ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1139 အချိန်နှင့် ယှဥ်ခြင်း
ဖော်လန်းအာ့ခ်၏ အပြင်ပိုင်းဧရိယာတွင် သန်းခေါင်ယံညလက်ဖက်ရည်ပါတီဝင်များက သတိထားပြီး လှုပ်ရှားနေကြ၏။
အကြောင်းမှာ သူတို့သိပ်မကြာမီတွင် ထောင်ချောက်တစ်ခုကို နင်းမိသွားသောကြောင့် တစ်ဖွဲ့လုံးသေလုနီးပါး ဖြစ်သွားခဲ့သည်။
နောက်ဆုံးပေါ် စနစ်မြင့်တင်မှုသည် ထောင်ချောက်ကိုဖယ်ရှားရန် ကျရှုံးခြင်းအတွက် ပြစ်ဒဏ်များပါဝင်လာလိမ့်မည်ဟု မည်သူမှမတွေးမိပေ။ နဲလ်သာဝါ့ဒ်ဝေ့ဗ်၏ အဆင့်မြင့်ထောင်ချောက်ဖယ်ရှားခြင်းစကေးဖြင့် သူအဖို့ တစ်ချိန်လုံး အဆင့်မြင့်ထောင်ချောက်များကို ဖယ်ရှားရာတွင် အောင်မြင်ဖို့ မဖြစ်နိုင်ပေ။ ရလဒ်အနေဖြင့် အဖွဲ့သည် ရွေးချယ်စရာမရှိတော့ဘဲ အင်မတန် သတိထားပြီး သွားနေရသည်။
” ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အဆင့်မြင့်တင်မှု မစခင်မှာ အာ့ခ်ထဲဝင်ပါတယ် … ”
ဘရိဇ်ဝိုင်သည် ယခုအချိန်၌ သူမှားယွင်းသော ဆုံးဖြတ်ချက်ချမိကြောင်း ခံစားမိသွားသည်။
အာ့ခ်၏ အပြင်ဘက်ဧရိယာတွင် ကင်းလှည့်နေသော ဖော်လန်းကင်းလှည့်သူများစွာ ရှိသည်။ သူတို့၏ နှေးကွေးသော တိုးတက်မှုဖြင့် ထိုကင်းလှည့်သူများနှင့် ကြုံတွေ့ဖို့က လွယ်ကူသည်။ ကင်းလှည့်သူတစ်ဦး သူတို့ကို တွေ့သွားခဲ့ပါက ရွေးချယ်စရာမရှိပဲ သူတို့နောက်သို့ ချက်ချင်းပြန်ဆုတ်ရပေမည်။ ယခုအချိန်တွင် သူတို့က အာ့ခ်၏ အတွင်းပိုင်းဧရိယာကို ရောက်နိုင်ပါမလားဟုတောင် သံသယဖြစ်နေသည်။ ဂိမ်းထဲမှမထွက်ခင် ပြင်ဆင်ရန်မိနစ်နှစ်ဆယ်ကို အသုံးချခဲ့လျှင် ယခုလောက်ဆို အတွင်းပိုင်းဧရိယာကို ရောက်နေလောက်ပြီ ဖြစ်သည်။
” ခေါင်းဆောင် ဆုံးဖြတ်ချက်မမှားပါဘူး … စနစ်မြင့်တင်မှုမစခင်မှာ အာ့ခ်ထဲကို ဝင်ခဲ့မယ်ဆိုရင် အန္တရာယ်များတဲ့ အသူရာမွန်းစတားတွေနဲ့ ရင်ဆိုင်ရနိုင်ချေများတယ် … အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့ အခြေအနေက အခုလောက်မကောင်းဘူးလေ … ထို့အပြင် အသူရာမွန်းစတားတွေကို မျှားထုတ်ဖို့နည်းလမ်းကို သိပြီဆိုတော့ ဒီတစ်ကြိမ် ကျွန်မတို့တာဝန် ကျရှုံးခဲ့ရင်လည်း လူတိုင်း အဆင့် (၅၀) ရောက်ပြီး အလွှာနှစ်သို့ ရောက်တဲ့အချိန်ကြမှ ပြန်လာလို့ရတာပဲ … အဲ့ဒီအချိန်ကြ ဖော်လန်းကင်းလှည့်သူတွေနဲ့ ကျွန်မသိရင်တောင် သူတို့ကို အပြီးသတ်ရင်သတ် မဟုတ်ရင် တိုက်ခိုက်ပြီး အာ့ခ်ထဲကို ပိုနက်နက်ဝင်လို့ရတာပဲ … ”
