ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1053 ပညာရှင်တစ်ဦး၏ အသုံးအဆောင်များ
ရှီဖုန်း၏ မေးခွန်းကို ကြားသောအခါ ကွတ်က စာရင်းတစ်ခုကို ချက်ချင်းထုတ်လိုက်လေ၏။
” ဘော့စ်၊ ဒါက တိုက်ပွဲပြိုင်ကွင်းရဲ့ဝင်ငွေနဲ့ သုံးစွဲစရိတ်၊ ပြီးတော့ ရည်မှန်းထားတဲ့ ဝင်ငွေလည်း ပါပါတယ်၊ ကျုပ်တို့ရဲ့ လက်ရှိဝင်ငွေနဲ့ဆိုရင် မြေအောက်တစ်လွှာတည်ဆောက်ဖို့အတွက် အကြံပြုချင်ပါတယ်၊ ဤနည်းနဲ့ ဧည့်သည်တွေ ပိုမိုလက်ခံနိုင်မှာပါ”
ကွတ်က အကြံပြုလိုက်သည်။
ရှီဖုန်းသည် အနည်းငယ်စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
” ကောင်းပြီ၊ သွားကြတာပေါ့”
မြို့ထဲရှိ အဆောက်အဦများကို အထက်ရောအောက်ပါ တည်ဆောက်နိုင်၏။
အဆောက်အဦ အောက်၌ တည်ဆောက်သည်စရိတ်က ပိုမြင့်မားသည်။ မြေအောက်တစ်လွှာ တည်ဆောက်ခြင်းက ရွှေပြားနှစ်ထောင်လိုအပ်ပြီး သာမန်တစ်လွှာတည်ဆောက်ခြင်းထက် ရွှေပြားတစ်ထောင် ဝေးပိုကြီးသည်။ ထို့ကြောင့် ရှီဖုန်းသည် တိုက်ပွဲပြိုင်ကွင်းကို မြေအောက်၌ချဲ့ထွင်ရန် တစ်ခါမှမတွေးဖူးတာ ဖြစ်၏။
သို့သော် တိုက်ပွဲပြိုင်ကွင်း၏ ကျော်ကြားမှုက သူထင်ထားတာထက် ကျော်လွန်နေသည်။ သူတို့က မြေအောက်တစ်လွှာ တည်ဆောက်ခဲ့လျှင် ပထမအလွှာခန်းမထက် ပိုကျယ်ဝန်းအောင် ပြုလုပ်နိုင်မှာလည်း ဖြစ်သည်။ တိုက်ပွဲပြိုင်ကွင်း၏ လက်ရှိကျော်ကြားမှုဖြင့် သူတို့ ကုန်ကျစရိတ်ကို ပြန်ရရှိရန် အချိန်အနည်းငယ်သာ လိုအပ်မှာပဲ ဖြစ်သည်။
ပြီးနောက် ရှီဖုန်းသည် ကွတ်အား ရွှေပြားနှစ်ထောင်ပေးပြီး မြေအောက်အလွှာ တည်ဆောက်ခြင်းအတွက် သူ့ကို စီမံခိုင်းလိုက်သည်။ ရှီဖုန်းကမူ ကွတ် သူ့ကိုပေးသည့် အကောင့်စာရင်းများကို ကြည့်လိုက်လေ၏။
” ဘယ်လို နှစ်ရက်မပြည့်ခင်မှာတင် ဒီလောက်များတဲ့ မှော်သလင်းတွေ ရပြီးပြီလား”
ရှီဖုန်းသည် စာရင်းကို ကြည့်မိသည့်အချိန်၌ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်မိသွားသည်။
လက်ရှိတွင် တိုက်ပွဲပြိုင်ကွင်းက စာရင်းသွင်းထားသည့်အဖွဲ့ဝင် (၄၁၆) ယောက် ရှိနေပြီ ဖြစ်သည်။ ထိုအခြေအနေက မယုံနိုင်စရာကောင်းလှကြောင်း ရှီဖုန်း သိလိုက်ရ၏။
စာရင်းသွင်းခ မှော်သလင်းတစ်ရာဖြင့် သူတို့သည် အဖွဲ့ဝင် (၄၁၆) ယောက်ဆီမှ စုစုပေါင်းမှော်သလင်း လေးသောင်းတစ်ထောင့်ခြောက်ရာ ရခဲ့ပြီဖြစ်သည်။ ရေဗန်ထံမှ သူရရှိသည်ထက် စာရင်းသွင်းခမှရရှိသည့် မှော်သလင်းက ပိုများနေသည်။
