ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1098 အလွန်အကျွံ တိုက်ပွဲဝင်နည်းလမ်း
အနက်ရောင်မြားက အထက်သို့ တက်သွားလျက် အော့ခ်ဘလစ်၏ မျက်နှာချက်ကို ထိမှန်ပြီးမှ ရပ်တန့်သွားတော့သည်။ ပြီးနောက် မြားသည် အလင်းမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့၏။
ကပ်သီးလေးပဲ။ မြားကို မြင်ချိန်တွင် ရှီဖုန်း ခေါင်းထဲ၌ အတွေးတစ်ချက် ပေါ်လာတော့သည်။
” အဲ့တာ အနက်ရောင်မြားလား … ”
အနက်ရောင်မြားသည် ရှေးအပျက်အဆီးနယ်မြေရှိ အိုင်တမ်တစ်မျိုး ဖြစ်သည်။ ယင်းက မှော်စာလိပ်များနှင့် ဆင်တူပေ၏။ အသုံးပြုသည့်အချိန်၌ ထူးကဲသော အပျက်စွမ်းအားကို ပြသနိုင်ပေ၏။ ထိုအပျက်စွမ်းအားက ကစားသမားတစ်ဦး၏ ကိုယ်ပိုင်ခွန်အားနှင့် တူညီသည်။ သို့သော် အနက်ရောင်မြားက အလွန်ဆုံးမှာ အလွှာလေးအထိသာ တက်နိုင်သည်။ သို့သော် အလွှာလေး ဒဏ္ဍာရီမွန်းစတားတစ်ကောင်ပေါ်၌ အသုံးပြုချိန်တွင် အနက်ရောင်မြားသည် သူတို့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေ၏။
ရှေးအပျက်အဆီးနယ်မြေများတွင်သာ ရှာတွေ့နိုင်သော အိုင်တမ်တစ်ခုဖြစ်သည်နှင့်အညီ အနက်ရောင်မြားက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါးသည်ဟု သတ်မှတ်၍ရသေးသည်။ အတိတ်တုန်းက အနက်ရောင်မြားတစ်စင်းကို ဈေးကွက်ထဲ၌ ရွှေပြားသုံးရာဖြင့် ရောင်းချသည်။ ယင်းက ကျွမ်းကျင်သူအဖွဲ့များစွာ လိုချင်နေသော ရတနာတစ်ပါးဖြစ်ပေ၏။
ဆိုရလျှင် ဒဏ္ဍာရီမွန်းစတားများက အစွမ်းထက်လွန်းသည်။ သူတို့က ထိုကဲ့သို့ မွန်းစတားကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သူတို့၏ တိုက်ပွဲဝင်စွမ်းအားကို အနည်းငယ် လျှော့ချနိုင်ခဲ့လျှင် ဖြေရှင်းရ လွယ်ကူသွားပေမည်။ အနက်ရောင်မြားတစ်စင်းကို အသုံးပြုခြင်းက ဒဏ္ဍာရီမွန်းစတားတစ်ကောင်၏ အသက်အတွက် ရွှေပြားသုံးရာ သုံးခြင်းနှင့် ညီမျှသည်။ ယင်းက အမြတ်ရှိသော အရောင်းအဝယ် ဖြစ်ပေ၏။
ဒဏ္ဍာရီမွန်းစတားတစ်ကောင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခဲ့လျှင်တောင် သတ်ရန်မလွယ်ကူသေးပေ။ ၎င်း၏ တိုက်ပွဲဝင်စွမ်းအားက ခမ်းနားသောအရှင်အထက်တွင် သေချာပေါက်ရှိနေသည်။ ထို့ကြောင့် အဖွဲ့များသည် ခွန်အား၊ အတိုင်းအတာတစ်ခုရှိရန် လိုအပ်၏။
