ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1093 အံ့ဖွယ်အမွေအနှစ်စကေး
” သူ့ကို သတ်ကြ၊ ငါတို့ဘော့စ်ကို ခိုးယူတဲ့ နောက်ဆက်တွဲကို သူ့ကို ပြလိုက်”
စွန့်ပစ်ခံလှိုင်း၏ အမိန့်ကိုကြားပြီး အကွာအဝေးကျယ်ကစားသမားများအားလုံးက ရှီဖုန်းကို တိုက်ခိုက်ရန် အာရုံစိုက်လိုက်ကြသည်။ ချက်ချင်းပင် ဂါထာများ မြားများစွာက လေထဲတွင် ရှိနေသေးသော ရှီဖုန်းဆီသို့ ပြန့်လွင့်လာကြသည်။
ရှီဖုန်းက ပြုတ်ကျလာမည်ဖြစ်ရာ အကွာအဝေးကျယ်အမျိုးအစားများက သူ၏ လမ်းကြောင်းကို အလွယ်တကူ မှန်းဆနိုင်ပြီး သူတို့ တိုက်ကွက်များကို ချိန်ရွယ်နိုင်ပေ၏။
” သေပေတော့”
တစ်ကိုယ်တော်မြှုပ်နှံရာသည် ယခုဆို ရှီဖုန်းကို အရိုးထဲထိ မုန်းတီးနေပြီ ဖြစ်သည်။ ရှီဖုန်းသာ လန့်စ်လော့ကို မလွတ်ခဲ့လျှင် ကောင်းကင်ဘုံမြှုပ်နှံရာက ထိုကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ် ဆုံးရှုံးမှုကို ခံစားရမှာ မဟုတ်ပေ။ ယခု ရှီဖုန်းက အရိုက်ခံရန် ဦးစွာရောက်လာပြီ ဖြစ်သောကြောင့် တစ်ကိုယ်တော်မြှုပ်နှံရာက ထိုလူကို မည်ကဲ့သို့ လွှတ်ပေးမည်နည်း။
ချက်ချင်းပင် တစ်ကိုယ်တော်မြှုပ်နှံရာက အဖြူရောင်ငှက်မွေး ကြိုးနှစ်မျှင်လေးကို သူ၏ နောက်ကျောမှ ဆွဲထုတ်လိုက်၏။ ပြီးနောက် မှော်ပုံသဏ္ဍာန်များ ထွင်းထုထားသော ငွေရောင်မြားငါးစင်းကို ချိန်ရွယ်လျက် ရှီဖုန်းဆီသို့ ပစ်လိုက်သည်။
မြားများကို လွတ်လောက်သည်နှင့် သူတို့က တစ်စုထဲ ပေါင်းစည်းသွားပြီး ရှီဖုန်းဆီသို့ ဥက္ကာခဲတစ်စင်းပမာ ပျံဝင်သွားတော့သည်။
တစ်ကိုယ်တော်မြှုပ်နှံရာသည် အလွှာတစ်တားမြစ်စကေး ပျံသန်းခြင်းဥက္ကာခဲကို အသုံးပြုခဲ့တာပဲ ဖြစ်သည်။
ထိုတားမြစ်စကေး၏ စွမ်းရည်က အလွှာနှစ်စကေးနှင့်တောင် ယှဥ်နိုင်စွမ်းရှိပြီး အလွှာနှစ် အရှင်ကတောင် တိုက်ရိုက်တိုက်ခိုက်ခံရမည်ဆိုလျှင် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ယာယီ မလှုပ်မယှက်နိုင် ဖြစ်သွားပေမည်။
တစ်ကိုယ်တော်မြှုပ်နှံရာအပြင် ကျန်သည့် အကွာအဝေးကျယ်ကစားသမားများကလည်း သူတို့၏ အထူးစွမ်းရည်များကို ထုတ်ဖော်ကြတော့သည်။ ချက်ချင်းပင် တိုက်ကွက်တစ်ရာကျော်က ရှီဖုန်းနေရာသို့ ရောက်လာ၏။
ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရာတွင် ရှီဖုန်းက ယခုအချိန်၌ မြေပြင်ပေါ်တွင် ရှိနေလျှင်တောင် သူတို့အားလုံးကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ သူက လေထဲတွင် ရှိနေတာ ဖြစ်သည်။ သို့သော် မီးတန်းရှေ့သို့ ရောက်တော့မည့်အချိန်တွင် ခန္ဓာကိုယ်က ကျဆင်းတာ ရုတ်တရက် ရပ်တန့်သွား၏။ တိုက်ကွက်များအားလုံးက ကျော်သွားတော့သည်။
ချက်ချင်းပင် လေစီးနင်းခြင်းကို ထုတ်ဖော်လျက် လန့်စ်လော့ဆီသို့ ပျံသွားတော့၏။
” သူ ပျံနေတယ်”
” သူ ဘယ်လိုလုပ် ပျံနိုင်တာလဲ”
လူတိုင်းက ထိုမြင်ကွင်းကို မျက်မြင်တွေ့သည့်အချိန်၌ အံ့သြဆွံ့အကုန်သည်။ ရှီဖုန်းကို အင်မတန်ရင်းနှီးနေသော တစ်ကိုယ်တော်မြှုပ်နှံရာကမူ ကျောက်လက်သည်းတောင်တန်းထဲရှိ စစ်ပွဲကာလအတွင်း ရှီဖုန်း သူ၏ ခေါင်းပေါ်တွင် တစ်ကြိမ်ဖြတ်ပျံတာ ကြုံတွေ့ခဲ့ဖူးသည်။
” ဆိုးလိုက်တာ၊ သူက ဘော့စ်ကို ငါတို့ဆီကနေ မျှားခေါ်သွားပြီ၊ မြန်မြန် NPC ကို မတိုက်ခိုက်ဖို့ မိစ္ဆာမြေနဂါးကို တားလိုက်တော့”
လန့်စ်လော့ ဝေးသည်ထက် ဝေးသွားတာကို မြင်သည့်အချိန်တွင် တစ်ကိုယ်တော်မြှုပ်နှံရာက ရှီဖုန်းသည် ပျံသန်းခြင်းစကေးကို အသုံးပြုရခြင်းအကြောင်းအရင်းကို ရုတ်တရက် သဘောပေါက်သွားတော့၏။ ယခုအချိန်တွင် နောက်ဆုံးကျန်ရှိသော မိစ္ဆာမြေနဂါးမှအပ လူတိုင်းက လန့်စ်တော့ကို တိုက်ခိုက်တာ ရပ်တန့်သွားတော့သည်။ မည်သို့ပင် ဆိုစေကာမူ ဒဏ္ဍာရီမွန်းစတား၏ တိုက်ခိုက်မှုနှုန်းက ရှိနေသည့် ကစားသမားအားလုံး၏ ပေါင်းစည်းတိုက်ခိုက်မှုထက် ပိုမြင့်မားနေသေးသည်။ လန့်စ်လော့ကို ရင်ဆိုင်ရန် အစွမ်းထက်သောတိုက်ကွက်များ အသုံးမပြုခဲ့လျှင်တောင် NPC ၏ ကျန်ရှိသော HP ခြောက်သိန်းကို ဖြေရှင်းဖို့က အတော်ကြာနေမှာပဲ ဖြစ်သည်။ ရှီဖုန်း၏ လက်ရှိတွက်ချက်မှုအရ ထိခိုက်မှုနှင့် အချိန်ကိုက်မှုတို့ဖြင့် သူက လန့်စ်လော့ကို နောက်ဆုံးပွဲသိမ်းတိုက်ခိုက်မှုကို အလွယ်တကူ ရရှိသွားပေလိမ့်မည်။
ထို့အပြင် ရေနက်၏ အဖွဲ့ဝင်များနှင့် ပင်မတပ်ဖွဲ့ဝင်များက လန့်စ်လော့ကို အဝေးသို့ မျှားခေါ်ခဲ့ပြီး ဖြစ်သည်။ အကွာအဝေးဖန်တီးထားပြီဖြစ်ရာ ရှီဖုန်းသည် ပင်မတပ်ဖွဲ့လိုက်မမှီခင် ကျလာသည့်ပစ္စည်းများကို ခိုးယူသွားရန် အချိန်လုံလောက်ပေ၏။ ယင်းက ဂဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ကို သတ်ခဲ့သော ပြီးပြည့်စုံသည့် အစီအစဥ်တစ်ခု ဖြစ်သည်။
