ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1097 ဓားဘုရင်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်
အနှိုင်းမဲ့က အနေအထားပျက်သွားသော်ငြား သူ၏ စိတ်တည်ငြိမ်မှုကို မြန်မြန်ဆန်ဆန် ပြန်ရသွားသည်။
ထိပ်တိုင်ရင်ဆိုင် တိုက်ခိုက်လျှင် သူက ရှီဖုန်းအတွက် ပြိုင်ဘက်မဟုတ်သော်ငြား သူ တစ်ယောက်ထဲ မဟုတ်ပေ။ ယခုအချိန်၌ ရှီဖုန်းကို ဝိုင်းနေသည့် အဆင့် (၄၀) ကျွမ်းကျင်သူက တစ်ဒါဇင်ကျော်ခန့် ရှိသည်။ ရှီဖုန်း၏ ခွန်အားက ကောင်းလျှင်တောင် သူက ပြိုင်ဘက်ကင်းသူတစ်ယောက် မဟုတ်ပေ။
အနှိုင်းမဲ့က ရှီဖုန်းကို ထိန်းထားနိုင်သရွေ့ ကျန်သည့်သူများက ရှီဖုန်း၏ အားနည်းချက်ကိုရှာရန် အခွင့်အရေးရသွားပေလိမ့်မည်။ ထို့အပြင် လျှို့ဝှက်ခန်းရှေ့ရှိ စင်္ကြန်လမ်းကဲ့သို့ မဟုတ်ဘဲ ရှီဖုန်းသည် ယခုအခေါက်၌ သူ့ကို ထောက်ပံ့ပေးမည့် ကုသသူများ မရှိပေ။
” သူ့တိုက်ကွက်ကို ပိတ်ဆို့ဖို့ နည်းလမ်းတစ်ခု ငါ ရှာလိုက်မယ် … မင်းတို့တွေ သူ့ကို မျက်ကွယ်ထောင့်ကနေ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရှာကြ … ”
အနှိုင်းမဲ့သည် အဖွဲ့လိုက်စကားပြောခန်းကနေ အမိန့်ပေးလိုက်တော့၏။
အနီးကပ်ကျွမ်းကျင်သူ ဆယ့်ငါးယောက်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြကာ ရှီဖုန်း၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေလိုက်တော့သည်။
ရှီဖုန်းသည် အနှိုင်းမဲ့ကို ရင်ဆိုင်တိုက်ခိုက်သည်နှင့် သူတို့သည် တစ်ပြိုင်နက်ထဲ လှုပ်ရှားမည်ဖြစ်သည်။ ပြီးနောက် ရှီဖုန်း၌ လက်ခြောက်ဖက် ခေါင်းသုံးလုံး ရှိနေခဲ့လျှင်တောင် သူက သူတို့ကို ခုခံနိုင်မှာ မဟုတ်ပေ။
ထို့အပြင် သူတို့ကဲ့သို့ အနီးကပ်ကစားသမားများအပြင် တစ်ကိုယ်တော်မြှုပ်နှံရာကလည်း မလှမ်းမကမ်းကနေ စောင့်ကြည့်နေလေ၏။
ယခုအချိန်တွင် တစ်ကိုယ်တော်မြှုပ်နှံရာသည် သူ၏ အိတ်ထဲမှ မြားတစ်စင်းကို ဂရုတစိုက် ထုတ်လိုက်တော့သည်။ အနက်ရောင်မြားတစ်ချောင်း ပေါ်လာသည်နှင့် သူ့ဘေးတွင် ရပ်နေသည့် စွန့်ပစ်ခံလှိုင်းက သေခြင်းတရား ကျရောက်တော့မည်ဟု ခံစားလိုက်ရ၏။
