ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1147 အသူရာရောက်လာခြင်း
ဖီးနစ်မိုး၏ ဆုံးဖြတ်ချက်ပြတ်သားသော တုံ့ပြန်မှုက မိုင်ထောင်ချီကို ဇဝေဇဝါဖြစ်သွားစေ၏။ ဖီးနစ်မိုးထံမှ ထိုကဲ့သို့ ပွင့်လင်းသော အဖြေမျိုးရလိမ့်မည်ဟု သူ မထင်ထားပေ။
နတ်ဘုရားနယ်မြေထဲသို့ ဝင်ချိန်မှစပြီး ဆန်းကြယ်နှင့် နဂါးဖီးနစ်ပွဲကြည့်စင်သည် ကမ္ဘာပျက်ကပ်အင်ပါယာထဲ၌ အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ဖူးသည်။ မိုးကြိုးကျွန်းကို ရှာတွေ့ချိန်၌ နှစ်ဖက်လုံးက တိုက်ပွဲဝင် ရင်ဆိုင်တိုက်ခိုက်ချိန်၌ သေဆုံးနှုန်း များပြားလွန်းသည်။ သူ၏ တွက်ချက်မှုအရ အစည်းအရုံးတစ်ခုဆီက အနည်းဆုံး လက်ရွေးစင်ကစားသမား နှစ်သိန်းသုံးသိန်း ဆုံးရှုံးလောက်ပြီ ဖြစ်သည်။ ယခုအချိန်တွင် အစည်းအရုံးများအဖို့ သင့်တင့်သလို စကားပြောရန် မဖြစ်နိုင်ပေ။ သူပြောတာကို ဖီးနစ်မိုးနားထောင်စေရန်အတွက် အဆိုပြုချက်များစွာ ပြင်ဆင်လာခဲ့တာ ဖြစ်သည်။ ယခုမူ သူ၏ ပြင်ဆင်မှုက မလိုအပ်တော့ပုံရသည်။ ချက်ချင်းပင် မိုင်ထောင်ချီက ထောက်ခံသည့်သဘောကို ပြလိုက်ပြီး မိုင်ထောင်ချီသည် စာရွက်စာတန်းတစ်ခုကို ထုတ်ကာ ဖီးနစ်မိုးအား ပေးကာ ပြောလိုက်တော့သည်။
” ဒါကို တစ်ချက်ကြည့်ပါ … ”
သဘောတူချက်ကို အတည်ပြုပြီးနောက် ဖီးနစ်မိုးက တစ်ချက်ကြည့်လိုက်သည်။
သဘောတူညီချက်က အလွန်ရိုးရှင်းပေ၏။ အသူရာတိုက်ပွဲဝင်အဖွဲ့သည် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ကို ပြိုင်ပွဲတွင် အနိုင်ယူခွင့်ပေးသရွေ့ ဆန်းကြယ်သည် မိုးကြိုးကျွန်းနှင့် တိုက်ပွဲအတောအတွင်း ဖီးနစ်ပွဲကြည့်စင်နှင့် မည်သည့်အငြင်းပွားမှုမှ မပြုဟု ဆိုခဲ့သည်။
” ဖီးနစ်ပွဲကြည့်စင်သခင် ဒီအခြေအနေကို ဘယ်လိုထင်လဲ … မိုးကြိုးကျွန်းပေါ်က အခြေအနေနဲ့ ရင်းနှီးမယ်လို့ ကျုပ်ယုံကြည်ပြီးသား … လာမဲ့ပြိုင်ပွဲအတွက် ကျုပ်တို့အစည်းအရုံးတွေက ပြင်ဆင်နေတဲ့ အစည်းအရုံးတွေ ပိုတွေ့လာရတာ … မင်းနဲ့ငါနဲ့က မွန်းစတားအခြေစိုက်စခန်းတစ်ခုကို ရအောင်ယူထားနိုင်ဖို့တောင် ရုန်းကန်နေရတာလေ … မိုးကြိုးကျွန်းပေါ်က တခြားသူတွေနဲ့ တိုက်ခိုက်လည်း ငါတို့ နှစ်ယောက်လုံးအတွက် အကျိုးမဖြစ်ထွန်းဘူး … ”
