ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1177 မြို့လေးတစ်မြို့တည်ဆောက်ခြင်း
” ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ် … ဘယ်လိုလဲ အခု ကျုပ်ရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားသွားပြီလား … ”
ရှီဖုန်းက တည်ငြိမ်စွာ ပြုံးလျက် ဆိုင်းလန့်ဝန်ဒါ၏ ပျော်ရွှင်နေသော အမူအရာကို တိတ်တဆိတ်ကြည့်နေလေ၏။
ပန်းပဲစာအုပ်ကဲ့သို့ပင် ဆေးရည်များ၏ မှတ်တမ်းက လူတစ်ယောက်၏ အဂ္ဂိရတ်ပညာရပ် အောင်မြင်သည့်နှုန်းကို တိုးမြှင့်ပေးနိုင်သည့် ရတနာတစ်ပါး ဖြစ်သည်။ ထို့အပြင် ၎င်း၌ ဆေးရည်များဖန်တီးသည့်အကြောင်း အခြေခံအချက်အလက် ပါဝင်သည်။ ဆေးရည်များမှတ်တမ်းဖြင့် ကစားသမားများသည် အခြေခံအဂ္ဂိရတ်နည်းစနစ်များကို စူးစမ်းနေစရာ မလိုတော့ဘဲ အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်လာနိုင်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ပေး၏။
လူတစ်ယောက်က အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်လားမဖြစ်လားကမူ ထိုကစားသမား၏ ပါရမီပေါ်၌ မူတည်နေသည်။
ဆိုင်းလန့်ဝန်ဒါက အစည်းအရုံး၏ ထောက်ပံ့ပေးမှုမရှိပေ။ ရှီဖုန်း၏ မှတ်ဉာဏ်အရ အတိတ်တုန်းက ဆိုင်းလန့်ဝန်ဒါသည် သူမဘာသာ အဂ္ဂိရတ်ကုန်ကြမ်းများကို စုဆောင်းခဲ့တာဖြစ်၏။ ထို့အပြင် အဂ္ဂိရတ်နည်းစနစ်များကို တစ်ယောက်နှင့်တစ်ယောက် ယုံကြည်စွာအပ်နှံပြီး အဂ္ဂိရတ်နည်းစနစ်များ လဲလှယ်နိုင်သည်။ အစည်းအရုံးအဂ္ဂိရတ်ပညာရှင်များကဲ့သို့ အတူတကွပူးတွဲအောင် လုပ်နိုင်တာ မဟုတ်ဘဲ ဆိုင်းလန့်ဝန်ဒါသည် မည်သည့်အထောက်အပံ့မှမရှိဘဲ အဂ္ဂိရတ်နည်းစနစ်များကို သူမဘာသာ အရယူခဲ့သည်။
ထို့အပြင် သာမန် NPC မြို့ကြီးများကလည်း အထူးအလုပ်ရုံကဲ့သို့ လုပ်ဆောင်ချက်များ မပိုင်ဆိုင်ကြပေ။ ပြောရန်မလို အမျိုးမျိုးသောအစည်းအရုံးကြီးများက သူတို့အစည်းအရုံးအဖွဲ့ဝင် မဟုတ်သည့်သူကို သူတို့၏ ကန့်သတ်ထားသော အစည်းအရုံးအလုပ်ရုံများ အသုံးပြုခွင့်ပေးမှာ မဟုတ်ပေ။ ဆိုရလျှင် သူတို့ကိုယ်ပိုင် ဘဝပုံစံကစားသမားပျိုးထောင်ရန်အတွက်တောင် မလုံလောက်ချေ။
ထို့အပြင် တစ်ကိုယ်တော်ကစားသမားများက အထူးအလုပ်ရုံများရှိသည့် NPC မြို့များသို့ ဝင်ခွင့်မရှိပေ။ ဥပမာအနေဖြင့် တိုင်တန်၏ သူတော်စင်မြို့ကို ဥပမာ ယူနိုင်သည်။ လုံလောက်သည့်ခွန်အား မရှိဘဲ မြို့သို့ရောက်ရန်က ဆိုင်းလန့်ဝန်ဒါကဲ့သို့ တစ်ကိုယ်တော်ကစားသမားတစ်ဦးအတွက် မဖြစ်နိုင်ပေ။
