ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1153 တစ်ဖတ်သတ် အနိုင်ကျင့်ခြင်း။
ညှို့ယူခြင်းဆမ်းမားသည် သူမ၏ တောင်ဝှေးကို အစားထိုးနေချိန် သူမ၏ အရှိန်အဝါက စတင်ပြောင်းလဲလာ၏။
ညှို့ယူခြင်းဆမ်းမားသည် ယခင်က နွေးထွေးသော နေတစ်စင်းပမာ ဖြစ်နေခဲ့သည်ဆိုလျှင် ယခုမူ လတစ်စင်းပမာ အေးစက်နေ၏။ ထို့အပြင် သူမ၏ အရှိန်အဝါတစ်ခုတည်း ပြောင်းလဲသွားတာ မဟုတ်ပေ။ မီးခိုးရောင် မြူအလွှာဖျော့ဖျော့ကလည်း သူမနားတစ်ဝိုက်၌ ပေါ်လာပြီး အမြင်အာရုံကို ဟန့်တားလိုက်၏။
” အဲ့ဒါက တောင်ဝှေးလား။ ဘာကြောင့် အနီးကပ် လက်နက်တစ်ခုနဲ့ ပိုတူနေရတာလဲ “
လူအုပ်ကြီးသည် ညှို့ယူခြင်းဆမ်းမားကို ဓာတ်ကြီး လေးပါး အသုံးပြုသူအစား သေမင်းနတ်ဘုရားတစ်ပါးနှင့် ပိုတူသည်ဟု တွေးမိကြသည်။
” ဒီလက်နက်က အစွမ်းထက်တဲ့ ဖိနှိပ့်မှုတွေ
ပေးနိုင်တာ။ အံ့ဖွယ် လက်နက်ဆိုတာ လောင်းရဲတယ်။ အခုချိန်မှာ လက်နက်လဲတာက ဘာမှ သိပ်အကျိုးမထူးတာ နှမြောစရာပဲ။ ဒီလောက်များတဲ့ အရိုးခြောက် စစ်သည်တော်တွေနဲ့ အရိုးခြောက် ရှေးသူရဲကောင်းနဲ့ဆို သူ့မှာ ရွေးချယ်စရာ မရှိလောက်ဘူး။ ဆိုင်းလန့်မာ့ရှ်က စင်ရဲ့ တခြားတစ်ဖက်မှာ အခွင့်အရေးကို စောင့်နေပြီလေ “
” ငါ သိတယ်။ အောက်လမ်းဆရာ အမျိုးအစားက တစ်ယောက်ချင်း တိုက်ခိုက်မှုမှာ တကယ်ဖောက်ဝင်နိုင်တယ် “
ပွဲကြည့်ပရိသတ်များက ညှို့ယူခြင်းဆမ်းမား၏ လက်နက်အသစ်သည် အတော်အစွမ်းထက်ကြောင်း သဘောပေါက်သော်ငြား လက်နက်တစ်ခုတည်းက တိုက်ပွဲ၏ ရလဒ်ကို မပြောင်းလဲနိုင်ပေ။ ဆိုရလျှင် တိုက်ခိုက်ရေးသမားများကြားရှိ ခွန်အား ကွာဟချက်က ကြီးမားလွန်းနေသည်။
ယခုအချိန်ထိ ကြည့်လိုက်လျှင် အမြို့မြို့သော အစည်းအရုံးကြီးများမှ အထက်အရာရှိများသည် အထွတ်အထိပ် အမျိုးအစား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း နောက်ဆုံးတော့ သဘောပေါက်သွားကြပြီ ဖြစ်သည်။
ပရိသတ်၏ ကျန်သည့်သူများနဲ့ မတူပဲ အထူးဧည့်သည်တော်အခန်းထဲတွင် ထိုင်နေသော အန့်လတ်စ်စကားမူ ညှို့ယူခြင်းဆမ်းမားက လက်ထဲရှိ သေခြင်းတရား၏ တမ်းတခြင်းကို ဂရုတစိုက် လေ့လာလိုက်သည်။ လက်နက်ကို လေ့လာပြီး စိတ်ဝင်စားမှုတို့တို့ တိုးလာလေဖြစ်၏။
