ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1193 ရေကြောင်းကစားသမားချင်းယှဥ်ပြိုင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1193 ရေကြောင်းကစားသမားချင်းယှဥ်ပြိုင်ခြင်း
မီးခိုးမြူက နတ်ဆိုးကျွန်းကို လွှမ်းခြုံထား၏။ ဤနေရာရှိ ကစားသမားများ၏ အမြင်အကျယ်အဝန်းက ကိုက်တစ်ရာ့ငါးဆယ်အထိ ကန့်သတ်ထား၏။ နတ်ဆိုးကျွန်း၏ မွန်းစတားများအားလုံးက အဆင့် (၇၀) နှင့်အထက်တွင် ရှိကြ၏။ ဤအကွာအဝေး၌ အဆင့် (၇၀) ကျော်မွန်းစတားများက ကစားသမားများကို အလွယ်တကူရှာတွေ့နိုင်သည်။ တစ်ဖက်တွင်မူ ကစားသမားများက မွန်းစတားများကို မတွေ့နိုင်ပေ။ သို့သော် မွန်းစတားများ၏ အဓိကပြဿနာက ကျွန်း၏ မြူမဟုတ်ပေ။
အဓိကပြဿနာက တည်ရှိနေသောကျွန်းပေါ်ရှိ အနက်ရောင်ယိုယွင်းခြင်းစွမ်းအင်ပင် ဖြစ်သည်။ ကစားသမားများက အမှောင်ခုခံမှုလုံလောက်အောင်မမြင့်မားလျှင် သူတို့အသက်ရှင်နိုင်မှာ မဟုတ်ပေ။ ထို့အပြင် အတွင်းသို့သွားလေလေ အမှောင်ယိုယွင်းခြင်းစွမ်းအင်က ပိုအားကောင်းလာလေ ဖြစ်သည်။
” ဘော့စ်ရု့စ် … ဘုတ်ငါးစင်းက နတ်ဆိုးကျွန်းနား ချဥ်းကပ်လာနေပါတယ် … ”
အဆင့် (၄၃) အနက်ရောင်ဝတ်စုံဝတ်ထားသည့် ရိန်းဂျားက ခပ်ဝေးဝေးရှိ လျင်မြန်နဂါးစပိဘုတ်ကို ကြည့်ပြီး သတင်းပို့လိုက်၏။
” စပိဘုတ်တွေ ချဥ်းကပ်လာတယ်လား … ”
ဖန်သားပြင်ပေါ်ရှိ လူရွယ်ကတုံးဘရု့စ်လန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။
” ငါတို့ ဒီကိုရောက်နေပြီဆိုတော့ သူတို့ကို အသက်ရှင်လျက် ထွက်သွားခွင့်မပေးနိုင်ဘူး … သူတို့ဖယ်ရှားလိုက် … ဒါပေမဲ့ သူတို့ရဲ့ သင်္ဘောတွေကို မဖျက်ဆီးနဲ့ … ငါတို့ ဒီနေရာကိုလာခဲ့ရတဲ့ ဆုံးရှုံးမှုတန်ကြေးအတွက် ယူရမယ် …
” ကောင်းပြီ … ကျုပ်တာဝန်မရှိတော့ မလှုပ်ရှားရတာ အတော်ကြာနေပြီ … ”
အဆင့် (၄၃) ရိန်းဂျားက နှုတ်ခမ်းသက်ပြီးနောက် ချဥ်းကပ်လာသော လျင်မြန်နဂါးစပိဘုတ်ကို လေ့လာလိုက်၏။
အပြစ်ခုနှစ်ပါးပန်းပွင့်သည် နေ့စဥ်နေ့တိုင်းတာဝန်များလက်ခံရရှိနေသော်ငြား သူတို့အဆင့်ရှိ ကျွမ်းကျင်သူများက မက်ရှင်များကို မကြာခဏလက်မခံပေ။
ပြီးနောက် ရိန်းဂျားက ဖုန်းချလိုက်ပြီးနောက် စပိဘုတ်ပေါ်ရှိ ကျန်သည့်အဖွဲ့ဝင်များကို သတိပေးလိုက်သည်။
