ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1088 ဒဏ္ဍာရီလာတည်ရှိမှု
စွန့်ပစ်ခံလှိုင်း အမိန့်ပေးလိုက်သည့်အချိန်တွင် သူ၏ မျက်နှာထက်၌ အင်အားကင်းမဲ့သောအကြည့် ပေါ်လာတော့သည်။ သို့သော် ထိုအမိန့်က ဇီးရိုးဝင်းကို တိုက်ခိုက်နေကြသော ကစားသမားများအား စိတ်သက်သာရာရသွားစေသည်။ ယင်းက တိုက်ပွဲတစ်ပွဲမဟုတ်ပေ။ တစ်ဖက်သက် သတ်ဖြတ်သည့်ပွဲသာ ဖြစ်နေသည်။
သူတို့၏ အခြေခံအရည်အချင်းများက ဇီးရိုးဝင်း၏ အဖွဲ့ဝင်များထက် နိမ့်ကျနေရုံသာမက သူတို့၏ အာရုံများကလည်း နှောက်ယှက်ခံနေရသည်။ သူတို့ဘက်ခြမ်း၌ လူပိုများသော်ငြား ဇီးရိုးဝင်းကို ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေ၏။
” အစည်းအရုံးခေါင်းဆောင် သူတို့တွေ မြောက်ဘက်ကို စဆုတ်ခွာနေပြီ၊ သူတို့ကို လိုက်သင့်လား”
ရေနှင်းဆီက ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာမှ အဖွဲ့ဝင်များ နောက်ပြန်ဆုတ်သွားတာကိုမြင်ပြီး သက်ပြင်းချလိုက်တော့သည်။
ဤစစ်ပွဲက မလွယ်ကူခဲ့ပေ။ သူမ ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းထဲ စတင် ဆော့ကစားချိန်မှစပြီး ပါဝင်ခဲ့ဖူးသည့် ရင်ဖိုစရာအကောင်းဆုံး စစ်ပွဲတစ်ခုဆိုတာ သေချာ၏။
ရှီဖုန်း၏ ပြင်ဆင်မှုကြောင့်သာ မဟုတ်လျှင် ရေနက်၏ တိုက်ခိုက်မှုများကို ဖြိုခွင်ရန် လျှို့ဝှက်ကတ် မထုတ်ထားလျှင် မြို့ကို ချိပ်ပိတ်ထားသော ချိတ်ကိုဖွင့်ရန် မီးလျှံကကြိုးအား မစေလွှတ်ခဲ့လျှင် ရေနက်က ဤစစ်ပွဲကို အောင်နိုင်သွားပေလိမ့်မည်။
မှော်မျော်စင်၏ ထောက်ပံ့မှု အော့ခ်ဘလစ် လက်ရွေးစင်ကစားသမားများစွာ ရှိနေသော်ငြား ဇီးရိုးဝင်းက ခက်ခက်ခဲခဲကြိုးစားပြီးနောက် ရန်သူနှစ်သောင်းကိုသာ ဖြေရှင်းနိုင်ခဲ့သည်။ အလှဲအလှယ်အနေဖြင့် သူတို့က သုံးထောင်ကျရှုံးသွား၏။ ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာ၏ အင်အားက သိသာပေသည်။ ထို့အပြင် ပန်သီအွန်၏ အဓိက တပ်မဟာများကလည်း စစ်ပွဲထဲတွင် ဝင်ပါလာသည်။ ဇီးရိုးဝင်းက အိမ်ကွင်းတစ်ပန်းသာနေသောကြောင့်သာ မဟုတ်လျှင် တိုက်ပွဲ၏ ရလဒ်က သေချာမှာမဟုတ်ပေ။
” သူတို့နောက်ကိုလိုက်၊ တတ်နိုင်သမျှ သတ်ကြ”
ရှီဖုန်းက တွေဝေမနေဘဲ အမိန့်ပေးလိုက်တော့သည်။ ဤစစ်ပွဲသည် ရေနက် မည်မျှသန်မာကြောင့် ရှီဖုန်းကို သဘောပေါက်စေတော့သည်။
