ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1133 အချိန်ကယူဆောင်လာသော ကွဲပြားခြားနားချက်
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1133 အချိန်ကယူဆောင်လာသော ကွဲပြားခြားနားချက်
” ဒါပေါ့ အကျုံးဝင်သေးတယ် … ”
ရှီဖုန်းက အဖြေတစ်ခု ပေးလိုက်၏။
” ဒါပေမဲ့ မင်းတို့ ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းက ဂိမ်းအလုပ်ရုံတွေကို မဝင်ဖို့ တားထားတယ် မဟုတ်ဘူးလား … ”
ရှီဖုန်း၏ အမေးကြောင့် ရို့ကျစ်ဖျင်သည် တိတ်ဆိတ်သွားတော့သည်။
သူသည် ဇီးရိုးဝင်း၏ အလုပ်ရုံသို့မဝင်ရန် ဆုံးဖြတ်ထား၏။ ဆိုရလျှင် ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သူက လက်ရွေးစင်အဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ် ပြုခံထားရပြီးသား ဖြစ်သည်။ အချိန်လုံလောက်အောင်ပေးခဲ့လျှင် သူက ခန်းမသခင်ကျန်း၏ အသိအမှတ်ပြုမှုကို ရနိုင်သည်။ သို့သော် ကျင်းဟိုင်မြို့အတွင်း ရှဲ့ချီဝမ်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက သူ မှတ်သားလောက်သည့် အောင်မြင်မှုများကို အသုံးပြုရန်အတွက် အချိန်ကို လျော့သွားစေတော့သည်။
ရှဲ့ချီဝမ်သည် လူသိများသော ပြည်တွင်းတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်နေပြီသားပင်။ ယခု ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်း၏ ပင်မခွဲက ရှဲ့ချီဝမ်ကို လေ့ကျင့်ပေးပြီး သူ့အတွက် နိုင်ငံတကာ စင်မြင့်တစ်ခု ပြင်ဆင်ပေးရန် ရည်ရွယ်ထားသည်။
တစ်ဖက်တွင်မူ သူက နိုင်ငံအဆင့်တောင် မရောက်သေးပေ။ ခန်းမသခင်ကျန်း၏ ကိုယ်ရည်ကိုယ်သွေးဖြင့် သူက ကျန်းလင်းယွီနှင့် သူ၏ ဆက်ဆံရေးကိုရှေ့ဆက်ရန် မျှော်လင့်ချက် မရှိတော့တာ သေချာ၏။
ယခုအချိန်တွင် အချိန်တိုအတွင်း ပြန်သန်မာလာမှသာ ခန်းမသခင်ကျန်း၏ အသိအမှတ်ပြုမှုကို ခံရမှာ ဖြစ်သည်။
အနည်းဆုံးတော့ နိုင်ငံအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ရန် လိုအပ်သည်။ ဒီတော့မှ ခန်းမသခင်ကျန်းသည် သူ၏ သမီးကို သူ့လက်အပ်ရန် တွေးပေးမှာ ဖြစ်၏။