ကံကောင်းသည်မှာ တစ်ကိုယ်တော်မြှုပ်နှံရာသည် အလွှာတစ် ရိန်းဂျား ဖြစ်နေ၏။ သူက ယခုအချိန်၌ အလွှာနှစ် ဖြစ်နေခဲ့လျှင် သူက အနက်ရောင်မြား၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာခဲ့လျှင် ရှီဖုန်းက အကြွင်းမဲ့ခုခံခြင်းကို အသက်သွင်း မသွင်းလျှင် သေမှာပဲ ဖြစ်သည်။
ထိုသို့တိုင် အနက်ရောင်မြားက ကြောက်မက်ဖွယ်ကောင်းနေပြီးသား ဖြစ်၏။ တစ်စက္ကန့်အတွင်း ရှီဖုန်းက HP တစ်ဝက်ကျော် ဆုံးရှုံးသွားခဲ့၏။ သူက မြားကိုရှောင်ရန် တစ်စက္ကန့်သာ နောက်ကျသွားခဲ့လျှင် ထိုနေရာတွင်ပင် သေနေလောက်၏။
” သူ မသေဘူးလား … ”
တစ်ကိုယ်တော်မြှုပ်နှံရာသည် ထိုရလဒ်ကြောင့် မှင်တက်သွားတော့သည်။
အနက်ရောင်မြားသည် အလွှာလေးပစ်မှတ်တစ်ခု ဂါထာကဲ့သို့ အစွမ်းမထက်သော်ငြား ယင်းက အလွှာတစ်ကစားသမားများ အလွယ်တကူ ခုခံနိုင်သည့်အရာ မဟုတ်ပေ။ ဆိုရလျှင် တစ်ကိုယ်တော်မြှုပ်နှံရာက မဟာအရှင်တစ်ကောင်ကို ကိုက်နှစ်ဆယ်အကွာသို့ လွင့်ထွက်သွားအောင် ပို့နိုင်ခဲ့ပြီး အနက်ရောင်မြားကို တိုက်ခိုက်စဥ်က သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့၏။
မည်သို့ပင် ဆိုစေကာမူ တစ်ကိုယ်တော်မြှုပ်နှံရာ၏ မြားက ရှီဖုန်းနား ဝိုင်းနေသော အနီးကပ်ကစားသမားများကို သက်ပြင်းချစေတော့၏။
” ညီအစ်ကိုမြှုပ်နှံရာ … ဒီလို လျှို့ဝှက်ကတ်တစ်ကတ်ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး … အခုကစပြီး ဘလက်ဖလိမ်းကို ဖြေရှင်းဖို့ အစ်ကိုပဲ အားကိုးရတော့မယ် … ဘလက်ဖလိမ်းကို သတ်နိုင်ရင် ကျလာတဲ့ ပထမဆုံးပစ္စည်းကို ကောက်ယူခွင့် ပေးမယ်လေ … ”
စွန့်ပစ်ခံလှိုင်းက ပြောလိုက်လေ၏။ ယခင်က ရှီဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မျက်မြင်တွေ့သည့် အချိန်တွင် သူက ကူကယ်ရာမဲ့မှုကို ခံစားခဲ့ရ၏။ တစ်ကိုယ်တော်မြှုပ်နှံရာသည် ထိုကဲ့သို့ အံ့သြဖွယ်ဆောင်ယူလာလိမ့်မည်ဟု မထင်ထားပေ။
အနှိုင်းမဲ့ကလည်း မျှော်လင့်ချက်တို့ ပြန်တောက်လာလျက် စွန့်ပစ်ခံလှိုင်း၏ စကားကို ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။ တစ်ကိုယ်တော်မြှုပ်နှံရာသည် တိုက်ကွက်တစ်ကွက်ထဲဖြင့် ရှီဖုန်း၏ HP တစ်ဝက်ကျော်ကို ယူသွားနိုင်သည်။ တစ်ကိုယ်တော်မြှုပ်နှံရာသာ ရှီဖုန်းကို ထပ်မံတိုက်ခိုက်သရွေ့ ရှီဖုန်း သေမှာ သေချာနေပြီ ဖြစ်သည်။ ရှီဖုန်း၏ သေခြင်းတရားက ဇီးရိုးဝင်းအစည်းအရုံးခေါင်းဆောင်၏ ပြိုင်ဘက်ကင်းဒဏ္ဍာရီကို ဖြိုခွင်းနိုင်မှာ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဇီးရိုးဝင်းက ၎င်း၏ ဂုဏ်သတင်း၌ ကြီးစွာသော ထိုးနှက်ချက် ဖြစ်စေမည်။
