ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1201 အလွှာနှစ်အမျိုးအစား
အစက အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များသည် သူတို့ကို ရှီဖုန်း အထင်သေးသောကြောင့် ရှီဖုန်းကို ဒေါသ ထွက်လာကြ၏။ သို့သော် သူတို့က ဒေါသကြီးသောအာဏာရှင်၏ အရည်အချင်းများကို မြင်တွေ့သည့်အချိန်၌ သူတို့အားလုံး ဆွံ့အကုန်သည်။
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … ”
” ဒီအရည်အချင်းတွေက စွမ်းအင်လွန်ကဲနေတာ မဟုတ်ဘူးလား … ”
ရှိနေသည့်သူတိုင်းက ဒေါသကြီးသောအာဏာရှင်၏ အရည်အချင်းများကြောင့် အံ့သြသွားလေ၏။ လက်ကာက မည်သည့်တိုက်ခိုက်ရေးစကေးမှ မပိုင်ဆိုင်ထားသည့်တိုင် သူ၏ အလိုအလျောက် စကေးနှစ်ခုက ရှေးစစ်သည်တော်များအတွက် အံကိုက်ပင်ဖြစ်သည်။
ကိုင်ဆောင်သူ၏ HP (၅၀) ရာခိုင်နှုန်းအောက် ကျသွားသည့်အချိန်တွင် ခွန်အား (၂၀) ရာခိုင်နှုန်းနှင့် တိုက်ခိုက်မှုအရှိန် (၃၀) ရာခိုင်နှုန်းတိုးခြင်း။ ထိုအကြောင်းကို တွေးမိရုံဖြင့် လူတိုင်း ကျောချမ်းသွားတော့သည်။ ကိုင်ဆောင်သူ၏ခွန်အားကို တိုက်ခိုက်နေစဥ် နှစ်ဆမြှင့်တင်ပေးနိုင်သည့် အခွင့်အရေးတစ်ခုလည်း ရှိ၏။
ကျန်သည့်အံ့ဖွယ်ချပ်ဝတ်တန်ဆာများအတွက် ဒေါသကြီးသော အာဏာရှင်လက်ကာများကို ကျော်တက်နိုင်ဖို့က မဖြစ်နိုင်ပေ။ ဒေါသကြီးသောအာဏာရှင်က အံ့ဖွယ်ချက်ဝတ်တန်ဆာများထဲတွင် အကောင်းဆုံးဆိုတာ သေချာ၏။ အပိုင်းအစဒဏ္ဍာရီလာ အဆင့်နှင့်အထက် ချပ်ဝတ်တန်ဆာသာလျှင် ပိုသာမှာဖြစ်သည်။
ဘရု့စ်လှံက လက်ကာ၏ အရည်အချင်းများကို မြင်တွေ့သည့်အချိန်၌ သူ၏ မျက်လုံးထဲရှိ လောဘအရိပ်အယောင်ကို မဖုံးကွယ်နိုင်တော့ချေ။ သူက ရှေးစစ်သည်တော်တစ်ယောက်ဖြစ်၏။ ထိုအပြင် ခွန်အားဓာတ်ပြုချပ်ဝတ်တန်ဆာကို နှစ်သက်သည်။ အမှန်တကယ်တွင် သူယခုအချိန်တွင် ဝတ်ဆင်ထားသည့် အံ့ဖွယ်အဆင့်အောက် ချပ်ဝတ်တန်ဆာအပိုင်းအစတိုင်းက ခွန်အားကို အခြေပြုတာပဲဖြစ်သည်။
ခွန်အားအခြေပြုအံ့ဖွယ်ချပ်ဝတ်တန်ဆာများက သူရရန် အမြဲတမ်း အိပ်မက်မက်နေသည့်အရာ ဖြစ်သည်။
