ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1123 မွန်းစတားများ၏ ပိုင်နက်
” မင်းက အမိန့်ပေးမှာလား … ”
သန်းခေါင်းယံည လက်ဖက်ရည်ပါတီဝင်များက ရှုံ့ချသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သာမန်ကစားသမားများအဖို့ အဖွဲ့ခေါင်းဆောင်၏ ကဏ္ဍက သိပ်အရေးမကြီးပေ။ သာမန်ကစားသမားများသည် ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူက သူတို့ကို လမ်းပြချင်လျှင် မည်သည့်ရွေးချယ်မှုမှ ရှိမှာမဟုတ်ပေ။ သို့သော် သူတို့က သာမန်ကစားသမားများ မဟုတ်ပေ။
ထို့အပြင် အသေးငယ်ဆုံးသော အမှားကတောင် လာမည့်တိုက်ပွဲတွင် သေသွားစေနိုင်၏။ သူတို့ ဤတိုက်ပွဲကို ရှုံးနိမ့်သွားခဲ့လျှင် ရက်ပေါင်းများစွာ ကြိုးစားအားထုတ်မှု အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ သူတို့၏ ခေါင်းဆောင်ကို အပြည့်အဝ ယုံကြည်ခြင်းမရှိလျှင် ထိပ်သီးကျွမ်းကျင်သူက သူ့စကားကို မည်ကဲ့သို့နားထောင်မည်နည်း။ သူ့ကိုတွေ့တာ မကြာသေးရာ ရှီဖုန်းက သူစိမ်းတစ်ဦးမျှသာ ဖြစ်နေ၏။
ဖော်လန်းအာ့ခ်မြေပုံအတွက် ရှီဖုန်း၏ တောင်းဆိုးချက်ကို သူတို့ ခွင့်ပြုနိုင်၏။ သူတို့က သူ့အမိန့်ကို နာခံလိမ့်မည်ဟု တွေးနေခဲ့လျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။
ဘရိဇ်ဝိုင်က သူ့အသင်းဖော်များ၏ တုံ့ပြန်ချက်ကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သန်းခေါင်ယံညလက်ဖက်ရည်ပါတီကို အမိန့်ပေးရန် ရှီဖုန်းအတွက် သင့်တော်သည်ဟု သူ မထင်ပေ။ သို့သော် ယင်းက ရှီဖုန်း၏ အရည်အချင်းကို အထင်သေးသောကြောင့် မဟုတ်ပေ။ ထိုအစား ခေါင်းဆောင်တစ်ဦး ဖြစ်ရန်အတွက် အဖွဲ့ထဲရှိ ကစားသမားများနှင့် ရင်းနှီးနေရန် လိုအပ်သောကြောင့် ဖြစ်သည်။ သူတို့၏ အမျိုးမျိုးသော အခြေခံအရည်အချင်းများ၊ စကေးများ၊ အလေ့အထများနှင့် ကျန်သည့် အသေးစိတ် အချက်အလက်များ ပါဝင်၏။ ထိုအချက်အလက်များ သိခြင်းဖြင့် ခေါင်းဆောင်ရာတွင် သက်ရောက်မှုရှိပြီး အဖွဲ့ထဲရှိ လူအားလုံးသည် သူတို့၏ စွမ်းရည်အပြည့်အဝကို ပြသနိုင်မှာပဲ ဖြစ်သည်။
ရှီဖုန်းသည် သန်းခေါင်ယံည လက်ဖက်ရည်ပါတီဝင်များအကြောင်း ဘာမှမသိပေ။ ရိုးရှင်းသော မြေအောက်စခန်းတစ်ခု သို့မဟုတ် ဘော့စ်မွန်းစတားတစ်ကောင်ကို စီးနင်းတိုက်ခိုက်လျှင် ပြဿနာကြီးတစ်ရပ်မဟုတ်သော်ငြား သူတို့က အဆင့် (၆၅) ခမ်းနားသောအရှင်နှင့် အဆင့် (၆၃) မဟာအရှင်များကို ရင်ဆိုင်ရမှာ ဖြစ်သည်။ မည်သည့်အမှားကမဆို သေကြေပျက်ဆီးမှု ဖြစ်စေလောက်၏။
