်ဖြစ်သည်။ အခြေခံအရည်အချင်းအရာတွင် အဆင့် (၃၉) ကစားသမားများက အဆင့် (၄၀) ကစားသမားများအောက် တစ်ဆင့်လျော့နေပေသည်။
အဖွဲ့တစ်စု၌ အဆင့် (၄၀) ကစားသမားတစ်ဦး ရှိနေခဲ့လျှင် အဖွဲ့၏ အလုံးစုံခွန်အားက သိသိသာသာတိုးသွားပေလိမ့်မည်။ အဆင့် (၄၀) ကစားသမားနှစ်ဦးရှိနေလျှင် သူတို့က သာမန်မွန်းစတားတစ်ကောင်ကို ကြုံတွေရမည်ဆိုလျှင်တောင် သူတို့က ထွက်ပြေးရန်အတွက် အချိန်လုံလောက်မှာပဲ ဖြစ်သည်။
ထိုနည်းဖြင့် သူတို့အဖွဲ့သည် ရွှေသဲကျွန်းစုဆီသို့သွားရန် အခွင့်အရေးပိုမြင့်မားပေလိမ့်မည်။
” အားလုံး ဒီရောက်ပြီဆိုတော့ လှေငှားရအောင် … ရွက်လွင့်ဖို့ ငါးဖမ်းလှေသုံးဖို့ အကြံပြုချင်တယ် … ပြီးခဲ့တဲ့အခေါက်က ရွက်မပါတဲ့လှေနဲ့ သွားတဲ့အချိန် ပင်လယ်မွန်းစတားတစ်ကောင်နဲ့ ကြုံတွေ့ခဲ့တာ … ကျုပ်တို့ရဲ့ ဓားစာခံကြောင့်သာ မဟုတ်ဘူးဆိုရင် သင်္ဘောပျက်လောက်ပြီ … ဒီတစ်ခေါက် ပိုသေးတဲ့သင်္ဘောကို ရွေးခဲ့မယ်ဆိုရင် လက်ရှိ ဂုဏ်သတင်းအရ ရွှေပြားလေးပြားတန်တဲ့လှေကို ငှားသင့်တယ် … ကျုပ်နဲ့အတူ ရွက်လွင့်ဖို့ဆန္ဒရှိတယ်ဆိုမှတော့ ညီအကိုရီဖုန်း ငှားရမ်းခ ဒါမှမဟုတ် စရန်ငွေပေးဖို့မလိုဘူး … ”
ပျံဝဲခြင်းငှက်မွှေးက ပြော၏။
အဖွဲ့ထဲတွင် ပျံဝဲခြင်းငှက်မွှေး၏ အဆိုပြုချက်ကို မည်သူကမှ ပြဿနာမရှိကြချေ။ သမုဒ္ဓရာရှု့မြင်မြို့ထဲတွင် အဆင့် (၄၀) သို့ရောက်သည့်သူများက အလွန်အစွမ်းထက်သော ကျွမ်းကျင်သူများ ဖြစ်သည်။ ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ဦးကို သူတို့အဖွဲ့ထဲသို့ဝင်အောင် ဖြောင်းဖြနိုင်ခဲ့ခြင်းက မဖြစ်နိုင်လုနီးပါးဖြစ်ရာ ရှီဖုန်းကို လှေငှားခပေးရန် သူတို့ မည်ကဲ့သို့ တောင်းဆိုနိုင်မည်နည်း။
ပျံဝဲခြင်းငှက်မွှေးက လှေငှားတော့မည့်အချိန်တွင် ရှီဖုန်းက သူ့ကို တားလိုက်၏။
” ကျေးဇူးပြုပြီး တစ်မိနစ်လောက်စောင့်ပါ … ကျုပ်မှာ လှေတစ်စင်းရှိတယ် … ဒီတော့ လှေငှားပြီး ပိုက်ဆံဖြုန်းနေဖို့ မလိုဘူး … “