ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1082 ပျောက်ဆုံးနေသော အမှောင်ဓားသွား
ကျောက်တောမြို့အပြင်ဘက်တွင် စွန့်ပစ်ခံလှိုင်းက ဇီးရိုးဝင်းကို ဝန်းရံတိုက်ခိုက်ရန် အမိန့်ပေးနေ၏။
အရေအတွက်ကွာဟချက်က သိသာလွန်းသည်။ မှော်မျှော်စင်တောင် ထိုကွာဟချက်ကို မဖာထေးပေးနိုင်ပေ။ မှော်မျှော်စင်၏ မီးစွမ်းအားတို့က လက်ရှိတွင် မြို့အပြင်ဘက်ရှိ မွန်းစတားများကိုသာ အားပြုနေတာ ဖြစ်သည်။ ခုခံခြင်းပုံစံက မြို့ထဲရှိ ကျန်သည့်ကစားသမားများကို တိုက်ခိုက်ဖို့ရာ အချိန်မရှိပေ။
မှော်မျှော်စင်က ဇီးရိုးဝင်းအဖွဲ့ဝင်များ၏ အခြေခံအရည်အချင်းများကို မြင့်တင်ပေးပြီး ရေနက်၏ အဖွဲ့ဝင်များထက် ပိုသန်မာအောင် ပြုလုပ်ထားခြင်း မရှိလျှင် ဇီးရိုးဝင်းသည် ပြိုလဲတာ ကြာပြီဖြစ်၏။
” အစည်းအရုံးခေါင်းဆောင် ကျွန်တော်တို့လူတွေက ကျောက်တောမြို့ရဲ့ အပြင်ဘက်ဧရိယာကို သိမ်းပိုက်ပြီးပါပြီ၊ ဇီးရိုးဝင်းအဖွဲ့ဝင်တွေက အရေးပါတဲ့ နေရာတချို့ကိုပဲ ခုခံနိုင်တော့တယ်၊ နည်းနည်းလောက် ထက်အချိန်ပေးလိုက်ရင် ဘာပြဿနာမှ မရှိပဲ သူတို့ကို ယှဥ်ထုတ်နိုင်မှာ”
ချင်မုယွင်က သတင်းပို့၏။
” ကောင်းတယ်၊ ပြီးရင် လူတချို့ကို ပန်သီအွန်ရဲ့ အဖွဲ့ဆီပို့လိုက်၊ လူတိုင်းပဲ ဇီးရိုးဝင်းအဖွဲ့ဝင်တွေကို သူတို့ လက်ရှိနေရာမှာ ဆွဲထားဖို့အာရုံစိုက်၊ နှစ်နာရီကြာပြီးရင် မှော်မျှော်စင်သုံးခုအပါအဝင် ကျောက်တောမြို့က ငါတို့အပိုင်ဖြစ်ပြီ”
စွန့်ပစ်ခံလှိုင်းက စိတ်လှုပ်ရှားသည့်အပြုံး ထုတ်ဖော်မိလာတော့သည်။
ယခုအခေါက်စစ်ဆင်ရေးက ရေနက်အတွက်ကြီးမားသည့် ဆုံးရှုံးမှုဖြစ်စေသည်။ လက်ရှိတွင် သူတို့၏ လက်ရွေးစင်တပ်ဖွဲ့က ကစားသမားရှစ်သောင်းအောက်သာ ကျန်တော့သည်။ သေဆုံးသည့် အရေအတွက်တစ်ဝက်ကျော်က မှော်မျှော်စင်၏ လက်ချက်ဖြစ်သည်။ မွန်းစတားတပ်ဖွဲ့ကမူ ရှင်သန်ရစ်သည့်မွန်းစတား တစ်သိန်းမပြည့်တော့ပေ။
စွန့်ပစ်ခံလှိုင်းက ပန်သီအွန်နှင့် ပတ်တီဖြင့်လူတို့ကို ကတိများစွာတောင် ပေးခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုဆုံးရှုံးမှုအားလုံးက ကျောက်တောမြို့နှင် မှော်မျှော်စင်တို့နှင့် ယှဥ်ပါက နည်းနေသေးသည်။ သို့သော် ထိုဆုံးရှုံးမှုအားလုံးသည့် ကျောက်တောမြို့နှင့် မှော်မျှော်စင်ကို ရသည့်အချိန်တွင် အသေးအမွှားဖြစ်သွားပေလိမ့်မည်။
