ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1056 မဟာပညာရှင် မှော်အစီအရင်
ခုံနောက်တွင် ထိုင်နေသော စွန့်ပစ်ခံလှိုင်းက ချင်မုယွင်၏ စကားများကိုကြားသည့်အချိန်တွင် မျက်မှောင်အနည်းငယ်ကြုတ်သွားလေ၏။ အမှန်တကယ်တွင် ကျောက်တောမြို့၏ လက်ရှိအခြေအနေကြောင့် သူလည်း မသက်မသာ ဖြစ်မိသည်။ ကျောက်တောမြို့ထဲတွင် မှော်မျှော်စင် တည်ဆောက်ထားမှုကြောင့် ဇီးရိုးဝင်း၏ လက်ရွေးစင်များနှင့် ကျွမ်းကျင်ကစားသမားများစွာက ထိုနေရာတွင် စုဝေးနေကြပြီး မြို့ကို စီးနင်းတိုက်ခိုက်ရန် ခက်ခဲမှုကို သိသိသာသာတိုးသွားစေ၏။
ယခုမူ လှည့်လည်သွားလာနေသော ကုန်သည်များပါ ပေါင်းလိုက်ရာ ဇီးရိုးဝင်းကို ဝင်ချင်သည့် တစ်ကိုယ်တော်ကစားသမားများက ပိုများလာပေလိမ့်မည်။
ထိုကစားသမားများက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များ ဖြစ်လာသည်နှင့် သူတို့က တိုက်ပွဲပြိုင်ကွင်းအတွင်းရှိ အဖွဲ့ဝင်အကျိုးခံစားခွင့်ကို ရရှိရုံသာမက သူတို့သည် အစည်းအရုံး ရွေ့ပြောင်းစာလိပ်ကြောင့် ကျောက်တောမြို့ဆီသို့ ခရီးနင်ရာတွင် အချိန်ပိုတိုတောင်းလာပြီး သက်သာပေလိမ့်မည်။
ဇီးရိုးဝင်ကို ဝင်ခြင်းဖြင့် အချိန်ပိုချွေတာနိုင်ခြင်းက စံသတ်မှတ်ချက်ကောင်းမွန်ပြီး ခွန်အားကောင်းသည့် တစ်ကိုယ်တော်ကစားသမားများစွာကို မက်မောစေသည်။
သူသည် တိုက်ပွဲပြိုင်ကွင်းပေါ်လာပြီး မကြာမီ၌ ဇီးရိုးဝင်းကိုဝင်ရန် ကြိုးစားနေသည့် ကစားသမားများစွာ တိုးလာကြောင်း သတင်းရပြီ ဖြစ်သည်။ ထို့အပြင် လက်တလောမှ ဇီးရိုးဝင်းကို ဝင်လာကြသည့် လက်ရွေးစင်များနှင့် ကျွမ်းကျင်ကစားသမားများသည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောက်တောမြို့သို့ ရွေ့ပြောင်းနေကြပြီ ဖြစ်သည်။
” ငါ နားလည်ပြီ၊ သူ ငါ့ကို အချိန်နည်းနည်းပေးရင် ကျောက်တောမြို့က ရေနက်အစည်းအရုံးရဲ့ ပိုင်ဆိုင်မှု မြန်မြန်ဆန်ဆန်ဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်း သခင်လေးကျင်းကို ပြောလိုက်”
စွန့်ပစ်ခံလှိုင်းက ပြောပြီး ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ တောင်းဆိုထားတာတွေ အဆင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်း အနက်ရောင်ဝတ်ရုံကို ပြောလိုက်အုံး”
ဇီးရိုးဝင်း၏ ခွန်အားက လျင်မြန်စွာ တိုးတက်လာနေကြောင်း သူ ဝန်ခံရမှာပဲ ဖြစ်သည်။
