ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1144 ပုန်းကွယ်အမျိုးအစား နဂါးသတ်သူ
ရှီဖုန်းသည် ကြေးသွေရောင်နဂါးဇာစ်မြစ်သလင်းနှစ်လုံးကိုကိုင်ထားပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ နှစ်မျိုးလုံးက ဒဏ္ဍာရီလာကုန်ကြမ်းဖြစ်သော်ငြား သူတို့ကြားထဲတွင် ကွာဟချက်တစ်ခု ရှိသည်။ စနစ်သည် ထိုကွာဟချက်ကို အခမဲ့ပေးထားတာ မဟုတ်ပေ။ ထိုအစား အမျိုးမျိုးသောစမ်းသက်မှုများစွာ ဖြတ်ကျော်ပြီးမှ ၎င်းကို ကစားသမားများ ရှာတွေ့တာ ဖြစ်သည်။ ယင်းက စနစ်၏ လျှို့ဝှက်အရည်အချင်းများထဲမှ တစ်ခုဖြစ်သည်။ ကစားသမားများကြား ကောက်ချက်ချမှုကြားတွင် ကွာဟချက်ရှိနေသော်ငြား ထိုကွာဟချက်များက အသေးအမွှားသာ ဖြစ်၏။
ဒဏ္ဍာရီလာကုန်ကြမ်း၏ ကွဲပြားသောအဆင့်သည် ထိုကုန်ကြမ်းများကိုသုံးလျက် အိုင်တမ်ကို ထွင်းထုရာ၌ အောင်မြင်သည့်နှုန်း အပိုဆောင်းကို ကွဲပြားသွားစေသည်။
ဒဏ္ဍာရီကုန်ကြမ်းများနှင့် ဆက်စပ်၍ ကစားသမားများ၏ အသိအရ သူတို့သည် အခြေခံ၊ အလယ်အလတ်၊ အမြင့်ဆုံးအဆင့်ဟူ၍ ခွဲခြားနိုင်သည်။
အခြေခံအဆင့်ကုန်ကြမ်းများသည် ထုတ်လုပ်ခြင်း အောင်မြင်နှုန်း (၂) ရာခိုင်နှုန်းမှ (၃) ရာခိုင်နှုန်းတိုးစေ၏။
အလယ်အဆင့်ကုန်ကြမ်းများသည် ထုတ်လုပ်ခြင်းအောင်မြင်နှုန်း (၄) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းတိုးစေ၏။
အဆင့်မြင့်အဆင့် ကုန်ကြမ်းများသည် ထုတ်လုပ်ခြင်းအောင်မြင်သည့်နှုန်း (၇) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းတိုးစေ၏။
အထွတ်အထိပ်အဆင့် ကုန်ကြမ်းများသည် ထုတ်လုပ်ခြင်းအောင်မြင်သည့်နှုန်း (၁၀) ရာခိုင်နှုန်းမှ (၁၁) ရာခိုင်နှုန်းတိုးစေ၏။
ရှီဖုန်းသည် နဂါးဇာစ်မြစ်သလင်းနှစ်လုံးခု အရည်အချင်းပြဇယားကို ဖွင့်ကြည့်လိုက်သည်။ သူတို့၏ မိတ်ဆက်ကို ဂရုတစိုက်ဖတ်လိုက်၏။
အံ့သြဖို့ကောင်းလိုက်တာ။ ဖတ်ရှု့ပြီးသည့်အချိန်တွင် ရှီဖုန်းက ပြုံးလိုက်သည်။
ဒါနဲ့ဆို နဂါးဝိညာဥ်ဆေးရည်တွေကို ထုတ်လုပ်ရင် ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး။
အဆင့်ကို ခွဲခြားရာတွင် ဒဏ္ဍာရီလာကုန်ကြမ်းများ၌ မတူညီသောနည်းလမ်းများရှိ၏။ နဂါးဇာစ်မြစ် မူလသလင်းတွင်မူ ၎င်း၏ အဆင့်ကို အတွင်းတွင်ပါဝင်သော သွေးမျိုးဆက်သိပ်သည်းမှုဖြင့် ဆုံးဖြတ်နိုင်သည်။ သလင်းတစ်ခု၏ သွေးမျိုးဆက်သိပ်သည်းမှုသည် တစ်ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအတွင်း ရှိနေလျှင် ယင်းက အခြေခံအဆင့်ဖြစ်သည်။ နဂါးဇာစ်မြစ်သလင်းအများစုသည် ထိုအဆင့်တွင်ရှိကြ၏။
