ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1176 ကြီးမြတ်သောမဟာအဂ္ဂိရတ်ပညာရှင် ဆယ်ဦး
” သူ ဒီကို ဘာကြောင့်ရောက်နေတာလဲ … ”
လဲလှယ်သူ၏ အမည်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးသည့်တိုင် ရှီဖုန်းက သူမျက်လုံးသူ မယုံသေးပေ။ သူတို့ပြောနေသည်က ကြီးမြတ်သောမဟာအဂ္ဂိရတ်ပညာရှင် ဆယ်ဦးအကြောင်း ဖြစ်သည်။ ထိုတည်ရှိမှုများက အဂ္ဂိရတ်ကစားသမားများအားလုံး၏ ထိပ်၌ ရပ်တည်နိုင်ကြသည်။
စူပါအစည်းအရုံးများကတောင် သူတို့ကို တလေးတစားဆက်ဆံရ၏။ နတ်ဘုရားနယ်မြေ၏ အစည်းအရုံးများအားလုံးတွင် ကစားသမားများက ထိုလူများကို တွယ်ကပ်ရန် ကြိုးစားနေကြသည်ဟု ဆိုနိုင်သည်။
ဆိုရလျှင် ဂိမ်းထဲ၌ အဆင့်မြင့်တက်လေ မွန်းစတားများက ပိုပြီး အစွမ်းထက်လာလေ ဖြစ်၏။ ကစားသမားများသည် ထိုမွန်းစတားများကို အနိုင်ယူချင်လျှင် သူတို့က ကိုယ်ပိုင်ခွန်အားထက် ပိုလိုအပ်သည်။ သူတို့က ပြင်ပအိုင်တမ်များလည်း လိုအပ်၏။ ဥပမာအနေဖြင့် မီးပုံစံဘော့စ်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဘော့စ်များက မြင့််မားသည့် မီးခုခံမှုမရှိဘဲ အဖွဲ့က မည်မျှသန်မာစေကာမူ မီးလောင်ပြီး သေနိုင်၏။ အဖွဲ့ထဲရှိ က၀ားသမားတိုင်းက မဟာမီးခုခံမှုဆေးရည်ကို ပိုင်ဆိုင်ထားခဲ့လျှင် သူတို့က မီးပုံစံဘော့စ်ကို အလွယ်တကူအနိုင်ယူနိုင်ပေလိမ့်မည်။
ပထမတစ်ခုက ရှီဖုန်း၏ နောက်ထပ်ပန်းတိုင် နတ်ဆိုးကျွန်း ဖြစ်သည်။ နတ်ဆိုးကျွန်းက အလွန်အန္တရာယ်များနေပြီးသား ဖြစ်၏။ သို့သော် ရှိနေသည့်အနက်ရောင်အငွေ့များဖြင့် ကစားသမားများသည် အမှောင်ထုခုခံမှု မရှိဘဲ ကျွန်းပေါ်ခြေချနိုင်မှာ မဟုတ်ပေ။
ထို့အပြင် အချိန်မျှော်စင်က မြင့်မားသော မှော်ခံနိုင်ရည်လိုအပ်၏။ အဖွဲ့တစ်ဖွဲ့က မှော်ခုခံခြင်းဆေးရည်များစွာ လိုအပ်၏။ သို့သော် မှော်ခုခံခြင်းဆေးရည်များဖြင့် ပြုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့သည် အဆင့်မြင့်အဆင့် ဆေးရည်များလိုအပ်၏။ ထိုထက်ပိုကောင်းလျှင် ပညာရှင်အဆင့် ဆေးရည်လိုအပ်သည်။