နတ်ဘုရားနယ်မြေထဲ၌ ရေနက် ဝင်ရောက်လာတာ အချိန်တိုတောင်းသော်ငြား ထိုကဲ့သို့ တိုက်ပွဲဝင်စွမ်းအားနှင့် အုတ်မြစ်ကို ပိုင်ဆိုင်ထား၏။ ရေနက်ကို ဆက်လက်ကြီးထွားခွင့်ပေးထားလျှင် သူ ကျောက်တောမြို့ကို ခုခံနိုင်ပါမလားဟု ရှီဖုန်းတောင် သံသယဝင်လာပြီ ဖြစ်သည်။
ထို့ကြောင့် သူက ဤစစ်ပွဲ၌ ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာကို ထိုးနှက်ရန် လိုအပ်သည်။ သူတို့သာ ယခုအချိန်တွင် အစည်းအရုံး၏ တပ်များကို သုတ်သင်ရှင်းလင်းခဲ့လျှင် ဇီးရိုးဝင်းက အချိန်အတိုင်းအတာတစ်ခုအထိ လုံခြုံနေပေမည်။ မြို့ တည်ဆောက်မှုအတွက်လည်း အချိန်ပိုရလာပေမည်။
မြို့ကြီးတစ်မြို့ တည်ဆောက်ခြင်းက မြို့လေးတစ်မြို့နှင့် မတူပေ။ ယင်းက ကုန်ကျစရိတ် ပိုများရုံသာမက ကျောက်တောမြို့ထက် ခုခံမှုပိုများသည်။ ပိုအရေးကြီးသည်က မှော်မျှော်စင်ဒီဇိုင်းကို သုံးခါအသုံးပြုခဲ့ပြီ ဖြစ်၏။ သူ တည်ဆောက်နိုင်သည်က မှော်မျှော်စင်နှစ်ခုသာ ကျန်ပြီး မြို့၏ စတင်ရာများအတွက် ဒီဇိုင်းတစ်ခုပေးမည်ဟု ပြောထားပြီးသား ဖြစ်သည်။ မှော်မျှော်စင်တစ်ခုဖြင့် မြို့ကြီးတစ်မြို့ကို ကာကွယ်နိုင်မည်ဟု တွေးလျှင် အိပ်မက်မက်နေတာပဲ ဖြစ်ပေမည်။
ရှီဖုန်း၏ အမိန့်ကို ကြားသည်နှင့် ဇီးရိုးဝင်းအဖွဲ့ဝင်များက တစ်ကွဲတစ်ပြားဆီ ဖြစ်နေသော ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာ၏ အဖွဲ့ဝင်များဆီသို့ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။ ယင်းက အစည်းအရုံးထောက်ပံ့ရေးအမှတ်များရရှိရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။
ဇီးရိုးဝင်းက ကမ်းလှမ်းသည့် အကျိုးအမြတ်နှင့် စနစ်များစွာ၌ အစည်းအရုံးထောက်ပံ့ရေးများစွာ လိုအပ်သည်။ ရာထူးတိုးမြင့်မှုကလည်း အစည်းအရုံးထောက်ပံ့ရေးအမှတ် လိုအပ်၏။ ကျောက်တောမြို့၏ တိုက်ပွဲဝင်ပြိုင်ကွင်း ပေါ်ပေါက်လာပြီးနောက် အစည်းအရုံး ထောက်ပံ့ရေးအမှတ်က ပိုလိုအပ်လာသည်။
ပုံမှန်ဆို ပစ္စည်းကောင်းများ၊ အိုင်တမ်များကို ရောင်းဝယ်ခြင်း သို့မဟုတ် တာဝန်များ ပြီးမြောက်ခြင်းဖြင့်သာ အစည်းအရုံးထောက်ပံ့ရေးအမှတ်များ ရနိုင်တာ ဖြစ်သည်။ သို့သော် ထိုနည်းလမ်းများဖြင့် ရနိုင်သော အစည်းအရုံးထောက်ပံ့ရေးအမှတ်များကလည်း အကန့်အသတ်ရှိပေ၏။