အစည်းအရုံးက သူနှင့် တွေ့ရသည်က ကံဆိုးတာပဲ ဖြစ်သည်။ မဟုတ်လျှင် ကြယ်လတိုင်းပြည်ထဲ၌ ဇီးရိုးဝင်းအရှင်သခင် ဖြစ်လာမှုကို ဟန့်တားနိုင်စွမ်းရှိသည့်သူ ရှိမှာ မဟုတ်ချေ။ သို့သော် ယခုမူ ရေနက်အစည်းအရုံးရောက်လာပြီဖြစ်ရာ ဇီးရိုးဝင်း ကွယ်ပျောက်သွားရုံသာ ရှိမည်။
စွန့်ပစ်ခံလှိုင်းကို ကြားသည့်အချိန်တွင် ချင်မုယွင်က ရုံးခန်းထဲမှ လှည့်ထွက်သွားတော့သည်။
တစ်ချိန်ထဲတွင် အသူရာလည်ဆွဲကို အသုံးပြုနေသော ရှီဖုန်း ရွှေသဲကျွန်းစု၏ ဗဟိုတွင်ရှိသော ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အခန်းလေးအရှေ့တွင် ပေါ်လာတော့သည်။ ယခုအခေါက်တွင် ရှီဖုန်းက သစ်သားတံခါးနောက်ရှိ အခန်းငယ်ထဲသို့ ချက်ချင်းဝင်လိုက်လေ၏။
အခန်းငယ်သည် အပြင်ဘက်၌ သေးပုံပေါ်ပြီး တစ်လွှာသာရှိသည့်ပုံ ပေါ်သော်ငြား အထဲသို့ ဝင်လိုက်သည်နှင့် ကွဲပြားခြားနားသည့်ကမ္ဘာသို့ ဝင်လိုက်ခြင်းနှင့် တူသည်။ အတွင်းဘက်က ကစားသမား တည်ဆောက်ထားသော အဆောက်အအုံပမာ အတွင်းပိုင်းက အပြင်ဘက်တွင် မြင်နေရသည်ထက် ပိုကျယ်နေကြ ဖြစ်သည်။ သစ်သားအခန်းငယ်၏ ရှေ့မျက်နှာစာနှင့် ကွဲပြားခြားနားချက်က ပိုကြီးကျယ်ခမ်းနာနေတာပဲ ဖြစ်သည်။
အခန်းငယ်ထဲဝင်လိုက်သည်နှင့် ရှီဖုန်းသည် ဘက်စကတ်ဘောကွင်းနှစ်ကွင်း အရွယ်အစားခန့်ရှိသော ကျက်သရေရှိသည့် ခန်းမတစ်ခုကို တွေ့လိုက်ရသည်။ ခန်းမတွင် ဖန်ဖြင့် ပြုလုပ်ထားသော စင်များစွာရှိနေ၏။ ထို စင်များထဲတွင် ရှားပါးသောအိုင်တမ်များစွာကို ပြသထားပြီး ကျွမ်းကျင်ကစားသမားများကိုတောင် မက်မောစေနိုင်သော အိုင်တမ်မချို့တဲ့ပေ။
ထိုစဥ် ခန်းမနားတစ်ဝိုက်တွင် ရပ်နေသော အဆင့် (၂၀၀) NPC ဆယ်ဦးက လှေကားနားတွင် စခန်းချလျက် အခန်းငယ်၏ ဒုတိယအလွှာဆီ ဦးတည်နေသည်။
ထိုအစောင့်များအပြင် အဆောက်အဦ၏ မန်နေဂျာဖြစ်ပုံပေါ်သော ချောမောခန့်ငြားပြီး ကြည့်ကောင်းသည့် လူငယ်တစ်ဦးလည်း ရှိနေသည်။ ထိုလူငယ်၏ သွင်ပြင်က အမျိုးသားများကိုတောင် ဖမ်းစားနိုင်စွမ်းရှိသည်။ ရှီဖုန်းက လူငယ်ကို ကြည့်မိသည့်အချိန်တွင် လူငယ်၏ အမည်ကိုသာ မြင်ရ၏။ ဟဲလ်ရော့ဟူ၍ ပြသထားသည်။ သူ့အကြောင်း ကျန်သည့်အချက်အလက်များကို မတွေ့ရချေ။
သူက လူငယ်ပေါ်၌ အဆင့်မြင့် ID စစ်ဆေးသည့်စကေးကို အသုံးပြုခဲ့လျှင် ထိုချောမောခန့်ငြားသည့် လူငယ် ဟဲလ်ရော့က လူသားမဟုတ်ကြောင်း ရှာဖွေတွေ့ရှိသွားမှာပဲ ဖြစ်သည်။
ဟဲလ်ရော့ [အဆင့်မြင့်နတ်သူငယ်၊ ခမ်းနားသောမှော်ပညာရှင်]
အဆင့် ??????
