ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1207 ထင်ယောင်ထင်မှားရတနာ
ရှီဖုန်းက ဝိညာဥ်ကမ္ဘာလုံးကို ကိုင်ဆောင်ထားစဥ် သူ့စိတ်ထဲ ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုများ ပြည့်နေလေ၏။ ရတနာခုနှစ်ပါးက အစစ်အမှန်နတ်ဘုရားအမွေဖြစ်ပေ၏။
ဒဏ္ဍာရီလာအိုင်တမ်များက ၎င်းတို့ကို မယှဥ်နိုင်ပေ။ ရှေးဟောင်းနတ်ဘုရားများကတောင် နတ်ဘုရားအမွေတစ်ခု ပိုင်ဆိုင်ထားခြင်းမရှိလေရာ သေမျိုးလူသားများဆိုလျှင် ပိုဆိုး၏။
အတိတ်တုန်းက ရှီဖုန်းသည် နတ်ဘုရားအမွေကိုပိုင်ဆိုင်သည့် ကစားသမားတစ်ယောက်အကြောင်း ကြားတောင်မကြားဖူးပေ။
တစ်စုံတစ်ယောက်က နတ်ဘုရားအမွေအနှစ်ကို ရယူပြီး ထိုအချက်အလက်ကို ဖုံးကွယ်ထားတာ ဖြစ်နိုင်၏။ ဆိုရလျှင် ဤကဲ့သို့သတင်းမျိုးက သတင်းပေါက်ကြားသွားလျှင် ဂိမ်းထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်ပွားစေနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားအဆင့်ကျွမ်းကျင်သူများ၏ အမည်တွင် ဒဏ္ဍာရီအိုင်တမ်များကို နတ်ဘုရားအမွေများအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။
ဆိုရလျှင် ဒဏ္ဍာရီလာအိုင်တမ်များသည် အလွှာပိုမြင့်သည့်ရန်သူများကို စိန်ခေါ်ရန် ကစားသမားများကို အရည်အချင်းမြင့်ရစေ၏။ နတ်ဘုရားအဆင့်ကျွမ်းကျင်သူက နတ်ဘုရားအမွေကို လက်ဝယ်ရထားခဲ့မယ်ဆိုလျှင် ရလဒ်က မတွေးတက်နိုင်ဖြစ်သွားပေလိမ့်မည်။
ရတနာခုနှစ်ပါးသည် လက်နက်မဟုတ် ချပ်ဝတ်တန်ဆာလည်း မဟုတ်သော်ငြား သူတို့က အမှောင်အသူရာကို ဖိနှိပ်နိုင်ရန် စွမ်းအင်လုံလောက်သေး၏။ သို့သော် ယခုအချိန်တွင် ရှီဖုန်းက ထိုအကြောင်းကိုတွေးမိသောအခါ ထိုအကြံဉာဏ်က ယုတ္တိရှိကြောင်း သိလိုက်ရသည်။ ဝိညာဥ်ကမ္ဘာလုံးက ထုတ်လုပ်ပေးသည့် ဝိညာဥ်ရည်သည် ကစားသမားများကို ပြိုင်ဘက်ကင်းသောကဝေဒနာကင်းဝေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှုကို ရရှိအောင် ပံ့ပိုးပေး၏။ ဧရိယာတစ်ခု၏ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုဖြင့် ရရှိနိုင်သည့်အရာ မဟုတ်တော့ပေ။ ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသည့်အရည်အချင်းကို အံ့ဖွယ်အိုင်တမ်တစ်ခုက မည်ကဲ့သို့ ပိုင်ဆိုင်ထားသနည်း။
နတ်ဘုရားအမွေသာလျှင် မယုံနိုင်စရာကောင်းသည့်အရာကို ထုတ်လုပ်ပေးနိုင်သည်။
ဝိညာဥ်ကမ္ဘာလုံး အံ့ဖွယ်အဆင့်အိုင်တမ်
