ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1092 နိုးထသူကို သတ်ဖြတ်ခြင်း
တစ်ကိုယ်တော်မြှုပ်နှံရာသည် မှော်သလင်းတစ်သောင်း ပေးချေပြီးနောက် သူ သိသိသာသာ အိုစာလာပုံ ရ၏။
” ဇီးရိုးဝင်း ငါ မင်းကို ဒီအတွက် ပေးဆပ်ရစေမယ်”
သူက ကျောက်တောမြို့ကို အဖွဲ့ကြီးစေလွှတ်ပြီး အခြေအနေကို အမြတ်ထုတ်ကာ ဇီးရိုးဝင်းအဖွဲ့ဝင်များ ကျလာသည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာအချို့ကို သိမ်းယူရန် ရည်ရွယ်ခဲ့တာပဲ ဖြစ်သည်။ ဆိုရလျှင် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက သူတို့၏ အံ့မခမ်းအိုင်တမ်များဖြင့် နာမည်ကျော်ကြားပေ၏။ အစည်းအရုံးလက်ရွေးစင်များ၏ ပျမ်းမျှစံသတ်မှတ်ချက်က ကောင်းကင်ဘုံမြှုပ်နှံရာအဖွဲ့ဝင်များထက် ပိုမြင့်မားသည်။ သို့သော် သူတို့က ဘာမှမရရုံသာမက လက်ရွေးစင်အဖွဲ့ဝင်သုံးသောင်းနီးပါးနှင့် မှော်သလင်းတစ်သောင်းကိုလည်း ဆုံးရှုံးခဲ့ရသည်။
ကောင်းကင်ဘုံမြှုပ်နှံရာသည် သူ ပေးချေလိုက်ရသည့် ဗျူဟာကို လက်ခံရရှိပြီးနောက် အတော်ကြာ တိတ်ဆိတ်သွားတော့သည်။ သူက အေးတိအေးစက် သေစေနိုင်လောက်သော အရှိန်အဝါကို ထုတ်ဖော်နေလေတော့၏။
သူရရှိသည့် စာထဲတွင် စကားတစ်ခွန်းသာ ပါသည်။ လန့်စ်လော့ကို အာရုံလွဲရန် မိစ္ဆာမြေနဂါးသုံးကောင်ကို အသုံးချပြီး မှော်အစီအရင်ကို အသက်သွင်းရန်အတွက် အော့ခ်ဘလစ်ဆီသို့ တစ်စုံတစ်ယောက်ကို လွှတ်ရန် ဖြစ်သည်။
သူသည် ထိုအရာအတွက် မှော်သလင်းတစ်သောင်း ပေးခဲ့ရသည်လော။
ယခုအချိန်တွင် တစ်ကိုယ်တော်မြှုပ်နှံရာက ရှီဖုန်းကို တစ်ကိုယ်လုံးတောင် မျိုချချင်လာသည်။
” အစည်းအရုံးခေါင်းဆောင် မြှုပ်နှံရာ ဘာတဲ့လဲ၊ ဘာကြောင့် ဒီလောက်ထိ အရုပ်ဆိုးနေတာလဲ”
အနှိုင်းမဲ့က တစ်ကိုယ်တော်မြှုပ်နှံရာ၏ ဒေါသတကြီရယ်သံကို သတိပြုမိသည့်အချိန်တွင် သိချင်စိတ်ဖြင့် မေးလိုက်တော့၏။
သို့သော် စဥ်းစားပြီးနောက် တစ်ကိုယ်တော်မြှုပ်နှံရာ၏ တုံ့ပြန်မှုက ယုတ္တိမရှိတာ မဟုတ်မှန်း သိလိုက်ရသည်။ တစ်ကိုယ်တော်မြှုပ်နှံရာက ဤစစ်ပွဲမှ အကျိုးအမြတ်မရပဲ သူ၏ လက်ရွေးစင် ငါးသောင်းတပ်ဖွဲ့ကို စတေးခဲ့ရသည်။ တစ်ကိုယ်တော်မြှုပ်နှံရာ စိတ်အခြေအနေကောင်းနေလျှင် ထူးဆန်းနေတာပဲ ဖြစ်သည်။ သို့သော် အနှိုင်းမဲ့က တစ်ဖက်အစည်းအရုံးခေါင်းဆောင်ကို အလွန်လေးစားပြီးသား ဖြစ်သည်။ ထိုလူသည် ဤမျှဆုံးရှုံးပြီးနောက် သဘောထားပွင့်လင်းပြီး ရယ်နိုင်အုံးမည်ဟု သူတစ်ခါမှ မတွေးခဲ့မိပေ။ ထိုလူ၏ မျက်နှာအမူအရာ အနည်းငယ် တင်းမာနေတာပဲ ရှိမည်။