ခွန်အားကို လျင်မြန်စွာ တည်ဆောက်ရန်အတွက် သူတွေးမိသည့် တစ်ခုတည်းသောနည်းလမ်းမှာ ဇီးရိုးဝင်း၏ အလုပ်ရုံသို့ဝင်ရန် ဖြစ်သည်။ ဂိမ်းအလုပ်ရုံထဲဝင်ခြင်းကို ခွင့်မပြုဟူသည့် ကျားဖြူစင်တာ၌ စည်းမျဥ်း သို့မဟုတ် ကန့်သတ်ချက်တစ်ခုက အမှန်တကယ် ရှိမနေပေ။ ထို့အပြင် ပိုမိုသန်မာလာခြင်းက ကန်းရှင်းထန်၏ စည်းမျဥ်းများကို ဆန့်ကျင်ခြင်းထက် ပိုအရေးပါသည်။
“ကျွန်တော်သာ ဇီးရိုးဝင်းရဲ့ အလုပ်ရုံကို ဝင်ခဲ့မယ်ဆိုရင် တစ်လအတွင်း ဘယ်လောက်သန်မာလာနိုင်မလဲ … ”
ရို့ကျစ်ဖျင်က အလွန်သန်မာနေချင်သည်။ သို့သော် ဇီးရိုးဝင်း၏ အလုပ်ရုံက သူ့ကို မည်သည့်အတိုင်းအတာထိ သန်မာလာအောင် ကူညီပေးနိုင်မလဲဆိုတာ သံသယဖြစ်နေ၏။
” မင်း ဒါမျိုးမေးမယ်ဆိုတာ ငါသိတယ် … ဒီလိုဆိုမှတော့ ငါတို့အလုပ်ရုံက အဖွဲ့ဝင်အသစ်နဲ့ လက်ရည်ချင်းယှဥ်ရင်ကော ဘယ်လိုလဲ … ”
ရှီဖုန်းက အကြံပြုပြီး ရယ်မောလိုက်၏။
” ကံကောင်းတာက မင်း အဲဒီလူနဲ့ ရင်းနှီးပြီးသားပဲ … ”
” ကျွန်တော် ရင်းနှီးတဲ့သူလား … ”
ရို့ကျစ်ဖျင်က ရှီဖုန်းကို ဇဝေဇဝါကြည့်လိုက်၏။
” ငါ့နောက်က လိုက်ခဲ့ … ”
ရှီဖုန်းသည် ရှင်းပြမနေတော့ဘဲ နားနေခန်းထဲမှ ထွက်သွားတော့၏။ ရို့ကျစ်ဖျင်က သူ၏ နောက်မှ လိုက်ပါလာပြီး သူ၏ ပြိုင်ဘက်အကြောင်း သိချင်နေ၏။ ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းထဲတွင် သူ၏ အဆင့်က အလွန်မြင့်သည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အလယ်အဆင့်တပည့်အဆင့်သို့ ရောက်ခဲ့ရုံသာမက အလယ်အဆင့် တပည့်များကြားထဲ၌ ထိပ်တန်းအဆင့်တောင် ရောက်ခါနီးနေ၏။ အဆင့်မြင့်တပည့်တစ်ဦးဖြစ်လာရန် အချိန်အနည်းငယ်သာ လိုတော့၏။ သူသည် သူ့အသက်အရွယ်ဖြင့် ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းထဲတွင် အဆင့်မြင့်တပည့်တစ်ဦး ဖြစ်လာခဲ့ပါက နိုင်ငံလူငယ်တိုက်ခိုက်ရေးပြိုင်ပွဲထဲ ဝင်ပါနိုင်ရန် အရည်အချင်းပြည့်မီမှာ သေချာသည်။
ဇီးရိုးဝင်း၏ လေ့ကျင့်ရေးအခန်းထဲတွင် ဖြစ်သည်။
ဇီးရိုးဝင်းအလုပ်ရုံ၏ အဖွဲ့ဝင်သစ်များစွာက အခြေခံလေ့ကျင့်ရေးကို စတင်နေကြသည်။ သူတို့က လူငယ်တစ်ဦးကို ရှီဖုန်း ဦးဆောင်ပြီး အခန်းထဲဝင်လာတာကို မြင်တွေ့သည့်အချိန်၌ ရပ်တန့်လိုက်ကြပြီး ရို့ကျစ်ဖျင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်တော့သည်။
” သူဘယ်သူလဲ … အဖွဲ့ဝင်အသစ်လား … ”
