ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1113 သီးခြားမျိုးနွယ်စုများ
သန်းခေါင်းယံည လက်ဖက်ရည်ပါတီဝင်များက ခွာရာကို သတိပြုမိသည့်အချိန်၌ သူတို့အမူအရာများ တင်းမာကုန်၏။
သရဲငိုတောင်ကြားသည် အဆင့် (၆၀) နှင့် အဆင့် (၇၀) ကြား မြေပုံတစ်ချပ် ဖြစ်သည်။ လက်ရှိ ကစားသမားများအဖို့ ဤနေရာက တားမြစ်မြေဖြစ်နေသည်။ တောင်ကြားအတွင်းရှိ ဖောလန့်အာ့ခ်၌ သူတို့ စိတ်ဝင်စားသည့်အရာကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ လာကြမှာမဟုတ်ပေ။ သူတို့က အစည်းအရုံးများနှင့် မတွေးမိအောင် ရှောင်ရှားရန် ကြိုးစားသည့်တိုင် သူတို့က အဆင့် (၅၅) နှင့် အထက် မြေပုံတစ်ဝိုက်၌သာ တာဝန်များ ဆောင်ရွက်ကြမှာ ဖြစ်သည်။
ထို့ကြောင့် ကျန်သည့်စီးတော်ယာဥ် ကစားသမားများထံမှ ခွာရာများကို မြင်တွေ့ချိန်၌ သူတို့ မအံ့သြဘဲ နေမည်နည်း။
သန်းခေါင်းယံည လက်ဖက်ရည်ပါတီ၏ ခေါင်းဆောင် ဘရိဇ်ဝိုင်က နူးညံ့ပြီး လှပသည့် ဝတ်ရုံဖြူ လုပ်ကြံသတ်ဖြတ်ရေးသမား မိန်းမလှလေးဘက်လှည့်ပြီး အမိန့်ပေးလိုက်တော့၏။
“ဝေ့ဗ် အရင်ဆုံးကင်းထောက်ပြီး သူတို့မှာ လူဘယ်နှစ်ယောက်ရှိလဲ … ဘယ်လောက်ဝေးဝေး ရောက်နေပြီလဲဆိုတာ ရှာကြည့် … ”
လုပ်ကြံသတ်ဖြတ်ရေးအမျိုးအစားက လုပ်ကြံသတ်ဖြတ်ရာတွင် စကေးကျွမ်းကျင်ရုံသာမက ထိုကစားသမားများက ခြေရာခံရာ၌လည်း တော်ကြသည်။ လုပ်ကြံသတ်ဖြတ်ရေးသမားများ၏ ခြေရာခံသည့်စကေးက လုံလောက်အောင် အဆင့်မြင့်မားနေလျှင် ခြေရာများကနေ တခြားအဖွဲ့အချက်အလက်များကို ယေဘုယျအချက်အလက်ဖြင့် ဆုံးဖြတ်နိုင်ပေမည်။ ဥပမာအနေဖြင့် ဝတ်ရုံဖြူဖြင့် လုပ်ကြံသတ်ဖြတ်ရေးသမားက သူမ၏ ခြေရာခံသည့်အဆင့်ကို အလွှာတစ်အထိ မြင့်တင်ထားသည်။ ဂိမ်း၏ ဤအဆင့်ဤ အလွှာတစ် အဆင့်နှစ်ကပင် အထင်ကြီးဖွယ်ကောင်းနေပြီ ဖြစ်၏။ ဆိုရလျှင် ယင်းက သုံးနေကျစကေးမျိုး မဟုတ်ပေ။
” ကျွန်မကို အပ်ထားလိုက် … ”
နဲလ်သာဝါ့ဒ်ဝေ့ဗ်ဟုခေါ်သော လုပ်ကြံသတ်ဖြတ်ရေး မိန်းမလှလေးက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူမ၏ စီးတော်ယာဥ်ပေါ်မှ ခုန်ချပြီးနောက် ခွာရာများကို စစ်ဆေးတော့သည်။ အဖွဲ့၏ ကျန်သည့်သူများကလည်း စီးတော်ယာဥ်ပေါ်မှ ဆင်းပြီး အနားယူလိုက်ကြသည်။
