ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1071 ဒဏ္ဍာရီနှင့် ဒဏ္ဍာရီယှဥ်ခြင်း
” နဂါးတစ်ကောင်က ရုတ်တရက် ဘာကြောင့် ပေါ်လာ ရတာလဲ”
စွန့်ပစ်ခံလှိုင်း၊ အနှိုင်းမဲ့နှင့် ရေနက်၊ ပန်သီအွန်နှင့် ကျန်သည့် အထက်အရာရှိများက တလက်လက်တောက်ပနေသည့် ရွှေရောင်နဂါး ကျောက်တောမြို့အထက်တွင် ပေါ်ပေါက်လာတာကို မြင်သောအခါ သူတို့ ထိတ်လန့်ကုန်၏။
နဂါးများက ဒဏ္ဍာရီလာ သတ္တဝါများ ဖြစ်ကြသည်။ နဂါးတစ်ကောင်ကိုရှာရန် ကြိုးစားလျှင်တောင် မဖြစ်နိုင်ပေ။ ထိုသို့တိုင် ထိုကဲ့သို့ သတ္တဝါက ကျောက်တောမြို့ကဲ့သို့ မြို့လေးတစ်မြို့၌ ပေါ်လာသည်။ ၎င်းက မယုံနိုင်စရာ ကောင်းလှပေ၏။
” ဒါက ဇီးရိုးဝင်းက ဆင့်ခေါ်ထားတာများလား”
အနှိုင်းမဲ့သည့် မျက်မှောင်ကြုတ်ပြီး ဖြစ်နိုင်ချေကို တွေးလိုက်၏။ သို့သော် ထိုအဖြေကို သူ မသေချာပေ။
နဂါးများမည်မျှ ရှားပါးသနည်း။ ကျောက်တောမြို့ထဲ၌ တိုက်တိုက်ဆိုင်ဆိုင် တစ်ကောင်ပေါ်လာရန်က မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဇီးရိုးဝင်းသည် ၎င်းကို ဆင့်ခေါ်လိုက်တာ ဖြစ်သည်။ အနှိုင်းမဲ့၏ ခန့်မှန်းချက်ကို ကြားသည့်သူတိုင်းက မျက်နှာများ ရှုံ့မဲ့ကုန်တော့၏။
အမျိုးမျိုးသော စာကြည့်တိုက်များမှ သူတို့ သင်ယူထားသည့်အရ အားအနည်းဆုံးက အလွှာငါး သတ္တဝါ ဖြစ်သည်။ ထို့အပြင် သူတို့၏ ဘဝသက်တန်းက အင်မတန် မြင့်လွန်းသောကြောင့် အလွှာတူ တည်ရှိမှုကြားထဲတွင် ပြိုင်ဘက်ကင်းပေ၏။
နဂါးတစ်ကောင်အဖို့ မွန်းစတားအကောင်ရေ နှစ်သိန်းတပ်ဖွဲ့ကို သတ်ဖြတ်ဖို့က အသေးအမွှားသာ ဖြစ်သည်။ ဒဏ္ဍာရီအဆင့် မိစ္ဆာမြေနဂါးကမူ ခြွင်းချက်မဟုတ်ပေ။
” ဘာတွေ စိတ်ပူနေတာလဲ၊ နဂါးအစစ်တစ်ကောင် ဘယ်လောက်အစွမ်းထက်လဲ သိလား၊ ဇီးရိုးဝင်းက တကယ် နဂါးတစ်ကောင်ကို ဆင့်ခေါ်နိုင်မယ်လို့ ထင်နေလား”
စွန့်ပစ်ခံလှိုင်းက အေးတိအေးစက် မေးပြီးနောက် စိုးရိမ်နေသော လက်အောက်ငယ်သားများကို ကြည့်လိုက်၏။
” အနီးကပ် ကြည့်ကြည့်လေ၊ ဒါက ဆင့်ခေါ်ထားတဲ့ သတ္တဝါတစ်ကောင်ပဲ၊ နဂါးအစစ် မဟုတ်ဘူး၊ နဂါးပုံစံပဲ ရှိတာ”
ထိုစကားကို ကြားသောအခါ အားလုံးက ရွှေရောင်နဂါးပေါ်၌ ID စစ်ဆေးသည့်စကေးကို အသုံးပြုလိုက်၏။