” မဟုတ်ဘူး … ငါ အဲ့ဒီလူကို သိတယ် … သူက လေ့ကျင့်ရေးသင်တန်းကျောင်းကို ပြဿနာလာရှာတဲ့ တိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက်ပဲ … ဒါပေမဲ့ အဲ့ဒီအစား အစ်မကြီးမီးဆီကနေ အရိုက်ခံလိုက်ရတယ် … ”
” ကံဆိုးလိုက်တဲ့ အရူးပဲ … အစ်မကြီးမီးက တိုက်ခိုက်တုန်းက သက်ညာမှုမပြခဲ့ဘူး … သူက နည်းပြလေ့အတိုင်းပဲ … ”
” ဒီလူက အစ်မကြီးကို ထပ်ပြီး စိန်ခေါ်ဖို့ လာရှာတယ်လို့ ထင်လား … ”
လေ့ကျင့်ရေးအခန်းထဲရှိ လူတိုင်းက ရို့ကျစ်ဖျင်၏ အကြောင်းကို တွေးဆနေကြသည်။ ရို့ကျစ်ဖျင်သည် မီးလျှံကကြိုးကို အနိုင်ယူရန် အခွင့်အရေးရှိမရှိကမူ သူတို့ စိတ်အတွေးထဲ တစ်ချက်တောင် ဝင်မလာဖူးပေ။ သူတို့အမြင်တွင် ရို့ကျစ်ဖျင်က ထိုအမျိုးသမီးနှင့် တိုက်ခိုက်ပြီး ငါးစက္ကန့်ကျော် ခံနိုင်ရည်ရှိသည်က ဆန်းကြယ်မှုတစ်ရပ် ဖြစ်နေလိမ့်မည်။
ထိုလူငယ်က မီးလျှံကကြိုးကို အနိုင်ယူနိုင်မည့်အတွက်ကလား။ အရင်တုန်းက မွန်းစတားတစ်ကောင်ကို ရင်ဆိုင်ပြီး အနိုင်ရသွားတဲ့ သာမန်လူသားတစ်ယောက်ကို မြင်ဖူးလို့လား။
ရှီဖုန်းသည် လေ့ကျင့်ရေးအခန်းထဲသို့ ဝင်လာပြီးနောက် အသက်နှစ်ဆယ်ဝန်းကျင်ရှိသည့် လူငယ်တစ်ဦးဘက်လှည့်ပြီး ပြောလိုက်၏။
” လုရှို့ ဒီကို ခဏလာအုံး … ဒီနေ့ မင်းရဲ့ခွန်အားကို စမ်းသပ်မယ် … ”
” နားလည်ပါပြီ … ”
လုရှို့က အမြန်ပြန်ဖြေ၏။
” လုရှို့လား … ”
ရို့ကျစ်ဖျင်သည် လျှောက်လာသည့် လုရှို့ကိုမြင်ပြီး လူငယ်က ထူးဆန်းသည့်အမူအရာ ဖြစ်သွားတော့သည်။
ယခင်က သူတို့သည် ခုနှစ်စင်ကြယ်လေ့ကျင့်ရေးသင်တန်းကျောင်းကို ပြဿနာလာရှာချိန်တွင် လုရှို့သည် ကျားဖြူလေ့ကျင့်ရေးစင်တာမှ ထွက်ခွာပြီး ဇီးရိုးဝင်းအလုပ်ရုံ၏ စစ်ဆေးမှုထဲ ဝင်ပါခဲ့သည်။
ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်း၏ အလယ်အဆင့်တပည့်တစ်ဦးအနေဖြင့် ရို့ကျစ်ဖျင်က လုရှို့၏ အခြေအနေနှင့် အလွန်ရင်းနှီးသည်။ တစ်ဖက်လူသည် အလယ်အဆင့်တပည့်တစ်ဦးအနေဖြင့် သန်မာရုံမျှသာ ရှိသည်။ ထို့ကြောင့် သင်တန်းကျောင်းထဲမှ ထွက်ခွာရန်ပြောခဲ့သည့် လုရှို့၏ ဆုံးဖြတ်ချက်ကိုကြားသောအခါ ပျော်ရွှင်နေခဲ့သည်။ ဆိုရလျှင် လူတိုင်းက တိုက်ခိုက်ရေးလောကထဲတွင် လူတိုင်းအောင်မြင်နိုင်တာ မဟုတ်ပေ။ လုရှို့သည် ထိုအစား အလုပ်ရုံတစ်ခုကို ဝင်ခဲ့ပါက ပိုကောင်းသည့်အနာဂတ်ရှိလာနိုင်သည်။
