ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1165 အပြည့်အဝအနိုင်ရခြင်း
” သူက သိပ်သန်မာတာပဲ … ”
” NPC တစ်ယောက်က ရုပ်ဖျက်ထားတာများလား … ”
ဂျမ်းတဲလ်စနိုးသည် သူမ၏ ရှေးစစ်သည်တော်စကေးကို အသက်သွင်းလိုက်သည့်အချိန်၌ လူအုပ်ကြီးက ထိတ်လန့်အံ့အားသင့်သွား၏။
ဂျမ်းတဲလ်စနိုးသည် ကြယ်အလင်းသူတော်စင်ကို အသက်သွင်းလိုက်သည်နှင့် သူမ၏ မူလက အနက်ရောင်သံချပ်ကာသည် အဖြူရောင်ငှက်မွှေးဂါဝန်အဖြစ် ပြောင်းလဲသွား၏။ ငွေမှင်ရောင် သတ္ထုတောင်ပံသုံးစုံက ပေါ်လာလျက် ရွှေရောင်နတ်ဘုရားရုန်းများဖြင့် စီရင်ထားပြီး သူမနောက်ကျောကနေ ပေါ်ထွက်လာသည်။ ဂျမ်းတဲလ်စနိုး၏ ပါးနှင့် နဖူးပေါ်တွင်လည်း ရွှေရောင်နတ်ဘုရားရုန်းများ ပေါ်ထွက်လာပြီး သူမ၏ သွင်ပြင်ကို နတ်သမီးဆန်သွားစေ၏။ သို့သော် ပရိသတ်ထဲရှိ ကစားသမားတိုင်းက ကျွမ်းကျင်သူများဖြစ်၏။ သူတို့က ရုပ်ရည်သွင်ပြင် ပြောင်းလဲမှုကြောင့် ကြောက်လန့်မှာ မဟုတ်ပေ။ အကြောင်းအရင်းက ဂျမ်းတဲလ်စနိုး ထုတ်ဖော်နေသည့်စွမ်းအား၏ ခြိမ်းခြောက်မှုကို ခံစားမိသောကြောင့် ဖြစ်၏။ ယင်းခံစားချက်က သန်မာသည့်ပြိုင်ဘက်မှ ခံစားနေကြ ဖိအားနှင့် မတူညီပေ။ ယင်းက အသက်နှုန်းပိုမြင့်သည့် သတ္တဝါများနှင့် ရင်ဆိုင်ရသည့်အခါ ခံစားရသည့် အကြောက်တရားနှင့် ဆင်တူသည်။ ပုံမှန်ဆို သူတို့သည် NPC များ သို့မဟုတ် မွန်းစတားကို ရင်ဆိုင်ရသည့်အချိန်မှသာ ထိုခံစားချက်ကို တွေ့ကြုံတာ ဖြစ်သည်။ ထိုသို့တိုင် သူတို့က ဂျမ်းတဲလ်စနိုးကို ကြောက်ရွံ့နေကြ၏။ တတိယအလွှာ အထူးဧည့်သည်တော်အခန်းထဲတွင် ဖီးနစ်မိုး၏ အမူအရာ၌ အံ့သြသည့် အရိပ်အယောင် ပေါ်လာသည်။
” သူမှာ ပုန်းကွယ်အမျိုးအစား ရှိနေတာလား … ”
ထိုအတွေးက ဖီးနစ်မိုး၏ စိတ်ထဲပေါ်လာလေ၏။
သူမသည် အသူရာတိုက်ပွဲဝင်အဖွဲ့၏ အဖွဲ့ဝင်များအကြောင်းဖိုင်ကို ကြည့်ရှူ့ခဲ့ပြီ ဖြစ်သည်။ ဂျမ်းတဲလ်စနိုးက ထိုကဲ့သို့ ရှေးစစ်သည်တော်အမျိုးအစား ပိုင်ဆိုင်ထားကြောင်း အချက်အလက်တွင် မှတ်တမ်းတင်ထားသည့်တိုင် ကစားသမား၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်သည့် ရှေးစစ်သည်တော်စကေး အများစုက ဤမျှအကွာအဝေးထိ မရောက်စေနိုင်ပေ။