[နတ်နဂါး] [ဓာတ်ကြီးလေးပါးသတ္တဝါ၊ ဒဏ္ဍာရီ]
အဆင့် (၆၀)
HP (သန်း ၂၀၀/သန်း ၂၀၀)
” ဓာတ်ကြီးလေးပါး သတ္တဝါ”
အနှိုင်းမဲ့က ရေရွတ်ပြောလိုက်သည်။
၎င်း၏ အမည်တွင် နဂါးဟူသော အမည်ပေါ်နေသော်ငြား ဓာတ်ကြီးလေးပါးသတ္တဝါက နဂါးအစစ် မဟုတ်ပေ။ ဆိုလိုသည်မှာ ထို နတ်နဂါးက အထင်ကြီးဖွယ်ကောင်းသော်ငြား အစစ်အမှန်တန်ဖိုး ချို့တဲ့နေ၏။ နဂါးအစစ်တစ်ကောင်၏ အစစ်အမှန်တန်ဖိုး မပိုင်ဆိုင်ထားပေ။ မိစ္ဆာမြေနဂါးများကဲ့သို့ပင် သူတို့သည် နဂါးဟုခေါ်သော်ငြား နဂါးမျိုးနွယ်စု၏ စွမ်းအင်မပိုင်ဆိုင်သော သတ္တဝါများ ဖြစ်ကြသည်။ သူတို့၏ ဘဝသက်တမ်းကလည်း သာမန်မွန်းစတားများနှင့် မခြားပေ။
” ဇီးရိုးဝင်းက ထို ဒဏ္ဍာရီ မွန်းစတားကို ဘယ်လို ဆင့်ခေါ်နိုင်လဲဆိုတာ ငါမသိဘူးပဲ၊ သူတို့က ဒဏ္ဍာရီမွန်းစတားတစ်ကောင်နဲ့ ကျောက်တောမြို့ကို ကာကွယ်နိုင်မယ်လို့ ထင်ရင် သူတို့ အမှားကြီး လုပ်မိတာပဲ”
စွန့်ပစ်ခံလှိုင်းက နတ်နဂါးကို မကျေမချမ်း ကြည့်လိုက်လေ၏။ ပြီးနောက် သူ၏ လက်အောက်ငယ်သားများဆီ အမိန့်ပေးလိုက်တော့သည်။
” ထုတ်လာခဲ့၊ ဇီးရိုးဝင်းရဲ့ မိုးကုပ်စက်ဝိုင်းကို ဖျက်ကြရအောင်၊ သူတို့ပဲ လက်နက်တွေရှိတာ မဟုတ်ဘူးဆိုတာ ပြရမယ်”
ထိုစကားကို ကြားသောအခါ စွန့်ပစ်ခံလှိုင်း၏ လက်အောက်ငယ်သားများက လှုပ်ရှားကြတော့၏။
မကြာမီ၌ အမြောက်ဆံများက စွန့်ပစ်ခံလှိုင်းဘေး၌ ပေါ်လာတော့သည်။ အနှိုင်းမဲ့သည် ထို အမြောက်များကို မြင်သည့်အချိန်၌ မှင်တက်သွားတော့၏။
” ရေနက်မှာ ဒါတွေ ဘာကြောင့် ရှိနေတာလဲ”
ပန်သီအွန်သည်လည်း အမြောက်များ ပိုင်ဆိုင်ပေသည်။ သို့သော် ထုတ်လုပ်ရန် အင်မတန် ခက်ခဲသည်။ သူတို့ အစည်းအရုံး၏ အင်ဂျင်နီယာခေါင်းဆောင်က သူတို့ကို ထုတ်လုပ်နိုင်ခဲ့သည့် အချိန်တွင်တောင် အင်ဂျင်နီယာခေါင်းဆောင်က (၁၀) ရာခိုင်နှုန်း ရှိသည်။ ထို့အပြင် ကုန်ကြမ်းများ ရှားပါးမှုနှင့် အားစိုက်ထုတ်မှုများစွာကြောင့် ပန်သီအွန်သည် အမြောက်ခြောက်ခုသာ ထုတ်လုပ်နိုင်ခဲ့၏။ ထို အမြောက်များက အံ့ဖွယ်အိုင်တမ် တစ်ခု၊ နှစ်ခုနီးပါး တန်ကြေးရှိပေ၏။