သို့သော် ရှီဖုန်းသည် သူ၏ ပြိုင်ဘက်အဖြစ် လုရှို့ကို ရွေးချယ်လိုက်ကြောင်း ကြားရသည့်အချိန်၌ သူ ရယ်ချင်သွားသည်။
ရှီဖုန်းက သူ့ကို မည်မမျှ လျှော့တွက်ထားသနည်း။
” ကောင်းပြီ … မင်းတို့နှစ်ယောက်ပြိုင်ကွင်းထဲ ဝင်ကြ … အချိန်အကန့်အသတ်က သုံးမိနစ်ပဲ … ”
ရှီဖုန်းက ညွှန်ပဲညွှန်ကြားပြီး မရှင်းပြတော့ပေ။
ရှီဖုန်း၏ စကားသည် အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်းရသွားတော့၏။
ဘလက်ကီက ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။
” ငါတို့တွေ ပွဲကောင်းကောင်းကြည့်ရမယ် … ငါ စာရင်းမှတ်မယ် … လောင်ကြေးက ငါးချိုးတစ်ချိုး … ရို့ကျစ်ဖျင်ဘက်မှာ လောင်းတဲ့သူက သူအနိုင်ရရင် ငါးဆရမယ် … အခွင့်အရေးကို လက်လွတ်မခံနဲ့ … ”
” ကောင်းပြီ … ကျွန်တော် လုရှို့ဘက်ကနေ လောင်းမယ် … ”
” ကျွန်တော်လည်း လုရှို့ပဲ … ”
” လုရှို့နိုင်တဲ့ဘက်က နှစ်တစ်ရာဘယ်ရီဝိုင်တစ်ပုလင်းရောင်းမယ် … ”
အဆုံးတွင်မူ ရို့ကျစ်ဖျင်ဘက်တွင် မည်သူကမှ မလောင်းခဲ့ပေ။ ဘလက်ကီ၏ အမူအရာက ရှုံ့မဲ့သွား၏။
သို့သော် ရှိနေသည့်သူများကြားထဲတွင် ရို့ကျစ်ဖျင်က အရုပ်ဆိုးဆုံးအမူအရာ ရှိနေသည်။ သူသည် အဆင့်မြင့်တပည့်တစ်ဦးဖြစ်လာရန် ခြေတစ်လှမ်းသာလိုတော့သည်။ ထိုသို့တိုင် ထိုဂိမ်းသမားများ၏ အမြင်တွင် သူတို့က သူတို့၏ အာရုံစိုက်မှုကိုရရန် မထိုက်တန်သော သာမန်ဖြတ်သန်းသွားလာသူမျှသာ ဖြစ်ပုံပေါ်သည်။
လုရှို့ကမူ သူ၏ ပုခုံးပေါ်၌ ဖိအားကို ခံစားလိုက်ရသည်။ ရို့ကျစ်ဖျင်၏ ခွန်အားကိုလည်း ရင်းနှီးနေပေရာ ရို့ကျစ်ဖျင်၏ စွမ်းအားကို သူသိသည်။ ရှီဖုန်းနှင့် ကျန်သည့်ဇီးရိုးဝင်းအလုပ်ရုံအဖွဲ့ဝင်များက သူ့ကို အနိုင်ရရန် မျှော်လင့်ထားမည်ဟု တစ်ခါမှ အတွေးမိပေ။ မည်သို့ပင် တွေးစေကာမူ ယင်းက မဖြစ်နိုင်ပေ။
တိုက်ခိုက်ရေးသမားနှစ်ဦးက နေရာအသီးသီးယူပြီးကြတာကို မြင်သောအခါ ရှီဖုန်းက အော်လိုက်သည်။
” စ … ”
” ဘာမှ ထိန်ချန်မထားနဲ့ … မင်း သင်ထားသမျှ ငါ့ကိုပြ … ဇီးရိုးဝင်း အလုပ်ရုံထဲ ဝင်ပြီးပြီဆိုတော့ မင်းဘာတွေရလဲဆိုတာ ငါသိချင်တယ် … ရို့ကျစ်ဖျင်က လုရှို့ကို တည်ကြည်စွာပြောလိုက်၏။