တစ်ကိုယ်တော်မြှုပ်နှံရာ၏ စကားကိုကြားသောအခါ စွန့်ပစ်ခံလှိုင်းကလည်း အဖြစ်အပျက်ကို သဘောပေါက်သွားသည်။ မြန်မြန်ဆန်ဆန်ပင် သူက မိစ္ဆာမြေနဂါးကို ထိန်းချုပ်ထားသည့် ပတ်တီးဖြင့် လူကို ရပ်တန့်ခိုင်းလိုက်ပြီး လန့်စ်လော့ကို စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခိုင်းလိုက်သည်။
” တစ်ကိုယ်တော်မြှုပ်နှံရာက တုံ့ပြန်တာ မြန်တာပဲ”
ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
ရှီဖုန်းသည် လန့်စ်လော့နား ရောက်တော့မည့်အချိန်၌ စွန့်ပစ်ခံလှိုင်းက သူကိုယ်တိုင် လှုပ်ရှားတော့သည်။ သူ၏ အိတ်ထဲမှ အစိမ်းရင့်ရောင် သလင်းလုံးကို ထုတ်လိုက်ပြီး အသက်သွင်းရန် ဂါထာစတင်ရွတ်ဆိုတော့သည်။ မျက်နှာထက်တွင် ကောက်ကျစ်သည့်အပြုံး ပေါ်လာကာ စွန့်ပစ်ခံလှိုင်းက သလင်းလုံးကို ချေမွပြီး ဖျက်ဆီးလိုက်တော့၏။
သလင်းလုံးပြိုကွဲသွားသည့် အချိန်တွင် အနက်ရောင်မီးခိုးငွေ့များက ရှီဖုန်းဆီသို့ ရောက်လာ၏။ သလင်းလုံးသည် ပတ်တီးဖြင့်လူ သူ့ကို ပေးထားခဲ့သော အင်မတန်တန်ဖိုးကြီးသည့် ချိပ်ပိတ်ခြင်းသလင်း ဖြစ်သည်။ အသက်သွင်းလိုက်သည့်အချိန်တွင် သလင်းလုံးက ကိုက်တစ်ရာအတွင်းရှိ ကစားသမားတိုင်းကို ဆယ်မိနစ်တာ တိတ်ဆိတ်ခြင်းသို့ ဝင်ရောက်သွားမှာပဲ ဖြစ်သည်။
ရှီဖုန်း၏ စီးနင်းခြင်းစကေး ချက်ချင်းပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
” အနီးကပ်သမားတွေ သူ့ကို တားထားကြ၊ ဘာပဲဖြစ်ဖြစ် သူ့ကို ထွက်သွားခွင့် မပေးနဲ့”
စွန့်ပစ်ခံလှိုင်းက အော်လိုက်လေ၏။
” ကျုပ်ကို အပ်ထားလိုက်ပါ အစည်းအရုံးခေါင်းဆောင်”
ရှေ့တန်းတွင် တိုက်ခိုက်နေသော ရယ်မောခြင်းယစ်ထုတ်က ရှီဖုန်း ကျလာတာကို မြင်သည့်အချိန်၌ နှုတ်ခမ်းသက်လိုက်သည်။ သူက ရှီဖုန်း ကျလာသည်နှင့် သေစေနိုင်သော ထိုးနှက်ချက်ကို သုံးရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ကစားသမားများ သန်မာနေရသည့် အကြောင်းအရင်းမှာ များစွာသော စကေးများနှင့် ဂါထာများကို အသုံးပြုနေသော သူတို့၏ စွမ်းရည်ကြောင့် ဖြစ်သည်။ သို့သော် တိတ်ဆိတ်ခြင်းထဲ ဝင်ရောက်နေခဲ့လျှင် သူတို့က သာမန်တိုက်ကွက်များကို အသုံးပြုနိုင်မှာ ဖြစ်သည်။ ပြောရန်မလို တိတ်ဆိတ်ခြင်းသို့ ဝင်ရောက်နေသော ကစားသမားတစ်ဦးက သူတို့၏ တိုက်ပွဲဝင်စွမ်းအား သိသိသာသာလျော့ကျနေမှာပဲ ဖြစ်သည်။ ရှီဖုန်းသည် ယခုအချိန်၌ အားနည်းသည့်အခြေအနေတွင် ရှိနေသေးတာ ဖြစ်သည်။