အစည်းအရုံးစစ်ပွဲတွင်သာ အကန့်အသတ်မရှိ အစည်းအရုံးထောက်ပံ့ရေးအမှတ်များကို ရနိုင်သည်။ ဤအခွင့်အရေးကို သူတို့ အဘယ်ကြောင့် လွဲချော်ခံမည်နည်း။
“ဇီးရိုးဝင်းက ယုတ်မာလိုက်တာ၊ ငါတို့ နောက်ဆုတ်နေပြီပဲကို၊ သူတို့က ငါတို့နောက် လိုက်နေသေးတယ်”
တစ်ကိုယ်တော်မြှုပ်နှံရာက ဆဲမိသွားသည်။
ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာ၏ တပ်ဖွဲ့ထဲတွင် ကျန်ရှိသည့် ကစားသမားများကြားထဲ၌ အများစုက ကောင်းကင်ဘုံမြှုပ်နှံရာ၏ အဖွဲ့ဝင်များ ဖြစ်သည်။ ရေနက်၏ တပ်ဖွဲ့အများစုက ရှင်းထုတ်ခံရပြီးပြီ ဖြစ်၏။ အများစုက အသက်ခံရပြီးသည့်တိုင် ပိုအသတ်ခံရပြီးရင်တောင် ဘာမှ မကွာဟသွားနိုင်ပေ။ သို့သော် ကောင်းကင်ဘုံမြှုပ်နှံရာအတွက်မူ မတူပေ။
ထွက်ပြေးနေစဥ် အတောအတွင်း သူတို့ ဆုံးရှုံးမှုက ဇီးရိုးဝင်း၏ တပ်ဖွဲ့နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းထက် လျော့နည်းသော်ငြား မိနစ်နှင့်အမျှ ကစားသမားရာချီ ဆုံးရှုံးနေသေးသည်။
လက်ရွေးစင်ကစားသမားများက သာမန်ကစားသမားများကဲ့သို့ အသင့်ရနိုင်တာ မဟုတ်ပေ။ လက်ရွေးစင်ကစားသမားများက အစည်းအရုံး၏ ကျောရိုး ဖြစ်သည်။ ကောင်းကင်ဘုံမြှုပ်နှံရာက ထိုနေရာ၌ ဤမျှများပြားသော လက်ရွေးစင်ကစားသမားများကို ရှုံးနိမ့်သွားခဲ့လျှင် အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်သွားစေမှာ ဖြစ်သည်။ အစည်းအရုံးက မရှင်သန်နိုင်အောင် ဖြစ်သွားပေမည်။
သို့သော် တစ်ကိုယ်တော်မြှုပ်နှံရာ မည်မျှကျိန်ဆဲစေကာမူ ကောင်းကင်ဘုံမြှုပ်နှံရာ၏ အဖွဲ့ဝင်များက သေဆုံးနေကြ၏။ မြန်မြန်ဆန်ဆန်ပင် ကောင်းကင်ဘုံမြှုပ်နှံရာ၏ လက်ရွေးစင်တပ်ဖွဲ့ ငါးသောင်းကျော်က တစ်ဝက်ဆုံးရှုံးသွား၏။
ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက ရေနက်နှင့် ကောင်းကင်ဘုံမြှုပ်နှံရာ၏ အဖွဲ့ဝင်များကို ဆင်လက်သတ်ဖြတ်နေစဥ် ရှီဖုန်းသည် အင်မတန် ရင်းနှီးနေသော ID မှ ခေါ်ဆိုမှုရလိုက်တော့၏။
အန့်လတ်စ်စကားလား။ ထိုအမည်ကို မြင်တွေ့သည့်အချိန်၌ ရှီဖုန်းက တောင့်တင်းသွားတော့သည်။
” သူ ဘာကြောင့် ငါ့ကို ဆက်သွယ်တာလဲ၊ ငါတို့ အဆက်အသွယ်မရှိပါဘူး”
