ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1214 ကျော်ကြားမှုမြင့်တက်လာခြင်း
” နောက်ဆုံးတော့ … ”
ရှီဖုန်းသည် သူရှေ့ရှိ ကျောက်စာပွဲပေါ်၌ အစိမ်းရောင်ရင်းနက်သားတုံးကို မြင်တွေ့သည့်အချိန်၌ သက်ပြင်းချကာ သူ၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုတစ်စွန့်တစ်စပေါ်နေလေ၏။
မှော်သလင်းကုန်ကျမှု အတော်မြင့်မားသော်ငြား ရင်းနက်သားကို အစိမ်းရောင်ရင်းနက်သားအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်းက သူ့ကို အချိန်ကုန်သက်သာစေ၏။ သူ၏ ကျန်သည့်ရွေးချယ်မှုက အစိမ်းရောင်ရင်းနက်သားများ ရိတ်သိမ်းရန်ဖြစ်သည်။ သူလိုအပ်သည့် ပမာဏများစွာကို မည်သည့်နေရာတွင်ရှာရမည်မှန်း သူမသိပေ။
အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်းတစ်စီးက အစိမ်းရောင်ရင်းနက်သား ဆယ့်ငါးတုံးလိုအပ်သည်။ သူက သရဲငိုတောင်ကြားထဲ၌ ထရိုးများတိုက်ခိုက်ရန် ဘလက်ကီနှင့် ကျန်သည့်သူများကို ပို့ခဲ့လျှင်တောင် သူတို့က တစ်ရက်ကိုသစ်သားတုံးရှစ်တုံး၊ ကိုးတုံးရခဲ့လျှင် ကံကောင်းသည်မှာ ဆိုရမှာပဲဖြစ်သည်။ ထို့အပြင် သရဲငိုတောင်ကြားက လက်ရှိတွင်ရှေးဟောင်းအသူရာမွန်းစတားများ၏ အိမ်ဖြစ်နေလေ၏။ စွန့်စားမှုက မြင့်မားလွန်းသည်။ အမှားတစ်ချက်ဖြင့် ဘလက်ကီးနှင့် ကျန်သည့်သူများ၏ အသတ်ကို နုတ်သွားနိုင်သည်။
ရှီဖုန်း၏ အမြင်တွင် မှော်သလင်းသုံးဆယ်နှင့် သာမန်ရင်းနက်သားတစ်တုံးကို အစိမ်းရောင်ရင်းနက်သားတစ်တုံးအဖြစ် ပြောင်းလဲနိုင်ခြင်းက ထောက်တန်သည်။
ဒါပေမဲ့ မှော်သလင်းတွေက ပြဿနာပဲ။ ငါက အစိမ်ရောင်ရင်းနက်သားတွေအများကြီး မထုတ်လုပ်နိုင်သေးဘူး။ ရှီဖုန်းက သူ့အိတ်ထဲရှိ မှော်သလင်းများကိုကြည့်ပြီး ခေါင်းခဲလာတော့သည်။
လက်ရှိတွင် သူ၏ အိတ်ထဲ၌ မှော်သလင်းလေးသောင်းကျော်ကျန်ပြီး သူက အစိမ်းရောင်ရင်းနက်သားများစွာ ထုတ်လုပ်နိုင်၏။
သို့သော် အစည်းအရုံးက ဖွံ့ဖြိုးတိုးတက်ချင်သည်ဆိုလျှင် အမျိုးမျိုးသောကဏ္ဍများ၌ အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ သူက ဇီးရိုးဝင်းကို အချိန်တိုအတွင်း အဆပေါင်းများစွာ မြင့်တက်ချက်ပါက ပိုတောင်ရင်းနှီးမြှုပ်နှံရန် လိုအပ်၏။ အထူးသဖြင့် အစည်းအရုံး၏ လက်ရွေးစင်အဖွဲ့များအတွက် မှန်ကန်ပေ၏။ အံ့ဖွယ်အားကစားရုံအတွင်း သူတို့၏ လေ့ကျင့်မှုကို စွန့်ပယ်၍မရပေ။ ထိုအကြောင်းကိုတွေးမိပြီး ရှီဖုန်းက မှော်သလင်းများ ပျက်လက်နေတာကို စဥ်းစားမိသွား၏။
