ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1159 ခမ်းနားသောအရှင်နှင့် ယှဥ်ပြိုင်ခြင်း
” အဲလစ် မင်းစိတ်လွတ်သွားပြီလား … ငါ ဒီမှာရှိနေသေးတယ် … ”
ကြယ်ရောင်က ကျလာသည့်မီးလုံးများကို တစ်ချက်ကြည့်ပြီး ဒေါသထွက်သွားတော့၏။ ခရမ်းတိမ်၏ အရိပ်ဓားသွားများက သူ့ဆီ ရောက်နေဆဲ ဖြစ်သည်။ သူက လွတ်မြောက်ရန်အတွက် အာရုံစူးစိုက်နိုင်ရန် အချိန်မရှိပေ။ မီးလုံးများ ထိမိသွားခဲ့လျှင် သူက ထိခိုက်သွားနိုင်၏။
ရွေးချယ်စရာမရှိဘဲ ကြယ်ရောင်သည် သူ၏ နောက်ဆုံးအသက်ကယ်စကေး အံ့ဖွယ်ဖိနပ်ထပ်တိုးစကေး လျှပ်တပြက်ခြေလှမ်းကိုသုံးရန် ဆုံးဖြတ်လိုက်တော့၏။ ထိုစကေးက သူ့ကို မည်သည့်နေရာမဆို ဆယ့်ငါးကိုက်အကွာ ရွေ့ပြောင်းပေးနိုင်၏။ အသုံးပြုနိုင်ရန် စောင့်စားရသည့်ကြာချိန် တစ်မိနစ်ရှိပြီး သုံးကြိမ်သုံးနိုင်၏။
ကြယ်ရောင်သည် လျှပ်တပြက်ခြေလှမ်းကို နှစ်ကြိမ်အသုံးပြုခဲ့ပြီး ချက်ချင်း ကိုက်သုံးဆယ်အကွာသို့ ရွေ့လိုက်လေ၏။
ခရမ်းတိမ်က သူမ၏ အရိပ်ဓားသွားဖြင့် ဝင်လာသည့်မီးလုံးများကို ပိတ်ဆို့ခဲ့သော်ငြား မီးလုံးများက အထိအခိုက် မရှိပေ။ သူမလည်း ထိုတိုက်ကွက်များကို ရှောင်တိန်းရန် မျှော်လင့်ချက် မရှိတော့ချေ။
သူမ၏ အရိပ်ဓားသွားများနည်းတူ အဲလစ်က ထိုrdd;လုံးများကို ထိန်းချုပ်ခဲ့သည်။ သူတို့က စွမ်းအင်များစွာ ပါဝင်ရုံသာမက အကွာအဝေးကျယ်တိုက်ခိုက်မှုလည်း ရှိ၏။ ထိုမျှများပြားသည့် မီးလုံးများဖြင့် အဲလစ်ကသာ ဆန္ဒရှိလျှင် စင်တစ်ခုလုံးကိုတောင် ဖျက်ဆီးနိုင်သည်။
အထူးဧည့်သည်တော်အခန်းကနေ တိုက်ခိုက်မှုကို စောင့်ကြည့်နေသော ဖီးနစ်မိုးက ခေါင်းခါလိုက်မိ၏။
အသူရာတိုက်ပွဲဝင်အဖွဲ့က ဤယှဥ်ပြိုင်ပွဲတွင် ရှုံးနိမ့်ပြီဖြစ်သည်။
အမှောင်ပြိုင်ကွင်းထဲတွင် ယှဥ်ပြိုင်ပွဲတိုင်း၌ ငါးပွဲရှိသော်ငြား အသူရာတိုက်ပွဲဝင်အဖွဲ့က ကစားသမားငါးဦးသာ ခေါ်လာခဲ့သည်။ သူတို့၏ ပွဲစဥ်ကို ရှုံးနိမ့်သွားသည်နှင့် တိုက်ပွဲဝင်အဖွဲ့က နောက်ထပ်နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့က ပြိုင်ပွဲကို အနိုင်ရသွားလိမ့်မည်။ ဆိုရလျှင် နောက်ဆုံးနှစ်ပွဲက သုံးယောက်သုံးယောက် တိုက်ခိုက်ရသည့်ပွဲ ဖြစ်၏။ အသူရာတိုက်ပွဲဝင်အဖွဲ့က ဝင်ပြိုင်နိုင်ရန် အဖွဲ့ဝင်လုံလုံလောက်မရှိချေ။ ထို့ကြောင့် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့က အရှေ့သုံးပွဲထဲမှ တစ်ပွဲကို အနိုင်ရသွားသရွေ့ ပြိုင်ပွဲက ပြီးသွားလိမ့်မည်။