” ဒါဆို ကောင်းပြီ … ကျုပ်ဆီ အပ်ထားလိုက် … ”
တစ်ကိုယ်တော်မြှုပ်နှံရာက ပြောပြီး အံကြိတ်လိုက်၏။ ပြီးနောက် သူ၏ အိတ်ထဲရှိ အနက်ရောင်မြားနှစ်စင်းကို ထုတ်လိုက်သည်။
” ဒါပေမဲ့ သူ တုံ့ပြန်တဲ့အရှိန်က မြန်လွန်းနေတယ် … ဒါ့အပြင် သူက ကျုပ်တိုက်ခိုက်မှာကို ပြင်ဆင်နေပြီးသား … သူ့ကို ထိဖို့က ပိုခက်ခဲသွားလိမ့်မယ် … ခင်ဗျားတို့တွေ သူ လှုပ်ရှားမှုကို ထိန်းထားဖို့ နည်းလမ်းတစ်ခု စဥ်းစားဖို့ လိုတယ် … ”
” ငါတို့ကို အပ်ထားလိုက် … ”
အနှိုင်းမဲ့နှင့် စွန့်ပစ်ခံလှိုင်းက ရဲတင်းစွာ ပြောလိုက်တော့သည်။ ယခင်က သူတို့သည် အထွတ်အထိပ်အခြေအနေသို့ ပြန်ကောင်းလာသော ရှီဖုန်းကို ဖြေရှင်းရန် ယုံကြည်ချက် မရှိခဲ့ကြချေ။ သို့သော် ယခု သူတို့၌ တစ်ကိုယ်တော်မြှုပ်နှံရာ၏ မြားများ ရှိနေပြီဖြစ်ရာ ရှီဖုန်းကို စိတ်ပြန့်လွင့်စေဖို့ ပြဿနာမရှိတော့ချေ။ ချက်ချင်းပင် အနှိုင်းမဲ့နှင့် စွန့်ပစ်ခံလှိုင်းတို့က ရှေ့တစ်လှမ်းတိုးပြီး သူတို့၏ ရှေးစစ်သည်တော်စကေးများကို ထုတ်သုံးလိုက်၏။ ထိုသို့တိုင် ကစားသမားရှစ်ယောက်ကလည်း ရှေးစစ်သည်တော်စကေးကို အသုံးပြုလိုက်၏။ ဓာတ်ကြီးလေးအသုံးပြုသူနှင့် အနှိုင်းမဲ့ အပါအဝင် ရှစ်ဦးဖြစ်သည်။ ရှီဖုန်း၏ အခြေခံအရည်အချင်းများက အမှန်တကယ်ပင် ကောင်းကင်ကို အာခံနိုင်၏။ သို့သော် သူတို့၏ ရှေးစစ်သည်တော်စကေးများကို အသုံးပြုပြီးနောက် သူတို့၏ အခြေခံအရည်အချင်များသည် ရှီဖုန်း၏ အခြေခံအရည်အချင်းများထက် အနည်းငယ် သာလွန်နေပြီပင်။ အနီးကပ်ကစားသမားခြောက်ဦးနှင့် ဓာတ်ကြီးလေးပါးအသုံးပြုသူနှစ်ဦး ပူးပေါင်းဆောင်ရွက်မှုဖြင့် သူတို့က အချိန်တိုအတွင်း မဟာအရှင်တစ်ပါးကို ဖိနှိပ်နိုင်မည် ဖြစ်ရာ မဟာအရှင်အောက်ရှိသည့် ရှီဖုန်း ဆိုလျှင် ပိုတောင်ဖိနှိပ်နိုင်ပေအုံးမည်။
” သွား … ”
အနှိုင်းမဲ့၏ အမိန့်အောက်၌ အနီးကပ်ကစားသမားငါးဦးက ရှေးစစ်သည်တော်စကေးများကို အနှိုင်းမဲ့အတူ ထုတ်ဖော်လိုက်တော့သည်။ သူတို့၏ အရည်အချင်းများက သိသိသာသာတက်လာပြီး ခေါင်မိုးထိပ်ပေါ်၌ ပြန်လည်ကုစားနေသော ရှီဖုန်းဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားတော့၏။