ရယ်မောခြင်းယ၀်ထုတ်အပြင် ကျန်သည့်အဆင့် (၄၀) အနီးကပ်ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကလည်း ရှီဖုန်းဆီ တစ်ဟုန်ထိုး ဝင်လာသည်။ ရှီဖုန်း မြေပြင်ပေါ်သို့ ကျလာသည်နှင့် သူတို့က သူ့ကို ချုပ်နှောင်ထားရန် ထိန်းချုပ်ခြင်းစကေးများကို အသုံးပြုလိုက်၏။ တုံ့ပြန်သည့်အနေဖြင့် ရှီဖုန်းက သူ၏ အိတ်ထဲမှ စာလိပ်တစ်လိပ်ကို အေးအေးလူလူ ထုတ်လိုက်တော့သည်။
အစောင့် ဆင့်ခေါ်ခြင်း
ချက်ချင်းပင် ကိုက်၏ မြင့်မားသည့်ကြွက်သားများဖြင့်ပုံရိပ်က ရှီဖုန်းရှေ့ လေထဲ၌ ပေါ်လာတော့သည်။ မဟူရာရွှေအစောင့်က အလွှာနှစ်စကေး ဓားသွားမုန်တိုင်းကို ထုတ်ဖော်လိုက်တော့၏။
ချက်ချင်းပင် မမြင့်ရသော လေဓားသွား တစ်ဒါဇင်ခန့်က ရယ်မောခြင်းယစ်ထုတ်နှင့် ကျန်သည့်သူများကို တိုက်ခိုက်ကြတော့၏။
” သေစမ်း”
ရယ်မောခြင်းယစ်ထုတ်က ကိုက်ထုတ်ဖော်လိုက်သည့်စကေးကို မည်ကဲ့သို့သော စကေးမှန်း မသိသည့်အချိန်တွင် သတိပြုမိသည့်အချိန်တွင် နောက်ဆုတ်လိုက်ကြသည်။ သို့သော် လူတိုင်းက ကံမကောင်းကြချေ။
မကာကွယ်နိုင်ကြသည့် လူတိုင်းက ငွေဓားသွားထိမှန်ပြီး သူတို့ နောက်ပြန်လဲကျကုန်သည်။ ချက်ချင်းပင် လေဓားသွားက သူတို့အသက်ကို ရိတ်သိမ်းလိုက်တော့၏။
ကိုက်နှင့် ရှီဖုန်းတို့က လုံခြုံသွားသည့်အချိန်တွင် ဆယ့်ငါးကိုက်အတွင်း၌ ရှိသည့် ရယ်မောခြင်းယစ်ထုတ်မှအပ ကျန်သည့် ကစားသမားများအားလုံးသည် မဟူရာရွှေသက်တော်စောင့်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည်။
ကိုက်၏ စွမ်းအင်က မူလက ရှီဖုန်းကို ချေမုန်းရန် ပြင်ဆင်နေကြသော ကစားသမားများကို တောင့်ခဲသွားစေတော့၏။ ပြီးနောက် ခြေသိုင်းအသုံးပြုအောင် ဖိအားပေးနိုင်ခဲ့တော့သည်။
” ဘလက်ဖလိမ်း၊ မင်း ဒီနေ့ ဒီမှာ သေမှာပဲ၊ NPC တစ်ယောက်က မင်းအသက်ကို ကယ်နိုင်လိမ့်မယ်လို့ မထင်နဲ့”
ရယ်မောခြင်းယစ်ထုတ်က ကိုက်ကို ကြောက်သော်ငြား ရှီဖုန်း ကိုယ်တိုင် စကေးတစ်ခုမှ မသုံးနိုင်ပေ။ သူတို့က ကိုက်ကို အာရုံလွဲထားနိုင်သရွေ့ ရှီဖုန်းကို သတ်ဖြတ်ဖို့က အသေးအမွှားဖြစ်သွားပေလိမ့်မည်။
