ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1099 မြို့အဆင့် မြှင့်တင်ခွင့်
” သူက မွန်းစတားတစ်ကောင်လား … ”
လူတိုင်းက တစ်ကိုယ်တော်မြှုပ်နှံရာ၏ တိုက်ခိုက်မှုမှ ရှီဖုန်း အသက်ရှင်နေကြောင်း မြင်သည့်အချိန်၌ အံ့သြဆွံ့အကုန်၏။ အရင်က အနက်ရောင်မြားတစ်စင်းသည် ရှီဖုန်း၏ HP တစ်ဝက်ကျော်ကို ဝါးမျိုသွားသည်။ ထိုစဥ် အနက်ရောင်မြားနှစ်စင်း ပစ်လိုက်သည့်အချိန်၌ သူ HP ၏ တစ်ဝက်အောက်သာ လျော့သွား၏။
” အကွာအဝေးကျယ် ကစားသမားတွေ သူ့ကို တိုက်ခိုက်ကြ … HP များများ မကျန်တော့ဘူး … ”
လူတိုင်းက ရှီဖုန်း၏ ဆောင်ရွက်ချက်ကြောင့် ထိတ်လန့်ဆွံ့အနေကြစဥ် စွန့်ပစ်ခံလှိုင်းက မြန်မြန်တုံ့ပြန်ပြီး သူ၏ အိတ်ထဲမှ မီးခိုးရောင်စာလိပ်တစ်လိပ်ကို ထုတ်လိုက်၏။
အလွှာနှစ် မှော်စာလိပ် တစ်ပြိုင်နက်ကျရောက်ခြင်း
ချက်ချင်းပင် မီးခိုးရောင်လေဓားသွား ရှစ်စင်းက ရှီဖုန်းဆီ တိုးဝင်သွားတော့၏။ တစ်ချိန်ထဲတွင် ကျန်သည့်အကွာအဝေးကျယ်ကစားသမားများကလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြတော့၏။ သို့သော် ရှီဖုန်းက သူသေမှာကို စောင့်နေရန် ရည်ရွယ်ချက်မရှိပေ။ လေဟာနယ်ခြေလှမ်းကို အသုံးပြုပြီး အားလုံးရှေ့မှ ထပ်မံပျောက်ကွယ်သွား၏။ ဝင်ရောက်လာသည့်တိုက်ကွက်များက မူလနေရာကို ဖြတ်ကျော်သွား၏။ သူ့ကို တစ်ချက်တောင် မထိခဲ့ပေ။
” သေစမ်း … သူပြန်ကောင်းတာ မြန်တာပဲ … ”
ထိုမြင်ကွင်းကို မြင်သောအခါ စွန့်ပစ်ခံလှိုင်း၏ မျက်ဝန်းထောင့်များက ကြုတ်ကုန်၏။ သူက အမြန်အမိန့်ပေးလိုက်တော့သည်။
” အားလုံးပဲ ခုခံခြင်း မှော်အစီအရင်တစ်ခု ဖန်တီးပြီး တိုက်ခိုက် … ”
လေဟာနယ်ခြေလှမ်းက အမှန်တကယ် ဆန်းကျယ်သော ခြေသိုင်းတစ်မျိုး ဖြစ်သည်။ အနှိုင်းမဲ့ကဲ့သို့ ဒိုင်းစစ်သည်တော်က အစွမ်းထက်သည်တိုင် ရှီဖုန်းက သူနှင့် ကိုက်နှစ်ဆယ်အကွာအဝေးတွင် ရှိနေလျှင်တောင် သူက ဝေးဝါးဝါးပုံရိပ်ကိုသာ တွေ့နိုင်သည်။ ထိုအကွာအဝေးကို ကျော်လွန်လျှင် သူက မမြင်ရတော့ပေ။ စွန့်ပစ်ခံလှိုင်းနှင့် ကျန်သည့်သူများက ကိုက်နှစ်ဆယ်အကွာအတွင်း မဆိုထားနှင့် ဆယ်ကိုက်အတွင်း ရပ်နေလျှင်တောင် မတွေ့နိုင်ပေ။ ထိုသို့တိုင် ရှီဖုန်းက သူတို့နားကပ်ပြီး သူတို့ကို သတ်ဖြတ်လျှင်တောင် သတိထားမိမှာ မဟုတ်ပေ။