သွေးမျိုးဆက်သိပ်သည်းမှု (၃၁) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းရှိသောသလင်းကို အလယ်အဆင့်ဟူ၍ သတ်မှတ်၍ ရသည်။ ဤအဆင့်ရှိသလင်းများသည် ကျသည့်နှုန်းပိုနိမ့်သွားသည်။
သွေးမျိုးဆက်သိပ်သည်းမှု (၅၁) ရာခိုင်းနှုန်းမှ (၇၀) ရာခိုင်းနှုန်းကြားရှိသည့် သလင်းကမူ အဆင့်မြင့်အဆင့် ဖြစ်သည်။ အစည်းအရုံးများသည် ၎င်းတို့ကို သူတို့ ကလေးရင်းသဖွယ် မြတ်နိုးတန်ဖိုးထားသောကြောင့် အဆင့်မြင့်နဂါးဇာစ်မြစ်သလင်းများကို ဈေးကွက်ထဲတွင် ရှာတွေ့ရန် မဖြစ်နိုင်ပေ။
နောက်ဆုံးက သွေးမျိုးဆက်သိပ်သည်းမှု (၇၁) ရာခိုင်နှုန်းအထက်ဖြင့် သလင်းများက အထွတ်အထိပ်အဆင့်များ ဖြစ်သည်။ ဤအဆင့်၌ နဂါးဇာစ်မြစ်သလင်းသည် အံ့ဖွယ်အိုင်တမ်တစ်ခုထက် တန်ဖိုးပိုကြီးသွားသည်။
နဂါးဝိညာဥ်ဆေးရည်ကို ထုတ်လုပ်ရန်အတွက် အလယ်အဆင့် နဂါးဇာစ်မြစ်သလင်း သို့မဟုတ် ထိုထက်ပိုကောင်းသည့် သလင်းလိုအပ်နေကြဖြစ်သည်။ အခြေခံနဂါးဇာစ်မြစ်သလင်း မည်မျှသုံးစွဲစေကာမူ သူတို့ဖြင့် နဂါးဝိညာဥ်ဆေးရည် ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ ရှီဖုန်းရှေ့ရှိ နဂါးဇာစ်မြစ်သလင်းနှစ်ခုသည် တစ်ခုက အလယ်အဆင့်ဖြစ်ပြီး ကျန်တစ်ခုက အဆင့်မြင့်သလင်းဖြစ်သည်။
” အစည်းအရုံးခေါင်းဆောင် ပစ္စည်းကောင်းတစ်ခုခုကျလို့လား … ”
ရေနှင်းဆီသည် ရှီဖုန်း၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်သည့်အချိန်တွင် မေးလိုက်တော့သည်။ သူမသည် ရှီဖုန်း၏ အမူအကျင့် အလေ့အထားနှင့် အလွန်ရင်းနှီးသည်။ ကျလာသည့်အိုင်တမ်က ထူးကဲနေခြင်း မရှိလျှင် သူက ပျော်ရွှင်သည့်အပြုံးမျိုး ပြမှာမဟုတ်ပေ။ တုံ့ပြန်သည့်အနေဖြင့် ရှီဖုန်းက ခေါင်းညိတ်ပြီး အားလုံးကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
” ကောင်းတဲ့ပစ္စည်းကျလာတယ် … မင်းတို့တွေထဲက ဘယ်သူများ ပုန်းကွယ်အမျိုးအစား လိုချင်လဲ … ”
” ပုန်းကွယ်အမျိုးအစားလား … ကျွန်တော်တို့တွေ အမျိုးအစားပြောင်းလဲတဲ့ ကိရိယာတစ်ခု ရမှာလား … ”
” အစည်းအရုံးခေါင်းဆောင် ပုန်းကွယ်အမျိုးအစားအတွက် ဘယ်အမျိုးအစားတွေက သင့်တော်လဲ … ”