” ငါမှာ နှစ်ယောက် ရှိနေရင်ရော”
ရှီဖုန်းက ရယ်မောပြီးနောက် အန်နာကို ဆင့်ခေါ်လိုက်တော့သည်။
မဟူရာရွှေအဆင့် ကိုက်က သူ့ကို ကာကွယ်ပေးထားပြီး အံ့ဖွယ်အဆင့်အန်နာက တိုက်ခိုက်နေလျှင် သူ့ကို သတ်ဖြတ်ရန် ခက်ခဲမှုက သူ့ အထွတ်အထိပ်ကာလတွင် ရှိစဥ်ကထက် ပိုခက်ခဲသွားမှာပဲ ဖြစ်သည်။
ထို့ကြောင့် သက်တော်စောင့်များကို အစောင့်များဟု ခေါ်ရသည့်အကြောင်းအရင်းမှာ ကစားသမားများကို ကာကွယ်နိုင်သည့် သူတို့၏ အစွမ်းထက်သော အရည်အချင်းကြောင့် ဖြစ်သည်။
ရှီဖုန်း အမိန့်ကို စောင့်တောင်မစောင့်ဘဲ အန်နာက လှုပ်ရှားပြီး ပြန်ပေါ်လာတော့၏။
ကျောက်တုံးအစောင့် ဆယ်ကောင်က သူမ ရှေ့တွင် ပေါ်လာပြီး ရှေ့တန်းမှ တိုက်ကွက်များအားလုံးကို ပိတ်ဆို့နိုင်သည့် နံရံတစ်ခု ဖွဲ့တည်လိုက်တော့သည်။ ကစားသမားများက ကျောက်တုံးအစောင့်များကို ခြစ်ရာတောင်ထင်အောင် မလုပ်နိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျောက်တုံးအစောင့်များက များစွာသော MT များကို တိုင်ကွက်တစ်ကွက်ထဲဖြင့် လွင့်ထွက်သွားစေ၏။ ထိုအခြေအနေက အနားပတ်ဝန်းကျင်ရှိ ကစားသမားများကို ရှီဖုန်းအား ဆန့်ကျင်ရာ၌ ကူကယ်ရာမဲ့သွားစေသည်။ ရလဒ်အနေဖြင့် ရှီဖုန်းက လန့်စ်လော့ဆီ တက်သွားနိုင်တော့သည်။
” လခွမ်း၊ သူတို့က ဘယ်လိုသက်တော်စောင့်တွေလဲ၊ သူတို့က ကစားသမားတပ်ဖွဲ့တစ်ဖွဲ့ကို အလွယ်တကူ ပိုင်းဖြတ်နိုင်တယ်လား”
” ငါ ခန့်မှန်းမိတာတော့ သူတို့က အနည်းဆုံး လျှို့ဝှက်ငွေအဆင့်လောက် ရှိလောက်တယ်၊ ကောလာဟလတွေအရ ရွှေစင်သက်တော်စောင့်တောင် ဖြစ်လောက်တယ်”
ကြည့်နေသည့် ကစားသမားများက အန်နာနှင့် ကိုက်တို့ မည်မျှသန်မာပုံကို မြင်သည့်အချိန်၌ ထိတ်လန့်သွားကြသည်။ NPC နှစ်ဦးသည် ယခင်က ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသခဲ့ဖူးသော်ငြား ယခုအချိန်၌ သူတို့၏ လုပ်ဆောင်ချက်က ပိုတောင်ကြီးမားလာတော့သည်။
ရေနက်၏ အစည်းအရုံးခေါင်းဆောင် စွန့်ပစ်ခံလှိုင်းကမူ ထိုမြင်ကွင်းကို မြင်တွေ့သည့်အချိန်၌ အံ့ကြိတ်လိုက်တော့သည်။ ယခုအချိန်တွင် သူ့ ရင်ထဲ၌ မနာလိုမှုများ ပြည့်နေသည်။