လုရှို့က ခေါင်းညိတ်ပြီး ရို့ကျစ်ဖျင်ဆီသို့ တစ်ဟုန်ထိုး ဝင်လိုက်သည်။
လုရှို့က ရို့ကျစ်ဖျင်ကို လက်သီးဖြင့် ထိုးလိုက်ရာ လက်သီးသည် တစ်ဖက်လူ၏ မျက်နှာဆီသို့ သန်မာသောလေများ ဝှေ့တိုက်သွားတော့သည်။ လုရှို့၏ လက်သီးက မြန်လွန်းလှရာ ရို့ကျစ်ဖင်းသည် အငိုက်ဖမ်းခံရမည့်လုနီးပါး ဖြစ်သွားသည်။
” မြန်လိုက်တာ … ”
ရို့ကျစ်ဖျင်က အံ့သြသွား၏။ လုရှို့၏ လက်သီးသည် ပိုမြန်ဆန်ပြီး အတိတ်တုန်းကထက် ပိုတိကျလာ၏။ သို့သော် ရို့ကျစ်ဖျင်က သာမန်တိုက်ခိုက်ရေးသမားတစ်ဦး မဟုတ်ပေ။ လက်တစ်ဖက်တည်းဖြင့် ဝင်လာသောလက်သီးကို ဖယ်လျှက် ရို့ကျစ်ဖျင်က ဘေးသို့ရှောင်ကာ ရှေ့သို့တိုးပြီး လုရှို့ဆီ တိုးဝင်သွား၏။
လုရှို့က ထိုအကွက်ကို ထင်ထားပြီးသည့်ပမာ ခြေဟန်ကို လျင်မြန်စွာ ထိန်းညှိလျှက် လက်သီးလားရာကို ပြင်လိုက်တော့သည်။ ခန္ဓာကိုယ်ကို လိမ်ရှက်ကာ ရို့ကျစ်ဖျင်၏ နောက်ဘက်ခြမ်းသို့ တစ်ပတ်လည်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ရိုက်ချက်ကို ရှောင်လိုက်၏။
” သူ ရှောင်လိုက်တယ်လား … ”
ရို့ကျစ်ဖျင်က အနည်းငယ် အံ့သြသွားတော့သည်။
ရို့ကျစ်ဖျင်သည် တစ်ပတ်ပြန်လည်လာပြီးနောက် သတိအနေအထားရလာပြီး လုရှို့ကို ကြမ်းတမ်းစွာ ဆက်လက်တိုက်ခိုက်တော့သည်။ ရို့ကျစ်ဖျင်၏ တိုက်ကွက်တိုင်းက သေစေနိုင်လောက်သည့်အရှိန်နှင့် တိကျမှုတို့ ပါဝင်နေပြီး ရှောင်တိန်းရ အင်မတန်ခက်ခဲစေသည်။
ထိုသို့တိုင် ရို့ကျစ်ဖျင်ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက် လုရှို့က တုန်လှုပ်ခြောက်ခြားသွားခြင်းမရှိပေ။ တိုက်ကွက်များက သူ့အပေါ် မရောက်ပေ။ ထိုအစား မြန်ဆန်သော ခြေဟန်တို့ဖြင့် တစ်ကွက်ပြီးတစ်ကွက်ကို စနစ်ကျကျရှောင်တိန်းနေသည်။
ရို့ကျစ်ဖျင်သည် တိုက်ခိုက်မှုအဆုံးသတ်သွားပြီးနောက် လုရှို့က ရို့ကျစ်ဖျင် မောပန်းနေပြီမှန်း သဘောပေါက်လိုက်သည်။ ချက်ချင်းပင် လုရှို့က အခွင့်အရေးကို ယူလျက် တိုက်ခိုက်တော့သည်။