ထို့ကြောင့် ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းက ခုခံခြင်းစက်ဝိုင်းကို ရေးဆွဲရန်သာ ဖြစ်သည်။ ထို့အပြင် ရှီဖုန်းက စက်ဝိုင်းအတွင်းရှိ စွန့်ပစ်ခံလှိုင်းကို ချဥ်းကပ်ရန် အခွင့်အရေးမရှိတော့ချေ။
အနှိုင်းမဲ့ကလည်း ခုခံခြင်းစက်ဝိုင်းထဲသို့ ချက်ချင်းဝင်လိုက်ပြီး စွန့်ပစ်ခံလှိုင်းကို ကာကွယ်ရန် အပြည့်အဝပြင်ဆင်လိုက်တော့၏။ ယခုအချိန်တွင် စွန့်ပစ်ခံလှိုင်းက လန့်စ်လော့ကျထားသည့် ပစ္စည်းများကို သိမ်းထား၏။ သူသာ သေသွားခဲ့လျှင် ပစ္စည်းများအားလုံး သေချာပေါက်ကျလာပေမည်။
လူတစ်ယောက်ထဲက ပစ္စည်းများအားလုံးကို သိမ်းထားသည့်လုပ်ရပ်က စွန့်စားသည့်လုပ်ရပ်ဖြစ်သော်ငြား လူများစွာသိမ်းခြင်းသည် ဇီးရိုးဝင်းက သူတို့ကို ပစ်မှတ်ထားရန် လွယ်ကူစေပြီး ပစ္စည်းများကိုကာကွယ်ရန် ပိုခက်ခဲစေ၏။ မည်သည့်နည်းနှင့်မဆို စွန့်ပစ်ခံလှိုင်းကိုယ်တိုင်က အဆင့် (၄၀) လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်၏။ တိုက်ပွဲဝင် စံသတ်မှတ်ချက်အရာတွင် သူက အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်၏။ သူက လျှို့ဝှက်ခြင်းသို့ ဝင်ရောက်သွားခဲ့လျှင် ရှာဖွေတွေ့ရှိရန် ခက်ခဲပေလိမ့်မည်။
စွန့်ပစ်ခံလှိုင်းနှင့် ကျန်သည့်သူများ၏ ဖြည်းဖြည်းချင်း အဆင့်မြင့်နေသော ခုခံခြင်းမှော်အစီအရင်ကို ရင်ဆိုင်သောအခါ အပြင်ဘက်ရှိ ကစားသမားများဘေး၌ ဖျက်ခနဲ ပေါ်လာပြီးနောက် အသက်တစ်ချောင်းနုတ်ကာ ပြန်ပျောက်သွား၏။ သူ့၌ အချိန်လုံလုံလောက်လောက် ရှိနေခဲ့လျှင် ကစားသမားနှစ်ဦးတောင် သတ်ဖြတ်နိုင်၏။
” မာကျောတဲ့ လိပ်ခွံပါလား … ”
ရှီဖုန်းသည် သူ့ရန်သူများ၏ အပြုအမူကြောင့် အံ့သြဆွံ့အသွားလေ၏။
ရှီဖုန်းသည် သူတွင် ရှိသော AOE တိုက်ခိုက်သည့် မှော်စာလိပ်များကို အသုံးပြုပြီး ဖြစ်၏။ ပစ်မှတ်တစ်ခုထဲကိုသာ တိုက်ခိုက်သည့် မှော်စာလိပ်များရှိပြီး ထိန်ချုပ်ခြင်းစာလိပ်များက မကျန်ရှိတော့ရာ တိုက်ပွဲကို သက်ရောက်စေရန် မဖြစ်နိုင်ပေ။
သို့သော် သူက ခုန်ဝင်သွားလျှင် လေထဲ၌ ရှိနေချိန်၌ သူ့ကို ရှာဖွေနိုင်ပေမည်။