သို့သော် တစ်ကိုယ်တော်မြှုပ်နှံရာက သာမန်မဟုတ်ပေ။ မြန်မြန်ဆန်ဆန်ပင် သူ၏ ဖောင်းကြွလာသော စိတ်ခံစားချက်များကို သိမ်းလျက် စွန့်ပစ်ခံလှိုင်းနှင့် အနှိုင်းမဲ့တို့ကို လန့်စ်လော့အား တိုက်ခိုက်သည့်နည်းကို မျှဝေပေးလိုက်သည်။
စွန့်ပစ်ခံလှိုင်းက လန့်စ်လော့ကို ထိန်းထားရန် မိစ္ဆာမြေနဂါးတို့အား ထိန်းချုပ်ဖို့ရာ ပတ်တီဖြင့် လူကို ညွှန်ကြားလိုက်ပြီး အနှိုင်းမဲ့ကမူ ကျောက်စိမ်းနီတပ်မဟာကို ဦးဆောင်လျက် အော့ခ်ဘလစ်ထဲ ခိုးဝင်သွားကာ မှော်အစီအရင်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။
ဇီးရိုးဝင်းအဖွဲ့ဝင်များ နောက်ဆုတ်စဥ် ကမ္ဘာပျက်ကပ်အင်ပါယာထဲတွင် ရှိနေသော ဖီးနစ်မိုးက ကျောက်တောမြို့ထဲရှိ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ အာရုံစိုက်နေသည်။
ကျယ်ဝန်းသည့် အစည်းအရုံးခေါင်းဆောင် အခန်းထဲမှ ဆံပင်ဖြူဖြူဖြင့် အနည်းငယ်အသက်ကြီးသည့် အဘိုးအိုတစ်ဦးကလည်း စစ်ပွဲကို ကြည့်နေလေသည်။
ထိုအဘိုးအိုက အသက်ခုနှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ရာ လေတစ်ချက်တိုက်ရုံဖြင့် အလွယ်တကူ ပြိုလဲသွားတော့မည့်ပုံ ပေါ်နေသော်ငြား ဖီးနစ်မိုးက သူ့ကို တလေးတစားဆက်ဆံ၏။
ထိုအဘိုးအိုက နဂါးဖီးနစ်ပွဲကြည့်စင်၏ မဟာပွဲကြည့်စင်သခင်ပင် ဖြစ်သည်။ သူက ပွဲကြည့်စင်၏ ပိုင်ရှင်အစစ်အမှန်ကုရုံပင် ဖြစ်သည်။
” ဇီးရိုးဝင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ အစည်းအရုံးလေးက မင်းနဲ့ နဂါးကိုးကောင်ရဲ့ အာရုံစိုက်မှုကို တစ်ပြိုင်နက်ထဲရခဲ့တာကို တွေ့ကြည့်မိပြီ”
ကုရုံက ပြောလိုက်ပြီး ရယ်မောကာ ကျောက်တောမြို့ထဲရှိ အပျက်အစီးများကို ကြည့်လိုက်လေ၏။
” ဒါပေမဲ့ မင်းက အစည်းအရုံးကို အကောင်းမြင်နေတဲ့အချိန် ကျန်တစ်ယောက်က ဒါကို ဖျက်ဆီးဖို့ ကြိုးစားနေတာ၊ မင်းတို့ လူငယ်တွေရဲ့စိတ်ထဲ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ငါမသိတော့ဘူး”