” အမိန့်မပေးစေချင်လဲရတယ် … ကျုပ်တို့ စီစနင်တိုက်ခိုက်မဲ့ ဗျူဟာကို ပြောပြရုံပေါ့ … အချိန်ရောက်လာတဲ့အခါ ကျုပ်တို့နဲ့ တွဲလုပ် … ”
ရှီဖုန်းက ပြောပြီး ရန်လိုသည့်အကြည့်များကို စိတ်ထဲမထားပေ။
” သေကြေတာတွေအတွက် ကျုပ်တာဝန် မယူရုံပဲ … ”
ထူးခြားသော အသက်အသွင်ငါးမျိုးသည် သေးသေးမွှားမွှား မဟုတ်ပေ။
ရှီဖုန်း၏ နားလည်သဘောပေါက်မှုအရ ထူးခြားသောအသက်အသွင်ငါးမျိုးက သူတို့ကိုယ်ပိုင် ထူးဆန်းသောတိုက်ကွက်များ ပိုင်ဆိုငိထားသည်။ ထို ထူးကဲသော တိုက်ကွက်များက အစွမ်းမထက်သော်ငြား ပေါင်းစည်းလိုက်သည့်အချိန်တွင် ပိုတောင် အစွမ်းတိုးလာ၏။ ထိုထူးခြားသော အသက်အသွင်ငါးကောင်က ပူးပေါင်းဆောင်ရွက်ခဲ့လျှင် ထိပ်သီးကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ကို အလွယ်လေး သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ ကစားသမားများသည် ဘော့စ်၏ စကေးကို ချိန်သားကိုက် တိတိကျကျ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ အသေးငယ်ဆုံးသော အမှားတစ်ခုကတောင် အဖွဲ့လိုက် သုတ်သင်ရှင်းလင်းခံရတာမျိုး ဖြစ်နိုင်သည်။
ထို့ကြောင့် သူက အမိန့်ပေးပိုင်ခွင့် တောင်းနေတာပဲ ဖြစ်၏။
” ဒါ ပြဿနာမရှိဘူး … ”
ဘရိဇ်ဝိုင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
” ကျုပ်တို့ဘက်က အမှားကြောင့် အဖွဲ့လိုက် သုတ်သင်ရှင်းလင်းခံရရင် သင့်တော်တဲ့ လျော်ကြေးပေးမယ် … ”
ကျန်သည့်အဖွဲ့ဝင်များကလည်း ထောက်ခံကြ၏။ အနည်းဆုံးတော့ သူစိမ်းတစ်ယောက်၏ အမိန့်ကို နာခံခြင်းထက် ပိုကောင်းသည်။
ပြီးနောက် ရှီဖုန်းသည် တာဝန်များ စတင်ခွဲခြမ်းပေးတော့၏။ လက်တွေ့တွင်မူ သန်းခေါင်ယံည လက်ဖက်ရည်ပါတီလုပ်ရန် အတွက်ကမူ အနည်းစုသာ ရှိ၏။ ဘရိဇ်ဝိုင် ပြောခဲ့သည့်အတိုင်း ရှီဖုန်းက သန်းခေါင်ယံည လက်ဖက်ရည်ပါတီဝင်များနှင့် သိပ်ရင်းနှီးခြင်း မရှိပေ။ ထို့ကြောင့် အရေးကြီးသည့် တာဝန်ကို မပေးခဲ့ပေ။ စွန့်စားသူအဖွဲ့က ကြယ်ကိုးပွင့်ဝန်ရိုးစွန်းနယ်မြေ မှော်အစီအရင်ကို ထိန်းသိမ်းရန် မှော်အမျိုးအစား ကိုးယောက်ထောက်ပံ့ပေးရမည်။ ကျန်သည့် ကစားသမားကိုးယောက်က ဖော်လန်းကင်းလှည့်သူကို ထိန်းပေးရန် လိုအပ်၏။ သူတို့က မဟာအရှင်များကိုတောင် ထိခိုက်အောင် လုပ်ရန်မလိုပေ။ ဘရိဇ်ဝိုင်ကမူ အာ့ခ်ကို ဖွင့်ရမှာ ဖြစ်သည်။
ဇီးရိုးဝင်းသည် ဖော်လန်းမြို့စောင့်တပ်ကပ္ပတိန်ကို ဖြေရှင်းပြီး ကပ္ပတိန်နှင့် ကျန်သည့် ဖော်လန်းကင်းလှည့်သူနှစ်ယောက်ကို ဖြေရှင်းလိမ့်မည်။