ထိုစဥ် ရှီဖုန်းသည် အလယ်အဆင့် အသစ်ဖြစ်ပွားခြင်းဆေးရည်ကို ထုတ်ပြီး သောက်လိုက်တော့၏။ သူ၏ HP သည် နှစ်သောင်းသို့ ချက်ချင်း ပြန်ရောက်သွားပြီးနောက် ဖြည်းဖြည်းချင်း တက်လာတော့သည်။
သူ့ကို အနှိုင်းမဲ့ ဝင်ရောက်တိုက်ခိုက်လာသည်အား မြင်သောအခါ လေဟာနယ်ခြေလှမ်းကို ထုတ်ဖော်ပြီး ဒိုင်းစစ်သည်တော် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်တော့၏။
” မင်းရဲ့ ဒီအကွက်က အသုံးမဝင်ဘူး … ”
မြန်မြန်ဆန်ဆန်ပင် ရှီဖုန်း၏ တည်နေရာကို ရှာတွေ့ပြီးနောက် အနှိုင်းမဲ့သည် မြေကမ္ဘာရိုက်ချက်ကို အသုံးပြုလိုက်၏။ စကေးသည် ရှစ်ကိုက် ဆယ့်ငါးကိုက် ပတ်လည်အတွင်းရှိ ပစ်မှတ်အားလုံးကို မေ့လျော့သည့်အခြေအနေသို့ ရောက်အောင် ပို့နိုင်သည်။
ရှီဖုန်း၏ လေဟာနယ်ခြေလှမ်းက အမှန်တကယ် အစွမ်းထက်လာပေ၏။ သို့သော် အနှိုင်းမဲ့သည် တိုက်ပွဲအတွင်း ရှီဖုန်း၏ နည်းစနစ်ကို ကျင့်သားရသွားတာလည်း ဖြစ်သည်။ သူက ဓားသမား၏ ဝေဝါးဝါးပုံရိပ်ကိုသာ မြင်ရသော်ငြား အနည်းနှင့်အများ ရှီဖုန်း၏ တိုက်ခိုက်မှုလားရာကို သိမြင်နိုင်သေးသည်။
ပြီးနောက် ရှီဖုန်းသည် မြေကမ္ဘာရိုက်ချက်၏ အကျယ်အဝန်းအတွင်း မြင်နေရပြီ ဖြစ်သည်။ ချက်ချင်းပင် အနီးကပ်ကစားသမားငါးဦးက သူတို့၏ ကိုယ်ပိုင်ထိန်းချုပ်ရေးစကေးများကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်တော့သည်။ ဓာတ်ကြီးလေးပါး အသုံးပြုသူနှစ်ဦးက နောက်တန်းတွင်ရပ်နေပြီး ရှီဖုန်း နား၌ ရေခဲနံရံများကိုလည်း အပြည့်အဝ ဆင့်ခေါ်ပြီးသား ဖြစ်သည်။ ရှီဖုန်းက နောက်ဆုတ်ချင်လျှင် ရေခဲနံရံများကို ဖြိုခွင်းရန် အချိန်ယူရအုံးမှာပဲ ဖြစ်၏။ ထိုအချိန်ကာလက ကျန်ရှိသော အနီးကပ်ကစားသမားငါးဦးအတွက် ဓားသမားကို တိုက်ခိုက်ရန် လုံလောက်တာထက် ပိုနေပြီဖြစ်သည်။
ထိန်းချုပ်ရေးစကေးတစ်ခုက ရှီဖုန်းကို ထိသွားခဲ့လျှင်တောင် သူသေမှာ သေချာနေသည်။
ယင်းက ဂိမ်း၏ စကေးများထဲရှိ အားသားချက်များထဲမှ တစ်မျိုးလည်း ဖြစ်သည်။ ကစားသမားတစ်ဦးက ထိန်းချုပ်ခြင်း ဖယ်ရှားသည့်စကေး မပိုင်ဆိုင်ထားလျှင် သို့မဟုတ် သူတို့က တိတ်ဆိတ်ခြင်းသို့ ဝင်ရောက်နေခဲ့လျှင် လက်တစ်ဆုပ်စာသော လက်ရွေးစင်ကစားသမားများ ပူးပေါင်းဆောင်ရွက်ရုံဖြင့် ထိုလူတို့ကို အနိုင်ယူနိုင်မှာ ဖြစ်သည်။