ရှီဖုန်း၏ အမေးက အသင်းဝင်များကို အာရုံစိုက်မှုကို ချက်ချင်းရသွားတော့သည်။ မည်သည့်ကစားသမားများကမှ ပုန်းကွယ်အမျိုးအစားနှင့် စိမ်းသက်မနေကြချေ။ အမျိုးမျိုးသော လူများသည် တရားဝင်ဖိုရမ်များပေါ်၌ ပုန်းကွယ်အမျိုးအစားသတင်းများအချက်အလက်များစွာ တင်ထားပြီးဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့ကိုယ်တိုင်အမျိုးအစားပြောင်းလဲရန် အိပ်မက်မက်နေကြတာ ဖြစ်သည်။ အခြေခံအကျဆုံးပုန်းကွယ်အမျိုးအစား ဖြစ်နေလျှင်တောင် သူတို့ပျော်နေအုံးမှာပဲ ဖြစ်သည်။
အခြေခံအကျဆုံးပုန်းကွယ်အမျိုးအစားသည် ထပ်တိုးအခြေခံအရည်အချင်း မထောက်ပံ့ပေးသော်ငြား ထိုအမျိုးအစားသည် သူတို့မူလအမျိုးအစားမပါဝင်သည့် ထပ်တိုးစကေးများကို ထောက်ပံ့ပေးသည်။ ထိုစကေးများဖြင့် သူတို့သည် တိုက်ပွဲဝင်နည်းလမ်းများ ပိုရလာလိမ့်မည်။ ကစားသမားချင်း တိုက်ခိုက်ခြင်းနှင့် မြေအောက်စခန်းများတွင် တိုက်ခိုက်ရာ၌ တစ်ပန်းသာလာပေလိမ့်မည်။
အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ်အတွက် ပုန်းကွယ်အမျိုးအစားအတွက်မူ သူတို့က ပြောင်းလဲရန် အိပ်မက်တောင် မမက်ရဲကြချေ။ ဆိုရလျှင် ဤအဆင့်ရှိ ပုန်းကွယ်အမျိုးအစားများက နည်းပါးလွန်း၏။
“ဘယ်အမျိုးအစားမဆို အဆင်ပြေတယ် … ဒါပေမဲ့ လူတစ်ယောက်မှာ ပုန်းကွယ်အမျိုးအစား ရှိနေပြီးသား ဖြစ်လို့မရဘူး … ”
ရှီဖုန်းက ရှင်းပြလိုက်၏။
နဂါးဝိညာဥ်ဆေးရည်၏ ရည်ရွယ်ချက်က ကစားသမားများကို နဂါးမျိုးနွယ်စု၏ အမွေအနှစ် ဆက်ဆံစေချင်တာပဲ ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် ပုန်းကွယ်အမျိုးအစားကို ပြောင်းလဲပြီးတာ မဟုတ်သရွေ့ နဂါးအမွေအနှစ်ကို ကစားသမားတိုင်း ရယူနိုင်သည်။ မှော်အမျိုးအစားနှင့် ရုပ်ခန္ဓာအမျိုးအစား ကစားသမား နှစ်မျိုးလုံးသည် နဂါးသတ်သူ ဖြစ်လာနိုင်သည်။ ထိုအကြောင်းအရင်းကြောင့် အတိတ်တုန်းက NPC များနှင့် ကစားသမားများသည် အစွမ်းထက်သောနဂါးများကို သတ်ချင်နေတာပဲ ဖြစ်သည်။ သူတို့က ဂုဏ်သတင်းကျော်စောမှု အသိအမှတ်ပြုမှုရချိန် အစောပိုင်းရည်ရွယ်ချက်က နဂါးအမွေအနှစ်ကိုရရှိပြီး ပိုသန်မာချင်လာတာပဲ ဖြစ်သည်။
သို့သော် နဂါးဇာစ်မြစ်သလင်း၏ ကျသည့်နှုန်းက အလွန်နိမ့်သည်။ ရုပ်ကြွင်းနဂါးသည် ရှေးမျိုးစိတ်ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် ရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်နှစ်ကောင်က ထိုအရာများ ကျလာမှာ မဟုတ်ပေ။
ရှီဖုန်းတို့အဖွဲ့သည် လျှို့ဝှက်အမျိုးအစားကို ဘယ်အမျိုးအစားမဆို ရနိုင်သည်ကို ကြားသည့်အချိန်၌ သူတို့က ပျော်ရွှင်ကြည်နူးနေကြ၏။
” သိပ်စိတ်မလှုပ်ရှားကြနဲ့ အမျိုးအစားပြောင်းလဲတဲ့တာဝန်က မလွယ်ဘူး … ”
ရှီဖုန်းက ပြောပြီး ရယ်မောကာ ခေါင်းခါလိုက်တော့သည်။