ရို့ကျစ်ဖျင်က သူ အခြေအနေမကောင်းမှန်းသိပြီး လုရှို့၏ တိုက်ခိုက်မှုကို ဟန့်တားရန် သူ၏ လက်သီးကိုသာ သုံးနိုင်သည်။ သို့သော် လုရှို့ကို တိုက်ကွက်ကို ရှောင်မည့်ဟန်မပြပေ။ ဆန်းကျင်ဘက်အနေဖြင့် လုရှို့သည် ရို့ကျစ်ဖျင်၏ လက်သီးဆီသို့ တိုက်ရိုက်တိုးဝင်လာ၏။ ရို့ကျစ်ဖျင်၏ လက်သီးနှင့် လုရှို့၏ မျက်နှာ တိုက်မိတော့မည့်အချိန်တွင် တစ်ဖက်လူက ခေါင်းကို တိမ်းရှောင်လိုက်သည်။
ရို့ကျစ်ဖျင်၏ လက်သီးက လုရှို့၏ပါးကို ဖြတ်တိုက်သွားပြီး သွေးစွန်းရာ ချန်ခဲ့၏။ သို့သော် ယင်းက လုရှို့ကို ရို့ကျစ်ဖျင်၏ နေရာဆီ လှုပ်ရှားခွင့်ပေးလိုက်တော့၏။
သူ၏ အရှိန်နှင့် ခွန်အားတို့ ပေါင်းစည်းလိုက်ရာ လုရှို့သည် ရို့ကျစ်ဖျင်၏ လက်သီးကို လက်ဝါးရိုက်ချက်ဖြင့် ရိုက်လိုက်နိုင်၏။ ထိုရိုက်ချက်က ရို့ကျစ်ဖျင်ကို သုံးလှမ်းခန့်နောက်ဆုတ်အောင် ဖိအားပေးနိုင်ခဲ့ပြီး အနည်းငယ် သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။ လုရှို့က ထိုအခွင့်အရေးကို ယူလျှက် ပြိုင်ဘက်၏ ရင်ဘက်ဆီသို့ နောက်ထပ်လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်တော့သည်။ ချက်ချင်းပင် တိုက်ကွက်က ရို့ကျစ်ဖျင်ကို မြေကြီးပေါ်လဲကျသွားစေ၏။
ဤပွဲစဥ်၏ အနိုင်ရသူက လုရှို့ ဖြစ်သည်။ ပွဲစတင်ချိန်မှစပြီး ရို့ကျစ်ဖျင်၏ လဲပြိုသွားမှုအထိ လုရှို့က အိပ်မက်မက်နေသလို ခံစားနေမိသည်။ ရို့ကျစ်ဖျင် သူကို အလျော့ပေးနေသည်ဟု ထူးထူးဆန်းဆန်းခံစားမိလာသည်။ ရို့ကျစ်ဖျင်ရဲ့ ခုခံမှုမှာ ဘာကြောင့် ဟာကွက်တွေအများကြီး ရှိနေရတာလဲ။ ဒါ့အပြင် ရို့ကျစ်ဖျင်အမြင်မှာ လုရှို့ရဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေက တသက်မက်ထဲ ဖြစ်နေတယ်။ ရို့ကျစ်ဖျင်က သူ့ကို တိုက်ကွက်တွေရှောင်တိန်းပါတော့လို့ ပြောသလိုမျိုးပေါ့။
သို့သော် ရှီဖုန်း၏ အမြင်တွင် လုရှို့အနိုင်ရမှုက မထင်ထားတာ မဟုတ်ပေ။
ဇီးရိုးဝင်းသို့ ဝင်ချိန်မှစပြီး လုရှို့သည် သေခြင်းရှင်ခြင်းတိုက်ပွဲများကို ကြုံတွေ့ပြီးပြီဖြစ်ကာ လေ့ပေါင်၏ လေ့ကျင့်ရေးကဏ္ဍကိုလည်း မကြာခဏတက်ရောက်ခဲ့ရသည်။ နှစ်ခုလုံးက တိုက်ပွဲဝင်အတွေ့အကြုံကို ထောက်ပံ့ပေး၏။
