ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1221 ဖုံးကွယ်ထားသောခွန်အား
” စကော်ပီယန် အဖွဲ့ကို မင်းနဲ့အတူ ခေါ်သွားပြီး တိုက်ခိုက်ဖို့အခွင့်အရေးရှာလိုက် … အောင်မြင်လို့ ယုံကြည်ချက် အပြည့်အဝမရှိရင် မတိုက်ခိုက်နဲ့ … ”
ရွက်တစ်ရာက ခေါင်းညိတ်လိုက်၏။
လျှို့ဝှက်မြေထဲဝင်ရောက်ပြီးနောက် စမှတ်မှ လွဲလျှင် သူတို့က ရေတပ်သင်္ဘောစုအချင်းချင်း ရင်ဆိုင်တွေ့နိုင်သည့်နေရာ သိပ်မရှိပေ။ တူညီသည့်အမွေအနှစ်လမ်းကြောင်းကို ရွေးချယ်သည့်သူများသာလျှင် အနားယူသည့်နေရာတွင် တွေ့နိုင်၏။ ထိုနေရာက ကစားသမားများသည် မွန်းစတားများ၏ နှောက်ယှက်မှုကနေ လွတ်မြောက်နိုင်သည့်နေရာ ဖြစ်ပြီး အမွေအနှစ်လမ်းကြောင်းတိုင်း၏ အလယ်တွင်တည်ရှိသည်။ ထိုနေရာနှစ်ခုမှအပ ရှီဖုန်းကို တိုက်ခိုက်ရန် အခြားအခွင့်အရေးမရှိလောက်ပေ။
ထို့ကြောင့် အမျိုးမျိုးသောရေတပ်သင်္ဘောအစုက မတိုက်ခိုက်ခင်ပြီးပြည့်စုံသည့် အချိန်ကိုတွေးရန် လမ်းကြောင်းကို ဆုံးဖြတ်ကြ၏။
ရှီဖုန်းကို တိုက်ခိုက်ခြင်းက ဖြတ်သန်းခြင်းဧကရာဇ်နှင့် မိတ်ဆွေဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေသည်ဆိုသော်ငြား နတ်ဆိုးနတ်ဘုရား၏ တာဝန်ကို ပြီးမြောက်စေရန်အတွက် ထိုဆုံးရှုံးမှုကို ယူလိုစိတ်ရှိသည်။
” အဖွဲ့လား … တကယ်ကြီးလိုလို့လား … သူက လူတစ်ယောက်ပဲလေ … ကျွန်တော်တစ်ယောက်ထဲနဲ့ သူ့ကို သတ်ဖို့ လုံလောက်နေပြီ … ”
ခေါင်းစွပ်နက်ဖြင့် လုပ်ကြံသတ်ဖြတ်ရေးသမားက ရှီဖုန်းကို တစ်ချက်ကြည့်ပြီး အထင်တသေး ပြောလိုက်လေ၏။
သူသည် မြင့်မြတ်သောဘုရားကျောင်း၏ ထိပ်သီး လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်လည်း ဖြစ်ပြီး အပြင်လောကရှိလူတိုင်းက အသိအမှတ်ပြုထားတာဖြစ်ရာ သူက နတ်ဘုရားနယ်မြေကျွမ်းကျင်သူစာရင်း၌ အဆင့် (၆၉) ရထားသည်။ နတ်ဘုရားနယ်မြေတစ်ခုလုံး၌ သူ့လုပ်ကြံသတ်ဖြတ်မှုကို ဟန့်တားနိုင်သည့် ထိပ်သီးကျွမ်းကျင်သူအရေအတွက်က လက်ဆယ်ဖက်ဖြင့် ရေတွက်၍ရသည်။
အမည်မသိကောင်စုတ်လေးကို သတ်ဖြတ်ဖို့က သူအတွက် ငှက်ပျောသီးအခွံခွာစားရသကဲ့သို့ လွယ်ကူလှသည်။ ပါတီတစ်ခုလုံးကို ခေါ်သွားဖို့ မလိုအပ်ပေ။
