ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1065 စစ်ပွဲပေါက်ကွဲခြင်း
တစ္ဆေအရိပ်၏ သေဆုံးမှုက ကုလားအုတ်ကျောကို ကျိုးကျသွားစေသည့် ကောက်ရိုးမျှင်နယ် ဖြစ်နေတော့သည်။ သူ သေဆုံးသွားသည်နှင့် တစ္ဆေအရိပ်တပ်မဟာအဖွဲ့ဝင်များကလည်း ချက်ချင်းကြောက်လန့်သွားကြပြီး ယခင်က သူတို့ စိတ်ဓာတ်တက်ကြွမှုတို့ ပျောက်ကွယ်ကုန်သည်။
မူလက ရှေးသို့ တိုးလာသည့် အနီးကပ်ကစားသမား ဆယ့်နှစ်ယောက်ကျော်က ရပ်တန့်သွားပြီး သူတို့၏ မျက်လုံးက ရေနှင်းဆီ၏ အဖွဲ့ကို ကြည့်နေစဥ် အကြောက်တရားများ ပြည့်လာ၏။
သူတို့၏ တပ်မဟာကို တစ္ဆေအရိပ်တပ်မဟာဟု ခေါ်ဆိုရခြင်းမှာ တစ္ဆေအရိပ်ကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်က တစ္ဆေအရိပ်ကို သတ်နိုင်လောက်သည်အထိ သန်မာနေမည်ဆိုလျှင် သူတို့ ယခု မည်သည်ကို ဆက်လုပ်နိုင်မည်နည်း။ လက်ရှိအခြေအနေကို ကြည့်ပြီး မိုးသောက်မြူက အံ့ကြိတ်ကာ အမိန့်ပေးလိုက်တော့၏။
” နောက်ဆုတ်မယ်”
သူမသည် သူတို့၏ အရှုံးကို အသိအမှတ်ပြုလိုစိတ် မရှိသော်ငြား တိုက်ပွဲဆက်ဖြစ်ပွားခဲ့လျှင် သူတို့အားလုံး သတ်ဖြတ်ခံခြင်းဖြင့်သာ အသတ်ခံရလိမ့််မည်။ သူတို့၏ ရန်သူများကို ချပ်ဝတ်တန်ဆာများ ပိုလက်ဆောင်ပေးမည့်အစား နောက်ဆုတ်လိုက်တာက ပိုကောင်းပေ၏။
” အစ်မကြီးရေ သူတို့ ထွက်ပြေးသွားပြီ၊ ကျွန်တော်တို့ လိုက်သင့်လား”
အရိပ်ဓားက စိတ်အားထက်သန်စွာ မေးလိုက်သည်။ သူ၏ တိုက်ခိုက်လိုစိတ် မပြည့်ဝသေးပေ။ ယခုအခေါက်တိုက်ပွဲက အမှန်တကယ် ပျော်စရာကောင်းပေ၏။ သို့မဟုတ် တစ်နည်းဆိုရလျှင် ယခင်က ထိုကဲ့သို့ တစ်ခါမှ မပျော်ခဲ့ဖူးပေ။ ယခု သူ အိပ်မက်မက်နေသည့်ပမာ ခံစားမိနေသည်။
တစ္ဆေအရိပ် တပ်မဟာအဖွဲ့ဝင်များက အားမနည်းကြချေ။ ထိုလူများနှင့် သူ၏ တိုက်ပွဲတောက်လျှောက် သူသည် သူတို့၏ ကြွယ်ဝသောအတွေ့အကြုံနှင့် အင်မတန်မြင့်မားသော တိုက်ပွဲဝင်စံသတ်မှတ်ချက်တို့ ပိုင်ဆိုင်ထားကြောင်း သူ ပြောနိုင်ပေ၏။ သူတို့အတွက် ကံဆိုးသည်က သူ၏ တိုက်ပွဲဝင်အတွေ့အကြုံက ထိုလူများထက် သာလွန်နေသေးတာပဲ ဖြစ်သည်။
လျှို့ဝှက်မျှော်စင်၏ တုပခြင်းလေ့ကျင့်ရေးစနစ်ထဲတွင် သူသည် ထိုကဲ့သို့ ကျွမ်းကျင်မျိုးစုံကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူး၏။ သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူများက သူ့ကို အနိုင်ကျင့်တာ အဆုံးမရှိသည့်တိုင် တိုက်ပွဲများက သူ့ကို ထိုးထွင်းနိုင်သော အမြင်တစ်ခု ပေးသည်။ ရလဒ်အနေဖြင့် တစ္ဆေအရိပ်တပ်မဟာအဖွဲ့၏ အဆင့်ရှိ တိုက်ကွက်၏ အားနည်းချက်များကို အလွယ်တကူ မြင်နိုင်သည်။ ထိုအမြင်အာရုံက သူ၏ အခြေခံအရည်အချင်းများထဲတွင် ကြီးစွာသော အားသာချက်တစ်ခု ဖြစ်စေပြီး ကောင်းကင်ဘုံမြှုပ်နှံရာ၏ ကျွမ်းကျင်သူများကို သတ်ဖြတ်ရာ၌ ဟင်းရွက်များကို ခုတ်ပိုင်းသည့်တိုင် လွယ်ကူနေပေ၏။