” တော်လောက်ပြီ … မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ကို အနိုင်ယူဖို့က အသူရာတိုက်ပွဲဝင်အဖွဲ့အတွက် မဖြစ်နိုင်ဘူး … ”
ဖီးနစ်မိုးက အနည်းနှင့်အများ စိတ်ပျက်သွားတော့သည်။
သူမသည် ဤယှဥ်ပြိုင်ပွဲအတွက် အရင်းအမြစ်များ အပိုမလောင်းထားသော်ငြား ယနေ့ အမှောင်ပြိုင်ကွင်း လူစည်းကားနေမှုဖြင့် အသူရာတိုက်ပွဲဝင်အဖွဲ့ အနိုင်ရခဲ့လျှင် သူတို့က သိသာသည့် ပမာဏတစ်ခုကို ရရှိအုံးမှာပဲ ဖြစ်သည်။ သို့သော် သူမက တွေးရုံသာတွေးနိုင်၏။
နောက်ထပ် အထူးဧည့်သည်တော်အခန်းထဲတွင် ခရမ်းကျောက်စိမ်းက စင်မြင့်အထက်ရှိ ကြီးမားသောမီးလုံးများကို ကြည့်နေစဥ် အံကြိတ်လျက် သူမ မျက်ဝန်းထဲ၌ မချင့်မရဲဖြစ်မှုတို့ အတိုင်းသား ပေါ်နေ၏။
သို့သော် ထိုခံစားချက်က ပြိုင်ပွဲ၏ အဆုံးသတ်ကြောင့် မဟုတ်ပေ။ ထိုအစား သူမကိုယ်သူမ မချင့်မရဲဖြစ်မိတာပဲ ဖြစ်သည်။
အနောက်ပိုင်းကဝေသည် သူမအား လောကကြီးဆီ ရောက်ရှိလာသည့် ကလေးတစ်ဦးပမာ ခံစားရစေသည်။
ဤပွဲမတိုင်မီ၌ သူမသည် ပုံရိပ်ယောင်ဂိမ်းလောက၏ ထိပ်သီးသို့ရောက်ရန် ချည်မျှင်တစ်မျှင်စာသာ လိုတော့သည်ဟု ယုံကြည်မိသည်။ ယခုအချိန် ပြန်ကြည့်သောအခါ ထိုအကြံဉာဏ်က ရယ်စရာ ကောင်းနေလေ၏။
သူမက တိုက်ပွဲနည်းစနစ်နှင့် အိုင်တမ်အရာတွင် အဲလစ်ထက် အဆပေါင်းများစွာ အားနည်းနေ၏။ သူမ၏ အစည်းအရုံးခေါင်းဆောင်က သူမ အခြေခံအတွက် ပိုပြီးကြိုးစားခိုင်းပြီး ယွမ်ထျယ်ရှင်းနှင့်အတူ လောကကြီးကို စူးစမ်းရှာဖွေရန် မကြာခဏ အတူသွားခိုင်းတာ အံ့သြစရာ မရှိပေ။
” ကျောက်စိမ်း မင်းအခု တွေ့သွားပြီလား … ဒါက နတ်ဘုရားနယ်မြေရဲ့ ထိပ်သီးမှာရှိတဲ့ တိုက်ပွဲတစ်ပွဲပဲ … မင်း ဒီလူတွေကို စိန်ခေါ်ချင်တယ်ဆိုရင် မင်းရဲ့ ကိုယ်ပိုင်နယ်မြေကို ဖမ်းဆုပ်မိဖို့ လိုတယ် … ”
ယွမ်ထျယ်ရှင်းက ခရမ်းကျောက်စိမ်းကို အကြံပေးလိုက်၏။
” ဒါပေမဲ့ စိတ်ဓာတ်မကျနဲ့ … မင်းက ငယ်သေးတယ် … ဒီအဖိုးကြီးနဲ့ မတူဘူး … အဲဒီနယ်ပယ်ကိုရောက်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ အဖိုးကြီးနဲ့မတူဘဲ မင်းက တစ်နေ့ကျရင် သူတို့အဆင့်ကိုရောက်မှာ … ”