လေထဲရှိ က၀ားသမားများက သူတို့ တိုက်ခိုက်မှုလားရာကို မပြောင်းလဲနိုင်ပေ။ သူတို့က ဘဲထိုင်ထို၈်နေရပေမည်။ သို့သော် သူက လောဘကြီးပြီး ပိုသတ်ခဲ့လျှင် ဆက်တိုက်တိုက်ခိုက်မှုအောက်၌ အသက်ဆုံးရှုံးသွားနိုင်၏။ ဆိုရလျှင် သူ၏ ရန်သူများက သာမန်ကစားသမားများ မဟုတ်ကြပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်နေပြီး သူတို့၏ တိုက်ခိုက်မှုများကလည်း တိကျသည်။ ပုံမှန်ဆို သူက တိုက်ပွဲဝင်နည်းစနစ်မထုတ်ဖော်ပဲ ကစားသမားတစ်ဦးကို တိုက်ကွက်တစ်ကွက်နှစ်ကွက်ဖြင့် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ရွေးစရာမရှိဘဲ သူက အစီအရင်နှင့် ခပ်ဝေးဝေးသာ နေနေရသည်။
ကစားသမားအရေအတွက်လျော့လာစဥ် ရေနက်၏ အဖွဲ့ဝင်များကလည်း ကြောက်လန့်လာတော့၏။ ခုခံခြင်းစက်ဝိုင်း၏ အပြင်လွှာတွင် ရပ်နေသူများက ကြောက်လန့်နေကြတာ ဖြစ်ပြီး နောက်ထပ်အသတ်ခံရမည့်သူ ဖြစ်မည်မှန်း သိနေကြသည်။
ရှီဖုန်းက မြန်ဆန်လွန်းသည်။ သူ ပေါ်လာသည့်အချိန်၌ ရုတ်တရက်ဆန်လာရုံသာမက သူ၏ တိုက်ခိုက်မှုများကိုတောင် မရှာတွေ့နိုင်ပေ။ ထို့အပြင် သူတို့တန်ပြန်တိုက်ခိုက်သည့်အချိန်၌ ရှီဖုန်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုသို့တိုင် သူတို့ကလည်း မလိုက်ကြချေ။
ထိုအစည်းအရုံး လက်ရွေးစင်များနှင့် ကျွမ်းကျင်သူများသည် ကျွမ်းကျင်သူဟူသည် မည်သည့်အရာမှန်း နောက်ဆုံး နားလည်သဘောသွားသည်။
ရှီဖုန်းနှင့် ယှဥ်လျှင် ရန်သူကို ဆယ်ယောက်အယောက်တစ်ရာ ယှဥ်နိုင်စွမ်းရှိသည်ဟု ကြွားလုံးထုတ်ကြသော ကျွမ်းကျင်သူများသည် အားနည်းသူများသာ ဖြစ်ကြသည်။ ထိုကဲ့သို့ ကျွမ်းကျင်သူများကို ရင်ဆိုင်ရလျှင် ရေနက်၏ အဖွဲ့ဝင်များက အနည်းအကျင်း ခုခံနိုင်ပေမည်။
ရှီဖုန်းက သိပ်ကိုကြောက်မက်ဖွယ်ကောင်းနေပြီး ကစားသမား ရာချီသည့်အဖွဲ့က လှုပ်တောင်မလှုပ်ရဲကြချေ။ ထို့အပြင် သူက သူတို့ကို တိုက်ခိုက်စဥ်၌ သူတို့၏ ကံဆိုးမိုးမှောင်ကျမှု စီးကြိုးနေပေမည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ခုခံခြင်းမှော်အစီအရင်ကြောင့် စွန့်ပစ်ခံလှိုင်းနှင့် ကျန်သည့်သူများက တွားသွားတော့၏။ အလိုလိုပင် ရှီဖုန်းက ကစားသမားရာချီအဖွဲ့ကို လျှော့ချနိုင်ခဲ့သည်။ ယခုဆို အဖွဲ့က ချိပ်ပိတ်ခြင်းသလင်းလုံးနှင့် ကိုက်တစ်ရာအကွာသို့ ရောက်နေပြီ ဖြစ်သည်။