ဘရိဇ်ဝိုင်ကလည်း သေခြင်းတရား၏ တမ်းတခြင်းကို ကြည့်နေပြီး သူ၏ အမူအယာက ပိုမို တွေးနေပုံ ပေါ်တော့၏။
” အန့်လတ်စ် .. အဲ့ဒီလက်နက်က ရှေးစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လက်နက်နဲ့ တူတယ်လို့ မထင်ဘူးလား ” ဘရိဇ်ဝိုင်က မေးလိုက်၏။
သန်းခေါင်ယံည လက်ဖက်ရည် ပါတီသည် အင်မတန် အန္တရာယ်များသော တည်နေရာများစွာကို စူးစမ်းရှာဖွေခဲ့၏။ သူတို့၏ စွန့်စားနေစဥ်အတောအတွင်း လျှို့ဝှက်နေရာထဲရှိ ရှေးဟောင်းစာအုပ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုစာအုပ်က အစွမ်းထက်သည့် အရည်အချင်းများ မပိုင်ဆိုင်ထားသော်ငြား ရှေးယခင်တည်းက လက်ဆင့်ကမ်းလာခဲ့တာပဲ ဖြစ်သည်။ လက်နက်များစွာကို ထိုထဲ၌ မှတ်တမ်းတင်ထားပြီး ကစားသမားများစွာသည် ထိုလက်နက်တိုင်းကို နတ်ဘုရား အိုင်တမ်များသဖွယ် သတ်မှတ်နိုင်၏။
ညှို့ယူခြင်းဆမ်းမား၏ လက်ရှိလက်နက်သည် ရှေးစာအုပ်အတွင်းရှိ လက်နက်များထဲမှတစ်ခုနှင့် အလွန်ဆင်တူနေသည်။
” ဆင်တူတယ်။ ဒါပေမဲ့ အတော်ကွဲပြားတယ်။ ဒါပေမဲ့ ဒါအစစ် ဟုတ်ပါ့မလားလို့ တွေးမိတယ်။ ဘယ်လိုပဲတွေးတွေး လက်ရှိ ကစားသမားတွေအဖို့ အဲ့ဒီလက်နက်ကို လက်ထဲရောက်အောင် ယူထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ”
အန့်လတ်စ်စကားက ဘရိဇ်ဝိုင်၏ ပြောကြားချက်ကို ငြင်းပယ်လိုက်၏။
ရုတ်တရက် ဆိုင်းလန့်မာ့ရှ်က စတင် တိုက်ခိုက်တော့သည်။
ချက်ချင်းပင် အောက်လမ်းဆရာက သူမ၏ အရိုးခြောက် ရှေးသူရဲကောင်းနှင့် အရိုးခြောက် စစ်သည်တော်များကို ညို့ငင်ခြင်း ဆန်းမားကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်လိုက်တော့သည်။ ဤနည်းဖြင့် ဓာတ်ကြီး လေးပါးအသုံးပြုသူသည် သူမကိုသူမ မခုခံနိုင် ဘလင့်စ်လည်း သုံး၍ မရနိုင်တော့ပေ။ အဆုံးတွင် ညို့ငင်ခြင်း ဆန်းမားက အဝိုင်းခံရပြီး အသတ်ခံရပေမည်။
အရိုးခြောက် ရှေးသူရဲကောင်းနှင့် အရိုးခြောက် စစ်သည်တော်များ ညို့ငင်ခြင်း ဆန်းမားမှ နီးကပ်လာသည်နှင့် သူမက အလွှာတစ်ကတောင် နှင်းမုန်တိုင်းကို အသုံးပြုလိုက်သည်။