” ဒါပေမဲ့ မိုး၊ မင်း ဒီတစ်ခေါက် နည်းနည်းလွန်သွားပြီ၊ ဇီးရိုးဝင်းမှာ ဒီလောက်အများကြီး ရင်းနှီးမြှုပ်နှံထားတာ၊ အခု ဇီးရိုးဝင်းက ကျောက်တောမြို့ကို ဆုံးရှုံးသွားပြီဆိုတော့ မိုးကြိုးကျွန်းဘက်မှာ နဂါးကိုးကောင်နဲ့ ဘယ်လို ယှဥ်ပြိုင်တော့မှာလဲ”
” မိုးကြိုးကျွန်းက အစည်းအရုံးအတွက် ဘယ်လောက်အရေးပါလဲ မင်းသိပါတယ်၊ ဒါ့အပြင် နောင်ကျ မိုးကြိုးကျွန်းရဲ့ ထိန်းချုပ်ပိုင်ခွင့်ရတဲ့ ဘယ်သူကိုမဆို ငါနေရာကို ဆက်ခံခွင့်ပေးမယ်လို့ ကြေညာထားပြီးသား၊ ငါ မင်းကို အမြဲတမ်း အကောင်းမြင်ခဲ့တာ၊ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
ဖီးနစ်မိုးက ကုရုံ၏ စကားကို ကြားသည့်အချိန်၌ ရင်ဘတ်ထဲ တင်းကျပ်သွားတော့သည်။
လက်တွေ့တွင်မူ သူမက ဇီးရိုးဝင်း၌ ထိုမျှများစွာ ရင်းနှီးမြှုပ်နှံခဲ့ခြင်းမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ရဲ့လားဟု သံသယဝင်ခဲ့သည်။
နဂါးဖီးနစ်ပွဲကြည့်စင်သည် မိုးကြိုးကျွန်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့မိတာ ဖြစ်ပြီး ပင်လယ်ထဲ၌ အလွန်အန္တရာယ်များသည့် ဇုန်ကို စူးစမ်းနေစဥ် တွေ့ခဲ့တာပဲ ဖြစ်သည်။ သို့သော် မိုးကြိုးကျွန်းသို့ ရောက်ရှိပြီးနောက် မျှော်စင်က အထက်အရာရှိများသည် အလွန်တန်ဖိုးကြီးသည့် အချက်အလက်ကို ရှာတွေ့သွားသည်။ အစည်းအရုံးထဲတွင် သူ့ကိုသူ ပြလေ့မရှိသော မဟာပွဲကြည့်စင်သခင်ကတောင် ပေါ်လာတော့၏။
သို့သော် မိုးကြိုးကျွန်းအကြောင်း သတင်းများက မြန်မြန်ဆန်ဆန်ပြန့်လာပြီး အစည်းအရုံးများစွာ၏ အာရုံစိုက်မှုကို ရသွားတော့၏။ စူပါအစည်းအရုံးများစွာက ကျွန်းကို စစ်ဆေးရန်အတွက် သူတို့၏ အင်အားစုများစွာကို စေလွှတ်ခဲ့ပြီ ဖြစ်သည်။
ကုရုံက စိတ်ပြင်ဆင်ပြီးသားဖြစ်ကာ နောက်ထပ်မဟာပွဲကြည့်စင်သခင် ဖြစ်လာရန်အတွက် လိုအပ်ချက်များကို အစည်းအရုံးဆီ ကြေညာခဲ့တော့သည်။ မိုးကြိုးကျွန်းကို ထိန်းချုပ်နိုင်သည့် မည်သူမဆို နောက်တက်မည့် နဂါးဖီးနစ်ပွဲကြည့်စင်၏ မဟာပွဲကြည့်စင်သခင် ဖြစ်လာပြီး လာမည့်မဟာပွဲကြည့်စင်သခင်က အစည်းအရုံး၏ အရင်းအမြစ်များအားလုံး ပါရမီနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ကုရုံက ဆက်ဆံသူအရေးကိစ္စအကြောင်း တစ်ခါမှ ထည့်မပြောခဲ့ပေ။ ထို့ကြောင့် မိုးကြိုးကျွန်းပေါ်ရှိ အချက်အလက်စုဆောင်းမှုကို ဖတ်ရှု့ပြီးနောက် ကုရုံ၏ ဆုံးဖြတ်ချက်က အစည်းအဝေးခန်းထဲရှိ အထက်အရာရှိများကို အံ့သြသွားစေသည်။ ဖီးနစ်မိုး ကိုယ်တိုင်တောင် အံ့သြသွားလေ၏။