“အသင့်ပြင်ကြ … သူတို့ ဒီကိုရောက်ပြီဆိုတာနဲ့ ငါတို့လှုပ်ရှားမယ် … လိုအပ်ရင် သူတို့ပြေးလမ်းကိုပါ ကာဖို့ အဲဒါကိုသုံးလိုက် … ”
ရိန်းဂျား၏ စကားကိုကြားသောအခါ ကျန်သည့် အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက မျှော်လင့်စောင့်စားမှုတို့ ပြည့်သွားသည်။
” အဲဒီကောင်တွေ တကယ်သနားဖို့ကောင်းတာပဲ … ခဲရာခဲဆစ်နဲ့ သူတို့ ဒီနေရာကိုရောက်လာတာ … ဒါတောင် သူတို့ ကျွန်းပေါ်တောင်ခြေမချရသေးခင် ငါတို့က သူတို့ကို ပြန်ပို့ရတော့မှာ … ”
” ဒါပေမဲ့ သူတို့ စပိဘုတ်တွေရဲ့ အရည်အသွေးအရ သူတို့အတော်လေးသန်မာလောက်တယ် … ငါတို့နည်းနည်းပျော်ရမယ်လို့ မျှော်လင့်ရတာပဲ … ”
” ငါတို့တွေ လူတစ်ယောက်ချင်းဆီ ဖြေရှင်းလိုက်မယ် … ကစားသမားတစ်ယောက်ကို သတ်နိုင်ပြီဆိုတာနဲ့ နောက်တစ်ယောက်ကို အခွင့်အရေးပေးလိုက် … ”
စပိဘုတ်ပေါ်ရှိ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက ပျော်ရွှင်စွာစကားပြောနေကြသည်။
ရှီဖုန်းနှင့် ယာယီအဖွဲ့က ထိုကစားသမားများအတွက် အရေးမကြီးပေ။ ကစားသမားများသည် စူပါအင်အားစုအချို့မှ ကျွမ်းကျင်သူများဖြစ်လျှင်တောင် ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်ပေ။
ရှီဖုန်းက ကြယ်ခုနှစ်ပွင့်သင်္ကေတကိုမြင်တွေ့သည့်အချိန်၌ အားလုံးကို အနက်ရောင်ခေါင်းစွပ် ဝတ်ထားခိုင်းပြီး သူတို့အထောက်အထားကို ဖုံးကွယ်ထားခိုင်း၏။
” ညီအကိုရီဖုန်း သူတို့က မင်းရဲ့ရန်သူတွေလား … ”
ဖြတ်သန်းခြင်းဧကရာဇ်က ရှီဖုန်း၏ အမိန့်အကြောင်းသိချင်နေသည်။ သို့သော် ရှီဖုန်း၏ ဦးဆောင်မှုနောက်လိုက်ရန် သူတို့သဘောတူထားပြီးသား ဖြစ်၏။ ခေါင်းဆောင် အသင်းသားများက သူပြောသကဲ့သို့ လုပ်သည်။
” သူတို့က ရန်သူတွေတော့မဟုတ်ဘူး … ဒါပေမဲ့ကျုပ်တို့ရဲ့ ID ကို ဖုံးကွယ်ထားတာကတော့ အကောင်းဆုံးပဲ … ”
ရှီဖုန်းက မယှဥ်ပြတော့ချေ။
” ကွင်းပြင်ထဲမှာ နည်းနည်းလောက် ပိုဂရုစိုက်တာက အထိအခိုက်မရှိဘူးလေ … ဟုတ်တယ်မလား … ”
သူက အပြစ်ခုနှစ်ပါးပန်းပွင့်သည် နတ်ဆိုးကျွန်းသို့ ရောက်လာရသည့်အကြောင်းအရင်းကို မသိသော်ငြား သူတို့၏ အထောက်အထားကို လုပ်ကြံသတ်ဖြတ်သူအဖွဲ့ဆီသို့ ထုတ်ပြခြင်းက ဉာဏ်ရှိသည့်လုပ်ရပ် မဟုတ်မှန်း သိနေပေသည်။