သို့သော် ယခုတွင်မူ ဂျမ်းတဲလ်စနိုး၌ ပုန်းကွယ်အမျိုးအစားတစ်ခုပိုင်ဆိုင်ကြောင်း ဖီးနစ်မိုး သေချာသွားပြီ ဖြစ်သည်။ မဟုတ်လျှင် ထိုကဲ့သို့ အစွမ်းထက်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာ မဟုတ်ပေ။ ယခုအချိန်တွင် ဖီးနစ်မိုးရလာသည့် တစ်ခုတည်းသော ဖြေရှင်းချက်က ဂျမ်းတဲလ်စနိုးသည် ဆန်းကြယ်အမွေအနှစ် ရှေးစစ်သည်တော်စကေးများထဲမှ တစ်ခုကို အသုံးပြုခဲ့တာပဲ ဖြစ်မည်။ အထွတ်အထိပ်အမွေအနှစ်များသာလျှင် အမွေအနှစ်ရှေးစစ်သည်တော်စကေးများကို ပိုင်ဆိုင်၏။ ထိုအချက်ကို တွေးမိသောအခါ ဖီးနစ်မိုးက ဇီးရိုးဝင်းအကြောင်း သိချင်စိတ်တို့ တိုးလာ၏။
အသူရာတိုက်ပွဲဝင်အဖွဲ့၏ အဖွဲ့ဝင်များသည် အံ့ဖွယ်အိုင်တမ်တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြသခဲ့တာကို သူမ လက်ခံနိုင်သေး၏။
သို့သော် ဇီးရိုးဝင်းသည် အထွတ်အထိပ်အမွေအနှစ်ကို ရရှိအောင် မည်ကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း အတွေးနိုင်ဖြစ်နေသည်။ နတ်ဘုရားနယ်မြေထဲ၌ အထွတ်အထိပ်အမွေအနှစ်များသည် အံ့ဖွယ်လက်နက်များ၊ ချပ်ဝတ်တန်ဆာများထက် ပိုရှားပါးပေ၏။ ယခုအချိန်ထိတိုင် နဂါးဖီးနစ်ပွဲကြည့်စင်က အထွတ်အထိပ်အမွေအနှစ်ရနိုင်မည့် သဲလွန်စတစ်ခုကိုတောင် ရှာမတွေ့လေရာ အထွတ်အထိပ်အမွေအနှစ်တစ်ခု ရဖို့ဆိုလျှင် ပြောနေရန်မလိုတော့ချေ။
ဆန်းကြယ်အတွက်မူ အစည်းအရုံး၏ အင်အားစုအားလုံးကို လှုပ်ရှားခိုင်းပြီးမှ သူတို့သည် အနောက်ပိုင်းကဝေအတွက် အထွတ်အထိပ်အမွေအနှစ်တစ်ခုကို ရရှိခဲ့တာပဲ ဖြစ်သည်။
လူတိုင်းက ဂျမ်းတဲလ်စနိုး၏ ပြသမှုကြောင့် ထိတ်လန့်သွားစဥ် ဆန်းကြယ်နဂါး၏ အထွတ်အထိပ်ခြောက်သွယ်ပိုင်းဖြတ်ခြင်းက အမျိုးသမီးကစားသမားပေါ် ကျရောက်လာလေ၏။ ထိုအထွတ်အထိပ်ခြောက်သွယ်ပိုင်းဖြတ်ခြင်းနည်းစနစ်က ဆန်းကြယ်နဂါး၏ လက်ရှိ အကန့်အသတ် ဖြစ်သည်။
စံသတ်မှတ်ချက်ချင်း တူညီသည့် ထိပ်သီးကျွမ်းကျင်သူများကတောင် ထိုပိုင်းဖြတ်မှု နှစ်ကွက်သုံးကွက်ကိုသာ ပိတ်ဆို့နိုင်လျှင် ပိုကောင်းနေမှာပဲ ဖြစ်သည်။ သူတို့က အသက်ကယ်စကေး မထုတ်ဖော်ထားလျှင် တိုက်ကွက်က HP ကို ဝါးမျိုသွားလိမ့်မည်။
ပိုင်းဖြတ်မှုခြောက်ခုက ဂျမ်းတဲလ်စနိုးဆီ ရောက်တော့မည့်အချိန်တွင် ရှေးစစ်သည်တော်ရှေ့၌ ငွေဖြူရောင်အထွတ်အထိပ် လှံသုံးစင်းပေါ်လာတော့၏။ ဂျမ်းတဲလ်စနိုး၏ မဟာဓားက နှစ်လက်ကိုင်ဓားသဖြင့် အသွင်ပြောင်းလဲသွား၏။ ချက်ချင်းပင် ထိုအရာက သူမ ယခင်မျက်ကွယ်ထောင့်များ၏ ပြဿနာကို ဖြေရှင်းပေးလိုက်သည်။
