ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1137 အဆင့်နိမ့် ဒဏ္ဍာရီလာရတနာသေတ္တာကို မိတ်ဆက်ပေးခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1137 အဆင့်နိမ့် ဒဏ္ဍာရီလာရတနာသေတ္တာကို မိတ်ဆက်ပေးခြင်း
ဖော်လန်းအာ့ခ်အပြင်ဘက်ရှိ ချောက်ကမ်းပါးထဲတွင် အစောတုန်းက ဇီးရိုးဝင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ကြသော ဝိညာဥ်စားအရှင်သည် နောက်ဆုံးတော့ လွတ်လာပြီ ဖြစ်သည်။
ချက်ချင်းပင် ဝိညာဥ်စားအရှင်၏ အစွမ်းထက်သောနယ်မြေက ချောက်ကမ်းပါး၏ သိသာသော အစိတ်အပိုင်းတစ်ခုကို လွှမ်းခြုံသွားတော့သည်။
” ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့ မွန်းစတား ရှိနေရတာလဲ … ”
ဝိညာဥ်ဓားအရှင်ကို မြင်တွေ့ရခြင်းက သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များကို အကြောက်တရားနှင့် မလုံခြုံမှုတို့ ခံစားရလာစေသည်။
သူတို့က ရှီဖုန်း၏ လမ်းညွှန်ချက်ကို နားထောင်ပြီး အာ့ခ်နှင့် ကိုက်တစ်ထောင်အကွာသို့ ရွေ့လျားလိုက်ရာ ဝိညာဥ်စားအရှင်၏ နယ်မြေအပြင်ဘက်သို့ သူတို့ကို ရောက်သွားစေသည်။ သို့သော် ကျွမ်းကျင်သူများအနေဖြင့် သူတို့၏ အာရုံခံမှုက သာမန်ကစားသမားများထက် သာလွန်နေသည်။ ထို့အပြင် သူတို့က အလွှာမြင့်ကစားသမားများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြ ဖြစ်၏။ ရလဒ်အနေဖြင့် မွန်းစတား၏ ခွန်အားကို သူထုတ်ဖော်နေသော ဖိအားကနေ အကြမ်းမျဥ်းခန့်မှန်းနိုင်သည်။
ယခုအချိန်တွင် ဝိညာဥ်စားအရှင်ထံမှ ခံစားနေရသောဖိအားအရ ၎င်းသည် သူတို့ နတ်ဘုရားနယ်မြေထဲ ဝင်ရောက်ချိန်မှစပြီး တွေ့ကြုံဖူးသမျှထဲ အသန်မာဆုံး မွန်းစတားများကြောင်း ပြောနိုင်ပေ၏။
” ဘလက်ဖလိမ်းက တကယ်မလိမ်ဘူး … အသင်းထဲက အဖွဲ့ဝင်တိုင်းက အလွှာနှစ်အဆင့် (၆၀) ရောက်ခဲ့တယ်ဆိုရင်တောင် ဒီအစွမ်းထက်တဲ့မွန်းစတားကို ရင်ဆိုင်တဲ့အချိန် အမြောက်ဆံများ ဖြစ်နေအုံးမှာပဲ … ”
နဲလ်သာဝါ့ဒ်ဝေ့ဗ်က ပြောပြီး အသက်ရှုရန် ခက်ခဲနေတော့သည်။