တိုက်ပွဲဝင်အခန်းငှားရမ်းခမှ အကျိုးအမြတ်အနေဖြင့် မှော်သလင်းငါးရာသုံးဆယ့်ကိုးခုလည်း ရထားသည်။ သူတို့က ယခုအချိန်တွင် မြေအောက်အလွှာတည်ဆောက်ခဲ့လျှင် ကစားသမားများ ငှားရမ်းရန်အတွက် တိုက်ပွဲဝင်အခန်းများ ထပ်ရရှိမှာပဲ ဖြစ်သည်။ တိုက်ပွဲပြိုင်ကွင်း၏ ဝင်ငွေက ပိုတောင်ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။
ထိုနည်းဖြင့် ယခုအချိန်တွင် ရှီဖုန်းက သူထံတွင် မှော်သလင်း (၄၂၁၃၉) ရှိနေပြီ ဖြစ်သည်။ ထိုပမာဏကို ပို့ဆောင်ရေးအိမ်တော်၌ မြှုပ်နှံခဲ့လျှင် တွေးကြည့်ရုံဖြင့် ရွှင်ပြလန်းဆန်းသွားစေသည်။
သို့သော် မှော်သလင်းများကို ပို့ဆောင်ရေးအိမ်တော်၌ မြှုပ်နှံရန် ရည်ရွယ်ချက်မရှိပေ။ ဆိုရလျှင် ယခုအချိန်၌ သူ မှော်သလင်းသုံးစွဲရန် လုပ်ငန်းက များပြားလွန်းသည်။
ပြီးနောက် ရှီဖုန်းသည် မှော်သလင်းများကိုယူပြီး မြစ်ဖြူမြို့သို့ တန်းပြန်လာလေ၏။
မြစ်ဖြူမြို့ပို့ဆောင်ရေးခန်းမထဲတွင် ဖြစ်သည်။ ရှီဖုန်းသည် မြို့သို့ ပြန်လာသည်နှင့် အဆင့်အလွန်မြင့်မားသော အစည်းအရုံးကစားသမား အဖွဲ့များစွာကို တွေ့လိုက်ရသည်။ ထိုအဖွဲ့များကို ဦးဆောင်နေသည့် ကစားသမားများက အဆင့် (၄၀) ကျွမ်းကျင်သူများ ဖြစ်နေကြသည်။ ထိုအစည်းအရုံးများထဲတွင် ကျန်သည့်တိုင်းပြည်များနှင့် အင်ပါယာများထဲတွင် အခြေစိုက်ထားသော ပထမနှင့် ဒုတိယတန်းအစည်းအရုံးများလည်း ပါဝင်၏။
တခြားတိုင်းပြည်ရဲ့ ဒီလောက်များတဲ့ အစည်းအရုံးကြီးတွေက မြစ်ဖြူမြို့ကို ဘာကြောင့် ရုတ်တရက်ရောက်လာရတာလဲ။ ရှီဖုန်းသည် ပို့ဆောင်ရေးခန်းမ၌ အုံနေသော အစည်းအရုံးကစားသမားကို ကြည့်ပြီး မှင်သက်နေ၏။
သူတို့က ဇီးရိုးဝင်းရဲ့ အကြပ်အတည်းကို အမြတ်ထုတ်ဖို့ ဒီရောက်လာတာများလား။
ရှီဖုန်းသည် ထိုအတွေးကို ငြင်းဆန်လိုက်သည်။ ရေနက်အစည်းအရုံးသာလျှင် ဇီးရိုးဝင်းကို ဖြေရှင်းရန် စီစဥ်နေတာပဲ ဖြစ်သည်။ ယင်းက အမှန်တကယ် မစတင်ရသေးချေ။ ရေနက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ကျားတောင်ရိုးမြို့၏ မွန်းစတားများအရေးကိစ္စအတွက်မူ တစ်ဖက်လူက သူနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးနေသောကြောင့် လျှို့ဝှက်မျှော်စင်ထံမှ သတင်းအချို့ ရထားပြီးသား ဖြစ်သည်။ ထို့ကြောင့်အခြားသော တိုင်းပြည်များ၏ အစည်းအရုံးကြီးများအဖို့ ထိုအရေးကိစ္စအကြောင်း တွေ့ရှိဖို့က မဖြစ်နိုင်ပေ။