” ဘလက်ဖလိမ်း ဒီအနက်ရောင်မြားကို သုံးဖို့ ငါ့ကို ဖိအားပေးနိုင်တဲ့အတွက် မင်း ဂုဏ်ယူနေသင့်တယ် … ”
တစ်ကိုယ်တော်မြှုပ်နှံရာက သူ့လက်ထဲရှိ အနက်ရောင်မြားကို ကြည့်ပြီး သူ့ မျက်လုံးထဲ၌ တွန့်ဆုတ်မှုများ ပြည့်နေသည်။
ရှေးအပျက်အစီးနယ်မြေမှ ထိုကဲ့သို့ မြားငါးစင်းကို ရခဲ့ပြီး လက်တလောက ကွင်းပြင်အရှင်က်ု ရင်ဆိုင်ရာ၌ မြားနှစ်စင်း အသုံးပြုခဲ့၏။
ကျန်ရှိသည့် မြားသုံးစင်းထဲမှ တစ်စင်းကို ဘလက်ဖလိမ်းဆီတွင် သုံးရလိမ့်မည်ဟု မတွေးမိခဲ့ချေ။ သို့သော် ယင်းက ထိုက်တန်သည့်အပေးအယူ ဖြစ်နေသေးသည်။
အချိန်က ယခုအချိန်တွင် အရေးပါနေ၏။ ဘလက်ဖလိမ်းကို မြန်မြန်မသတ်လျှင် ကျန်သည့် ဇီးရိုးဝင်းအဖွဲ့ဝင်များက လိုက်မီလာလောက်သည်။
တစ်ကိုယ်တော်မြှုပ်နှံရာက မြားကိုထုတ်ပြီး သူ၏ လေးကြိုးကို ဆွဲလိုက်ရာ အနက်ရောင်မြားဖြင့် ဘလက်ဖလိမ်း၏ ခန္ဓာကိုယ်ကို ချိန်ရွယ်လိုက်၏။
အားလုံးအသင့်ဖြစ်ပြီးနောက် အနှိုင်းမဲ့က ဒိုင်းနံရံကို အသက်သွင်းကာ ရှီဖုန်း ပစ်လိုက်၏။
အလွှာတစ် ဒိုင်းနံရံစကေးသည် အသုံးပြုသူ၏ ထိခိုက်မှုကို လျော့ချပေးရုံသာမက တန်ပြန်သက်ရောက်မှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဒိုင်းနံရံကို အသက်သွင်းထားသရွေ့ မဟာအရှင်တစ်ဦးတောင် သူ့ကို နောက်ဆုတ်အောင် ဖိအားပေးနိုင်မှာ မဟုတ်ပေ။
တစ်ချိန်တည်းတွင် ရှီဖုန်းကို ဝိုင်းထားသော ကျန်သည့် အနီးကပ်ကစားသမား ဆယ့်ငါးယောက်ကလည်း သူတို့၏ အစွမ်းထက်ဆုံးစကေးကို အသုံးပြုလိုက်၏။
ရှေးစစ်သည်တော်၏ ခေါင်းဖြတ်ခြင်း
အစောင့်အရှောက်သူရဲကောင်း၏ သူတော်စင်ပိုင်းဖြတ်မှု
လုပ်ကြံသတ်ဖြတ်ရေးသမား၏ အကြွင်းမဲ့ထိုးနှက်ချက်
ဓားသမား၏ ဆက်တိုက်ပိုင်းဖြတ်မှု ငါးခု
သတ်ဖြတ်သည့် အကွက်များအားလုံးကို အသုံးပြုလိုက်သည်။ နယ်မြေနယ်ပယ် ကျွမ်းကျင်သူတစ်ဦးတောင် ထို ဆက်တိုက်တိုက်ကွက်များကို မရှောင်တိန်းနိုင်ပေ။ ပြီးနောက် အနှိုင်းမဲ့က ရှီဖုန်းအရှေ့သို့ ရောက်တော့မည့်အချိန်တွင် ရှီဖုန်းက အားလုံး၏ အမြင်ရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားတော့၏။