မှော်ခုခံခြင်းဆေးရည်အများဆုံးရှိသည့် အစည်းအရုံးက အကျော်ဇေယျခုနှစ်ပါးသလင်းများ ပိုရရှိလိမ့်မည်။
ထို့အပြင် ယင်းက အဂ္ဂိရတ်ဆရာတစ်ယောက်၏ အကျိုးခံစားခွင့်များစွာထဲမှ တစ်ခုဖြစ်သည်။ နတ်ဘုရားနယ်မြေထဲ၌ ပြင်ပအိုင်တမ်များကို လိုအပ်သည်။ အလွန်အန္တရာယ်များသော တည်နေရာများစွာရှိ၏။ ထို့ကြောင့် အမျိုးမျိုးသော အစည်းအရုံးကြီးများသည် အဂ္ဂိရတ်ပညာရှင်များနှင့် မဟာအဂ္ဂိရတ်ပညာရှင်များကို အလွန်တလေးတစားဆက်ဆံကြ၏။
ကြီးမြတ်သောမဟာအဂ္ဂိရတ်ပညာရှင်ဆယ်ဦးထဲတွင် ဆိုင်းလန့်ဝန်ဒါက ထိပ်တန်းသုံးယောက်အတွင်း ဝင်သည်။ ပထမတန်းအစည်းအရုံးများ၏ အစည်းအရုံးခေါင်းဆောင်များကတောင် ဆိုင်းလန့်ဝန်ဒါနှင့် တွေ့ဆုံခွင့်ရရန် ခက်ခဲနေကြပြီး ဆိုင်းလန့်ဝန်ဒါက တွေ့ဆုံတွင် သဘောတူခဲ့လျှင်တောင် သူတို့က တန်းစီပြီး သူတို့အလှည့်ရောက်မှာကို စောင့်စားနေရ၏။
” အရိပ်ရွှေနဲ့ ရှေးဟောင်းသစ်သားလား … ”
ရှီဖုန်းက နက်နဲစွာ တွေးလိုက်လေပြီး ဆိုင်းလန့်ဝန်ဒါ လဲလှယ်ချင်သည့် အိုင်တမ်တစ်ခုကို ကြည့်လိုက်လေ၏။
အရိပ်ရွှေက အံ့ဖွယ်အဆင့်ကုန်ကြမ်း ဖြစ်သည်။ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ အသုံးပြုသည့်အချိန်တွင် ၎င်း၏ အပိုင်းအစတစ်ခုထည့်ခဲ့လျှင် လက်နက်များက အမှောင်ထိခိုက်မှုကို ထပ်တိုးဖြစ်စေပြီး ချပ်ဝတ်တန်ဆာသည် ထပ်တိုးအမှာင်ခုခံခြင်းကို ထောက်ပံ့ပေးနိုင်မည်။ ယင်းက အမှောင်ခုခံခြင်းချပ်ဝတ်တန်ဆာကို ထုတ်လုပ်ရာ၌ လိုအပ်သည့်ကုန်ကြမ်း ဖြစ်သည်။
အတိတ်တုန်းက အရိပ်ရွှေသတ္တုရိုင်းတစ်စကို ရွှေပြားသုံးရာဖြင့် အလွယ်တကူရောင်းချနိုင်၏။ သို့သော် ကစားသမားများသည် ကုန်ကြမ်းများရောင်းချတာ ရှားသည်။ ဘဝပုံစံကစားသမားများ၏ ကိုယ်ပိုင်စုဆောင်းမှုနှင့် အပိုင်းအစများသာ ဖြစ်သည်။