သို့သော် နဂါးကိုးကောင်ဧကရာဇ်ထံမှ မိုးကြိုးကျွန်းကို ထိန်းချုပ်ခြင်းနှင့် အမျိုးမျိုးသော စူပါအစည်းအရုံးများထံမှ ထိန်းချုပ်ခြင်းက အလုပ်ထက် အပြောက လွယ်ကူပေ၏။ သူမ မှန်းဆထားသည်ထက် အရင်းအမြစ်များ ပိုလိုအပ်ပုံပေါ်သည်။ ထို့အပြင် သူမက လုံလောက်သည့်ဘဏ္ဍာငွေ စုဆောင်းနိုင်ခဲ့လျှင်တောင် မိုးကြိုးကျွန်းကို ထိန်းချုပ်နိုင်ခွင့်ရရန် အခွင့်အရေးက နည်းပါးနေသည်။
” ငါ စကားပြောဖို့အတွက် ဘလက်ဖလိမ်း ဒါမှမဟုတ် ရီဖုန်းကို ရှာရမဲ့ပုံပဲ”
ဖီးနစ်မိုးက တွေးပြီးနောက် သူမ၏ နားထင်ကို နှိပ်နယ်လိုက်တော့သည်။
ယခုအချိန်တွင် ကျောက်တောမြို့က အလွန်စည်ကားနေပေ၏။
အော့ခ်ဘလစ်အတွင်းရှိ မှော်အစီအရင်ကို အသက်သွင်းပြီးနောက် လန့်စ်လော့၏ အခြေခံအရည်အချင်းများက သိသိသာသာ အားနည်းသွားတော့သည်။ ရလဒ်အနေဖြင့် သူ့ဂါထာ၏ စွမ်းအားက လျော့ကျသွားတော့သည်။
လန့်စ်လော့ အားနည်းသွားပြီးနောက် ကစားသမားများသည် နောက်ဆုံး၌ NPC ကို ထိခိုက်အောင်လုပ်နိုင်ပြီ ဖြစ်သည်။ ကံဆိုးသည်မှာ သူတို့က များများစားစား မဖြေရှင်းနိုင်ပေ။ အဆင့် (၄၀) ကျွမ်းကျင်သူများ၏ ထိခိုက်မှုကတောင် တစ်ဒါဇင်ခန့်သာ ဖြစ်စေရာ လက်ရွေးစင်ကစားသမားများဆိုလျှင် နှစ်ချက်သုံးချက်သာ ထိခိုက်အောင်လုပ်နိုင်သည်။ ထို့အပြင် လန့်စ်လော့က တိုက်ကွက်အများစုကို ရှောင်တိမ်းခဲ့သည်။ ထိုသို့တိုင် ဤအလှည့်အပြောင်းက ကစားသမားများကို အနိုင်ရရန် မျှော်လင့်ချက်ပေးခဲ့တော့၏။
လန့်စ်လော့၏ အမြင့်ဆုံး HP က ယခုဆို သန်းခြောက်ဆယ်သာ ရှိတော့သည်။ ကစားသမားများ၏ ထိခိုက်မှုက အလွန်နည်းပါးသော်ငြား အဖွဲ့များက အမြောက်အများဖြစ်အောင် ဆောင်ရွက်နိုင်သည်။ ထို့အပြင် သူတို့က မိစ္ဆာမြေနဂါးသုံးကောင်၏ အထောက်အပံ့ရှိသေးသည်။ ဒဏ္ဍာရီမွန်းစတားများက ထိခိုက်မှုတစ်သိန်းကို ရံဖန်ရံခါ ဖော်ဆောင်နိုင်၏။ သူတို့ လန့်စ်လော့ကို ဖြေရှင်းနိုင်ရန် အချိန်အတိုင်းအတာတစ်ခုပဲ လိုမှာဖြစ်သည်။
” အားလုံး လူဖြန့်ကြ၊ အနီးကပ်ကစားသမားတွေ NPC နား မကပ်ကြနဲ့၊ အော့ခ်ဘလစ်က မှော်အစီအရင်ကို ခုခံကြ၊ အကွာအဝေးကျယ် ကစားသမားတွေ သူ့ကို တိုက်ခိုက်ကြ”