လုရှို့သည် ကျားဖြူလေ့ကျင့်ရေးသင်တန်း၏ အလယ်အဆင့်တပည့်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ရုပ်ခန္ဓာအရာတွင် သူက ရို့ကျစ်ဖျင်ထက် အားမနည်းပေ။ လုရှို့က တိုက်ပွဲဝင်အတွေ့အကြုံ ချို့တဲ့နေရုံသာ ရှိသည်။ သို့သော် ဇီးရိုးဝင်းထဲ၌ သူရှိနေစဥ် လုရှို့သည် ရို့ကျစ်ဖျင်ထက် သာလွန်သော တိုက်ပွဲဝင်အတွေ့အကြုံများ စုဆောင်းပြီးပြီ ဖြစ်၏။ လုရှို့ နိုင်သွားခြင်းက မူမမှန်တာ မဟုတ်ပေ။
ရို့ကျစ်ဖျင် သတိရလာပြီးနောက် မြင်လိုက်ရသည့်အရာက လုရှို့ပင် ဖြစ်သည်။
” သူ ဘာကြောင့် ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်ရသွားရတာလဲ … ”
ရင်ထဲ၌ ခါးသက်မှုတို့ပေါ်လာလျှက် လုရှို့ကို ကြည့်လိုက်သည်။ သူ အဘယ်ကြောင့် ရှုံးနိမ့်သွားရမှန်း သိနေသည်။ တိုက်ပွဲက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသော်ငြား သူတို့ တိုက်ပွဲဝင်အတွေ့အကြုံ ကွာဟချက်က ကြီးမားလွန်းသည်။ ယခုအချိန်တွင် လုရှို့သည် တိုက်ပွဲတစ်ရာကျော်ကို ဖြတ်သန်းဖူးသည့် ကျွမ်ူကျင်သူတစ်ဦးသဖွယ် လှုပ်ရှားနေ၏။ လုရှို့သည် ကျားဖြူလေ့ကျင့်ရေး သင်တန်းကျောင်း၏ အဆင့်မြင့်တပည့်များထက် သာလွန်သော တိုက်ပွဲဝင်အတွေ့အကြုံကိုတောင် ပိုင်ဆိုင်ထားလောက်သည်။
ထိုသို့တိုင် လုရှို့သည် ဇီးရိုးဝင်းအလုပ်ရုံထဲ ဝင်ချိန်မှစပြီး အချိန်မည်မျှ ကုန်လွန်သွားသနည်း။ ထိုကဲ့သို့ အချိန်တိုအတွင်း ဤမျှ တိုက်ပွဲဝင်အတွေ့အကြုံမျိုး ရနိုင်မည်လော။
” လုရှို့ ဘယ်လောက်တိုးတက်သွားလဲဆိုတာ မင်းကိုယ်တိုင်မြင်တာပဲ … ငါ့နေရာကို မင်းအခု ဘယ်လိုထင်လဲ … ”
ရှီဖုန်ူက မေးပြီး ရယ်မောလိုက်သည်။
” ဇီးရိုးဝင်းရဲ့ အလုပ်ရုံထဲဝင်မယ်ဆိုရင် အားလုံး တကယ်သင်ပေးမှာလား … ”
ရို့ကျစ်ဖျင်သည် စိုးရိမ်ပူပန်စွာ မေးလိုက်၏။ သူသည် ရှီဖုန်းကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။
ရှီဖုန်းက ရို့ကျစ်ဖျင်ကို ကြင်နာသနားစွာ မကြည့်ဘဲ မနေနိုင်တော့ချေ။ သူရှေ့ရှိ လူငယ်က အသံတိတ်ဓားသွားအဖြစ် လူသိများလာမည့် အလွှာငါးရှေးစစ်သည်တော်တစ်ဦး ဖြစ်လာမည်ဆိုတာ မည်သူမှ မှန်းဆမိမှာ မဟုတ်ပေ။