ရှီဖုန်းသည် ဘေးဘက်ကနေ ကျွန်းဆီသို့ ချဥ်းကပ်မည်ဖြစ်သော်ငြား နတ်ဆိုးကျွန်း၌ ဝင်ပေါက်တစ်ခုသာရှိ၏။ အကျော်ဇေယျခုနှစ်ပါးလက်စွပ်၏ လေဟာနယ်လှုပ်ရှားမှုကို အသုံးပြုခြင်းက ရွေးချယ်နိုင်သည့်အကြောင်းအရာ မဟုတ်ပေ။ ထူးကဲသောစွမ်းအင်က သေခြင်းတရားပင်လယ်ကိုလွှမ်းခြုံထားပြီး လေဟာနယ်လှုပ်ရှားမှုပုံစံ စကေးများအားလုံးကို ဟန့်တားထား၏။ မဟုတ်လျှင် အစောထဲက သူက လျင်မြန်နဂါးစပိဘုတ်ဖြင့် ခရီးနင်ခဲ့မှာပဲ ဖြစ်သည်။
ရှီဖုန်းနှင့် ကျန်သည့်သူများသည် နတ်ဆိုးကျွန်းနှင့် ကိုက်သုံးရာသာ ကွာတော့သည့်အချိန်၌ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက လှုပ်ရှားကြတော့၏။
” ချကြဟေ့ … ”
ရုတ်တရက် ဆန်းကြယ်သံမဏိစပိဘုတ်ပေါ်ရှိ ဓာတ်ကြီးလေးပါးအသုံးပြုသူငါးဦးက မှော်စာလိပ်များ ထုတ်လိုက်သည်။
ဓာတ်ကြီးလေးပါးအသုံးပြုသူက သူတို့၏ မှော်စာလိပ်များဖြေလိုက်သည်နှင့် ရေမျက်နှာပြင်ပေါ်၌ အပြာရင့်ရင့် မှော်အစီအရင်တစ်ခုက ပေါ်လာသည်။ ပင်လယ်ရေက ချက်ချင်းခဲသွားပြီး မျက်တောင်တခက်အတွင်း ကိုက်တစ်ထောင်အတွင်းရှိ လေဟာနယ်က ရေခဲအလွှာဖြင့် အကာခံလိုက်ရ၏။ ရလဒ်အနေဖြင့် ရှီဖုန်းနှင့် လွတ်လပ်ခြင်းမဟာမိတ်၏ စပိဘုတ်က ဟန့်တားခံလိုက်ရတော့သည်။ သူတို့သည် အစောထဲက ယင်းအတွက်ပြင်ဆင်ထားပြီးသည့်ပမာ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက ကိုယ်ပိုင်စပိဘုတ်များကို သိမ်းဆဲပြီး ရေခဲပေါ်တက်လိုက်၏။
” သူတို့က ဘယ်သူတွေလဲ … ”
ဖြတ်သန်းခြင်းဧကရာဇ်၏ အမူအရာက သုန်မှုန်သွားလျက် ခဲနေသောပင်လယ်မျက်နှာပြင်ကို ကြည့်လိုက်သည်။
” သူတို့က ကျုပ်တို့ကိုဘာကြောင့် ရုတ်တရက် တိုက်ခိုက်ရတာလဲ … ”
ပုံမှန်ဆို အဖွဲ့တစ်ဖွဲ့သည် ကျန်သည့်ကစားသမားများနှင့် ကြုံတွေ့လျှင် ပင်လယ်ထဲတွင်ဆိုပါက အဆင်အခြင်မဲ့တိုက်ခိုက်ကြမှာ မဟုတ်ပေ။ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်၍ အကျိုးမထူးသောကြောင့် ဖြစ်သည်။
ထို့အပြင် တစ်ဖက်လူအကြောင်း ဘာအချက်အလက်မှ မသိရဘဲ တိုက်ခိုက်ဖို့ရွေးချယ်ခြင်းက ဉာဏ်ရှိသည့်လုပ်ရပ် မဟုတ်ပေ။ သူတို့အသက်ဆုံးရှုံးပြီး အဆုံးသတ်သွားရနိုင်၏။
” ရှီဖုန်း၏ အမိန့်ကြောင့် သူတို့အားလုံးက ခေါင်းစွပ်နက်များဝတ်ဆင်ထားကြသည်။ ထို့ကြောင့် တစ်ဖက်သူက သူတို့ကို မသိတာသိသာနေ၏။ ထိုသို့တိုင် ဤကစားသမားများသည် တွေဝေခြင်းမရှိ တိုက်ခိုက်လာကြသည်။ သူတို့က အရူးများသာဖြစ်၏။