မူလက ထင်ယောင်ထင်မှားရတနာ၏ အပိုင်းအစတစ်ခုဖြစ်သည်။ သို့သော် နတ်ဆိုးနတ်ဘုရားပိုင်မွန်က သန့်စင်ခဲ့ခြင်းကြောင့် အပိုင်းအစ၏ စစ်မှန်သောစွမ်းအင်သည် ချိတ်ပိတ်ခံထားရသည်။
ထပ်တိုးစကေး။ ။ ဝိညာဥ်ရည်
ကစားသမားများလိုလားစွာပေးအပ်သော ဝိညာဥ်မှ ဝိညာဥ်ရည်ကို ဖန်တီးသည်။ ပြန်လည်အသုံးပြုရန် စောင့်စားရသည့်အချိန်မရှိ။ ကစားသမားများ၏ ဝိညာဥ်တစ်ရာကို စုပ်ယူပြီး ဝိညာဥ်ရည်တစ်စက်ထုတ်လုပ်နိုင်၏။
ထပ်တိုးစကေး။ ။ နတ်ဘုရားစွမ်းအင်စုပ်ယူခြင်း
ဝိညာဥ်ကမ္ဘာလုံး ပြန်ကောင်းစေရန်အတွက် နတ်ဘုရားစွမ်းအားကို စုပ်ယူသည်။ စုစုပေါင်းချိပ်သုံးခု ရှိသည်။ ပထမဆုံးချိပ်ကိုဖယ်ရှားရန် နတ်ဘုရားသလင်းဆယ်ခုလိုအပ်သည်။ လက်ရှိစုပ်ယူထားသောအရေအတွက် သုည။
လက်ရှိတွင် ဝိညာဥ်ကမ္ဘာလုံးကို နတ်ဆိုးနတ်ဘုရားပိုင်မွန်က ချိတ်ပိတ်ထားသော်ငြား ရွှေရောင်အမာရွတ်ကြောင့် နိုးထလာခဲ့သည်။ ချိတ်ပိတ်မှုကို နတ်ဘုရားစွမ်းအားစုပ်ယူခြင်းဖြင့် ဖယ်ရှားနိုင်၏။ သေဆုံးသည့်အချိန် အိုင်တမ်ကကျလာမည်။ နတ်ဆိုးစွမ်းအားက အမာရွတ်မရှိသည့် ကိုင်ဆောင်သူများကို ဝါးမျိုလိမ့်မည်။
ရှီဖုန်းသည် စတင်အောင်ပွဲခံပြီး မကြာမီ၌ စနစ်အသိပေးသံတစ်သံက နားထဲရောက်လာ၏။
စနစ် : နတ်ဆိုးနတ်ဘုရားပိုင်မွန်က ဝိညာဥ်ကမ္ဘာလုံးရဲ့ နိုးထမှုကိုရှာတွေ့သွားပြီ။ အမှောင်အင်အားစုကစားသမားတွေအားလုံးကို ပြန်ပြင်ဖို့အမိန့်ပေးနေပါပြီ။ ဝိညာဥ်ကမ္ဘာလုံးနဲ့ အမာရွတ်ကို သုံးကိုက်ထက်ပိုခွဲထားမယ်ဆိုရင် အဲဒါက ပိုင်မွန်ရဲ့လက်ထဲကို ပြန်ရောက်သွားပါမယ်။
စနစ်က တကယ်ကြီးပြောနေတာလား။ ရှီဖုန်းသည် စနစ်အသိပေးသံကိုကြားသောအခါ ဆွံ့အသွားလေ၏။
စနစ်အသိပေးချက်အရ ဝိညာဥ်ကမ္ဘာလုံးကို သူချန်ထား၍မရ သူက သယ်ဆောင်ထားရမည်။ သို့သော် ဝိညာဥ်ကမ္ဘာလုံးသည် သေဆုံးချိန်တွင် ကျမည်ဖြစ်၏။ သူသေသွားခဲ့လျှင် ဝိညာဥ်ကမ္ဘာလုံးက နတ်ဆိုးနတ်ဘုရားပိုင်မွန်ဆီ ရောက်မည်။ ပြန်ဖြည့်တင်းခြင်းအမိန့်က ရက်စက်သည့်ခြိမ်းခြောက်မှုတစ်ရပ်လည်း ဖြစ်၏။
သူက ပြန်လည်ရယူခြင်းအမိန့်သည် အမိန့်တစ်ခုဖြစ်သောကြောင့် အမှောင်ကစားသမားများသည် ဝိညာဥ်ကမ္ဘာလုံးကို ရှာရန် အထူးနည်းလမ်းတစ်ခုရှိမှာ သေချာ၏။ တစ်နည်းဆိုရလျှင် သူက NPC မြို့အပြင်ဘက်တွင်ရှိနေသရွေ့ ချုံခိုတိုက်ခိုက်သည့် အမှောင်ကစားသမားတစ်ဦးနှင့် တွေ့နိုင်ချေက အတော်မြင့်သည်။
