ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1164 ဓားချင်းယှဥ်ခြင်း
ဂျမ်းတဲလ်စနိုး၏ တည်ငြိမ်နေသော အပြုအမူကို မြင်တွေ့သည့်အချိန်၌ ဆန်းကြယ်နဂါးက အံ့သြမှုကြောင့် မျက်ခုံးပင့်မိသွားသည်။ ပရိသတ်ကလည်း အံ့သြသွားလေ၏။
ဂျမ်းတဲလ်စနိုးသည် ပုံရိပ်ယောင်ဂိမ်းလောကထဲတွင် နာမည်ကျော်ကြားပေ၏။ သို့သော် တိုက်ပွဲဝင်စံသတ်မှတ်ချက်အရာတွင်မူ သူမက ပထမတန်းအစည်းအရုံးများကြားထဲတွင်တောင် ထိပ်ရောက်တာပဲ ဖြစ်သည်။ ဆန်းကြယ်နဂါးကဲ့သို့ သက်ကြီးမျိုးဆက်၏ ထိပ်သီးကျွမ်းကျင်သူများနှင့်ယှဥ်လျှင် သူမက အတော်နှေးနေ၏။ သူမ၏ ယခု လုပ်ဆောင်ချက်ကို မည်သူမှ မထင်ထားချေ။
ဂျမ်းတဲလ်စနိုး၏ ယခင်ရန်သူတော်ကြီးများဖြစ်သည့် ကလက်ဆီပါ့စ်နှင့် ခရမ်းမျက်ဝန်းကတောင် ယှဥ်ပြိုင်ပွဲကိုလာကြည့်ပြီး အံ့သြဆွံ့အနေကြသည်။
” ဒါက ကျွန်မသိတဲ့ ဂျမ်းတဲလ်စနိုးရော ဟုတ်ရဲ့လား … ”
ခရမ်းမျက်ဝန်းက မျက်လုံးအပြူးသားဖြစ်နေလျက် ဂျမ်းတဲလ်စနိုးကို စိုက်ကြည့်နေရာ သူမ ရင်ထဲ၌ မယုံနိုင်ဖြစ်နေသည်။
အတိတ်တုန်းက စူပါအင်အားစုများ၏ ထိပ်သီးကျွမ်းကျင်သူများနှင့် သူမက အလွန်ရင်းနှီးခြင်းမရှိပေ။ ထိုကျွမ်းကျင်သူများ အင်မတန်အစွမ်းထက်ကြောင်းသာ သူမသိပြီး သူတို့က မတူညီသည့် အပြည့်အဝ ကွဲပြားခြားနားသည့် ကမ္ဘာ၌ နေထိုင်ကြောင်း သိထားပေ၏။ သူတို့အဖို့ တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်တွေ့ဖို့ရာ အခွင့်အရေးက နည်းပါးလွန်းသည်။
သို့သော် လျှို့ဝှက်မျှော်စင်၏ တုပခြင်းလေ့ကျင့်ရေးစနစ်ထဲ ဝင်ရောက်ပြီးနောက် ထိပ်သီးကျွမ်းကျင်သူများ မည်မျှသန်မာကြောင်း သိသွားသည်။
သူတို့၏ တိုက်ပွဲဝင်စံသတ်မှတ်များက သူမ မှန်းဆမှုကို ကျော်လွန်းသည်။ တူညီသည့်ချပ်ဝတ်တန်ဆာအဆင့်ဖြင့် သူမ ဆယ်ယောက်ကတောင် ထိပ်သီးကျွမ်းကျင်သူများထဲမှ တစ်ယောက်ကို သွေးပူလေ့ကျင့်ခန်းလုပ်ရန် လုံလောက်မှာမဟုတ်ပေ။
ထိုသို့တိုင် ကြယ်တာရာမဟာမိတ်နှင့် အဆင့်တွင်ရပ်နေသော ဂျမ်းတဲလ်စနိုးက ယခုဆို ဓားရူးကဲ့သို့ ထိပ်သီးကျွမ်းကျင်တစ်ဦးကို ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။ သူမ မည်ကဲ့သို့ မထိတ်လန့်ပဲ နေမည်နည်း။
