ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1109 ပင်လယ်ရှိသူတော်စင်မြေ
” ကစားသမားတွေ ငှားဖို့လား”
ရှီဖုန်းက ဖီးနစ်မိုးကို ကြည့်လိုက်လေ၏။ နဂါးဖီးနစ်ပွဲကြည့်စင်သည် စူပါပထမနှုန်းအစည်းအရုံး ဖြစ်သည်။ မျှော်စင်သည် နှစ်စဥ်နှစ်တိုင်း အဖွဲ့ဝင်များစွာ စုဆောင်းထားလေ၏။ သူတို့က သူတို့တွင်ပျိုးထောင်ထားသော ကျွမ်းကျင်သူများစွာ ရှိသည်။ ထိုသို့တိုင် နဂါးဖီးနစ်ပွဲကြည့်စင်က အင်အားငှားရမ်းရန်အတွက် သူ့ကို လာရှာသည်။ ယင်းက မယုံနိုင်စရာ ကောင်းလှပေ၏။
“ဟုတ်တယ်၊ တာဝန်တစ်ခု ကူညီပေးဖို့အတွက် လူဆယ်ယောက် ငှားချင်တာ၊ တာဝန်ပြီးစီးသွားပြီးဆိုတာနဲ့ မှော်သလင်းငါးထောင်ပေးမယ်၊ တာဝန်ကျရှုံးခဲ့ရင် မှော်သလင်းတစ်ထောင် ပေးမယ်၊ ငှားထားတဲ့ ကာလအတွင်းမှာ သေဆုံးတာ ဘာညာရှိခဲ့ရင်လဲ ထပ်တိုးလျော်ကြေးပေးအုံးမယ်”
ဖီးနစ်မိုးက ပြောပြီး ခေါင်းညိတ်ကာ ပြုံးလိုက်လေ၏။
” အစည်းအရုံးခေါင်ဆောင် ဘလက်ဖလိမ်း၊ ဘယ်လိုတွေးလဲဆိုတာ သိပါရစေ”
ပုံမှန်ဆို တာဝန်တစ်ခုကူညီရန် ကျွမ်းကျင်သူများကို ငှားရမ်းချိန်တွင် ခရက်တစ်များ သို့မဟုတ် ဂိမ်းငွေကြေးများဖြင့်သာ ပေးချေလေ့ရှိသည်။ သာမန်ကျွမ်းကျင်သူတစ်ဦးသည် ငှားရမ်းရန်အတွက် ရွှေစများသာ တတ်နိုင်မှာဖြစ်ပြီး ထိပ်သီးကျွမ်းကျင်သူတစ်ဦးက ရွှေပြားတစ်ရာဝန်းကျင် ကျသင့်၏။ သူမက ပေးချေမှုအဖြစ် မှော်သလင်းများကို အသုံးပြုခဲ့သည်။ မှော်သလင်းများက ဂိမ်းငွေကြေးထက် ပိုတန်ဖိုးကြီးပေ၏။ ယင်းက ခိုင်မာသည့် ငွေကြေး ဖြစ်သည်။
အစည်းအရုံးကြီးများစွာက မှော်သလင်းကို အဓိကအရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်နေကြပြီ ဖြစ်သည်။ တစ်ကိုယ်တော်စွန့်စားသူအဖွဲ့အစည်းမှ သို့မဟုတ် အလုပ်ရုံလေးများမှ မှော်သလင်း ဆယ်ခု အခုနှစ်ဆယ် ဝယ်ယူကောင်းဝယ်ယူနိုင်မည်။ သို့သော် ဂဏန်းက သုံးလုံးဖြစ်သွားချိန်တွင်မူ ဈေးကွက်ထဲ၌ လုံလောက်အောင် ရှာနိုင်တော့မှာ မဟုတ်ပေ။
မှော်သလင်းငါးထောင် ဟူသည်က အစည်းအရုံးကြီးများအတွက် များပြားသည့် ငွေပမာဏဖြစ်သည်။ အချို့သော အစည်းအရုံးကြီးများက သူတို့ သိုလှောင်ရုံထဲတွင် ထိုမျှများပြားသည့် မှော်သလင်းများတောင် မရှိပေ။
ယခု ကျွမ်းကျင်သူဆယ်ယောက်ကို ငှားရမ်းခြင်းဖြင့် ဇီးရိုးဝင်းက မှော်သလင်းငါးထောင် ရနိုင်ပေမည်။ ယင်းက မက်မောဖွယ်ရာ ကမ်းလှမ်းမှုဆိုတာ သေချာနေ၏။
