ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1128 ဒဏ္ဍာရီမွန်းစတားများကြား ကွာဟချက်
ရှီဖုန်းသည် စစ်လက်နက်တိုက်ကို ကြည့်တာရပ်လိုက်သည်နှင့် မိုင်နာလေသည် သူ၏ စနစ်မျက်နှာပြင်ပေါ်မှ ပေါ်လာသော အနီရောင်မျက်နှာပြင်များကို သတိပြုမိလိုက်ပြီး သတင်းပို့လိုက်၏။
” အစည်းအရုံးခေါင်းဆောင် မလှမ်းမကမ်းမှာရှိတဲ့ ကင်းလှည့်သူတွေက ကျွန်တော်တို့ဘက် လှည့်လာနေပြီ … အခု မရွေ့ရင် ကျွန်တော်တို့ ဖော်ထုတ်ခံရနိုင်တယ် … ”
ဇီးရိုးဝင်း၏ အဖွဲ့သည် ဖောလန်းအာ့ခ်ဝင်ပြီးနောက် မိုင်နာလေသည် သူတို့၏ ဧရိယာတစ်ဝိုက် လှုပ်ရှားမှုများကိုရှာရန်အတွက် ကင်းထောက်ခြင်းစကေးကို အသက်သွင်းထားသည်။ သူ၏ ကင်းထောက်မှုရှာဖွေခြင်းဧရိယာသည် အာ့ခ်အတွင်းပိုင်း လျှော့ချခံထားရသော်ငြား ကိုက်သုံးရာအတွင်းရှိ ရန်သူများကိုမူ အာရုံခံနိုင်သည်။ ယင်းက သူတို့အဖွဲ့အတွက် ရန်သူများ သူတို့အနားမရောက်လာခင် တုံ့ပြန်နိုင်ရန် လိုလောက်သည်။
” ဘယ်လောက်များလဲ … ”
ရှီဖုန်းက မေးလိုက်၏။
” နှစ်ကောင် … ဒါ့အပြင် သူတို့က သွက်သွက်လေးရွေ့လျားနေတာ … အလွန်ဆုံး ဆယ့်ငါးစက္ကန့်လောက်ဆို ကျွန်တော်တို့နေရာကို ရောက်လောက်ပြီ … ”
မိုင်နာလေက သတင်းပို့လိုက်၏။
” ဆယ့်ငါးစက္ကန့်လား … အတော်နီးကပ်နေပြီပဲ … ”
ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ တွက်ချက်ထားပုံအရ သူတို့၏ ပညာရှင်အဆင့်တွင်ရှိသော သော့ဆရာအမျိုးအစားဖြင့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးတောင် စစ်လက်နက်ကဲ့သို့ အခန်းကိုဖွင့်ရန် စက္ကန့်နှစ်ဆယ် အချိန်လိုအပ်သည်။ ကံဆိုးသည်မှာ သူတို့အဖွဲ့၌ ပညာရှင်သော့ဆရာ မရှိပေ။ သူက မိုင်နာလေ၏ တွက်ချက်မှုကိုလည်း အပြည့်အဝယုံကြည်၏။
အရည်အချင်းရှိသော ရိန်းဂျားတစ်ဦးသည် အကွာအဝေးကျယ် ထိခိုက်မှုဖော်ဆောင်သူမျှသာ မဟုတ်ပေ။ ရိန်းဂျား၏ ပတ်ဝန်းကျင်အပေါ် သိမြင်နားလည်မှု၊ သတိထားမှု အမျိုးမျိုးများအပေါ် သူတို့၏ အကဲဖြတ်မှုများကလည်း သူတို့၏ အရေးကြီးသော ကဏ္ဍများ ဖြစ်သည်။ မိုင်နာလေ၏ တိုက်ပွဲဝင် စံသတ်မှတ်ချက်က ဇီးရိုးဝင်း၏ ပင်မအဖွဲ့ဝင်များအောက် အနည်းငယ်နိမ့်သော်ငြား သူ၏ လေ့လာခြင်းစကေးနှင့် အကဲဖြတ်မှုကမူ ထိပ်တန်းပင် ဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူး … ”