ယခင်က သူသည် တိုးတက်ခြင်း ရှိမရှိကို သိချင်ခဲ့တာပဲ ဖြစ်သည်။ ဆိုရလျှင် တုပခြင်းလေ့ကျင့်ရေးစနစ်ထဲ၌ တိုက်ပွဲမည်မျှများစွာ တိုက်ခိုက်စေကာမူ သူတို့က သူ့ကို အမြဲတမ်းအနိုင်ယူခဲ့သည်။ သို့သော် ယခုအချိန်၌ ထို ကျွမ်းကျင်ကစားသမားများကို သတ်ပြီးနောက် နောက်ဆုံးတွင် သူမည်မျှတိုးတက်လာကြောင်း သဘောပေါက်သွားပြီ ဖြစ်သည်။
” မလိုဘူး၊ ကောင်းကင်ဘုံမြှုပ်နှံရာအဖွဲ့တွေက နေရာအနှံရှိနေတာ၊ သူတို့ကို ဝိုင်းခွင့်ပေးလိုက်မယ်ဆိုရင် အချိန်တောင် ပိုဖြုန်းမိနေလိမ့်မယ်၊ ငါတို့အခု ဦးစားပေးလုပ်ရပ်က ကျောက်တောမြို့ကို ရောက်ဖို့ပဲ”
ရေနှင်းဆီက ပြောပြီး ခေါင်းခါလိုက်ကာ မိုးသောက်မြူတို့အဖွဲ့သည် မှော်အရံအတားကို ဖယ်ရှားလျက် တောအုပ်ထဲ ထွက်ပြေးသွားတာကို ကြည့်နေလေ၏။
ပြီးနောက် အရိပ်ဓားနှင့် ကျန်သည့်သူများကလည်း သူတို့၏ ပစ္စည်းများကို မြန်မြန်ဆန်ဆန် စုဆောင်းပြီးနောက် စီးတော်ယာဥ်များဆီ ပြန်တက်ကာ ကျောက်တောမြို့ဆီသို့ ကမန်းကတမ်း သွားတော့၏။
ရေနှင်းဆီတို့ ထွက်သွားပြီး မကြာမီ၌ တောအုပ်ထဲမှ လုပ်ကြံသတ်ဖြတ်ရေးသမားများစွာက ပေါ်လာ၏။ ထို လုပ်ကြံသတ်ဖြတ်ရေးသမားများက အစည်းအရုံးတံဆိပ်များ မဝတ်ထားပေ။ သူတို့က လာမည့်စစ်ပွဲကို လေ့လာရန်အတွက် ကျောက်တောမြို့ဆီသို့ ခိုးလာရန် ရည်ရွယ်နေသော တစ်ကိုယ်တော်ကစားသမားများ ဖြစ်သည်။
ကြယ်လတိုင်းပြည်ထဲတွင် ပထမဆုံး လူသူဝန်းရံသော စစ်ပွဲ
ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာတို့ ပူးပေါင်းထားသည့် လက်ရွေးစင်ကစားသမား သုံးသိန်းတပ်ဖွဲ့သည် ကြယ်လတိုင်းပြည်၏ နံပါတ်တစ်အစည်းအရုံးကို ဇီးရိုးဝင်းကို ရင်ဆိုင်ခြင်းက အဓိကပွဲကြီးတစ်ရပ် ဖြစ်၏။ ဤစစ်ပွဲကို သူတို့ ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရလျှင် သူတို့ လက်ကျန်ဘဝ၌ နောင်တရနေမှာ သေချာ၏။
ထိုကြောင်းအရင်းကြောင့် ကျောက်တောမြို့သို့ ရေနှင်းဆီတို့အဖွဲ့ ကျော်ဖြတ်လာသည့်အချိန်၌ သူတို့က အဖွဲ့နောက်လိုက်ပြီး စောင့်ကြည့်ရန်ဆုံးဖြတ်ချက် ချခဲ့သည်။ သို့သော် သူတို့၏ ခရီးစဥ်၌ ကျွမ်းကျင်တိုက်ပွဲတစ်ပွဲနှင့် အမှန်တကယ် ရင်ဆိုင်တွေ့လိမ့်မည်ဟု မထင်ထားပေ။