ရှေးဟောင်းသစ်သားအတွက်ကမူ ၎င်း၏ တန်ကြေးက ပိုတောင်မြင့်သည်။ သစ်တုံးတစ်တုံးကို ရွှေပြားငါးရာဖြင့် ရောင်းနိုင်၏။ ယင်းက တောင်ဝှေး၊ သင်္ဘော၊ မြင်းလှည်း၊ ပရိဘောဂနှင့် ကျန်သည့်သစ်သားထုတ်ကုန်များ ထုတ်လုပ်ရန် အသုံးပြုနိုင်သည့် အံ့မခန်းအံ့ဖွယ် ကုန်ကြမ်းတစ်ခုလည်း ဖြစ်သည်။
ထိုကုန်ကြမ်းနှစ်မျိုး၏ စုစုပေါင်းတန်ဖိုးက ပညာရှင်အဆင့် အမှောင်ခုခံခြင်းဆေးရည်နှင့် အလင်းဝတ်ရုံထက်ပိုသည်။
” သူ့လို အဂ္ဂိရတ်ဆရာတစ်ယောက်က ဒီလိုအိုင်တမ်တွေ ဘာကြောင့် လိုချင်တာလဲ … ”
ရှီဖုန်းက သိချင်သွားသည်။ အရိပ်ရွှေနှင့် ရှေးဟောင်းသစ်သားနှစ်မျိုးလုံးကို အဂ္ဂိရတ်ပညာရပ်တွင် အသုံးပြုနိုင်ပေ။ သို့သော် ရှီဖုန်းက ထိုကိစ္စကို မတွေးပေ။ ချက်ချင်း ဆိုင်းလန့်ဝန်ဒါကို စာပို့လိုက်သည်။
သူ၏ စာက အလွန်ရိုးရှင်းသည်။ အဲဒီအိုင်တမ်နှစ်ခု ရှိတဲ့နေရာအကြောင်း သဲလွန်စရှိတယ်။
လက်ရှိကစားသမားများသည် အရိပ်ရွှေ သို့မဟုတ် ရှေးဟောင်းသစ်သားကို လက်ဝယ်မရယူနိုင်ပေ။ လိုအပ်သည့်အဆင့်ကို ရောက်ရှိခဲ့လျှင်တောင် ခက်ခဲသည့်တာဝန်တစ်ရပ် ဖြစ်နေသေး၏။ မဟုတ်လျှင် ရှားပါးသောကုန်ကြမ်းများအဖြစ် သတ်မှတ်နိုင်မှာမဟုတ်ချေ။
သို့သော် ရှီဖုန်းက အမှောင်ထုခုခံခြင်းအိုင်တမ်များကို အရေးတကြီးလိုအပ်နေသည်။ ပညာရှင်အမှောင်ထုခုခံခြင်းဆေးရည်နှင့် အလင်းဝတ်ရုံက ထိုထက်ပိုပြီး ပြီးပြည့်စုံနိုင်တော့မှာ မဟုတ်ပေ။ အလင်းဝတ်ရုံသည် ကစားသမားတစ်ဦး၏ အမှောင်ထုခုခံခြင်းကို သိသိသာသာ တိုးမြှင့်ပေးသည်။
သူက အလင်းဝတ်ရုံကို ဝတ်ဆင်ပြီး နတ်ဆိုးကျွန်းပေါ်သို့ ရောက်သည့်အချိန်၌ အလယ်အဆင့် အမှောင်ထုခုခံခြင်းတစ်ပုလင်းကို သုံးစွဲလိုက်သည့်အချိန်၌ ကျွန်းပေါ်၌ လွယ်လင့်တကူ သွားလာနိုင်ပေမည်။
ရှီဖုန်း စာပို့ပြီး မကြာမီ၌ သူသည် ဆိုင်းလန့်ဝန်ဒါထံမှ မိတ်ဆွေဖွဲ့ခြင်းကို လက်ခံရရှိလိုက်၏။ ပြီးနောက် ရှီဖုန်းက မိတ်ဆွေဖွဲ့လာတာကို လက်ခံလိုက်သည်။ ဤနည်းဖြင့် သူတို့က ဗွီဒီယိုကောကနေ ဆွေးနွေးနိုင်တော့သည်။