အန့်လတ်စ်စကားသည် ဘရိဇ်ဝိုင် သူ့ကိုသူအပြစ်တင်နေတာကို တွေးမိပြီးနောက် ပြောလိုက်တော့၏။
” ဒီအခွင့်အရေးကိုသုံးပြီး ကင်းလှည့်သူတွေကို လမ်းကြောင်းတစ်ခု ထောက်လှမ်းရအောင် … ”
အဖွဲ့ထဲရှိ လူတိုင်းက အန့်လတ်စ်စကား၏ စကားကိုကြားသည့်အချိန်၌ ထောက်ခံလိုက်ကြသည်။ သူတို့၏ တာဝန်က အချိန်အကန့်အသတ်ရှိသော်ငြား သင့်တင့်သည့် ပြင်ဆင်မှုများပြုလုပ်ရန် အချိန်လုံလုံလောက်လောက် ရှိသေးသည်။
လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာစကားပြောနေစဥ် အန့်လတ်စ်စကားက စာတစ်စောင် ရုတ်တရက်ရလိုက်လေ၏။ ထိုစာကို မြင်တွေ့သည့်အချိန်တွင် အန့်လတ်စ်စကားက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
” အစ်မကြီးအန့်လက်စ် ကောင်းတာတစ်ခုခုဖြစ်လို့လား … ”
တိမ်ချည်မျှင်သည် ပြုံးဖြဲဖြဲဖြစ်နေသော အန့်လတ်စ်စကားကိုကြည့်ပြီး မေးလိုက်၏။
” အဲ့လိုပြောလို့ ရတယ် … မင်းတို့တွေ အမှောင်ပြိုင်ကွင်းကပြိုင်ပွဲကိုကြည့်ဖို့ စိတ်ဝင်စားလား … ဖိတ်စာတစ်စောင်ရထားတာ … ငါနဲ့အတူ လူငါးယောက်ခေါ်လို့ရတယ် … ”
အန့်လတ်စ်စကားကပြောပြီး ရယ်မောလိုက်၏။
” အမှောင်ပြိုင်ကွင်းလား … ”
ထိုစကားကို ကြားသည့်အချိန်တွင် သူတို့က စိတ်မဝင်စားတော့ပေ။ အမှောင်ပြိုင်ကွင်းထဲတွင် ဝင်ပါသည့်သူများက ကျွမ်းကျင်သူများထက် ပိုသန်မာသော်ငြား သူတို့၏ ကျွမ်းကျင်သူစံသတ်မှတ်ချက်အရ အမှောင်ပြိုင်ကွင်ထဲ တိုက်ပွဲတိုက်ခိုက်မှုများသည် ကိုးကားစရာ မရှိပေ။
” မင်းတို့တွေ တကယ်စိတ်မဝင်စားဘူးလား … ဒီတစ်ခေါက် အမှောင်ပြိုင်ကွင်းက လေလံပွဲကြီးတစ်ခု လုပ်ဖို့တောင် စီစဥ်ထားတယ် … အံ့ဖွယ်အိုင်တမ်တွေတောင် ပါတာ … ”
အန့်လတ်စ်စကားကပြောပြီး လူတိုင်း၏ မျက်နှာပေါ်ရှိ စိတ်မဝင်စားသည့် အမူအရာကိုမြင်သောအခါ အတော်စိတ်ပျက်သွားသည်။
” ဒါ့အပြင် တိုက်ခိုက်မဲ့အဖွဲ့ဝင်တွေကလည်း အတော်စိတ်ဝင်စားဖို့ကောင်းတယ် … သူတို့ထဲမှာ ဇီးရိုးဝင်းက ဆန်းကြယ်အစည်းအရုံးနဲ့ ယှဥ်ပြိုင်ရမှာ … ဆန်းကြယ်က ဒီတစ်ခေါက်အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ချို့ လွတ်ထားတယ်လို့ ငါကြားတယ် … ”