သို့သော်ငြား အံ့ဖွယ်ချပ်ဝတ်တန်ဆာကို ရယူခြင်းကပင် အင်မတန်ခက်ခဲနေပြီးသား ဖြစ်သည်။ သူနှင့် ကိုက်ညီသော အံ့ဖွယ်ချပ်ဝတ်တန်ဆာကို ရယူချင်သည်က အိပ်မက်တစ်ခုသာ ဖြစ်နေခဲ့၏။
ရှေးစစ်သည်တော်တွေအတွက် ဒီလိုအံ့မခန်း ချပ်ဝတ်တန်ဆာတွေက ဘယ်လိုလုပ်များ ဓားသမားတစ်ယောက်ရဲ့ လက်ထဲ ရောက်နေရတာလဲ။ ငါဒါကိုရအောင်ယူရမယ်။
ဂရု့စ်လှံအတွက် ကံဆိုးသည်မှာ သူသည် ဒေါသကြီးသောအာဏာရှင်ကို လိုချင်သည့်တိုင် ရှီဖုန်းပြောသည့်အတိုင်း ၎င်းနှင့်ညီမျှပြီး သို့မဟုတ် ၎င်းထက်သာလွန်သည့် ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာကို သူ မထုတ်နိုင်တာဘဲ ဖြစ်သည်။
သူမည်သို့တွေးစေကာမူ သူ့လက်ထဲ၌ ဒေါသကြီးသောအာဏာရှင်ထက် တန်ဖိုးပိုကြီးသည့် အိုင်တမ်နှစ်ခုသာ ရှိသည်။
ပထမတစ်ခုက အပြစ်ခုနှစ်ပါးပန်းပွင့်လိုချင်နေသော အိုင်တမ်ဖြစ်ပြီး နောက်တစ်ခုက အံ့ဖွယ်အဆင့်ကိရိယာ ဝိညာဥ်ကမ္ဘာလုံးဖြစ်သည်။
နောက်ဆုံးတွင် ဘရု့စ်လှံက အံ့ကြိတ်ပြီးနောက် ပြောလိုက်၏။
” တန်ဖိုးပိုမြင့်တဲ့ တစ်စုံတစ်ခုကို ငါ မထုတ်နိုင်ဘူးလို့ မင်းထင်နေတာလား … ဒီမှာ အံ့ဖွယ်ကိရိယာ ရှိနေတယ် … မင်းရဲ့ ဒေါသကြီးသော အာဏာရှင်လက်ကာထက် သေချောပေါက်တန်ဖိုးပိုရှိတယ် … မင်းငါ့ကို အနိုင်ယူနိုင်တယ်ဆိုရင် ဒီအံ့ဖွယ်ကိရိယာကို မင်းဆီလက်ဆောင်ပေးရလည်း ငါစိတ်ထဲမထားဘူး … ”
အံ့ဖွယ်ကိရိယာများသည် အံ့ဖွယ်လက်နက်များနှင့် ချပ်ဝတ်တန်ဆာများထက် တန်ဖိုးပိုရှိ၏။ အကြောင်းမှာ အံ့ဖွယ်ကိရိယာများက ကစားသမား၏ ချပ်ဝတ်တန်ဆာနေရာတွင် နေရာမယူပေ။ ကစားသမားများသည် သူတို့၏ အိတ်သိုလှောင်မှုထဲတွင် ရှိနေလျှင်တောင် အံ့ဖွယ်ကိရိယာကို အသုံးပြုနိုင်၏။ ထို့ကြောင့် အံ့ဖွယ်ကိရိယာများ၏ တန်ကြေးက အံ့ဖွယ်ချပ်ဝတ်တန်ဆာ၏ နှစ်ဆဖြစ်ပြီး ကောင်းမွန်အရည်အချင်းများဖြင့် အံ့ဖွယ်ကိရိယာတစ်ခုဆိုလျှင် တန်ဖိုးပိုများသေးသည်။
” အံ့ဖွယ်ကိရိယာလား … ”
ရှီဖုန်းက တွေဝေချင်ယောင်ဆောင်ပြီးတော့ ပြောလိုက်တော့သည်။ စိတ်ထဲတွင်မူ သူက အလွန်စိတ်လှုပ်ရှားနေတာ ဖြစ်သည်။
” ကောင်းပြီလေ … ဒါဆိုရင် သဘောတူစာချုပ်ထိုးကြရအောင် … ”