အဆင့်တူ အလွှာလေး NPC တစ်ဦးကတောင် ပြီးပြည့်စုံသော နယ်မြေရှိသည့် အလွှာလေး အဆင့် (၆၇) ဒဏ္ဍာရီ မွန်းစတားတစ်ကောင်အတွက် ပြိုင်ဘက်မဖြစ်နိုင်ပေ။ ဆိုရလျှင် ပြီးပြည့်စုံသောပိုင်နက်များက အလွှာလေး NPC များကို အလွန်အစွမ်းထက်စေပြီး ပိုမြင့်မားသည့် အရည်အချင်းနှင့် ခြေရည်တူသည့် ဒဏ္ဍာရီမွန်းစတားများကို တိုက်ခိုက်ခွင့်ပြုထား၏။
” ခေါင်းဆောင် … ကျွန်မတို့တွေ အထဲကို ဝင်အုံးမှာလား … ”
တိမ်ချည်မျှင်က ဘရိဇ်ဝိုင်ကို စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
ထိုကဲ့သို့ အစွမ်းထက်သော မွန်းစတားများက ဖော်လန့်အာ့ခ်ကို စောင့်ကြပ်နေလေရာ အဆင့်တူ ကစားသမားတစ်သောင်းပါသည့်တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့လျှင်တောင် အဓိပ္ပါယ်မဲ့ပေလိမ့်မည်။ သူတို့က ယခုအချိန်တွင် အဆင့်မမှီတာ သိသာနေ၏။
” ခဏလောက်စောင့်အုံး … ”
ဘရိဇ်ဝိုင်က သိမ်မွေ့စွာ ပြောလိုက်၏။
” ဘလက်ဖလိမ်းက ဒီမွန်းစတားတွေကို အဝေးကိုမျှားခေါ်သွားဖို့ နည်းလမ်းပြောပြဖူးတယ် … အခြေအနေကို စောင့်ကြည့်ပြီးတဲ့နောက် ငါတို့ ဆုံးဖြတ်ချရအောင် … ”
ဘရိဇ်ဝိုင်သည် သူ၏ ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် တစ်ဖွဲ့လုံးတိတ်ဆိတ်သွားသည်။
ဖော်လန်းအာ့ခ်ကိုဖွင့်ရန် ခက်ခက်ခဲခဲကြိုးပန်းပြီးနောက် ထွက်သွားရမည်ဟု နှမြောစရာကောင်းသည်။ သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များက တိတ်တဆိတ်စောင့်စားနေစဥ် ဖော်လန်းအာ့ခ်အပြင်သို့ မွန်းစတားတစ်ကောင်ပြီးတစ်ကောင် ထွက်လာသည်။ သူတို့ထဲတွင် အားအနည်းဆုံးက ခမ်းနားသောအရှင်ဖြစ်ပြီး အများစုက ဒဏ္ဍာရီမွန်းစတားများဖြစ်၏။ စွန်းစားသွားလာသူအဖွဲ့သည် အာ့ခ်ထဲမှထွက်သွားသည့် ဒဏ္ဍာရီမွန်းစတားများကို ရေတွက်လိုက်ရာ အကောင်နှစ်ဆယ်ရှိတာကို တွေ့လိုက်ရသည်။ ထိုအရာကိုကြည့်ပြီး မူလက စိန်ခေါ်မှုတိုက်ပွဲရာချီကို တွေ့ကြုံခဲ့ဖူးသော သန်းခေါင်ယံညလက်ဖက်ပါတီဝင်များက တုန်ရီသွားတော့၏။ မွန်းစတားများ အဆင့်နိမ့်နေသောကြောင့် မဟုတ်လျှင် သူတို့အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ပါက အဓိက NPC မြို့ကြီးများစွာကို အလွယ်တကူသိမ်းပိုက်နိုင်၏။ အဆင့် (၆၀) ကစားသမားများကတောင် ထိုမွန်းစတားများ၏ ရှေ့တွင် အမြောက်စာများသာ ဖြစ်ပေမည်။ ကစားသမားမည်မျှများစွာ သူတို့ကို တိုက်ခိုက်စေကာမူ ကိစ္စမရှိပေ။ ထိုသို့ပြုလုပ်ရန် ကြိုးစားသည့်သူများသည် သေမှာ သေချာ၏။