ရွက်တစ်ရာ၏ ဘေးကင်မှုသေချာစေရန်အတွက် လုံခြုံရေးပါတီသည် ပါတီခြောက်ယောက်က သူမကို ကာကွယ်ပေးနေကြဖြစ်၏။ ထို့အပြင် သူတို့ထဲရှိ အားအနည်းဆုံးသူကတောင် ရေစီးဆင်းခြင်းနယ်ပယ်တစ်ဝက်သို့ ရောက်နေပြီဖြစ်ပြီး အများစုက ရေစီးဆင်းခြင်းနယ်ပယ်တွင် ရှိကြ၏။
ကြုံရာကျပန်းကောင်တစ်ယောက်ကို ဖြေရှင်းရန်အတွက် ခြောက်ယောက်လုံးခေါ်ရမည်ဆိုလျှင် သူတို့အတွက် အရှက်ရစေ၏။ ယခုအချိန်တွင် လုံခြုံရေးပါတီ၏ ကျန်သည့်အဖွဲ့ဝင်ငါးယောက်က စကော်ပီယန်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ ပါတီခေါင်းဆောင် လှုပ်ရှားသည်ကပင် ရှီဖုန်း၏ စွမ်းရည်ကို အထင်ကြီးလွန်းရာရောက်နေပြီဟု တွေးနိုင်သည်။ ဆိုရလျှင် ပင်လယ်၏ အဆုံးတစ်ခုလုံး၌ သူတို့၏ အဖွဲ့ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခြင်းဗျူဟာကို ဟန့်တားနိုင်သည်သူ တစ်ယောက်မှမရှိပေ။
” ဂရုစိုက်လို့လဲ ထိခိုက်တာမရှိဘူး … ဒီတာဝန်က ငါ့အတွက် အင်မတန်အရေးကြီးတယ် … ငါအောင်မြင်ခဲ့ရင် တိုးတက်သွားမှာ … ”
ရွက်တစ်ရာက တင်းမာသည့်လေသံဖြင့်ပြောလိုက်၏။
ချက်ချင်းပင် စကော်ပီယန်နှင့် ကျန်သည့်သူများက ကျုံ့သွားလျက် သူတို့ခန္ဓာကိုယ်ပေါ် ဖိအားက ကျရောက်လာတော့၏။
စကော်ပီယန်နှင့် လုံခြုံရေးပါတီအဖွဲ့ဝင်များသာလျှင် ထိုဖိအားကို ခံစားနေရတာဖြစ်၏။ ယင်းက ခွန်အားကွာဟချက် ရလဒ်ကြောင့် မဟုတ်ဘဲ အဆင့်အတန်းကွာဟချက်ကြောင့် ဖြစ်သည်။
” ကျွန်တော်နားလည်ပါပြီ … ”
စကော်ပီယန်က အမြန်ပြောပြီး ဤကိစ္စ၏ အလေးအနက်ကို သဘောပေါက်သွား၏။
လုံခြုံရေးပါတီ၏ ကျန်သည့်အဖွဲ့ဝင်များကလည်း ခေါင်းညိတ်လိုက်ပြီး တစ်ခွန်းမှ ထပ် မပြောတော့ချေ။
ပြီးနောက် စကော်ပီယန်နှင့် ကျန်သည့်သူများက လျှို့ဝှက်ခြင်းကို ဖော်ဆောင်လျက် ရှီဖုန်းဆီသို့ မတူညီသောအရပ်မျက်နှာများကနေ ချဥ်ကပ်သွားကာ ဝိုင်းထားရန်ရည်ရွယ်ခဲ့၏။ ရှီဖုန်းကို အသက်ရှင်လျက် လွတ်မြောက်ရန် အခွင့်အရေးမပေးပေ။
စကော်ပီယန်နှင့် ကျန်သည့်သူများက သူတို့ပစ်မှတ်နား ဖြည်းဖြည်းချင်းချဥ်းကပ်လာစဥ် ရှီဖုန်းက လျင်မြန်နဂါးစပိဘုတ်ကို ထုတ်လိုက်၏။