HP ???????
အတိတ်တုန်းက ကစားသမားများစွာသည် နတ်ဘုရားနယ်မြေထဲ၌ မည်သည့် NPC က အသန်မာဆုံးဖြစ်ကြောင်း ဆွေးနွေးလေ့ရှိသည်။ သူတို့က NPC များ၏ အဆင့်အရ NPC များအတွက် ခွန်အား၊ အဆင့် သတ်မှတ်ချက်များ ခွဲလေ့ရှိသည်။ တစ်နည်းဆိုရလျှင် အဆင့်တူ NPC များသာလျှင် တစ်ယောက်နှင့်တစ်ယောက် ယှဥ်ပြိုင်နိုင်၏။ အဆင့်တူ NPC တစ်ဦးအနေဖြင့် ဟဲလ်ရော့က အမြဲတမ်းဆန်းကြယ်နေခဲ့သည်။
အဆင့် (၂၀၀) သို့ရောက်ရှိပြီးနောက် ကစားသမားများစွာသည် ဟဲလ်ရော့ကို စစ်ဆေးရန်အတွက် အင်မတန်အစွမ်းထက်သော ID စစ်ဆေးသည့်စကေးကို အသုံးပြုခဲ့ရသည်။ အဆုံးတွင်မူ သူတို့က ဟဲလ်ရော့၏ အဆင့်နှင့် HP ကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့အပြင် ဟဲလ်ရော့၏ ခွန်အားအစစ်အမှန်ကို မည်သူမှ မတွေ့ဖူးပေ။
အတိတ်တုန်းက ရွှေသဲ လဲလှယ်ရေးဆိုင်ကို ဓားပြတိုက်ခဲ့သည့် အလွှာငါး ကျွမ်းကျင်သူခြောက်ဦး ရှိခဲ့သော်ငြား ဟဲလ်ရော့က သူတို့ကို တစ်ကွက်ထဲဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်။ ကျွမ်ူကျင်သူများအားလုံး သေဆုံးသွားပြီးနောက် သူတို့သည် အဆင့် (၁၀) ဆင့် ဆုံးရှုံးခဲ့ရုံသာမက လဝက်ခန့် အကျဥ်းကျခဲ့၏။ ထိုအချိန်မှစကာ ဟဲလ်ရော့ကို မည်သူမှ ရန်မစရဲတော့ချေ။ ထိုအဆင့်မြင့် နတ်သူငယ်က ခွန်အားအလွန်ကြီးမားမှန်းသာ သိရသည်။ ဆိုရလျှင် သာမန်အလွှာငါး NPC တစ်ဦးအဖို့ အလွှာငါးကစားသမားခြောက်ဦးကို မြန်မြန်ဆန်ဆန်အနိုင်ယူဖို့က မဖြစ်နိုင်ချေ။ လေဖြိုခွဲသူကိုက်တောင် ထိုကဲ့သို့ ခွန်အားမျိုးကို မရပေ။ ထို့ကြောင့် ဟဲလ်ရော့၏ ခွန်အားက အမြဲတမ်း ဆန်းကြယ်မှုတစ်ရပ် ဖြစ်နေတော့သည်။ သူ၏ ခွန်အားက နတ်ဘုရားနယ်မြေ၏ အမျိုးမျိုးသော အလွှာငါး NPC များကြားထဲတွင် ထိပ်တန်းငါးယောက်ဝင်သည်ဟုတောင် အသိအမှတ်ပြုထားကြတာ ဖြစ်သည်။
ရှီဖုန်းသည် လဲလှယ်ခြင်းဆိုင်ထဲ ဝင်ရောက်ပြီးသည်နှင့် ဟဲလ်ရော့က သူ့ဆီ ဖြည်းဖြည်းချင်း လျှောက်လာတော့၏။