ကိုက်က အစွမ်းထက်၏။ ထိုသို့တိုင် ရှီဖုန်း၌ ထိုကဲ့သို့ ကိုယ်ပိုင်သက်တော်စောင့်နှစ်ဦး ရှိသည်။ အန်နာ ထုတ်ဖော်နေသော အရှိန်အဝါက ကိုက်ထက်တောင် သာလွန်ပုံရ၏။
” အစီအစဥ် ပြောင်းမယ်၊ အနီးကပ်သမားတွေ ဘလက်ဖလိမ်းကို ဖြေရှင်းကြ၊ အားလုံးပဲ ဘော့စ်ကို မြန်မြန်သတ်”
စွန့်ပစ်ခံလှိုင်းသည် ကစားသမားများစွာ၏ တိုက်ခိုက်မှုအောက်တွင် ရှီဖုန်း အထိအခိုက်မရှိဖြစ်နေသေးတာကို မြင်တွေ့သည့်အချိန်၌ လန့်စ်လော့ကို ဦးစွာဖြေရှင်းရန်အတွက် တွန့်တွန့်ဆုတ်ဆုတ် ရွေးချယ်လိုက်တော့သည်။ သူ၏ ဆုံးဖြတ်ချက်မှာ သူတို့ လန့်စ်လော့ကို တိုက်ခိုက်တာ ရပ်ထားသည့် ကာလအတွင်း လန့်စ်လော့၏ HP က နှစ်ရာခိုင်နှုန်း ပြန်တက်သွားမှာ ဖြစ်သည်။ ဤအခြေအနေက ထိုအတိုင်း ဆက်ဖြစ်သွားခဲ့လျှင် သူတို့က ရှီဖုန်းကို သတ်ဖြတ်နိုင်ခဲ့လျှင်တောင် NPC ကို ဖြေရှင်းနိုင်သည့်နည်းလမ်း ရှိတော့မှာ မဟုတ်ပေ။
ထောင်ချီသော အနီးကပ်ကစားသမားများက ရှီဖုန်းနားတွင် ဝိုင်းထားပြီး လန့်စ်လော့သွားသည့် လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
” အန်နာ အခု မင်းကိုပဲ အပ်လိုက်ပြီ”
ရှီဖုန်းက အမိန့်ချက်ချင်းပေးလိုက်ပြီး အချိန်ဖြုန်းနေမည့် ရည်ရွယ်ချက် မရှိပေ။
အံ့ဖွယ် သက်တော်စောင့်တစ်ဦး၏ ခွန်အားက စွန့်ပစ်ခံလှိုင်းတွေးထင်သကဲ့သို့ မရိုးရှင်းပေ။ တုံ့ပြန်သည့်အနေဖြင့် အန်နာက ခေါင်းညိတ်ကာ ဂါထာစတင်ရွတ်ဆိုပြီး သူမ လက်များက မျဥ်းများကို ဆက်တိုက်ရေးဆွဲနေ၏။ ရုမ်းလမ်းကြောင်းများ ရေးဆွဲသည်က မြန်ဆန်လွန်းလှရာ ကျန်သည့်သူများက သူမ လက်ကိုတောင် မမြင်ရပေ။
ကိုက်နှင့် ကျောက်တုံးအစောင့်ဆယ်ယောက်ကလည်း ရူးသွပ်နေသော မွန်းစတားများနှင့် ကစားသမားများကို ရူးသွပ်စွာ တိုက်ခိုက်တော့၏။
အန်နာ၏ ဂါထာ၏ နောက်ဆုံးအပိုဒ်ကို ရွတ်ဆိုပြီးနောက် ရွှေရောင်မှော်အစီအရင်တစ်ခုက ကောင်းကင်၏ အလယ်တွင် ရုတ်တရက်ပေါ်လာပြီး ကိုက်တစ်ရာအကျယ်အဝန်းကို လွှမ်းခြုံထားလိုက်တော့သည်။
ပြီးနောက် ရွှေရောင်နတ်သံချပ်ကာကို ဝတ်ဆင်ထားလျက် ငွေရောင်လှံတစ်စင်းကို ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက မှော်အစီအရင်ထဲမှ ပေါ်ထွက်လာတော့သည်။ သူမ၏ နောက်ကျော၌ အဖြူရောင်တောင်ပံတစ်စုံက ဖြန့်လျက်ရှိသည်။
ထိုအမျိုးသမီး ပေါ်လာသည်နှင့် လူတိုင်းက ကောင်းကင်ဆီသို့ မော့ကြည့်မိပြီး သူတို့ရင်ထဲ၌ အကြောက်တရားနှင့် အံ့သြမှုတို့ ပြည့်နေလေသည်။