ဆန်းကြယ်နဂါး၏ မဟာဓားကျရောက်လာသည့်အချိန်တွင် သတ္ထုချင်းထိသည့်အသံက ပြိုင်ကွင်းထဲ၌ ပဲ့တင်သံထွက်လာလေ၏။
အဆုံးတွင်မူ ဂျမ်းတဲလ်စနိုးက ပိုင်းဖြတ်မှုခြောက်ခုလုံးကို ပိတ်ဆို့ခဲ့သည်။ ထို့အပြင် သူမက တိုက်ခိုက်ခံရပြီးသည့်တိုင် အထိအခိုက်မရှိပေ။ သူမက HP တစ်စက်မှ မဆုံးရှုံးခဲ့ချေ။
” မင်း အားလုံးကို ပိတ်ဆို့လိုက်တာလား … ”
ဆန်းကြယ်နဂါး၏ အမူအရာက တောင့်တင်းသွားသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်နေလျက် လူအုပ်ကြီးက ဂျမ်းတဲလ်စနိုးကို မယုံနိုင်စွာ စိုက်ကြည့်နေ၏။ မိုင်ထောင်ချီက အားလုံးထက် ပိုထိတ်လန့်နေသည်။ ဆန်းကြယ်နဂါး၏ အသန်မာဆုံးနည်းစနစ်က ဖျက်ခံလိုက်၏။ ယင်းက မည်ကဲ့သို့ ဖြစ်နိုင်သနည်း။
မိုင်ထောင်ချီသည် ဂျမ်းတဲလ်စနိုးက တိုက်ကွက်ခြောက်ကွက်လုံးကို အောင်မြင်စွာ ပိတ်ဆို့နိုင်ချေကို ထည့်တွက်ထားစဥ် သူမ လွင်ပြယ်ခြင်းစကေးတစ်ခု သုံးခဲ့တာဟု ယူဆမိ၏။ သို့သော် ဂျမ်းတဲလ်စနိုးသည် ဘာကိုမှ မသုံးခဲ့ပေ။ သူမ၏ ကိုယ်ပိုင်နည်းစနစ်ကိုသာ အားထားခဲ့တာပဲ ဖြစ်သည်။
” ဇီးရိုးဝင်းလို အစည်းအရုံးလေးမှာ ဒီလို ပါရမီရှင်မျိုး ဘယ်လိုလုပ်ရှိနေရတာလဲ … ”
နှင်းနတ်ဘုရားမကို ကြည့်နေစဥ် မိုင်ထောင်ချီ၏ မနာလိုဖြစ်မှုတို့က စတင်ပေါ်ထွက်လာ၏။
မှန်ပေ၏။ သူ ဇီးရိုးဝင်းကို အားကျသည်။
ဂျမ်းတဲလ်စနိုး၏ အချက်အလက်များအရ ထိုအမျိုးသမီးသည် ထူးခြားသော စနစ်မှ လေ့ကျင့်ပေးခြင်းကို မရရှိထား။ ထိုသို့တိုင် ဆန်းကြယ်နဂါး၏ လက်နက်နှင့် ယှဥ်နိုင်သည့် လက်နက်များ၊ ချပ်ဝတ်တန်ဆာများ ရရှိထားပြီး ပြိုင်ဘက်ကို ဖိနှိပ်နိုင်စွမ်း ရှိသည်။ ယင်းက ရူးလောက်စရာပင် ဖြစ်သည်။
ဂျမ်းတဲလ်စနိုးက ဆန်းကြယ်ကို ဝင်ခဲ့လျှင် မိုင်ထောင်ချီကိုယ်တိုင်တောင် ထိုအမျိုးသမီးကို မည်သို့သောအနာဂတ် စောင့်ကြိုနေမည်ဆိုတာ မမှန်းဆှန်းဆနိုင်ပေ။ ထို့အပြင် ဂျမ်းတဲလ်စနိုးက အရည်အချင်းရှိသည့် မန်နေဂျာတစ်ဦး ဖြစ်သည်။ သူမကို ပါရမီရှင်ဟု ခေါ်ဆိုမည့်အစား သူမကို အံ့ဖွယ်ပါရမီရှင်ဟု ခေါ်တာက ပိုကောင်းပေမည်။
ဂျမ်းတဲလ်စနိုးသာ သူ၏ လက်အောက်ငယ်သား ဖြစ်လာခဲ့လျှင် နောင်တွင် သူ အစည်းအရုံးခေါင်းဆောင် ဖြစ်လာနိုင်ခြေက ပိုမြင့်၏။