ထိုစဥ် အနီးကပ်ကစားသမားငါးဦးက ရှီဖုန်းနား ရောက်သည့်အချိန်၌ သူတို့က လှုပ်ရှားတာ ရုတ်တရက် ရပ်တန့်သွားတော့သည်။
” မင်းတို့ ဘာတွေဖြစ်နေတာလဲ … ”
အနှိုင်းမဲ့က အော်ပြောလိုက်တော့သည်။
သို့သော် အနှိုင်းမဲ့သည် ကစားသမားငါးဦး၏ HP များ လျင်မြန်စွာ လျော့ကျနေတာကို မြင်ချိန်၌ တစ်စုံတစ်ခု လွဲချော်နေတာကို သတိပြုမိလိုက်၏။ သူက နောက်သို့တစ်လှမ်းအလိုလိုဆုတ်လိုက်ပြီး သေရေးရှင်ရေးအခြေအနေ၌ ခေါင်းမိုးထက်ဆီသို့ ပြန့်ကားလာသော အရိပ်ကို ရှောင်လိုက်တော့သည်။
ဓားတစ်ချက် ဝှေ့ရမ်းရုံဖြင့် သူ့ရှေ့ရှိ ရေခဲအရံအတားကို ဖြိုခွင်းလိုက်တော့သည်။ ပြီးနောက် သူနှင့် ဆယ်ငါးကိုက်အကွာတွင် ရှိနေသော အနှိုင်းမဲ့ကိုကြည့်ပြီး အတော်လေးအံ့သြသွား၏။
” သူ တုံ့ပြန်တာ မြန်လိုက်တာ … ”
ကြမ်းပြင်ပေါ်ရှိ အရိပ်များက အလွှာနှစ် အရိပ်ညစ်ခြင်းပင်ဖြစ်ကာ ဆယ့်ငါးကိုက်အတွင်းရှိ ရန်သူများအားလုံးကို အမြင်အာရုံကန်းသွားစေပြီး ငါးစက္ကန့်တာအတွက် စက္ကန့်တိုင်းတွင် (၅၀) ရာခိုင်နှုန်း ထိခိုက်မှု ဖြစ်စေသည်။
အနီးကပ် ကစားသမားငါးဦးက တုံ့ပြန်ပြီး သူတို့၏ ထိန်းချုပ်မှု ဖယ်ရှားခြင်းစကေးကို အသုံးပြုလိုက်သည့် အချိန်တွင် ရှီဖုန်းက အလွှာလေးမှော်စာလိပ် စီရင်ခြင်းလှံကို အသုံးပြုလိုက်သည်။ ထိုစဥ်တွင် မြင့်မြတ်သော လှံ သုံးဆယ့်ခြောက်စင်းက သူ့နားတစ်ဝိုက်တွင် ပေါ်လာပြီး လှံတိုင်းက (၁၀၀) ရာခိုင်နှုန်း အာနိသင်ဖြင့် သန့်စင်ခြင်း (၈၀) ရာခိုင်နှုန်း ထိခိုက်မှုဖော်ဆောင်နိုင်သည်။ ထို့အပြက် သူတို့က ခုခံမှုကို လျစ်လျူရှု့ထားလျက် အမှောင်သတ္တဝါများကို နှစ်ဆထိခိုက်စေသည်။
ရွှီ … ရွှီ …
လှံသုံးဆယ်ခြောက်စင်းက အနီးကပ်တိုက်ခိုက်ရေးသမားများဆီ တိုးဝင်သွားတော့သည်။ သူတို့အားလုံးက ကျွမ်းကျင်သူများဖြစ်သည့်တိုင် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော လှံများဖြင့် ထိုမျှအကွာအဝေးအတွင်း အနီးကပ်ကစားသမား တိုက်ခိုက်ရေးအကွာအဝေးအတွင်း အလွန်ဆုံးမှာ လှံနှစ်စင်းသုံးစင်းသာ ပိတ်ဆို့နိုင်ခဲ့ပြီး ကျန်ရှိသည့် လမ်းများက သူတို့ ခန္ဓာကိုယ်ကို ထိကုန်၏။ အနီးကပ်တိုက်ခိုက်ရေးကစားသမားငါးဦးသည့် အလင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