ရို့ကျစ်ဖျင်သည် ရှဲ့ချီဝမ်နီးတူ ပါရမီရှိသည်။ သို့သော် ချဲ့ချီဝမ်က အနည်းငယ်အသက်ပိုကြီးပြီး ပိုသန်မာသောမိသားစုနောက်ခံရှိသည်။ ရုပ်ခန္ဓာကိုယ် လျင်မြန်စွာမြင့်တင်ချင်လျှင် အဆက်မပျက် လေ့ကျင့်ခြင်းက မလုံလောက်ပေ။ တိုက်ခိုက်ရေးသမားတစ်ဦးသည် နေ့စဥ်နေ့တိုင်း ဆေးရည်တစ်ပုလင်းခန့် လိုအပ်သည်။ ဆိုလိုသည်က တစ်လလျှင် C အဆင့် အာဟာရဖြည့်ရည်အတွက် ခရက်တစ်သောင်းနှစ်ထောင် သုံးရမှာပဲ ဖြစ်သည်။ သာမန်အိမ်များက ထို ပမာဏကို မတတ်နိုင်ပေ။ တစ်ပုလင်းလျှင် ခရက်တစ်တစ်ထောင်ကုန်ကျသော B အဆင့် အာဟာရဖြည့်ရည်ဆိုလျှင် ပြောနေရန်တောင် မလိုချေ။
ဒိုဂျိုများနှင့် လေ့ကျင့်ရေးစင်တာများသည် ထူးချွန်သည့် ပါရမီရှိသည့်သူများကိုသာ ပျိုးထောင်ပေးရန် စာချုပ်ချုပ်ရန် ဆန္ဒရှိကြသည်။ သာမန်အဖွဲ့ဝင်များက ထိုအခြေအနေကို ရရှိမှာ မဟုတ်ပေ။ သို့သော် စာချုပ်ချုပ်ထားသော အဖွဲ့ဝင်များတောင် C အဆင့်အာဟာရဖြည့်ရည်များသာ ရနိုင်၏။ ပါရမီရှင်များသာလျှင် B အဆင့်အာဟာရဖြည့်ကို ရနိုင်တာ ဖြစ်သည်။
ရို့ကျစ်ဖျင်ကမူ ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်ူက သူ့ကို သာမန်စာချုပ်တစ်ခုဖြင့် ကမ်းလှမ်းခဲ့ကာ တစ်နေ့လျှင် C အဆင့်အာဟာရဖြည့်ရည်တစ်ပုလင်း ထောက်ပံ့၏။ သို့သော် ရှဲ့ချီဝမ်ကမူ မတူပေ။ ရှဲ့ချီဝမ်သည် သူ၏အိမ်က နေ့စဥ်နေ့တိုင်း A အဆင့် အာဟာရဖြည့်တစ်ပုလင်းထောက်ပံ့ပေးနေရာ ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်း၏ ထောက်ပံ့မှုတောင် မလိုပေ။ A အဆင့် အာဟာရဖြည်ရည်က တစ်ပုလင်းလျှင် ခရက်တစ်တစ်သောင်းကျသင့်၏။ A အဆင့် အာဟာရဖြည့်ရည်က ပုံမှန်ဆိုသတိမပြုမိနိုင်သော ဒဏ်ရာများကို ကုသပေးနိုင်ရုံသာမက လူတစ်ယောက်၏ ဦးနှောက်ဆဲလ်များကိုလည်း တိုးတက်စေသည်။
ရို့ကျစ်ဖျင်နှင့် ရှဲ့ချီဝမ်က ပါရမီတူနေလျှင်တောင် နေ့စဥ်နေ့တိုင်း သူတို့ခွန်အားကွာဟချက်က မိုးနှင့်မြေပမာ ဖြစ်နေတော့သည်။ ထို့အပြင် ရှဲ့ချီဝမ်၏ ပိမ်တော်က အစွမ်းထက်သော တိုက်ခိုက်ရေးသမားများနှင့် နည်းပြများကို ဖိတ်ကြားကာ ထိုလူကို တိုက်ပွဲဝင်အတွေ့အကြုံများရအောင် ကူညီပေးခဲ့သည်။
ပါရမီမှအပ ရို့ကျစ်ဖျင်သည် ကဏ္ဍအားလုံးနီးပါး၌ ရှဲ့ချီဝမ်ထက် အားနည်းသည်။ ရှဲ့ချီဝမ်ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်မည်နည်း။
ထိုစဥ် ကျန်းလင်းယွီ၏ ဖခင် ကျန်းထျန်းယွမ်ကမူ ခွန်အားကို တန်ဖိုးထား၏။ ထို့ကြောင့် သူက ရှဲ့ချီဝမ်ကို ရွေးချယ်လိုက်တာပဲ ဖြစ်သည်။