” အရိပ်ရွှေနဲ့ ရှေးဟောင်းသစ်သားရဖို့ သဲလွန်စတွေ ရှင့်မှာ တကယ်ရှိတာလား … ”
ဆိုင်းလန့်ဝန်ဒါက အသက်ကြီးပုံမပေါ်ပေ။ သူမက အသက်နှစ်ဆယ်အလယ်အလတ်လောက် ရှိပုံပေါ်သည့် အမျိုးသမီးဖြစ်သည်။ သူမ၌ ဘဲဥပုံမျက်နှာ ရွှေရောင်မျက်ဝန်းကြီးများရှိ၏။ မဖော်ပြနိုင်သော အေးစက်ပြီး တင်းကျပ်သည့် ခံစားချက်မျိုးပေးစွမ်းသည်။
” အမှောင်ထုခုခံခြင်းချပ်ဝတ်တန်ဆာကို သွန်းလုပ်ဖို့ အရိပ်ရွှေကို သုံးနိုင်ပြီး ရှေးဟောင်းသစ်သားက ရှေးဟောင်းစွမ်းအားပိုင်ဆိုင်တဲ့ တောင်ဝှေးတစ်ခုကို ထုတ်လုပ်နိုင်တယ် … ဒါက ကိုင်ဆောင်သူရဲ့ ဂါထာရဲ့အာနိသင်ကို ချဲ့ထွင်ပေးနိုင်တယ် … ကျုပ်မှန်တယ်မလား … ”
ရှီဖုန်းက ပြောပြီး ပြုံးလိုက်လေ၏။
ထိုစကားကို ကြားသောအခါ ဆိုင်းလန့်ဝန်ဒါ၏ ရွှေရောင်မျက်ဝန်းထဲ၌ ပျော်ရွှင်မှုများ သန်းလာတော့၏။
အရိပ်ရွှေနှင့် ရှေးဟောင်းသစ်သားနှစ်မျိုးလုံးသည် ရှားပါးသောကုန်ကြမ်းများ ဖြစ်သည်။ သူမသည် သူတို့နှင့် သက်ဆိုင်သည့်အချက်အလက်ကို အချိန်အတော်ကြာ ရှာဖွေခဲ့၏။ ယခု ရှီဖုန်းက ကုန်ကြမ်းများ၏ လုပ်ဆောင်ချက်ကို သမန်ကာရှန်ကာ ဖော်ပြလာလေရာ ထိုအိုင်တမ်များနှင့် သူအကျွမ်းဝင်ကြောင်း သက်သေပြပြီးသား ဖြစ်၏။
” ပြောလိုက်လေ … သဲလွန်စကို ကျွန်မဆီ ပြောပြဖို့အတွက် ရှင့်အတွက် ဘာလုပ်ပေးရမလဲ … ”
ဆိုင်းလန့်ဝန်ဒါက ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်၏။ သူမသည် ထိုကုန်ကြမ်းများ ရှာဖွေမှုအတွက် အားစိုက်ထုတ်မှုများစွာ သုံးခဲ့ရသည်။ သူမတွင်ရှိသည့် အဆက်အသွယ်တိုင်းကို သုံးခဲ့၏။ ထိုသို့တိုင် သူတို့၏ တည်နေရာကို ရှာနိုင်သည့် ဘာကိုမှ မတွေ့ရပေ။ သူမ ကံစမ်းရန်အတွက် အမှောင်လေလံပွဲသို့ ရောက်လာတာပဲ ဖြစ်သည်။
ထိုအိုင်တမ်နှစ်ခုအကြောင်း တစ်စုံတစ်ယောက်သိနေလိမ့်မည်ဟု မထင်ထားပေ။
” မင်းက အဂ္ဂိရတ်ဆရာတစ်ယောက်မလား … ”
ရှီဖုန်းက သူမ၏ အမေးကို အမေးဖြင့်သာ တုံ့ပြန်လိုက်သည်။