” အံ့ဖွယ်အိုင်တမ်တွေလား … ဇီးရိုးဝင်းက ဆန်းကြယ်နဲ့ ယှဥ်ပြိုင်မှာလား … အစ်မကြီးအန်လက်စ် ငါ သွားချင်တယ် … ”
” နေအုံး … ငါအရင်တုန်းက အမှောင်ပြိုင်ကွင်းကို တစ်ခါမှမရောက်ဖူးဘူး … ငါ့ကိုသွားခွင့်ပေး ”
လူတိုင်းသည် အန့်လတ်စ်စကား၏ စကားကိုကြားသောအခါ စိတ်လှုပ်ရှားမှုတို့ ချက်ချင်းပေါ်လာသည်။ အံ့ဖွယ်အိုင်တမ်များ အံ့သြဖွယ်ကောင်းသည့်အချက်ကို ဘေးချိတ်ထားပြီး ဇီးရိုးဝင်းက ဆန်းကြယ်အစည်းအရုံးနှင့် ရင်ဆိုင်မည့်အချက်ကတင် အမှောင်ပြိုင်ကွင်ကိုသွားကြည့်ရန် အကြောင်းပြချက်များစွာ ရှိနေပြီ ဖြစ်သည်။ ဆန်းကြယ်သည် စူပါပထမတန်းအစည်းအရုံးတစ်ခုသာဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ကျွမ်းကျင်သူအရေအတွက်နှင့် ကျွမ်းကျင်သူများ၏ အရည်အသွေးက စူပါအစည်းအရုံးများအောက် နိမ့်ကျခြင်း မရှိချေ။
ဆန်းကြယ်သည် သူ၏ ထိပ်သီးကျွမ်းကျင်သူများကို အမှောင်ပြိုင်ကွင်းသို့ စေလွှတ်ခဲ့လျှင် သေချာပေါက် စိတ်ဝင်စားစရာကောင်းမှာပဲ ဖြစ်သည်။
တခြားသော တစ်နေရာတွင် ရှီဖုန်းသည် ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်မိတ်ဆက်ကို ဖတ်ပြီး အတွေးနက်နေလေ၏။
” ဒီတော့ သူတို့ကို တိုက်ခိုက်ဖို့နည်းလမ်းတွေပေါ့ … ”
သူမည်သို့ပင် ကြည့်စေကာမူ ရှေးမျိုးစိတ်နှစ်ကောင်သည် ဂိမ်း၏ ဤအဆင့်၌ ပြိုင်ဘက်ကင်းသည့် တည်ရှိမှု ဖြစ်သည်။ နှစ်ကောင်သာ ပူးပေါင်းတိုက်ခိုက်ခဲ့လျှင် အဆင့် (၆၀) အလွှာနှစ်ကစားသမားအယောက်တစ်ရာအဖွဲ့တောင် လျင်မြန်စွာကျရှုံးသွားနိုင်သည်။
သို့သော် ပင်မနတ်ဘုရားစနစ်သည် ဤစီးနင်းတိုက်ခိုက်မှု၏ ခက်ခဲမှုကို ချမှတ်ပြီးဖြစ်ကာ စီးနင်းတိုက်ခိုက်မှုကို ပြီးရန်အတွက် ကစားသမားများတွင် မျှော်လင့်ချက်အချို့ ရှိသည်။
ရှီဖုန်းသည် ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်ကို အားနည်းစေမည့် နည်းလမ်းနှစ်ခုက မည်ကဲ့သို့ သက်ရောက်မှုရှိကြောင်း မသိသော်ငြား အဆင့်နိမ့်ဒဏ္ဍာရီလာရတနာသေတ္တာကို ကြိုးတောင်မကြိုးစားကြည့်ပဲ လက်လျော့ခဲ့လျှင် ယင်းက ဖြုန်းတီးရာရောက်ပေမည်။ ပြီးနောက် ရှီဖုန်းသည် မွန်းစတားနှစ်ကောင်ကို စီးနင်းတိုက်ခိုက်ရန်အတွက် လူတိုင်းကို စတင်ပြင်ဆင်ခိုင်းတော့၏။
“အစည်းအရုံးခေါင်းဆောင် ကျွန်မတို့တွေ ဒီရှေးမျိုးစိတ်နှစ်ကောင်ကို တကယ်တိုက်ခိုက်တော့မှာလား … ”