မှော်မျှော်စင်ထိပ်ရှိ ဧရာမသလင်းလုံးကိုမြင်သောအခါ စွန့်ပစ်ခံလှိုင်းအဖွဲ့က ပျော်ရွှင်ပြီး စိတ်သက်သာရာ ရသွား၏။
သူတို့က သလင်းလုံးကို ဖြိုခွဲနိုင်သရွေ့ သူတို့ကို ဝန်းရံနေသော အရံအတားက ပျောက်ကွယ်သွားမှာ ဖြစ်သည်။ ပြီးနောက် သူတို့က ပုန်းစရာနေရာတစ်ခုရှာပြီး ဤနေရာတွင် သေမှာကို စောင့်စားနေမည့်အစား ပြန်ရောက်ခြင်းစာလိပ်သုံးပြီး ပြန်မှာဖြစ်သည်။
” ကောင်းတယ် … ငါတို့ နီးကပ်နေပြီ … လုပ်ကြံသတ်ဖြတ်ရေးသမားနဲ့ ရိန်းဂျားတွေ ရှေ့တိုးပြီး သလင်းကို ဖျက်ကြ … အားလုံးပဲ ခုခံခြင်းမှော်အစီအရင်ထဲကနေ ရှေ့ဆက်ကြမယ် … ”
တစ်ချိန်လုံး လျှို့ဝှက်ခြင်းထဲ ဝင်ရောက်နေသော စွန့်ပစ်ခံလှိုင်းက အမိန့်ပေးလိုက်တော့သည်။
ယခင်က သူတို့သည် သလင်းလုံးနှင့် အတော်လေးဝေးနေသေးသည်။ ရှီဖုန်းက သလင်းလုံး၏ တိုက်ခိုက်နိုင်သည့်အကျယ်အဝန်းအတွင်း မည်သူမှ မဝင်ရသေးခင် သူတို့ကို သတ်ဖြတ်ပစ်မှာပဲ ဖြစ်သည်။ ယခု သလင်းလုံးနှင့် သူတို့ ကိုက်တစ်ရာသာ ကွာတော့ရာ ရှီဖုန်းသည် စွန့်ပစ်ခံလှိုင်းကို ပစ်မှတ်ထားခဲ့လျှင် သလင်းလုံးဖျက်ဆီးခံရမှာ သေချာသည်။ သို့သော် ထို လုပ်ကြံသတ်ဖြတ်ရေးသမားများနှင့် ရိန်းဂျားများကို ပစ်မှတ်ထားရန် ရွေးချယ်ခဲ့ပါက ခုခံခြင်းအစီအရင်က အဆင့်မြင့်လာပေလိမ့်မည်။ စွန့်ပစ်ခံလှိုင်းက သူကိုယ်တိုင် ခိုးလှုပ်ရှားရန် အခွင့်တောင်ရလာမည်။
လက်ရှိတွင် ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက အော့ခ်ဘလစ်ကို ဝန်းရံနေကြ၏။ ရေနက်၏ ကျန်သည့်အဖွဲ့ဝင်များကသာ မရပ်မနား ကြိုးစားနေတာ မဟုတ်လျှင် ဇီးရိုးဝင်းအဖွဲ့ဝင်များသည် ဤနေရာသို့ အစောကြီးထဲက ရောက်နေလောက်ပြီပင်။ ချက်ချင်းပင် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဒါဇင်ကျော်နှင့် ရိန်းဂျားတစ်ဒါဇင်ကျော်က သလင်းလုံးဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။ ။
ရှီဖုန်းသည် ရွေးချယ်စရာမရှိဘဲ ထိုကစားသမားများကို မောင်ထုတ်ရန်သာ တက်နိုင်သည်။ ကံကောင်းသည်မှာ သလင်းလုံးဆီသွားသည့်လမ်းကြောင်းက သိပ်မကျယ်ဝန်းပေ။ လုပ်ကြံသတ်ဖြတ်ရေးသမားနှင့် ရိန်းဂျားများက သလင်းနားအတွင်း ကိုက်လေးဆယ်အကွာသို့ မဝင်ရသေးခင် ရှီဖုန်းက သူတို့အားလုံးကို ဖယ်ရှားခဲ့၏။ သို့သော် ထိုအခြေအနေက စွန့်ပစ်ခံလှိုင်းနှင့် ကျန်သည့်သူများအား အကွာအဝေးတိုးသွားစေတော့၏။ ယခုအချိန်တွင် အဖွဲ့က အလင်းလုံးနှင့် ကိုက်ခြောက်ဆယ်သာ ကွာတော့သည်။