နှင်းမုန်တိုင်းက ၁၀ကိုက်၊ ကိုက် ၂၀ ဧရိယာကို
လွှမ်းခြုံသွားပြီးနောက် သူ၏ အကွာအဝေးအတွင်းရှိ အရိုးခြောက် စစ်သည်တော်တိုင်းကို ရေခဲရုပ်တု ဖြစ်သွားစေ၏။ အရိုးခြောက် စစ်သည်တော်များ၏ ခေါင်းအထက်၌ အနုတ် ၆၀၀၀ ထိခိုက်မှု ပေါ်လာသည်။
ညို့ငင်ခြင်း ဆန်းမားက မျက်မှောင်ကျုံ့သွား၏။
မသေမျိုး မွန်းစတားများ၏ ခုခံမှုက သူမ ထင်ထားသည်ထက် ပိုမြင့်နေသည်။ သူမက ဧရိယာ ကြီးမားသည့် အဖျက် ဂါထာ ကတောင် မသုံးနိုင်လျှင် HP ၄၅၀၀၀ရှိသည့် ရှေး သူရဲကောင်းနှင့် အရိုးခြောက် စစ်သည်တော်များကို ချက်ချင်း သတ်နိုင်မှာ မဟုတ်ပေ။
” နင့်ရဲ့ စွမ်းအားတွေ ဖြုန်းတာ ရပ်လိုက်တော့။ အရိုးခြောက်စစ်သည်တော်ရဲ့ မှော်ခုခံမှုနဲ့ဆို အလွှာတစ်ကာတာကနေ သူတု့ လက်ခံရရှိတဲ့ ထိခိုက်မှုက ၇၀ ရာခိုင်နှုန်း လျှော့ချခံရမှာပဲ။ မင်းက အံ့ဖွယ် လက်နက်ပြောင်းလိုက်တယ် ဆိုရင်တော့ သူတို့ကို မယှဥ်နိုင်သေးဘူး ”
ဆိုင်းလန့်မာ့ရှ်က ပြောပြီး နှာခေါင်းရှုတ်လိုက်၏။
” ဒါမှမဟုတ် ကွာဟချက်ကို နင်က အံ့ဖွယ် လက်နက်တစ်ခုတည်းနဲ့ ဖြည့်ဆည်းနိုင်မယ်လို့ ထင်နေတာလား။ ငါ့မှာလည်း ကိုယ်ပိုင် အံ့ဖွယ် တောင်ဝှေး ရှိတယ်ဆိုတာ မမေ့နဲ့ “
ဆိုင်းလန့်မာ့ရှ် ပြောပြီးသည်နှင့် အဖြူရောင် အရိုးလှံခြောက်စင်းက သူမနားတွင် ထပ်မံရစ်ဝဲလာပြန်၏။
” ဒီတိုက်ကွက်ကို ခုခံဖို့ နင့်ရဲ့ အသက်ကယ်စကေးကို သုံးခဲ့ပြီးပြီ။ ဒီတစ်ခေါက် နင်ဘယ်လို အသက်ရှင်ရလိမ့်မလဲဆိုတာ မြင်ချင်တယ် ”
ဆိုင်းလန့်မာ့ရှ်က အော်လိုက်ပြီးနောက် တောင်ဝှေးကို ဝှေ့ရမ်းလိုက်၏။
ချက်ချင်းပင် အရိုးလှံ ခြောက်စင်းက ညို့ငင်ခြင်း ဆန်းမားဆီသို့ တိုးဝင်သွားတော့၏။ ထိုအချင်းအရာကို မြင်သောအခါ ပရိသတ်တို့က ပွဲပြီးသွားသည်ဟု ယူဆနေကြသည်။
အခြေခံ အရည်အချင်းဖြစ်စဥ် အမျိုးအစားဖြစ်စေ၊ ဆိုင်းလန့်မာ့ရှ်က ညို့ငင်ခြင်း ဆန်းမားထက် သာလွန်သည်။ ညို့ငင်ခြင်း ဆန်းမားအဖို့ အံ့ဖွယ် တောင်ဝှေးတစ်ခုတည်းကို အားကိုးခြင်းဖြင့် အနိုင်ရဖို့ မသေချာနိုင်ပေ။