” နွီဝူရှန်းလား၊ ဒါ လိမ်နေတာပဲ၊ ဟုတ်တယ်မလား”
လူတိုင်းက အံ့သြဆွံ့အနေကြသည်။ အားလုံး တုံ့ပြန်တာကို မစောင့်ပဲ နွီဝူရှန်းက တောင်ပံကို တစ်ဖျက်ဖျက်ခက်လျက် အန်နာရှေ့သို့ ပျံသန်းသွား၏။ လက်တစ်ချက်အဝှေ့ဖြင့် အားလုံးကို မုန်တိုင်းတစ်ခုဖြင့် သိမ်းကြုန်း ဖြတ်တိုက်သွားတော့သည်။ နွီဝူရှန်းရှေ့ရှိ မြေပြင်က သေမျိုးလောကသည် နတ်ဘုရားတစ်ပါး၏ သာမန်တိုက်ကွက်ကိုတောင် ခံနိုင်ရည်မရှိသည့်သဖွယ် မြေပြင်က အက်ကွဲသွားတော့၏။
” လန့်စ်လော့ကို မြန်မြန်အဆုံးသတ်လိုက်တော့”
ရှီဖုန်းက အမြန်အမိန့်ပေးလိုက်တော့သည်။
နတ်သမီးဆင့်ခေါ်ခြင်းက ရှီဖုန်းသည့် အံ့ဖွယ်သက်တော်စောင့်အဆင့်သို့ အဆင့်မြင့်တင်ပြီးနောက် သင်ယူခဲ့ရသည့် အမွေအနှစ်စကေး ဖြစ်သည်။ ထိုစကေးက သူမကို တိုက်ပွဲအတွင်း၌ ကူညီပေးနိုင်ရန် နွီဝူရှန်းကို ဆင့်ခေါ်နိုင်စွမ်း ရှိသည်။ သို့သော် ဆင့်ခေါ်ထားသော နွီဝူရှန်းက အလွန်ဆုံး အန်နာထက် နှစ်ဆင့်သာ မြင့်နိုင်ပြီး ဆယ်စက္ကန့်သာ ခံမှာ ဖြစ်သည်။ ထို့အပြင် နတ်သမီးဆင့်ခေါ်ခြင်း၏ ပြန်လည်အသုံးပြုနိုင်ရန် စောင့်စားရသည့်အချိန်က တစ်ရက်အပြည့်ဖြစ်သည်။ ရှီဖုန်းက ဤအခွင့်အရေးကို ဖြုန်းတီးလိုစိတ်မရှိပေ။
အန်နာ၏ အမိန့်အောက်တွင် နွီဝူရှန်းက အလင်းတစ်စအဖြစ် အသွင်ပြောင်းပြီး လန့်စ်လော့ရှေ့၌ ပေါ်လာ၏။ နွီဝူရှန်းက လန့်စ်လော့ကို တိုက်ခိုက်စဥ်တွင် လက်နက်က လေဟာနယ်ကိုတောင် စုတ်ဖြဲသွားပုံရသည်။ တိုက်ခိုက်မှုအတွင်းရှိ စွမ်းအင်က လန့်စ်လော့ကို အော့ခ်ဘလစ်၏ မှော်အစီအရင် ဖိနှိပ်ထားသည်ထက်တောင် ပိုသန်မာနေလေသည်။
သေရေးရှင်းရေးအခြေအနေ၌ လန့်စ်လော့က ငါးလွှာရေခဲကြေးမုံကို အသက်သွင်းလိုက်၏။ သို့သော် ရေခဲလွှာများက နွီဝူရှန်း၏ လှံနှင့် ထိမိသည့်အချိန်တွင် ချက်ချင်း ပြိုကွဲသွားတော့သည်။ လှံစွမ်းအားကလည်း အနည်းငယ်မျှတောင် ယုတ်လျော့ခြင်းမရှိပဲ လန့်စ်လော့ကိုယ်ပေါ် ရောက်သွား၏။
ဖုန်း…
လန့်စ်လော့က ချက်ချင်းလွင့်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်က အော့ခ်ဘလစ်နှင့် တိုက်မိသွားသည်။ ကျန်ရှိသည့် HP နှစ်ရာခိုင်နှုန်းကလည်း သုညအထိသို့ရောက်သွားပြီး သူ့ကို သေဆုံးသွားစေတော့၏။