” ကျွန်မ ဒါကိုအရင်ပြောမယ် … တစ်လစာချုပ်ပြည့်ပြီဆိုတာနဲ့ ချက်ချင်းထွက်သွားမယ် … ”
ဆိုင်းလန့်ဝန်ဒါက ပြော၏။
သူမ၏ အဂ္ဂိရတ်အရည်အချင်းဖြင့် မည်သည့်အစည်းအရုံးကြီးကိုမဆို အလွယ်တကူဝင်နိုင်၏။ စူပါအစည်းအရုံးများကတောင် သူမကို လက်ခံရန်လိုလားသည်။ သို့သော် အစည်းအရုံးတစ်ခုထဲသို့ ဝင်ပြီး သူမ စိတ်မဝင်စားစေသည့် အလုပ်များကို ပြုလုပ်ရခြင်းနှင့် အစည်းအရုံးကိုဝင်ခြင်းဖြင့် လက်တွဲပါလာသည့် အမျိုးမျိုးသောစည်းမျဥ်းစည်းကမ်းချက်များကို မုန်းတီးသည်။ ထို့ကြောင့် သူမက အစည်းအရုံးတစ်ခုထဲ မဝင်ခဲ့တာပဲ ဖြစ်သည်။
“ခင်ဗျားအတွေးလွန်နေပြီ … တစ်လကြာပြီရင် ဝန်ထမ်းအဖြစ် ကျန်နေပါမလားဆိုတာ မသေချာဘူး … ”
ရှီဖုန်းက ပြောလျက် ရယ်မောကာ ခေါင်းခါလိုက်တော့သည်။
ရှီဖုန်း ထိုသို့ပြောတာကိုကြားသောအခါ ဆိုင်းလန့်ဝန်ဒါက မျက်မှောင်ကြုတ်သွားသည်။ ယင်းက ပထမဆုံးအကြိမ် အထင်သေးခံရတာပဲ ဖြစ်သည်။
သူမသည် အမှန်စစ်စစ် အဂ္ဂိရတ်ဆရာတစ်ဦးဖြစ်၏။ သူမက မည်သည့်အစည်းအရုံးကိုမဆို ဝင်လိုက်လျှင် အရေးကြီးသည့် အဖွဲ့ဝင်ဖြစ်လာလိမ့်မည်။ အစက အမှောင်ပြိုင်ကွင်းသို့ ဖိတ်စာရခဲ့ခြင်းမှာ အစည်းအရုံးကြီးတစ်ခုက သူမကို ခေါ်ယူချင်နေသောကြောင့် ဖြစ်သည်။
သူမ၏ အမြင်တွင် ရှီဖုန်းက ပြောင်ပြန်စိတ်ပညာသုံးရန် ကြိုးစားနေခြင်းဖြစ်၏။ သို့သော် ထိုကဲ့သို့နည်းလမ်းများက သူမနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ပေ။
တစ်လကုန်သည်နှင့် သူမက သေချာပေါက် ထွက်သွားလိမ့်မည်။
ပြီးနောက် ရှီဖုန်းနှင့် ဆိုင်းလန့်ဝန်ဒါက စာချုပ်ရေးထိုးလိုက်၏။ အကြောင်းအရာက အလွန်ရိုးရှင်းသည်။ ဆိုင်းလန့်ဝန်ဒါသည် ပညာရှင်အမှောင်ထုခုခံခြင်းဆေးရည်နှင့် အလင်းဝတ်ရုံကို လွဲပေးမည်။ ပြီးနောက် သူမက ဖယောင်းတိုင်အလင်းလုပ်ငန်းအတွက် တစ်လအလုပ်လုပ်ပေးမည်။ အပြန်အလှန်အနေဖြင့် ရှီဖုန်းက အရိပ်ရွှေနှင့် ရှေးဟောင်းသစ်သားရှိသည့် တည်နေရာဆီသို့ သဲလွန်စများကို ဆိုင်းလန့်ဝန်ဒါအား မျှပေးမည်။
ဆိုင်းလန့်ဝန်ဒါက ရှီဖုန်း သူမအား ပို့ပေးလာသော စာချုပ်ကို ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် လက်မှတ်ထိုးလိုက်တော့သည်။