” ဖီးနစ်ပွဲကြည့်စင်သခင် တာဝန်ရဲ့ အချက်အလက်ကို ပြောပြနိုင်မလား”
ရှီဖုန်းသည် ကမ်းလှမ်းချက်ကို နားထောင်ပြီးနောက် တကယ်မက်မောသွားသည်။
အစည်းအရုံးတစ်ခုကို ဦးစီးခြင်းမှအပ တာဝန်များလက်ခံရန်အတွက် ဇီးရိုးဝင်း အလုပ်ရုံ၏ ပန်းတိုင်ဖြစ်သည်။
သို့သော် ဖီးနစ်မိုးကဲ့သို့ ထိုတောင်းဆိုမှုက ရှားပါးလွန်၏။
” ရပါတယ်၊ တာဝန်က ရိုးရှင်းတယ်၊ မိုးကြိုးကျွန်းပေါ်မှာရှိတဲ့ ရှေးဟောင်းမျှော်စင်တစ်ခုကို ကာကွယ်ဖို့အတွက် ဇီးရိုးဝင်းအဖွဲ့ဝင်တွေကို လိုအပ်တာပဲ၊ အခြားသူတွေ မသိမ်းပိုက်အောင်ပေါ့၊ မိုးကြိုးကျွန်းက အလွန်ရှားပါးတဲ့နေရာဆိုတော့ တစ်ကြိမ်ကို ဝင်ရောက်နိုင်တဲ့ ကစားသမား ကန့်သတ်ထားတယ်လေ၊ အချိန်ကျလာတဲ့အခါ ကျွန်မတို့ ရန်သူတွေက လူများများပိုနိုင်မှာ မဟုတ်ဘူး၊ သူတို့က ကစားသမားနှစ်ဆယ် သုံးဆယ် ပို့နိုင်ရင်တောင် ဆန်းကျယ်မှုဖြစ်နေမှာ၊ ကျွန်မတို့က မွန်းစတား စခန်းကို ဝင်စီးတဲ့အချိန်အထိ ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေက မျှော်စင်ကို ကာကွယ်နိုင်ခဲ့မယ်ဆိုရင် အလုပ်အောင်မြင်ပြီ”
ဖီးနစ်မိုးက စဥ်းစားပြီးနောက် ရှင်းပြလိုက်သည်။
မိုးကြိုးကျွန်းသတင်းက နတ်ဘုရားနယ်မြေ၏ စူပါအင်အားစုများဆီ အစောထဲက ပျံ့နှံ့နေပြီးသား ဖြစ်သည်။ ယင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ လက်ရှိတွင် မိုးကြိုးကျွန်း၏ ရှယ်ယာအများစုကို လုံခြုံစိတ်ချရစေရန်အတွက် အမျိုးမျိုးသော အင်အားစုကြီးများသည် နေရာအနှံကနေ အကူအညီပေးနိုင်မည့်သူများ စုစည်းနေလေသည်။ အချို့ကဆို အလွန်အစွမ်းထက်သော တစ်ကိုယ်တော်ကစားသမားများကိုတောင် ငှားရမ်းထားသည်။
ယင်းက မိုးကြိုးကျွန်းကို သိမ်းပိုက်နိုင်ရန် ထူးခြားသော လိုအပ်ချက်များကြောင့် ဖြစ်သည်။ တပ်ဖွဲ့ကြီဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာတစ်ရပ် မဟုတ်ပေ။ အရေအတွက်ထက် အရည်အသွေးကို လိုအပ်ပေ၏။ ထို့ကြောင့် သူမသည် ဇီးရိုးဝင်း၏ အကူအညီကို တောင်းခံနေတာပဲ ဖြစ်သည်။ ဇီးရိုးဝင်းက အမှောင်ပြိုင်ကွင်းထဲ၌ ပြောင်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့၏။ သူ၏ အဖွဲ့ဝင်များက မိုးကြိုးကျွန်း၏ ပြိုင်ပွဲထဲဝင်ပါရန် အရည်အချင်း ပြည့်မီတာ သေချာသည်။