ရှီဖုန်းကလည်း အံ့သြသွားသည်။
အပြစ်ခုနှစ်ပါးပန်းပွင့်သည် လှုပ်ရှားချိန်တိုင်း၌ အလွန်သိုသိပ်သည်။ အဖွဲ့အစည်းသည် ပုံမှန်ဆို တစ်ပါးသူများကို ကြိုတင်ရန်စလေ့မရှိကြချေ။ ယင်းက အဖွဲ့အစည်း၏ ပုံမှန်စစ်ဆင်ရေးနှင့် တူပုံမရပေ။
သူတို့တွေက နတ်ဆိုးကျွန်းပေါ်မှာ အကျော်ဇေယျခုနှစ်ပါးသလင်းတွေ ရှိပြီးသားဆိုတာ သိပြီးသားလား။ ရှီဖုန်းက မြူများရစ်ဝဲနေသောကျွန်းကိုကြည့်ပြီး အံ့သြနေလေ၏။
ကျွန်း၏ အကျော်ဇေယျခုနှစ်ပါးသလင်းအကြောင်း သိသည့်သူက သူတစ်ယောက်ထဲသာ ဖြစ်သင့်သည်။
နတ်ဆိုးကျွန်းက ရှေးဟောင်းဗိမာန်၏ အိမ်ဖြစ်ပြီး ဗိမာန်၏ အတွင်းဒေသကိုဝင်ခြင်းဖြင့်သာ အကျော်ဇေခုနှစ်ပါးသလင်းကို ရနိုင်သည်။ သို့သော် ဗိမာန်ရှိသည့်နေရာကို ရှာဖွေဖို့က အလွန်ခက်ခဲနေရာ ဗိမာန်၏ အတွင်းပိုင်းဒေသဆို ပြောနေရန်မလိုတော့ချေ။ ထို့ကြောင့် အပြစ်ခုနှစ်ပါးပန်းပွင့်က ဗိမာန်အကြောင်းမသိလောက်ပေ။
သို့သော် အနီးကပ်စစ်ဆေးပြီးနောက် ရှီဖုန်းက သူဆီရောက်လာသည့် ကစားသမားတိုင်းက နာမည်နီကစားသမားများ ဖြစ်ကြောင်း သိလိုက်ရသည်။ အဖွဲ့ထဲ၌ အနက်ရောင်ကစားသမားများလည်း ရှိ၏။ သူတို့က ဝါရင့်သတ်ဖြတ်သူများဆိုတာ သိသာနေသည်။
” သေစမ်း … သူတို့က သတ်ဖြတ်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြတာပေါ့ … အမြောက်တွေအသင့်ပြင် အဲ့ဒီကောင်တွေကို နုတ်နုတ်စင်းပစ်မယ် … ”
အပြစ်ခုနှစ်ပါးပန်းပွင့်၏ တိုက်ခိုက်မှုက ဖြတ်သန်းခြင်းဧကရာဇ်ကို ဒေါသထွက်သွားစေသည်။ ယခု တစ်ဖက်သူများက သူတို့၏ စပိဘုတ်များကို သိမ်းဆဲထားရာ သူတို့လှေကို မတိုက်ခိုက်နိုင်တော့ပေ။ တစ်ခုတည်းသောရွေးချယ်စရာက ကစားသမားများပဲ ဖြစ်သည်။
နတ်ဘုရားနယ်မြေထဲတွင် လှေတစ်စင်းကို သိမ်းဆဲရန်အတွက် စက္ကန့်လေးဆယ်အချိန်ယူရသည်။ သို့သော် ထိုကစားသမားများကြား အကွာအဝေးက ကိုက်သုံးရာမရှိတော့ချေ။ တစ်ဖက်သူများက သူတို့ဆီ စက္ကန့်လေးဆယ် မပြည့်မီ ရောက်နိုင်၏။ ထို့အပြင် ကစားသမားများက တိုက်ပွဲဝင်အခြေအနေထဲ ဝင်ရောက်သည်နှင့် သူတို့သင်္ဘောများကို သိမ်းဆဲခွင့်မပြုတော့ပေ။
ထိုကစားသမားများကို သူတို့အပြီးသတ်ရပေမည်။
အမြောက်သံပေါ်ထွက်လာသည်နှင့် အမြောက်ဆံတစ်ခုပြီးတစ်ခု အပြစ်ခုနှစ်ပါးပန်းပွင့် အဖွဲ့ဆီရောက်သွားသည်။