သူတို့တာဝန်၏ အချိန်အကန့်အသတ်နှင့် သေဆုံးခြင်းပြစ်ဒဏ်ကြောင့်သာ မဟုတ်လျှင် သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များက ထွက်ပြေးသွားလောက်သည်။
” ခေါင်းဆောင် ကြည့်အုံး … သူတို့ တစ်စုံတစ်ခုကို ရှာတွေ့သွားတဲ့ပုံပဲ … ”
ရိန်းဂျားအမှောင်စစ်က သတင်းပို့လိုက်သည်။ အားလုံးက အမှောင်စစ်ဘက်သို့ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတောအုပ်ထဲရှိ ဒဏ္ဍာရီမွန်းစတားတစ်ကောင်သည် တစ်စုံတစ်ခုကို အနံခံနေသည့်ပမာ နှာခေါင်းတရှုံ့ရှုံ့လုပ်နေလေ၏။ ရုတ်တရက် ဒဏ္ဍာရီမွန်းစတားက ဟိန်းဟောက်လိုက်ပြီး ကျန်သည့်ကောင်များက သူ့နေရာကို စုဝေးလာကြသည်။ သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များက ကြောက်လန့်လာ၏။
” သူတို့ ကျွန်မတို့ကို ရှာတွေ့သွားတာမဟုတ်ပါဘူးနော် … ”
တိမ်ချည်မျှင်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
” ဒီလို မဖြစ်လောက်ဘူး … ဘလက်ဖလိမ်းက အဲ့ဒီနေရာကနေ ပြန်လာတာပဲ … မျှားခေါ်တဲ့အစီအရင်တစ်ခု တည်ဆောက်ထားတာပဲ ဖြစ်ရမယ် … ”
အန့်လတ်စ်စကားက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ အန့်လတ်စ်စကား ထိုသို့ပြောသည်နှင့် အသူရာမွန်းစတားများသည် ချောက်ကမ်းပါးထဲမှ အခြားနေရာသို့ သွားကြတော့၏။ မြန်မြန်ဆန်ဆန်ပင် သူတို့က သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
” သူတို့ ထွက်သွားကြပြီလား … ”
လူတိုင်းက သက်ပြင်းချလိုက်မိသည်။ မူလက ရှီဖုန်းကို မကျေမနပ်ဖြစ်ခဲ့ကြသည့် အသင်းဖော်အချို့က ယခုအချိန်တွင် ဓားသမားကို အမြင်သစ်ဖြင့် မြင်လာတော့သည်။ ရှီဖုန်းသည် အမှန်တကယ်လောဘကြီးသော်ငြား သူ့ကြောင့်သာ မဟုတ်လျှင် သူတို့သည် ဖော်လန်းအာ့ခ်ထဲ မဝင်နိုင်လောက်ပေ။
” ငါတို့ အခွင့်အရေးရပြီ … မြန်မြန် အာ့ခ်ထဲ ဝင်ကြရအောင် … ”
ဘရိဇ်ဝိုင်က မတ်တတ်ရပ်နေစဥ် အော်လိုက်၏။