သူက အရေးနိမ့်နေပေ၏။
သူ၏ ရည်ရွယ်ချက်ကို ကျန်သည့်သူများမတွေ့အောင် ကာထားဖို့ရာ သိုသိုသိပ်သိပ်လှုပ်ရှားရမည်။ ကံဆိုးသည်မှာ ဝိညာဥ်ကမ္ဘာလုံးက ပြဿနာကို မီးထွန်းရှာထားလေ၏။ ပြီးနောက် သူက ၎င်းကို မကိုင်ထားလျှင် ရတနာအပိုင်းအစကို ဆုံးရှုံးသွားရလိမ့်မည်။
” ငါတကယ်ကြီး စစ်နတ်ဘုရားရဲ့ ဘုရားကျောင်းကိုသွားရမှာလား … ”
ရှီဖုန်းက ခေါင်းခဲနေတော့သည်။ စစ်နတ်ဘုရား၏ ဘုရားကျောင်းက သူ့ကို ရတနာခုနှစ်ခုစုဆောင်းရန် တာဝန်ပေးခဲ့သည်။ သူတို့ကို လွဲအပ်ခြင်းအားဖြင့် တာဝန်ပြီးနိုင်မည့်ဖြစ်စဥ် သူကိုယ်တိုင်ရတနာအသုံးပြုနိုင်သည့်စွမ်းရည် ဆုံးရှုံးသွားလိမ့်မည်။ သူတို့ပြောနေသည်က ရတနာခုနှစ်ပါး ဖြစ်၏။
သူတို့က လက်နက်များမဟုတ် ချပ်ဝတ်တန်ဆာမဟုတ်သော်ငြား မည်သည့်အံ့ဖွယ် သို့မဟုတ် ဒဏ္ဍာရီလာအိုင်တမ်ကမှ မယှဥ်နိုင်သည့်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည်။ ထိုအရာများကို ရရှိပြီးနောက် ရတနာများလွှဲပေးခြင်းက အချိန်ကုန်ရကျိုးမနပ်ပေ။
ရှီဖုန်းက နောက်တစ်ကွက်ကို စီစဥ်ရန်ကြိုးစားနေစဥ် ရေနှင်းဆီက သူ့ကိုဆက်သွယ်လာ၏။
” အစည်းအရုံးခေါင်းဆောင် ဖီးနစ်မိုးက သူ့လူတွေနဲ့ ရောက်လာပါတယ် … သူက လျှို့ဝှက်ကျောက်ပြားကို အခုသုံးဖို့ မျှော်လင့်နေတာပါ … ”
ရေနှင်းဆီက စိုးရိမ်ပူပန်စွာ ပြော၏။
” ဒါပေမဲ့ ကျွန်မတို့တွေ ဘယ်သူကိုပို့မလဲဆိုတာ မဆုံးဖြတ်ရသေးဘူး … သူတို့ကို နည်းနည်းလောက် စောင့်ခိုင်းထားသင့်လား … ”
” ရောက်နေပြီလား … ”
ရှီဖုန်းက အံ့သြသွား၏။ အမှောင်လေလံပွဲသည် အစောပိုင်းကမှ ပြီးခဲ့တာဖြစ်၏။ ထိုသို့တိုင် ဖီးနစ်မိုးက ဤနေရာသို့ ရောက်နေပြီ ဖြစ်သည်။
” အခုဖြေရှင်းစရာကိစ္စရှိသေးတယ်ဆိုတာ ပြောပြထားလိုက် … သူ သုံးနာရီလောက်စောင့်ဖို့လိုတယ် … ပြီးတော့ ဆမ်းမား၊ ခရမ်း၊ ရိန်းနဲ့ ယွဲ့ရှုတို့ကို စုထားလိုက် … မင်းတို့ငါးယောက် ကျောက်ပြားထဲ အရင်ဝင်နှင့် … ”
လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်က မှော်အမျိုးအစားကစားသမားများကို များစွာမြှင့်တင်ပေး၏။ ဇီးရိုးဝင်း၌ မှော်အမျိုးအစားကျွမ်းကျင်သူအနည်းစုသာရှိသော်ငြား ရေနှင်းဆီကဲ့သို့ အလားအလာမြင့်မားသည့်သူများက နည်းစနစ်များကို သင်ယူရန် ဦးစားပေးဖြစ်သည်။ ငါးယောက်က ကျောက်ပြားထဲသို့မဝင်ခင် သူက ပြင်ဆင်ရန်လိုအပ်၏။