စွန့်ပစ်ခံလှိုင်းသည် အော့ခ်ဘလစ်ထိပ်မှ ရပ်နေစဥ် စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်တော့၏။
အော့ခ်ဘလစ်၏ မှော်အစီအရင်ကို အသက်သွင်းပြီးနောက် ဝိညာဥ်ဓာတ်စွမ်းအားမှ ဖွဲ့တည်လာသော အရိပ်မွန်းစတားများက မှော်အစီအရင်ကို ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။ သို့သော် လန့်စ်လော့နှင့် ယှဥ်လျှင် အရိပ်မွန်းစတားများက အလွန်အားနည်းပေ၏။ အလွန်ဆုံး အဆင့် (၆၀) လက်ရွေးစင်မွန်းစတားများသာ ဖြစ်သည်။ ထို အစည်းအရုံးသုံးခု၏ အနီးကပ်နှင့် ကျွမ်းကျင်ကစားသမားများက မှော်အစီအရင်ကို ကာကွယ်ရန် လုံလောက်တာထက်ပိုသည်။
ထို့အပြင် မိစ္ဆာမြေနဂါးသုံးကောင်က အသားဒိုင်းများအဖြစ် ဆောင်ရွက်ပေးနေသည်။
လန့်စ်လော့၏ HP က (၂၀) ရာခိုင်နှုန်းသို့ ကျသွားပြီ ဖြစ်၏။ ယခုအချိန်တွင် သူတို့က လက်ရွေးစင်နှင့် ကျွမ်းကျင်ကစားသမား ခြောက်ထောင်နီးပါး၏ အသက်နှင့် ဝိညာဥ်ကို ပေးလိုက်ရပြီဖြစ်သည်။ မိစ္ဆာမြေနဂါးသုံးကောင်ထဲမှ နှစ်ကောင်ကလည်း တိုက်ပွဲအတွင်း သေဆုံးပြီး တစ်ကောင်က HP တစ်ဝက်သာ ကျန်တော့သည်။ သို့သော် စွန့်ပစ်ခံလှိုင်း၏ တွက်ချက်မှုအရ ကျန်ရှိသည့် ဒဏ္ဍာရီမွန်းစတားက လန့်စ်လော့ သေသည့်အထိ တောင့်ခံထားနိုင်သည်။
လန့်စ်လော့ကဲ့သို့ NPC တစ်ဦးအနေဖြင့် ကျလာသည့် ပစ္စည်းများအကြောင်း တွေးမိပြီး စွန့်ပစ်ခံလှိုင်း၏ ရင်က စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်လာတော့သည်။
နတ်ဘုရားနယ်မြေ၏ သံမဏိစည်းမျဥ်းများအရ မွန်းစတားတစ်ကောင် သို့မဟုတ် NPC တစ်ယောက်က ပိုသန်မာလေ သူတို့ကျလာသည့် အိုင်တမ်က ပိုကောင်းလေဖြစ်၏။ ဒဏ္ဍာရီမွန်းစတား သုံးကောင်ကိုတောင် ကူကယ်ရာမဲ့စေသော NPC တစ်ဦးက မည်ကဲ့သို့သော ပစ္စည်း ကျလာမည်နည်း။
ထိုအတွေးက စွန့်ပစ်ခံလှိုင်း၏ စိတ်ကို တက်ကြွလာစေတော့သည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ လန့်စ်လော့၏ HP က (၅) ရာခိုင်နှုန်းသို့ ကျသွားချိန် မြို့ထဲရှိ ကစားသမားတိုင်းက NPC ကို တစ်ဟုန်ထိုး တိုက်ခိုက်ကြတော့သည်။ သူတို့က လန့်စ်လော့၏ AOE ဂါထာကို အပြည့်အဝလျစ်လျူရှုထား၏။
” သူ သေတော့မယ်၊ မင်းတို့ ရှိသမျှ အားကုန်ထုတ်သုံးကြ”
စွန့်ပစ်ခံလှိုင်းက အော်လိုက်တော့သည်။