ထိုအကွက်က လေဟာနယ်ခြေလှမ်းပင် ဖြစ်သည်။ ယင်းက ပြိုင်ဘက်၏စိတ်ကို အသုံးပြုသူ၏ တည်ရှိမှုကို လျစ်လျူရှုမိစေ၏။ ထိုလူ ရုတ်တရက် ပျောက်ကွယ်သွားစေသည်ဟု ထင်မှတ်ရစေသည်။
” မကောင်းတော့ဘူး … ”
မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး အနှိုင်းမဲ့က မိုးကြိုးလက်ခုပ်ကို အသက်သွင်းလိုက်တော့သည်။
မြေပြင်က ချက်ချင်း အက်ကွဲသွားပြီး စကေးက အကွာအဝေးအတွင်းရှိ ပစ်မှတ်များအားလုံးကို တိုက်ခိုက်တော့သည်။ တစ်ချိန်တည်းတွင် ပစ်မှတ်များ တိုက်ခိုက်ခံလိုက်ရသည်နှင့် သူတို့၏ လှုပ်ရှားမှုအရှိန်ကလည်း လျော့ကျသွားပေမည်။ အနှိုင်းမဲ့က ရှီဖုန်း လေဟာနယ်ခြေလှမ်း အသုံးမပြုနိုင်ရန်အတွက် ထိုစကေးကို အသုံးပြုလိုက်၏။ သို့သော် သူက ခြေတစ်လှမ်းနောက်ကျသွား၏။
ရှီဖုန်း ပြန်ပေါ်လာသည့်အချိန်တွင် သူက ရှေးစစ်သည်တော်ဘေး၌ ရောက်နေပြီဖြစ်ကာ ရှေးစစ်သည်တော်ဆီသို့ လေးဆယ့်ငါးဒီဂရီထောင့်မှ ဓားဖြင့် ပိုင်းဖြတ်လိုက်တော့၏။ အဆင့် (၄၀) ရှေးစစ်သည်တော်က မတုံ့ပြန်နိုင်ခင် ဓားက သူ လည်ပင်းကို ထိသွားသည်။
” မြန်လိုက်တာ … ”
ရှေးစစ်သည်တော်ဘေးရှိ လုပ်ကြံသတ်ဖြတ်ရေးသမားက ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည့်အချိန် သူ၏ လည်ပင်း အေးစက်လာသည်ကို ခံစားလိုက်ရ၏။
တိုက်ခိုက်ခံရပြီးမှ ရှေးစစ်သည်တော်က တုံ့ပြန်နိုင်သည်။ သူ၏ ခန္ဓာကိုယ်ကို အမြန်လှည့်လိုက်ပြီး ရှီဖုန်းကို တိုက်ခိုက်ရန် လေပွေပိုင်းဖြတ်မှုကို သုံးလိုက်၏။
သို့သော် ရှေးစစ်သည်တော်၏ ခန္ဓာကိုယ် စမလှည့်ပတ်ရသေးခင် ရှီဖုန်း၏ ကျန်လက်တစ်ဖက်ရှိ အသူရာဓားသွားက ရှေးစစ်သည်တော်၏ သံချပ်ကာကို ထိုးဖောက်လျက် သူ၏ နှလုံးကို ထိုးစိုက်လိုက်တော့၏။ မှော်လက်နက်ကို တိုက်ရိုက်ဆွဲထုတ်မည့်အစား သူက ရှေးစစ်သည်တော်ရင်ဘတ်ကို တိုက်ရိုက်ပိုင်းဖြတ်ကာ တိုက်ခိုက်လိုက်တော့၏။ ချက်ချင်းပင် ရှီဖုန်းက ရှေးစစ်သည်တော်၏ နောက်ကျောဆီသို့ ကွေ့ဝှက်သွားလိုက်တော့သည်။ သတ်ဖြတ်ခြင်းရောင်ခြည်က လေးကိုင်းတစ်ခုစဖွယ် ပေါ်ထွက်လာပြီး ရှီဖုန်းက ရှေးစစ်သည်တော်နောက်ကျောသို့ ရောက်သည်နှင့် ဓားဖြင့် ထိုးစိုက်လိုက်ကာ နှလုံးကို ထိမိသွားတော့၏။
