ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1074 အခြေအနေကို ပြောင်းခြင်း
” ဒါက”
ရယ်မောခြင်းယစ်ထုတ်က မြို့ထဲတွင် ပေါ်လာသော နောက်ထပ်မှော်မျှော်စင်နှစ်ခုကို မြန်မြန်ဆန်ဆန် သတိပြုမိသွား၏။ မှော်မျှော်စင်အသစ်နှစ်ခုက သူ့ရှေ့ရှိ မှော်မျှော်စင်နှင် တြိဂံပုံသဏ္ဍာန် နေရာယူထားကာ အဆောက်အဦ သုံးခုကြားထဲ၌ ဆက်နွယ်မှုတစ်ခု ရှိနေပုံ ပေါ်သည်။
” ဇီးရိုးဝင်းက ဘယ်လိုလုပ် မှော်မျှော်စင် သုံးခု ရှိနေရတာလဲ”
ခပ်ဝေးဝေးကနေ ကြည့်နေသော စွန့်ပစ်ခံလှိုင်းနှင့် အနှိုင်းမဲ့တို့၏ မျက်နှာထက်တွင် မနာလိုဖြစ်မှုများ ပြည့်လာတော့သည်။ နတ်နဂါးကို ဆင့်ခေါ်သည့်အချိန်ကတောင် သူတို့ ဇီးရိုးဝင်းကို အားမကျခဲ့ချေ။
သူတို့က မှော်မျှော်စင်၏ အာနိသင်များကို ကိုယ်တိုင်တွေ့မြင်ရပြီးဖြစ်ကာ အဆောက်အဦ မည်မျှအစွမ်းထက်ကြောင်း သိပေ၏။ ပထမတန်း အစည်းအရုံး သို့မဟုတ် စူပါအစည်းအရုံးတစ်ခုသည် မှော်မျှော်စင်ရှိသည့် မြို့ကို ခုခံရန်အတွက် သူတို့၏ တပ်ဖွဲ့ အနည်းအကျင်းသာ စေလွှတ်ရန် လိုအပ်မှာ ဖြစ်သည်။ ထိုကဲ့သို့ အင်အားစုဖြင့် တန်ဖိုးရှိသော အဆောက်အဦက တည်ဆောက်ရန် လွယ်ကူတာမဟုတ်တာ သိသာနေ၏။ ထိုသို့တိုင် ဇီးရိုးဝင်းက တစ်မြို့ထဲတွင် မှော်မျှော်စင်သုံးခု တည်ဆောက်ခဲ့သည်။
” ဇီးရိုးဝင်းက ချဲ့ကားရာ ရောက်တာပဲ”
သူ့ကိုယ်သူ ထိန်းချုပ်ရန် အရည်အချင်းရှိသော်ငြား ယွမ်ထျယ်ရှင်းက မှော်မျှော်စင်အသစ်များကိုကြည့်ပြီး ကျိန်ဆဲမိသွား၏။
ကျောက်တောမြို့ရဲ့ မှော်အရံအတားက ဖျက်ဆီးခံလိုက်ရပြီဖြစ်ကာ ရေနက်၏ အလွှာသုံး ဆင့်ခေါ်ခံသတ္တဝါများက မြို့ထဲ ဝင်ရောက်ပြီ ဖြစ်သည်။ မှော်မျှော်စင်များကို ပိုမို ဖြုန်းတီးရာသာ ရောက်ပေမည်။
မှော်မျှော်စင်နှစ်ခုဖြင့် ကစားသမားသိန်းချီရှိသည့် မြို့နှစ်မြို့ကို စီမံခန့်ခွဲနိုင်သည်။ ထပ်တိုးမှော်မျှော်စင်နှစ်ခုဖြင့် သူတို့သည် မွန်းစတားအချို့ကိုပဲ ဖယ်ရှားနိုင်မှာ ဖြစ်သည်။ အခြေအနေအလုံးစုံကို ပြောင်းလဲစေမှာ မဟုတ်ပေ။
ဇီးရိုးဝင်းသည် မှော်မျှော်စင်များကို လျှို့ဝှက်မျှော်စင်အား ရောင်းချသည်က ပိုကောင်းမှာပဲ ဖြစ်သည်။