အန့်လတ်စ်စကားသည် ရှီဖုန်း ယခင်ဘဝတုန်းက အတော်ဆန်းကြယ်သည့် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ သူမ၏ အမည်နှင့် တိုက်ပွဲဝင်မှတ်တမ်းမှအပ သူမ အကြောင်း ဘာဆိုဘာမှ မသိကြချေ။ ကစားသမားအများစုက သူမကို တစ်ကိုယ်တော်ကစားသမားများကြားထဲ၌ ဒဏ္ဍာရီသဖွယ် ဆက်ဆံကြသည်။ စူပါအစည်းအရုံးများစွာသည် ထိုအမျိုးသမီးကို ခေါ်ယူရန် ငွေကြေးပမာဏများစွာဖြင့်တောင် ကမ်းလှမ်းခဲ့၏။ သို့သော် သူက ထိုကမ်းလှမ်းမှုများအားလုံးကို ငြင်းပယ်ပြီး တစ်ယောက်ထဲ ဆောင်ရွက်ခဲ့သည်။ အံ့သြဖွယ်ကောင်းစွာပင် ထိုစူပါအစည်းအရုံးကြီးများက အန့်လတ်စ်စကားကို ပြဿနာရှာရန် မကြိုးစားခဲ့ကြချေ။
အန့်လတ်စ်စကားသည် တစ်ဆင့်ပိုမြင့်သော ကစားသမားများကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သော သူမ၏ တိုက်ပွဲဝင်မှတ်တမ်းကြောင့် ဒဏ္ဍာရီတစ်ပါး ဖြစ်လာခဲ့သည်။ ရှေးဦးစွာ သူမက အလွှာသုံး ကစားသမားအနေဖြင့် အလွှာလေးရန်သူများကို တိုက်ခိုက်ခဲ့သည်။ ပြီးနောက် အလွှာလေးကစားသမားအနေဖြင့် အလွှာငါးပြိုင်ဘက်များကို တိုက်ခိုက်ခဲ့၏။ အထင်ကြီးစရာအကောင်းဆုံး တိုက်ပွဲမှတ်တမ်းကမူ အလွှာငါး ကစားသမားတစ်ဦးအနေဖြင့် အလွှာခြောက် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။
အလွှာခြောက်သည် ကစားသမားများအတွက် ကြီးမားသည့် အချိုးအကွေ့တစ်ခု ဖြစ်သည်။ ထိုအဆင့်သို့ ရောက်နိုင်သည့် မည်သည့်ကျွမ်းကျင်သူမဆို ကဏ္ဍအားလုံးနီးပါး၌ အထွတ်အထိပ်ရောက်နေပြီ ဖြစ်သည်။ ထိုသို့တိုင် အန့်လတ်စ်စကားက အလွှာခြောက် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။ ထိုတိုက်ပွဲပြီးနောက် သူမသည် ထိုစဥ်က နတ်ဘုရားနယ်မြေ ကျွမ်းကျင်သူစာရင်း၌ နံပါတ်တစ် ဖြစ်လာခဲ့သည်။
ထို နတ်ဘုရားမသည် နတ်ဘုရားနယ်မြေထဲ၌ သူမ၏ ဒဏ္ဍာရီကို ဆက်လက်ထိန်းသိမ်းမည်ဟု လူတိုင်းက ယူဆနေ၏။ သို့သော် အန့်လတ်စ်စကားသည် အများအမြင်ရှေ့မှ ရုတ်တရက်ပျောက်သွားသည်။ လူတိုင်းက နတ်ဘုရားနယ်မြေထဲ၌ သူမ ပျောက်ကွယ်သွားမှုအကြောင်းကို ရှာဖွေစဥ်းစားခဲ့ကြ၏။ ထိုကဲ့သို့ တည်ရှိမှုက သူ့ကို ရှာဖွေလိမ့်မည်ဟု ရှီဖုန်း တစ်ခါမှ မတွေးခဲ့မိချေ။
ရှီဖုန်းက ချက်ချင်းပင် ဖုန်းကို လက်ခံလိုက်တော့၏။
” ဟယ်လို ကျွန်မနာမည်က အန့်လတ်စ်စကားပါ၊ လင်းကျင်းရွှမ်လို့လည်း ခေါ်လို့ရပါတယ်၊ ကျွန်မက ရေနက် ကော်ပိုရေးရှင်းရဲ့ ကိုယ်စားလှယ်တစ်ယောက်”
လင်းကျင်းရွှမ်က သူမကို သူမ မိတ်ဆက်ပြီး သူမ၏ ချိုမြသောအသံက မုန်းတီးရ ခက်ခဲစေသည်။