ဂျမ်တဲလ်စနိုးက သတိပေးလိုက်၏။ ပြင်ဆင်ရန် ရှစ်စက္ကန့်အောက်သာ ကျန်တော့သည်။ မြေပုံပေါ်ရှိ သူတို့၏ တည်နေရာတွက်ချက်မှုအရ ဖောလန်းအာ့ခ်၏ အတွင်းပိုင်းဒေသသို့သွားရန် သုံးချိုးနှစ်မျိုး ရောက်သေးသည်။
စနစ်အဆင့်မြှင့်တင်မှုမစခင် အတွင်းပိုင်းဒေသသို့ မရောက်နိုင်ခဲ့ပါက ဂိမ်းထဲသို့ ပြန်ဝင်လာသည့်အချိန်တွင် ထိုဧရိယာကိုရောက်ရှိရန် ပိုခက်ခဲသွားပေလိမ့်မည်။ သူတို့က ဘဏ္ဍာတိုက်တစ်ခုကို ရွေးချယ်ရန်လည်း လိုအပ်ပြီး အတွင်းရှိ ထောင်ချောက်များကိုလည်း ဖြေရှင်းရအုံးမှာ ဖြစ်သည်။ ရှီဖုန်းက တွေဝေနေလေ၏။
အတိတ်တုန်းက ဖော်လန့်အာ့ခ်သည် နတ်ဘုရားနယ်မြေထဲတွင် နာမည်ကျော်ကြားသော ရတနာလှေကြီး ဖြစ်ခဲ့သည်။ သို့သော် အတွင်းပိုင်းဒေသ၏ ထောင်ချောက်များက အန္တရာယ်အလွန်များရာ လူအနည်းစုသော ကစားသမားများကသာလျှင် ရတနာများရနိုင်ရန် အရည်အချင်းမှီသည်။ ထိုအခြေအနေက အမျိုးမျိုးသော အစည်းအရုံးကြီးများကို အာ့ခ်ထဲတွင် လက်လျော့မှုကိုလည်း ဖြစ်စေခဲ့သည်။
သို့သော် ရှီဖုန်းက အပြင်ဘက်ဒေသတွင် လက်နက်တိုက်တစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မထင်မိပေ။
လက်နက်တိုက်တစ်ခုက သာမန်ကစားသမားတစ်ဦးအတွက် အဓိပ္ပာယ်သိပ်မရှိသော်ငြား အစည်းအရုံးတစ်ခုအဖို့ အဆင့်မြင့် စစ်လက်နက်အချို့က အပိုင်းအစ ဒဏ္ဍာရီလာအိုင်တမ်များထက်တောင် တန်ဖိုးပိုရှိသည်။
” ထားလိုက်တော့ … ငါတို့အတွင်းပိုင်းကဏ္ဍကို လက်လျှော့လိုက်မယ် … အခု ဒီလက်နက်တိုက်ကိုပဲ ယူကြတာပေါ့ … ”
စဥ်းစားပြီးနောက် ရှီဖုန်းသည် လက်နက်တိုက်အတွက် ဖြေရှင်းရန် ရည်ရွယ်လိုက်လေ၏။ ယခုအချိန်တွင် ဇီးရိုးဝင်းက အလုံးစုံခွန်အား ချို့တဲ့နေသေးသည်။ မြို့တစ်မြို့ကို ခုခံရန် စွမ်းအားတောင် မရှိပေ။