ထို့အပြင် သူမသည် နေရာအနှံ ထိပ်သီးကျွမ်းကျင်သူများစွာကို ရှာတွေ့ခဲ့၏။ မိုးကြိုးကျွန်းကို သူမက မသိမ်းပိုက်နိုင်သော်ငြား နေရာလေးတစ်ခုကို ထိန်းချုပ်ရန်အတွက် ပြဿနာမရှိလောက်ပေ။ အစောပိုင်းတိုက်ပွဲအသေးစား ပြီးသွားချိန်တွင် နောက်တစ်လှမ်းက ကျန်သည့် စူပါအစည်းအရုံးကြီးများနှင့် ဖြည်းဖြည်းချင်းတိုက်ခိုက်ရန် ဖြစ်သည်။
” မိုးကြိုးကျွန်းလား”
မိုးကြိုးကျွန်းအကြောင်း အချက်အလက်များက ရှီဖုန်း စိတ်ထဲ ချက်ချင်းပေါ်လာတော့သည်။
မိုးကြိုးကျွန်းသည် အလွန်အန္တရာယ်များသော ပင်လယ်ဒေသ ဖြစ်၏။ ထိုဒေသက သေခြင်းတရားပင်လယ်ဟု သိကြသည်။ သေခြင်းတရားပင်လယ်ထဲတွင် ရတနာအမြောက်အများနှင့် ကံကောင်းမှုများစွာ ကြုံတွေ့တက်၏။ နယ်မြေထဲတွင် များစွာသော ရှေးအပျက်အဆီးနယ်မြေများစွာ ရှိပေ၏။ ပင်လယ်ဒေသအတွင်းရှိ ကြွယ်ဝသောအရင်းအမြစ်များက မှန်းဆနိုင်တာကို ကျော်လွန်သည်။ ထို့ကြောင့် ရေကြောင်းစွန့်စားသူအဖွဲ့အစည်းသည် သေခြင်းတရားပင်လယ်ထဲသို့ မကြာခဏ သွားလာလေ့ ရှိ၏။
သေခြင်းတရားပင်လယ်ထဲတွင် ကစားသမားများ နေထိုင်နိုင်သည့် တစ်ခုတည်းသောနေရာကမူ မိုးကြိုးကျွန်း ဖြစ်သည်။ ပင်လယ်ဒေသအတွင်းရှိ ကျန်သည့်ကျွန်းများကမူ ကစားသမားများ အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်နိုင်ခြင်း မရှိပေ။ သေခြင်းတရားပင်လယ်တွင် ညအချိန်ရောက်လာသည်နှင့် ရေအောက်မွန်းစတားများစွာက ပေါ်လာမှာပဲ ဖြစ်သည်။ ထိုကစားသမားများ ဖြေရှင်းနိုင်ရန်အတွက် အရေအတွက်များလွန်းနေသည်။ မိုးကြိုးကျွန်းသည် တစ်ခုတည်းသော ချွင်းချက်ဖြစ်နေ၏။ အကြောင်းမှာ ကျွန်းနားတစ်ဝိုက်တွင် မိုးကြိုးများ လျှပ်စီးများ ကျရောက်နေသောကြောင့် ဖြစ်၏။ ညအချိန်ရောက်လာလျှင်တောင် ပင်လယ်မွန်းစတားများသည် ကျွန်းနားမရောက်နိုင်ပေ။ မိုးကြိုးကျွန်းက သေခြင်းတရားပင်လယ်ထဲရှိ လုံခြုံစိတ်ချရသော ဆိပ်ကမ်းဖြစ်လာတော့သည်။
ရလဒ်အနေဖြင့် သွေးဆေးကြောမှုတို့က အတိတ်တုန်းက မိုးကြိုးပင်လယ်ပေါ်၌ ဖြစ်ပွားနေကြ ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲရှိ အမျိုးမျိုးသော စူပါအင်အားစုများက မိုးကြိုးကျွန်းကို သူတို့အတွက် လိုချင်နေကြသည်။
သို့သော် မိုးကြိုးကျွန်းကို သိမ်းပိုက်ရန်အတွက် မလွယ်ကူချေ။ အတိတ်တုန်းက ကျွန်းတစ်ခုလုံးကို စူပါအင်အားစုကြီးများက မထိန်းချုပ်နိုင်ခဲ့ပေ။ အဆုံးတွင်မူ အမျိုးမျိုးသော စူပါအင်အားစုများက ပင်လယ်ရှိ သူတော်စင်မြေတစ်ခုအဖြစ် ဆောင်ရွက်လိုက်ကြသည်။