သူက သိသိသာသာ မတုံ့ပြန်သော်ငြား ထို မိတ်ဆက်မှုကို ကြားသည့်အချိန်၌ ရှီဖုန်း၏ နှလုံးခုန်နှုန်း မြန်လာတော့သည်။ ထိုကဲ့သို့ ဒဏ္ဍာရီလာ ကစားသမားတစ်ဦးက ရေနက်ကော်ပိုရေးရှင်းမှ ကိုယ်စာလှယ်တစ်ယောက်ဖြစ်ကြောင်း တွေးမိလေရာ ရှီဖုန်းသည် စူပါအစည်းအရုံးများစွာက အန့်လတ်စကားသည် သူတို့၏ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးနောက် သူမကို ဒုက္ခမပေးရသည့်အကြောင်းအရင်းကို နောက်ဆုံးတော့ သိသွားသည်။ ထိုကဲ့သို့ အင်အားကြီးသော နောက်ခံဖြင့် အမျိုးမျိုးသော စူပါအစည်းအရုံးကြီးများက သူမကို ဆန့်ကျင်ကြမှာ မဟုတ်ချေ။
” မစ္စကျင်းရွှမ်က ကျုပ်ကို ဆက်နွယ်နေတာကို ကြည့်ရရင် ရေနက်ရဲ့ လူတွေကို သက်ညှာပေးဖို့ ဖျောင်းဖျချင်နေတာလား”
ရှီဖုန်းက မေးပြီး ရယ်မောလိုက်လေ၏။
ရေနက် ကော်ပိုရေးရှင်း၏ ကိုယ်စာလှယ်များထဲမှ တစ်ဦးအနေဖြင့် လင်းကျင်းရွှမ်က ရေနက်အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ဂရုစိုက်သည်။ ရေနက်အစည်းအရုံး၏ လက်ရွေးစင်အဖွဲ့ဝင်များအားလုံး ဤနေရာတွင် သေသွားခဲ့လျှင် အစည်းအရုံးက ရှေ့မဆက်နိုင်ဖြစ်သွားမှာ သံသယဖြစ်ဖွယ် မရှိပေ။
” ဟုတ်ပါတယ်၊ ဒီလိုလုပ်တာ ကျွန်မတို့ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတယ်”
လင်းကျင်းရွှမ်က သူမ၏ ရည်ရွယ်ချက်ကို ဖုံးမကွယ်တော့ချေ။ ထိုအစား ပေါ့ပေါ့ပါးပါး ရယ်မောလျက် ထိုအရေးကိစ္စက သူမအတွက် ဘာမှ မရေးမပါသည့်ပမာ ပြုမူဆက်ဆံနေသည်။
” မစ္စကျင်းရွှမ် ခင်ဗျားရဲ့ စိတ်ဆန္ဒကောင်းနဲ့ ပို့သတဲ့သတင်းကို ရရှိပါတယ်၊ ဘာကိစ္စမှ မရှိတော့ရင် ကျုပ်အခု ဖုန်းချလိုက်တော့မယ်”
ရှီဖုန်းက ဖာသိဖာသာ ပြောလိုက်တော့၏။
” စွန့်ပစ်ခံလှိုင်းကို ချောင်ပိတ်ရိုက်နေအုံးမယ်ဆိုရင် သူက ရှင့်ကို သူနှင့်အတူ ဆွဲချသွားမှာပဲ၊ အဲဒီအချိန်ရောက်ရင် ကျောက်တောမြို့က အုပ်စိုးသူ ရှိတော့မှာမဟုတ်ဘူး”
ရှီဖုန်း၏ ရုတ်ခြည်းငြင်းဆိုချက်က လင်းကျင်းရွှမ်ကို အနည်းငယ်အံ့သြသွားစေ၏။ သူမ ရရှိထားသော သတင်းများအရ သူ၏ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေပေသည်။ ချက်ချင်းပင် သူမက ရှင်းပြလိုက်၏။