သို့သော် ဤနေရာ၌ အဆင့်မြင့်စစ်လက်နက်တစ်ချို့ ရှာတွေ့ခဲ့မည်ဆိုလျှင် ဇီးရိုးဝင်း၏ ချို့တဲ့သော တိုက်ပွဲဝင်စွမ်းအားအတွက် သူတို့က ဖြည့်ဆည်းပေးနိုင်လောက်သည်။
သူတို့က မြို့ကြီးတစ်မြို့ကို သင့်တော်စွာတည်ဆောက်ပြီး ခုခံနိုင်သရွေ့ သူ၏ တန်ဖိုးက အပိုင်းအစ ဒဏ္ဍာရီလာအိုင်တမ် နှစ်ခု သုံးခုထက် သာသွားပေလိမ့်မည်။
” ကိုလာ … မင်းနဲ့ ငြိမ်းချမ်းခြင်းလိပ်က ကင်းလှည့်သူတွေကို အမာခံတိုက်ထား … ငါတို့နား မကပ်စေနဲ့ … အားလုံးပဲ အနီးအနားက ထောက်ချောက်တွေကို ကြည့်ထား … မီးလျှံကကြိုး မင်းက သော့ဖွင့်ဖို့ တာဝန်ယူ … ”
ရှီဖုန်းက အမြန်အမိန့်ပေးလိုက်သည်။
” နားလည်ပါပြီ … ”
ထိုစကားကိုကြားသောအခါ အားလုံးက အပူတပြင်း ဆောင်ရွက်ကြတော့သည်။ ဖောလန်းကင်းလှည့်သူနှစ်ဦးသည် ဝင်ပေါက်၌ သူတို့ကြုံတွေ့ခဲ့ရသော ကောင်များနှင့် ဆင်တူသည်။ သူတို့က HP ငါးဆယ့်ခုနှစ်သန်းရှိသော မဟာအရှင်နှစ်ကောင် ဖြစ်သည်။ သို့သော် ကိုလာနှင့် ငြိမ်းချမ်းခြင်းလိပ်က ကင်းလှည့်သူ၏ တိုက်ခိုက်ရေးပုံစံများနှင့် အကျွမ်းဝင်နေခဲ့တာ ကြာပြီဖြစ်သည်။ ကြယ်ကိုးပွင့်ဝန်ရိုးစွန့်နယ်မြေမရှိသည့်တိုင် သူတို့က မဟာအရှင်ကို ဖြေရှင်းနိုင်စွမ်း ရှိသေး၏။
တစ်ချိန်ထဲတွင် မီးလျှံကကြိုးက လက်နက်တံခါးကို စတင် ဖွင့်နေပြီ ဖြစ်သည်။
ဖောလန်းအာ့ခ်၏ လျှို့ဝှက်အခန်းများထဲမှ တစ်ခန်းအနေဖြင့် လက်နက်တိုက်ကိုဖွင့်ရန် ယူရသည့်အချိန်က ဒုတိယအချက် ဖြစ်သည်။ အရေးကြီးသောပြဿနာရပ်က လော့ခ်ဖွင့်သည့်ဖြစ်စဥ်က အင်မတန်ရှုပ်ထွေးနေတာပဲ ဖြစ်သည်။ သူတို့အမှားတစ်ချက် ပြုလုပ်မိပါက ဖြစ်စဥ်ကို အစက ပြန်စရန်လိုအပ်သည်။ အမျိုးမျိုးသောလော့ခ်များကို ဖယ်ရှားပြီးမှသာလျှင် လျှို့ဝှက်ခန်းကို နောက်ဆုံး၌ ဖွင့်နိုင်တာ ဖြစ်၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တစ်မိနစ်ကြာပြီးနောက် မီးလျှံကကြိုးသည် တံခါးလော့ဖွင့်တာ တစ်ဝက်ခန့်သာ ရှိသေးသည်။
” အစည်းအရုံးခေါင်းဆောင် ကင်းလှည့်သူနှစ်ယောက်တော့ ထပ်ပြီး ချဥ်းကပ်လာပြီ … ”
မိုင်နာလေက စိုးရိမ်ပူပန်စွာ ကြေညာလိုက်၏။