(-၁၃၉၇၆)
(-၅၇၃၈)
(-၆၄၁၇)
(-၁၇၂၃၃)
လူတိုင်းက ဓားအလင်းတန်းလေးခု ရှေးစစ်သည်တော်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားတာ မြင်လိုက်ရပြီး HP နှစ်သောင်းရှိသော ရှေးစစ်သည်တော် မြေပြင်ပေါ် လဲကျသွားတာကိုသာ မြင်လိုက်ရသည်။
တိုက်ပွဲဝင် နည်းစနစ် လလေးစင်းကျား
ယင်းက ဓားသမားများအားလုံး သင်ယူရန်လိုအပ်သည့် အခြေခံ တိုက်ပွဲဝင်နည်းစနစ် ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် တိတ်ဆိတ်ခြင်း တိဘက်က ကစားသမားများ ကြုံတွေ့ရသည့်အရာ ဖြစ်သည်။ တိတ်ဆိတ်ခြင်းအခြေအနေသည် သာမန်နှင့် လက်ရွေးစင်ကစားသမားများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်နေသည့်တိုင် ကျွမ်းကျင်ကစားသမားတစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားကို အနည်းငယ်သာ နှောက်နှေးစေနိုင်သည်။ အကြောင်းမှာ သူတို့ ဆုံးရှုံးသွားသော စကေးအတွက် တိုက်ပွဲဝင်နည်းစနစ်များကို အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ တိုက်ပွဲဝင်နည်းစနစ်က ကစားသမားတစ်ဦး၏ သက်လုံအားနှင့် အာရုံစူးစိုက်မှုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။
စွမ်းအင်စစ်စစ်အရာတွင် တိုက်ပွဲဝင်နည်းစနစ်က ဂိမ်းစကေးများထက် လျော့ကျနေစဥ် တိုက်ပွဲဝင်နည်းစနစ်က ပြန်လည်အသုံးပြုနိုင်ရန် ကြာချိန် မလိုအပ်ပေ။ တိုက်ပွဲဝင်နည်းစနစ်ကိုလည်း တိတ်ဆိတ်ခြင်းသို့ ဝင်ရောက်နေချိန်၌လည်း အသုံးပြုနိုင်၏။
ထို့ကြောင့် လူတစ်ယောက် ကျမ်းကျင်သူဖြစ်နေသရွေ့ သူတို့သည် တိုက်ပွဲဝင်နည်းစနစ်အချို့ သင်ယူပြီးသား ဖြစ်နေမှာပင်။
တိုက်ပွဲဝင်နည်းစနစ်သည် သူတို့၏ စကေးမျာအပြုရန် စောင့်စားနေရချိန်ကာလ၌ လူတစ်ယောက်၏ တိုက်ပွဲဝင်စွမ်းအား ချို့ယွင်းချက်အတွက် ဖြည့်စီးပေးနိုင်ရုံသာမက တိုက်ပွဲဝင်နည်းစနစ်ကိုလည်း လူတစ်ယောက်၏ တိုက်ခိုက်မှုဆီ အပြောင်းအလဲ ထပ်ပေါင်းထက်ရန် အသုံးပြုနိုင်သည်။ ထိုသို့ ပြောင်းလဲလွယ်မှုကြောင့် ပျမ်းမျှချပ်ဝတ်တန်ဆာဖြင့် ကျွမ်းကျင်သူတစ်ဦးကတောင် သာလွန်သည့် ချပ်ဝတ်တန်ဆာရှိသည့် လက်ရွေးစင်ကစားသမားကို အလွယ်တကူ ရိုက်ချနိုင်သည်။