” အခု ကုန်ကြမ်းတွေရဖို့ သဲလွန်စကို ကျွန်မဆီ ပြောပြနိုင်မယ်မလား … ”
ဆိုင်းလန့်ဝန်ဒါက အေးစက်စက်မေးလိုက်တော့၏။ ဆေးရည်များ၏ မှတ်တမ်းကြောင့်သာ မဟုတ်လျှင် သူမသည် မထိုက်တန်သောအပေးအယူကို လုပ်မှာ မဟုတ်ပေ။ ဆိုရလျှင် ပညာရှင်အမှောင်ထုခုခံခြင်းဆေးရည်နှင့် အလင်းဝတ်ရုံက ခက်ခဲသည့်တာဝန်ကို ပြီးမြောက်ပြီးနောက် ရလာခဲ့သည့် တန်ဖိုးရှိအိုင်တမ်များ ဖြစ်သည်။ သဲလွန်စတစ်ခုအတွက် အိုင်တမ်ကို လဲလှယ်ရခြင်းက ဆုံးရှုံးမှု ဖြစ်၏။
” အဆင့် (၇၀) နဲ့ အထက် အမှောင်ပုံစံဘော့စ်တွေဘဲ အရိပ်ရွှေကျနိုင်ဖို့ အခွင့်အရေးရှိတာ … ဒါ့အပြင် ဘော့စ်က ခမ်းနားသောအရှင်အဆင့် ဒါမှမဟုတ် ထိုအထက်ဖြစ်ရမယ် … ရှေးဟောင်းသစ်သားက မျှခြေမြေပုံစတုရတ်စ်ရဲ့ အနက်ဆုံးအပိုင်းက ရေအိုင်နားမှာ ရှာတွေ့နိုင်တယ် … အဲ့ဒီနေရာက နတ်သူငယ်တွေရဲ့ အိမ်ပဲ … သူတို့တွေက လူသားတွေကို မနှစ်သက်ဘူး … ဒါကြောင့် အလွယ်တကူမရနိုင်ဘူး … ”
ရှီဖုန်းက အချက်အလက်ကို ထုတ်ဖော်လိုက်သည်။ သူပြောသည့်နေရာက အရိပ်ရွှေနှင့် ရှေးဟောင်းသစ်သားကို ရရန်အတွက် အလွယ်ကူဆုံးနေရာများ ဖြစ်သည်။ သူသိသည့် ကျန်သည့်နေရာများက အန္တရာယ်ပိုများ၏။ ဆိုင်းလန့်ဝန်ဒါက အတော်သန်မာလျှင်တောင် ကုန်ကြမ်းများကို သူမဘာသာ မရနိုင်ပေ။
” စတုရတ်စ်လား … ”
ဆိုင်းလန့်ဝန်ဒါက စနစ်မြေပုံကို စစ်ကြည့်လိုက်၏။ စတုရတ်စ်ကို ရှာတွေ့သည့်အချိန်၌ ဆွံ့အသွားတော့သည်။
စတုရတ်စ်က ရေခဲဝံပုလွေအင်ပါယာ၏ မြောက်ဘက်ခြမ်း၌ တည်ရှိသည့် ရှေးဟောင်းတောအုပ်တစ်ခု ဖြစ်သည်။ တောအုပ်က အင်ပါယာအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ခဲ့၏။ အထဲသို့ဝင်ရန်အတွက် အနည်းဆုံး အဆင့် (၈၀) ရှိရမည်။ ထို့အပြင် မျှခြေမြေပုံ၏ အရွယ်အစားက အလယ်အလတ်အရွယ်အစားရှိ တိုင်းပြည်တစ်ခုနှင့် ယှဥ်နိုင်ပေသည်။
သူမ မည်သို့ပြောရမည်မှန်း မသိတော့ပေ။ လက်ရှိခွန်အားဖြင့် သူမရထားသည့် အချက်အလက်အတိုင်း ဆောင်ရွက်ဖို့က မဖြစ်နိုင်ပေ။
” မင်းကို သဲလွန်စပြောပြီးပြီ မနက်ဖြန်ညကြရင် ကြယ်လတိုင်းပြည်ရဲ့ ဖယောင်းတိုင်အလင်းလုပ်ငန်းမှာ မင်းရဲ့တာဝန်အတွက် သတင်းပို့ရမယ် … ”
ရှီဖုန်းက ပြောပြီးနောက် ဖုန်းချက်ချင်းချလိုက်တော့၏။