” မင်းကို တကယ် လျှော့တွက်ခဲ့မိတာပဲ … အုရိုဘိုရိုရဲ့ အစည်းအရုံးခေါင်းဆောင်ဖြစ်လာတာ အံ့သြစရာ မရှိတော့ဘူးပဲ … ”
ဆန်းကြယ်နဂါးက သူ့လက် အနည်းငယ် တုန်နေသေးဆဲ ဖြစ်ပြီး ကပ်ဘေးဓားသွားကိုကြည့်ကာ ပြုံးလိုက်တော့၏။
” ဒါပေမဲ့ မင်းအရည်အချင်းကို ငါ အလေးထားမထားဆိုတာ လာမဲ့တိုက်ကွက်ပေါ် ပိတ်ဆို့တာအပေါ် မူတည်နေတယ် … ”
ထိုသို့ပြောပြီး ဆန်းကြယ်နဂါး၏ အမူအရာက ပြောင်းလဲသွား၏။ အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် သူက ရှေ့သို့တစ်လှမ်းတိုးကာ လျင်မြန်ဓားကို ထပ်မံထုတ်ဖော်လိုက်သည်။
သို့သော် ယခုအခေါက်တွင်မူ တစ်ချက်ထဲ ပိုင်းဖြတ်တာမဟုတ် သူက ဆက်တိုက်တိုက်ခိုက်တော့၏။
လျင်မြန်ဓားသည် ခုခံရန်ခက်ခဲနေစဥ် စံသတ်မှတ်ချက်ချင်းတူသည့် ကျွမ်းကျင်သူတစ်ဦးက တိုက်ကွက်တစ်ကွက်ကို ပိတ်ဆို့ရန် ပြဿနာရှိမှာ မဟုတ်ပေ။ ထို့ကြောင့် ဆန်းကြယ်နဂါးက လျင်မြန်ဓားတိုက်ကွက်ပေါင်းများစွာကိုထုတ်ပြီး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ ဤနည်းဖြင့် စံသတ်မှတ်ချက်ချင်းတူသည့် ကျွမ်းကျင်သူတစ်ဦးကတောင် ဆန်းကြယ်နဂါးကို ထိပ်တိုက်စိန်ခေါ်နိုင်မှာ မဟုတ်တော့ပေ။
တဝွီဝွီအသံများက ပရိသတ်များ၏ နားထဲ တိုးဝင်လာသည်။ လူတိုင်းက ဆန်းကြယ်နဂါး၏ တိုက်ကွက်များကိုကြည့်ပြီး ဖမ်းစားခံနေရ၏။
အထူးသဖြင့် ပရိသတ်ကြားထဲတွင်ရှိသော ဓားရေးကျွမ်းကျင်သူများ ဖြစ်သည်။
ဆန်းကြယ်နဂါး၏ ဓားရေးကျွမ်းကျင်မှုက သူတို့ ရယူချင်နေသည့် ထိပ်သီးအနေအထားပင် ဖြစ်သည်။
ဖျတ်ခနဲလှုပ်ရှားနေသော ဓားအလင်းများကြောင့် ဆန်းကြယ်နဂါးနှင့် တစ်ဖွဲ့ထဲရှိသည့် ကြယ်ရောင်ကတောင် ကြက်သီးထလာမိသည်။ သူသာ ဂျမ်းတဲလ်စနိုးနေရာတွင်မူ ရွေးချယ်စရာမရှိဘဲ ဆန်းကြယ်နဂါး၏ ဆက်တိုက်တိုက်ခိုက်နေသော လျင်မြန်ဓားများကို ရင်ဆိုင်ရန်အတွက် အသက်ကယ်စကေးတစ်ခုကို ထုတ်သုံးရမှာပဲ ဖြစ်သည်။
ဓားသလင်းက ဂျမ်းတဲလ်စနိုးကို မထိမိခင် ရှေးစစ်သည်တော်က သူမ၏ မဟာငွေရောင်ဓားကို လွှဲယမ်းလိုက်တော့သည်။ ရုတ်တရက် ပြိုင်ကွင်းထဲ ပေါက်ကွဲမှုတစ်ခု ပေါ်လာ၏။ ဂျမ်းတဲလ်စနိုးသည် သူမ၏ မဟာဓားကို ဆက်လက်လွှဲယမ်းလိုက်ရာ စင်မြင့်ပေါ်ကနေ ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာ၏။ စင်မြင့်ဗုံးပေါက်သည့်ပမာ ပေါက်ကွဲသံများထွက်ပေါ်နေတော့သည်။
စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် ဆန်းကြယ်နဂါးက တိုက်ခိုက်တာရပ်လိုက်ပြီး သူ၏ မျက်နှာထက်တွင် ထိတ်လန့်မှုအရိပ်အယောင် ပေါ်လာတော့သည်။
သူသည် နယ်မြေနယ်ပယ်ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ချိန်ကတောင် သူတို့က သူ့တိုက်ကွက်၏ တစ်စိတ်တစ်ပိုင်းကိုသာ ပိတ်ဆို့နိုင်ခဲ့ကြပြီး ကျန်သည့်တိုက်ကွက်များကို ရှောင်တိန်းရန်အတွက် သူတို့၏ ခြေသိုင်းကို အားကိုးရသည်။
သို့သော် သူထုတ်သုံးခဲ့သည့် တိုက်ကွက်ဆယ့်ငါးကွက်ထဲတွင် ဂျမ်းတဲလ်စနိုးက တိုက်ကွက်တိုင်းကို အားစိုက်ထုတ်မှုမရှိ ပိတ်ဆို့ခဲ့၏။
နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ချိန်မှစပြီး ထိုကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ဖူးတာ ဖြစ်သည်။ သို့သော် ဆန်းကြယ်နဂါးက ဂျမ်းတဲလ်စနိုး ယခု ဝတ်ဆင်ထားသည်က အဆင့် (၅၀) မှော်အလင်းအစုံဆိုတာ သူမ မသိပေ။ သူမသည် ရင်ကာအပိုင်းအစတစ်ခု မရှိသော်ငြား အလိုအလျောက်စကေး မှော်အားဖြည့်မှုကို ပိုင်ဆိုင်ထားသည့် အကျော်ဇေယျခုနှစ်ပါး တိုက်ပွဲဝင်သံချပ်ကာရှိပြီး သူမ၏ ရုပ်ပိုင်းဆိုင်ရာကို (၃၀) ရာခိုင်နှုန်း တိုးမြင့်ပေး၏။
သူမ၏ သာလွန်သောအခြေခံအရည်အချင်းနှင့် ရုပ်ခန္ဓာတို့ဖြင့် ဂျမ်းတဲလ်စနိုးက ဆန်းကြယ်နဂါး၏ လျင်မြန်ဓားကို ပိတ်ဆို့ရန် အခက်အခဲမရှိပေ။
” သန်မာလိုက်တာ … သူက သိပ်ကိုသန်မာတယ် … ”
” နှင်းနတ်ဘုရားက အမြဲတမ်း ဒီလိုသန်မာနေတာလား … ”
” သူက စစ်နတ်ဘုရားမ ပြန်ဝင်စားတာများလား … ”
ဂျမ်းတဲလ်စနိုး ပြသသွားသည့်စကေးက ပရိသတ်ကို အံ့သြမှင်သက်သွားစေသည်။
တိုက်ပွဲကို ကြည့်နေသည့် ကျွမ်းကျင်သူများရှိသော်ငြား ဆန်းကြယ်နဂါး၏ ဆက်တိုက် လျင်မြန်ဓားများကို ပိတ်ဆို့နိုင်သည့် အရေအတွက်က လက်တစ်ဖက်စာသာ ရှိပေမည်။
အသူရာတိုက်ပွဲဝင်အဖွဲ့က လက်လျော့ပြီး ဤတိုက်ပွဲကို မြန်မြန်ဆန်ဆန်အဆုံးသတ်ချင်နေတာဟု လူတိုင်းက ယူဆခဲ့သည်။ သို့သော် ထိုသို့ဖြစ်ပုံ မရပေ။