ရှီဖုန်း တာဝန်ခွဲခြမ်းပြီးသည်နှင့် နှစ်ဖွဲ့လုံးက လက်နက်အသီးသီး၊ ချပ်ဝတ်တန်ဆာများ၊ ဆေးရည်များ၊ စာလိပ်များကို သီးသီးဖွင့်လိုက်ကြသည်။
” ပြီးတော့ ခေါင်းဆောင်က မှော်အစီအရင်ကို ထိန်းထားတဲ့အချိန် ငါ တာဝန်ယူ အမိန့်ပေးပေးမယ် … မင်းတို့တွေ ငါတို့အဖွဲ့ကို အရှက်မခွဲဖို့ မျှော်လင့်တယ် … ”
အန့်လတ်စ်စကားသည် အသင်းသားများကို တစ်ချက်ကြည့်ပြီး တည်ကြည်စွာ ပြောလိုက်တော့၏။
” အန်လက်စ် စိတ်ချထားလိုက် … မင်းက ငါတို့ရဲ့ စံသတ်မှတ်ချက်ကို အားလုံးထက် ပိုသိနေတာပဲ … အချိန်ကျလာတဲ့အခါ သူတို့ဘက်က သုတ်သင်ရှင်းလင်းခံရရင်တောင် ငါတို့ ဘာကိစ္စမှ ရှိမှာမဟုတ်ဘူး … ”
ရိန်းဂျားအမှောင်စစ်က ရှီဖုန်းတို့အဖွဲ့ကို တစ်ချက်ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။
အဆင့် (၆၃) မဟာအရှင်နှစ်ဦးကို ရင်ဆိုင်ရခြင်းက သာမန်ကစားသမားများအတွက် ပြဿနာတစ်ရပ် ဖြစ်လောက်သည်။ သူတို့ စွန့်စားသူအဖွဲ့အတွက်မူ ယင်းက ကြိုးပန်မှုများစွာ လိုအပ်သည့်တာဝန်တစ်ခုဟုသာ သတ်မှတ်နိုင်သည်။ ထို့အပြင် သူတို့က အာရုံလွဲဖို့သာ လုပ်ပေးရမှာ ဖြစ်သည်။ ဘော့စ်နှစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်တောင် မလိုပေ။
တစ်ဖက်တွင်မူ ရှီဖုန်းတို့ဘက်က ခမ်းနားသောအရှင်နှင့် မဟာအရှင်နှစ်ပါးကို တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရန် လိုအပ်နေသည်က အကြီးမားဆုံး စိုးရိမ်ပူပန်စရာ ဖြစ်နေ၏။
လူတိုင်းက ငြင်းဆိုစရာမရှိကြောင်း အတည်ပြုပြီးနောက် ရှီဖုန်းသည် ဘရိဇ်ဝိုင်ကို အချက်ပြလိုက်ပြီး တစ်ဖက်လူက လော့ခ်ဖွင့်သည့်ဖြစ်စဥ်ကို စတင်လိုက်တော့သည်။
ထိုအရာကို မြင်သောအခါ ဘရိဇ်ဝိုင်က သူ၏ ဦးခေါင်းထက်တွင် လိမ္မော်ရောင်သလင်းကို မြောက်ပြီး ဂါထာကို ထပ်မံရွတ်ဆိုလိုက်တော့သည်။ ပြီးနောက် တောင်ကြားက လှုပ်ခါသွားကာ ဧရာမပုံရိပ်ကြီးငါးရိပ်က မြေကြီးထဲမှ ထိုးထွက်လာတော့၏။ သူတို့ ဖော်လန်းမြို့စောင့် ကပ္ပတိန်နှင့် ဖော်လန်းကင်းလှည့်သူ လေးဦးပင် ဖြစ်သည်။
” မှော်အစီအရင်ကို အသက်သွင်းကြ … ”
ရှီဖုန်းက အမြန် အမိန့်ပေးလိုက်သည်။
အန့်လတ်စ်စကားကလည်း တစ်ပြိုင်နက်ထဲ အမိန့်ပေးလိုက်၏။
ရုတ်တရက် ခရမ်းရွှေရောင် မှော်အစီအရင်တစ်ခု ပေါ်လာပြီး ဘော့စ်မွန်းစတားငါးကောင်ကို လွှမ်းခြုံသွားတော့၏။