အရိပ်ရွှေနှင့် ရှေးဟောင်းသစ်သားနှစ်မျိုးလုံးက အံ့ဖွယ်အဆင့်ကုန်ကြမ်းများ ဖြစ်၏။ ဆိုင်းလန့်ဝန်ဒါက ၎င်းကို လိုချင်လျှင် အနည်းဆုံးအဆင့် (၈၀) သို့ရောက်ရန် လိုအပ်သည်။ ရှေးဟောင်းသစ်သားသည် စူပါအစည်းအရုံးများကတောင် လိုချင်နေသည့်အရာ ဖြစ်၏။ ဆိုင်းလန့်ဝန်ဒါက သူမကိုယ်တိုင် ထိုအရာအားလုံးကို လိုချင်နေလျှင် အဆင့် (၁၀၀) သို့မရောက်ခင် အလွှာသုံးအမျိုးအစားကို မပြောင်းလဲခင် ထိုသို့ပြုလုပ်ရန်တောင် စဥ်းစားနိုင်မှာ မဟုတ်ပေ။
ထို့ကြောင့် ရှီဖုန်းသည် ဆိုင်းလန့်ဝန်ဒါကို သဲလွန်စများအကြောင်းပြောပြချိန်၌ အသေးစိတ် မရှင်းပြခဲ့ချေ။ ထိုကုန်ကြမ်းများ ရယူနိုင်ရန်အတွက် လိုအပ်သော အနိမ့်ဆုံးခွန်အားကို ပြောပြခဲ့လျှင် သူမ စိတ်လွတ်သွားနိုင်၏။
ပြီးနောက် ရှီဖုန်းသည် ပညာရှင်အမှောင်ထု ခုခံခြင်းဆေးရည်နှင့် ဝတ်ရုံကို လက်ခံပြီးနောက် ယင်းတို့ကို ဝန်ထမ်းတစ်ဦးက ပို့လာတာဖြစ်၏။ အမှောင်လေလံပွဲပြီးမှာကို စောင့်မနေတော့ဘဲ လေလွင့်လေနှင့် ဆောင်းဦးဂူ့စ်တို့ကို နှုတ်ဆက်ပြီးနောက် မြစ်ဖြူမြို့သို့ ပြန်လာသည်။
အမှောင်ပြိုင်ကွင်းထဲ၌ လဲလှယ်ရန်အတွက် ရှားပါးသည့်အိုင်တမ်များစွာ ရှိနေသည့်တိုင် ရှီဖုန်းအတွက် စိတ်ဝင်စားစရာ သိပ်မရှိတော့ပေ။ ထို့ကြောင့် ဆက်နေရန် မကြောင်းမထူးပေ။
ရှီဖုန်းထွက်သွားပြီး မကြာမီ၌ တစ်ချိန်လုံး လျှို့ဝှက်ခြင်းအခြေအနေတွင်ရှိနေသော ကြယ်ရောင်သည် အခန်း (၀၁၇) ကနေ မလှမ်းမကမ်း၌ ပေါ်လာ၏။
” ဘာကြောင့် သူဖြစ်နေတာလဲ … ”
ကြယ်ရောင်က အခန်း (၀၁၇) ထဲမှ ရှီဖုန်းထွက်လာတာကို မြင်သည့်အချိန်၌ မယုံနိုင်ဖြစ်သွားတော့သည်။
သူ၏ အမြင်တွင် အချိန်တိုအတွင်း မှော်သလင်းခြောက်သိန်းကျော်ကို သုံးနိုင်သည့်သူက အဓိကအင်အားစုကြီး၏ အထက်အရာရှိတစ်ဦး ဖြစ်ရမည်။ ထိုသို့တိုင် မှော်သူရဲကောင်းအမွေအနှစ်နှင့် ကြေးနီကျောက်ပြားနှစ်လုံးစလုံးကို ဝယ်သွားသူက ဇီးရိုးဝင်း ဖြစ်နေ၏။
သို့သော် ကြယ်ရောင်က ထိုအရေးကိစ္စကို သိပ်တွေးမနေတော့ပေ။ ချက်ချင်းပင် မိုင်ထောင်ချီဆီ သတင်ူပို့လိုက်တော့၏။
” ဘာ … ဇီးရိုးဝင်းက အဲ့ဒီအိုင်တမ်နှစ်မျိုးလုံးကို ဝယ်သွားတဲ့လား … ”
ကြယ်ရောင်သည် ထိုသတင်းကြောင့် ထိတ်ထိတ်လန့်လန့်ဖြင့် ပို့လိုက်တာပဲ ဖြစ်သည်။ သို့သော် မကြာမီ၌ သူ၏ မျက်နှာထက်တွင် လောင်ပြုံးပေါ်လာ၏။