” အစထဲက အသူရာတိုက်ပွဲဝင်အဖွဲ့မှာ အောင်ဖို့အခွင့်အရေးမရှိဘူး … မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ကို အနိုင်ရခွင့် ပေးလိုက်သင့်တယ် … ငါတို့ နိုင်တဲ့ဘက်ကနေလောင်းပြီး မင်းဘာသာမင်း ပိုက်ဆံရှာ … ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ နည်းလမ်းပဲ … ဘယ်လိုထင်လဲ … ”
လက်ရှိတွင် မိုးကြိုးကျွန်းပေါ်၌ လာမည့်တိုက်ပွဲအတွက် ပြင်ဆင်မှုတွင် အမျိုးမျိုးသော အစည်းအရုံးကြီးများက အရင်းအမြစ်များ တင်းကျပ်နေသည်။
မိုင်ထောင်ချီ၏ အမြင်တွင် ဤအဆိုပြုချက်က သူနှင့် ဖီးနစ်မိုးနှစ်ယောက်လုံးအတွက် အကျိုးအမြတ်ရှိစေသည်။ အသူရာတိုက်ပွဲဝင်အဖွဲ့သည် ယခင်ယှဥ်ပြိုင်ပွဲ၌ စွဲဆောင်မှုများ ပြသခဲ့ပြီး သူ၏ အမြင်တွင် နဂါးဖီးနစ်ပွဲကြည့်စင်က တိုက်ပွဲဝင်အဖွဲ့ကို အစွမ်းထက်သော လက်နက်များ၊ ချပ်ဝတ်တန်တာများ ထောက်ပံ့ပေးထားတာ ဖြစ်ရမည်။ ထို့အပြင် ဂလိုးရီးယပ်စ်လိုင်းရွန်း တိုက်ပွဲဝင်အဖွဲ့ကို တိုက်ပွဲဝင်ဝံပုလွေများက ကျော်ထောက်နောက်ခံပြုပေးထားသော်ငြား အစည်းအရုံးသည် ထိုစဥ်က အမှောင်ပြိုင်ကွင်းပေါ်၌ အရေးသိပ်မပါခဲ့ပေ။ ထို့ကြောင့် အသူရာတိုက်ပွဲဝင်အဖွဲ့သည် နောက်ဆုံး၌ ဂလိုးရီယပ်စ်လိုင်းရွန်းတိုက်ပွဲဝင်အဖွဲ့ကို အနိုင်ယူနိုင်ခဲ့တာပဲ ဖြစ်သည်။
သို့သော် အသူရာတိုက်ပွဲဝင်အဖွဲ့၏ လက်ရှိပြိုင်ဘက်က မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ဖြစ်ပြီး ဆန်းကြယ်၏ ထောက်ပံ့ပေးမှုကို ရထားတာဖြစ်သည်။ မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့သည် ဂလိုးရီးယပ်စ်လိုင်းရွန်းတိုက်ပွဲဝင်ထက် အကျိုးအမြတ် ပိုရရှိ၏။ ဆန်းကြယ်၏ ထိပ်သီးကျွမ်းကျင်သူများက အဖွဲ့ထဲတွင် ရှိရုံသာမက ဆန်းကြယ်သည် အံ့မခန်းချပ်ဝတ်တန်ဆာ၊ လက်နက်များ၊ စာအုပ်များကို ထောက်ပံ့ပေးထားတာ ဖြစ်သည်။
မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့က ကျွမ်းကျင်သူအရေအတွက် အရည်အသွေးနှင့် အိုင်တမ်များ အရည်အသွေးကပါ လက်ရှိပြိုင်ဘက်များထက် သာလွန်သည်။ အသူရာတိုက်ပွဲဝင်အဖွဲ့က အနိုင်ရရန် မျှော်လင့်ချက်မရှိပေ။
ထို့ကြောင့် အကျိုးမဲ့စွာ ရုန်းကန်နေမည့်အစား အသူရာတိုက်ပွဲဝင်အဖွဲ့က မိစ္ဆာနဂါးအသင်းအဖွဲ့ကို အနိုင်ရခွင့်ပေးလိုက်လျှင် ပိုကောင်းသွားမှာပဲ ဖြစ်သည်။