” အဟမ်၊ မင်းမှာ မှော်မျှော်စင်နှစ်ခု ပိုရှိတော့ရော အလာဟသက် ဖြစ်မှာပဲ”
ရယ်မောခြင်းယစ်ထုတ်က အထင်တသေး နှာခေါင်းရှုံ့လိုက်၏။ မှော်အရံအတားက မြို့ကို ကာကွယ်နေသေးလျှင် သူက မှော်မျှော်စင်သုံးခုကို ကြောက်ပေမည်။
ယခင်က မှော်မျော်စင်၏ တိုက်ခိုက်မှုများကို ရှောင်းတိန်းရန် အလွန်လွယ်ကူနေခဲ့သည်။ သို့သော် မှော်မျှော်စင်သုံးခု ပူးပေါင်းတိုက်ခိုက်သည့်အချိန်တွင် အချိန်မီ ရှောင်တိမ်းနိုင်၏။ မှော်မျှော်စင်က အလွှာလေး ဧရိယာကြီးမားသော အဖျက်ဂါထာ၏ ဖျက်ဆီးခြင်းစွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုအောက်တွင် အလွှာသုံး ဆင့်ခေါ်ခြင်းသတ္တဝါကို ခံစားရမှာပဲ ဖြစ်သည်။ အချက်ရေအနည်းငယ် တိုက်ခိုက်ခြင်းဖြင့် သူ၏ ဆင့်ခေါ်ခြင်းသတ္တဝါက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး တိုက်ပွဲဝင်စွမ်းအား လျော့ကျသွားပေမည်။ အဆုံးတွင်မူ မှော်မျှော်စင်ကို သူ ဖျက်ဆီးနိုင်တော့မှာ မဟုတ်ချေ။
သို့သော် ကျောက်တောမြို့က ယင်းကို ကာကွယ်ရန် မှော်အရံအတား မရှိတော့ချေ။ ဇီးရိုးဝင်းက မြို့ထဲသို့ သူ၏ ဆင့်ခေါ်ခံသတ္တဝါကို နှောင်နှေးအောင်လုပ်ရန် နည်းလမ်းရှိမှာ မဟုတ်ပေ။ မှော်မျှော်စင် ဆယ်ခုကို ဖျက်ဆီးခြင်းကတောင် ခက်ခဲမှာမဟုတ်။ သုံးခုဆို ပြောနေရန် မလိုတော့ချေ။
” ဖြိုခွဲ”
ရယ်မောခြင်းယစ်ထုတ်က သူ၏ ဆင့်ခေါ်ခြင်းသတ္တဝါ၏ အလွှာသုံးစကေး လေစုပ်ဖြဲခြင်းကို အသုံးပြုလိုက်၏။ ခဏအကြာတွင် လေပုံစံ ဝိညာဥ်ဓာတ်စွမ်းအားများက သတ္တဝါ၏ လက်သည်းနား၌ ဖွဲ့တည်လာပြီး မီတာ ငါးဆယ်ကျော်ခန့်မြင့်သော လေပွေတစ်ခုအဖြစ် ဖွဲ့တည်လိုက်တော့၏။
လေစုတ်ဖြဲခြင်းက ဆင့်ခေါ်ခြင်းသတ္တဝါ၏ အသန်မာဆုံးစကေး ဖြစ်သည်။ စကေးက ပြန်လည်အသုံးပြုရသည့်ကြာချိန် တစ်နာရီဖြစ်သော်ငြား ဆင့်ခေါ်ခံသတ္တဝါများက သုံးနာရီသာ တည်ရှိနိုင်တာ ဖြစ်သည်။
” ပြီးသွားပြီပဲ”
ရေနှင်းဆီက မှော်မျှော်စင်ထက်တောင် မြင့်မားပြီး သူမဆီ လှည့်ပတ်လာသော လေဆင်နှာမောင်းကို ကြည့်ပြီး သူမ ရင်ထဲ အေးစက်မှုကို ခံစားလာရသည်။
ဖုန် …