” ရှင်ဘယ်လိုသိတာလဲ … ကျွန်မကို စုံစမ်းထားတာလား … ”
ဆိုင်းလန့်ဝန်ဒါက အနည်းငယ် အံ့သြသွားလေ၏။ သူမက အနည်းငယ်သတိထားလာမိသည်။
” မင်းကို ဘာကြောင့်များ စုံစမ်းဖို့လိုအပ်မှာလဲ … ”
ရှီဖုန်းက ရယ်မောပြီးနောက် ခေါင်းခါလိုက်သည်။
“ခင်ဗျားက အဆင့်နှစ်အဂ္ဂိရတ်ဆရာက တံဆိပ်ဝတ်ထားတယ်ဆိုတာ မမှတ်မိဘူးလား … သဘောမပေါက်ဘူးလား … ”
ကွဲပြားသည့်အမျိုးအစားတိုင်း၌ မတူညီသည့် အဆောင်အယောင်များရှိပြီး သူတို့အမျိုးအစား အသီးသီးအလိုက် ခံစားခွင့်များ ထောက်ပံ့ပေး၏။
ဖန်သားပြင်ပေါ်၌ ဆိုင်းလန့်ဝန်ဒါသည် အဆင့်မြင့် အဂ္ဂိရတ်ဆရာ၏ အဆောင်အယောင်တစ်ခုကို ဝတ်ဆင်ထား၏။ ယင်းက ဆိုင်းလန့်ဝန်ဒါသည် အဆင့်မြင့်အဂ္ဂိရတ်ဆရာတစ်ဦး ဖြစ်နေပြီးသား ဖြစ်ကြောင်း ပြသ၏။
ဆိုင်းလန့်ဝန်ဒါက အမှန်တကယ် အထင်ကြီးဖွယ်ကောင်းသည်ဟု ရှီဖုန်း ဝန်ခံရပေမည်။
တစ်ကိုယ်တော်ကစားသမားဖြစ်သည့်တိုင် သူမက မြန်မြန်ဆန်ဆန်ပင် အဆင့်မြင့်အဂ္ဂိရတ်ဆရာတစ်ဦး ဖြစ်လာခဲ့၏။ အမျိုးမျိုးသော အစည်းအရုံးကြီးများသည် အဆင့်မြင့်ဘဝပုံစံကစားသမားတစ်ဦးကို ပျိုးထောင်ရန်အတွက် အရင်းအမြစ်များစွာ သုံးစွဲရမည်။ ထိုသို့တိုင် အနည်းစုသော ဘဝပုံစံကစားသမားများက အဆင့်မြင့်အဆင့်သို့ အမှန်တကယ်ရောက်ခဲ့ကြသည်။ သို့သော်ငြား ဆိုင်းလန့်ဝန်ဒါကမူ အကူအညီမပါဘဲ ရောက်အောင်ပြုလုပ်နိုင်ခဲ့၏။ အဂ္ဂိရတ်ပညာရပ်တွင် သူမက မည်မျှပါရမီထူးကြောင်း မှန်းဆနိုင်ပေ၏။
ထိုအပြင် ဆိုင်းလန့်ဝန်ဒါက မဟာအဂ္ဂိရတ်ပညာရှင်တစ်ဦးထက်ပိုပြီး သူမက အလွှာငါးအမျိုးအစားလည်း ဖြစ်သည်။
” ကျွန်မ ဒါကို မေ့သွားတယ် … ”
ဆိုင်းလန့်ဝန်ဒါက အနေခက်စွာ ရယ်မောလိုက်မိပြီး သူမရင်ဘတ်ပေါ်ရှိ အပြာရောင်တံဆိပ်ကို ကြည့်လိုက်လေ၏။
” ဟုတ်တယ် … ကျွန်မက အဆင့်မြင့်အဂ္ဂိရတ်ဆရာပဲ … ပြဿနာရှိလို့လား … ”
” ပြဿနာမရှိဘူးပေါ့ … ”
ရှီဖုန်းက ပြောပြီး ရယ်မောလိုက်၏။