ဖောလန်းကင်းလှည့်သူသုံးဦးသာဆိုလျှင် သူတို့အဖွဲ့က အနည်းနှင့် အများဖြေရှင်းနိုင်သည်။ သို့ျသာ် လေးဦးဆိုလျှင် ပြဿနာတစ်ရပ်ဖြစ်သွားပေလိမ့်မည်။ ကင်းလှည့်သူကိုသတ်ဖြတ်ရန် ကြိုးစားခြင်းအတွက်မူ ရူးမိုက်သည့်လုပ်ရပ်ဟုသာ သတ်မှတ်ရမှာပဲ ဖြစ်သည်။ ထူးခြားသော အသက်အသွင်းများက ထာဝရမသေမျိုး တည်ရှိမှုများသာ ဖြစ်သည်။ အချိန်များစွာ အားစိုက်ထုတ်မှုများစွာ သုံးပြီးသည့်တိုင် အလွန်ဆုံးမှာ သူတို့က EXP အချို့သာ ပေးနိုင်သည်။ တစ်မိနစ်ကြာပြီးနောက် ဖောလန်းကင်းလှည့်သူနှစ်ဦးသည် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်ကြတော့၏။ ထို့အပြင် ပြန်လည်ရှင်သန်လာမှုဖြင့် ဖောလန်းကင်လှည့်သူများက ပိုသန်မာလာကြသည်။ အရူးသာလျှင် သူတို့ကို သတ်ဖြတ်ရန် ကြိုးစားမှာ ဖြစ်သည်။
” ဝူမြန် … မင်း ငါနဲ့လိုက်ခဲ့ … သော့ဖွင့်ဖို့အတွက် မီးကို အပြီးသတ်ခိုင်းလိုက် … မီးက တံခါးသော့ဖွင့်ပြီးပြီဆိုတာနဲ့ အခန်းထဲ ပြေးဝင် … အထဲထဲက ဘာကိုမှ မထိလိုက်နဲ့ … ”
ရှီဖုန်းက အမိန့်ပေးလိုက်၏။ ပြီးနောက် ယဲ့ဝူမြန်နှင့်အတူ ဖောလန်းကင်းလှည့်သူနှစ်ဦးဆီသို့ တစ်ဟုန်ထိုးဝင်သွားလိုက်သည်။
ရှီဖုန်းသည် ဖောလန်းကင်းလှည့်သူနှစ်ဦးထဲမှတစ်ဦးကို တိုက်ရိုက်တိုက်ခိုက်ရန် မကြိုးစားခဲ့ပေ။ ထိုအစား မြေကမ္ဘာရောင်ဝါကို အသက်သွင်းလျက် ကင်းလှည့်သူ၏ တိုက်ကွက်များကို ရှောင်တိန်းလိုက်သည်။ သူ လက်ခံရရှိသော ထိခိုက်မှုများကို လျော့ချနိုင်ရုံသာမက အဖွဲ့၏ ကုသသူများပေါ်ရှိ ဝန်ထုတ်ဝန်ပိုးကိုလည်း လျော့ချပေးနိုင်သည်။
သို့သော် အချိန်ကုန်လာသည်နှင့်အမျှ ထောင့်စွန်းမှ ဟိန်းသံတစ်သံ ပေါ်ထွက်လာသည်။ ဒေါသတကြီးဟိန်းသံက စင်္ကြန်လမ်း၌ ပြန့်လွင့်သွားတော့၏။
” ရောက်နေပြီလား … ”
ရှီဖုန်း၏ အမူအရာက သုန်မှုန်သွားတော့သည်။ အသူရာမွန်းစတားများသည် သူထင်ထားသည်ထက် စောပြီး နိုးထလာ၏။
ထိုမွန်းစတားများက သူ့အဖွဲ့ကို ရှာတွေ့သွားခဲ့လျှင် မည်သူကမှ ဤနေရာက အသက်ရှင်လျှက် ထွက်သွားနိုင်မှာ မဟုတ်ပေ။