လျင်မြန်နဂါးစပိဘုတ်ပေါ်လာသည်နှင့် ယခင်က ငြိမ်းချမ်းနေသောရေထဲ မုန်တိုင်းတစ်ခုပေါ်လာပြီး ရေထဲ၌ ရေဝဲတစ်ခုဖွဲ့တည်လာတော့သည်။ လိုဏ်ဂူကြီးတစ်ခုလုံးက အချိန်မရွေးပြိုကွဲတော့မည့်ပမာ လှုပ်ခါလာ၏။
” ဘာတွေဖြစ်နေတာလဲ … ”
လူတိုင်းက အလိုအလျောက် သတိထားမိကြတော့သည်။
လျှို့ဝှက်မြေတစ်ခုလုံး အန္တရာယ်ကျရောက်လာ၏။ ယင်းက အမှားတစ်ချက်ကြောင့် သေသွားနိုင်သည်။ လိုဏ်ဂူထဲ၌ ထိုကဲ့သို့ အုံးအုံးကျပ်ကျပ်ဖြစ်ရပ်ကြီး ဖြစ်သွားလာလေရာ လူတိုင်းက မည်ကဲ့သို့ မကြောက်လန့်ဘဲ နေမည်နည်း။
” အဲဒီလိုဏ်ဂူကို ကြည့်ကြအုံး … ”
အမြင်အာရုံကောင်းမွန်သည် ရိန်းဂျားတစ်ဦးက ရုတ်တရက် အော်လိုက်၏။
ချက်ချင်းပင် လူတိုင်းက မလှမ်းမကမ်းရှိ လိုဏ်ဂူကို လှည့်ကြည့်ကြ၏။ ထိုစဥ် လိုဏ်ဂူထဲတွင် ပြည့်နေသော မြူများကို လေများကမှုတ်ထုတ်လိုက်၏။ လိုဏ်ဂူအတွင်းရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြား လူတိုင်းက အဖြစ်အပျက်ကို မြင်နိုင်သေး၏။
မူလက လိုဏ်ဂူက ဆယ်နှစ်ခုရှိရာမှ နောက်တစ်ခု ထပ်ပေါ်လာတာကို လူတိုင်း သတိမပြုမိလိုက်ပေ။ ယခုအချိန်တွင် ထိုလိုဏ်ဂူ၏ ဝင်ပေါက်က အတော်ကြီးမားနေ၏။
” ဘာ … ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … ”
ထိုမြင်ကွင်းက လူတိုင်းကို အလွန်ထိတ်လန့်စေတော့သည်။
လွတ်လပ်ခြင်းမဟာမိတ်သည် လျှို့ဝှက်မြေအတွင်းရှိ အခြေအနေကို သုသေသနပြုခဲ့ပြီ ဖြစ်၏။ အမွေအနှစ်လမ်းကြောင်း ဆယ့်နှစ်ခုရှိပြီး လမ်းကြောင်းတိုင်းက အရွယ်အစား မတူညီကြပေ။ လမ်းကြောင်းများကို အုပ်စုသုံးစုခွဲခြားထား၏။ ကိုက်နှစ်ဆယ်အချင်းရှိသည့် ဝင်ပေါက်များ၊ ကိုက်သုံးဆယ်အချင်းရှိသည့်ဝင်ပေါက်နှင့် ကိုက်ငါးဆယ်အချင်းရှိသည့် ဝင်ပေါက်ဖြစ်သည်။
လမ်းကြောင်းတစ်ခု၏ ဝင်ပေါက်ကပိုကြီးလေ ထိုလမ်းကြောင်းအတွင်း တွေ့ကြုံရနိုင်သည့် အန္တရာယ်က ပိုကြီးမားလေဖြစ်သည်။ ယင်းက လွတ်လပ်ခြင်းမဟာမိတ်သည် နောက်ဆုံးအခေါက် ခရီးစဥ်ထွက်ပြီးနောက် ကောက်ချက်ချလိုက်တာဖြစ်၏။ အကြောင်းမှာ ကိုက်ငါးဆယ် ကျယ်ဝန်းသည့်လမ်းကြောင်းထဲ ဝင်သွားခဲ့သည့် ရေတပ်သင်္ဘောအစုတိုင်းက