” မင်းတို့အားလုံး မှတ်တမ်းတင်ထားလား”
” ငါ့ကို အရူးများ ထင်နေလား၊ ဒါပေါ့ ငါ အားလုံး မှတ်တမ်းတင်ထားတယ်၊ မင်းဘက်ကရော”
” စိတ်အေးအေးထား၊ စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကို ငါ ဘယ်ဟာကိုမှ မလွဲချော်ခဲ့ဘူး”
” ငါတို့ကံက အတော်ကောင်းတာပဲ ဟေ့၊ ဒီလို တိုက်ပွဲမျိုး ကြုံတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားဖူးဘူး၊ ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေက မိုက်လွန်းတယ်ကွာ၊ သူတို့ ငါးယောက်နဲ့ ကျွမ်းကျင်သူတစ်ရာပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ရင်ဆိုင်နိုင်ခဲ့တာ၊ အဲ့ဒီ လူငါးယောက် ဘယ်လောက်သန်မာလဲဆိုတာ ငါ သိချင်မိတယ်၊ ငါသာ သူတို့ထဲက တစ်ယောက်လို သန်မာခဲ့မယ်ဆိုရင် နတ်ဘုရားနယ်မြေထဲမှာ ကစားရင်းနဲ့ ငါ အချိန်ဖြုန်းရာ ရောက်တော့မှာ မဟုတ်ဘူး”
” ကောင်းပြီ၊ အိပ်မက်မက်နေတာ တော်လိုက်တော့၊ မြန်မြန် ဖိုရမ်ပေါ် ဒီ ဗွီဒီယိုတွေ တင်ရအောင်၊ ဒီသတင်းက အားလုံးကို ထိတ်လန့်သွားစေမှာ သေချာတယ်”
ပြီးနောက် လုပ်ကြံသတ်ဖြတ်ရေးများစွာက သူတို့ မှတ်တမ်းတင်ထားသည့် ဗွီဒီယိုများကို ကြယ်လတိုင်းပြည်၏ တရားဝင်ဖိုရမ်ပေါ်၌ တင်လိုက်၏။ ထို့အပြင် အလွန် မျက်စိဖမ်းစားနိုင်စွမ်းရှိသည့် ခေါင်းစဥ်ကိုတောင် ရေးထားသေးသည်။
ဇီးရိုးဝင်း ကျွမ်းကျင်သူငါးယောက်က ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အယောက်တစ်ရာ ကျွမ်းကျင်သူတပ်ဖွဲ့ကို ထိတ်လန့်ဖွယ်ကောင်းလှအောင် သတ်ဖြတ်ခြင်း
ထို ပို့စ်ကို တင်းလိုက်ပြီး ဇီးရိုးဝင်းနှင့် တစ္ဆေအရိပ်တပ်မဟာကြားရှိ တိုက်ပွဲကို ပြသသော ရှု့ထောင့်မျိုးစုံမှ ဗွီဒီယိုကလင့်ခ် များစွာကို တင်လိုက်ရာ ဗွီဒီယိုက တိုက်ပွဲတစ်ပွဲလုံးကို မြင်ရလေ၏။ ပို့စ်တင်ပြီး မကြာမီ၌ ကြယ်လတိုင်းပြည်ထဲ၌ ဆူညံပွက်လောရိုက်သွားတော့သည်။
လူငါးယောက်မျှက ကျွမ်းကျင်သူတစ်ရာဝန်းရံထားသည့် အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟာ မည်သူမှ မထင်ထားပေ။ ထို့အပြင် သူတို့က လွှမ်းမိုးနိုင်စွမ်းရှိသော အပြုအမူဖြင့်တောင် ပြုလုပ်သွားခဲ့တာပဲ ဖြစ်သည်။ လက်နက်၊ ချပ်ဝတ်တန်ဆာ၊ စကေးနှင့် ထို ဇီးရိုးဝင်းအဖွဲ့ဝင်ငါးဦး၏ ပူးပေါင်းဆောင်ရွက်မှုအရ ကဏ္ဍအားလုံးသည် လူတိုင်း၏ လေးစားမှုကို ရသွားတော့သည်။