ရေနက်က ကျောက်တောမြို့ကို သိမ်းပိုက်ပြီးသည်နှင့် မှော်မျှော်စင်၏ အရည်အချင်းက မြို့ဆီသို့လာရန် ကစားသမားများကို စွဲဆောင်နိုင်မှာပဲ ဖြစ်သည်။ ရေနက်အစည်းအရုံး၏ ကြွယ်ဝသောအရင်းအမြစ် အစွမ်းထက်သော နောက်ခံတော့ဖြင့် လက်ရွေးစင်ကစားသမားတစ်သုတ်စုဆောင်းပြီး ကျွမ်းကျင်ကစားသမားများကို အစည်းအရုံးအတွင်းသို့ ခေါ်ဖို့က လွယ်ကူပေမည်။ ထို့အပြင် ရေနက်က ဂိမ်းငွေကြေးများနှင့် မျှော်သလင်းထောက်ပံ့မှုများစွာလည်း ရရှိနေမှာပဲ ဖြစ်သည်။
တစ်ဖက်တွင်မူ ဇီးရိုးဝင်းက ကြယ်တိုင်းပြည်၏ အုပ်ချုပ်သူရာထူးမှ ထုတ်ပယ်ခံရပေမည်။
သူဘေးတွင် ရပ်နေသည့် အနှိုင်းမဲ့ကို လှည့်ကြည့်ပြီး စွန့်ပစ်ခံလှိုင်းက မေးလိုက်တော့၏။
” ညီအစ်ကိုအနှိုင်းမဲ့၊ မင့်ဘက်ခြမ်းမှာရော ဘယ်လိုလဲ”
” အိမ်ထဲ ရောက်နေပြီးပြီ၊ ဘလက်ဖလိမ်းက ကျုပ်တို့တွေ မြို့တံဆိပ်ပြားကို သွားခိုးမှာကို ခန့်မှန်းပြီးသားဆိုပေမဲ့ သူ့ကို ကျွန်တော်တို့ ပိတ်ထားပြီးသား၊ စစ်ပွဲပြီးဆုံးတဲ့အချိန်ကြမှ သူ ထွက်လာနိုင်မှာ ဆိုးရတယ်”
အနှိုင်းမဲ့က ရယ်မောလိုက်လေ၏။
ကိုးပါးသတ်ဖြတ်ခြင်းသည် မှော်အရံအတားကျောက်တုံးအသုံးပြုသည့်အချိန်၌ အနှိုင်းမဲ့က သူ၏ ဆုံးဖြတ်ချက်အပေါ် ခိုင်မြဲသည့်အမြင် ရှိခဲ့သည်။ ကိုးပါးသတ်ဖြတ်ခြင်းက ပွေးကျစ်စာဖြင့် တောင်တစ်တောင်ပြုလုပ်နေခြင်းသာ ဖြစ်သည်။ ထိုပစ္စည်းများသည် အလွှာသုံး NPC များ သို့မဟုတ် ခမ်းနားသောအရှင်များကို ရင်ဆိုင်ရန်အတွက်ဖြစ်ပြီး အလွှာတစ်ကစားသမားအတွက် မဟုတ်ချေ။
သို့သော် ယခု ဇီးရိုးဝင်း၏ အစည်းအရုံးခေါင်းဆောင်က အပိတ်ခံထားရပြီဖြစ်ရာ ယင်းသည် အစည်းအရုံးအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်စေမည်။
အနှိုင်းမဲ့က တာဝန်ပြီးမြောက်ပြီဟု တွေးနေသည့်အချိန်တွင် အမှောင်ဓားသွားအဖွဲ့ဝင်မှ စာက ရုတ်တရက် ပေါ်လာတော့သည်။
” ဘလက်ဖလိမ်းက ချုပ်နှောင်ခံထားရာကနေ လွတ်သွားပြီ၊ နောက်ပြန်ဆုတ်ဖို့ တောင်းခံပါတယ်”