ထိုလမ်းကြောင်းများ၏ အတွင်းပိုင်းဧရိယာသို့ ခြေမချနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ဖက်တွင်မူ ကိုက်နှစ်ဆယ်ကျယ်ဝန်းသည့်လမ်းကြောင်းကို ရွေးချယ်သောပထမဆုံးရေတပ်သင်္ဘောအစုက အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။
အနည်းဆုံး ကိုက်တစ်ရာခန့်ကျယ်သည့် ဝင်ပေါက်အသစ်က ရုတ်တရက်ပေါ်လာလေ၏။ ယင်းက စပိဘုတ်လေးစင်း တစ်ပြိုင်နက်ထဲ ဝင်ဆန့်နိုင်သည်။
” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … အရင်တစ်ခေါက် ကျုပ်တို့လာတုန်းက ဒီလမ်းကြောင်း မရှိခဲ့ဘူး … ”
ဖြတ်သန်းခြင်းဧကရာဇ်က ဧရာမလိုဏ်ဂူကြီးကို စိုက်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားလေ၏။
သူ၏ တုံ့ပြန်မှုမှာ ထိုလိုဏ်ဂူအသစ်သည် ပင်လယ်နဂါးမြို့ လျှို့ဝှက်မြေ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်နိုင်သောကြောင့် ဖြစ်၏။ သူက ထိုလမ်းကြောင်းကို ရွေးသင့်မရွေးသင့်မသေချာပေ။ အကြောင်းမှာ ဤနည်းလမ်းက အန္တရာယ်အများဆုံးဆိုတာ ပြောရန်မလိုပေ။ မည်သို့ပင်ဆိုစေကာမူ လမ်းကြောင်းကိုမဝင်ခဲ့လျှင် နောက်ထပ်ခရီးစဥ်ကြဝင်ရန် အခွင့်အရေးမရှိနိုင်လောက်တော့ပေ။ ဆိုရလျှင် ဤကဲ့သို့အခြေအနေမျိုးက ပြီးခဲ့သည့်အခေါက် သူလာရောက်ချိန်၌ မဖြစ်ပေါ်ခဲ့ဖူးပေ။ လိုဏ်ဂူသည် နောက်တစ်ခေါက်၌ ပေါ်လာမည်ဆိုတာ မသေချာမရေရာသေးပေ။
” အခွင့်အရေးတစ်ခုပဲ … ဟား … ဟား … ဟား … ငါတို့အခွင့်အရေးရောက်လာပြီ … ”
အိုင်ဒန်တီကယ်ဆမ်းမားက ထိုအခြေအနေကြောင့် စိတ်ထဲပျော်ရွှင်နေသည်။ ကောင်းကင်စပိုက်တာကို သီးသန့်စာပို့ပြီး ပြောလိုက်၏။
” ဒါက ငါတို့ရဲ့အခွင့်အရေးပဲ … ပင်လယ်နဂါးလျှို့ဝှက်မြေထဲမှာ အကြီးမားဆုံးအမွေအနှစ်ကိုရခဲ့ရင် အန်ထရိုပီနဲ့ တခြားလူတွေ ဒီလမ်းကြောင်းကိုဝင်ဖို့ ဘယ်နှစ်ကြိမ်ပဲကြိုးစားကြိုးစား သူတို့တွေ ကောင်းကင်သမုဒ္ဒရာမြို့အတွက် ငါတို့နဲ့ ဘယ်တော့မှယှဥ်နိုင်တော့မှာမဟုတ်ဘူး … ”
” ဒါပေမဲ့ သိမ်းပိုက်ဖို့အတွက် ခက်ခဲမှုကလည်း အတော်လေးသိသာနေမှာ စိုးရိမ်မိတယ် … ”