အတိတ်တုန်းက သူသည် လျှို့ဝှက်မျှော်စင်ကို ဦးဆောင်ပြီး ပုံရိပ်ယောင်ဂိမ်းလောက၏ ထိပ်သီးများဆီ သွားနိုင်ရန် မျှော်လင့်ခဲ့၏။ အရင်တုန်းက သူသည်လည်း ပုံရိပ်ယောင်ဂိမ်းလောက၏ ထိပ်သီးနေရာဆီသို့ လျှို့ဝှက်မျှော်စင်ကိုဦးဆောင်ရန် အိပ်မက်မက်ခဲ့သည်။ သို့သော် ထိုနယ်ပယ်ရှိလူများနှင့် တွေ့ကြုံပြီးနောက် ပုံရိပ်ယောင်ဂိမ်းလောကက သူယူဆသကဲ့သို့ မရိုးရှင်းကြောင်း သဘောပေါက်သွားသည်။
ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းများသည် ယခုအချိန်တွင် နာမည်ကျော်ကြားလာခဲ့တာ ရာစုနှစ်စုကျော် ကြာပြီဖြစ်သည်။ ကမ္ဘာကြီး၏ လူဦးရေကလည်း မြင့်မားလွန်းလှရာ လူငယ်မျိုးဆက်ကနေ နှစ်စဥ်နှစ်တိုင်း မရေအတွက်နိုင်သည် ဂိမ်းကျွမ်းကျင်သူများ ပေါ်ထွက်နေလေ၏။
နတ်ဘုရားနယ်မြေက နှစ်စဥ်နှစ်တိုင်း လွှမ်းမိုးမှု ပိုရရှိလာနေသည်။
ထိုစဥ် စင်မြင့်ပေါ်၌ ရှီဖုန်းက မီးလုံးကြီးများဆီသို့ ခုန်ပေါက်ဝင်လိုက်ကာ လေထဲတွင် သူတို့ကို ရင်ဆိုင်လိုက်၏။
” အစည်းအရုံးခေါင်းဆောင်လား … ”
ခရမ်းတိမ်က တိုက်ကွက်များကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေပြီး ဇဝေဇဝါဖြစ်သွား၏။
ရှီဖုန်းက ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကို အသက်သွင်းလျက် သူ၏ အရှိန်အဝါက ချက်ချင်းအသွင်သွားသည်။ ရွှေရောင်သံချပ်ကာကို ဝတ်ဆက်လိုက်သည့်ပမာ သူ၏ ခန္ဓာကိုယ်တစ်ဝိုက် ရွှေရောင်နတ်ရုန်းများ ပေါ်လာတော့၏။
ရှီဖုန်း ရှေးစစ်သည်တော်စကေး အသက်သွင်းတာကို မြင်လိုက်သည့်အချိန်တွင် အဲလစ်က နှာခေါင်းရှုံ့လိုက်တော့သည်။
ကြီးမားသည့် မီးဘောလုံးများက မီးတောက်ဧကရာဇ်၏ အလွှာသုံးကျိန်စာ ကြယ်၏ အမျက်ဒေါသပင် ဖြစ်သည်။ မီးလုံးက ခမ်းနားသောအရှင်ကို ရင်ဆိုင်ရန် လုံလောက်သည်။ အလွှာတစ် ကစားသမားများက ထိုတိုက်ကွက်များကို ခုခံရင်ဆိုင်ရန် အရည်အချင်းမရှိပေ။
စွမ်းအင်ကွာဟချက်က ကြီးမားလွန်းနေ၏။
ရှီဖုန်း၌ ကွယ်ပျောက်နိုင်သည့်စကေး ရှိခဲ့လျှင်တောင် သူ့ကို တစ်ချက်ပြီးတစ်ချက်တိုက်ခိုက်ရန် မီးလုံးသုံးဆယ်ခြောက်လုံးကို သုံးနိုင်၏။ ကွယ်ပျောက်ခြင်းစကေးများက အသုံးပြုနိုင်သည့်အချိန် တိုတောင်းပေ၏။ သူမက သူ့ကို စက္ကန့်တိုင်း၌ တစ်ကြိမ်ထိခဲ့မယ်ဆိုလျှင် သုံးဆယ့်ခြောက်စက္ကန့်စာ တိုက်ခိုက်နိုင်မှာပဲ ဖြစ်သည်။