ရေနှင်းဆီသည် ပန်းပဲခန်းမအလယ်တွင်ရှိသည် ဧရာမရုပ်ထုကြီးနှစ်ကောင်ကိုကြည့်ပြီး စိတ်ပူပန်စွာ မေးလိုက်၏။ ယခင်က သူတို့သည် ယိုယွင်းခြင်းဘုရင်နှင့် ရင်ဆိုင်ချိန်တွင် ကစားသမားအယောက်တစ်ရာရှိပြီး ရှေးဟောင်းမှော်အစီအရင်တစ်ခု၏ ထောက်ပံ့မှုတောင် ရှိနေသည်။ ယခုအချိန်တွင် သူတို့က ထိုကဲ့သို့ မှော်အစီအရင်ပိုင်ဆိုင်ထားရုံသာမက သူတို့အဖွဲ့တွင်လည်း အဖွဲ့ဝင်နှစ်ဆယ်သာ ရှိသည်။ သို့သော် ကိစ္စများကို ပိုဆိုးသွားစေသည်က သူတို့သည် တစ်ချိန်ထဲတွင် ရှေးဟောင်မျိုးစိတ်နှစ်ကောင်ကို တစ်ပြိုင်နက်ထဲ ရင်ဆိုင်ရမှာ ဖြစ်သည်။ မည်သို့ပင်ကြည့်စေကာမူ သူတို့ကိုသူတို့ သက်သေရန်ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။
သူတို့သည် ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်၏ အားနည်းချက်များကို ဖမ်းဆုပ်နိုင်ခဲ့လျှင်တောင် ရလဒ်က တူညီနေမှာပဲ ဖြစ်၏။
” မင်းဘာတွေ စိုးရိမ်ပူပန်နေလဲဆိုတာ သိတယ် … သူတို့အားနည်းချက်ကို မသိခင်က ရတနာသေတ္တာကို ဘယ်လိုယူရမလဲဆိုတာ ငါတကယ် မသိခဲ့ဘူး … ဒါပေမဲ့ အခုကိစ္စတွေက မတူတော့ဘူး … အဆင့်နိမ့်ဒဏ္ဍာရီလာ ရတနာသေတ္တာကို ရယူဖို့ (၃၀) ရာခိုင်နှုန်း သေချာတယ် … ”
ရှီဖုန်းက ရယ်မောလိုက်၏။
” (၃၀) ရာခိုင်နှုန်းလား … ဒီလောက်မြင့်တယ်လား … ”
ရေနှင်းဆီသည် ရှီဖုန်း၏ တုံ့ပြန်မှုကြောင့် အတော်အံ့သြသွားတော့၏။ သူမသည် ရတနာသေတ္တာကိုယူရန် (၅) ရာခိုင်နှုန်းအောက်သာ ရှိမည်ဟု တွတ်ချက်ခဲ့တာပဲ ဖြစ်သည်။ သို့သော် ရှီဖုန်းက (၃၀) ရာခိုင်နှုန်းဟု ပြောနေသည်။ သူက အောင်မြင်နိုင်မှု ထိုမျှများလျှင် ကြိုးစားရထိုက်တန်ပေ၏။
လက်ရှိတွင် စူပါအစည်းအရုံးကြီးများက အံ့ဖွယ်အိုင်တမ်တစ်ခုကို ရယူရန်အတွက် လက်ရွေးစင်အဖွဲ့ဝင်တ၀်ထောင်ကျော်ကို စတေးရန်ဆန္ဒရှိလေရာ အပိုင်းအစဒဏ္ဍာရေိလာအိုင်တမ်အတွင်ဆို ပြောနေရန်မလိုတော့ချေ။ ဤအဆင့်နိမ့် ဒဏ္ဍာရီလာ ရတနာသေတ္တာ၏ တည်ရှိမှုကို စူပါအစည်းအရုံးကြီးများသာ သိသွားခဲ့လျှင် သူတို့က ကျွမ်းကျင်သူရာချီ လက်ရွေးစင်ကစားသမားတစ်သောင်းကျော်ကို စတေးရန် ဆန္ဒရှိတာထက်ပိုပေလိမ့်မည်။
” ဒီရာခိုင်နှုန်းလောက်ပဲ … ဒါပေမဲ့ ငါတို့ရဲ့ အဓိကပြဿနာက ရတနာသေတ္တာနားမှာ တည်ဆောက်ထားတဲ့ ထောင်ချောက်ပဲ … မဟာပညာရှင် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့ရင် ရတနာသေတ္တာကိုရဖို့ အခွင့်အရေးမရှိဘူး … ပညာရှင်ထောင်ချောက်ပဲဆို အောင်မြင်နိုင်ခြေ (၃၀) ရာခိုင်နှုန်း ရှိတယ် … ”