စတုတ္ထမြောက် ရေတပ်သင်္ဘောအစု၏ တပ်မှူးကောင်းကင်စပိုက်တာက အတော်လေး စိုးရိမ်ပူပန်နေ၏။
” ဘာကြောက်စရာရှိလဲ … မမေ့လိုက်နဲ့ ငါတို့မှာ အဲဒါ ရှိတယ် … ”
အိုင်ဒန်တီကယ်ဆမ်းမားက မသိလိုက်မသိဘာသာ ပြောလိုက်၏။
” ငါတို့ အခုအချိန် မကြိုးစားကြည့်ရင် နောက်ကျ အခွင့်အရေးအရလောက်ဘူး … ”
ထိုသို့ပြောပြီးနောက် အိုင်ဒန်တီကယ်ဆမ်းမားသည် ဖန်ပုလင်းလေးကို ထုတ်ပြီးနောက် ဂါထာတစ်ခုကို ချက်ချင်း စတင်ရွတ်ဆိုတော့၏။ ရုတ်တရက် ပင်မရွက်တိုင်နှစ်ခုဖြင့် ရွယ်လှေလေးက ရေမျက်နှာပြင်ပေါ်၌ ပေါ်လာသည်။ ရွက်လှေ၏ ကြီးမားသောအရွယ်အစားရှေ့၌ ကြေးနီစပိဘုတ်ကတောင် ဖောင်လေးတစ်ခုနှင့် မခြားတော့ပေ။
” ဒါက ဆမ်းမားရဲ့ လျှို့ဝှက်ကတ်လား … ”
ကျန်သည့်ရေတပ်သင်္ဘောအစု ခေါင်းဆောင်များက ထိုရွက်လှေလေးကိုမြင်တွေ့သည့်အချိန်၌ ပါးစပ်အဟောင်းသားဖြစ်သွား၏။
ယခုအချိန်ထိတိုင် မည်သူကမှ ရွက်လှေလေး ပိုင်ဆိုင်ထားသည့်အကြောင်း သတင်းမကြားဖူးပေ။
ခပ်ဝေးဝေးကနေ ကြည့်နေကြသော ဖြတ်သန်းခြင်းဧကရာဇ်နှင့် ရွက်တစ်ရာတို့က ထိုမြင်ကွင်းကို မြင်တွေ့လိုက်သည့်အချိန်၌ သူတို့အမူအရာများက အတော်လေးအရုပ်ဆိုးသွား၏။
ရွက်လှေလေးသည် စပိဘုတ်နှင့် ကွဲပြားခြားနားသည့်အဆင့်တွင်ရှိသည်။ စပိဘုတ်က စက်သေနက်ဟူ၌ သတ်မှတ်၍ရနိုင်လျှင် ရွက်လှေလေးက တင့်ကားတစ်စီးနှင့် တူပေ၏။ ရွက်လှေလေးက စပိဘုတ်ကို အပြည့်အဝဖိနှိပ်ထားနိုင်သည်။ ရွက်လှေလေးက မဟာအရှင်အဆင့် ပင်လယ်မွန်းစတားတစ်ကောင်ကို အလွယ်တကူရင်ဆိုင်နိုင်၏။ ထိုအတွက်အကြောင်းအရင်းမှာ ရွက်လှေလေးသည် ခရီးသည်များပိုမိုဆန့်သောကြောင့် ဖြစ်သည်။
” ဟား … ဟား … ဟား … ဟား … ငါတို့ ရှေ့ကနေ သွားနှင့်မယ် … ”
ရွက်လှေလေးထုတ်လိုက်ပြီးသည်နှင့် အိုင်ဒန်တီကယ်ဆမ်းမားနှင့် သူ့အဖွဲ့က ချက်ချင်းပင် လှေပေါ်တက်ကာ တွေဝေမနေဘဲ အကြီးမားဆုံးလိုဏ်ဂူဆီသို့ သွားလိုက်၏။