သူက ဒေါသကြီးသော အာဏာရှင်၏ အရည်အချင်းများကို တမင်တကာ ထုတ်ပြပြီး ဘရု့စ်လှံကို မျှားခဲ့တာပဲ ဖြစ်သည်။ ယခု သူ အောင်မြင်သွားပြီဖြစ်၏။
ဘရု့စ်လှံထုတ်ပြသည့် ကိရိယာက ဝိညာဥ်ကမ္ဘာလုံးဖြစ်စေ ဝိညာဥ်ကမ္ဘာလုံး မဟုတ်သည်ဖြစ်စေ ဟုတ်မဟုတ်ကမှ ရှီဖုန်းကို (၁၀၀) ရာခိုင်နှုန်း သေချာသေး၏။ အံ့ဖွယ်ချပ်ဝတ်တန်ဆာက အင်မတန်ရှားပါးပြီးသား ဖြစ်သည်။ ဘရု့စ်လှံ၏ အဆင့်၌ အံ့ဖွယ်ကိရိယာနှစ်ခုကို ရနိုင်ချေက ထီပေါက်နိုင်ခြေထက် ပိုနိမ့်သည်။
” ညီအစ်ကိုရီဖုန်း ဒီလိုလုပ်ဖို့ တကယ်လိုအပ်တယ်လား … ”
ဖြတ်သန်းခြင်းဧကရာဇ်က ရှီဖုန်း ဘရု့စ်လှံနှင့် သဘောတူစာချုပ်ချုပ်ဆိုနေတာကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားတော့၏။
မူလက သူတို့တစ်ဖွဲ့လုံး ဘရု့စ်လှံကို ရင်ဆိုင်တိုက်ခိုက်လျှင် အနိုင်ရရန် (၇၀) ရာခိုင်နှုန်း အခွင့်အရေးရှိ၏။ သို့သော် ရှီဖုန်းက ဘရု့စ်လှံကို တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်မှာ ဖြစ်သည်။ ရှီဖုန်းက အလွန်အစွမ်းထက်လျှင်တောင် ဖြတ်သန်းခြင်းဧကရာဇ်၏ အမြင်တွင်ရှီဖုန်းက အနိုင်ရရန် (၃၀) ရာခိုင်နှုန်းအခွင့်အရေးရလျှင်တောင် ကံကောင်းနေပြီဟု ဆိုရမှာပဲဖြစ်သည်။ ဆိုရလျှင် ရှီဖုန်းက သူ၏ ရှေးစစ်သည်တော်စကေးကို အသုံးပြုပြီးသားဖြစ်၏။
ယခုအချိန်တွင် ရှီဖုန်းက ထိုကဲ့သို့နိမ့်ပါးသည့်အခြေအနေအတွက် အံ့ဖွယ်ချပ်ဝတ်တန်ဆာကို လောင်းကြေးထပ်နေသည်။ ယင်းက ရူးတာပဲဖြစ်၏။
” ဟား … ဟား … ဟား … ဒီအရူးက တကယ်ကြီးစာချုပ်ချုပ်လိုက်တယ် … ဘရု့စ်လှံတော့ ကံကောင်းတာသေချာပြီဟေ့ … သူက ဒီတစ်ခေါက်တာဝန်ပြီးမြောက်လို့ အံ့ဖွယ်ကိရိယာရလာရုံတင်မကဘူး ရှေးစစ်သည်တော်တွေအတွက် အံ့မခန်းလက်ကာကိုတောင် ရအုံးမှာ … ”
” အမှန်ပဲ … ဘော့စ်ဘရု့စ်ရဲ့ ခွန်အားကို မြင်တဲ့အချိန် အဲဒီလူ ဘယ်လိုအမူအရာမျိုးပြမလဲဆိုတာ သိချင်မိတယ် … ”
” အံ့ဖွယ်လက်ကာပါ ထည့်ပေါင်းလိုက်ရင် ဘော့စ်ဘရု့စ်က စုစုပေါင်း အံ့ဖွယ်ချပ်ဝတ်တန်ဆာ ငါးခုရှိသွားပြီ … သူက ငါတို့ရဲ့ ထောင်လွှားခြင်းအပြစ်ရဲ့ နံပါတ်တစ်ရှေးစစ်သည်တော်ဖြစ်မှာ သေချာတယ် … ”