သူသည် အမှောင်ပြိုင်ကွင်းထဲမှ လောင်းကြေးနိုင်ခဲ့သော်ငြား ရရှိသည့်ငွေများ သုံးစွဲပြီးပြီ ဖြစ်သည်။ ထို့အပြင် သူက ဖီးနစ်မိုးကို မှော်သလင်းနှစ်သိန်းခွဲ အကြွေးတင်နေ၏။ ငါးရက်အတွင်းပြန်ပေးရမှာပဲ ဖြစ်သည်။
အမှောင်ပြိုင်ကွင်းက သူရထားသည့်အများစုက လက်နက်များ၊ ချပ်ဝတ်တန်ဆာများ ဖြစ်သည်။ ထိုအံ့မခန်းအိုင်တမ်များကို ဂိမ်းငွေကြေးများနှင့် မှော်သလင်းများအဖြစ် ပြောင်းလဲခဲ့လျှင် သူက ဖီးနစ်မိုးကို အကြွေးတင်ထားသည့် မှော်သလင်းများ ပေးချေနိုင်ရုံလောက်သာ ရှိသည်။ သူ့မြို့တည်ဆောက်ပုံအတွက် လုံလောက်ရုံတော့ရှိမည်။
သို့သော် ဇီးရိုးဝင်းက လျင်မြန်စွာချဲ့ထွင်နေပြီး လက်နက်များ ချပ်ဝတ်တန်ဆာများ အရေးတကြီး လိုနေ၏။ သူ့၌ ရွေးချယ်စရာမရှိသရွေ့ ရှီဖုန်းက ထိုအိုင်တမ်များကို ရောင်းချရမှာကို ရှောင်ကျဥ်ချင်၏။
ကြည့်ရတာ ငါကျောက်တောမြို့ရဲ့ ကျော်ကြားမှုကို မြှင့်တင်ရမဲ့ပုံပဲ။ ရှီဖုန်းက တွေးဆလိုက်သည်။
လက်ရှိတွင် ကျောက်တောမြို့က အလဟ်အဆင့်မြို့တစ်မြို့ဖြစ်သည်။ ၎င်းက ကြီးမားသည့်ဧရိယာကို ပိုင်ဆိုင်ထားရုံသာမက မှော်မျှော်စင်သုံးခုလည်းရှိနေပြီး သူတို့၏ ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းမှုကို သိသိသာသာမြှင့်တင်ပေးသည်။ မြို့သည် စစ်ပွဲပြီးနောက် ပြန်လည်ဖွင့်လှစ်တာမကြာသေးသော်ငြား ကစားသမားများက ယခုဆို မြို့ကြီးကိုဝင်လာသည့် ကစားသမားများပိုများလာ၏။
သို့သော် သူက ကျောက်တောမြို့ကနေ စီးပွားရှာချင်သည်ဆိုလျှင် ကြယ်လတိုင်းပြည်၏ ကစားသမားများကို ကြေညာခြင်းက မလုံလောက်ပေ။
ကြယ်လတိုင်းပြည်ထဲ၌ တိုက်ပွဲပြိုင်ကွင်းအတွက် အဖွဲ့ဝင်ခွင့်တက်နိုင်သည့် ကစားသမားအရေအတွက်က အကန့်အသတ်သာ ရှိသည်။ သို့သော် အိမ်နီချင်းတိုင်းပြည်များနှင့် အင်ပါယာများတွင်မူ ကစားသမားများစွာရှိ၏။ ကံဆိုးသည်မှာ ထိုကစားသမားများက ကျောက်တောမြို့အကြောင်း သိတောင်မသိ သို့မဟုတ် ခရီးထွက်ရန်အတွက် ဆွဲဆောင်နိုင်ရန် လုံလောက်သည့်အကြောင်းပြချက်မရှိပေ။
သူ၏ ရွေးချယ်မှုကိုတွေးပြီး ရှီဖုန်းက သူ့တွင်ရှိသည့် ရင်းနက်သားများကို စတင်မြှင့်တင်လိုက်သည်။
သူက ကျောက်တောမြို့၏ ကျော်ကြားမှုကို ကစားသမားများဆီ ပိုရောက်ချင်လျှင် သူက သက်သာပြီး အဆင်ပြေသည့် ပို့ဆောင်ရေးစနစ်လိုအပ်သည်။ လောင်ကျွမ်းခြင်းအသူရာ၏ အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်းများစွာက ထိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။