” အရူးတွေ … ”
ဦးဆောင်လာသည့် အဆင့် (၄၃) ရိန်းဂျားက ဝင်လာသည့်အမြောက်ဆံကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
စပိဘုတ်၏ အမြောက်ကအစွမ်းထက်ပြီး တစ်ချက်ထဲဖြင့် ကစားသမားကို သတ်ဖြတ်နိုင်သော်ငြား သူ့ကဲ့သို့ ကျွမ်းကျင်ကစားသမားများသည် စနစ်ကထောက်ပံ့ပေးထားသည့်လားရာကို အားကိုးပြီး အမြောက်များကိုအလွယ်တကူရှောင်တိမ်းနိုင်၏။ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်တစ်ရာကျော်က သူတို့ပစ်မှတ်များဆီ လျင်မြန်စွာချဥ်းကပ်နေသည်။ မကြာမီ၌ သူတို့က ကိုက်နှစ်ရာသာကွာဝေးတော့၏။
အပြစ်ခုနှစ်ပါးပန်းပွင့် ကျွမ်းကျင်သူများရှေ့၌ ကြေးနီစပိဘုတ်၏ အမြောက်မီးက အသုံးမဝင်ပေ။ ထိုကျွမ်းကျင်သူများက အလွယ်တကူ ရှောင်တိမ်းနေ၏။
ထိုအရာကိုတွေ့သောအခါ ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများက မချင့်မရဲဖြစ်လာကြ၏။ သူတို့သည် ပင်လယ်မြွေနဂါးဘုရင်ကို အနိုင်ယူပြီးနောက် အန္တရာယ်မှလွတ်မြောက်ပြီဟု ထင်ခဲ့သည်။ သို့သော် ယခုမူ သူတို့သင်္ဘောများကို လုယူရန်ကြိုးစားနေသည့် ကျွမ်းကျင်သူတစ်စုနှင့် ရင်ဆိုင်ရတော့မည်။
” လူစုခွဲဖို့ အသင့်ပြင်ထား … အားလုံးပဲ စပိဘုတ်တွေကို မထိခိုက်စေနဲ့ … ခေါင်းဆောင်ဘရု့စ်က ပြောပြီးသား … ”
ဦးဆောင်လာသောရိန်းဂျားက အဖွဲ့လိုက်စကားပြောခန်းကနေ အမိန့်ပေးလိုက်၏။
“ဘော့စ် စိတ်ချထားလိုက် … သူတို့ရဲ့ လှေတွေကိုဖျက်ဆီးဖို့ အခွင့်အရေး ကျုပ်တို့ပေးမှာ မဟုတ်ဘူး …”
တစ်ဖက်အဖွဲ့ဝင်များက ရယ်မောလိုက်သည်။ တိုက်ပွဲက မစတင်ခင် သူတို့က ရှီဖုန်းနှင့် ကျန်သည့်သူများကို သေလူများအားကြည့်နေသည့်ပမာ ကြည့်နေကြ၏။
အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက ကိုက်တစ်ရာကို ကျော်ဖြတ်လာသည်နှင့် အနက်ရောင်အလင်းက သူတို့ကို ဖြတ်သန်းသွား၏။
ဖုန် …
ရေခဲလွှာက ချက်ချင်းပင် ငွေ့ရည်ပျံသွားပြီး အောက်ရှိပင်လယ်ရေကို ထွက်ပေါ်လာစေ၏။ သက်ရောက်ခံရသည့်ဧရိယာက နှစ်ဆယ့်ငါးကိုက် ဖြစ်၏။ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင် ခြောက်ယောက်က နေရာတွင်ပင်သေသွားပြီး လက်နက်တယ့်နှစ်ခုနှင့် ချပ်ဝတ်တန်ဆာများက ရေပေါ်တွင် ပေါလောပေါ်နေခဲ့သည်။