” ကျွန်မ ဒါကို အကြောင်းအရင်းမရှိပဲ ပြောနေတာမဟုတ်ဘူး၊ စွန့်ပစ်ခံလှိုင်းက အဲဒီ မွန်းစတားတပ်ဖွဲ့ကို ထိန်းချုပ်နိုင်စွမ်းရှိတာ ရှင်သိပါတယ်၊ အဲဒီ မွန်းစတားတွေ မြို့ထဲကို မဝင်ရဲဘူးဆိုတာက စွန့်ပစ်ခံလှိုင်းက အဲဒီ မွန်းစတားတွေက မိစ္ဆာစွမ်းအင်တွေနဲ့ မြို့ကို ညစ်ညမ်းစေမှာ ဆိုးလို့ပဲ၊ ကစားသမားတွေအတွက် နေထိုင်မှု မသင့်တော်တဲ့ နေရာတစ်ခု ဖြစ်သွားစေမှာလေ၊ ရှင်က ရေနက်ရဲ့ အဖွဲ့ဝင်တွေကို ဆက်လိုက်နေမယ်ဆိုရင် သူက ကျောက်တောမြို့ထဲ မွန်းစတားတပ်ဖွဲ့ လွှတ်လောက်တယ်၊ အဲဒီလို ဖြစ်လာခဲ့ရင် လူတိုင်း ဆုံးရှုံးကြမှာ”
” မိစ္ဆာစွမ်းအင်လား”
ရှီဖုန်းသည် ဆင်တူသည့်အရာတစ်ခုကို တွေးမိသွား၏။
မိစ္ဆာနတ်ဘုရား၏ မိစ္ဆာစွမ်းအင် ပေါ်ထွက်လာသည့် ဧရိယာက ကစားသမားများအတွက် နေထိုင်၍မရသည့် နေရာဖြစ်လာသည်။ ကစားသမားများက ထိုလေထုညစ်ညမ်းသော ဧရိယာထဲတွင် ကာလရှည်ကြာ နေထိုင်ခဲ့လျှင် မိစ္ဆာစွမ်းအင်က သူတို့ကို ကူးစက်သွားပေမည်။ ထိုသို့ ဖြစ်လာခဲ့ပါက နောက်ဆက်တွဲက ပြင်းထန်မှာ သေချာပေ၏။ ထိုအကြောင်းအရင်းကြောင့် မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းက လူသားမျိုးနွယ်စု၏ ဘုံရန်သူ ဖြစ်နေမှာပင်။
” မိစ္ဆာစွမ်းအင်ကို ဖယ်ရှားလို့မရဘူး၊ ရှင်သာ ကျန်တဲ့ရေနက်အဖွဲ့ဝင်တွေကို သွားခွင့်ပေးမယ်ဆိုရင် စွန့်ပစ်ခံလှိုင်းက ကျောက်တောမြို့ထဲ မွန်းစတားတပ်ဖွဲ့ကို သွားခွင့်ပေးတော့မှာ မဟုတ်ဘူးဆိုတာ သေချာတယ်၊ အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းရဲ့ ဆုံးဖြတ်ချက်ကို သိပါရစေလား”
လင်းကျင်းရွှမ်က မေးပြီး ရှီဖုန်း၏ မျက်နှာကို ကြည့်လျက် ပြုံးလိုက်တော့သည်။
ယခုအချိန်တွင် ရေနက်က ဆိုးဆိုးဝါးဝါး ထိခိုက်နေ၏။ အမြစ်ဖျက်မသုတ်သင်လျှင်တောင် ဇီးရိုးဝင်းအဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ပြဿနာရှိစေအုံးမှာ မဟုတ်ပေ။ သူမ အမြင်၌ ရှီဖုန်းတွင် အခြားသော ရွေးချယ်စရာ မရှိချေ။
အဆုံးတွင်မူ ကျောက်တောမြို့က ဇီးရိုးဝင်းအတွက် အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်နေ၏။ ကျောက်တောမြို့ကို ဆုံးရှုံးခြင်းက ဇီးရိုးဝင်း၏ လက်တစ်ဖက်ကို ခုတ်ပိုင်းလိုက်ခြင်းနှင့် ဆင်တူသည်။
” ခင်ဗျားရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် မစ္စကျင်းရွှမ်၊ ပြီးတော့ ဘာကိစ္စမှ မရှိတော့ရင် ကျုပ်ဖုန်းချလိုက်ပါတော့မယ်”
ရှီဖုန်းသည် ယခင်နှင့် တူညီသော အပြုအမူဖြင့် ပြန်ပြောလိုက်သည်။ လင်းကျင်းရွှမ် ပြန်ဖြေတာကို မစောင့်တော့ဘဲ ဖုန်းချလိုက်တော့၏။