ဘရု့စ်လှံ၏ အသင်းဖော်များက သူတို့ကြားထဲ၌ ဆွေးနွေးနေကြပြီး ရှီဖုန်းကို ကြည့်နေကြသည်။ သူတို့အားလုံးက ထိုကဲ့သို့ ထူးကဲသောချပ်ဝတ်တန်ဆာကို လက်ဆောင်ပေးသည်အထိ ရှီဖုန်းက အင်မတန်ရူးမိုက်သည်ဟူ၍ တွေးထားကြသည်။
အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ရှီဖုန်းက ဂုဏ်ယူဝင့်ကြွားဖွယ်အရည်အချင်း အမှန်တကယ် ပိုင်ဆိုင်ထားသည်။ သို့သော် ဘရု့စ်လှံကလည်း အထွတ်အထိပ် ထိပ်သီးကျွမ်းကျင်သူတစ်ဦး ဖြစ်ပေ၏။
သူတို့အမြင်တွင် ဘရု့စ်လှံက တာဝန်ကိုမပြီးမြောက်ခင်ကဆိုလျှင် အနိုင်ရနိုင်ရန် (၆၀) ရာခိုင်နှုန်း အခွင့်အရေးရှိ၏။ ထိုကဲ့သို့ အကဲဖြတ်ထားရသည့်အကြောင်းအရင်းမှာ ဘရု့စ်လှံသည် အဆင့်မြင့်နတ်ဆိုးတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ သူအသွင်ပြောင်းလဲသွားပြီးနောက် သူ၏ ပင်မအရည်အချင်းများနှင့် ရုပ်ခန္ဓာသည် (၂၀) ရာခိုင်နှုန်း တိုးတက်မှုရရှိလာ၏။
နှစ်ဖက်စလုံးက တိုက်ပွဲဝင်စံသတ်မှတ်ချက် တူညီနေလုနီးပါးရှိနေလျှင် ရုပ်ခန္ဓာ (၁၀) ရာခိုင်နှုန်း တိုးတက်မှုက ဘရု့စ်လှံကို လွှမ်းမိုးနိုင်သည့်အောင်ပွဲတစ်ခု ရပေလိမ့်မည်။ ထိုကွာဟချက်အချက် ရှီဖုန်း ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှေးစစ်သည်တော်စကေးကို အသက်သွင်းရန် ဖြစ်သည်။ သို့သော် သူတို့သိသလောက်က ရှီဖုန်းသည် ရှေးစစ်သည်တော်စကေးကို အသက်သွင်းပြီးသားဖြစ်ကာ အချိန်တိုအတွင်း ထပ်မံသုံးနိုင်မှာ မဟုတ်ပေ။ ယင်းက ရှီဖုန်းကို အနိုင်ရနိုင်ခြေ နိမ့်သွားစေ၏။
ယခု ဘရု့စ်လှံက တာဝန်ပြီးမြောက်ပြီဖြစ်ကာ ခွန်အားက နောက်ထပ်တွေးတောနိုင်လောက်အောင် နောက်ထပ်တိုးတက်လာပြီဟု တွေးနိုင်သည်။
ရှီဖုန်း၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်က ဘရု့စ်လှံအထက်ရှိနေလျှင်တောင် ဘရု့စ်လှံက အနိုင်ရနိုင်ခြေ (၉၀) ရာခိုင်နှုန်းရှိသေး၏။
စာချုပ်လက်မှတ်ရေးထိုးမှုဖြင့် နှစ်ဖက်စလုံးက အကွာအဝေးခြားထားပြီးနောက် ရှီဖုန်းနှင့် ဘရု့စ်လှံတို့ နှစ်ယောက်တိုက်ခိုက်ရန် လုံလောက်သည့်အကျယ်အဝန်းပေးလိုက်သည်။