” ပြီးသွားပြီ “
” ဒါပေမဲ့ အသူရာ တိုက်ပွဲဝင်အဖွဲ့က ဒီပွဲမှာ အချည်းနှီး ရှုံးနိမ့်သွားတာ မဟုတ်ဘူးလေ။ ဘာအားသာချက်မှ မရှိပဲနဲ့ ရှုံးသွားတာက သဘာဝမကျတာမှ မဟုတ်တာ “
လူအုပ်ကြီးက အသူရာတိုက်ပွဲဝင် အဖွဲ့ကို ဂရုဏာသက်မိကြတော့သည်။
နှစ်ဖွဲ့လုံး၌ အစည်းအရုံးတစ်ခု၏ ထောက်ပံ့မှု ရှိသော်ငြား အစည်းအဝေးနဲ့ ဆန်းကြယ်ကြောင်း ကွာဟချက်က ကြီးမားလွန်းသည်။ ယခင် ယှဥ်ပြိုင်မှုအတွင်း အသူရာတိုက်ပွဲဝင် အဖွဲ့သည် သူတို့၏ အခြေခံ အရည်အချင်းများ လက်နက်များနှင့် ချပ်ဝတ်တန်ဆာကို အားကိုးပြီး အောင်ပွဲရအောင် ယူခဲ့သည်။ ကံဆိုးသည်မှာ သူတို့က မိစ္ဆာနဂါး တိုက်ပွဲဝင် အဖွဲ့နှင့် အဖွဲ့ထက် ကဏ္ဍတိုင်း၌ အားနည်းနေသည်။
ဖုန်း။
ပေါက်ကွဲသံက ကွင်းပြင်ထဲ၌ ပျံ့နှံ့သွားပြီး မီးခိုးများ ဖုန်များက လေထဲ တထောင်းထောင်း တက်လာ၏။
” ဟမ် “
ဆိုင်းလန့်မာ့ရှ်က မျက်မှောင်ကျုံ့သွားပြီး ဖုန်မှုန့်များ မီးခိုးများကြားထဲ၌ ရပ်နေသော ညို့ငင်ခြင်း ဆန်းမားကို ဇဝေဇဝါ ကြည့်နေလိုက်သည်။
ညို့ငင်ခြင်း ဆန်းမားသည် အရိုးလှံ ခြောက်စင်းကို ရှောင်တိမ်းခဲ့သည်။ ဓာတ်ကြီး လေးပါး အသုံးပြုသူက သူမကိုသူမ ကာကွယ်ရန် စကေးများကို အသုံးပြုခဲ့သည်။ မည်သည့် မှော်အမျိုးအစားကမှ ထိုကဲ့သို့ ရိုးရှင်းသော အမှားကို ပြုလုပ်မှာ မဟုတ်ပေ။
အရိုးလံလေးစင်းက ညို့ငင်ခြင်း ဆန်းမားကို ထိသွားပြီး သူမ၏ HP က ၅၀ရာခိုင်နှုန်းအောက် လျော့သွား၏။ သူမက နောက်ထပ် အရိုးဖြူ လှံနှင့် ထိမိသွားလျှင် ဓာတ်ကြီး လေးပါး အသုံးပြုသူ၏ အသက်ကို ယူဆောင်နိုင်မှာပဲ ဖြစ်သည်။ လက်တွေ့တွင်မူ ဆိုင်းလန့်မာ့ရှ် သူ့ကို မတိုက်ခိုက်လျှင်တောင် သူမက အရိုးစုများက ညို့ငင်ခြင်း ဆန်းမားကို အလွယ်တကူ အနိုင်ယူနိုင်ပေ၏။
” လက်လျှော့လိုက်ပြီလား “
ဆိုင်းလန့်မာ့ရှ်က မရယ်ပဲ မနေနိုင်တော့ချေ။
” လက်လျှော့တာလား ”
ညို့ငင်ခြင်း ဆန်းမားက ခေါင်းခါလိုက်၏။ သူမက တခစ်ခစ် ရယ်မောကာ ပြောလိုက်တော့သည်။
” ကျွန်မ လက်မလျှော့ပါဘူး။ ဆိုင်းလန့်မာ့ရှ် ကျွန်မ ရှင့်ကို ကျေးဇူးကြွေးတင်သွားပြီ “