အလယ်အဆင့် မှော်အစီအရင်တစ်ခုအနေဖြင့် ကြယ်ကိုးပွင့်ဝန်ရိုးစွန်းနယ်မြေသည် ဒဏ္ဍာရီမွန်းစတားကိုတောင် ဖိနှိပ်နိုင်စွမ်း ရှိ၏။ မြို့စောင့်တပ်ကပ္ပတိန်နှင့် ကင်းလှည့်သူများကလည်း ခြွင်းချက် မဟုတ်ပေ။ ချက်ချင်းပင် ဘော့စ်ငါးကောင်၏ အရည်အချင်းများက ချက်ချင်းလျော့ကျသွား၏။
” ဒီ အလယ်အဆင့်မှော်အစီအရင်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ … ”
သန်းခေါင်ယံည လက်ဖက်ရည်ပါတီဝင်များက မှင်သက်သွားကြသည်။
မျက်တောင်တခက်အတွင်း ဖော်လန်းမြို့စောင့်တပ်ကပ္ပတိန်၏ HP သည် သန်းတစ်ရာ့နှစ်ဆယ်မှ ကိုးဆယ့်ခြောက်သန်းအထိ ကျသွားပြီး ဖော်လန်းကင်းလှည့်သူ၏ HP သည် ငါးဆယ့်ခုနှစ်သန်းမှ လေးဆယ့်တစ်သန်းအထိ ကျသွားသည်။ မှော်အစီအရင်၏ သက်ရောက်မှုက အန့်လတ်စ်စကားကိုတောင် မှင်သက်သွားစေ၏။
သန်းခေါင်ယံည လက်ဖက်ရည်ပါတီသည် အလယ်အဆင့်မှော်အစီအရင်များကို ယခင်က မြင်ခဲ့ဖူးပြီး သူတို့ကိုယ်တိုင်တောင် ပြီးပြည့်စုံသည့် အစုံများ စုဆောင်းထားနိုင်ခဲ့စဥ် ထိုအလယ်အဆင့် မှော်အစီအရင်သည် ခမ်းနားသောအရှင်၏ အခြေခံအရည်အချင်းကို တစ်ဝက်သာ လျော့ချနိုင်သည်။ ထိုသို့တိုင် ယင်းက အလယ်အဆင့် မှော်အစီအရင်တစ်ခုအတွက် အတော်အစွမ်းထက်နေပြီဟု သတ်မှတ်နိုင်သည်။
သို့သော် ကြယ်ကိုးပွင့် ဝန်ရိုးစွန်းနယ်မြေကမူ ဖော်လန်းမြို့စောင့်တပ်ကပ္ပတိန်ကို (၂၀) ရာခိုင်နှုန်း အားနည်းစေပြီး ဖော်လန်းကင်းလှည့်သူကို (၃၀) ရာခိုင်နှုန်း အားနည်းစေ၏။ ယင်းက မယုံနိုင်စရာကောင်းလှပေသည်။
ရှီဖုန်းတို့အဖွဲ့က သန်းခေါင်ယံည လက်ဖက်ရည်ပါတီဝင်များ၏ တုံ့ပြန်မှုကို သတိပြုမိရန် ရပ်တောင်မရပ်လိုက်ကြပေ။
” သွား … ”
ရှီဖုန်း၏ အမိန့်အောက်တွင် ကိုလာ၊ ယဲ့ဝူမြန်နှင့် ငြိမ်းချမ်းခြင်းလိပ်တို့က သူတို့၏ ပစ်မှတ်အသီးသီးဆီကို တိုးဝင်သွားကြသည်။
ခေါင်းဆောင် MT တစ်ဦးအနေဖြင့် ကိုလာက ခမ်းနားသောအရှင်ကို ဖြေရှင်းပြီး ငြိမ်းချမ်းခြင်းလိပ်နှင့် ယဲ့ဝူမြန်တို့က မဟာအရှင်နှစ်ပါးကို အသီးသီးခံတိုက်ကြမှာပဲ ဖြစ်သည်။
ထူးခြားသောအသက်အသွင်၏ အမြန်နှုန်းက သာမန်မွန်းစတားများထက် အနည်းငယ်ပိုမြင့်နေလေရာ သူတို့က ရှေးမျိုးနွယ်စုများထက် နိမ့်ကျတာ သံသယဖြစ်ဖွယ်မရှိပေ။ သူတို့၏ အရည်အချင်း ဖိနှိပ်ခံထားရမှုဖြင့် ကိုလာနှင့် ကျန်သည့်သူများက သူ့ကို ဖြေရှင်းနိုင်လောက်သည်။
သို့သော် ကိုလာက ဖော်လန်းမြို့စောင့်တပ် ကပ္ပတိန်ဆီသို့ မရောက်ခင် ထိုကပ္ပတိန်က သူ၏ ဧရာမဆယ်မီတာခန့်ရှည်သော မဟာဓားကို မြေကြီးပေါ် လွဲခုတ်ချလိုက်၏။
ဖုန် …