ဂျမ်းတဲလ်စနိုးအပြင် ယခင် ယှဥ်ပြိုင်ပွဲ၌ စင်ပေါ်တက်ခဲ့သော ညို့ငင်ခြင်းဆမ်းမား၊ ခရမ်းတိမ်တို့ကလည်း ပါရမီထူးပေ၏။ ဆန်းကြယ်ထဲတွင် သူတို့က ထိပ်တန်းအမျိုးအစား ကစားသမားများအဖြစ် သေချာပေါက်သတ်မှတ်နိုင်သည်။
ထိုသို့တိုင် ဤကဲ့သို့ အံ့ဖွယ်များနှင့် ပါရမီရှင်များက ဇီးရိုးဝင်းကဲ့သို့ အစည်းအရုံးလေးအတွင်းမှ ဆက်လက်ပေါ်ထွက်လာလေ၏။ ယင်းက အဓိပ္ပာယ်မရှိပေ။
မိုင်ထောင်ချီက ရုတ်တရက် အကြံတစ်ခု ရလာ၏။ ဂျမ်းတဲလ်စနိုးနှင့် ကျန်သည့်သူများကို ဆန်းကြယ်အတွက် ခေါ်ရန်ဖြစ်သည်။
” အံ့သြဖို့ကောင်းလိုက်တာ … သူက ဓားရူးကို ဖိနှိပ်နိုင်ခဲ့တယ် … ”
” ဒါက နှင်းနတ်ဘုရားမရဲ့ ခွန်အားအစစ်အမှန်လား … ”
” အဲဒီအကွက်ကို ဘယ်လိုပိတ်ဆို့လိုက်တာလဲ … ”
ပရိသတ်ထဲတွင် ကျွမ်းကျင်သူများစွာ ရှိသော်ငြား သူတို့အားလုံးက ဆန်းကြယ်နဂါး၏ အထွတ်အထိပ်ခြောက်သွယ်ပိုင်းဖြတ်မှုအောက်၌ ချက်ချင်းသေမည်မှန်း သိနေကြသည်။ သို့သော် ဂျမ်းတဲလ်စနိုး၏ သွင်ပြင်အရ ခုခံပြီးသည့်နောက် စွမ်းအင်အချို့ ကျန်နေသေးတာ သိသာသည်။ လူအုပ်ကြီးထဲရှိ လူတိုင်းက ကြက်သီးများထကုန်၏။ သူတို့က သမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်တွေ့လိုက်ရမှန်း သဘောပေါက်သွား၏။
ဂျမ်းတဲလ်စနိုးသည် ဓားရူးဆန်းကြယ်နဂါးကို အနိုင်ယူတော့မည်။ အသူရာတိုက်ပွဲတင်အဖွဲ့က မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ကို ရှင်းလင်းတော့မည်။
” အစ်မကြီးနှင်းက သိပ်အံ့သြဖို့ကောင်းတယ် … အဲ့ဒီတိုက်ကွက်တွေကို ညီမတောင် မမြင်ရဘူး … ဒါတောင် သူက အားလုံးကို ပိတ်ဆို့လိုက်တယ် … ညီမသာ သူ့နေရာမှာဆိုရင် ရှုံးနေမှာပဲ … ”
ခရမ်းတိမ်သည် ဂျမ်းတဲလ်စနိုးကို လေးစားစွာကြည့်နေ၏။
” ဘယ်အချိန်ကြမှ အဲ့ဒီနယ်ပယ်ကို ရောက်နိုင်မလဲဆိုတာ သိချင်မိတယ် … ”
တုံ့ပြန်သည့်အနေဖြင့် ရှီဖုန်းက ရယ်မောလိုက်သည်။ လက်တွေ့တွင် ခရမ်းတိမ်ကို သူပြောပြချင်သည်က သူမ၏ တိုက်ပွဲဝင်နည်းစနစ်က ဂျမ်းတဲလ်စနိုး၏ တိုက်ပွဲဝင်နည်းစနစ်ထက် ပိုသန်မာကြောင်းပဲ ဖြစ်သည်။ သူတို့၏ ချပ်ဝတ်တန်ဆာကြား ကွာဟချက်က ကွဲပြားသွားစေတာပဲ ဖြစ်သည်။
အကျော်ဇေယျခုနှစ်ပါး တိုက်ပွဲဝင်သံချပ်ကာသည် အနီးကပ်ကစားသမားများကို ရင်ဆိုင်ရာတွင် လိမ်ညာမှုတစ်ခုနီးပါး ဖြစ်နေ၏။ ဂျမ်းတဲလ်စနိုးသည် အနောက်ပိုင်းကဝေကို ရင်ဆိုင်ရာတွင် အခွင့်သာမှာ မဟုတ်ပေ။