အလွန်ဖော်ရွေသော အပြုအမူဖြင့် ဟဲလ်ရော့က ရှီဖုန်းအား ပွင့်ချပ်သဏ္ဌာန်တံဆိပ်တစ်ခုကို ပေးပြီး သိမ်မွေ့စွာ ပြောလိုက်၏။
” ဆရာ၊ ကျုပ်တို့ လဲလှယ်ခြင်းဆိုင်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာအတွက် ဂုဏ်ပြုပါတယ်၊ ဒီမှာ ကျုပ်တို့အဆောက်အဦရဲ့ အဖွဲ့ဝင်တံဆိပ်ပါ၊ နောင်ကျ ကျုပ်တို့ဆိုင်ကို အချိန်မရွေး လာရောက်လည်ပတ်ဖို့အတွက် ဒီတံဆိပ်ကို သုံးနိုင်ပါတယ်၊ ဒါ့အပြင် ကျုပ်တို့ဆိုင်ရဲ့ ဒုတိယအလွှာကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်၊ အဲ့ဒီနေရာက အိုင်တမ်တွေ အလဲအလှယ်အတွက်ကတော့ အားလုံးက ကျုပ်တို့ဆိုင်က ဂရုတစိုက်ရွေးချယ်ထားတဲ့ ရတနာတွေပါပဲ”
” ကျေးဇူးတင်ပါတယ်၊ ဒါဆို ဒုတိယအလွှာကို ကြည့်ချင်စိတ်ရှိတယ်၊ ဒီတစ်ပတ် လဲလှယ်ဖို့ အကောင်းဆုံးထုတ်ကုန်တွေများ ရနိုင်မလားဆိုတာ မသိဘူး”
ရှီဖုန်းသည် လဲလှယ်ခြင်းဆိုင်၏ အဖွဲ့ဝင်တံဆိပ်ကို သိုလှောင်ပြီးနောက် ဝယ်နေကြသူတစ်ဦးသဖွယ် ပြုမူလိုက်လေ၏။
သူသည် တိုက်ပွဲပြိုင်ကွင်းထဲ၌ မှော်သလင်းပမာဏများစွာ ရယူပြီးနောက် စနစ်ကို မှော်သလင်းတစ်သောင်း တိုက်ရိုက်ပေးချေခဲ့ပြီးပြီ ဖြစ်သည်။ သူက အနည်းငယ် နှမြောနေမိသော်ငြား လဲလှယ်ခြင်းဆိုင်၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် ကျန်သည့်နည်းလမ်းကို အသုံးပြုခြင်းနှင့် ယှဥ်လျှင် ယင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။
” ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ ဆရာ”
ဟဲလ်ရော့က ပြောပြီးနောက် ရှီဖုန်းကို အပေါ်ထပ်သို့ ခေါ်သွားသည်။
ဒုတိယအလွှာ၏ ခန်းမအရွယ်အစားက ပထမအလွှာ၏ ခန်းမအရွယ်အစားနှင့် အတော်လေးတူသည်။ ပြသထားသော မှန်ခံအရေအတွက်က ပထမအလွှာခန်းမ၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။ ထိုသို့တိုင် ရှီဖုန်းက လက်ရှိ သူ့တွင်ပါလာသော မှော်သလင်းသုံးသောင်းက ပြသထားသော အိုင်တမ်ဆယ်ပုံတစ်ပုံကို ဝယ်ရန် မလုံလောက်ပေ။
ပြသထားသည့်အထဲတွင် ဈေးအပေါဆုံးအိုင်တမ်က မှော်သလင်းနှစ်ထောင် ဖြစ်၏။ စမ်းကြည့်ရုံဖြင့် ရှီဖုန်းသည် မှော်သလင်းတစ်သောင်းအထက် အိုင်တမ်များကိုတွေ့ သည်။