ရှေးစစ်သည်တော်သေသွားသည်နှင့် လူတိုင်းက ချက်ချင်း ကျောစိမ့်လာတာကို ခံစားမိတော့၏။
ထို ကျော့ရှင်းသော တိုက်ကွက်က အားလုံးအတွက် မျက်စိပွင့်စေတော့သည်။ သို့သော် ကြောက်လန့်ဖွယ်အကောင်းဆုံးက ရှီဖုန်း ဖော်ဆောင်လိုက်သည့် ထိခိုက်မှုပင် ဖြစ်သည်။
” သတိထား သူက အားနည်းတဲ့အခြေအနေမှာ မဟုတ်တော့ဘူး … ”
အနှိုင်းမဲ့က အော်လိုက်တော့သည်။ ယခင်က ရှီဖုန်းသည် အားနည်းသည့်အခြေအနေတွင် ဝင်ရောက်နေသော်ငြား ထိုကဲ့သို့ ခွန်အား ပိုင်ဆိုင်နေရသည့်အကြောင်းအရင်းကို သိချင်မိသည်။ အစက သူ၏ ခွန်အားကို တိုးစေနိုင်သော ချပ်ဝတ်တန်ဆာ၏ ထူးခြားမှုကြောင့် ဖြစ်မည်ဟု ယူဆခဲ့သည်။ သို့သော် ရှီဖုန်း ပြသခဲ့သည့် တိုက်ခိုက်မှုအရှိန်နှင့် လှုပ်ရှားမှုအရှိန်ကို မြင်ပြီး သူ တိုက်ခိုက်ခဲ့သည့် ထိခိုက်မှုပါ ပေါင်းလိုက်ရာ ရှီဖုန်းသည် အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်နေပြီဆိုတာ ရှင်းနေ၏။
အနှိုင်းမဲ့၏ သတိပေးမှုကြောင့် အရုပ်ဆိုးသည့် အမူအရာသည် အားလုံး၏ မျက်နှာထက်၌ ပေါ်လာသည်။
သူတို့ ပူးပေါင်းတိုက်ခိုက်ရခြင်း ရည်ရွယ်ချက်မှာ ရှီဖုန်း အရည်အချင်း လျော့ချခံထားရသည်ဟု ယုံကြည့်နေကြပြီး နည်းစနစ်ကွာဟချက်ထဲ၌ အရည်အချင်းတစ်ပန်းသာသည်ဟု ယူဆခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခု ရှီဖုန်းကမူ သူ၏ အရည်အချင်းများ ပြန်ရနေပြီ ဖြစ်သည်။ အမှန်တကယ်တွင် ရှီဖုန်း ကိုယ်တိုင်က အားနည်းသော အခြေအနေ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခြင်းကို သတိပြုမိသောအခါ အံ့သြသွား၏။ မထင်မှတ်ဘဲ အသက်ဓာတ်သည် အားနည်းနေသော အခြေအနေကနေ လူတစ်ယောက်၏ ပြန်ကောင်းမှုကို မြင့်တင်ပေးနိုင်၏။ မဟုတ်လျှင် သူက စွန့်ပစ်ခံလှိုင်းနှင့် ကျန်သည့်သူများကို သာမန်ကာလျှံကာ ထွက်တားရဲမှာ မဟုတ်ချေ။
သို့သော် သူ့ရန်သူများကို စဥ်းစားရန် အချိန်မပေးခဲ့ပဲ လေဟာနယ်ခြေလှမ်းကို ချက်ချင်းထုတ်ဖော်လျှင် နောက်ထပ် ကစားသမားတစ်ဦးဆီ တိုက်ခိုက်တော့၏။