ကျောက်တောမြို့ဆီ အနီးဆုံးပို့ဆောင်ရေးနေရာက ခြေကျင်လျှောက်လျှင် ဆယ်နာရီကြာ၏။ သာမန်စီးတော်ယာဥ်သုံးမည်ဆိုလျှင် ငါးနာရီအတွင်း မြို့သို့ရောက်နိုင်သည်။ ထိုသို့တိုင် ငါးနာရီက အလွန်ရှည်ကြာသည့်အချိန် ဖြစ်နေသေးသည်။
အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်းများက ကစားသမား၏ လှုပ်ရှားမှုအရှိန်ကို (၁၅၀) ရာခိုင်နှုန်းတိုးမြင့်ပေးသည်။ ယင်းက ဆန်းကြယ်သံမဏိ စီးတော်ယာဥ်နှင့် တူပေ၏။ သို့သော်ငြား ဝိညာဥ်ဓာတ်စွမ်းအားလောင်ကျွမ်းမှုဖြင့် ပို့ဆောင်ရေးမြင်းလှည်းများ၏ လှုပ်ရှားမှုအရှိန်ကို နောက်ထပ် (၁၅) ရာခိုင်နှုန်းမြှင့်တင်နိုင်သည်။ ထို့အပြင် ဤ (၁၅) ရာခိုင်နှုန်းက (၁၅၀) ရာခိုင်နှုန်း အခြေပြု၊ လှုပ်ရှားမှုအရှိန်ကို အခြေခံထားတာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်းသည် ကစားသမားတစ်ဦး၏ လှုပ်ရှားမှုအရှိန်ကို ဝိညာဥ်ဓာတ်စွမ်းအားလောင်ကျွမ်းမှု အသုံးပြုနေသည့်အချိန်၌ စုစုပေါင်း (၁၇၁•၅) ရာခိုင်နှုန်း မြှင့်တင်ပေးသည်။ ထိုအရှိန်က လျှို့ဝှက်ငွေစီးတော်ယာဥ်ကို ယှဥ်နိုင်နေပြီဖြစ်၏။
မူလက ခြေကျင်လျှောက်လျှင် ဆယ်နာရီကြာညောင်းသည့် ခရီးစဥ်က ယခုအချိန်တွင် သုံးနာရီစွန်းစွန်း၌ ပြီးမြောက်နိုင်သည်။
သူတို့သွားလိုသည့်နေရာကို ငါးနာရီ၊ ခြောက်နာရီခန့် မကြာခဏခရီးနင်ရသည့် အဆင့်မြင့်ကစားသမားများအတွက် သုံးနာရီဟူသောအချိန်၌ လက်ခံနိုင်စွမ်းရှိ၏။
ထို့အပြင် ရှီဖုန်းက တိုက်ပွဲပြိုင်ကွင်းအတွက် ပိုရက်ရောသည့် ဆုလာဘ်များတောင်ပေးရန် ရည်ရွယ်ထားသည်။
ထိပ်တန်းအလွှာလက်နက်များနှင့် ချပ်ဝတ်တန်ဆာများက အစွမ်းထက်သည့် တစ်ကိုယ်တော် ကစားသမားများကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူပိုပြီး ဆွဲဆောင်နိုင်ရန် သူသည် တစ်ကိုယ်တော် ကစားသမားများ လိုချင်သည့် အိုင်တမ်များကမ်းလှမ်းရန်လိုအပ်သည်။
ယခင်ကဆို ထိုအိုင်တမ်များ မရှိလောက်သော်ငြား ယခုရှိသွားပြီ ဖြစ်သည်။
တစ်ကိုယ်တော်ကျွမ်းကျင်သူများက သူတို့ကို လိုချင်သရွေ့ သူတို့ကလည်း ထိပ်တန်းအလွှာ လက်နက်များနှင့် ချပ်ဝတ်တန်ဆာအပြည့်အဝရနိုင်စွမ်းရှိသည်။ သို့သော် တိုက်ပွဲဝင်နည်းစနစ်ကမူ မတူညီတော့ပေ။