ဒုတိယအလွှာက သာမန်လူတွေအတွက် နေရာမဟုတ်ဘူးပဲ။ ရှီဖုန်းသည် မြင်လိုက်ရသည့်အရာကြောင့် အံ့သြဆွံ့အနေ၏။
လက်ရှိတွင် မှော်သလင်းတစ်ရာကို ဈေးကွက်ထဲရှိ ရွှေပြားနှစ်ဆယ့်ပြားဖြင့် လဲလှယ်ရန် အသုံးပြုနိုင်သည်။ မှော်သလင်းတစ်သောင်းက ရွှေပြားနှစ်ထောင့်ငါးရာနှင့် ညီမျှပေလိမ့်မည်။ တစ်နည်းဆိုရလျှင် ပြသထားသော အိုင်တမ်များကြားထဲ၌ ရွှေပြားနှစ်ထောင့်ငါးရာအထက် တန်ကြေးရှိကြ၏။
ရွှေပြားနှစ်ထောင့်ငါးရာ
ထိုမျှများပြားသည့် ငွေကြေးဖြင့် အံ့ဖွယ်အိုင်တမ်တစ်ခု ဝယ်ယူနိုင်သည်။
“ဆရာ ဒီတစ်ခေါက် ကျုပ်တို့ဆိုင်ကို ရောက်လာတဲ့ထုတ်ကုန်တွေထဲမှာ ဒီအိုင်တမ် ငါးမျိုးက ကျုပ်တို့ဆိုင်က ဂုဏ်အယူရဆုံးပါပဲ၊ သူတို့တွေကို ဆရာကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”
ဟဲလ်ရော့က ယုံကြည်ချက်ရှိရှိပြောလိုက်ပြီး မှော်အစီအရင်ဖြင့် ကာကွယ်ထားသော ဖန်ဗီရိုလေးကို ယူလာပြသည်။
” ဒါက မဟာပညာရှင် မှော်အစီအရင်”
ရှီဖုန်းသည် အိုင်တမ်ငါးမျိုးကို ကာကွယ်ထားသော မှော်အစီအရင်ကို မြင်ချိန်၌ ထိတ်လန့်သွားမိသည်။
အတိတ်တုန်းက မှော်အစီအရင်များကို သုသေသနပြုပြီးနောက် အလယ်အဆင့် မှော်အစီအရင်များတောင် သူ ရေးဆွဲနိုင်ခဲ့သည်။ သူသည် မှော်အစီအရင်များ ဖန်တီးရာ၌ ပညာရှင်တစ်ဦး မဟုတ်သော်ငြား သူတို့၏ စံသတ်မှတ်ချက်ကို အနည်းနှင့်အများ သူ သိသည်။
ရှီဖုန်း အခုလက်ရှိ မြင်နေသည့် မှော်အစီအရင်ကမူ တော်ဝင်မြို့တော်ရှိ နန်းတော်တစ်ဝိုက်တွင်သာ မြင်တွေ့နိုင်သည့်အရာ ဖြစ်သည်။
အလွှာငါး NPC တစ်စုကတောင် ကြီးမြတ်ခြင်း မှော်အစီအရင်ကို အချိန်တိုအတွင်း ဖြိုခွဲရန် ခက်ခဲပေလိမ့်မည်။ ပိုတောင် အစွမ်းထက်သည့် ကြီးမြတ်ခြင်းမှော်အစီအရင်ဖြစ်နေခဲ့လျှင် ထိုအလွှာငါး NPC များက အဆုံးသတ်သွားနိုင်၏။ ထိုသို့တိုင် ထို မှော်အစီအရင်သည် အိုင်တမ်ငါးမျိုးကို ကာကွယ်ရန် အသုံးပြုခြင်းခံရ၏။ ယင်းက ချဲ့ကားရာ ရောက်နေသည်။