မြေကြီးပေါ်၌ အက်ကွဲရာကြီး ပေါ်လာပြီး ကိုလာဆီသို့ တန်းဝင်သွားတော့သည်။
” ကိုလာ ကာကွယ်ရေးကောင်းချီးကို အသက်သွင်း … ”
ရှီဖုန်းသည် တိုက်ကွက်ကို မြင်သောအခါ အော်ဟေ့လိုက်လေ၏။
ကိုလာက တွေဝေမနေဘဲ ကာကွယ်ခြင်းကောင်းချီးကို အသက်သွင်းလိုက်တော့သည်။ ပြီးနောက် သူ၏ ဒိုင်းကို ခန္ဓာကိုယ်ရှေ့၌ ကာထားလျှက် လက်နက်ကို ကျန်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဖန် …
ကိုလာသည် နေရာကနေ ဆယ်ကိုက်ကျော်အကွာအထိ လွင့်ထွက်သွား၏။ အမှန်တရားဒိုင်းနှင့် သူ့ကို ကာကွယ်ပေးနေသော ကာကွယ်ခြင်းကမူ တစ်စစီ ဖြစ်သွားတော့သည်။ ကိုလာ၏ HP က နှစ်သောင်းခွဲကျော် ကျသွား၏။ ထရိုးမျိုးနွယ်စုအကြီးအကဲ၏ အမြင့်ဆုံး တိုက်ကွက်သည် ဖော်လန်းမြို့စောင့်တပ် ကပ္ပတိန်၏ တိုက်ကွက်နှင့် ယှဥ်လျှင် အသေးအမွှားဖြစ်သွား၏။
ကိုက်ငါးဆယ်အကွာရောက်မှ ရပ်တန့်သွားတော့သည်။ ဖော်လန်းမြို့စောင့်တပ်ကပ္ပတိန်၏ တိုက်ခိုက်မှုအကျယ်အဝန်းက လူတိုင်းကို တုန်ရီစေသည်။
ကိုလာသာ ကာကွယ်ခြင်းကောင်းချီးကို အချိန်မီအသက်မသွင်းခဲ့လျှင် သူ သေလောက်ပြီ ဖြစ်သည်။
မြို့စောင့်တပ်ကပ္ပတိန်၏ တိုက်ကွက်က တိုက်ပွဲထဲရှိ ကစားသမားများကို အံ့သြသွားစေသည်။ ကံဆိုးသည်မှာ ယင်းက အပြီးသတ် မဟုတ်သေးပေ။ ပြီးနောက် ဖော်လန်းကင်းလှည့်သူလေးဦးကလည်း လှုပ်ရှားကြပြီး သူတို့၏ တိုက်ပွဲဝင်ပုဆိန်များကို မြောက်ကာ မြေပြင်ကို ကြမ်းတမ်းစွာ ရိုက်ချလိုက်တော့၏။
ဖုန် … ဖုန် … ဖုန် …
မြေပြင်က စတင်တုန်ရီလာ၏။ ရွှေရောင် ဂျက်လေယာဥ်များသည် မြေကြီးထဲမှ စတင်ပေါ်ထွက်လာပြီး ဖော်လန်းကင်းလှည့်သူလေးဦးဘေး ကိုက်သုံးဆယ်တစ်ဝိုက်တွင် လည်ပတ်နေ၏။
နယ်မြေလေးဦးက အသီးသီးဆက်သွားကာ သူတို့ကို ရှောင်တိန်းရန် မဖြစ်နိုင်တော့ပေ။ ထို ဂျက်များဖြင့် ထိခိုက်သည့် ကစားသမား မည်သူမဆို ထိခိုက်မှု ငါးထောင်မှ ရှစ်ထောင်အထိ ခံစားမှုရလိမ့်မည်။
ရွှေရောင်ဂျက်များသည် မည်သည့်လက္ခာဏာ အရိပ်အယောင်များ မပြပဲ ပေါ်လာ၏။ နယ်မြေများက တိုက်ခိုက်မှု၏ သိပ်သည်းတာကို မြင့်တင်ပေးသည်။
တိုက်ကွက်များကို ရှောင်တိန်းရန် အကောင်းဆုံးကြိုးစားသော်ငြား ကစားသမားများသည် ရံဖန်ရံခါထိခိုက်မိပြီး သူတို့၏ HP က လျင်မြန်စွာ ယုတ်လျော့သွား၏။ သန်းခေါင်ယံည လက်ဖက်ရည်ပါတီမှ အဆင့် (၄၁) ကစားသမားတစ်ဦးသည် နှစ်ဖက်ညှပ်နယ်မြေထဲ၌ ပိတ်မိသွားခဲ့ပြီး တုံ့ပြန်ရန် အချိန်မရှိတော့ဘဲ ဂျက်များစွာက ရှေးစစ်သည်တော်ကို ထိမိပြီး နေရာတွင်ပင် သေဆုံးသွားတော့၏။