ရှီဖုန်းက ပခုံးတွန့်လျက် ယခုအချိန်တွင် အလောင်းကစားလုပ်ရမှာကို တွေးနေသည်။
အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများအဖို့ အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်အတွက် ယှဥ်ပြိုင်ဖို့ရာ လက်ရွေးစင်ကစားသမားတစ်သောင်းကျော် စေလွှတ်ကြသည်။ ဆိုရလျှင် အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်တစ်ခုဖြင့် အစည်းအရုံးတစ်ခုတွင် ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ကို ပိုပျိုးထောင်နိုင်မှာပဲ ဖြစ်သည်။ ဤနည်းဖြင့် အစည်းအရုံးက ၎င်းကို ဦးဆောင်ရန် နောက်ထပ်ကျွမ်းကျင်သူတစ်ဦး ရလာရုံသာမက အရေးကြီးသည့် ကုန်ပစ္စည်းပို့ဆောင်ရေးများ သို့မဟုတ် နေရာများကို ကာကွယ်ရာတွင် ပိုလွယ်ကူလာမှာပဲ ဖြစ်သည်။
ပြီးနောက် လူတိုင်းက ရှီဖုန်း၏ အမိန့်အတိုင်းဆောင်ရွက်ကြတော့သည်။
ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်၏ အားနည်းချက်ကို အခွင့်အရေးယူရန် ရှီဖုန်းက လူတိုင်းကို လက်နက်တပ်ဆင်ပေးလိုက်၏။ အဖွဲ့၏ MT နှင့် ကုသသူများကို အလွှာတစ်နှင့် အလွှာနှစ် ရေပုံစံမှော်စာလိပ်များ ပေးလိုက်သည်။ တိုက်ပွဲစတင်သည်နှင့် သူတို့က ပန်းပဲတံခါးကိုပိတ်ထားပြီး လေးဘက်လေးလှန်ပိတ်ထားသော နံရံအဖြစ် ဖွဲ့တည်လိုက်မှာ ဖြစ်သည်။ ထိုသို့ပြုလုပ်ပြီးနောက် ပတ်ဝန်းကျင်ကို ရေဖြင့် အလွယ်တကူဖြည့်နိုင်၏။
ရှေးဟောင်းမျိုးစိတ်၏ ပထမအားနည်းချက်ဖြစ်သောကြောင့် ရှီဖုန်းသည် ဒုတိယအားနည်းချက်အတွက် အလုံးစုံသိမြင်မျက်လုံးကို ပိုင်ဆိုင်ထားသည်။ စိတ်အင်အမြုတေကို ပစ်မှတ်ထားရန် ပြဿနာမရှိပေ။ လူတိုင်းက အရာအားလုံးသည် ကံပေါ်တွင်သာ မူတည်နေ၏။
မီးလျှံကကြိုးသည် ပန်းပဲခန်းသို့ ပြန်ရောက်သွားချိန်တွင် ရှီဖုန်းက ပန်းပဲတံခါးကိုဖွင့်ရန် သူ့အဖွဲ့များကို ပြောလိုက်၏။
” စတော့ … ”
ရှီဖုန်း၏ အမိန့်တွင် လူတိုင်းက တဟုန်ထိုးလှုပ်ရှားကြပြီး သူတို့၏ မှော်စာလိပ်များကို တစ်လိပ်တစ်လိပ် ဖြည်လိုက်ရာ ရုပ်ထုနှစ်ခုဆီသို့ ရေပုံစံဂါထာအရံအတားကို ထုတ်ဖော်လိုက်သည်။