ပန်သီအွန်သည် သူ၏ အမြောက်ခြောက်ခုကို တန်ဖိုးထားသည်။ မြို့များကို စီးနင်းတိုက်ခိုက်သည့်အချိန်တွင်တောင် အသုံးပဲ မတော်တဆ ထိခိုက်ဖျက်ဆီးမှာကို စိုးရိမ်ပူပန်နေကြသည်။
ရေနက်၌ အမြောက်သုံးခု ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိချေ။
ဖျက်ဆီးခြင်းစွမ်းအားအရာတွင် အမြောက်များက မှော်မျှော်စင်နှင့် ယှဥ်နိုင်မှာ မဟုတ်ပေ။ သို့သော် ခုခံခြင်းအမြောက်များနှင့် ယှဥ်နိုင်ပေ၏။ ကံဆိုးသည်မှာ ၎င်း မီးညှ်ိသည့်နှုန်းက ခုခံခြင်းအမြောက်ကဲ့သို့ မမြင့်မားပေ။ သို့သော် သူ၏ အားသာချက်က ထိန်းကြောင်းနိုင်ခြင်းပင် ဖြစ်သည်။ ခုခံခြင်းအမြောက်များက ပြင်ဆင်ပြီးသည်နှင့် နေရာတစ်ခုကိုသာ ပစ်တာဖြစ်၏။
ထို့ကြောင့် ယင်းတို့သည် တိုက်ပွဲထဲတွင် အသုံးဝင်ပေ၏။ အမြောက်များ၏ အလိုလိုစကေးက အဆောက်အဦများနှင့် မှော်အရံအတားများကို တိုက်ခိုက်ရာတွင် ထိခိုက်မှု နှစ်ဆ ဖြစ်စေ၏။
” မီးညှိကြ၊ မှော်အရံအတားတွေ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ မူတည်တယ်”
စွန့်ပစ်ခံလှိုင်းက အမိန့်ပေးလိုက်တော့သည်။
မူလက သူသည် အမြောက်များကို ထုတ်မပြချင်ခဲ့ပေ။ ဆိုရလျှင် အားလုံး ပြောခဲ့သည့်အတိုင်း နတ်နဂါးက မွန်းစတားတစ်ကောင် ဖြစ်သည်။ မိစ္ဆာမြေနဂါးက သူတို့၏ အမြင့်ဆုံးအဆင့်တွင် ရှိနေလျှင်တောင် နတ်နဂါးတစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိကောင်းရှိသည်။ ကံဆိုးသည်မှာ မွန်းစတားများ၏ တိုက်ပွဲဝင်စွမ်းအားက ယခုအချိန်တွင် အားနည်းနေလေ၏။ နတ်နဂါးတစ်ကောင်ကို ရင်ဆိုင်ရန် မိစ္ဆာမြေနဂါးတစ်ကောင်သာ ပို့ခဲ့လျှင် မိစ္ဆာမြေနဂါးက လွှမ်းမိုးခံရမှာ ဖြစ်သည်။ ထိုသို့ ဖြစ်လာခဲ့လျှင် နတ်နဂါးက မွန်းစတားတပ်ဖွဲ့ကြီးကို ဖျက်ဆီးသွားနိုင်သည်။ သူတို့ ခံစားရမည့် ဆုံးရှုံးမှုက ကြီးမားပေလိမ့်မည်။
ဒါမတိုင်ခင် သူက ပတ်တီးဖြင့် လူနှင့် စာချုပ်တစ်ချုပ် ချုပ်ဆိုခဲ့ကာ မွန်းစတားများအတွက် ဆုံးရှုံးမှုကို တစ်ဖက်လူအား လျော်ကြေးပေးမည်ဟု ဆိုခဲ့သည်။ အရှင်အဆင့်အောက် မွန်းစတားများအတွက် သာ လျော်ကြေးပေးနိုင်မှာ ဖြစ်သည်။ သို့သော် အရှင်အဆင့် နှင့် အရှင်အထက် မွန်းစတားများဆိုလျှင် သူသည် နှမြောတသဖြစ်မှုကို ခံစားရမှာပဲ ဖြစ်သည်။