အနှိုင်းမဲ့သည် ထိုစာကို ဖတ်မိသည့်အချိန်၌ သူ့အမူအရာက ချက်ချင်းတင်းမားသွားတော့၏။ တိုတိုတုတ်တုတ်စာကြောင်းတစ်ကြောင်းသာ ဖြစ်သော်ငြား သူ၏ ရည်ရွယ်ချက်ကို မှော်အရံအတားကျောက်တုံးအကြောင်း နားလည်သည့်သူများသာလျှင် သိမှာဖြစ်သည်။
” လွတ်မြောက်သွားတာလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုစာကို ဖတ်မိသည့်အချိန်၌ အနှိုင်းမဲ့၏ စိတ်ထဲ ထိုအတွေးက ပထမဆုံး ဝင်လာတာပဲ ဖြစ်သည်။
အလွှာလေးတည်ရှိမှု၏ ခွန်အားမရှိပဲ အလွှာလေးမှော်အရံအတားကျောက်တုံး၏ လေဟာနယ် ချိပ်ပိတ်ခြင်းစွမ်းရည်ကို ဖောက်ထွက်ဖို့က မဖြစ်နိုင်ပေ။
အနှိုင်းမဲ့က ချက်ချင်းပင် သူ့ဆီ စာပို့ခဲ့သော အမှောင်ဓားသွားအဖွဲ့ဝင်ကို ဆက်သွယ်ရန်ကြိုးစားပြီး အဖြစ်အပျက်ကို မေးချင်ခဲ့သည်။ သို့သော် ထိုကစားသမားကို ယာယီဆက်သွယ်၍ မရကြောင်း စနစ်က အကြောင်းကြားလာ၏။ ထိုအခြေအနေက အနှိုင်းမဲ့ကို မကောင်းတာခံစားမိလာစေ၏။
ကစားသမားတစ်ဦးကို ဆက်သွယ်၍မရသည့် အခြေအနေသုံးချက်သာ ရှိသည်။
ပထမတစ်ချက်က ကစားသမားသည် လိုင်းပေါ်တွင် မရှိတာဖြစ်၏။ ဒုတိယအချက်က ပစ်မှတ်ထားခံရသော ကစားသမားသေဆုံးတာဖြစ်ကာ တတိယအချက်သည် ပစ်မှတ်ထားခံရသော ကစားသမားက အထူးနေရာတစ်ခုသို့ ဝင်ရောက်သွားခဲ့တာ ဖြစ်သည်။ ယခုအချိန်တွင် ပထမနှင့် တတိယအခြေအနေက မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေက ဒုတိယဖြစ်ရပ်သာ ဖြစ်၏။
ဒုတိယဖြစ်ရပ်က အမှောင်ဓားသွား၏ ဘက်ခြမ်း၌ မကောင်းတာတစ်ခုခု ဖြစ်နေပြီဟု ဆိုလိုတာပဲ ဖြစ်သည်။
” အားလုံးကို သူကိုယ်တိုင် သတ်လိုက်တာလား၊ ဖြစ်နိုင်လို့လား”
အနှိုင်းမဲ့၏ စိတ်ထဲ၌ မေးခွန်းများ ပြည့်နေတော့သည်။
အမှောင်ဓားသွားအဖွဲ့ဝင်များသည် ပန်သီအွန်က လုပ်ကြံသတ်ဖြတ်ရေးအတွက် ပျိုးထောင်ပေးထားသော ကျွမ်းကျင်သူများ ဖြစ်၏။ ယခုအခေါက်တွင် ကြိုတင်သတိထားသည့်အနေဖြင့် ပန်သီအွန်က အမှောင်ဓားသွားအဖွဲ့ဝင်တစ်ရာပါသော အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ အမှောင်ဓားသွား၏ ဒုခေါင်းဆောင် ကိုးပါးသတ်ဖြတ်ခြင်းကတောင် အဖွဲ့ကို ဦးဆောင်ခဲ့၏။