” ဒါက … ”
လူတိုင်းက စိုက်ကြည့်နေပြီး ထိုအခြေအနေကြောင့် အံ့သြနေကြ၏။
ရှီဖုန်းသည် သူ၏ တိတ်ဆိတ်ခြင်းအခြေအနေအတွက် ဖာထေးရန် မှော်စာလိပ်အသုံးပြုလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့မိချေ။
မှော်စာလိပ်များက အင်မတန် တန်ဖိုးကြီးရာ အလွှာနှစ် မှော်စာလိပ်ဆို ပြောနေရန်မလိုတော့ချေ။ စာလိပ်တစ်လိပ်က မဟူရာရွှေ ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခု တန်ပေ၏။ ပုံမှန်ဆို အလွှာနှစ်မှော်စာလိပ်များကို သုံးပြီး သာမန်မဟာအရှင်ကို ရင်ဆိုင်ရာ၌ ဖြုန်းတီးရာရောက်ပေမည်။ မည်သူက အနည်းစုသော ကစားသမားများအတွက် ထိုအရာကို ဖြုန်းတီးလေ့ရှိမည်နည်း။ မည်သို့ပင် ဆိုစေကာမူ ရှီဖုန်းက သူတို့ကို တစ်ခုပြီးတစ်ခု အသုံးပြုနေ၏။ အသုံးပြုသည့် စာလိပ်များက ပြီးခဲ့သည့်အခေါက်က အသုံးပြုသည့်ထက် ပိုတန်ဖိုးရှိ၏။
” သေပေတော့ … ”
ထိုစဥ် တစ်ကိုယ်တော်မြှုပ်နှံရာက တိုက်ခိုက်ရန်အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရှာတွေ့သွားပြီ ဖြစ်၏။ သူက ချက်ချင်းပင် အနက်ရောင်မြားနှစ်စင်းကို လေးပေါ်တင်ကာ ပစ်လိုက်တော့၏။ မြားနှစ်စင်က အနက်ရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ရှီဖုန်းဆီ တိုးဝင်သွားတော့၏။
မြားများက အလွန်မြင်ဆန်သောကြောင့် ရှီဖုန်းသည် သူ့ကိုသူ ကာကွယ်ရန် မှော်စာလိပ်ကို အသုံးပြုရန် အချိန်မရှိပေ။ မြားများက သူနှင့် ဆယ်ကိုက်သာ ကာသည့်အချိန်၌ ဓားလမ်းကြောင်းကို ထုတ်ဖော်ကာ အနားတစ်ဝိုက် ကြယ်အလင်းက လွှမ်းခြုံနေတော့သည်။
ဖန် … ဖန် …
သတ္တုသံနှစ်သံက ပေါ်ထွက်လာ၏။ ပြီးနောက် ရှီဖုန်းက နောက်သို့ လွင့်ထွက်သွားကာ သူ၏ လက်က ဓားကို မကိုင်နိုင်လုနီးပါး ဖြစ်သွားကာ HP များက လျင်မြန်စွာ လျော့နေပြီး ခုနှစ်ထောင်အောက် ရောက်သွားမှ တည်ငြိမ်သွား၏။ အနက်ရောင်မြားများ၏ လမ်းကြောင်းက အတင်းအားတမ အပြောင်းခံလိုက်ရကာ ရှီဖုန်း ဘေးသို့ လွင့်သွားတော့၏။
” မဖြစ်နိုင်တာ … သူက တိတ်ဆိတ်ခြင်းအခြေအနေထဲ ဝင်ရောက်နေတုန်းမလား … ”
တစ်ကိုယ်တော်မြှုပ်နှံရာက မြင်လိုက်ရတာကို မယုံနိုင်ဖြစ်နေ၏။ ရှီဖုန်းက အသက်ရှင်လျက် ရှိနေသေးသည်။