ယခုအချိန်တွင် မွန်းစတားများကို မည်သည့်နေရာတွင်မှ မတွေ့ရသောကြောင့် သူတို့ အာ့ခ်ထဲသို့ ခိုးဝင်နိုင်ပြီ ဖြစ်သည်။ အထဲကိုရောက်သည်နှင့် ကိစ္စများက ပိုလွယ်ကူသွားလိမ့်မယ်။
” ကြည့်ရတာ ဇီးရိုးဝင်းရဲ့ အစည်းအရုံးခေါင်းဆောင်အကြောင်း ပိုပြီးသိလာရမဲ့ ပုံပဲ … ”
အန့်လတ်စ်စကားသည် မွန်းစတားများထွက်သွားသည့်နေရာဘက်ကိုကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ဖော်လန့်အာ့ခ်၏ လျှို့ဝှက်ချက်အကြောင်း စူပါအစည်းအရုံးများတောင် အနည်းအကျင်းသာ သိသည်။ အချက်အလက်ကို နေရာတိုင်းတွင်ရှာဖွေခဲ့ပြီး ရေနက်ကော်ပိုရေးရှင်းအင်အားဖြင့်တောင် အာ့ခ်အကြောင်း အနည်းအကျင်းသာ ဖမ်းဆုပ်မိခဲ့သည်။ ထိုသို့တိုင် တည်ထောင်ခါစအစည်းအရုံး၏ ခေါင်းဆောင်က ဖော်လန်းအာ့ခ်အကြောင်း သူမထက် ပိုသိနေသည်။ ရှီဖုန်း မည်မျှထူးကဲကြောင်း မြင်နိုင်ပေ၏။ ဇီးရိုးဝင်းက သူမ မြင်သကဲ့သို့ သေချာပေါက်မရိုးရှင်းနိုင်ပေ။
မွန်းစတားများသည် ဖော်လန်းအာ့ခ်ထဲမှ ထွက်သွားပြီးနောက် ရှီဖုန်းသည် ဇီးရိုးဝင်းအဖွဲ့ကို ဦးဆောင်လျက် အာ့ခ်၏ အတွင်းပိုင်းဒေသသို့ ဝင်လာသည်။
နောက်ဆုံးတော့ အခက်အခဲများစွာ ကြုံတွေ့ပြီးနောက် ဖော်လန်းအာ့ခ်ထဲ ဝင်နိုင်ခဲ့တာ ဖြစ်သည်။ လက်နက်တိုက်တစ်ခုကို ရိတ်သိမ်းပြီးနောက် သူက ထွက်မသွားနိုင်ပေ။ ထို့အပြင် ဖော်လန်းအာ့ခ်၏ စစ်မှန်သော အိုင်တမ်များက ဖော်လန်းအာ့ခ် အတွင်းပိုင်းဒေသ၌ ရှိနေ၏။
သို့သော် သူတို့က အတွင်းပိုင်းသို့သွားလေ ထောင်ချောက်များနှင့် ပိုကြုံတွေ့ရလေ ဖြစ်သည်။ ထောင်ချောက်များကို ဖယ်ရှားပြီးသည့်တိုင် ခဏအကြာတွင် ထောင်ချောက်အသစ်များ ပြန်ပေါ်လာ၏။ ထို့အပြင် လက်တလောအဆင့်မြင့်တင်မှုကြောင့် ထောင်ချောက်များက ဖြေရှင်းရပိုခက်ခဲလာပြီး ဖယ်ရှားရန်အတွက် စွန့်စားမှုများလာတော့သည်။ အမှားတစ်ချက်က ထောင်ချောက်များကို နင်းမိစေနိုင်၏။ အားနည်းနေလျှင် အဆင်ပြေနိုင်ပြီး ထောင်ချောက်ဖွင့်မိခြင်းက ချက်ချင်းမသေစေနိုင်ပေ။ သို့သော် သူတို့က အစွမ်းထက်သောထောင်ချောက်ကို ဖွင့်မိလျှင် တစ်ဖွဲ့လုံးသေသွားနိုင်၏။ ရလဒ်အနေဖြင့် ရှီဖုန်းတို့အဖွဲ့က အာ့ခ်ထဲ အလွန်ဖြည်းဖြည်းချင်း သွားနေရတော့သည်။