ယခု ဝိညာဥ်ကမ္ဘာလုံးပြောင်းလဲသွားပြီဖြစ်ရာ သူက ၎င်းကို သေချာအသုံးချပြီး တက်နိုင်သမျှ ဝိညာဥ်ရည်များ ထုတ်ကာ စစ်နတ်ဘုရား၏ ဘုရားကျောင်းဆီသို့လွှဲပေးမည်။
” နားလည်ပါပြီ … ”
ရေနှင်းဆီက သူမ တစ်နေရာစာရမည်ကိုကြားသောအခါ ညင်သာစွာခေါင်းညိတ်လိုက်၏။ ကျောက်ပြားထဲသို့ သူမဝင်ခဲ့လျှင် သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူများ၏ အဆင့်ထဲ ဝင်နိုင်လောက်သည်။
ရေနှင်းဆီက ဖုန်းချပြီးနောက် ရှီဖုန်းသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်း၏ သာမန်ဘဝပုံစံကစားသမားများတစ်စုကို စုစည်းရန် လွမ်းဆွေးခြင်းအပြုံးကို ဆက်သွယ်လိုက်၏။ ယင်းက လုပ်ငန်းစု၏ သီးသန့်အဖွဲ့ဝင်များဖြစ်သည်။ ထိုကစားသမားများက သူတို့ ဝိညာဥ်တစ်စိတ်တစ်ပိုင်း ပေးချင်စိတ်ရှိသရွေ့ သူတို့သည် ငါးရက်တာအတွက် တရားဝင်အဖွဲ့ဝင်၏ အကျိုးခံစားခွင့် ရရှိမည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းက ကြယ်လတိုင်းပြည်ထဲရှိ နံပါတ်တစ် ကုန်သွယ်ရေးလုပ်ငန်း ဖြစ်၏။ ဖယောင်းတိုင်အလင်းထဲ လူတစ်ယောက် ခံစားခွင့်ရှိသည့်အကျိုးအမြတ်က တိုင်းပြည်ထဲရှိ ကျန်သည့်ကုန်သွယ်ရေးလုပ်ငန်းများထဲတွင် ရှာတွေ့မှာမဟုတ်ပေ။ ထို့ကြောင့် ကစားသမားများစွာသည် ဖယောင်းတိုင်အလင်းကို နေ့စဥ်နေတိုင်း ဝင်ချင်နေကြ၏။ သို့သော် လူတိုင်းက တရားဝင်အဖွဲ့ဝင် ဖြစ်မလာနိုင်ပေ။ အလားအလာရှိသည့်သူများသာလျှင် ယာယီအဖွဲ့ဝင်ဖြစ်လာ၏။ ယာယီအဖွဲ့ဝင်ဖြစ်လာပြီးနောက် ကစားသမားများသည် တရားဝင်အဖွဲ့ဝင်ဖြစ်လာရန်အတွက် ဖယောင်းတိုင်အလင်း၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန် လိုအပ်သည်။
ထိုကာလ၌ ယာယီအဖွဲ့ဝင်များသည် တန်ဖိုးကြီးခံစားခွင့်များမရှိပေ။ သူတို့က တစ်ကိုယ်တော်ဘဝပုံစံကစားသမားများထက် အနည်းငယ်ပိုသာရုံသာရှိသည်။ ထိုသို့တိုင် ဘဝပုံစံကစားသမားများစွာက ဝင်ချင်ကြ၏။ ထို့အပြင် ဘဝပုံစံကစားသမားများအဖို့ EXP က ဒုတိယသာ ဖြစ်သည်။ ကစားသမားများကို မသတ်ဖြတ်နိုင်ခြင်းက မည်သည့်နည်းနှင့်မဆို သူတို့ကို မသက်ရောက်စေပေ။ အားနည်းသည့်အခြေအနေက အနည်းဆုံးလေးငါးရက်သာ ကြာလိမ့်မည်။ သူ၏ ကမ်းလှမ်းချက်ကို လက်ခံလိုသည့် ယာယီအဖွဲ့ဝင်များစွာ ရှိလောက်၏။
” ရှလင်းအကြောင်း ဘယ်လိုလုပ်မေ့သွားရတာလဲ … ”
ရှီဖုန်းသည် အလွှာငါးအနီရောင်အရာရှိ ရှလင်းကို ရုတ်တရက်သတိရသွားသည်။