ပုံမှန်ဆို ထိုကဲ့သို့ အင်အားစုကို စူပါအစည်းအရုံးကြီးများ၏ အထက်အရာရှိများဆီ သို့မဟုတ် စူပါပထမတန်းအစည်းအရုံးများဆီသာ စေလွှတ်တာပဲ ဖြစ်သည်။
ယခုအခေါက်တာဝန် အရေးကြီးတာကြောင့်သာ မဟုတ်လျှင် ဇီးရိုးဝင်းက ထူးကဲကျွမ်းကျင်သူအချို့ ပိုင်ဆိုင်ထားသည့်အချက်သာ မရှိလျှင် ပန်သီအွန်က ထိုအဖွဲ့ကြီးကို စေလွှတ်မှာမဟုတ်ပေ။
လုပ်ကြံသတ်ဖြတ်ခြင်း ကျွမ်းကျင်သူတစ်ရာ အတူတကွပူးပေါင်းဆောင်ရွက်သည့်အချိန်တွင် ဇီးရိုးဝင်း၏ ထိပ်သီးကျွမ်းကျင်သူများစွာက ပူးပေါင်းတိုက်ခိုက်လျှင်တောင် သေခြင်းတရားမှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
အကြောက်တရားမပြေငြိမ်းနိုင်ဘဲ အနှိုင်းမဲ့က ကျောက်စိမ်းနီတပ်မဟာ၏ ဒုခေါင်းဆောင်ကို အမြန်ဆက်သွယ်လိုက်၏။
” မိုးနီ၊ ဇီးရိုးဝင်းရဲ့ အစည်းအရုံးဂေဟာကို အခုချက်ချင်းသွား၊ အမှောင်ဓားသွားဘက်မှာ တစ်ခုခုဖြစ်နေပြီ”
ယခုအခေါက်တွင် မိုးနီသည် အစည်းအရုံးက သူ့အား ကူညီပေးရန် လွတ်လိုက်သော လူတစ်ယောက် ဖြစ်သည်။ တိုက်ပွဲဝင်စံသတ်မှတ်ချက်အရာတွင် သူမက ကိုးပါးသတ်ဖြတ်ခြင်းထက်တောင် သာလွန်ပေ၏။ ထို့အပြင် သူမက ထူးကဲပါရမီရှင်တစ်ဦး ဖြစ်သည်။ သူမ ပန်သီအွန်သို့ဝင်ခဲ့ပြီး သုံးနှစ်အတွင်း သူမက စူပါအစည်းအရုံးကြီး၏ လျှို့ဝှက်ကတ်တပ်မဟာတစ်ခု၌ ဒုခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ ကျောက်စိမ်းနီတပ်မဟာ၏ လက်ရှိခေါင်းဆောင်က ကျောက်စိမ်းနီတပ်မဟာ၏ လက်ရှိခေါင်းဆောင်က သူမကို အမြင်ကောင်းရှိနေပြီး သူ့ဆက်ခံသူအဖြစ် မွေးထုတ်ရန်တောင် စဥ်းစားထားသည်။
အစည်းအရုံးထဲ၌ သူမ၏ အနာဂတ်က သူ့ကဲ့သို့ လူအုပ်ကြီးထက် အဆပေါင်းများစွာ ပိုတောက်ပနေသည်။ ထို့ကြောင့် သူက သူမကို ပြောသည့်အချိန်တွင် ယဥ်ကျေးရသေး၏။
” အမှောင်ဓားသွားတစ်ခုခု ဖြစ်လို့လား၊ မဖြစ်နိုင်ဘူးမလား”
ဖန်သားပြင်ပေါ်ရှိ ဆံနွယ်နီနတ်ဘုရားမ၏ မျက်နှာထက်တွင် စဥ်းစားနေသည့်အမူအရာတစ်ခု ပေါ်လာသည်။
” အဲဒီအဘိုးကြီး ကိုးပါးသတ်ဖြတ်ခြင်းက တပ်မဟာကို ဦးဆောင်တာ မဟုတ်ဘူးလား”
” ငါ သူတို့ကို အခုအချိန်မှာ ဆက်သွယ်လို့မရသေးဘူး၊ မြို့တံဆိပ်ပြားက ငါတို့အတွက် အရေးပါတယ်၊ ဘယ်လောက်ပဲကုန်ကျကုန်ကျ အဲဒါကို ရအောင်ယူရမယ်”