ကံကောင်းသည်မှာ ရှီဖုန်း၌ ဖော်လန်းအာ့ခ်မြေပုံ ရှိနေတာပဲ ဖြစ်သည်။ မြေပုံက အာ့ခ်အတွင်းရှိ မည်သည့်နေရာတွင် ထောင်ချောက်ရှိကြောင်းနှင့် မည်သည့်နေရာတွင် ထောင်ချောက်မရှိကြောင်းကို ပြသထားသည်။ သူတို့သည် ဘေးအကင်းဆုံးလမ်းကြောင်းကို ရွေးနိုင်ရုံသာမက သူတို့သွားရမည့်နေရာကိုလည်း သိနိုင်သည်။ သတိကြီးကြီးထားရန် မလိုအပ်တော့ချေ။ တစ်နာရီကျော် ကြာပြီးနောက် အဖွဲ့သည် အာ့ခ်၏ အတွင်းပိုင်းဒေသသို့ ရောက်သွားသည်။
ပြီးနောက် ရှီဖုန်းသည် အာသသသသးလုံးကို ဘေးထွက်ရပ်ခိုင်းလိုက်ပြီး ဤဧရိယာထဲရှိ ထောင်ချောက်များကို ဖြည့်ရန် အမိန့်ပေးလိုက်တော့၏။ သူတို့၏ တစ်ခုတည်းသောရွေးချယ်စရာက မီးလျှံကကြိုးကို ခွင့်ပြုပေးထားတာ ဖြစ်သည်။ မီးလျှံကကြိုးက ရှီဖုန်း သူမအားပေးထားသော အီကာရက်၏ နှလုံးသားကို ကိုင်ထားသေးဆဲဖြစ်ကာ အတွင်းပိုင်းဒေသကို အတော်လုံလုံခြုံခြုံသွားလာနိုင်သည်။ ထိုသို့ပြုလုပ်ရန် ကြိုးစားသည့်မည်သူမဆို ကြည့်ရုံဖြင့် သေလောက်၏။
” ကံကောင်းတာက စနစ်အဆင့်မြင့်တင်မှု မစခင်မှာ လက်နက်တိုက်ထဲက ထောက်ချောက်တွေကို ဖြေရှင်းခဲ့တာပဲ … မဟုတ်ရင် ကျောက်တုံးယဇ်ပလ္လင်ရဲ့ ထောင်ချောက်က ငါတို့ကိုသတ်ပြီးလောက်ပြီ … ”
အရိပ်ပျံသန်းခြင်းကပြောပြီး သူ့ရင်ထဲ အကြောက်တရားများ ပြည့်နေ၏။
ယခင်က သူသည် အဆင့်မြင့်ထောင်ချောက်တစ်ခုကို ဖယ်ရှားချိန်၌ အမှားကြောင့် သူ့အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းသည်မှာ ခရမ်းတိမ်က လျင်လျင်မြန်မြန် တုံ့ပြန်ပြီး သူ့အပေါ် အမှန်တရားဒိုင်းကို ချက်ချင်းရွတ်ဆိုပေးလိုက်သည်။ အဆုံးတွင်မူ ထောင်ချောက်က သူ့ကို ဒဏ်ရာသာရစေခဲ့ပြီး သူ့ကို HP နှစ်ထောင် ထားပေးခဲ့၏။
” အမှန်ပဲ … အစည်းအရုံးခေါင်းဆောင်က တကယ်အံ့သြဖို့ကောင်းတယ် … စနစ်အဆင့်မြင့်တင်မှုကို အာရုံမခံနိုင်ဘဲ ထောင်ချောက်ကို သက်ရောက်မိပြီး ဟာရီကိန်းရွက်လှေကို ရနိုင်မှာ မဟုတ်ဘူး … ”
ကိုလာက ပြောပြီး ရယ်မောလိုက်တော့သည်။
ရှီဖုန်းသည် ဟာရီကိန်းရွက်လှေကို ရလိမ့်မယ်လို့ မထင်ထားပေ။ သို့သော် ရေနှင်းဆီနှင့် ဂျမ်းတဲလ်စနိုးတို့ အကြံပြုတာကို ထောက်ခံပေ၏။ ထို့ကြောင့် သူသည် အစီအစဥ် ထိန်းညှိမှုတစ်ချို့ ပြုလုပ်လိုက်တော့သည်။