” ငါတို့နိုင်ပြီ … ”
ထိုစဥ် စွန့်ပစ်ခံလှိုင်းက ပျော်ရွှင်သွားတော့သည်။
သူတို့သည် ကိုက်ခြောက်ဆယ်ကွာဝေးသေးသော်ငြား အကွာအဝေးကျယ် ကစားသမားများက ကိုက်လေးဆယ် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ လက်တွေ့ကျကျဆိုရလျှင် သူတို့က နောက်ထပ် ကိုက်နှစ်ဆယ်သာ ဖြတ်ကျော်ရန် လိုအပ်သည်။
ရှီဖုန်းအဖို့ လက်ရွေးစင်တစ်ရာရှိသည့် ကျွမ်းကျင်သူကစားသမားတပ်ဖွဲ့ကို သုတ်သင်ရှင်းလင်းပစ်နိုင်စရာအကြောင်း မရှိပေ။ သူတို့က ကိုက်နှစ်ဆယ်ကို ဖြတ်နိုင်အုံးမှာပင်။ မှော်အရံအတားမရှိတော့သည်နှင့် စွန့်ပစ်ခံလှိုင်းက ချက်ချင်းပင် ပစ္စည်းများကို ကြယ်လမြို့သို့ သယ်သွားနိုင်မည်။ ဤစစ်ပွဲအတွင်း ဆုံးရှုံးမှုများစွာ ခံစားရသော်ငြား လန့်စ်လော့ထံမှ ကျလာသောပစ္စည်းများက သူ၏ ဆုံးရှုံးမှုများအတွက် ဖြည့်စီးပေးနိုင်သည့် ပမာဏ ဖြစ်သည်။ ယခင်က သူသည် သူသည့်အိုင်တမ်များကို စစ်ဆေးကြည့်ခဲ့ရာ အိုင်တမ်အများစုက အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူကြီး ဖြစ်စေ၏။ အနည်းဆုံးတော့ ရေနက်သည် ဇီးရိုးဝင်းထက် ပိုကောင်းနေအုံးမည်။ ဆိုရလျှင် ဇီးရိုးဝင်းက ကျောက်တောမြို့ကို ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။
သို့သော် စွန့်ပစ်ခံလှိုင်းက ဝမ်းသာအားရဖြစ်နေစဥ် မန္တန်မများက သူ၏ အဖွဲ့ဆီသို့ ရုတ်တရက်ရွာသွန်းလာပြီး အားလုံး၏ ခေါင်းအထက်၌ (-၁၀၀၀၀) ထိခိုက်မှု ပေါ်လာသည်။
ထိုအကွက်က ရှီဖုန်း၏ ကောင်းကင်ဘိန်ဓားဖြစ်ပြီး ကိုက်နှစ်ဆယ်အတွင်းရှိ ရန်သူများအားလုံးကို ပိတ်နိုင်သော စကေးဖြစ်သည်။ ထိုတိုက်ခိုက်မှု၏ ရလဒ်အနေဖြင့် စွန့်ပစ်ခံလှိုင်းက ပေါ်လာ၏။ ထိုစဥ် စွန့်ပစ်ခံလှိုင်းက သလင်းလုံးနှင့် ကိုက်လေးဆယ်အကွာတွင် ရပ်နေသော ရှီဖုန်းကို အထိတ်တလန့် ကြည့်နေလေ၏။
” မဖြစ်နိုင်တာ … သူ စကေးတွေ ထပ်သုံးနေတာလား … ဆယ်မိနစ်က မကုန်သေးဘူးလေ … ”
စွန့်ပစ်ခံလှိုင်းက စိတ်ရှုပ်ထွေးမှုများ ပြည့်နေလေ၏။