ရှီဖုန်းသည် အတိတ်တုန်းက ကျွန်းဆီသို့ သွားရောက်လည်ပတ်ဖူး၏။ ကံဆိုးသည်မှာ သူ၏ အစည်းအရုံးက အားနည်းလွန်းနေရာ ထိုသူတော်စင်မြေ၌ အခြေစိုက်စခန်းလေးတစ်ခု တည်ထောင်ရန် အရည်အချင်းမမီခဲ့ပေ။ လှေဖြင့်သာ အကြိမ်ပေါင်းများစွာ မိုးကြိုးကျွန်းဆီသို့ သွားလာနေရသည်။ ဤဘဝတွင်လည်း မိုးကြိုးကျွန်း၌ စစ်ပွဲဖြစ်ပွားလာလိမ့်မည်ဟု သူ မထင်ထားပေ။
” တာဝန်က သိပ်မကြာဘူး၊ တစ်ရက်လောက်ပဲ”
ဖီးနစ်မိုးက ရှီဖုန်း တိတ်ဆိတ်နေသောအခါ ထပ်ထည့်ပြောလိုက်သည်။ မိုးကြိုးကျွန်းကို သိမ်းပိုက်ခြင်းက သာမန်ကျွန်းများကို သိမ်းပိုက်ခြင်းနှင့် မတူပေ။ သာမန်မြို့များက ပစ်မှတ်ထားခံရသောမြို့ သိမ်းပိုက်ပြီးသည်နှင့် ပြီးသွားပြီ ဖြစ်သည်။ မိုးကြိုးကျွန်းပေါ်ရှိမြို့ကို စိုးမိုးပိုင်ခွင့်ရရှိရန်အတွက် မွန်းစတားများ ဖမ်းဆီးရန် စခန်းချနေရာတစ်ခု လိုအပ်သည်။ ထို မွန်းစတား အခြေချစခန်းကို သိမ်းပိုက်နိုင်သည်နှင့် အသုံးပြုနိုင်သည့် အာဏာ ပိုကြီးလာပေမည်။ မိုးကြိုးကျွန်းပေါ်ရှိ မွန်းစတားအခြေစိုက်စခန်းများကို သိမ်းပိုက်နိုင်ခဲ့လျှင် ကျွန်းပေါ်၌ အမြင့်ဆုံးအာဏာကို ရရှိမည်။
ယခုအချိန်တွင် အားပြိုင်ပွဲက တစ်လလျှင် တစ်ကြိမ်ဖြစ်ပွားပြီး ယှဥ်ပြိုင်မှုတိုင်းက အနည်းဆုံး ရှစ်နာရီကြာသည်။ ထို့အပြင် ယှဥ်ပြိုင်နိုင်သည့် တစ်ရက်တာကာလအတွင်း မိုးကြိုးကျွန်းက ကြီးမားသည့် ရှေးဟောင်းမှော်အစီအရင်တစ်ခုဖြင့် လွှမ်းခြုံထားမှာ ဖြစ်သည်။ ထိုအချိန်၌ ကျွန်းပေါ်သို့ ခြေဗလာဖြင့် ခြေချချင်လျှင် ဝင်ခွင့်ဖြတ်ကျော်ရန် လိုအပ်သည်။ ဝင်ခွင့်ဖြတ်ကျော်မှုမရှိပဲ ကစားသမားများက မိုးကြိုးကျွန်းအပြင်ဘက်သို့ အလိုအလျောက် ပို့ဆောင်ခံရမှာ ဖြစ်သည်။ ဝင်ခွင့်ဖြတ်ကျော်ခွင့်၌ ကျွန်းကို ကစားသမားဆယ်ဦးသာ ဝင်ခွင့်ပြုပြီး သေခြင်းတရားပင်လယ်အတွင်းရှိ ဘော့စ်များကို သတ်ဖြတ်ခြင်းဖြင့် ရနိုင်သည်။ သေခြင်းတရားပင်လယ်က အလွန်အန္တရာယ်များသော ပင်လယ်ဒေသဖြစ်၏။ ပင်လယ်မွန်းစတားများစွာ၏ အိမ်ဖြစ်ပြီး ထိုမွန်းစတားများက ကုန်းပေါ်တွင် တွေ့ရသော မွန်းစတားများထက် ပိုသန်မာသည်။ အဖွဲ့လိုက်သတ်ဖြတ်နိုင်ချေက အလွန်မြင့်နေရာ သေခြင်းတရားပင်လယ်ထဲသို့ ရွက်လွှင့်သွားလာချိန်တွင် ဘော့စ်ကို ဖမ်းရန်ဆိုတာက ပိုခက်ခဲနေ၏။