ညှို့ငင်ခြင်းဆမ်းမား၏ ဧရိယာကြီးမားသည့် အဖျက်ဂါထာက ကြည့်ရှုသူများအားလုံးကို သွေးပွတ်ပွတ်ဆူစေ၏။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသောခွန်အားဖြင့် အရိပ်ဓားရှိနေသည် တိုက်ခိုက်မှုက မမေ့နိုင်စရာ ဖြစ်နေ၏။
” တကယ် လူမဆန်တာပဲ၊ အယောက်တစ်ရာအဖွဲ့ တစ်ဝက်ကျော်က ဒီလို အသတ်ခံလိုက်ရတယ်၊ ကြယ်လတိုင်းပြည်ထဲမှာ ဇီးရိုးဝင်းကို ယခုဆို ဘယ်သူကများ တားနိုင်မှာတဲ့လဲ”
” ဟူး၊ ရေး၊ ဇီးရိုးဝင်း”
ဒီတစ်ခေါက် ရေနက်က ကျောက်တောမြို့ကို တိုက်ခိုက်တာ အခက်တွေ့တော့မှာပဲ”
ထို ဗွီဒီယိုများ ပေါ်ပေါက်လာမှုကြောင့် မူလက ဇီးရိုးဝင်းဘက်ကို အကောင်းမမြင်ခဲ့သည့်သူများက ဆွံ့အနေကြသည်။ အမျိုးမျိုးသောအစည်းအရုံးကြီးများက ဇီးရိုးဝင်း၏ ကျရှုံးမှုကို မျှော်လင့်စောင့်စား ပျော်ရွှင်နေခဲ့ကြသော်ငြား ယခုဆို ဇီးရိုးဝင်း၏ ခွန်အား စတင်ပြန်လည်အကဲဖြတ်နေကြပြီ ဖြစ်သည်။ သို့သော် ထို ဗွီဒီယို၏ သက်ရောက်အခံရဆုံးက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များ ဖြစ်နေသေးသည်။
ယခင်က ကျောက်တောမြို့ အပြီးသတ်ပြီဟု သူတို့ ထင်ခဲ့သည်။ သို့သော် ရေနှင်းဆီတို့ ငါးယောက်တစ်ဖွဲ့ ပြသသွားသော လုပ်ဆောင်ချက်ကိုမြင်ပြီးနောက် သူတို့ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း လက်ခံခဲ့ရသည့် အမြင်ကို နားလည်သွားတော့သည်။ အရည်အသွေးက အရေအတွက်ထက် ပိုအရေးကြီးပေ၏။ ထို အကြောင်းအရင်းကြောင့် ဇီးရိုးဝင်းသည် လက်ရွေးစင်လမ်းကြောင်းကို အမြဲတမ်းလျှောက်လှမ်းနိုင်သည်။
ဇီးရိုးဝင်းက ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာကို မယှဥ်ကောင်းမယှဥ်နိုင်သော်ငြား ကစားသမားအရည်အချင်းနေရာတွင် ဇီးရိုးဝင်းက သေချာပေါက် သာလွန်ပေ၏။
” လူများတာ အံ့သြဖို့ကောင်းလွန်းလား၊ ဇီးရိုးဝင်းက ကျွမ်းကျင်သူတစ်ရာကို ဖြေရှင်းဖို့အတွက် လူငါးယောက်ပဲ လိုတယ်”
လူတိုင်းက ဖိုရမ်များပေါ်၌ ထိုခေါင်းစဥ်ကို ဆွေးနွေးနေကြစဥ် တစ်ကိုယ်တော်မြှုပ်နှံရာ၏ မျက်နှာထက်တွင် အင်မတန်ကျောချမ်းဖွယ် အမူအရာမျိုး ရှိနေလေ၏။
” သူတို့ကို သတ်၊ သူတို့အားလုံး အသတ်ခံရတာ လိုချင်တယ်၊ ပုန်းနေတဲ့အဖွဲ့တွေကို အကြောင်းကြား၊ သူတို့ကို တားဖို့အတွက် နည်းလမ်းတစ်ခု စဥ်စားကြ၊ သူတို့ ရှိနေတဲ့နေရာကို ရှာတွေပြီ ဆိုတာနဲ့ သူတို့ တည်နေရာဆီ ချက်ချင်း စုသွားကြ”
တစ်ကိုယ်တော်မြှုပ်နှံရာက ဒေါသတကြီး အမိန့်ပေးလိုက်တော့သည်။