ရေနက်နှင့် မဟာမိတ်ဖွဲ့ထားသော ပန်သီအွန်အတွက်မူ ပန်သီအွန်က ထိုအရေးကိစ္စကို လျှို့ဝှက်ထားရန် ရည်ရွယ်နေတာ သိသာနေပေ၏။ မဟုတ်လျှင် အစောထဲက ကြယ်လတိုင်းပြည်ထဲ၌ ဆူညံ့ပွတ်လောရိုက်နေမှာပဲ ဖြစ်သည်။
” ခေါင်းဆောင် ဇီးရိုးဝင်းက ပို့ဆောင်ရေးအိမ်နားက မြေတွေကို ရောင်းချချင်စိတ်ရှိတယ်လို့ သတင်းရထားတယ်”
” ကောင်းတယ်၊ အဲဒီကို ချက်ချင်းသွားရအောင်၊ မြေတစ်နေရာရမယ်ဆိုရင် လွတ်လပ်ခြင်းလေက အဖွဲ့ဝင်တွေ ပိုမိုစေလွှတ်နိုင်တော့မှာ၊ ငါတို့အစည်းအရုံးတွေ အမြွှာတိုင်းပြည်က ရှေးအပျက်အစီးနယ်မြေထဲမှာ အခွင့်အရေးပိုရလာလိမ့်မယ်”
အရပ်မြင့်မြင့် အဆင့် (၄၀) ရိန်းဂျားတစ်ဦးက ပြောပြီး သူ၏ မျက်ဝန်းများက ထိုသတင်းကို ကြားသည့်အချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ မီးခိုးရောင်သံချပ်ကာကို ဝတ်ဆင်ထားသော ရိန်းဂျားက သူ၏ နောက်ကျောတွင် အပြာရောင်လေးရှည်ကို ကိုင်ဆိုင်ထားလေ၏။
တွေဝေမနေဘဲ ရိန်းဂျားက ပို့ဆောင်ရေးခန်းမကနေ သူ၏ အယောက်တစ်ရာအဖွဲ့ကို ဦးဆောင်ခေါ်သွားလေ၏။ လွတ်လပ်ခြင်းလေဟူ၍ သိကြသည့် အစည်းအရုံးက ကြယ်လတိုင်းပြည်၏ ကစားသမားများအတွက် စိမ်းသက်နေလောက်သည်။ သို့သော် နတ်ဘုရားနယ်မြေ၏ ကုန်းမြေဗဟိုဒေသနားတွင်ရှိသော အထွတ်အမြတ်ဓမ္မတေးတိုင်းပြည်တွင် နေထိုင်သည့်သူများအတွက်မူ ယင်းက ကြားနေကြအမည်ပင် ဖြစ်သည်။
အစည်းအရုံး၏ ဂုဏ်သတင်းကျော်ကြားရခြင်း အကြောင်းအရင်းကမူ သူတို့သည် ဒုတိယတန်း အစည်းအရုံးဖြစ်သော်ငြား အထွတ်အမြတ်ဓမ္မတေးတိုင်းပြည်ထဲတွင် သူတို့က အခြေစိုက်နေထိုင်ခဲ့သောကြောင့် မျက်နှာဖျက်ရာ ရောက်နေသည်။ ထိုအခြေအနေက တိုင်းပြည်တစ်ခုလုံး၏ အရှင်သခင်ကို ချက်ချင်းတင်မြောက်ခဲ့၏။ ယင်းက နတ်ဘုရားနယ်မြေထဲတွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာသည့် အစည်းအရုံးများစွာက လွတ်လပ်ခြင်းလေသည် အစွမ်းထက်သော ကော်ပိုရေးရှင်းတစ်ခု ပိုင်ဆိုင်ထားလားဟုတောင် သံသယဝင်လာကြ၏။