လက်ရှိတွင် အမျိုးမျိုးသော စူပါအင်အားစုများက ဘော့စ်များကို ရှာဖွေသတ်ဖြတ်ရန် အကောင်းဆုံးကြိုးစားနေကြသည်။ ရလဒ်အနေဖြင့် သူတို့က ဆုံးရှုံးမှုများကို ကြုံတွေ့ရတော့သည်။ နဂါးဖီးနစ်ပွဲကြည့်စင်က ချွင်းချက်မဟုတ်ပေ။ ထို့ကြောင့် အစောပိုင်းဝင်ခွင့် ဖြတ်ကျော်မှုက အလွန်တန်ဖိုးကြီးပေ၏။ ထိုစူပါအင်အားစုများသည် ပြိုင်ပွဲထဲတွင် ဝင်ပါရန်အတွက် သာမန်ကျွမ်းကျင်သူများကို မဖိတ်ခေါ်နိုင်ပေ။ သူတို့ တက်နိုင်သလောက် ထိပ်သီးကျွမ်းကျင်သူများကို ခေါ်ကြ၏။ ထိုသို့ အပြည့်အဝဆုံးသော အလားအလာဖြင့် ဝင်ခွင့်ကို ရရှိမှာပဲ ဖြစ်သည်။
အချိန်အတော်ကြာ စဥ်းစားပြီးနောက် ရှီဖုန်းက ဖီးနစ်မိုးကိုကြည့်ပြီး မေးလိုက်လေ၏။
” အခုအချိန် ဖီးနစ်မျှော်စင်သခင်မှာ ဝင်ခွင့်ဘယ်လောက်ရှိသလဲ သိပါရစေ”
ရှီဖုန်း၏ အမေးကို ကြားသောအခါ ဖီးနစ်မိုးနှင့် ဘလူးဖီးနစ်တို့က အံ့သြမှင်သက်သွားလေသည်။
စူပါအင်အားစုများသည် ဝင်ခွင့်ဖြတ်ကျော်ခွင့်ကို တင်းကြပ်စွာ ပိတ်ထားလေ၏။ ဇီးရိုးဝင်းက ထိုအကြောင်းသိနေလိမ့်မည်ဟု သူတို့ မထင်ထားပေ။ သို့သော် ဖီးနစ်မိုးက ယွမ်ထျယ်ရှင်းနှင့် တွေ့မိသည့်အကြောင့်ကို တွေးမိချိန်၌ နားလည်သွားသည်။ လျှို့ဝှက်မျှော်စင်သည် မိုးကြိုးကျွန်းပေါ်ရှိ စူပါအင်အားစုများထဲမှ အားပြိုင်မည့် စူပါအင်အားစုမဟုတ်သော်ငြား အစွမ်းထက်သည့် သတင်းအချက်အလက်ကို သိသည်။ ရှီဖုန်းက ဝင်ခွင့်အကြောင်းသိတာ အံ့သြစရာ မရှိပေ။
“ရှင့် သတင်းအချက်အလက် ကွန်ယက်ကို လျော့တွက်လို့မရဘူးပဲ၊ ရှင့်ဆီကနေ မဖုံးကွယ်ထားတော့ဘူး၊ လက်ရှိ ဝင်ခွင့်နှစ်ဆယ်ရှိတယ်၊ တစ်နည်းပြောရရင် ကျွန်းကို ဝင်ခွင့်အတွက် အယောက်နှစ်ရာ ခေါ်လာလို့ရတယ်”
ဖီးနစ်မိုးက ပြုံးပြီး ပြောလိုက်လေ၏။
” ရှင်က ဝေစုရဖို့ စိတ်ဝင်စားတာလား”
သူမသည် ဇီးရိုးဝင်းကို လျော့တွက်တာ မဟုတ်သော်ငြား ပါဝင်သည့်သူများက နတ်ဘုရားနယ်မြေ၏ စူပါပါဝါများ ဖြစ်ကြသည်။ သူတို့က ဇီးရိုးဝင်းနှင့် အလွန်ကွဲပြားခြားနားသည့် အဆင့်၌ ရှိနေ၏။ ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများအနည်းစုဖြင့် အစည်းအရုံးက မိုးကြိုးကျွန်းပေါ်၌ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်မှာ မဟုတ်ပေ။