သူတို့က ဤနေရာသို့ စီးတော်ယာဥ်များ တောက်လျှောက်စီးလာရသော်ငြား နာရီပေါင်းများစွာ စီးလာရခြင်းက သူတို့၏ သက်လုံအားကို ဝန်ထုတ်ဝန်ပိုးဖြစ်စေ၏။ ထိုင်ပြီး အနားယူခြင်းဖြင့် သူတို့ ဆုံးရှုံးသွားသော သက်လုံအားအချို့ ပြန်ရနိုင်သည်။
” ခွာရာ နှစ်ဆယ်ရှိတယ် … အဖွဲ့က အဆင့် (၄၀) နဲ့အထက် ကစားသမားတွေရှိလောက်တယ် … ခွာရာက နာရီဝက်မပြည့်သေးဘူး … ဒါပေမဲ့ သူတို့အဖွဲ့က တောင်ကြားဝင်ပေါက်ကို ရောက်သွားတဲ့အချိန် ခြေရာလက်ရာပျောက်သွားတာပဲ … ”
နဲလ်သာဝါ့ဒ်ဝေ့ဗ်က သတင်းတင်ပြလိုက်သည်။ ကျန်သည့် သဲလွန်စများကို ရှာပြီးသည့်တိုင် သူတို့ ရုတ်တရက်ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို မရှာဖွေနိုင်ဖြစ်နေသည်။
ပုံမှန်ဆို လျှို့ဝှက်ခြင်းကဲ့သို့ ကိုယ်ပျောက်စကေးများသာလျှင် ထိုကဲ့သို့ အာနိသင်မျိုး ပေးနိုင်တာဖြစ်၏။ သို့သော် အဘယ်ကြောင့်များ အယောက်နှစ်ဆယ်သောအဖွဲ့က သရဲငိုတောင်ကြားဆီသို့ သွားရသနည်း။
” အဲဒီကစားသမားတွေ ဒီကို ဘာကြောင့်ရောက်နေလဲ မသိပေမဲ့ ငါတို့ဂရုစိုက်သင့်တယ် … မျှခြေမြေပုံတစ်ခုအနေနဲ့ သရဲငိုတောင်ကြားမှာ သီးခြားမျိုးနွယ်စုတွေ အများကြီးရရှိတယ် … ဒေသခံတွေက ငါတို့ကို ရှာတွေ့သွားပြီဆိုတာနဲ့ ငါတို့က သူတို့ကို မသတ်နိုင်ဘူးဆိုရင် ပြေးသာပြေး … ပြန်ပြီး တိုက်မနေကြနဲ့ … ”
ဘရိဇ်ဝိုင်က ညွှန်ကြားလိုက်လေ၏။
” အဆင့်နိမ့်စီးတော်ယာဥ်တွေက သူတို့ရဲ့ ခြေရာလက်ရာကို မဖုံးကွယ်ထားနိုင်ဘူး … ငါ့ရဲ့ သားရဲသခင်အငွေ့အသက်ကလည်း ဉာဏ်ရည်နိမ့်မွန်းစတားတွေပေါ်မှာပဲ အာနိသင်ရှိတာ … ဒီနေရာက မျိုးနွယ်စုတွေကို ရင်ဆိုင်တဲ့နေရာမှာ သက်ရောက်မှုမရှိလောက်ဘူး … အခုတော့ ခြေလျင်ပဲ ခရီးဆက်ကြမယ် … ”
ပြီးနောက် သန်းခေါင်းယံည လက်ဖက်ရည်ပါတီသည် သရဲငိုတောင်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက်လာတော့သည်။
သို့သော် သူတို့အဖွဲ့သည် သရဲငိုတောင်ကြားဆီသို့ ဦးတည်နေသော ကျဥ်းမြောင်းသည့် တောင်တက်လမ်းကို ဦးတည်သွားလိုက်သည်နှင့် စိတ်ရှုပ်ထွေးဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်။
မူလက ကျောက်စလစ်ခဲများဖြင့် လွှမ်းနေသော မြေပြင်သည် ယခုဆို လ၏ မျက်နှာပြင်ပမာ ဖြစ်နေတော့သည်။ အမျိုးမျိုးသော တွင်းနက်များနှင့် အမျိုးမျိုးသော မျိုးနွယ်စုများ၏ အလောင်းများက မြေပြင်ပေါ် ပြန့်ကျဲနေ၏။ အနည်းဆုံးတော့ အလောင်းသုံးရာကျော်သည်။ ဤနေရာ၌ စစ်ပွဲလေးဖြစ်ခဲ့ပုံပေါ်သည်။