ရှီဖုန်းက မီးဘောလုံးနှင့် ထိမိတော့မည့်အချိန်တွင် ဓားသွားခွဲထွက်ခြင်းကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် သတ်ဖြတ်ခြင်းရောင်ခြည်မှ သူ့ဆီ စွမ်းအင်များစီးဝင်လာပြီး သူ၏ အရည်အချင်းများကို ထပ်မံတိုးသွားစေ၏။
သူရှေ့ရှိ မီးလုံးကိုကြည့်နေပြီး ရှီဖုန်းက သူ့ညာလက်ထဲရှိ မြင့်မြတ်ခြင်းဓားသွားကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် လွှဲယမ်းလိုက်တော့သည်။
မီးကြိုးလျှပ်တပြက်
တိုက်ပွဲဝင်နည်းစနစ် လလေးစင်းကျား
ချွန်ထက်သောဓားသွားပမာ အပြာရောင်လျှပ်စီးကိုင်းတို့က မီးလုံးကြီးများကို တစ်လုံးပြီးတစ်လုံး ပိုင်းဖြတ်လိုက်၏။
လူအုပ်ကြီးက ရှီဖုန်း၏ လက်ထဲတွင် အလင်းတန်းလေးခုကျန်တာကို တွေ့လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း တားဆီး၍မရသော မီးလုံးသုံးဆယ့်ခြောက်လုံးထဲမှ နှစ်လုံးက ခွဲထုတ်ခံလိုက်ရပြီး မီးရှူးမီးပန်းများပမာ ပေါက်ကွဲသွားတော့သည်။
တိတ်ဆိတ်မှုက ပြိုင်ကွင်းထဲ၌ ကြီးစိုးသွားသည်။ ထိတ်လန့်ဖွယ် ပြောင်းပြန်အခြေအနေကို မည်သူကမှ မထင်ထားပေ။ အဲလစ်တောင် မှင်သက်နေ၏။
အလွှာတစ်ကစားသမားတစ်ဦးသည် အဆင့် (၆၅) ခမ်းနားသောအရှင်များနှင့် ခွန်အားချင်း ယှဥ်နိုင်စွမ်းရှိသည့် မီးလုံးများကို ပိုင်းဖြတ်နေသည်။ သူမ မည်သို့ပင် ကြည့်စေကာမူ ယင်းက မဖြစ်နိုင်ပေ။ ထိုသို့တိုင် ရှီဖုန်းက ရအောင်ဆောင်ရွက်ခဲ့၏။
” သူ ဘယ်လောက်တောင် အစွမ်းထက်တာလဲ … ”
ဖီးနစ်မိုးက လေထဲတွင်ရှိနေသော ရှီဖုန်းကို ကြည့်လိုက်သည်။ သူမ သိသည့်သူနှင့် တူညီပါရဲ့လားဟုတောင် ယုံကြည်ရန် ခက်ခဲလှသည်။
” သူက ဘယ်သူလဲ … ”
မိုင်ထောင်ချီက အက်ကွဲနေသော မီးလုံးများကို ကြည့်ပြီး သူ့ဓားကို အလိုလိုပင် တင်းကျပ်အောင်ဆုပ်ကိုင်လိုပ်မိ၏။
မီးနတ်ဘုရားမျက်လုံး၏ မီးတောက်ဧကရာဇ် မည်မျှအစွမ်းထက်ကြောင်း သူ အပြည့်အဝသိသည်။ ဆိုရလျှင် ထိုတာဝန်ကို အဲလစ်အား သူကိုယ်တိုင်ပေးခဲ့တာပဲ ဖြစ်သည်။ ထိုသို့တိုင် အလွှာတစ် ကစားသမားက မီးတောက်ဧကရာဇ်၏ အဖွဲ့လိုက်သတ်ဖြတ်ခြင်းအကွက်များထဲမှ တစ်ခုကို ပိုင်းဖြတ်ခဲ့၏။ ယင်းက မယုံနိုင်စရာကောင်းလှပေသည်။