ရှလင်းသည် ထူးကဲသည့်ခွန်အားနှင့် အဆင့်အတန်းပိုင်ဆိုင်ထား၏။ သူက စူပါဂါထာတစ်ခုကို အသုံးပြုခဲ့သည့် ဆန်းကြယ်လူငယ်ကိုကောင် ခြောက်ထုတ်နိုင်ခဲ့သည်။
ထိုဆန်းကြယ်လူငယ်က ဘလက်ဝင်းမြို့၏ မြို့လယ်ခေါင်၌ ရွှေရောင်ကျောက်ပြားကို ခိုးယူရဲခဲ့သည်။ အလွှာငါးကစားသမားကတောင် သူနှင့် မယှဥ်နိုင်ပေ။ ထို့အပြင် ရှလင်းက နတ်ဘုရားနယ်မြေအကြောင်း အတော်သိပေ၏။ သူမက သူဝိညာဥ်ကမ္ဘာလုံးကို သိမ်းထားနိုင်ရန် သူ့ကို ကူညီပေးနိုင်သည့် နည်းလမ်းရှိလောက်သည်။ ကြိုးစားကြည့်တာပေါ့။ မဖြစ်နိုင်ဘူးဆိုရင် ငါဝိညာဥ်ရည် တော်တော်များများစုပြီးတော့မှ စစ်နတ်ဘုရားရဲ့ ဘုရားကျောင်းဆီ ဆုအတွက် သွားလဲလိုက်ရင်လည်း နောက်မကျပါဘူး။
ထိုအချက်ကိုတွေးမိပြီး ရှီဖုန်းက လွမ်းဆွေးခြင်းအပြုံးကို ဆက်သွယ်ပြီး လိုအပ်သည့်အဖွဲ့ဝင်များ စုခိုင်းထားလိုက်၏။ ဤနည်းဖြင့် စာကြည့်တိုက်မှပြန်လာချိန်၌ သူမက လူလုံလောက်အောင် စုဆောင်းထားပြီးသား ဖြစ်လိမ့်မည်။
ရှီဖုန်းသည် ပိုစတေးချင်သော်ငြား အပြစ်ခုနှစ်ပါးပန်းပွင်းသည့် ဝိညာဥ်ကမ္ဘာလုံး၏ အသုံးပြုမှုအကြောင်း သိထားပြီးသားဖြစ်သည်။ သူကံပါလျှင် အပြစ်ခုနှစ်ပါးပန်းပွင့်က သူနှင့် ရေခဲမျက်ဝန်းကို ဆက်စပ်မိလိမ့်မည်။ ဆိုရလျှင် ရေခဲမျက်ဝန်းက ဇီးရိုးဝင်း၏ အဖွဲ့ဝင်တစ်ယောက်ဆိုတာ သိသွားလိမ့်မည်။
ထိုသတင်းက ဘုရင့်အပြန်ရသွားခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။ ထိုအချိန်ကြလျှင် ဘုရင်အပြန်က ဇီးရိုးဝင်းကို သုတ်သင်ရှင်းလင်းရန် စွမ်းအင်အကုန်သုံးပေလိမ့်မည်။ ဆိုရလျှင် အစည်းအရုံး၏ ဂုဏ်သက္ခာကအရေးပါသည်။ ထို့ကြောင့် သူက ဝိညာဥ်များစုဆောင်းစဥ် သိုသိုသိပ်သိပ် နေရန်လိုအပ်သည်။ ထို့အပြင် မြန်မြန်ဆန်ဆန်ပြုလုပ်ရမှာပဲ ဖြစ်သည်။
ဝိညာဥ်ကမ္ဘာလုံးကို ကြာကြာကိုင်ထားလေ အပြစ်ခုနှစ်ပါးပန်းပွင့်က သူ၏ ID ကိုရှာတွေ့ရန် နီးစပ်လေဖြစ်သည်။ ဆိုရလျှင် နတ်ဆိုးနတ်ဘုရားပိုင်မွန်က ကမ္ဘာလုံးအတွက် ပြန်လည်ရယူခြင်းအမိန့်ကို ပေးထားပြီးသားဖြစ်သည်။ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များထဲမှ တစ်ယောက်ထံမှ ၎င်းကို ရှာတွေ့ခဲ့လျှင် ရလဒ်က တူညီနေအုံးမှာပဲ ဖြစ်သည်။
ပြီးနောက် ရှီဖုန်းသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲမှ ခိုးထွက်ပြီး စာကြည့်တိုက်ဆီသို့ အဆင့်မြင့်မြင်းလှည်းစီးကာ သွားလိုက်တော့၏။