” ဒီမှာ ဘာဖြစ်နေတာလဲ … ”
အမျိုးသမီးဘာသာရေးခေါင်းဆောင် တိမ်ချည်မျှင်က ပါးစပ်အဟောင်းသားဖြစ်နေပြီး ဆယ်မီတာကျော်ခန့် မြင့်မားသည့် လူဘီလူးသုံးကောင်ကို မြင်လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ နှစ်ပိုင်းပိုင်းခံထားရတာကို မြင်တွေ့သည့်အချိန်၌ ထိတ်လန့်မှုများပြည့်သွားတော့သည်။ သူတို့နားတစ်ဝိုက်တွင် ငါးမီတာနှင့် သုံးမီတာခန့်မြင့်မားသော လူဘီလူး အကောင်ရေတစ်ရာကျော် ရှိ၏။
[ဘီလူးရဲမက်၊ အဆင့်မြင့်အရှင်]
အဆင့် (၆၂)
HP (၀/၁၉၂၀၀၀၀၀)
[ဘီလူးစစ်သည်တော်၊ အထူးလက်ရွေးစင်]
အဆင့် (၆၀)
HP (၀/၁၉ သိန်း)
[ဘီလူးနတ်ဆရာ၊ မျိုးနွယ်စုအကြီးအကဲ]
အဆင့် (၆၁)
HP (၀/၃၅ သိန်း)
” ခေါင်းဆောင် ဒီလူဘီလူးတွေက ကစားသမားတွေကို ဒီနေရာကနေ ချုံခိုတိုက်ခိုက်ဖို့ လုပ်တဲ့ပုံပဲ … ဒါပေမဲ့ သွင်ပြင်အရ အစောတုန်းက ဖြတ်သွားတဲ့ ကစားသမားတွေက သူတို့ကို သတ်သွားတာပဲ ဖြစ်ရမယ် … ”
နဲလ်သာဝါ့ဒ်ဝေ့ဗ်က ပြောပြီး သူ ကောက်ယူလာသည့် ထောင်ချောက်အချို့ကို ဘရိဇ်ဝိုင်အား ပေးလိုက်လေ၏။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားများသာလျှင် ထောင်ချောက်ဆင်နိုင်တာ မဟုတ်ပေ။ မွန်းစတားအများစုကလည်း ထိုသို့ ပြုလုပ်နိုင်သည်။ မွန်းစတားများထက် ဉာဏ်ရည်ပိုမြင့်သော သီးခြားမျိုးနွယ်စုများအတွက် ထောင်ချောက်ဆင်ခြင်းက တွေ့နေကြဖြစ်သည်။ အမျိုးမျိုးသော မျိုးနွယ်စုများဆင်ထားသည့် ထောင်ချောက်များက ကွဲပြားချက်များ ရှိသည်။ ဥပမာအနေဖြင့် လူဘီလူးကဲ့သို့ စိတ်ထားရိုးရှင်းသည့် မျိုးနွယ်စုက ရှေးကျသည့် ထောင်ချောက်ကိုသာ အသုံးပြုနိုင်ကြသည်။ အမြင်အာရုံကောင်းသော ကစားသမားများက သူတို့ကို အလွယ်တကူ ရှောင်တိမ်းနိုင်၏။
” အဲဒီ ကစားသမားတွေက ဘယ်သူများလဲ … ”
ဘရိဇ်ဝိုင်သည် လူဘီလူးများ၏ အလောင်းများကို မြင်တွေ့သည့်အချိန်၌ သူ၏ အပျော်လွန်မှုကို မထိန်းနိုင်တော့ပေ။