အနှိုင်းမဲ့က ကိုးပါးသတ်ဖြတ်ခြင်းတစ်စုံတစ်ခု ဖြစ်သွားသည်ဆိုတာကို မယုံပေ။ သို့သော် သူ့ရှေ့ရှိ အချက်အလက်များအရ ရွေးချယ်စရာမရှိပဲ သွားရောက်စစ်ဆေးရန် လူတစ်ယောက် လွတ်ရတော့မှာပဲ ဖြစ်သည်။
” ကျွန်မ နားလည်ပြီ”
မိုးနီက ခေါင်းညိတ်ပြီးနောက် ဖုန်းချလိုက်၏။ ပြီးနောက် သူမက အမိန့်ပေးလိုက်တော့သည်။
” မန်းကီး၊ အလွှာနှစ် NPC ကို ဖြေရှင်းဖို့ ငါနဲ့ နေရာချင်းလှဲ၊ ငါ ဒီနေရာကနေ ခဏထွက်သွားဖို့ လိုတယ်”
” အစ်မကြီးနီ၊ ကျွန်တော်ဆီ အပ်ထားလိုက်”
ဓာတ်ကြီးလေးပါးအသုံးပြုသူက အမြန်ပြောလိုက်တော့၏။ ပြီးနောက် မိုးနီသည် ကစားသမားအယောက်တစ်ရာပါသည့် အဖွဲ့ကို ဦးဆောင်လျက် ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာထဲသို့ ဝင်သွားကြလေသည်။
” အစ်မကြီးရေ၊ အဲဒီမိုးနီက ကျွန်တော်တို့ အစည်းအရုံးဂေဟာထဲ အဖွဲ့တစ်ဖွဲ့ဦးဆောင်ပြီး ဝင်လာပြီ”
လက်ရှိ၌ ကျောက်စိမ်းနီတပ်မဟာအဖွဲ့ဝင်လေးဦးကို တိုက်ခိုက်နေသော အရိပ်ဓားက သူ့ဘေးကနေ ဖြတ်သန်းသွားသော မိုးနီကို မြင်သည့်အချိန်၌ ရေနှင်းဆီကို အမြန် သတင်းပို့လိုက်သည်။
ကျောက်စိမ်းနီတပ်မဟာ အဖွဲ့ဝင်များက သာမန်အစည်းအရုံးကျွမ်းကျင်သူများ ရင်ဆိုင်နိုင်သည့်သူ မဟုတ်ပေ။ အရိပ်ဓား၏ အရည်အချင်းမြင့်တင်မှုဖြစ်တောင် သူက အဖွဲ့ဝင်လေးဦးမျှဖြင့် သူ့ကို ဖိနှိပ်ထားနိုင်၏။
သူတောင် ဆိုးဆိုးဝါးဝါး ထိုမျှတောင့်ခံနေရလေကာ ကျန်သည့်သူဆိုလျှင် ပြောနေရန်မလိုတော့ချေ။
ကျောက်စိမ်းနီတပ်မဟာ၏ မိုးနီက လူမဆန်အောင် သန်မာပေ၏။ သူမသည် အဆင့် (၆၅) NPC အစောင့်ကို သူမ ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။ ထို NPC နှစ်ဦးက ပူးပေါင်းဆောင်ရွက်ပြီး သူမကို ဖြေရှင်းသည့်အချိန်တွင် သူမ နေရာကို ထိန်းထားနိုင်သေးဆဲ ဖြစ်သည်။ အမှောင်နတ်ဘုရားအဖွဲ့ဝင်များက သူမနားချဥ်းကပ်ပြီး လုပ်ကြံရန်ကြိုးစားခဲ့ကြ၏။
ထိုသတင်းပို့ချက်ကို ရေနှင်းဆီ ကြားသောအခါ ဖြေရှင်းနည်းတစ်ခုကို စဥ်းစားလိုက်ရသည်။ လက်ရှိတွင် သူမက မြို့၏ အရေးပါသောတည်နေရာများ၏ ခုခံမှုကို တာဝန်ယူထားရတာ ဖြစ်သည်။ မိုးနီအကြောင်း စိုးရိမ်ပူပန်နေရန် အင်အားမရှိချေ။
ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာထဲတွင် ဖြစ်သည်။
” ဒီမှာ ဘယ်သူမှ မရှိဘူးလား”
မိုးနီက ရေရွတ်ပြောပြီး အစည်းအရုံးဂေဟာတစ်ခုလုံးကို စစ်ဆေးကြည့်ကာ ဇီးရိုးဝင်းအဖွဲ့ဝင်များကို ရှာမတွေ့ခဲ့ပေ။ သို့သော် အစည်းအရုံးဂေဟာ၏ မြေအောက်ခန်းမဝင်ပေါက်နား ရောက်သည့်အချိန်၌ သူမ တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် မှင်တက်သွားတော့သည်။
အလောင်းများက ပုံနေ၏။ လက်နက်များ ချပ်ဝတ်တန်ဆာများကလည်း ထိုအလောင်းများဘေး၌ ပြန့်ကျဲနေတော့သည်။ အနီးကပ်ကြည့်မိသောအခါ ထိုအလောင်းများက ရေနက်အဖွဲ့ဝင်များ၏ အလောင်းများဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဖုန်…
ထိုစဥ် ပေါက်ကွဲသံကြီးတစ်သံက ပေါ်ထွက်လာလေ၏။ အမြောက်ဆံကဲ့သို့ပင် ကစားသမားများစွာသည် အလောင်းပုံဆီသို့ လွင့်ထွက်သွားကြ၏။
” အထဲမှာ ခမ်းနားသောအရှင်တစ်ပါး ရှိနေတာလား”
မိုးနီက သိချင်စိတ်များဖြင့် ပြည့်နေလေ၏။
” ကြယ်လတိုင်းပြည်ရဲ့ နံပါတ်တစ်အစည်းအရုံးဆိုတော့ ထင်တဲ့အတိုင်းပဲ၊ ဇီးရိုးဝင်းမှာ ဒီလို လျှို့ဝှက်ကတ်ရှိနေတာကို”
သေသွားသည့် ကစားသမားများအားလုံးက အဆင့် (၃၈) နှင့်အထက် ဖြစ်ကြသည်။ သူတို့ထဲတွင် အဆင့် (၄၀) ကျွမ်းကျင်သူများတောင် ပါရှိ၏။ အကြမ်းမျဥ်းတွက်ချက်ပြီးနောက် အလောင်းထဲတွင် ကစားသမားအနည်းဆုံး သုံးဆယ်ရှိရမည်။ ထိုမျှများပြားသည့် လူများဖြင့် သူတို့သည် မဟာအရှင်တစ်ဦးကို ရင်ဆိုင်လျှင်တောင် ဆိုးဆိုးဝါးဝါးထိခိုက်မှာ မဟုတ်ပေ။ ထို့ကြောင့် ခန်းမထဲတွင် ခမ်းနားသောအရှင်တစ်ပါး ရှိလိမ့်မည်ဟု ကောက်ချက်ချမိသည်။
” အစ်မကြီးနီ၊ ကျွန်တော်တို့ တကယ်ဝင်မှာလား”
အဆင့် (၄၀) ဒိုင်းစစ်သည်တော်က မေးလိုက်လေ၏။ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်သည့်အချိန်၌ တံတွေးမျိုချမိသွားသည်။
” ဒါပေါ့၊ ဝင်မှာပေါ့၊ မဟာခမ်းနားသောအရှင်ပဲ မဟုတ်ဘူးလား၊ ငါတို့ ပထမဆုံးအကြိမ် သတ်ဖူးတာလည်း မဟုတ်ဘူး”
မိုးနီက ပြန်ပြောပြီး ဒိုင်းစစ်သည်တော်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် ခန်းမထဲသို့ ဦးဆောင်ဝင်သွားတော့သည်။