အနှိုင်းမဲ့နှင့် တစ်ကိုယ်တော်မြှုပ်နှံရာကလည်း ထိုအခြေအနေကြောင့် ဆွံ့အနေကြသည်။ သို့သော် ရှီဖုန်းက သူတို့တုံ့ပြန်ရန် အချိန်မပေးခဲ့ပေ။ သူက သတ်ဖြတ်ခြင်းရောင်ခြည်ကို ချက်ချင်း မြှင်တင်လျက် လျှပ်စီးအစွန်းကို ထုတ်ဖော်လိုက်တော့သည်။
ရှီဖုန်းက တိတ်ဆိတ်ခြင်းသို့ ဝင်ရောက်နေသည်မှာ ဆယ်မိနစ်မပြည့်သေးကြောင်း စွန့်ပစ်ခံလှိုင်းပြောတာ မှန်သော်ငြား ကစားသမားများ၌ ကိုယ်ပိုင်သဘာဝခုခံမှုရှိကြောင်း သူ မေ့နေသည်။ ရှီဖုန်း၏ မှော်ခုခံမှုက မှော်အမျိုးအစား NPC များကိုတောင် ခေါင်းခဲစေ၏။
မှော်ခုခံမှုသည် မှော်ကစားသမားများ လက်ခံရရှိသည့် မှော်ထိခိုက်မှုကို လျော့ချနိုင်ရုံသာမက မှော်၏ ဘေးထွက်ဆိုးကျိုးကိုလည်း အားလျော့စေသည်။
လက်တွေ့တွင် စွန့်ပစ်ခံလှို၈်းက ချိပ်ပိတ်ခြင်းသလင်းကို ဖျက်ဆီးရမည့်ပုံကို အာရုံစိုက်နေစဥ် ရှီဖုန်းက သူ့အတွက် အချိန်ဆွဲနေလိုက်သည်။ အဆုံးတွင်မူ ရှီဖုန်းက လှုပ်ရှားလိုက်တော့၏။
တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်လာကာ မရေမတွက်နို၈်သော လျှပ်စီးလုံးများက အားလုံးကို ဝါးမျိုသွား၏။ စွန့်ပစ်ခံလှိုင်း လေခြေလှမ်းနှင့် ကွယ်ပျောက်ခြင်းကို အသုံးပြုခဲ့သော်ငြား သူသည် လျှပ်စီးအစွန်း၏ ငါးစက္ကန့်တာကြာခြင်းကို မကျော်ဖြတ်နိုင်ခဲ့ပေ။ စကေးအဆုံးသတ်သည့်ကာလ၌ အော့ခ်ဘလစ်၏ ခေါင်းမိုးထိပ်တွင် ရှီဖုန်းနှင့် ပစ္စည်းတစ်စုသာ ကျန်ခဲ့တော့၏။
စွန့်ပစ်ခံလှိုင်းနှင့် ကျန်သည့်သူများ သေဆုံးကြောင်းက ကြယ်လမြို့အတွင်း၌ ကြိုးစားပမ်းစား တိုက်ခိုက်နေသူများဆီ သတင်းမြန်မြန်ဆန်ဆန် ပြန့်သွား၏။ ခေါင်းဆောင်သေဆုံးခြင်းက အစည်းအရုံးတစ်ခု၏ လုပ်ဆောင်ချက်ကို ထိခိုက်စေသည်။ ထိုအခြေအနေက ရေနက်အဖွဲ့ဝင်များ ဆုပ်ကိုင်ထားသည့် မျှော်လင့်ချက်ကိုလည်း ရှင်းလင်းပစ်လိုက်၏။ စိတ်ဓာတ်ခွန်အားများ ယုတ်လျော့သွားသောအခါ သူတို့ကို ဖြေရှင်းရ ပိုလွယ်သွား၏။
ထိုစဥ် ရှီဖုန်းက စွန့်ပစ်ခံလှိုင်းတို့ ကျလာသည့်ပစ္စည်းများကို စုဆောင်းပြီး တစ်ခုပြီးတစ်ခု စီလိုက်တော့၏။ အလယ်တွင် အိတ်ထဲ၌ သူ့အာရုံစိုက်မှုကို ဖမ်းစားနိုင်သော အိုင်တမ်တစ်ခု တွေ့လိုက်၏။ ထိုအိုင်တမ်က လေးထောင့်ကွက် ငွေတံဆိပ်ပြားဖြစ်ပြီး ခြင်္သေ့ပုံ ထွင်းထုထား၏။ အပေါ်တွင်လည်း စကားလုံးအနည်းငယ် ရေးထားသည်။
မြို့အဆင့်မြှင့်တင်ခွင့်