လူဘီလူး အကောင်တစ်ရာကြားထဲ၌ အဆင့် (၆၂) လူဘီလူးရဲမက်နှင့် အဆင့် (၆၀) ကျော် ကုသသူများဖြစ်သည့် လူဘီလူးနတ်ဆရာ သုံးဆယ်ကျော် ရှိနေလေသည်။ စွန့်စားသူအဖွဲ့အစည်းသည် ဤကဲ့သို့ အင်အားစုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဆိုလျှင် သေကြမှာ သေချာ၏။ သို့သော် စစ်မြေပြင်၌ ပြန်လည်ရှင်သန်လာသော ကစားသမားတစ်ဦး၏ အရိပ်အယောင်ကိုမှ မတွေ့ရချေ။
” အဲဒီအဖွဲ့ ရောက်လာပြီးမှ ငါတို့ ရောက်လာတာကံကောင်းတယ် … မဟုတ်ရင် ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်တော့မှာပဲ … ”
တိမ်ချည်မျှင်က ပြောပြီး သက်ပြင်းချလိုက်လေ၏။
” ခေါင်းဆောင် ကျွန်မတို့တွေ အဖွဲ့ရဲ့ခြေရာကို ရှာတွေ့ပြီ … သူတို့တွေက ဖောလန်းအာ့ခ်ကို ဦးတည်သွားနေတဲ့ပုံပဲ … ”
အမှောင်စစ်က သူတို့ရှေ့ရှိ သေခြင်းတရားတောအုပ်ကို လက်ညိုးထိုးပြလိုက်သည်။
” စိတ်ဝင်စားစရာပဲ … ”
အန့်လတ်စ်စကားသည် ဘီလူးရဲမက်များပေါ်ရှိ ဓားရာများကို စစ်ဆေးပြီးနောက် ပြုံးလိုက်တော့၏။
” ခေါင်းဆောင် သွားကြရအောင် … ကျွန်မတို့တွေ ဒီမှာ အချိန်ဖြုန်းတာများနေရင် မွန်းစတားတွေ ပြန်ပေါက်လာလိမ့်မယ် … ”
” ကောင်းပြီ သွားကြရအောင် … ”
ဘရိဇ်ဝိုင်က ပြောပြီးနောက် လက်တစ်ချက်ဝှေ့လိုက်၏။ ပြီးနောက် သူတို့အဖွဲ့က ခြေရာနောက် လိုက်သွားတော့သည်။
ထိုစဥ် သရဲငိုတောင်ကြား၏ သေခြင်းတရားတောအုပ်ထဲ၌ ရှီဖုန်းနှင့် သူအဖွဲ့က ထရိုးတပ်ဖွဲ့ကို ရင်ဆိုင်နေရသည်။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်လာနေ၏။ ထရိုးနတ်ဆရာများက နောက်တန်းတွင်ရပ်ပြီး ထရိုးစစ်သည်တော်များနှင့် ရှေ့တန်းတွင် တိုက်ခိုက်နေသော မျိုးနွယ်စုအကြီးအကဲများကို အဆက်မပျက်ကုသပေးနေ၏။
[ထရိုးစစ်သည်တော်၊ လက်ရွေးစင်]
အဆင့် (၆၀)
HP (၆၅၀၀၀၀/၆၅၀၀၀၀)
[ထရိုးမျိုးနွယ်စုအကြီးအကဲ၊ မဟာအရှင် ]
အဆင့် (၆၃)
HP (၄၂ သန်း/၄၂ သန်း)
[ထရိုးနတ်ဆရာ၊ မျိုးနွယ်စုအကြီးအကဲ]
အဆင့် (၆၂)
HP (၃၁ သန်း/၃၁ သန်း)
” သူတို့တွေက စစ်ကူတွေ ဆက်ခေါ်နေမယ်ဆိုရင် ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး … ”
ထရိုးမျိုးနွယ်စုအကြီးအကဲကို ထိန်းထားနေသော ကိုလာက အော်လိုက်၏။ သူက မဟာအရှင်ကို တိုက်ခိုက်နေစဥ် ဖိအားက ပြင်းထန်နေတော့သည်။