မျက်တောင်တစ်ခက်အတွင်း ပန်းပဲခန်းမအတွင်း၌ ရေအိုင်တစ်ခုဖွဲ့တည်လာပြီး ရေ၏ အမြင့်က ကစားသမားတစ်ယောက်ကို အလွယ်တကူကျော်လွန်နိုင်သည်။ တစ်ချိန်ထဲတွင် လူတိုင်းက ရေပေါ်လျှောက်လှမ်းခြင်းစာလိပ်တစ်လိပ်ကို အသက်သွင်းလိုက်သည်။
ရေပေါ်လျှောက်လှမ်းခြင်းစာလိပ်က နတ်ဘုရားနယ်မြေထဲတွင် အသုံးများသော မှော်စာလိပ်ဖြစ်ပေ၏။ အမည်အတိုင်းပင် ကစားသမားများက ရေပေါ်တွင် ဆယ်မိနစ်တာလျှောက်နိုင်၏။ စာလိပ်တို၈်းကို ရွှေပြားနှစ်ဆယ်ဖြင့် ရောင်းချပြီး ရေကြောင်းတိုက်ပွဲအတွက် အထူးပြုသော ကိရိယာများထဲမှ တစ်ခု ဖြစ်သည်။
ရေပုံစံဂါထာက ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်၏ ခန္ဓာကိုယ်ကို ထိမိသွားသည့်အချိန်တွင် မွန်းစတားများက ချက်ချင်းနိုးထလာ၏။
” ဝေါင်း … ”
ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်သည် နားစည်ကွဲလောက်အောင် အော်ဟေ့လိုက်ရာ ခန်းမတစ်ခုလုံး တုန်လှုပ်သွားတော့သည်။ ပြီးနောက် အစွမ်းထက်သည့်အရှိန်အဝါက ခန်းမတစ်ခုလုံးတွင် ပြည့်သွားကာ လူတိုင်းကို ကြောက်လန့်သွားစေတော့သည်။
ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်နိုးထလာပြီဖြစ်ရာ လူတိုင်းက သူတို့၏ အခြေအနေဇယားများကို ကြည့်လိုက်သည်။ သူတို့၏ အခြေအနေပြ ကိန်းဂဏန်းကို ကြည့်နိုင်သည်။
[ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်၊ အဆင့်နိမ့်နဂါး၊ ရှေးမျိုးစိတ် ဒဏ္ဍာရီ ]
အဆင့် (၆၅)
HP (သန်း ၃၂၀/သန်း ၃၂၀)
လူတိုင်းသည် ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်၏ ကိန်းဂဏန်းများကြောင့် ထိတ်လန့်နေကြစဥ် ရှီဖုန်းက အော်လိုက်၏။
” မီး … ဒီအခွင့်အရေးကိုသုံးပြီး ထောင်ချောက်ကိုဖယ် … ”
ရှီဖုန်းသည် ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ် မည်မျှအစွမ်းထက်ကြောင်း ရှိနေသည့်သူများအားလုံးထက် ပိုသိသည်။ ထိုသို့ နားလည်သေပေါက်သောကြောင့် အချိန်က မည်မျှတန်ဖိုးကြီးကြောင်း သိနေပေ၏။ သူတို့က တွေဝေမှင်တက်နေလျှင် အဆင့်နိမ့်ဒဏ္ဍာရီလာရတနာသေတ္တာကို ရယူရန် အခွင့်အရေး လျော့သွားပေလိမ့်မည်။
” နားလည်ပါပြီ … ”
မီးလျှံကကြိုးက ချက်ချင်းတုံ့ပြန်ပြီး အသံတိတ်ခြေလှမ်းကို ထုတ်ဖော်ကာ ရုပ်ကြွင်းအသူရာ နှစ်ကောင်နောက်၌ ပေါ်လာတော့သည်။ ပြီးနောက် ရတနာသေတ္တာဆီသို့ တစ်ဟုန်ထိုးသွားလိုက်တော့၏။