မူလက သူသည် သာမန်ကျွမ်းကျင်သူများက ဇီးရိုးဝင်းကို မဖြေရှင်းနိုင်မှာ စိုးရိမ်သောကြောင့် တစ္ဆေအရိပ်တပ်မဟာနှင့် မိုးသောက်မြူအဖွဲ့ကို စေလွှတ်ခဲ့တာပဲ ဖြစ်သည်။ သို့သော် ယခု ကောင်းကင်ဘုံမြှုပ်နှံရာက ကြယ်လတိုင်းပြည် လောင်ရယ်စရာ ဖြစ်လာတော့သည်။ သူတို့က ကျွမ်းကျင်ကစားသမား တစ်ရာဖြစ်၏။
မိုးသောက်မြူနှင့် တစ္ဆေအရိပ်ကဲ့သို့ ထိပ်သီးကျွမ်းကျင်သူများ ဦးဆောင်သည့် အဖွဲ့တောင် ဖြစ်နေသည်။ မိုးသောက်မြူနှင့် ကျန်သည့်သူများ ဆိုးဆိုးဝါးဝါးရှုံးနိမ့်တာကို သူ လက်ခံနိုင်ရန် အမှန်တကယ် ခဲယဥ်းနေလေသည်။
သို့သော် တိုက်ပွဲဝင်ဗွီဒီယိုကနေ တစ်ကိုယ်တော်မြှုပ်နှံရာက ကစားသမားငါးဦးထဲမှ နှစ်ဦး၏ ID ကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။ တစ်ဦးက တစ္ဆေအရိပ်လည်း မတည်ပြုပေးခဲ့သည့် ခရမ်းတိမ်ဖြစ်ပြီး နောက်တစ်ဦးက ရေနှင်းဆီ ဖြစ်သည်။ ကျိန်စာရွတ်ဆိုသူတစ်ဦး ဦးဆောင်သည့်အဖွဲ့က သူမ မဟုတ်ခဲ့လျှင် တစ်ကိုယ်တော်မြှုပ်နှံရာက ဇီးရိုးဝင်းထဲရှိ မည်သည့် ကျိန်စာရွတ်ဆိုသူက ခရမ်းတိမ်ကို အမိန့်ပေးရန် အရည်အချင်းရှိကြောင်း အမှန်တကယ် ထုတ်ဖော်နိုင်မှာ မဟုတ်ပေ။
သူတို့က ရေနှင်းဆီကို ထိန်းထားနိုင်သရွေ့ သူတို့ ခံစားခဲ့ရသည့် အရှက်ကွဲမှုကို ပြန်ပေးဆပ်နိုင်ရုံသာမက ကျောက်တောမြို့ကို သိမ်းပိုက်ရန်ကလည်း ပိုလွယ်ကူသွားပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ တိုက်ပွဲဗွီဒီယိုကို ကြည့်ပြီးနောက် တစ်ကိုယ်တော်မြှုပ်နှံရာက ကျောစိမ့်သွားတော့၏။ ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများ တိုးတက်တာ မြန်ဆန်လွန်းသည်။ သူတို့၏ တိုးတက်မှုအရှိန်က ကြောက်ခမန်းလိလိ ဖြစ်နေတော့သည်။ ကောင်းကင်ဘုံမြှုပ်နှံရာသည် တန်ကြေးကြီးကြီးမားမား ပေးဆပ်ပြီးမှ ကျွမ်းကျင်သူအချို့ကို ပျိုးထောင်ခဲ့တာ ဖြစ်သည်။
သို့သော် ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများနှင့် ယှဥ်လျှင် ကောင်းကင်ဘုံမြှုပ်နှံရာ၏ ကျွမ်းကျင်သူများက အမှိုက်များသာ ဖြစ်သည်။
ထိုမျှများပြားသည့် ထိပ်သီးကျွမ်းကျင်သူများက လက်ရှိ ဇီးရိုးဝင်းထဲ၌ ပေါ်လာနေပြီဖြစ်ရာ သူတို့က ဇီးရိုးဝင်းကို နောက်ထပ်အချိန်နည်းနည်း ထက်ပေးခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။