အမှန်တကယ်တွင် ရှီဖုန်း သိသရွေ့က လွတ်လပ်ခြင်းလေ၏ နောက်ခံက အဓိကကော်ပိုရေးရှင်းသာမက အပြင်လောကတွင် လူသိများသော တိုကျိုတစ်ခုလည်း ဖြစ်သည်။ အစည်းအရုံးသည် ကျွမ်းကျင်သူများကို တစ်သုတ်ပြီးတစ်သုတ် ပျိုးထောင်နိုင်၏။ အတော်အတန်သန်မာသည့် ပထမတန်းအစည်းအရုံးများကတောင် လွတ်လပ်ခြင်းလေကို လိုက်မမှီကြပေ။
သို့သော် အထွတ်အမြတ်ဓမ္မတေးတိုင်းပြည်က ကြယ်လတိုင်းပြည်နှင့် အလွန်ဝေးကွာ၏။ တိုင်းပြည်နှစ်ပြည်ကြားက အကွာအဝေးသည် ကြယ်လတိုင်းပြည်နှင့် ပို့ဆောင်ခ အင်မတန်ဈေးကြီးသော ကမ္ဘာပျက်ကပ်အင်ပါယာကြား အကွာအဝေးထက်တောင် ပိုကြီး၏။ ထိုသို့တိုင် လွတ်လပ်ခြင်းလေက ကစားသမားအယောက်တစ်ရာအဖွဲ့ကို ဤနေရာသို့ စေလွှတ်သေးသည်။
ရှေးဟောင်းမျှော်စင်က အမြွှာမျှော်စင်တိုင်းပြည်မှာလား။ ရှီဖုန်းသည် လွတ်လပ်ခြင်းလေအဖွဲ့ဝင်များပြောသည့်စကားကို တိတ်တဆိတ် တွေးလိုက်မိ၏။
အစည်းအရုံးတွေ အများကြီးကို စွဲဆောင်နိုင်စွမ်းရှိတဲ့ အပျက်အစီးနယ်မြေအကြောင်း ပြောနေတာဆိုရင် ကောင်းကင်ကိုးကွယ်၀င်္ကပါက အသက်ဝင်လာတဲ့ပုံပဲ။
အမြွှာမျှော်စင်တိုင်းပြည်က ကြယ်လတိုင်းပြည်နှင့် အလွန်နီးသည်။ ထို့ကြောင့် သူက အတော်အသင့် ဗဟုသုတ ရှိပေ၏။
အမြွှာမျှော်စင်တိုင်းပြည်ထဲတွင် ရှေးဟောင်းအပျက်အစီးနယ်မြေ များများစားစားမရှိချေ။ အမှန်တကယ်တွင် လက်တစ်ဖက်ဖြင့်တောင် ရှီဖုန်း သူတို့ကို ရေတွက်၍ ရသည်။ သူက လက်ရှိကစားသမားများ တူးဖော်ရှာဖွေနိုင်သည့် အပျက်အစီးနယ်မြေများကို ရွတ်ပြမည်ဆိုလျှင် ယင်းက ကောင်းကင်ကိုးကွယ်၀င်္ကပါသာ ရှိသည်။
ကောင်းကင်ကိုးကွယ်၀င်္ကပါက ရှေးဟောင်းအပျက်အစီးနယ်မြေဖြစ်သောကြောင့် ကျသည့်ပစ္စည်းများက အမှန်တကယ် အထင်ကြီးဖွယ်ကောင်းတာ သဘာဝကျပေ၏။ လက်ရှိတွင် ကစားသမားက ၀င်္ကပါထဲတွင် စီးတော်ဟာဥ်များအတွက် လှည့်လည်နိုင်ပေ၏။ ယင်းက အဆင့်မြင့်စီးတော်ယာဥ်များ ရယူရန်အတွက် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
သို့သော် ကောင်းကင်ကိုးကွယ်၀င်္ကပါထဲဝင်ခြင်းက ထိုမျှမလွယ်ကူချေ။ ကစားသမားများ တစ်ဦးချင်းစီ၏ ခွန်အားအတွက် အလွန်မြင့်မားသည့် လိုအပ်ချက်ရှိကြသည်။ အနည်းဆုံးတော့ ကစားသမားများသည် ၀င်္ကပါထဲ ဝင်ရောက်နိုင်ရန်အတွက် စမ်းသပ်ခြင်းမျှော်စင်၏ ဆဋ္ဌမအလွှာကို နားလည်နိုင်စွမ်း ရှိရမှာ ဖြစ်သည်။ ထိုလိုအပ်ချက်က ကျွမ်းကျင်ကစားသမားများစွာအတွက် မဖြစ်နိုင်ချေ။ တစ်နည်းဆိုရလျှင် အစည်းအရုံးကြီးများသာလျှင် ၀င်္ကပါဆီသို့ ကစားသမားအချို့ကို စေလွှတ်နိုင်တာ ဖြစ်သည်။ အစည်းအရုံးလေးများအတွက်မူ သူတို့သည် အပြင်ဘက်ကနေ ၀င်္ကပါကိုသာ စိုက်ကြည့်နိုင်၏။