ထိုကဲ့သို့ တွေးနေတာ စွန့်ပစ်ခံလှိုင်းတစ်ဦးထဲ မဟုတ်ပေ။ အနှိုင်းမဲ့နှင့် တစ်ကိုယ်တော်မြှုပ်နှံရာတို့ကလည်း နှလုံးခုန်နှုန်း မြန်လာကြသည်။ မြန်မြန်ဆန်ဆန်ပင် လန့်စ်လော့၏ HP က ငါးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်းသို့ ကျသွားတော့သည်။ လန့်စ်လော့၏ သွေးပြန်ဖြည့်သည့်နှုန်းက အစွမ်းထက်လေရာ အစည်းအရုံးသုံးခု၏ သေနှုန်းကို တိုးစေတော့သည်။ နိုးထခြင်း NPC ၏ တိုက်ကွက်များထဲမှ တိုက်ကွက်တိုင်းက ကစားသမားတစ်ရာကျော်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
သို့သော် အစည်းအရုံးအဖွဲ့ဝင်များက NPC ၏ ကျလာမည့်ပစ္စည်းကို မက်မောနေကြသည်။ ထို့ကြောင့် မဟာမိတ်များသေလျှင်တောင် ဂရုမစိုက်ပေ။
လန့်စ်လော့က HP တစ်ရာခိုင်နှုန်းသာ ကျန်တော့သည့်အချိန်၌ ရှီဖုန်းက လှုပ်ရှားတော့သည်။ လေဟာနယ်လှုပ်ရှားမှုကို အသုံးပြုလျက် လန့်စ်လော့ထိပ်၌ ချက်ချင်း ပေါ်လာတော့သည်။
” အဲမှာ တစ်ယောက်ယောက် ရှိနေတယ်”
” တစ်စုံတစ်ယောက်က ငါတို့ ပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားရဲတာလား၊ သူ့ကို သတ်ကြ”
လူတိုင်းက တိုက်ပွဲအတွင်း ဆွဲယူခံလိုက်ရပြီး အပြင်လူတစ်ယောက်ကို သတိမပြုမိလောက်သည်အထိ အမြင်မကန်းသေးပေ။
နတ်ဘုရားနယ်မြေထဲတွင် သတ်ဖြတ်မှုကို ခိုးယူခြင်းက တွေ့နေကြဖြစ်သည်။ သူတို့တောင် ထိုလုပ်ရပ်ကို မကြာခဏ လုပ်မိကြ၏။ ထို့ကြောင့် သူတို့က သတ်ဖြတ်မှုခိုးယူတာကို ဒေါသထွက်ကြသည်။ ရှီဖုန်း ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံစိုက်မှုက သူ့ဆီ ရောက်သွားသည်။
” နေအုံး၊ အဲဒါ ဘလက်ဖလိမ်းပဲ”
အမြင်အာရုံကောင်းသည့် ကျွမ်းကျင်ကစားသမားတချို့က ကျူးကျော်လာသူကို မြန်မြန်ဆန်ဆန် မှတ်မိသွားကြသည်။
” ဘလက်ဖလိမ်း မင်း ဒီလိုအမှားမျိုး ကျူးလွန်လိမ့်မယ်လို့ မထင်ထားဘူး”
စွန့်ပစ်ခံလှိုင်းက ရှီဖုန်း၏ ရူးမိုက်သောအမူအကျင်ကိုမြင်ပြီး မရယ်မောပဲ မနေနိုင်တော့ချေ။ ချက်ချင်း သူက အမိန့်ပေးလိုက်တော့၏။
” အားလုံးပဲ ဘော့စ်ကို တိုက်ခိုက်တာရပ်ပြီး ဘလက်ဖလိမ်းကို အာရုံစိုက်ကြ”
လန့်စ်လော့သည် HP တစ်ရာခိုင်နှုန်းသာ ကျန်တော့သော်ငြား သန်းခြောက်ဆယ်၏ တစ်ရာခိုင်နှုန်းက ခြောက်သိန်းဖြစ်နေသေးသည်။ ရှီဖုန်းအဖို့ လန့်စ်လော့ကို သူတစ်ယောက်ထဲသတ်ဖို့က မဖြစ်နိုင်ပေ။