ရှီဖုန်းတို့အဖွဲ့ပဲ ဟိန်းသံကိုကြားတာမဟုတ်ပေ။ ဖောလန်းအာ့ခ်အပြင်ဘက်မှ တိတ်တဆိတ် စောင့်စားနေသော သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များကလည်း နားကွဲလောက်သော ဟိန်းသံကို ကြားနေရသည်။
” ဘလက်ဖလိမ်းက တကယ်မလိမ်ဘူးပဲ … ”
ဘရိဇ်ဝိုင်က ထိုဟိန်းသံကိုကြားသည့်အချိန်၌ စိတ်ထဲ၌ အောင်ပွဲခံမိသွားသည်။
” ဒီဟိန်းသံက နက်လွန်းတာ … ဒီနေရာထိတောင် ရောက်နိုင်တယ်ဆိုတော့ အနည်းဆုံး ဒဏ္ဍာရီအဆင့်ရှိလောက်တယ် … ”
ကံကောင်းသည်မှာ သူတို့သည် ရှီဖုန်စနှင့် အပေးအယူလုပ်ခဲ့သည်။ မဟုတ်လျှင် အလွှာနှစ်အမျိုးအစားကို ရပြီးမှ ဖော်လန့်အာ့ခ်ကို သူတို့ကိုယ်တိုင် အသက်သွင်းခဲ့လျှင်တောင် ဤတာဝန်ကို ပြီးမြောက်အောင်လုပ်ရန် နည်းလမ်းမရှိပေ။
ဒဏ္ဍာရီမွန်းစတားများ၏ ခွန်အားနှင့် ခမ်းနားသောအရှင်များကြား ကွာဟချက်က ကြီးမားလွန်းသည်။ သူတို့တစ်ဖွဲ့လုံးက အလွှာနှစ်သို့ ရောက်ပြီးသည့်တိုင် အဆင့်တူ ဒဏ္ဍာရီမွန်းစတားတစ်ကောင်ကို အနိုင်ယူနိုင်မှာ မဟုတ်လေရာ အဆင့်မြင့် ဒဏ္ဍာရီမွန်းစတားတစ်ကောင်ဆိုလျှင် ပိုဆိုးပေလိမ့်မည်။
အဖွဲ့ထဲရှိ ကျန်သည့်သူများကလည်း ထောက်ခံ၏။ အမှောင်စစ်နှင့် ကျန်သည့်သူများက ရှီဖုန်းအပေါ် အမြင်မတူကြသော်ငြား ရှီဖုန်းက သူတို့ကို ကူညီပေးခဲ့တာ သူတို့ ဝန်ခံရမှာပဲ ဖြစ်သည်။
ထိုစဥ် ဖောလန်းအာ့ခ်၏ လက်နက်တိုက်ရှေ့တွင် မီးလျှံကကြိုးက သော့ဖွင့်တာပြီသွားပြီး လျှို့ဝှက်ခန်းတံခါးကို ဖွင့်လိုက်၏။
” အစည်းအရုံးခေါင်းဆောင် တံခါးပွင့်သွားပြီ … ”
” ကောင်းတယ် … မင်းတို့ အရင်သွား … ကိုလာ လက်နက်တိုက်ဆီကို ဖြည်းဖြည်းချင်းသွား … ”
တင်းကြပ်နေသော တံခါးပွင့်သွားခြင်းက ရှီဖုန်းအတွက် သတင်းကောင်းဖြစ်သည်။ ချက်ချင်းပင် သူက လက်နက်တိုက်ဆီသို့ အားလုံးကို ဆုတ်ခိုင်းလိုက်၏။ ရှီဖုန်းနှင့် ကျန်သည့်သူများက လက်နက်တိုက်ဝင်ပေါက်သို့သွားနေစဥ် ရှီဖုန်း ကိုလာနှင့် ကျန်သည့် MT များသည် သူတို့ ခန္ဓာကိုယ်များ လေးလံလာတာကို ခံစားလာရသည်။ ရွှံ့နွန်ထဲ ရုန်းနေရသည့်ပမာ လှုပ်ရှားရခက်ခံနေတော့၏။
” မကောင်းတော့ဘူး … မွန်းစတားတွေ ရောက်လာပြီ … အမြန်အထဲဝင်ကြ … မြန်မြန် … ”