” ဒီ ဂျမ်းတဲလ်စနိုးက ဘယ်သူလဲ … ”
မိုင်ထောင်ချီ၏ အမူအရာက ရှုံ့မဲ့ပြီး အရုပ်ဆိုးသွားသည်။
အမျိုးမျိုးသော အစည်းအရုံးကြီးများကတောင် ဂျမ်းတဲလ်စနိုး၏ အုရိုဘိုရိုအပေါ် ဦးဆောင်မှုအပိုင်းကို သတင်းအချက်အလက် အသေးစိတ်ရထား၏။ ဆန်းကြယ်ကဲ့သို့ စူပါပထမတန်းအစည်းအရုံးဆို ပြောရန်မလိုတော့ချေ။ သို့သော် ဂျမ်းတဲလ်စနိုး၏ ဖိုင်ကို မိုင်ထောင်ချီအကြိမ်ပေါင်းများစွာ ဖတ်စေကာမူ ထိုအမျိုးအမီးသည် ဆန်းကြယ်နဂါးနှင့် ရင်ဆိုင်နိုင်ရန် အရည်အချင်းရှိသည့် အရိပ်အမြွက်၊ သဲလွန်စ မည်သည်ကိုမှ သူ ရှာမတွေ့ခဲ့ပေ။
ဂျမ်းတဲလ်စနိုးသည် ပထမနှုန်းအစည်းအရုံးမှ လာသည်ဖြစ်သော်ငြား စူပါပါဝါအင်အားစုများ၏ လေ့ကျင့်ရေးစနစ်ထဲ ဝင်မပါခဲ့ဖူးချေ။ သူမက ကျော်ကြားသည့် ကျွမ်းကျင်သူတစ်ဦး သင်ကြားလေ့ကျင့်ပေးမခံရ။ ထိုသို့တိုင် ဆန်းကြယ်နဂါးကဲ့သို့ ထိပ်သီးကျွမ်းကျင်သူတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် ဂျမ်းတဲလ်စနိုး၏ အရှိန်အဝါကိုမြင်ပြီး ထိုအမျိုးသမီးသည် ဆန်းကြယ်နဂါးထက် သာလွန်နေမလားဆိုတာတောင် ကြောက်ရွံ့လာ၏။ ယင်းက မည်ကဲ့သို့ ဖြစ်နိုင်မည်။
နောက်ထပ်အထူးဧည့်သည်တော်အခန်းထဲတွင် ဘလူးဖီးနစ်က ပျော်ရွှင်ကြည်နူးသွားသည်။
” အသူရာတိုက်ပွဲဝင်အဖွဲ့က ဒီတစ်ခေါက်နိုင်မှာ သေချာနေပြီ … ”
ဂျမ်းတဲလ်စနိုးတစ်ယောက်ထဲဖြင့် ဆန့်ကြယ်နဂါးကို ဤကဲ့သို့ ဖိအားပေးနိုင်ခဲ့သည်။ မီးလျှံကကြိုးသာ တိုက်ပွဲထဲ ဝင်ပါခဲ့လျှင် နှစ်ယောက်သားက ဆန်းကြယ်နဂါးကို အနိုင်ယူနိုင်ချေ (၇၀) ရာခိုင်နှုန်း ရှိပေ၏။
ဖီးနစ်မိုးက သက်ပြင်းချလိုက်တော့သည်။ အသူရာတိုက်ပွဲဝင်အဖွဲ့၌ ထိုကဲ့သို့ လျှို့ဝှက်ကတ် ရှိနေလိမ့်မည်ဟု မထင်ထားပေ။
” သေစမ်း … ဂျမ်းတဲလ်စနိုးရဲ့ တိုက်ပွဲဝင်စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တိုးတက်လာရတာလဲ … ”
ဖီးနစ်မိုးဘေးတွင် ထိုင်နေသော နဂါးကိုးကောင်ဧကရာဇ်သည် ဆန်းကြယ်နဂါးအရေးနိမ့်နေတာကို မြင်သောအခါ စိုးရိမ်ပူပန်မှုတို့ တိုးလာလေ၏။
” မင်းကို ငါ အလေးထားတိုက်ခိုက်ဖို့ မင်းရဲ့စကေးက လုံလောက်တယ်ဆိုတာ ငါ ဝန်ခံပါတယ် … ”