တိုက်ခိုက်ရန်အချိန်စမှတ်သည်နှင့် ဘရု့စ်လှံက သူ၏ နောက်ကျောမှကြေးသွေးရောင်လှံကို ဆွဲထုတ်လိုက်ပြီးနောက် လှံခြေကို မြေပြင်ပေါ်စောက်ချလိုက်ရာ မြေကမ္ဘာတုန်လှုပ်သွားစေ၏။
“ဒေါသကြီးသော အာဏာရှင်လက်ကာကို ငါဆီ လက်ဆောင်ပေးတဲ့အတွက် ငါ့ရဲ့ ခွန်အားအပြည့်အဝကို မျက်မြင်တွေ့ရတဲ့ ဂုဏ်သရေမျိုး မင်းကိုရခွင့်ပေးမယ် … ”
ဘရု့စ်လှံက နှာခေါင်းရှုံ့လိုက်သည်။
” အစကတော့ အဖွဲ့ထဲမှာ နံပါတ်တစ်ရှေးစစ်သည်တော်ရာထူးကိုရဖို့ ဘာ့ခ်နဲ့ ယှဥ်ပြိုင်တဲ့နေရာမှာ ဒီခွန်အားကိုသုံးဖို့ ရည်ရွယ်ခဲ့တာပဲ … ”
ထိုသို့ပြောပြီးနောက် ဘရု့စ်လှံက အော်လိုက်ကာ သူ၏ တစ်ကိုယ်လုံးက ပူလောင်ပြင်းပြသည့် အနက်ရောင်မီးခိုးများကို စတင်ထုတ်လွတ်တော့၏။
ထိုအနက်ရောင်မီးခိုးများက ဘရု့စ်လှံ၏ တစ်ကိုယ်လုံးနား လျင်မြန်စွာရစ်ပတ်သွားသည်။ ပြီးနောက် ရှေးစစ်သည်တော်က စတင်အသွင်ပြောင်းသွားတော့သည်။ မျက်တောင်တခက်အတွင်း သူက နတ်ဆိုးတစ်ကောင် ဖြစ်သွားလေ၏။
သို့သော် ယခင်က ဝတ်ရုံနက်ရိန်းဂျားနှင့်မတူဘဲ ဘရု့စ်လှံ၏ နတ်ဆိုးအသွင်က တောင်ပံသုံးစုံပါနေ၏။ သူ ဖြာထွက်နေသော အရှိန်အဝါကလည်း ဝတ်စုံနက်ရိန်းဂျားထက် ပိုသန်မာ၏။ လုံးဝယှဥ်ပြိုင်နိုင်ခြင်း မရှိပေ။
” ငါတို့တော့ ကံဆိုးပြီ … ”
ဘရု့စ်လှံ၏ နတ်ဆိုးအသွင်ကိုမြင်ပြီးနောက် ဖြတ်သန်းခြင်းဧကရာဇ်၏ နောက်ဆုံးသော မျှော်လင့်ချက်က အပြည့်အဝ ပျောက်ကွယ်သွား၏။
ယခုအချိန်တွင် ဘရု့စ်လှံ၏ အသင်းဖော်များကလည်း သူတို့မျက်နှာပေါ်တွင် ထိတ်လန့်သည့်အမူအရာရှိနေကာ ဘရု့စ်လှံ၏ အသွင်ပြောင်းလဲမှုကြောင့် ကြောက်လန့်ကုန်၏။
” ဒါက ဘာရွန်နတ်ဆိုးလား … ”
” အံ့သြစရာပဲ … အဆင့်မြင့်နတ်ဆိုးတွေ ယှဥ်နိုင်မှာမဟုတ်ဘူး … ”
” ဒီအသွင်ပြောင်းမှုနဲ့ဆိုရင် ဘော့စ်ဘရု့စ်က နောင်ကျ ငါတို့ရဲ့ ထောင်လွှားခြင်းအပြစ်မှာ နံပါတ်တစ် ရှေးစစ်သည်တော်ဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုတော့ဘူး … ”
နတ်ဆိုးကစားသမားများသည် နတ်ဆိုးအသွင်ပြောင်းလဲသွားပြီးနောက် သူတို့၌ အဆင့်သတ်မှတ်ချက် ရှိလာပြီး ထိုအကြောင်းအရင်းက နတ်ဆိုးကစားသမားများသည် သာမန်ကစားသမားများထက် အလွှာတစ်ဝက် ပိုသန်မာလာရခြင်းလည်း ဖြစ်သည်။