သူက အဆင့် (၄၃) သာ ရှိသေး၏။ အဆင့် (၂၀) ကွာဟချက်ဖြင့် အံ့ဖွယ်ဒိုင်းနှင့် နတ်ဆိုးမီးတောက်ကျား၏ စကေးထောက်ပံ့မှုရထားသော သူတောင် သူ၏ အသက်က ရိုလာကိုစတာပေါ်တွင် ရှိနေသည့်အလာ ခံစားနေရသည်။ ထရိုးမျိုးနွယ်စုအကြီးအကဲ၏ သာမန်တိုက်ကွက်တိုင်းက (-၁၀၀၀၀) ထိခိုက်မှု ဖြစ်စေသည်။ စကေးတစ်ခုက (-၂၆၀၀၀) ဖြစ်စေ၏။ သူက HP သုံးသောင်းခွဲသာရှိလေရာ ဘာသာရေးခေါင်းဆောင်၏ အမှန်တရားဒိုင်းနှင့် ကျိန်စာအသုံးပြုသူ၏ ကာကွယ်ခြင်းကသာ ရှိမနေခဲ့လျှင် မဟာအရှင်၏ စကေးများက သူ့ကို ချက်ချင်းသေသွားစေလောက်သည်။
” နည်းနည်းလောက် စောင့်လိုက်အုံး … ငြိမ်းချမ်းလိပ်နဲ့ ယဲ့ဝူမြန် ထိရိုးစစ်သည်တော်တွေကို မျိုးနွယ်စုအကြီးအကဲဆီကနေ မျှားထုတ်သွားဖို့ ကြိုးစားကြ … ”
ရှီဖုန်းက အမိန့်ပေးလိုက်လေ၏။
” ဒီနေရာမှာ ထရိုးမျိုးနွယ်စုအကြီးအကဲတွေ များလွန်းတယ် … တိုက်ပွဲထဲ နောက်ထပ်ဝင်လာကြမယ်ဆိုရင် ကျွန်မတို့ သူတို့ကို ဖြေရှင်းနိုင်တော့မှာ မဟုတ်ဘူး … ”
ဂျမ်းတဲလ်စနိုးက စစ်ပွဲထဲဝင်လာသော ထရိုးစစ်သည်တော်များကိုကြည့်ပြီး ရင်ဘက်ထဲ တင်းကြပ်လာတော့သည်။
မွန်းစတားများက အဆင့် (၄၀) ကျော် လက်ရွေးစင်မွန်းစတားများသာဆိုလျှင် သူတို့သည် ရန်သူများကို ဖြေရှင်းနိုင်၏။ သို့သော် အဆင့် (၆၀) လက်ရွေးစင်မွန်းစတားများက ကြွယ်ဝသော HP အပြင် ထိုမွန်းစတားများကို သတ်ဖြတ်ခြင်းဖြင့် အကျိုးမဖြစ်ထွန်းပေ။ အသက်ခံရပြီးသည့် လက်ရွေးစင်နှင့် မျိုးနွယ်စုအကြီးအကဲအဆင့် ထရိုးများက ငွေပြားများနှင့် ကုန်ကြမ်းအချို့သာ ကျသည်။ ဆန်းကြယ်သံမဏိ ချပ်ဝတ်တန်ဆာတစ်စတောင် ကျမလာချေ။
” ပြီးတော့မှာပါ … ခဏလေးပဲ တောင့်ထား … ”
ရှီဖုန်းက မရှင်းပြချေ။
နတ်ဘုရားနယ်မြေ၏ မျှခြေမြေပုံက သီးခြားမျိုးနွယ်စုအမျိုးမျိုး၏ အိမ်ပဲဖြစ်သည်။
လူသားများနှင့်မတူပဲ သီးခြားမျိုးနွယ်စုများက အလွန်ပါရမီရှိကြ၏။ အချို့က မှော်ပညာတော်ပြီး အချို့က တိုင်းတာမရအောင် ခွန်အားပိုင်ဆိုင်ထားကြပြီး အချို့က အာရုံငါးပါးထက်မြတ်ကာ အချို့က သဘာဝတရားက မွေးဖွားလာသည့် စစ်သည်တော်များ ဖြစ်ကြသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် သီးခြားမျိုးနွယ်စုများက လူသားများထက် ပိုသန်မာပေ၏။