ရှီဖုန်းက လျှို့ဝှက်ဓားနည်းစနစ်၏ နေရာအချို့ကို ဆုလာဘ်အဖြစ်ကမ်းလှမ်းမည်ဟု တွေးထားသည်။ သို့သော် ယခု သူ့၌ လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်ရှိပြီဖြစ်ရာ ထိုအရာကိုလည်း ကမ်းလှမ်းနိုင်၏။ ရလဒ်အနေဖြင့် နှစ်နေရာဆုံးရှုံးသွားနိုင်သော်ငြား ထိုဆုလာဘ်က နတ်ဘုရားနယ်မြေ၏ တစ်ကိုယ်တော်ကျွမ်းကျင်သူများကို ရူးသွပ်သွားစေမှာ သေချာ၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရှီဖုန်းက ယင်းကိုသဘောမပေါက်လိုက်ခင် သူက အစိမ်းရောင်ရင်းနက်သားဖန်တီးခြင်းဖြင့် တစ်ညလုံးအချိန်ကုန်သွား၏။
ညတာရှည်ကြာစွာ အလုပ်လုပ်ပြီးနောက် သူသည် အစိမ်းရောင်ရင်းနက်သား အတုံးခြောက်ရာကို ထုတ်လုပ်နိုင်ခဲ့သည်။ ကံဆိုးသည်မှာ ဒြပ်စင်မြှင့်တင်ခြင်း၏ အောင်မြင်နှုန်းက (၁၀၀) ရာခိုင်နှုန်း မဟုတ်ပေ။ သူက ထိုသစ်သားတုံးခြောက်ရာရရန်အတွက် မှော်သလင်းနှစ်သောင်းကျော် သုံးခဲ့ရသည်။
ကံကောင်းသည်မှာ အစိမ်းရောင်ရင်းနက်သားခြောက်ရာဖြင့် သူတို့က အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်း လေးဆယ်ထုတ်လုပ်နိုင်မည်ဖြစ်ကာ ကုန်ပစ္စည်းများတင်ပို့ရန်နှင့် ကစားသမားများကိုလည်း ကျောက်တောမြို့ဆီပို့ဆောင်နိုင်၏။ ငှားရမ်းနိုင်သည့် မြင်းလှည်းအရေအတွက်အများအပြားဖြင့် သူတို့က မြို့၏ လိုအပ်ချက်ကို ပြည့်မီရန် မြင်းလှည်းများ လုံလောက်တာထက် ပိုနေပြီဖြစ်သည်။ ယခု သူက အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်းများ ထုတ်လုပ်ရန်သာ လိုအပ်သည်။
အဆင့်မြင့် ပို့ဆောင်ရေးမြင်းလှည်းများ ထုတ်လုပ်ခြင်းက မယုံနိုင်စရာကောင်းလှအောင် ငြီးငွေ့ဖွယ်ကောင်းသည်။ ကံကောင်းသည်မှာ သူက NPC အင်ဂျင်နီယာပညာရှင် ဘရော့စ်နေး၏ အကူအညီကိုရထားတာ ဖြစ်သည်။ လောင်ကျွမ်းခြင်းအသူရာနှင့် ဘရော့စ်နေးတို့ အတူတူတကွပူးပေါင်းဆောင်ရွက်မှုဖြင့် သူတို့က အဆင့်မြင့်ပို့ဆောင်ရေးမြင်းလှည်းများကို လျင်မြန်စွာပြုလုပ်နိုင်၏။ အဆင့်မြင့်စပိဘုတ်များအတွက်မူ သူက ယခုအချိန်တွင် ၎င်းတို့ကို ဘေးချိတ်ထားသည်။ ဆိုရလျှင် သူတို့က စိန်သစ်သားပြဿနာကို ယခုအချိန်ထိတောင် မဖြေရှင်းရသေးပေ။ သင်္ဘောများတည်ဆောက်ဖို့ စတင်ရန်မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ရှီဖုန်းက မှော်အစီအရင်စာလိပ်များစွာနှင့် အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာကိရိယာများလည်း ထုတ်လုပ်ခဲ့၏။
ရှီဖုန်းတွင် ယခုဆို နှစ်ဆကာကွယ်ခြင်းအရံအတား မှော်အစီအရင်စာလိပ်နှင့် သားရဲနတ်ဘုရားဆင်းသက်ခြင်း၏ မှော်အစီအရင်စာလိပ်နှစ်စုံ ရရှိနေပြီဖြစ်သည်။ ကုန်ကြမ်းများ အကန့်အသတ်ဖြင့်သာ ရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူက ပိုတောင်ထုတ်လုပ်နိုင်လိမ့်မည်။
အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာကိရိယာအတွက်မူ ရှီဖုန်းက ခြောက်ရာကျော်ထုတ်လုပ်ခဲ့၏။ အစည်းအရုံးအဖွဲ့ဝင်များအတွက် ယာယီထားပေးပြီးသည့်အပြင် ကျန်ရှိသည့်အရာများကို ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းဆီ ဝယ်သူများမျှားရန်နှင့် တိုက်ပွဲပြိုင်ကွင်း၏ ပွဲစဥ်အတွက် နေ့စဥ်ဆုလာဘ်အနေဖြင့်အသုံးပြုရန် ရည်ရွယ်ထားသည်။
” အချိန်ကုန်တာမြန်လိုက်တာ ဒါပေမဲ့ ဒီအဆင့်မြင့် ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာတွေက အတော်လေးတော့ သုံးလို့ရအုံးမှာပဲ … အခုတခြားတိုင်းပြည်က ကစားသမားတွေကို အကြောင်းကြားဖို့ပဲလိုတာ … ”
ရှီဖုန်းက ပြုံးပြီး စိတ်ကျေနပ်စွာ ပြောလိုက်၏။
အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာကိရိယာသည် ဇီးရိုးဝင်းနှင့် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းအတွက် မူပိုင်ဖြစ်သည်။ ၎င်းက လက်ရှိတွင် ရနိုင်သည့် အကောင်းဆုံးသံချပ်ကာကိရိယာများထဲမှ တစ်ခုလည်းဖြစ်၏။ လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်ပါ ထပ်ပေါင်းထည့်လိုက်ရာ ကျောက်တောမြို့က မည်ကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်မည်ဆိုတာ သူမှန်းဆနိုင်ပေသည်။
အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအား ကန့်သတ်ချက်က ကိရိယာနှင့် လျှို့ဝှက်ဂါထာရွတ်ဆိုးခြင်း နှစ်မျိုးလုံးကို ဂိမ်းငွေကြေးဖြင့် ဝယ်ယူ၍မရပေ။
တစ်ကိုယ်တော်ကစားသမားများကတောင် အမှောင်ပြိုင်ကွင်း၏ ပွဲစဥ်များဆီ ဝင်မပါမိအောင် သူတို့ကိုသူတို့ မထိန်းနိုင်ပေ။
ရှီဖုန်းသည် တရားဝင်ဖိုရမ်များပေါ်၌ ပို့စ်တစ်ခု ရေးတင်တော့မည့်အချိန် လွမ်းဆွေးခြင်းအပြုံးက သူ့ကို ဆက်သွယ်လာ၏။
” အစည်းအရုံးခေါင်းဆောင် ဖီးနစ်ပွဲကြည့်စင်သခင်က လျှို့ဝှက်နည်းစနစ်လေဟာနယ်ထဲကနေ ထွက်လာပြီး ရှင်နဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်လို့ ပြောပါတယ် … ထိပ်ဆုံးအလွှာ အစည်းအဝေးခန်းထဲမှာ စောင့်နေပါတယ် … ”
” သူထွက်လာပြီလား … ”
ရှီဖုန်းက အံ့သြသွား၏။
ဖီးနစ်မိုးထံမှ ကြားထားပုံအရ အစွမ်းထက်သည့်ကျွမ်းကျင်သူတစ်ဦးက ကြေးနီလျှို့ဝှက်နည်းစနစ် လေဟာနယ်ထဲ၌ ဆယ့်နှစ်နာရီကျော် အလွယ်လေးနေနိုင်လေရာ ဖီးနစ်မိုးကဲ့သို့ ကျွမ်းကျင်သူဆိုလျှင် ပိုနေနိုင်ပေလိမ့်မည်။ ထိုသို့တိုင် ဆယ်နာရီသာကုန်လွန်သေး၏။ သူမ ဒီလောက်မြန်မြန် ထွက်မလာသင့်ပေ။