ကောင်းကင်ဘုံမြှုပ်နှံရာအတွက် ကံဆိုးသည်မှာ ရေနှင်းဆီနှင့် ကျန်သည့်သူများအကြောင်း အနည်းငယ်သာ သိ၏။ ရေနှင်းဆီနှင့် ကျန်သည့်သူများနောက် လိုက်သည်က နှေးလွန်းနေသည်။ စီးတော်ယာဥ်များစီးနင်းသည့် အရှိန်ကို ခြေကျင်ပြေးသည့် ကစားသမားများက မယှဥ်နိုင်ပေ။ ထို့အပြင် ရေနှင်းဆီ၏ စီးတော်ယာဥ်က လျှို့ဝှက်ငွေစီးတော်ယာဥ် ဖြစ်၏။ အဆုံးတွင်မူ သူတို့ငါးဦးက ကျောက်တောမြို့ကို လုံလုံခြုံခြုံရောက်သွားပြီး ကျောက်တောမြို့ရှိ ဇီးရိုးဝင်းအဖွဲ့ဝင်များကို သင့်တော်သည့် ခုခံမှုများ ပြုလုပ်ရန် စတင်အမိန့်ပေးနေပြီ ဖြစ်သည်။
အချိန်ကုန်လာသည်နှင့်အမျှ ကျောက်တောမြို့ထဲရှိ လေထုကလည်း ပိုပြင်းထန်လာတော့၏။ လမ်းမပေါ်ရှိ ပုံမှန်သက်ဝင်လှုပ်ရှားမှုတို့က မတည်ရှိတော့ပေ။ စစ်ပွဲအတွင်း ဆွဲသွင်းခံရမည်ကို ရှောင်ရှားရန်အတွက် ကျန်သည့်ကစားသမားများက ကျောက်တောမြို့ထဲမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြပြီး အဝေးကနေ တိုက်ပွဲကိုလေ့လာရန် ဆုံးဖြတ်ခဲ့ကြ၏။ ရဲတင်းသည့် ကစားသမားအချို့သာလျှင် မြို့ထဲတွင် နေရစ်သည်။
” အစ်မကြီးရေ မှော်မျှော်စင်က ကျောက်တောမြို့ကို ချဥ်းကပ်လာတဲ့ သတ္တဝါတော်တော်များများကို အာရုံခံမိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် အဲဒီ မွန်းစတားတွေပဲ ဖြစ်လောက်တယ်”
ခရမ်းတိမ်က သတင်းပို့ပြီး သူမ၏ အသားအရောင်က ဖြုလျော့နေပေ၏။
မှော်မျှော်စင်က ပြသနေသည့်မြေပုံထဲတွင် သတ္တဝါတစ်စုက ကျောက်တောမြို့ဆီသို့ ဦးတည်လာပြီး အရေအတွက်ကို မတွက်ချက်နိုင်ပေ။
” နောက်ဆုံးတော့ သူတို့ ရောက်လာပြီလဲ”
ခံတပ်မြို့ရိုး၌ ရပ်နေသော ရေနှင်းဆီက ခပ်ဝေးဝေးကို ကြည့်လိုက်သည်။ လာမည့်စစ်ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များစွာကို သူမ သိသည်။ ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာ၏ ကစားသမားတပ်ဖွဲ့အပြင် သူတို့တပ်ဖွဲ့ထက် အစစ်အမှန်ရန်သူက အရေအတွက်အဆုံးမရှိသော မွန်းစတားများပင် ဖြစ်၏။
” အစည်းအရုံးခေါင်းဆောင်ကို ချက်ချင်းအကြောင်းကြား”
မြစ်ဖြူမြို့၏ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲတွင် ရှီဖုန်းက နှစ်ဆကာကွယ်ခြင်း မှော်အစီအရင်နှင့် အံ့ဖွယ်သားရဲသက်ဆင်းခြင်း မှော်စာလိပ်များ ပြုလုပ်နေသေးဆဲ ဖြစ်သည်။
” သူတို့ ရောက်နေပြီလား”
သတင်းရရှိပြီးနောက် ရှီဖုန်းသည် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ မျက်မှောင်ကြုတ်မှု ပေါ်လာတော့၏။ ရေနက်၏ မွန်းစတားတပ်ဖွဲ့က သူ ထင်ထားတာထင် စောစီးစွာ ရောက်လာလေ၏။ မြို့၏ ပို့ဆောင်ရေးခန်းမဆီသို့ သွားရန် ပြန်ရောက်ခြင်းစာလိပ်ကို ချက်ချင်းအသုံးပြုပြီးနောက် စိုင်မူမြို့ဆီသို့ ပို့ဆောင်ရေးမှော်အစီအရင်ကို သုံးပြီး သွားလိုက်လေ၏။