ရှေးယခင်က လူသားများသည် နတ်ဘုရားနယ်မြေ၏ မျိုးနွယ်စုအတွင်း အောက်ခြေ၌သာ ရှိခဲ့ကြသည်။ လူသားများက တိုက်ပွဲဝင်စွမ်းအား၌ အဆုံးအထိမဟုတ်ပေ။ သို့သော် လူသားများ၏ ဉာဏ်ရည်ကို ယှဥ်ပြိုင်၍မရ လူသားမျိုးနွယ်စုသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စုဆောင်းလာပြီး လက်ဆင့်ကမ်းခဲ့သော သူတို့၏ ဗဟုသုတများကနေ ယနေ့အောင်မြင်မှုကို ရရှိလာခဲ့ကြတာ ဖြစ်သည်။
လူသားများသည် ရှေးဟောင်းမျိုးစိတ်များကို မယှဥ်နိုင်သေးသော်ငြား နတ်ဘုရားနယ်မြေ၌ မျိုးနွယ်စုတစ်ခု ဖြစ်လာပြီး နတ်ဘုရားနယ်မြေ၏ ကုန်းမြေနယ်နမိတ်များကို အများစုသိမ်းပိုက်ခဲ့ကြသည်။
သရဲငိုတောင်ကြားထဲ၌ သီးခြားမျိုးနွယ်စုနှစ်စုရှိသည်။ လူဘီလူးများနှင့် ထရိုးများ ဖြစ်သည်။ လူဘီလူးများက အကန့်အသတ်မဲ့ခွန်အားများ ပိုင်ဆိုင်ထားပြီး သူတို့က ခွန်အားကို မြင့်တင်ပေးနိုင်သော လက်နက်များ ထုတ်လုပ်နိုင်သည့် ဉာဏ်ရည်ချို့တဲ့သည်။ တစ်ဖက်တွင်မူ ထရိုးများက အလွန်ဉာဏ်ကောင်းပေ၏။ သူတို့က သစ်သားများကို စုဆောင်းပြီး တိုက်ပွဲအတွက် လက်နက်များ ထွင်းလုပ်ကြသည်။
ထရိုးများ ရိတ်သိမ်းထားသော သစ်သားများထဲ၌ အစိမ်းရောင်ရင်းတိုက်သားများက အများဆုံး ဖြစ်သည်။ ထို့ကြောင့် ထရိုးများကို သတ်ဖြတ်ချိန်၌ အစိမ်းရောင်ရင်းတိုက်သား ကျလာနိုင်ခြေ ရှိသည်။
ကစားသမားများက အစိမ်းရောင်ရင်းတိုက်သားများ အသုံးပြုရန်အတွက် သရဲငိုတောင်ကြားအတွင်း၌ ရှာဖွေနိုင်သည်။ သို့သော် ဖြစ်စဥ်က အလွန်ရှုပ်ထွေး၏။ ထို့အပြင် ရှီဖုန်းနှင့် ကျန်သည့်သူများအဖို့ သရဲငိုတောင်ကြားက အလွန်အန္တရာယ်များနေသည်။ သူတို့က မရောက်နိုင်သည့် နေရာများရှိသည်။ ထို့ကြောင့် ရှီဖုန်းက သစ်သားအတွက် ထရိုးများကို သတ်ဖြတ်တာပဲ ဖြစ်သည်။
အမှန်တကယ်တွင် သူသည် ထရိုးမျိုးနွယ်စုအကြီးအကဲက စစ်ကူခေါ်မှာကို စောင့်စားနေတာပဲ ဖြစ်၏။ သို့မှသာ သတ်ဖြတ်ရန် ထရိုးစစ်သည်တော်များ ပိုရလာပေမည်။ ထရိုးစစ်သည်တော်များသည် လက်ရွေးစင်မွန်းစတားများသာ ဖြစ်ကြသည်။ သူတို့က အစိမ်းရောင်ရင်းတိုက်သားကဲ့သို့ ကုန်ကြမ်းများကျလာနိုင်ချေက အလွန်နိမ့်သည်။ အနည်းဆုံးတော့ အစိမ်းရောင်ရင်းတိုက်သားများ ရနိုင်ရန်အတွက် မျိုးနွယ်စုအကြီးအကဲအဆင့် ထိရိုးများကို သတ်ဖြတ်ရန် လိုအပ်သည်။
” အစည်းအရုံးခေါင်းဆောင် ထရိုးတွေ ရောက်လာပြီ … ”
မိုင်နာလေက သတင်းပို့ပြီး အမူအရာက ရှုံ့မဲ့သွား၏။
ရောက်လာသူများထဲတွင် အရှင်အဆင့် ထရိုးသုံးကောင် ပါဝင်လာသည်။