လေဆင်နှာမောင်းက မှော်မျှော်စင်ကို ထိမိသည့်အချိန်၌ ဖုန်မှုန့်များ အမှိုက်များက ပြန့်လွင့်ကုန်၏။ ရယ်မောခြင်းယစ်ထုတ်က ကောက်ကျစ်စွာ ပြုံးလိုက်တော့သည်။
” ဟမ်၊ ဒါ ဒါက မဖြစ်နိုင်ဘူး”
ပြီးနောက် ရယ်မောခြင်းယစ်ထုတ်က ဖုန်များရှင်းလင်းသွားပြီးနောက် မှော်မျှော်စင်ဘက်ကို လှည့်ကြည့်မိသည့်အချိန်တွင် သူ မှင်တက်သွားမိသည်။ ဖုန်များ လွင့်ပြယ်သွားပြီး မှော်မျှော်စင်က သူ့ ရှေ့၌ ရှိနေပေ၏။
အက်ကွဲရာများက ကြီးလာသော်ငြား တဖြေးဖြေးခြင်း ပြုပြင်သွား၏။ ယင်းက ရဟ်မောခြင်းယစ်ထုတ် မြင်ဖူးသမျှထဲတွင် အံ့သြဖွယ်အကောင်းဆုံး အရာဖြစ်သည်။
ဇီးရိုးဝင်း၏ ဒုအစည်းအရုံးခေါင်းဆောင် ရေနှင်းဆီတောင် အံ့အားမှင်တက်နေလေ၏။ ယခင်က ဆင့်ခေါ်ခံသတ္တဝါများ၏ သာမန်တိုက်ခိုက်မှုက မှော်မျှော်စင်ကို ယိမ်းယိုင်စေခဲ့သည်။ အလွှာသုံးစကေးဖြင့် တိုက်ခိုက်ခံရပြီးနောက် မျှော်စင်က မယိုင်နဲရုံသာမက ဖြည်းဖြည်းချင်းပြန်ပြင်နေလေ၏။
” မင်း ပြန်ပြင်ခွင့် မပေးဘူး”
ရယ်မောခြင်းယစ်ထုတ်က ရူးသွပ်သွားပြီး သူ၏ ဆင့်ခေါ်ခြင်းသတ္တဝါအား မှော်မျှော်စင်ကို ထပ်မံတိုက်ခိုက်ရန် ထိန်းချုပ်တော့၏။
သို့သော် သတ္တဝါက တိုက်ခိုက်နေသော်ငြား အက်ကွဲကြောင်းများက မကြီးလာပေ။ ဆန့်ကျင်ဘက်အနေဖြင့် အင်ကွဲကြောင်းများ လျော့နည်းသွားတော့၏။
ခပ်ဝေးဝေးရှိ မှော်မျှော်စင်တွင် ရပ်နေသော ရှီဖုန်းက ရယ်မောခြင်းယစ်ထုတ်၏ ရူးကြောင်ကြောင်တိုက်ခိုက်မှုကို ကြည့်ပြီး မရယ်မောပဲ မနေနိုင်တော့ကာ ခေါင်းခါလိုက်လေ၏။
” ရူးလိုက်လေခြင်း”
နတ်ဘုရားနယ်မြေ၏ နှောင်းအဆင့်၌ အဓိက ခုခံရေးအဆောက်အဦ ဖြစ်သည်နှင့်အညီ မှော်မျှော်စင်၌ သူ၏ ကိုယ်ပိုင် ပြိုင်ဘက်ကင်း အရည်အသွေးရှိပေ၏။ မဟုတ်လျှင် မြို့တစ်မြို့ သို့မဟုတ် မြို့ကြီးတစ်မြို့ကို ဂိမ်း၏ အလယ်အဆင့်၌ သိမ်းပိုက်ခြင်းက အလွှာလေး သို့မဟုတ် အလွှာငါး ကျွမ်းကျင်သူများအတွက် အသေးအမွှားသာ ဖြစ်နေလောက်သည်။ ထိုသို့ဆိုလျှင် ဤမျှော်စင်များကို မည်သူက စိတ်အနှောင့်အယှက်ဖြစ်ခံပြီး တည်ဆောက်နေမည်နည်း။