လုံခြုံရေးအတွက် နတ်နဂါးကို ဆွဲချထားရန် မိစ္ဆာမြေနဂါးနှစ်ကောင်ကို လိုအပ်၏။ ပြီးနောက် နောက်ဆုံးမြေနဂါးက ဇီးရိုးဝင်း၏ ဆင့်ခေါ်ခံသတ္တဝါများအားလုံးကို အချိန်ဆွဲထားရန် လိုအပ်သည်။ ဤနည်းဖြင့် ဇီးရိုးဝင်းက ကျောက်တောမြို့အတွင်း ရေနက်၏ ဆင့်ခေါ်ခံသတ္တဝါများရန်မှ ကာကွယ်ရန် နည်းလမ်း မရှိတော့မှာပဲ ဖြစ်သည်။
သို့သော် သူတို့က အမြောက်ကိုသုံးရန် အခွင့်အရေးမရခင် သူတို့အထက်၌ ပေါက်ကွဲသံတစ်ခု ပေါ်လာတော့၏။
တောင်ပံကို ကြမ်းတမ်းစွာ ခက်လိုက်ပြီးနောက် နတ်နဂါးက မိစ္ဆာမြေနဂါးရှေ့၌ ပေါ်လာ၏။ သူက ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေကို တိုက်ခိုက်နေသော မိစ္ဆာမြေနဂါးရှေ့၌ ပေါ်လာတာ ဖြစ်သည်။ ပြီးနောက် သူ၏ အမြီးဖြင့် မိစ္ဆာမြေနဂါးကို ရိုက်လိုက်တော့၏။
ဖုန်၊
တိုက်ခိုက်မှုက မိစ္ဆာမြေနဂါးကို လွင့်ထွက်သွားစေ၏။ ကြယ်ကိုးပွင့်ဝင်ရိုးစွန်းနယ်မြေမှ ဝေးကွာသွားစေရုံသာမက သူ၏ HP ဘားကလည်း သိသိသာသာ လျော့ကျသွား၏။ နတ်နဂါး၏ ခွန်အားက လူတိုင်း ထင်ထားတာကို ကျော်လွန်နေသည်။
လုံခြုံစိတ်ချရသည့် အကွာအဝေးကနေ တိုက်ပွဲကိုကြည့်နေကြသော တစ်ကိုယ်တော်ကစားသမားများက ထိတ်လန့်သွားကြ၏။
နှစ်ဖက်လုံးက အလွှာလေး မွန်းစတားများဖြစ်ပြီး မိစ္ဆာမြေနဂါးက နတ်နဂါးထက် ငါးဆင့် ပိုမြင့်သည့်တိုင် နတ်နဂါးက မိစ္ဆာမြေနဂါး၏ ဧရာမ ခန္ဓာကိုယ်ကို အလွယ်တကူလွင့်ထွက်သွားစေ၏။ သို့သော် အံ့ဖွယ်နဂါး၏ ထိန်းချုပ်သူ ညှို့ငင်ခြင်းဆမ်းမားက လူတိုင်းထက် ပိုအံ့သြသွားလေ၏။
” ဒါက ဒဏ္ဍာရီ မွန်းစတားတစ်ကောင်ရဲ့ စွမ်းအားလား”
ယခု အချိန်တွင် ညှို့ငင်ခြင်းဆမ်းမား၏ ခန္ဓာကိုယ်က နတ်နဂါးနှင့် ပေါင်းစည်းနေပြီ ဖြစ်သည်။ နတ်နဂါးနှင့် ညှို့ငင်ခြင်းဆမ်းမားတို့ ယခုအချိန်တွင် တစ်သားထဲကျနေသည်ဟု ဆိုနိုင်ပေ၏။
နတ်နဂါး၏ စွမ်းအားက ရူးမူးဖွယ် ကောင်းလှသည်။ ညှို့ငင်ခြင်းဆမ်းမားသည် ထိုကဲ့သို့ အဖျက်စွမ်းအားကို ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်၏။ သူမရှေ့တွင် မြင့်မားပြီး အရည်အချင်းခွန်အားကြီးမားသော ခမ်းနားသောအရှင်များတောင် အသေးအမွှားတည်ရှိမှုမျိုး ဖြစ်ကုန်၏။