” ကျေးဇူးတင်တာလား ”
ဆိုင်းလန့်မာ့ရှ်က ဇဝေဇဝါ ဖြစ်သွား၏။
” ငါ့ရဲ့ အလုံးစုံ ခွန်အားနဲ့ နင့်ကို ဖိနှိပ့်တာအတွက် ကျေးဇူးတင်တာလား “
” မဟုတ်ဘူး။ ဒီသေခြင်းတရား၏ တမ်းတမှုက အလွန်ထူးခြားတဲ့ တောင်ဝှေးတစ်ခုနှင့် အသုံးပြုသူရဲ့ HP က ၅၀ရာခိုင်နှုန်းအောက် ရောက်သွားမှာပဲ။ သူ့ရဲ့ စစ်မှန်တဲ့ အလားအလာကို ပြသနိုင်တာ ”
ညို့ငင်ခြင်း ဆန်းမားက ထိုသို့ပြောပြီးနောက် သူမ အသံထဲ၌ ကူကယ်ရာမဲ့မှုများ ပြည့်နေကာ လက်ထဲရှိ ကျိုင်းကို ကြည့်လိုက်သည်။
” နင့်ရဲ့ အကြံနဲ့ Hp တစ်ဝက်အောက် လျော့သွားပြီဆိုတာနဲ့ ငါကို အနိုင်ယူနိုင်တယ်လို့ ပြောဖို့ ကြိုးစားနေတာလား ”
ဆိုင်းလန့်မာ့ရှ်က ဓာတ်ကြီး လေးပါး အသုံးပြုသူကို ကြည့်လျက် ထိုအမျိုးသမီးကို လှောင်ပြောင် အထင်သေးသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
သူမတွင် အံ့ဖွယ်တမင်သက်သက် အိုင်တမ်သုံးမျိုးရှိပြီး အိုင်တမ်တိုင်း၌ အံ့သြဖွယ်ကောင်းသော အာနိသင်ရှိ၏။ သူတို့၏ အာနိသင်ကို အကုန်တောင် မသုံးရသေးပေ။ ညို့ငင်ခြင်း ဆန်းမားက အံ့ဖွယ် တောင်ဝှေးအစွမ်းများဖြင့် သူမကို အနိုင်ယူနိုင်သည်ဟု တွေးနေတာက အိမ်မက်မက်နေခြင်းသာ ဖြစ်သည်။
” မဟုတ်ဘူး။ အနိုင်ယူတာ မဟုတ်ဘူး ”
တခစ်ခစ် ရယ်မောလျက် ညို့ငင်ခြင်း ဆန်းမားက ပြောလိုက်တော့သည်။
” ဒါက တစ်ဖက်သတ် အနိုင်ကျင့်တာ ဖြစ်မှာပဲ “
ညို့ငင်ခြင်းဆန်းမား၏ ယုံကြည်ချက်ကို ကြားသောအခါ ဆိုင်းလန့်မာ့ရှ်က ချက်ချင်း ဒေါသထွက်သွားတော့သည်။ သူမ၏ မှော်ဆရာ တောင်ဝှေးကို ခပ်သာသာ ဝှေ့ရမ်းလျက် တောင်ဝှေး၏ စကေးများထဲမှ တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
ဝိညာဥ်ဓာတ်စွမ်းအား ချဲ့ထွင်မှု။
စကေးအားလုံး၏ အာနိသင်ကို ရွတ်ဆိုသူသည် ၅၀၀ရာခိုင်နှုန်း ၁၀စက္ကန့်တာ တိုးမြင့်ပေး၏။ ပြန်လည် အသုံးပြုနိုင်ရန် စောင့်ဆိုင်းရချိန် ၂နာရီ။
ယခုဆို ဆိုင်းလန့်မာ့ရှ်က အဆင့်တူ ခမ်းနားသော အရှင်ကို ရင်ဆိုင်နိုင်ရန် လုံလောက်အောင် သန်မာနေပြီဖြစ်သည်။