ဤယှဥ်ပြိုင်မှုကသာ ရှီဖုန်း ဖော်လန်းအာ့ခ်ကို မသွားရောက်ခင် ကျင်းပခဲ့မည်ဆိုလျှင် မီးတောက်ဧကရာဇ်၏ တိုက်ခိုက်မှုများကို တန်ပြန်နိုင်ချေရှိမှာ မဟုတ်ပေ။ သို့သော် သူသည် ဒဏ္ဍာရီရုပ်ကြွင်းတိုင်ရမ်နိုဆောရပ်စ်များကို သတ်ဖြတ်ခြင်းဖြင့် အံ့ဖွယ်ဖူများကို ရရှိခဲ့၏။ သူတို့က မာကျောသည့် ဖူများဟူ၍ ခေါ်သည်။ အံ့ဖွယ်အဆင့်အခြေခံအရည်အချင်းများအပြင် ဖူများ၌ စကေးတစ်ခုရှိ၏။ ထို့အပြင် ယင်းက အလိုအလျောက်စကေး ဖြစ်သည်။
အလိုအလျောက်စကေးက ဖျက်ဆီးခြင်းစွမ်းအားဟုခေါ်သည်။ ကစားသမားတစ်ဦးက သူတို့ထက် ခွန်အားပိုမြင့်မားသည့် တိုက်ကွက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကိုင်ဆောင်သူ၏ ခွန်အားက (၃၅) ရာခိုင်နှုန်း တိုးသွားလိမ့်မည်။ အားနည်းသော ရန်သူနှင့် ရင်ဆိုင်ရာတွင်မူ ထိုစကေးက အသုံးမတည့်ချေ။ သို့သော် သန်မာသောရန်သူကို ရင်ဆိုင်ရချိန်တွင် ထိုအလိုအလျောက်စကေးက အံ့မခမ်းဖြစ်နေပေ၏။ ထို့ကြောင့် ရှီဖုန်း၏ ခွန်အားသည် မီးလုံးများကို တိုက်ခိုက်စဥ်တွင် (၃၅) ရာခိုင်နှုန်း တိုးသွားတာပဲ ဖြစ်သည်။ ထို့အပြင် သူက ဒေါသကြီးသောအာဏာရှင်၏ အလိုအလျောက်စကေး ဒေါသထိုးနှက်ချက်ကိုလည်း ထုတ်ဖော်ထားရာ သူ၏ ခွန်အားနှစ်ဆ ဖြစ်သွားတော့၏။ အလိုအလျောပ်စကေးများနှင့် မိုးကြိုးလျှပ်တပြက်၏ အာနိသင်များကြောင့် သူ၏ အစီအစဥ် အောင်မြင်ခဲ့တာပဲ ဖြစ်သည်။
သို့သော် ပြိုင်ကွင်းထဲ၌ တိတ်ဆိတ်နေပြီးနောက် ရှီဖုန်းသည် လေစီးနင်းခြင်းကို အသက်သွင်းကာ ကိုက်သုံးဆယ်ကျော်အကွာတွင် ရှိနေသောအဲလစ်ဆီ တစ်ဟုန်ထိုးဝင်ရောက်လိုက်၏။ သူက မီးလုံးများကို ပယ်ဖျက်နေစဥ် မီးတောက်ဧကရာဇ်နှင့် ရင်ဆိုင်ရာတွင်မူ ကူကယ်ရာမဲ့နေသေး၏။
ဓားသွားခွဲထွက်စေခြင်း၏ စကေး စက္ကန့်နှစ်ဆယ်သုံးစွဲနိုင်သည့်ကာလ ကုန်လွန်သွားသည်နှင့် သူက စွမ်းအင်ကင်းမဲ့သွားလိမ့်မည်။
” မင်းက ငါ့ကို သတ်ချင်တာလား … ”
ရှီဖုန်း သူမဆီ ပျံလာတာကို မြင်သောအခါ အဲလစ်က အံ့သြသွားခြင်းမရှိ ကြောက်လန့်ခြင်းလည်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အနည်းငယ် စိတ်လှုပ်ရှားနေ၏။ ထိုကဲ့သို့ စိန်ခေါ်မှုမျိုးကို မကြုံတွေ့ရတာ ကြာနေပြီဖြစ်သည်။
” ကံဆိုးတာက ဒါ မဖြစ်နိုင်ဘူး … ”