ရှီဖုန်းက ကြောက်လန့်သွားသည်။ ချက်ချင်းပင် ကောင်းကင်ဘုံနဂါး၏ စွမ်းအားကို အသက်သွင်းလျှက် လှုပ်ရှားရန်အတွက် သူ၏ အရည်အချင်များ ပြန်ရယူလိုက်သည်။ ပြီးနောက် အပြာရောင်မှော်စာလိပ်ကို အိတ်ထဲမှ ထုတ်လိုက်သည်။ ထိုစာလိပ်က ကျန်ရှိသော အလွှာလေးမှော်စာလိပ်ပင် ဖြစ်သည်။
သူတို့ ရပ်နေသည့် ဧရိယာက မကြီးပေ။ သို့သော် ထိုမွန်းစတားများ မည်မျှ အစွမ်းထက်ကြောင်းနားလည်သည်။ အသူရာကစားသမားများ အသက်ခံရသည့်မွန်းစတားတိုင်း အဆင့်တစ်ဆင့်သာ ဆုံးရှုံးမှာ မဟုတ်ပေ။ ထိုမျှသာဆိုလျှင် အတိတ်တုန်းက ကစားသမားများသည် ဖောလန်းအာ့ခ်၏ ရတနာများကို အလွယ်တကူ အလျော့ပေးမှာမဟုတ်ပေ။ ထိုအစား အသူရာမွန်းစတားများသည် သူတို့သတ်လိုက်သော ကစားသမားများထံမှ အင်မော်တယ်ဝိညာဥ်ကို ထုတ်ယူသွားသည်။ ကစားသမားများသည် အဆင့် နှစ်ဆင့် သုံးဆင့် ဆုံးရှုံးရုံသာမက ဂိမ်းထဲသို့ ဆယ်ရက်တာ ဝင်နိုင်မှာမဟုတ်ပေ။
“လူသားတွေလား … အဲ့ဒီ ဝိညာဥ်တွေ ကောင်းကင်က ကောင်းချီပေးခံရတဲ့သူတွေလား … အံ့သြစရာပဲ … ငါ အင်မော်တယ်ဝိညာဥ်ကို အရသာမခံရတာ အတော်ကြာနေပြီ … ”
ကိုလာနှင့် ကျန်သည့်သူများက လက်နက်တိုက်ထဲ ဝင်သွားစဥ် အေးတိအေးစက်အသံတစ်သံက နားထဲ ပေါ်လာရာ ကြောက်လန့်မှုကြောင့် သူတို့ကို တုန်ယင်သွားစေတော့သည်။ ဖောလန်းကင်းလှည့်သူများက ရုတ်တရက် ထိုးနှက်ခံလိုက်ရသည့်အလာ သူတို့အဖွဲ့သည် စင်္ကြန်၏ နံရံထဲသို့ မဟာအရှင်များ ပြန်သွားတာကို ကြည့်နေရပြီး အစွမ်းထက်သော သတ္ထုခန္ဓာများသည် အနုမြူမှန်ပြောင်းအောက်ရှိ မျိုးစိတ်များသဖွယ် ပြားကပ်နေတော့သည်။
ရှီဖုန်းမှအပ မည်သည့်ကစားသမားများကမှ မလှုပ်နိုင်တော့ပေ။
” မွန်းစတားတစ်ကောင်က ဘာကြောင့်များ ဒီလောက်အစွမ်းထက်ရတာလဲ … ”
အသူရာမွန်းစတားများ၏ ခွန်အားက ဂျမ်းတဲလ်စနိုးနှင့် အဖွဲ့ထဲရှိ ကစားသမားများ မှန်းဆနိုင်သည်ထက်ကို ကျော်လွန်နေသည်။
မွန်းစတားကိုယ်တိုင် မပေါ်လာသေးခင် ဖောလန်းကင်းလှည့်သူလေးဦစကို ပန်းကိတ်ကဲ့သို့ ပြားကပ်နေစေပြီ ဖြစ်သည်။ သူတို့က စစ်နီတုံးပေါ်ရှိ ငါးများ ဖြစ်နေတော့သည်။