သို့သော် အမျိုးမျိုးသော အနီးကပ်ကစားသမားများက ရှီဖုန်းနှင့် မလှမ်းမကမ်းတွင် ရှိနေ၏။ ယခု သူတို့က တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာလေရာ သူက လေဟာနယ်ခြေလှမ်းကို အသုံးပြုပြီး နောက်ထပ်ကစားသမားတစ်ဦးဆီ သွားရန်သာ လိုအပ်သည်။
မည်သည့်စကေးမှ အသုံးမပြုဘဲ ရှီဖုန်းက လေဟာနယ်ခြေလှမ်းနှင့် လလေးစင်းကျားကို အသုံးပြုခြင်းဖြင့် နောက်ထပ် လူတစ်ယောက်၏ အသက်ကို ရိတ်သိမ်းလိုက်နိုင်သည်။
အနှိုင်းမဲ့က ရှီဖုန်းကို မတားနိုင်ခင် ရှီဖုန်းသည် ကစားသမားငါးဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့၏။ ရှီဖုန်း၏ လလေးစင်းကျားကို မည်သူမှ မခုခံနိုင်ခဲ့ချေ။
ရှီဖုန်းက သေမင်းနတ်ဘုရားတစ်ပါးသဖွယ် လူတစ်ယောက်ဘးတွင် ပေါ်လာတိုင်း ထိုလူက မလွဲမသွေ သေမှာပင်။
ယခုအချိန်တွင် လျှို့ဝှက်မျှော်စင်က ရှီဖုန်းကို တစ်ချက်ထိ အသူရာဟု ခေါ်ဆိုရသည့် အကြောင်းအရင်းကို လူတိုင်းနားလည်သွား၏။
သေဆုံးခြင်းဖိအားက လူတိုင်း၏ ခန္ဓာကိုယ်ကို အင်မတန်လေးလံစေပြီး သူတို့၏ လှုပ်ရှားမှုကို နှေးကွေးသွားစေ၏။
” ဘလက်ဖလိမ်း သေချိန်တန်ပြီ … ”
ထိုစဥ် အခွင့်အရေးရှာနေသော တစ်ကိုယ်တော်မြှုပ်နှံရာကလည်း ရယ်မောပြီး လေးကြိုးဆွဲလိုက်ပြီး အနက်ရောင်မြားတစ်စင်းကို ပစ်လွှတ်လိုက်၏။
ရွှီ …
အနက်ရောင်မြားက လေအရံအတားကို ခွင်းလျက် ရှီဖုန်း၏ နှလုံးဆီသို့ ဦးတည်သွားတော့သည်။
” မြန်လိုက်တဲ့ မြားပဲ … ”
ရှီဖုန်းသည် တစ်ကိုယ်တော်မြှုပ်နှံရာ၏ လှုပ်ရှားမှုတိုင်းကို သတိပြုမိတာ ကြာပြီဖြစ်သည်။ သို့သော် ချဥ်းကပ်လာသော အနက်ရောင်မြားကို မြင်တွေ့သည့်အချိန်၌ သူက ထိတ်လန့်သွားမိ၏။ သူက သေရေးရှင်ရေး၌ မြား၏ လားရာဆီသို့ သူ၏ ဓားဖြင့် ကာလိုက်တော့သည်။
ဖုန် …
ရှီဖုန်းက သူ့လက်များ ထုံကျင်သွားတာကို ခံစားလိုက်မိပြီး ခန္ဓာကိုယ်က မြားကြောင့် လွင့်ထွက်သွားကာ HP က ဆက်တိုက်လျော့ကျနေသည်။ သူ့ဓားဆီ ဥက္ကာခဲတစ်စင်း တိုးဝင်လာသည့်ပမာ ဖြစ်နေတော့၏။ ယာယီမူးနေရာမှ သတိဝင်လာပြီးနောက် မြားကို ဖယ်ရှားလိုက်၏။
ရုတ်တရက် မြားသည် အော့ခ်ဘလစ်ထိပ်ဆီသို့ ဦးတည်သွားတော့သည်။ ယခုအချိန်တွင် ရှီဖုန်း၌ HP သုံးသောင်း၏ တစ်ဝက်အောက်သာ ကျန်တော့သည်။