ဖီးနစ်မိုးသည် သူမ၏ အရင်းအမြစ်များအားလုံးကို မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ အနိုင်ရမည့်ဘက်တွင် လောင်းခဲ့လျှင် သူမက အချီကြီးပွပေလိမ့်မည်။ ထိုအရင်းအမြစ်များဖြင့် မိုးကြိုးကျွန်းပေါ်ရှိ အာဏာဝေစုတစ်စုကို ရယူနိုင်ရန် အခွင့်အရေးပိုတိုးလာပြီး ကူညီပေးသူများကို ပိုငှားရမ်းနိုင်မှာပဲ ဖြစ်သည်။
အစည်းအရုံးနှစ်ခုကလည်း အငြင်းပွားစရာ မလိုတော့ချေ။ သူပြောတာကို တောင်းဆိုလိုက်ခြင်းအားဖြင့် ဖီးနစ်မိုးသည် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်မှာပဲ ဖြစ်သည်။
” ရှင် ကျွန်မကို ဒီကိုခေါ်ရတာ ဒါကြောင့်လား … ”
ဖီးနစ်မိုးက ထူးမခြားနားပြောလိုက်၏။
” အမှန်ပဲ … အမှောင်ပြိုင်ကွင်းထဲမှာ ဒီလိုမြင့်မားတဲ့ ပေးချေနှုန်းတွေ့ရတာ ရှားပါးတယ်လေ … မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့က အပြည့်အဝအောင်ပွဲရလိုက်ပြီဆိုတာနဲ့ အပြန်အလှန်အနေနဲ့ မင်းက ခုနှစ်ဆရမယ် … ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေနဲ့ ငါတို့အစည်းအရုံးနှစ်ခုစလုံးက မိုးကြိုးကျွန်းမှာ ခြေကုပ်ရယူနိုင်မယ် … ”
မိုင်ထောင်ချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
” ကျွန်မ ငြင်းရင်ရော … ”
ဖီးနစ်မိုးက ပြောလိုက်၏။
သူမသည် ရှီဖုန်းနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့စဥ်က အသူရာတိုက်ပွဲဝင်အဖွဲ့ကို ဝင်စွက်ဖက်ခြင်းမပြုဟု သဘောတူခဲ့သည်။ ရှီဖုန်းက အဖွဲ့၏ အကျိုးအမြတ်တစ်ဝက်ကို သူမကို ပေးရန်သာ လိုအပ်သည်။ ဒါ့အပြင် သူမ၏ အဓိကပန်းတိုင်က အသူရာတိုက်ပွဲဝင်အဖွဲ့ကို အမှောင်ပြိုင်ကွင်း၏ ပွဲကျင်းပသူ ရာထူးအဖြစ်ယှဥ်ပြိုင်နိုင်ရန် တည်ဆောက်လိုတာပဲ ဖြစ်သည်။
မိုင်ထောင်ချီသည် သူ၏ ကမ်းလှမ်းမှုက သင့်တော်သည်ဟု ထင်ရသော်ငြား အမှောင်ပြိုင်ကွင်းထဲတွင် တစ်ပွဲရှုံးနိမ့်ခြင်း၏ နောက်ဆက်တွဲက ပွဲစဥ်တစ်ပွဲ ရှုံးနိမ့်တာထက် ပိုပေလိမ့်မည်။ ပုံမှန်ဆို တိုက်ပွဲဝင်အဖွဲ့များသည် အခမ်းအနားမှူးနေရာ စိတ်ခေါ်ခွင့်ကို ရရှိရန်အတွက် ယှဥ်ပြိုင်ပွဲဆယ်ပွဲတွင် ရှစ်ပွဲရရန် လိုအပ်သည်။ သို့သော် ယှဥ်ပြိုင်ပွဲ၏ ရလဒ်များကို အစည်းအရုံးများ အပြည့်အဝ တမင်တကာထိန်းချုပ်ထားမှာကို ကာကွယ်ရန်အတွက် ရှုံးနိမ့်သည့် မည်သည့်တိုက်ပွဲဝင်အဖွဲ့မဆို အမှောင်ပြိုင်ကွင်း၏ ယှဥ်ပြိုင်မှုများမှ အချိန်ကာလတစ်ခုကြာတားမြစ်ခံထားရမှာပဲ ဖြစ်သည်။ ထို့အပြင် တိုက်ပွဲဝင်အဖွဲ့၏ ယခင်အောင်မြင်မှုကလည်း သုညသို့ရောက်သွားမည်။