ဆန်းကြယ်နဂါးက ဂျမ်းတဲလ်စနိုးကို ချီးကျူးလိုက်၏။ ထိတ်လန့်နေရာမှအပ သူ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှုတစ်စွန်းတစ်စ ပါဝင်သည်။
” အမှောင်ပြိုင်ကွင်းထဲမှာ မင်းလိုမျိုး ကျွမ်းကျင်သူတစ်ယောက်နဲ့ ငါ ရင်ဆိုင်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဖူးဘူး … ဒီတစ်ခေါက် ခရီးကိုလာရတာ ငါ့အချိန်တွေ ဖြုန်းတီးရာမရောက်တဲ့ပုံပဲ … ငါ့ရဲ့ နောက်ဆုံး ဖန်တီးမှုကိုပြမယ် … ဒါကို ပိတ်ဆို့နိုင်မယ်ဆိုရင် ရှုံးနိမ့်ကြောင်း ဝန်ခံမယ် … ”
ထိုသို့ပြောပြီးနောက် ဆန်းကြယ်နဂါးက ရှေးစစ်သည်တော်စကေးကို အသက်သွင်းလိုက်၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါပေါက်ကွဲလာတော့သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် အိပ်ပျော်နေရာမှ နိုးထလာသည့်ပမာ ခံစားရသည်။ ထိုလူ၏ ကပ်ဘေးဓားသွားက ချက်ချင်းပင် အနက်ရောင်အလင်း ထုတ်ဖော်လာ၏။ မဟာဓားလှုပ်ရှားသည့်အချိန်တွင် လက်နက်က လေဟာနယ်ကိုခွင်းလျက် ၎င်း၏ နိုးထမှုထဲတွင် အနက်ရောင်မျဥ်းတစ်ကြောင်းကို ချန်ထားရစ်ခဲ့၏။
ပရိသတ်သည် မဟာဓား၏ ထက်မြမှုကို မြင်သောအခါ ပင့်သက်ရှိုက်မိသွားကြသည်။
” ဆန်းကြယ်နဂါးက နောက်ဆုံးတော့ အတည်တိုက်ခိုက်မည့်ပုံပဲ … ”
ကြယ်ရောင်က လေဟာနယ်ကိုပိုင်းဖြတ်သွားသော ကပ်ဘေးဓားသွားကို မြင်သောအခါ သူ၏ အကြည့်က ဓားသမားပေါ်ရောက်သွားသည်။
နတ်ဘုရားနယ်မြေထဲတွင် ဓားသမားအမျိုးအစား၌ ဖွံ့ဖြိုးတိုးတက်ရန် လမ်းကြောင်းနှစ်ခု ရှိသည်။ ဓားနှစ်လက်ပုံစံနှင့် မဟာဓားပုံစံ ဖြစ်သည်။
သူတို့ထဲတွင် ဓားနှစ်လက်ပုံစံက ပိုအသုံးများ၏။ တစ်လက်ကိုင်ဓားများက ပေါ့ပါးပြီး သူတို့က အရှိန်နှင့် လက်၏ ကျွမ်းကျင်မှုနောက်လိုက်သော ကစားသမားများအတွက် ပိုသင့်တော်သည်။ မွန်းစတားများကို တိုက်ခိုက်သည့်အချိန်တွင် လက်နှစ်ဖက်ကိုသုံးပြီး တိုက်ကွက်ကိုလည်း ပိတ်ဆို့နိုင်၏။
မဟာဓားပုံစံအတွက်မူ ပြောရန်မလို။ မဟာဓားက တစ်လက်ကိုင်ဓားထက် ပိုပြီးလေးလံပြီး ယင်းက မဟာဓားကိုကိုင်ရန် ပိုခက်ခဲစေ၏။ သို့သော် တစ်ပန်းသာမှုက သိသာ၏။ သူတို့က ကြီးမားသည့် အဖျက်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။