“အဲဒီကုန်ကြမ်းနှစ်ခုအတွက် သဲလွန်စလိုချင်နေတာမလား … ကျုပ်ရဲ့ တောင်းဆိုချက်က ရိုးရှင်းတယ် … တစ်လအတွက် ပညာရှင်အမှောင်ထုခုခံခြင်းဆေးရည်နဲ့ အလင်းဝတ်ရုံပေးရမယ် … ခင်ဗျားကို ကုန်ကြမ်းတွေ ထောက်ပံ့ပေးမယ် … ”
” ရှင် ကျွန်မကို နောက်နေတာလား … ”
ဆိုင်းလန့်ဝန်ဒါက မျက်စံလှန်ကြည့်လိုက်၏။
ရှီဖုန်းက အိုင်တမ်တစ်ခုကိုသာ လိုချင်လျှင် အဆင်ပြေ၏။ သို့သော် သူမကို သူအတွက်လည်း တစ်လတာအခမဲ့ အလုပ်လုပ်ခိုင်းစေချင်နေ၏။ ထိုတောင်းဆိုချက်များကို သူမ သဘောတူမည်ဟု သူတွေးလျှင် သူ ရူးနေတာပဲ ဖြစ်ရမည်။
” ကျုပ်တစ်ခါမှ မနောက်ဖူးဘူး … ”
ရှီဖုန်းက ဆိုင်းလန့်ဝန်ဒါ၏ စိတ်ထဲတွေးနေတာကို နားလည်သွား၏။ ချက်ချင်းပင် ဆိုင်းလန့်ဝန်ဒါကို စာတစ်စောင် ပို့ပြီးနောက် ပြောလိုက်၏။
” ဒါကို တစ်ချက်ကြည့်ကြည့် … ကျုပ်ပြောတဲ့တန်ကြေးက မြင့်လွန်းတယ်လို့ တွေးနေသေးရင် ငြင်းလို့ရတယ် … ”
” ဒီလောက် ယုံကြည်ချက်ရှိတယ်လား … ”
ဆိုင်းလန့်ဝန်ဒါသည် ငကြောင်တစ်ယောက်နှင့် ဆုံတွေ့မိသည်ဟု ခံစားမိလိုက်သည်။ ရှေးဦးစွာ ထိုလူက သူမ၏ အိုင်တမ်များကို လိုချင်၏။ နောက်ထပ် သူသည် သူမကို တစ်လတာအခမဲ့ အလုပ်လုပ်ခိုင်းချင်နေသည်။ စာတစ်စောင်ပို့ရုံမျှဖြင့် သူမ သဘောတူမည်ဟု သူအမှန်တကယ် တွေးနေသည်လော။
ပြီးနောက် ဆိုင်းလန့်ဝန်ဒါက ရှီဖုန်း၏ စာကို စိတ်မရှည်လက်မရှည် ဖတ်လိုက်၏။ သို့သော် စကားလုံး အနည်းငယ်ကို ဖတ်ရှုပြီးနောက် သူမက တောင့်တင်းသွားတော့သည်။
” ရှင့်မှာ ဒီလိုအိုင်တမ် ဘာကြောင့် ရှိနေတာလဲ … ”
ဆိုင်းလန့်ဝန်ဒါက အိပ်မက်မက်သည်ဟု ခံစားမိလာသည်။
ရှီဖုန်း သူမကို ပို့လိုက်သည်က နတ်ဘုရားနယ်မြေထဲဝင်ပြီး မကြာမီ၌ သူရလာခဲ့သော ဆေးရည်များ၏ မှတ်တမ်းပင် ဖြစ်သည်။ အဂ္ဂိရတ်ဆရာများအားလုံးသည် ထိုရတနာကို ပိုင်ဆိုင်ခွင့်ရရန် အိပ်မက်မက်နေကြ၏။ ထိုသို့တိုင် ၎င်းက သူမရှေ့သို့ ရောက်နေပြီ ဖြစ်သည်။ ဆေးရည်များ၏ မှတ်တမ်းက ပါရမီပြောင်မြောက်လောက်သော ဆိုင်းလန့်ဝန်ဒါကိုတောင် သွေးဆောင်နိုင်သည်။