ဥပမာအနေဖြင့် အသူရာက ဂလိုးရီးယပ်စ်လိုင်းရွန်းတိုက်ပွဲဝင်အဖွဲ့ကို အနိုင်ယူခဲ့ပြီးနောက် ယခုအချိန်တွင် ၎င်းသည် ယှဥ်ပြိုင်ပွဲမှ အဘမ်းခံထားရသေးဆဲ ဖြစ်သည်။ ဘမ်းထားတာ ပြီးသွားသည့်အချိန်တွင်တောင် အဖွဲ့၏ ယခင် အောင်မြင်မှုနှစ်ပွဲက ထည့်တွက်မှာ မဟုတ်ပေ။
သို့သော် အမှောင်ပြိုင်ကွင်းက နေ့စဥ်နှင့်အမျှ ပြင်စထန်မှုတို့ တိုးလာသည်။ လူတိုင်းက အမှောင်ပြိုင်ကွင်း၏ ပွဲကျင်းပသူနေရာကို လိုချင်နေကြ၏။ ထို့အပြင် စိတ်လေဟာနယ်စနစ်က စတင်လာပြီဖြစ်သောကြောင့် အမျိုးမျိုးသော ကော်ပိုရေးရှင်းများသည် အမှောင်ပြိုင်ကွင်းထဲ၌ ပေါင်မုန့်၏ ဝေစုတစ်ခုကို လိုချင်နေကြပြီ ဖြစ်သည်။
ပါဝင်ယှဥ်ပြိုင်သူ တစ်ဦးထဲသာဆိုလျှင် ယှဥ်ပြိုင်ပွဲက ရက်အနည်းငယ်တစ်ကြိမ် သို့မဟုတ် တစ်ပတ်လျှင် တစ်ကြိမ် ကျင်းပမှာပဲ ဖြစ်သည်။ ထို့အပြင် ယှဥ်ပြိုင်သူများက အနိုင်ရလျှင် အကျိုးအမြတ်သာ ရမည်။ တစ်ဖက်တွင်မူ ပွဲကျင်းပသူသည် မည်သည့် အသင်းတိုင်းဆီကမဆို ပွဲစဥ်တိုင်း၌ ကြီးပွားချမ်းသာမှာပဲ ဖြစ်သည်။
ယှဥ်ပြိုင်ပွဲများကို ကြည့်ပြီး လောင်းကြေးများထပ်နိုင်သော်ငြား လောင်းကစားတိုင်း၌ စွန့်စားမှုက ပါလာသည်။ ထိုအပြင် ပွဲကျင်းပသူက အရူးမဟုတ်ပေ။ ပြိုင်ပွဲတိုင်းအတွက် ရှင်းရှင်းလင်းလင်း အနိုင်ရသူများအတွက် ပေးချေသည့်နှုန်းက အလွန်နိမ့်သွားပေလိမ့်မည်။ တစ်ယောက်က လောင်းရာတွင် တစ်ကြိမ်နိုင်လျှင်တောင် အနည်းငယ်သာ ရမှာပဲ ဖြစ်၏။ တိုက်ပွဲဝင်အဖွဲ့က လောင်းကြေးကို ဖြတ်တောက်ပြီးသည့်အပြင် သူတို့တိုက်ပွဲဝင်အဖွဲ့က ရလာသည့် ပမာဏနှင့် ဝေးသေးသည်။ အဆုံးတွင်မူ အခမ်းအနားမမှူးကသာလျှင် အားလုံးထက် ပိုရသူဖြစ်သည်။
လက်တလော၌ အမှောင်ပြိုင်ကွင်းသည် ယှဥ်ပြိုင်ပွဲများ ပိုကျင်းပလာပြီး အရေအတွက်က ဆက်လက်တိုးလာအုံးပေမည်။ အမှောင်ပြိုင်ကွင်း၏ ပွဲကျင်းပသူဖြစ်ခြင်းက အကျိုးအမြတ် မည်မျှရှိကြောင်း မှန်းဆနိုင်ပေ၏။
ထို့ကြောင့် မည်သည့်တိုက်ပွဲဝင်အဖွဲ့ကမူ ရှုံးလိုစိတ်မရှိပေ။ သူတို့က အလုံးစုံရှုံးနိမ့်ခြင်းကို ရှောင်ရှားချင်ကြသည်။
” ဖီးနစ်ပွဲကြည့်စင်သခင် ပိုက်ဆံကို ဒီလောက်တောင်မုန်းလား … ”