အကျော်ဇေယျခုနှစ်ပါး တိုက်ပွဲဝင်သံချပ်ကာ၌ အလိုအလျောက်စကေးနှစ်ခု ရှိသည်။ သူတို့ထဲတွင် မှော်ပံ့ပိုးမှုက အသုံးပြုသူ၏ ရုပ်ခန္ဓာကို (၃၀) ရာခိုင်နှုန်း တိုးစေ၏။ နတ်ဘုရားနယ်မြေအတွင်း ရုပ်ခန္ဓာတိုးတက်မှုသည် ကစားသမားတစ်ဦး၏ အရှိန်နှင့် သက်လုံအားကို တိုးရာတွင် အကန့်အသတ်မရှိပေ။ ပိုအရေးကြီးသည်က ကစားသမားတစ်ဦး၏ အာရုံငါးပါးလည်း တိုးလာပြီး သူတို့ ပုံမှန်ဆို မရနိုင်သည့်အရှိန်ကို ထိန်းထားနိုင်သည်။
ယင်းက ဒဏ္ဍာရီလာ ချပ်ဝတ်တန်ဆာတစ်ခု ရှိရခြင်း၏ ကောင်းကျိုးဖြစ်သည်။ အပိုင်းအစ အခြေအနေသာ ရှိသော်ငြား သူ၏ အာနိသင်က ကြောက်မက်ဖွယ်ကောင်းနေသေးဆဲ ဖြစ်သည်။
ဆန်းကြယ်နဂါးကလည်း အကျော်ဇေယျခုနှစ်ပါးနယ်မြေ၏ အာနိသင်များကို ခံစားမိပြီး သူ၏ အရှိန်ကို သိသိသာသာလျော့ချလိုက်သည်။ သူမက အထွတ်အမြတ်လှံသုံးစင်းကို အသုံးမပြုခဲ့သည့်တိုင် ဂျမ်းတဲလ်စနိုး၏ လက်ရှိအဆင့် အခြေခံအရည်အချင်းနှင့် ရုပ်ခန္ဓာဖြင့် သူမက တိုက်ကွက်ခြောက်ကွက်ထဲမှ ငါးကွက်ကို ပိတ်ဆို့နိုင်ရန် ပြဿနာရှိမှာ မဟုတ်ပေ။ သူမ တိုက်ပွဲဝင်သံချပ်ကာ၏ ကြောက်မက်ဖွယ်ကောင်းသည့် ခုခံမှုဖြင့် တိုက်ကွက်တစ်ကွက်ကနေ ထိခိုက်မှုများစွာကို လက်ခံရမှာ မဟုတ်ပေ။
ထိုအကြောင်းအရင်းက အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်ကို ကြောက်မက်ဖွယ်ကောင်းသွားစေတာပဲ ဖြစ်သည်။ ရိုးရှင်းသည် အိုင်တမ်တစ်ခုက ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ကို ဖန်တီးနိုင်သည်။
ထိုအကြောင်းအရင်းကြောင့် အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများသည် အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်များကို ရရန်အတွက် ကျားကုတ်ကျားခဲကြိုးစားခဲ့ကြတာပဲ ဖြစ်သည်။
စင်မြင့်ပေါ်တွင် ဂျမ်းတဲလ်စနိုးက အကျော်ဇယျခုနှစ်ပါးနယ်မြေ၏ စွမ်းဆောင်ရည်ကို ပြသနေစဥ် ဆန်းကြယ်နဂါးက ခါးသက်စွာပြုံးလျက် လက်မြောက်ကာ ပြိုင်ပွဲကို အရှုံးပေးလိုက်တော့သည်။ ဆန်းကြယ်နဂါးက သူ့စကားသူ တည်၏။
လူတိုင်းက အဖြစ်အပျက်ကို သဘောမပေါက်ခင် စနစ်က ဂျမ်းတဲလ်စနိုးနှင့် မီးလျှံကကြိုးသည် ဤပွဲစဥ်၏ အနိုင်ရသူများဖြစ်ကြောင်း အလိုအလျောက်ကြေညာခဲ့သည်။ ပြီးနောက် ယှဥ်ပြိုင်ပွဲက ပြီးဆုံးသွားတော့၏။
အသူရာတိုက်ပွဲဝင်အဖွဲ့သည် မိစ္ဆာနဂါးတိုက်ပွဲဝင်အဖွဲ့ပေါ်၌ အပြည့်အဝအောင်နိုင်ခဲ့လေ၏။