နောက်ထပ်မှော်မျှော်စင်တစ်ခုက အကွာအဝေးအတွင်း ရှိနေသရွေ့ မျှော်စင်၏ ခုခံမှုက သိသိသာသာတိုးလာတော့သည်။ မှော်မျှော်စင်များက အကျယ်အဝန်းအတွင်း ငါးခုရော၇်လာသည့်အချိန် သူတို့ အထွတ်အထိပ်သို့ ရောက်လာ၏။ ထို့အပြင် မျှော်စင်ပေါ်ရှိ မှော်ပုံသဏ္ဍာန်များကြောင့် ပတ်ဝန်းကျင် ဝိညာဥ်ဓာတ်စွမ်းအားများကို အလိုအလျောက်စုစည်းပြီး သူ့ဘာသာသူ ပြန်ပြင်၏။ တစ်ခုနှင့်တစ်ခု ကပ်နေသော မှော်မျှော်စင်အရေအတွက်က ထိုလုပ်ဆောင်ချက်ကိုလည်း အာနိသင်ရောက်စေ၏။
ယခု ကျောက်တောမြို့၌ မှော်မျှော်စင်သုံးခု ရှိနေရာ အဆောက်အဦများက အလွှာလေးဒဏ္ဍာရီ မွန်းစတား တိုက်ခိုက်မှုကို ကြာရှည်ခံနိုင်မှာ မဟုတ်သော်ငြား အလွှာသုံးမွန်းစတားကို ရင်ဆိုင်ရာတွင်မူ ပြဿနာ မရှိပေ။
” ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စွန့်ပစ်ခံလှိုင်းက ထိုင်မနေနိုင်တော့ချေ။
” အားလုံးပဲ ရယ်မောခြင်းယစ်ထုတ်ကို ကူညီလိုက်ကြ၊ မျှော်စင်တွေ ဖျက်ဆီးခံရတာ လိုချင်တယ်”
သူတို့သည် မှော်မျှော်စင်များ ဖျက်ဆီးရန် ကျရှုံးပြီး ခုခံခြင်းအဆောက်အဦများကို လွတ်လွတ်လပ်လပ်တိုက်ခိုက်ခွင့် ပေးခဲ့လျှင် မွန်းစတားအကောင်ရေနှစ်သိန်းဖြင့် တပ်ဖွဲ့က ဇီးရိုးဝင်း၏ လက်ရွေးစင်နှစ်သောင်းကို မသတ်ဖြတ်နိုင်ခင် သူတို့ကသာ အစုလိုက်အပြုံလိုက် အသတ်ခံရပေလိမ့်မည်။
ပြန်ရှင်သန်နိုင်သည့် စကေးရှိသည့် ကုသသူများ အနားတွင် မရှိပဲ က၀ားသမားများသည် အလိုအလျောက် ပြန်ရှင်သန်ရန်အတွက် နာရီဝက်အချိန် လိုအပ်သည်။ သို့သော် မွန်းစတားများက မရှင်သန်ပေ။ သူတို့၏ သေဆုံးမှုက ထာဝရဖြစ်နေမှာပင်။ စွန့်ပစ်ခံလှိုင်း၏ ဒေါသတကြီးအော်သံက အလွှာသုံး ဆင့်ခေါ်ခံသတ္တဝါများကို ထိန်းချုပ်နေသော ကစားသမားတစ်ဒါဇင်ကို ဖိအားတိုးလာစေ၏။ သူတို့က အမြန် NPC များ၏ ဝန်းရံမှုကို ဖောက်ထွက်လျက် ရယ်မောခြင်းယစ်ထုတ်နှင့် ပူးပေါင်းကာ မှော်မျှော်စင်ကို တိုက်ခိုက်တော့၏။
ယခင်က ရယ်မောခြင်းယစ်ထုတ်သည် ဝန်းရံမှုကို ဖြိုခွဲပြီးဖြစ်ရာ သူတို့က မှော်မျှော်စင်နှင့် ခုခံခြင်းအမြောက်များ၏ ဖျက်ဆီးမှုကို သူ့ဆီ လွှဲထားရန်သာ တွေးခဲ့သည်။ သို့သော် အခြေအနေက ပြောင်းလဲသွားခဲ့၏။