မိုင်ထောင်ချီက ပြောပြီး မျက်နှာထက်ရှိ နွေးထွေးသည့်အပြုံးက အေးစက်မှုအဖြစ် ပြောင်းလဲသွားတော့သည်။
” အသူရာတိုက်ပွဲဝင်အဖွဲ့ရဲ့ ရှုံးနိမ့်မှုက သတ်မှတ်ပြီးသားပဲ … မင်းရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် ငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းရတာ တကယ်တန်လို့လား … ငြင်းခဲ့ရင် ရွေးချယ်စရာမရှိဘူး … နဂါးဖီးနစ်ပွဲကြည့်စင်သခင်ကို သွားရှာပြီး သူနဲ့ ညှိနှိုင်းရမှာပဲ … မိုးကြိုးကျွန်းအတွက် သူ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုတာ ယုံကြည်တယ် … သူက အသူရာတိုက်ပွဲဝင်အကြောင်း မဟာပွဲကြည့်စင်သခင်ကို ပြောနိုင်ခြေလည်း ပိုမြင့်တယ် … ဖီးနစ်ပွဲကြည့်စင်က မင်းကို အဆင်အခြင်မဲ့ လှုပ်ရှားခွင့်ပေးမှာ မဟုတ်ဘူး … ”
နဂါးကိုးကောင်ဧကရာဇ်သည် အသူတိုက်ပွဲဝင်အဖွဲ့နှင့် အဆက်အဆက်မရှိကြောင်း ရှာတွေ့ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပြီ ဖြစ်သည်။ ဖီးနစ်မိုးက အဖွဲ့ကို သူမဘာသာတည်ထောင်ခဲ့တာပဲ ဖြစ်သည်။ သို့သော် နဂါးကိုးကောင်ဧကရာဇ်သည် တိုက်ပွဲဝင်အဖွဲ့ကို ဝင်မစွတ်ဖတ်နိုင်သော်ငြား သူသည် နဂါးဖီးနစ်ပွဲကြည်စင်၏ စစ်မှန်သောအုပ်ချုပ်သူ မဟာပွဲကြည့်စင်သခင်ဆီ သတင်းပို့နိုင်၏။ ထိုအချိန်ရောက်လျှင် ဖီးနစ်မိုးက အနေခက်သည့် အခြေအနေသို့ တွန်းပို့ခံရမှာပဲ ဖြစ်သည်။
” ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား … ”
ဖီးနစ်မိုးက မေးပြီး သူမ၏ အသံက အနည်းငယ် နိမ့်သွားတော့၏။
” မဟုတ်ဘူး … ဒါက ကြင်နာတဲ့ သတိပေးချက်ပါ … ”
မိုင်ထောင်ချီကပြောပြီး ပြုံးလိုက်၏။ သူသည် ဖီးနစ်မိုး၏ ဒေါသတကြီးတုံ့ပြန်မှုကြောင့် တွန့်ဆုတ်သွားတာမျိုး မရှိပေ။
” ရှင် သတိပေးတာအတွက် ကျေးဇူးတင်ပါတယ် … ကျွန်မ ဖြေရှင်းစရာကိစ္စလေးတွေ ရှိသေးတယ် … ဒါကြောင့် သွားလိုက်ပါအုံးမယ် … ”
ဖီးနစ်မိုးသည် မိုင်ထောင်ချီကို ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
အသူရာတိုက်ပွဲဝင်အဖွဲ့အကြောင်း သူမ ပိုင်သည့်လျှို့ဝှက်ချက်အကြောင်း ပေါ်သွားခဲ့လျှင် နဂါးကိုးကောင်ဧကရာဇ်နှင့် ဆန်းကြယ်တို့ပူးပေါင်းရန် သဘောတူခဲ့ပါက နဂါးဖီးနစ်ပွဲကြည့်စင်အတွင်း သူမ၏ ဖွံ့ဖြိုးတိုးတက်မှုက ထိခိုက်ပေလိမ့်မည်။ သို့သော် ထိုလူ၏ ခြိမ်းခြောက်မှုကို ကြောက်နေရလောက်သည်အထိ ပြင်းထန်ရန်မလိုပေ။ မိုးကြိုးကျွန်းပေါ်၌ စစ်ဆင်ရေးအောင်မြင်သရွေ့ နဂါးဖီးနစ်ပွဲကြည့်စင်ထဲရှိ သူမ၏ ရာထူးက ယိမ်းယိုင်သွားမှာ မဟုတ်ပေ။