ဆန်းကြယ်နဂါး၏ ပါရမီသည် မဟာပုံစံနှင့် ကိုင်ညီသည်။ သူ၏ တိုက်ပွဲဝင်နည်းစနစ် လျင်မြန်ဓားသည် မဟာဓား၏ အရှိန်ချို့ယွင်းမှုအတွက် ဖာထေးပေးနိုင်ရုံသာမက လက်နက်၏ အဖျက်စွမ်းအင်ကလည်း လျင်မြန်ဓား၏ နည်းစနစ်စွမ်းအင် ချို့တဲ့မှုအတွက် ဖာထေးပေးနိုင်သည်။ ပိုအရေးကြီးသည်က ဆန်းကြယ်နဂါးသည် အားနည်းချက်လေ့လာမှုကို အသုံးပြုနိုင်ပြီး သူ့ပြိုင်ဘက်၏ အားနည်းချက်များကို ရှာကာ မဟာဓားကို အရှိန်အပြည့်ဖြင့် ထုတ်ဖော်နိုင်တာပဲ ဖြစ်သည်။
ထို့အပြင် ဆန်းကြယ်နဂါးက မှော်ဓားသမား ဖြစ်သည်။ မှော်အားဖြည့်ပေးမှုဖြင့် သူ့တိုက်ခိုက်မှုစွမ်းအင်နှင့် အရှိန်က အဆင့်သစ်တစ်ခုအထိ တက်သွား၏။ နယ်မြေနယ်ပယ်မွန်းစတားများကတောင် ထိုလူကို ထိပ်တိုက်မရင်ဆိုင်နိုင်ပေ။
” ကျရှုံးခြင်း အထွတ်အထိပ်ပိုင်းဖြတ်မှု ခြောက်သွယ် … ”
ဆန်းကြယ်နဂါးက မျက်လုံးဖွင့်လိုက်သည်နှင့် ဂျမ်းတဲလ်စနိုးဆီ ပိုင်းဖြတ်မှုခြောက်ခု ထုတ်ဖော်လိုက်တော့သည်။ သို့သော် သူ၏ တိုက်ကွက်များက ဆက်တိုက်ထုတ်ဖော်သော လျင်မြန်ဓားများထက် ပိုမြန်ဆန်သည်။ ယခုအခေါက်တွင် သူက အသက်တစ်ရှိုက်စာအတွင်း ပိုင်းဖြတ်မှုခြောက်ခုကို ထုတ်ခဲ့တာဖြစ်ပြီး ဂျမ်းတဲလ်စနိုး၏ မျက်ကွယ်ထောင့်များကို ပစ်မှတ်ထားခဲ့သည်။ ရှေးစစ်သည်တော်အဖို့ တိုက်ကွက်အားလုံးကို ရှောင်တိန်းဖို့က မဖြစ်နိုင်ပေ။
ဆန်းကြယ်နဂါးက အထွတ်အထိပ်ပိုင်းဖြတ်မှုခြောက်သွယ်ကို ထုတ်ဖော်လိုက်သည်နှင့် အမျိုးမျိုးသော အထူးဧည့်သည်တော်အခန်းထဲရှိ ထိပ်သီးကျွမ်းကျင်သူများက အသက်အောင့်ထားလျက် မျက်လုံးများ ပြူးကျယ်ကာ ထိုစိတ်လှုပ်ရှားဖွယ်အခိုက်အတန့်ကို လွဲချော်သွားမှာကို ကြောက်ရွံ့နေကြ၏။
ထိုစဥ် ဤအစွမ်းထက်သောနည်းစနစ်၏ ရှေ့ရှိ ဂျမ်းတဲလ်စနိုးကမူ အထွတ်အထိပ် ပိုင်းဖြတ်မှုခြောက်သွယ်မှ ဖိအားကို ခံစားမိသည်။ ဖိအားက သူမ လက်နှင့် ခြေတို့ကို လေးလံလာစေ၏။ ထိုနည်းစနစ်ကို မည်ကဲ့သို့ ပိတ်ဆို့နိုင်မည်နည်း။
ဂျမ်းတဲလ်စနိုးသည် ရွေးချယ်စရာမရှိတော့ဘဲ အားကုန်ထုတ်သုံးရတော့သည်။
အမွေအနှစ်ရှေးစစ်သည်တော်စကေး ကြယ်အလင်းရောင် သူတော်စင်
အကျော်ဇေယျခုနှစ်ပါး နယ်မြေ