သူတို့သည် ဇီးရိုးဝင်း၏ အလွှာသုံး ဆင့်ခေါ်ခံသတ္တဝါများထံမှ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေရလျှင်တောင် သူတို့က ဖြိုခွဲပြီး မှော်မျှော်စင်ဆီ ရောက်အောင် သွားရပေမည်။ ခဏအကြာ၌ HP တစ်ဝက်ကျော်ခန့်ရှိသည့် ဆင့်ခေါ်ခြင်းသတ္တဝါနှစ်ကောင်က လွတ်မြောက်သွားပြီး မှော်မျှော်စင်ကို တိုက်ခိုက်ရန် ရယ်မောခြင်းယစ်ထုတ်ကို သွားရောက်ကူညီ၏။ ထိုအရာကို မြင်သောအခါ သူတို့၏ အစီအစဥ်က အတော်လေးသက်ရောက်မှု ရှိသည်ဟု ရှီဖုန်း ဝန်ခံရမှာပဲ ဖြစ်သည်။ သို့သော် ဆင့်ခေါ်ခြင်းသတ္တဝါ နှစ်ကောင် ပိုတိုးလာခြင်းက မှော်မျှော်စင်၏ ပြန်ကောင်းသည့်အရှိန်ကို လျော့သွားစေရုံသာ ဖြစ်ပြီး အဆောက်အဦက ထပ်တိုးထိခိုက်မှု မခံရချေ။
ဆင့်ခေါ်ခြင်း သတ္တဝါ သုံးကောင်က မှော်မျှော်စင်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြစဥ် ရှီဖုန်းက သူတို့ နောက်၌ ပေါ်လာလေ၏။
” ဘလက်ဖလိမ်းက စိတ်လွတ်သွားပြီလား၊ သူက အလွှာသုံး ဆင့်ခေါ်ခြင်း သတ္တဝါ သုံးကောင်နား ချဥ်းကပ်လာနေတယ်”
ယွမ်ထျယ်ရှင်းက အံ့သြနေသည့် အမူအရာဖြင့် ဖန်သားပြင်ပေါ်တွင်ရှိသော ရှီဖုန်းကို စိုက်ကြည့်လိုက်လေသည်။
ကစားသမား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဆင့်ခေါ်ခြင်းသတ္တဝါက အသေးအမွှား မဟုတ်ပေ။ သူတို့ကို ရင်ဆိုင်ရန် အကွာအဝေးကျယ် ကစားသမားများသာလျှင် အခွင့်အရေးရှိတာ ဖြစ်သည်။ အနီးကပ်ကစားသမားများက ထိုမွန်းစတားများကို ဖြေရှင်းရန် ကြိုးစားခြင်းက သေချင်နေတာပဲ ဖြစ်၏။ ဖန်သားပြင်ကို ကြည့်နေစဥ် ခရမ်းရောင်ကျောက်စိမ်းကလည်း ဇဝေဇဝါ ဖြစ်သွား၏။
သူမက ဘလက်ဖလိမ်း၏ ရည်ရွယ်ချက်ကို နားလည်သော်ငြား ယင်းက အဓိပ္ပါယ်မရှိပေ။ အစည်းအရုံးခေါင်းဆောင်ဟူသော သူ၏ ID ဖြင့် ဘလက်ဖလိမ်း ထိုကဲ့သို့ လုပ်စရာမလိုအပ်ချေ။
” ဘလက်ဖလိမ်းလား”
ရှီဖုန်းကို မြင်သည့်အချိန်တွင် ရယ်မောခြင်းယစ်ထုတ်က နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။
” ငါ မင်းကို ရှာနေတာ၊ မင်း ငါ့ရှေ့မှာ တကယ်ကြီး ပေါ်လာဖို့ တွေးရဲတယ်ပေါ့၊ သေပေတော့”