” သူက မျက်နှာသာပေးမှုကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ မသိတာပဲ … ”
ဖီးနစ်မိုး ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ပြီး မိုင်ထောင်ချီ၏ မျက်လုံးထဲ၌ ဒေါသမီးတောက်များ တောက်လောင်လာ၏။
” မာ့ရှ် … ဆန်းကြယ်နဂါးနဲ့ ကျန်တဲ့သူတွေဆီ လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ ငှားလိုက် … အစီအစဥ် ကျရှုံးပြီဆိုမှတော့ မူလအစီအစဥ်အတိုင်းသွားကြမယ် … ”
အစက မိုင်ထောင်ချီသည် သူတို့ခွန်အားအစစ်အမှန်ကို မပြသပဲ မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့အတွက် အပြည့်အဝ အောင်ပွဲတစ်ခုကို စိတ်ချစေချင်ခဲ့သည်။ ဆိုရလျှင် ယင်းက လာမည့်ယှဥ်ပြိုင်ပွဲတွင် သူတို့ကို အကျိုးဖြစ်ထွန်းစေမှာပဲ ဖြစ်သည်။ ယခု ဖီးနစ်မိုးက သူပြောဆိုတာကို ငြင်းပယ်ခဲ့ပြီဖြစ်ရာ အသူရာတိုက်ပွဲဝင်အဖွဲ့သည် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့နှင့် ယှဥ်ပြိုင်ရာတွင် စွမ်းအားမည်မျှမဲ့ကြောင့် ပြသပြီး သူမ၏ ဆုံးဖြတ်ချက်ကို နောင်တရအောင်ဖိအားပေးတော့မှာ ဖြစ်သည်။
” နားလည်ပါပြီ … ”
ဆိုင်းလန့်မာ့ရှ်က ခေါင်းညိတ်ပြီး ထွက်သွားတော့၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည် အမှောင်ပြိုင်ကွင်းထဲတွင် လူများပိုရောက်လာပြီး ဖီးနစ်မိုးကမူ မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့အကြောင်း သိရန်အတွက် သူမ၏ လက်အောက်ငယ်များနှင့် အပတ်တကုတ် ကြိုးစားနေလေသည်။ တစ်ချိန်ထဲတွင် သူမက အသူရာတိုက်ပွဲဝင်အဖွဲ့အတွက် ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာ အချို့ရရန်အတွက် အဆက်အသွယ်အချို့သုံးလိုက်သည်။ ယှဥ်ပြိုင်ပွဲ စတင်တော့မည်ဖြစ်ရာ ဘလူးဖီးနစ်သည် ဖီးနစ်မိုးရှိသည့် အထူးဧည့်သည်တော်အခန်းထဲသို့ ကမန်းကတမ်း ဝင်လာ၏။
” အစ်မကြီးမိုး … ဇီးရိုးဝင်းရဲ့ အဖွဲ့ဝင်တွေ ရောက်လာပြီ … ဒါပေမဲ့ … ”
” ဒါပေမဲ့ ဘာလဲ … ”
” သူတို့က ဒီတစ်ခေါက် လူငါးယောက်ပဲ ပို့လိုက်တယ် … ”
” ငါးယောက်လား … သူတို့က ဒီပြိုင်ပွဲကို နိုင်ချင်တာလား မနိုင်ချင်တာလား … “