ဟာရီကိန်းရွက်လှေကို မရခင်က ရှီဖုန်းသည် ပင်လယ်ရှုမြင်မြို့ထဲ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ရန် ရည်ရွယ်ထားသည်။ သူက ကမ္ဘာပျက်ကပ်အင်ပါယာအတွင်းရှိ ကမ်းရိုးတန်းမြို့များ၌ ထာဝရအလင်းကို ဖွံ့ဖြိုးတိုးတက်ခွင့်ပြုမည်လို့တောင် ရည်ရွယ်ထားသည်။
ဆိုရလျှင် ဇီးရိုးဝင်းက ပင်လယ်ကမ်းရိုးတန်းမြို့များရှိ ကျန်သည့်အစည်းအရုံးများနှင့်မတူ ကျန်သည့်အစည်းအရုံးများက သူတို့ခွန်အားကို စတင်တည်ဆောက်ပြီးနေပြီ ဖြစ်သည်။ ထိုပင်လယ်ကမ်းရိုးတန်းမြို့ကြီးများနှင့် ယှဥ်ပြိုင်ရန်ကြိုးစားခြင်းက ရူးမိုက်ရာရောက်ပေသည်။ ဇီးရိုးဝင်းက ထိုအစည်းအရုံးများထက် ပိုသန်မာလျှင်တောင် ရေကြောင်းတိုက်ပွဲက ကစားသမားများ၏ အရည်အချင်းထက် သင်္ဘောများ၏ အရည်အသွေးအပေါ် မူတည်နေသည်။ ဇီးရိုးဝင်းသည် လျင်မြန်နဂါးစပိဘုတ်ကို အားထားခြင်းဖြင့် တစ်ပန်းသာမှု သိပ်မရရှိနိုင်ပေ။
ကမ်းရိုးတန်းမြို့ကြီးများက ကမ်းရိုးတန်းမြို့လေးများနှင့် အလွန်ကွဲပြားသည်။ ကမ်းရိုးတန်းမြို့ကြီးများသည် သင်္ဘောကျင်းကြီးများ ပိုင်ဆိုင်ထား၏။ ကစားသမားများ အစွမ်းထက်အောင် ကူညီပေးနိုင်သော သင်္ဘောများက ရှားပါးသော အဆင့်မြင့်တာဝန်များစွာလည်း ရှိသည်။
မဟုတ်လျှင် စူပါပထမတန်းအစည်းအရုံး၏ ပွဲကြည့်စင်သခင် ဖီးနစ်မိုးက မိုးကောင်းကင်အစည်းအရုံးကဲ့သို့ ပထမတန်းအစည်းအရုံးနှင့် ပူးပေါင်းမှာ မဟုတ်ပေ။ ပူးပေါင်းခဲ့ရသည့်အကြောင်းအရင်းက မိုးကောင်းကင်သည် အဓိက NPC ကမ်းရိုးတန်းမြို့ကြီးတစ်မြို့ ရှိနေသောကြောင့် ဖြစ်၏။ စူပါအစည်းအရုံးအချို့တောင် ပင်လယ်ထဲ၌ ၎င်း၏ ခွန်အားကို ကြောက်ရွံ့ရသည်။ ထိုကြောင့် ရှီဖုန်းသည် ယခုအချိန်တွင် အဓိက NPC ကမ်းရိုးတန်းမြို့ကြီးတစ်မြို့ကို သိမ်းပိုက်ရန် စီစဥ်နေ၏။
” အစည်းအရုံးခေါင်းဆောင် ပန်းပဲခန်းမတစ်ခုကို ရှာတွေ့တယ် … ခန်းမထဲမှာ အဆင့်နိမ့်ဒဏ္ဍာရီလာ ရတနာသေတ္တာတစ်လုံးကို တွေ့တယ် … ”
မီးလျှံကကြိုးသည် အဖွဲ့လိုက်စကားပြောခန်းထဲ၌ စိတ်လှုပ်ရှားစွာ ကြေညာလိုက်တော့သည်။