ရွက်လှေလေးက သာမန်အဆင့်သာဖြစ်သော်ငြား ၎င်း၏ အရှိန်က စပိဘုတ်များလိုက်မှီနိုင်သည့်အရာ မဟုတ်ပေ။ ထို့အပြင် ၎င်းက တစ်ကြိမ်လျှင် ခရီးသည်အယောက်တစ်ရာဝင်ဆန့်လေရာ ဘော့စ်များ၏ တိုက်ခိုက်မှုကို အမာခံတိုက်ရန်အတွက် MT များစွာကိုလည်း ခေါ်သွားနိုင်၏။ သူတို့၏ ဒုတိယနှင့် စတုတ္ထမြောက်ရေတပ်သင်္ဘောအစုက ကြေးနီစပိဘုတ်ရှစ်စင်းအပါအဝင် သူတို့က ယခုအချိန်၌ လွတ်လပ်ခြင်းမဟာမိတ်တစ်ခုလုံး၌ အသန်မာဆုံးရေတပ်သင်္ဘောတစ်ခု ဖြစ်နေပြီဖြစ်သည်။
” ဆမ်းမားကတော့ ထင်တဲ့အတိုင်းပဲ … သူပြင်ဆင်ထားတာက အံ့သြဖို့ကောင်းလိုက်တာ … ”
ဆိုင်းလန့်အန်ထရိုပီက ရယ်မောလိုက်၏။ ပြီးနောက် သူ၏ အိတ်ထဲမှဖန်ပုလင်းတစ်လုံးကိုထုတ်ပြီး ဂါထာစရွတ်လိုက်သည်။
မျက်တောင်တခက်အတွင်း အားလုံးရှေ့၌ ရွက်လှေလေးက ပေါ်လာတော့သည်။ ဆယ့်တစ်ဖွဲ့မြောက်ရေတပ်သင်္ဘောအစု၏ တပ်မှူးက တွေဝေမနေဘဲ ဆိုင်းလန့်အန်ထရိုပီနှင့်အတူ ရွက်လှေပေါ်တက်လိုက်၏။ ပြီးနောက် ရွက်လှေလေးသည် အိုင်ဒန်တီကယ်ဆမ်းမား၏ သင်္ဘောနောက်လိုက်သွားတော့သည်။ ခွန်အားအရာတွင် ဆိုင်းလန့်အန်ထရိုပီ၏ ရေတပ်သင်္ဘောအစုက ပိုတောင်သန်မာနေပြီး ယင်း၌ ကြေးနီစပိဘုတ် ကိုးစင်းရှိ၏။
ကျန်သည့်ရေတပ်သင်္ဘောအစု တပ်မှူးများက အံ့သြဆွံ့အကုန်၏။
ထိပ်တန်းအဆင့် ရေတပ်သင်္ဘောအစုများက သူတို့ခွန်အားများစွာကို ဖုံးကွယ်ထားမှန်း သူတို့သိသော်ငြား ထိုရေတပ်သင်္ဘောအစုများက ထိုမျှအတိုင်းအတာထိ ဖုံးကွဟ်ထားလိမ့်မည်ဟု တစ်ခါမှ မထင်ထားမိခဲ့ချေ။
” ဆိုင်းလန့်အန်ထရိုပီ၊ အိုင်ဒန်တီကယ်ဆမ်းမား … ”
ရက်တစ်ရာ၏ မျက်လုံးထဲ၌ ဒေါသများပြည့်နေစဥ် သူက အကြီးမားဆုံးလိုဏ်ဂူထဲတွင် ပျောက်ကွယ်သွားသော ရွက်လှေလေးနှစ်စင်းကို စိုက်ကြည့်လိုက်သည်။
အစက ဤခရီးစဥ်၌ လွတ်လပ်ခြင်းမဟာမိတ်၏ ပထမဆုံးရေတပ်သင်္ဘောအစုဖြစ်လာစေရန် စီစဥ်ထားခဲ့တာ ဖြစ်သည်။ ယခုမူ ထိုလူနှစ်ယောက်က သူမ၏ အစီအစဥ်ကို ဖျက်ဆီးခဲ့၏။
” ရွက် … ဖြတ်သန်းခြင်းဧကရာဇ်နဲ့ တခြားသူတွေက လှုပ်ရှားနေပြီ … ”
ခေါင်းစွပ်ဖြင့်အမျိုးသမီးက ရှီဖုန်းနှင့် ကျန်သည့်သူများကို လက်ညှိုးထိုးလိုက်၏။ သူတို့သင်္ဘောကလည်း အကြီးဆုံးလိုဏ်ဂူကို သွားရန် ပြင်ဆင်နေ၏။
” သူတို့ စိတ်လွတ်သွားတာလား … ”
ရွက်တစ်ရာက စိတ်ရှုပ်ထွေးမှုများ ပြည့်နေ၏။ သူမက အကြီးဆုံးလိုဏ်ဂူဆီသို့ ဦးတည်သွားနေသည့် စပိဘုတ်ငါးစင်းကို ကြည့်နေလိုက်သည်။