ထိုသို့ပြောပြီး အဲလစ်က သူမ၏ ခန္ဓာကိုယ်နှင့် မီးတောက်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပေါင်းစည်းလိုက်သည်။ တွေဝေမနေဘဲ ရှီဖုန်းက မီးတောက်ဧကရာဇ်ဆီသို့ ခုတ်ပိုင်းခြင်းကို အသုံးပြုလိုက်လေ၏။ သို့သော် သတ်ဖြတ်ခြင်းရောင်ခြည်က မီးတောက်ဧကရာဇ်ဆီ တစ်မီတာတောင် မဝင်သွားခင် ၎င်းက ရပ်တန့်သွား၏။ မြင့်မြတ်သောဓားက မီးတောက်ဧကရာဇ်၏ အမြုတေထဲရှိ အဲလစ်ဆီတောင် မရောက်ပေ။
” အနိုင်ရဖို့ အခွင့်အရေးမရှိဘူးလို့ ရှင့်ကို ပြောပြီးသားပဲ … ဒီစွမ်းအားကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုတာ ငါ သိတယ် … ရှင့်အတွက် ကံဆိုးတာက ကျွန်မရဲ့ မီးတောက်ဧကရာဇ်က အနည်းဆုံး ငါးနာရီကျော်ကြာ ခံတယ် … ”
အဲလစ်ပြောပြီး ခေါင်းခါလိုက်၏။ ပြီးနောက် ရှီဖုန်းကို တိုက်ခိုက်ရန်အတွက် မီးတောက်ဧကရာဇ်ကို ထိန်းချုပ်လိုက်သည်။
” ဒါ မလိုအပ်ဘူး … မေ့လိုက်တော့ … ငါကပဲ မင်းရဲ့ တစ်ဦးတည်းသော ပြိုင်ဘက်မှမဟုတ်တာ … ”
ရှီဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။
ရုတ်တရက်အဲလစ်က တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး စင်မြင့်ကို ကြည့်လိုက်သည်။
ချက်ချင်းပင် ခရမ်းတိမ်က သူမဆီသို့ သေခြင်းတရား၏ လွှမ်းမိုးမှုကို လွှဲယမ်းလိုက်တာကို သတိပြုမိလိုက်သည်။
ဒိုင်မေးရှင်းကျိုးပဲ့ခြင်းကို ညှို့ငင်ခြင်းဆမ်းမား အသုံးပြုခဲ့သည့်အချိန်နှင့် ယှဥ်လျှင် ခရမ်းတိမ်က ၎င်းကို HP အပြည့်၌ အသုံးပြုခဲ့တာ ဖြစ်သည်။ ခရမ်းတိမ်က မြက်ရိပ်ဓားကို လွှဲယမ်းလိုက်သည်နှင့် ပရိသတ်က သူမနောက်၌ ပေါ်လာသည့် ဧရာမပုံရိပ်ယောင်ကို တွေ့လိုက်ရပြီး မြင်ကွင်းက သူတို့ကို တုန်ယင်သွားစေရန် လုံလောက်၏။
အစက အဲလစ်ကို ကူညီရန် ပြင်ဆင်နေသော ကြယ်ရောင်က အံ့သြသွားလေ၏။ သူ၏ ခန္ဓာကိုယ်က ရှေ့ရောက်နေသည်ဟု ခံစားလိုက်ရသည်။
” သေခြင်းတရားရဲ့ ပုံရိပ်ယောင် … ဒါတကယ်ပဲ … ”
အန့်လတ်စ်စကားသည် ယင်းကိုမြင်သောအခါ အံ့သြသွားပြီး ရင်ထဲ၌ စိတ်ခံစားချက်လှိုင်းများ ရိုက်ခတ်လာ၏။ စင်မြင့်အထက်ရှိ ပတ်ဝန်းကျင်ကလည်း ရုတ်တရက် ကွဲထွက်သွား၏။ ကြီးမားသည့် မီးတောက်ဧကရာဇ်က တိုက်ကွက်ကို အချိန်မီမရှာနိုင်ခဲ့ပေ။ မျက်တောင်တခက်အတွင်း မီးတောက်ဧကရာဇ်နှင့် အဲလစ်က ထပ်ပိုင်းပိုင်းခံရတော့၏။