” ကံဆိုးတာက ပုန်းကွယ်အမျိုးအစားဖြစ်ချင်တဲ့ သူများအနေနဲ့ ငါ့မှာ နှစ်နေရာစာပဲ ရှိတယ် … ဒီတော့ အစည်းအရုံးထောက်ပံ့မှုအမှတ်တွေသုံးပြီး အဖွဲ့လေလဲဆွဲကြ … အလယ်အဆင့်နဂါးဇာစ်မြစ်သလင်းရဲ့ စခေါ်တဲ့ဈေးက အစည်းအရုံးထောက်ပံ့မှုအမှတ် နှစ်သိန်း … အဆင့်မြင့်နဂါးဇာစ်မြစ်သလင်းရဲ့ စခေါ်တဲ့ အကြမ်းဖျင်းဈေးက အမှတ်ငါးသိန်း … လေလံ ထပ်ချင်လား မထပ်ချင်လားဆိုတာ မင်းတို့ဘာသာ ဆုံးဖြတ်ကြ … ”
လက်ရှိတွင် အစည်းအရုံးထောက်ပံ့ရေးအမှတ်တစ်မှတ်က ကြေးပြားနှစ်ဆယ့်ငါးပြားတန်သည်။
GCB အမှတ် နှစ်သိန်းသည် ရွှေပြားငါးရာနှင့် ညီမျှ၏။ နဂါးသတ်သူအမျိုးအစားအတွက် ပေးရသည်မှာ တန်ကြေးအလွန်နိမ့်သည်။ အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများသည် ရွှေပြားရှစ်ထောင်ဖြင့် အလယ်အဆင့်နဂါးဇာစ်မြစ်သလင်းကို ဝယ်ယူလိုစိတ်ရှိကြသည်။ အဆင်မြင့် နဂါးဇာစ်မြစ်သလင်းကမူ သူတို့ကို ဈေးကွက်ထဲတွင် မတွေ့ရတက်ပေ။ သို့သော် ကစားသမားတစ်ဦးသည် အတိတ်တုန်းက အဆင့်မြင့်သလင်းကို လေလံတင်ခဲ့၏။ သလင်းသည် နောက်ဆုံး၌ သလင်းကို ရွှေပြားသုံးသောင်းဖြင့် ရောင်းထွက်သွားသည်။
အဆင့်မြင့်ဗားရှင်းသည် တန်ဖိုးပိုမြင့်နေရသည့် အကြောင်းအရင်းမှာ နဂါးဝိညာဥ်ဆေးရည် ထုတ်လုပ်နိုင်သော အရည်အသွေးပေါ် မူတည်နေပြီး နဂါးအမွေအနှစ်၏ ကွဲပြားခြားနားသောအဆင့်များကို ရနိုင်သောကြောင့် ဖြစ်သည်။
နဂါးသတ်သူအမျိုးအစားက အတော်ထူးကဲ၏။ ကျန်သည့်ပုန်းကွယ်အမျိုးအစားများကဲ့သို့ အဆင့်သတ်မှတ်ချက် မရှင်းပေ။ အားနည်းသော နဂါးဝိညာဥ်ဆေးရည်သည် ဆေးရည်ကို သုံးစွဲလိုက်လျှင် လူတစ်ယောက်၏ နဂါးသတ်သူအမျိုးအစားသည် အခြေခံအမွေးအနှစ်တစ်ခုနှင့် ညီမျှသွားလိမ့်မည်။ အထွတ်အထိပ်ဒဏ္ဍာရီ နဂါးသတ်သူအမျိုးအစားကို ရရှိရန် သန်မာသောဆေးရည်တစ်ခုကိုသုံးလျှင် ဖြစ်နိုင်လောက်သည်။
နဂါးသတ်သူအမျိုးအစားကို အဆင့်မြင့်တင်ပြီး နဂါးဝိညာဥ်ဆေးရည်များစွာ သုံးစွဲခြင်းဖြင့် အထွတ်အထိပ်အမွေအနှစ်ကို ရောက်အောင်လည်း ကြိုးစားနိုင်၏။ ထို့ကြောင့် နဂါးဇာစ်မြစ်သလင်းများ၏ ကွဲပြားခြားနားသောအဆင့်များ၌ ကွဲပြားသည့် ဈေးနှုန်းများ ရှိသည်။
ရှီဖုန်း စခေါ်သည့်ဈေးက သေချာပေါက်နိမ့်သည်။