” ကောင်းတယ် … သိပ်ကောင်းတယ် … ကြယ်ရောင်သွားပြီပြင်ဆင်လိုက် … ခွဲခွာခြင်းတပ်မဟာကို ဦးဆောင်ဖို့အတွင် ကလင့်နေပယ်ကို မင်းကို ကူခိုင်း … ပြီးရင် ဇီးရိုးဝင်းရဲ့ ကျွမ်းကျင်သူအားလုံးကိုသတ် … မှော်သူရဲကောင်းအမွေအနှစ်ကို ခိုးယူဖို့လုပ် … အံ့ဖွယ်လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေလည်း သူတို့ဆီက ခိုးယူ … ”
ကြေးနီကျောက်ပြားကို ရထားသည့် မည်သည့်အစည်းအရုံးကြီးများမဆို သူတို့ အစည်းအရုံးသိုလှောင်ရုံထဲ၌ ၎င်းတို့ကို သိုလှောင်ထားမှာ သေချာ၏။ ကြေးနီကျောက်ပြားကို သိုလှောင်ထားသော အစည်းအရုံးဂေဟာကို မီးမရှို့ပစ်သရွေ့ ၎င်းကိုရယူရန် မဖြစ်နိုင်ပေ။ သို့သော် မှော်သူရဲကောင်းအမွေအနှစ်အိုင်တမ်၊ အံ့ဖွယ်လက်နက်နှင့် ချပ်ဝတ်တန်ဆာအတွက်မူ မတူညီတော့ပေ။
မှော်သူရဲကောင်းအမွေအနှစ်ကို ရယူချင်လျှင် သူတို့က အမွေအနှစ်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။
ဇီးရိုးဝင်း၏ ကျွမ်းကျင်သူများက သူတို့၏ အစဟ်းအရုံးဂေဟာမှ ထွက်ခွာသွားသရွေ့ သူတို့ တိုက်ခိုက်ရန် အခွင့်အရေးများစွာ ရှိလိမ့်မည်။
ကြယ်ရောင်သည် မိုင်ထောက်ချီ၏ စကားကြောင့် မှင်တက်သွား၏။ မြန်မြန်ဆန်ဆန်ပင် သူက ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။
” နားလည်ပါပြီ … ”
ခွဲခွာခြင်းတပ်မဟာသည် ဆန်းကြယ်၏ လုပ်ကြံသတ်ဖြတ်ခြင်းတပ်မဟာဖြစ်၏။ ယင်းက အမျိုးမျိုးသော စူပါအင်အားစုများ၏ အထက်ရှိများကို ပစ်မှတ်ထားရန်အတွက် ဖွဲ့စည်းထားသည့်တပ်မဟာ ဖြစ်သည်။ ကြယ်ရောင်၏ အမြင်တွင် ဇီးရိုးဝင်းကို ရင်ဆိုင်ရန် တပ်မဟာကို လှုပ်ရှားခိုင်းခြင်းမှာ အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့် ပေါက်နေခြင်းသာ ဖြစ်၏။
ကြယ်လတိုင်းပြည်၏ မြစ်ဖြူမြို့ထဲတွင် ရှီဖုန်းက စွန့်စားသူအဖွဲ့အစည်းဆီသို့ တိတ်တဆိတ်ရောက်လာ၏။ တွေဝေမနေဘဲ သူက ကျောက်တောမြို့ ပြန်လည်တည်ဆောက်ရန်အတွက် အစည်းအရုံးအဖွဲ့အစည်းအား ရွှေပြားသုံးသောင်းပေးချေလိုက်၏။ ရှီဖုန်းက ရွှေပြားသုံးသောင်းပေးချေပြီးနောက် စနစ်အသိပေးသံက သူ့နားထဲ ပေါ်လာတော့သည်။
စနစ် : ဂုဏ်ပြုပါတယ်။ ဇီးရိုးဝင်းက နတ်ဘုရားနယ်မြေထဲမှာ အလယ်အဆင့်မြို့ကို ပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့ ပထမဆုံးအစည်းအရုံးပါ။ စည်းအရုံးကျော်ကြားမှုက အမှတ်နှစ်သိန်းတိုးသွားပြီ … သင်က ကြေးနီအစည်းအရုံးဂေဟာမြင့်တင်ခြင်းတစ်ခုကိုလည်း ရရှိပါမယ် … “