ထိုသို့ ပြောပြီးနောက် ရယ်မောခြင်းယစ်ထုတ်က ဆင့်ခေါ်ခြင်းသတ္တဝါ၏ လက်သည်းဖြင့် ရှီဖုန်းကို ရိုက်ခိုင်းလိုက်သည်။
ရယ်မောခြင်းယစ်ထုတ်က နောက်တစ်ကိုယ်ကို ထိန်းချုပ်နေရခြင်းကြောင့် သူ၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်အပြည့်အဝကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိသော်ငြား သူ၏ ဆင့်ခေါ်ခြင်းသတ္တဝါကို သန့်စင်ခြင်းနယ်ပယ်တစ်ဝက်သို့ရောက်အောင် တွန်းတင်နိုင်သေးသည်။ မည်သည့် အလွှာတစ်ကစားသမားကမှ သူ၏ ပေါက်ကွဲနေသောအရှိန်နှင့် လိုက်မှီမှာ မဟုတ်ပေ။
” မြန်လိုက်တာ”
လုံခြုံစိတ်ချရသည့် အကွာအဝေးကနေ ကြည့်နေသော ရေနှင်းဆီက ပင့်သက်ရှိုက်မိသွားသည်။
မျက်တောင်တစ်ခတ်အတွင်း ဆင့်ခေါ်ခြင်းသတ္တဝါ၏ လက်သည်းက ရှီဖုန်း၏ ခေါင်းအထက်၌ ပေါ်လာတော့၏။
ဖုန်း…
လက်သည်းတိုက်မိသွားချိန်တွင် မြေပြင်ပေါ်၌ နက်ရှိုင်းသည့် မြောင်းရာများစွာ ပေါ်လာတော့သည်။
ရှီဖုန်းကမူ တိုက်ကွက်က သူနှင့် မလှမ်းမကမ်းသို့သာ ကျရောက်သွား၏။ သို့သော် မည်သည့်ထိခိုက်မှုမှ မရခဲ့ပေ။ အန္တရာယ်များသည့် အခိုက်အတန့်တွင် ထိခိုက်မှုကို ပယ်ပျောက်စေရန် တန်ပြန်တိုက်ခိုက်မှုကို အသက်သွင်းလိုက်၏။
” မင်း ဒါကို ပိတ်ဆို့လိုက်တယ်လား”
ရယ်မောခြင်းယစ်ထုတ်က အနည်းငယ်အံ့အားသင့်သွားသည်။ သို့သော် တွေဝေနေရာမှ မြန်မြန်ပြန်ကောင်းလာပြီးနောက် ရယ်မောကာ ကြေညာလိုက်တော့၏။
” မင်းမှာ စကေး ဘယ်လောက်ရှိလဲဆိုတာ သိချင်တယ်”
ထိုသို့ ပြောပြီးနောက် ဆင့်ခေါ်ခံသတ္တဝါ၏ လက်သည်းက ရှီဖုန်းဆီ ထပ်မံရောက်လာပြန်၏။
” လုံလောက်သွားပြီပဲ၊ ကျွမ်းကျင်သူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အလွှာသုံး ဆင့်ခေါ်ခြင်းသတ္တဝါက တကယ် အစွမ်းထက်တာပဲ”
ရှီဖုန်းသည် မြေကြီးပေါ် စောက်နင်းလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်က ထုံကျင်သွား၏။
” ကြည့်ရတာ ရွေးချယ်စရာမရှိဘဲ သူတို့ကို ဆင့်ခေါ်ရတော့မှာပဲ”
သူ့ရှေ့ရှိ ဆင့်ခေါ်ခြင်းသတ္တဝါကို ကြည့်နေစဥ် ရှီဖုန်းက စာလိပ်နှစ်လိပ်ကို ဖြည်လိုက်၏။
အစောင့်များ ဆင့်ခေါ်ခြင်း