ဟုတ်တယ်။ ကောင်းကင်ကိုးကွယ်၀င်္ကပါရှိနေသေးတာပဲ။ ရှီဖုန်း၏ ခေါင်းထဲ၌ အကြံတစ်ခု ပေါ်လာတော့၏။
ကောင်းကင်ကိုးကွယ်၀င်္ကပါကို သုံးပိုင်းပိုင်းထား၏။ ခက်ခဲမှုအနိမ့်ဆုံးအလွှာက အပြင်ပိုင်းဧရိယာ ဖြစ်သည်။ ကစားသမားများသည် ကျောက်ပြားစာများ ရနိုင်ပြီး အဆင့်မြင့်စီးတော်ယာဥ်များနှင့် လဲလှယ်နိုင်ကာ သူတို့သတ်ဖြတ်သည့် မွန်းစတားများထံမှ ကျလာ၏။ အပြင်ဘက်အလွှာက အနက်ရောင်မြူဧရိယာဖြစ်ပြီး ဘုရားကျောင်းဧရိယာလည်း ဖြစ်သည်။
အနက်ရောင်မြူဧရိယာတွင် ကစားသမားများက ရှေ့ခေတ်ကသုံးသည့်လက်နက်များအတွက် လဲလှယ်နိုင်ပြီး ပိုအဆင့်မြင့်သည့် စီးတော်ယာဥ်များကိုလည်း လဲလှယ်နိုင်၏။
လက်ရှိ လက်နက်များအတွက် ယှဥ်ပြိုင်နိုင်ခြင်း မရှိသော်ငြား သူတို့က ခုခံခြင်းအမြောက်ကဲ့သို့ အဆင့်နိမ့်ကိရိယာထက်တော့ ပိုကောင်းသေးသည်။ တစ်ခုတည်သော ပြဿနာက ထိုလက်နက်များကို လဲလှယ်ရန်အတွက် လိုအပ်သည့် ကျောက်ပြားအပိုင်းအစပမာဏက များပြားလွန်းနေတာပဲ ဖြစ်သည်။ ထိုအချက်ကို တွေးနေစဥ် ရှီဖုန်းက ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသို့ သွားလိုက်၏။
လက်ရှိတွင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ သတ္တမအလွှာအစည်းအဝေးခန်းက တိုက်တန်၏ သူတော်စင်မြို့မှ ပြန်လာသော ဘဝပုံစံကစားသမားများနှင့် ပြည့်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် ရှီဖုန်းက အဆင့်ဘဝပုံစံကစားသမားအရေအတွက် လေးဆယ်အထိ တိုးလာတာကို တွေ့လိုက်ရသည်။ ကျန်သည့်သူများက အဆင့်မြင့်ဘဝပုံစံကစားသမားများ ဖြစ်လာနိုင်ချေ ရှိသည်။ သူတို့ကို သူတော်စင်မြို့မှ စောထွက်ရန်မပြောခဲ့လျှင် ဖြစ်လောက်ပေ၏။ လွမ်းဆွေးခြင်းအပြုံး၊ ခရင်ကိုးကိုးအားနှင့် အဆင့်မြင့်ဘဝပုံစံကစားသမားအဆင့်သို့ ရောက်ပြီဖြစ်သည့် ကျန်သည့်သူများက ပြောင်းလဲမှုများစွာကို ကြုံတွေ့ခဲ့ပြီ ဖြစ်သည်။
သူတို့သည် နှစ်ရက်သာ ခွဲခဲ့ရသော်ငြား သူတို့ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အရှိန်အဝါတို့က မြေကမ္ဘာတုန်လှုပ်ဖွယ်ပြောင်းလဲမှု ဖြစ်ပေါ်လာတော့သည်။
” ဟမ်၊ ပညာရှင်တစ်ယောက်ရဲ့ တံဆိပ်လား”