ကစားသမားများက ရှေးဦးစွာနတ်ဆိုးအသွင်ပြောင်းခြင်း၌ သူတို့က အဆင့်နိမ့်နတ်ဆိုးအနေဖြင့် စတင်သည်။ ပြီးနောက် ကစားသမားဝိညာဥ်များစွာကို အမဲလိုက်ရာကနေ အဆင့်မြင့်နတ်ဆိုးအဖြစ် အဆင့်တက်သွား၏။ သို့သော် အဆင့်မြင့်နတ်ဆိုးအဆင့်သို့ရောက်ပြီးနောက် လုံလောက်သည့် ဝိညာဥ်များကို ရိတ်သိမ်းရုံထက် ပိုမူတည်နေသည်။ သင့်တော်သည့်အဆင့်အတန်စကို ပိုပိုင်ဆိုင်ထားရန်လည်း လိုအပ်၏။ တစ်နည်းဆိုရလျှင် အထက်တန်းလွှာနေရာကို ပိုပိုင်ဆိုင်ရလိမ့်မည်။
ဘရု့စ်လှံက နတ်ဆိုးကျွန်းပေါ်ရှိတာဝန်ကို ပြီးမြောက်ပြီးနောက် သူသည် အဆင့်မြင့်နတ်ဆိုးကနေ ဘာရွန်တစ်ဦးအဖြစ် ရာထူးတိုးသွားသည်။ ရလဒ်အနေဖြင့် သူ၏ ခွန်အားကလည်း သိသိသာသာတိုးတက်သွားတော့၏။
” ဟား … ဟား … ဟား … ဒီတော့ ဒါက ဘာရွန်နတ်ဆိုးရဲ့ စွမ်းအင်လား … တကယ်အံ့သြစရာကောင်းတာပဲ … ”
ယခုအချိန်တွင် ဘရု့စ်လှံက သူ၏စွမ်းအင်အသစ်ကို သဘောကျမိသွားသည်။
နတ်ဆိုးကစားသမားများကြား ဘာရွန်အဆင့်က အသွင်ပြောင်းသည့်အချိန်၌ သူတို့၏ အခြေခံအရည်အချင်းနှင့် ရုပ်ခန္ဓာကို (၃၀) ရာခိုင်နှုန်းတိုးစေ၏။ လက်ရှိတွင် သူ၏ အရည်အချင်းနှင့် ရုပ်ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာက အလွှာနှစ်စံသတ်မှတ်ချက်တွင် ရှိနေပြီးသား ဖြစ်သည်။ ယခုအချိန်တွင် သူချို့တဲ့နေသည်က အလွှာနှစ်စကေးသာ ဖြစ်၏။ ထိုမှအပ သူသည် အလွှာနှစ်ကစားသမားတစ်ယောက်ဟု သတ်မှတ်၍ရပြီဖြစ်သည်။
အလွှာနှစ်နှင့် အလွှာတစ်ကစားသမားကြား ကွာဟချက်သည် အလွှာတစ်နှင့် အလွှာသုည သမားသမားများကြား ကွာဟချက်ထက် ပိုကြီးမားပေ၏။
အလွှာနှစ်အမျိုးအစားက အလွှာတစ်အမျိုးအစားကို ရင်ဆိုင်တိုက်ခိုက်လျှင် စကေးသုံးရန်မလိုဘဲ နှစ်ဖက်စလုံးက တူညီသည့်အဆင့်အောက်၌ ရှိနေပါက အလွှာတစ်အမျိုးအစားသည် ခုခံရန် စွမ်းအင်ကင်းမဲ့နေမှာပဲ ဖြစ်သည်။
ဘရု့စ်လှံက ခန္ဓာကိုယ်ကို အနည်းငယ်အကြောဆန့်လိုက်ပြီးနောက် သူ၏ သွေးနီရောင်မျက်လုံးများက ရှေ့ရှိဓားသမားကို ကြည့်လိုက်တော့သည်။
” ဟုတ်ပြီ … အခုမင်း စိတ်ပျက်အားငယ်တဲ့ အရသာကို တွေ့စေရမယ် … “