ထို ခမ်းနားသောအရှင်များကို သူမ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ခံစားနေမိသည်။ ယင်းကို မြင်သောအခါ ကျန်သည့် မိစ္ဆာမြေနဂါးနှစ်ကောင်က သူတို့ လက်သည်းများကို နတ်နဂါးဆီ ဝှေ့ယမ်းကြတော့၏။
မိစ္ဆာမြေနဂါး၏ တိုက်ခိုက်မှုက တိကျသည်ဟု ဆိုရပေမည်။ သူတို့က နတ်နဂါး၏ မျက်ကွယ်ထောင့်များကို ထိမိ၏။ ထို့အပြင် မြေနဂါးနှစ်ကောင်က အလွန်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ပြီး တိုက်ခိုက်တာပဲ ဖြစ်သည်။ နတ်နဂါးက မြေနဂါးနှစ်ကောင်ထဲမှ တစ်ကောင်ကို ပိတ်ဆို့ရန် ကြိုးစားလျှင် နောက်တစ်ကောင်ကို မကာနိုင်ပဲ ဖြစ်သွားမှာပင်။ ထိုသို့တိုင် ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက် နဂါး၏ လက်သည်းက နတ်နဂါးကို ထိတော့မည့်အချိန်တွင်တောင် နတ်နဂါးက မလှုပ်မရှား နေမြဲတိုင်း နေနေ၏။ တိုက်ကွက်ကို ရှောင်တိမ်းခြင်းလည်းမရှိ ပိတ်ဆို့ခြင်းလည်း မရှိပေ။
” နတ်နဂါးက အမိန့်ကို မနာခံတာများလား”
ရေနှင်းဆီက အံ့သြနေလေသည်။
ယခုအချိန်တွင် နတ်နဂါး၌ ပြဿနာတစ်ခု ရှိလာလျှင် စစ်ပွဲက ပြီးဆုံးသွားပေမည်။
ထန်း
ခဏအကြာတွင် မိစ္ဆာမြေနဂါး၏ လက်သည်းက နတ်နဂါး၏ ခန္ဓာကိုယ်ကို ရိုက်မိသွားတော့၏။ သို့သော် သူတို့ လက်သည်းများက နတ်နဂါး၏ ရွှေရောင်ကြေးခွံပေါ်၌ အဖြူရောင်အရာများသာ ချန်ထားရစ်နိုင်ခဲ့ကာ တိုက်ခိုက်မှုက နတ်နဂါး၏ ကြေးခွံများကို မထိုးဖောက်နိုင်ခဲ့ပေ။ နတ်နဂါးလက်ခံရရှိသည့် ထိခိုက်မှုကမူ နတ်နဂါး၏ HP သန်းနှစ်ရာနှင့် ယှဥ်လျှင် မပြောပါးလောက်ပေ။ အာရုံမစိုက်မိလျှင် နတ်နဂါး၏ HP ဘား ပြောင်းလဲသွားတာကိုတောင် သတိပြုမိမှာ မဟုတ်ပေ။
” မဖြစ်နိုင်တာ”
ထိုစဥ် စွန့်ပစ်ခံလှိုင်း၏ တည်ငြိမ်မှု ပျောက်ကွယ်သွားပြီး သူက ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
” နှစ်ကောင်လုံးက အလွှာတူနေတာကို နဂါးနှစ်ကောင်ကြားမှာ ဘာလို့ ဒီလို ကွာဟချက်ကြီး ရှိနေတာလဲ”
ထိုတိုက်ပွဲကို မျက်မြင်တွေ့ကြသည့် ကစားသမားများက အံ့သြဆွံ့အနေကြသည်။
မိစ္ဆာမြေနဂါးက မဟူရာတောင်ရိုးမြို့ထဲ၌ ကစားသမားသိန်းချီကို သတ်ဖြတ်နိုင်ခဲ့သည့် နတ်ဆိုးများ ဟုတ်ရဲ့လားဟု စတင် သံသယဝင်နေကြပြီ ဖြစ်သည်။