ချက်ချင်းပင် အရိုးဖြူ လှံ အဆင့် ၃၀က ဆိုင်းလန့မာ့ရှ်နား တစ်ဝိုက်၌ ပေါ်လာသည်။ ထိုခဏ၌ လှံများက ယခင် လှံများထက် စွမ်းအား ပိုမြင့်နေသည်။
ပရိသတ်က ဆွံ့အသွားကြသည်။
” ပေါက်တက်ကရ .. ဒါက စွမ်းအား လွန်ကဲလွန်းတယ် “
” သူက အစွမ်းထက်လွန်းတာပဲ။ ငါ ၁၀ယောက်တောင် သူ့ကို မဖြေရှင်းနိုင်ဘူး “
” ဒါက ပြစ်ဒဏ်ပေးခြင်း တပ်မဟာရဲ့ ဒုခေါင်းဆောင် ခွန်အားလား “
ထိုကစားသမားများသည် ဆိုင်းလန့်မာ့ရှ်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရန် မျှော်လင့်ချက် မရှိတော့ဘူးဟု တွေးမိခဲ့လျှင် ယခုမူ သူမကို ပြိုင်ဘက်ကင်း မွန်းစတား တစ်ကောင်ဟု သူတို့ ခံစားမိနေကြပြီ ဖြစ်သည်။
” ပြာဖြစ်လိုက်တော့ “
ဆိုင်းလန့်မာ့ရှ်က တောင်ဝှေးကို ညို့ငင်ခြင်းဆန်းမားဆီ ဝှေ့ရမ်းလိုက်၏။
ရွှီး.။
အရိုးလှံ အစင်း ၃၀က ဓာတ်ကြီး လေးပါးအသုံးပြုသူဆီ သွားလျက် သူမကို ရှောင်တိမ်းစရာနေရာ မရှိ ဖြစ်စေသည်။
” ကျွနမလည်း ဒါကို စောင့်နေတာလေ “
ညို့ငင်ခြင်း ဆန်းမားသည် လှံများ ဝင်ရောက်လာမှုကို အနှောက်အယှက် မဖြစ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက စိတ်လှုပ်ရှားပုံ ပေါ်နေ၏။ သေခြင်းတား၏ တမ်းတမှုကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ကိုင်ထားလျက် လက်နက်ကို ရန်သူ အောက်လမ်းဆရာသို့ ဝှေ့ရမ်းလိုက်၏။
ဘန်း။
ထပ်ကွဲသံက ပရိသတ်များဆီ ရောက်လာတော့သည်။ ညို့ငင်ခြင်းဆန်းမားရှေ့ရှိ လေဟာနယ်က ပြတင်းပေါက်နှစ်ခြမ်းကွဲသွားသလို ကွဲထွက်သွားသည်။
ပြီးနောက် ၀င်ရောက်လာသော အရိုးလှံများနှင့် အရိုးခြောက်တပ်မဟာက ပြာများ ဖုန်များဖြင့် ပြောင်းလဲသွားတော့သည်။
ဆိုင်းလန့်မာ့ရှ်က တစ်ခုခုပြောရန် ကြိုးစားသော်ငြား သူက မြေကြီးပေါ် ရုတ်တရက် လဲပြိုသွား၏။ အမြင်အာရုံက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ကိုတောင် မြင်ရတော့သည်။
လူတိုင်း မတုံ့ပြန်နိုင်ခင် စနစ်က ပွဲစဥ် ပြီးဆုံးပြီဖြစ်ကြောင်း အချက်ပြကာ ထိုအသံက ပြိုင်ကွင်းတစ်ခုလုံး ပဲ့တင်သံ ထပ်နေလေ၏။
အနိုင်ရသူ၏ အမည်ကတော့ စင်မြင့်ထပ်တွင် ပေါ်လာတော့သည်။
အနိုင်ရသူ ညို့ငင်ခြင်း ဆန်းမား။