ထိုသို့တိုင် အဖွဲ့က ရှီဖုန်းကို နှာခေါင်းရှုံ့လိုက်ပြီး ရှီဖုန်း သူတို့ကို ဆွဲခေါ်ရန်ကြိုးစားနေသည်ဟု ခံစားမိသည်။ သူတို့သည် အစည်းအရုံး၏ ပင်မတပ်ဖွဲ့ဝင်များဖြစ်သော်ငြား အစည်းအရုံးထောက်ပံ့ရေးအမှတ်များ စုဆောင်းနိုင်ရန် အင်မတန်ခက်ခဲသည်။ နောက်ဆုံးတွင် ကိုလာက အဆင့်မြင့်နဂါးဇာစ်မြစ်သလင်းကို ရသွားကာ ညှို့ငင်ခြင်းဆမ်းမားသည် အလယ်အဆင့်သလင်းကို ရသွား၏။ သူတို့ထဲတွင် ညှို့ငင်ခြင်းဆမ်းမားသည် ရေနှင်းဆီနှင့် ခရမ်းတိမ်ထံမှ အမှတ်များကို ချေးခဲ့တာဖြစ်သည်။ ဆိုရလျှင် ညှို့ငင်ခြင်းဆမ်းမားက လက်တလောမှ အစည်းအရုံးထဲ ဝင်ခါစဖြစ်သောကြောင့် မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်မှု သို့မဟုတ် အဆင့်မြင့်စီးနင်းတိုက်ခိုက်မှုတွင် ဝင်ပါခြင်းမရှိ အဆင့်မြင့် အစည်းအရုံးတာဝန်များကိုလည်း လက်မခံရသေးပေ။
ပြီးနောက် ရှီဖုန်းသည် နဂါးဝိညာဥ်ဆေးရည်၏ ထုတ်လုပ်သည့်နည်းလမ်းကို ကိုလာနှင့် ညှို့ငင်ခြင်းဆမ်းမားအား ပေးလိုက်တော့သည်။ ကစားသမားများအဖို့ နဂါးဝိညာဥ်ဆေးရည်ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ ထိုသို့ ထုတ်လုပ်ရန်အတွက် NPC မဟာအဂ္ဂိရတ်ပညာရှင်တစ်ဦးကို ငှားရမ်းရန်လိုအပ်သည်။ ကံဆိုးသည်မှာ NPC မဟာအဂ္ဂိရတ်ပညာရှင်များကိုရှာရန် အင်မတန်ခက်ခဲ၏။ ကံကောင်းသည်မှာ ရှီဖုန်းသည် ထို NPC များကိုရှာနိုင်သည့် နေရာနှစ်နေရာကို သိသည်။ ပထမတစ်နေရာက တိုင်တန်မြို့ဖြစ်၏။ ထိုနေရာတွင် မဟာအဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို အလွယ်တကူရှာနိုင်၏။ ဒုတိယနေရာက ဘလက်ဝင်းမြို့ ဖြစ်သည်။
သို့သော် ထို NPC များကူညီရန် ဖျောင်းဖျဖို့အတွက် သူတို့က NPC များနှင့် သူတို့၏ မျက်နှာသာပေးမှု မြှင့်တင်ရန် လိုအပ်သည်။ မျက်နှာသာပေးမှုက လုံလောက်သည့်အဆင့်သို့ရောက်သည်နှင့် သူတို့က နဂါးဝိညာဥ်ဆေးရည်ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ သို့သော် လိုအပ်သည့်ကုန်ကြမ်းများ စုဆောင်းရခြင်းသည် တာဝန်ကို စိန်ခေါ်ရသည့် တာဝန်တစ်ရပ် ဖြစ်နေ၏။ ကုန်ကြမ်းတိုင်းက အင်မတန်ရှားပါးနေသောကြောင့် ဖြစ်သည်။ ပုံမှန်ဆို အစည်းအရုံးကြီးများသာလျှင် ထိုကုန်ကြမ်းများကို ရနိုင်သည်။ တစ်ကိုယ်တော်ကစားသမားများ သို့မဟုတ် အဖွဲ့တစ်ဖွဲ့အဖို့ အချိန်တိုအတွင်း ၎င်းတို့ကို စုစည်းနိုင်ရန် ခက်ခဲသည်။
ရှီဖုန်းသည် နဂါးဇာစ်မြစ်သလင်းများကို ဖြန့်ဝေပေးပြီးနောက် အဖွဲ့သည် ပန်းပဲခန်းမ၏ အလယ်မှ ဖန်ကွဲသံကို ကြားလိုက်ရသည်။
လူတိုင်းက လှည့်ကြည့်လိုက်၏။ ရုတ်တရက် ပန်းပဲခန်းထဲတွင် လိမ္မော်ရောင်အလင်းတစ်ခု ပေါ်လာတော့သည်။
” မီးလျှံကကြိုးက ထောင်ချောက်ကို ဖယ်ရှားလိုက်ပြီလား … “