ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1227 အကျော်ဇေယျခုနှစ်ပါးလက်စွပ်ကို အဆင့်မြှင့်တင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1227 အကျော်ဇေယျခုနှစ်ပါးလက်စွပ်ကို အဆင့်မြှင့်တင်ခြင်း
” သေသွားပြီလား … ”
ဆိုင်းလန့်အန်ထရိုပီ၊ အိုင်ဒန်တီကယ်ဆမ်းမားနှင့် ရွက်တစ်ရာတို့အဖွဲ့သည် ရှီဖုန်းနှင့် သူအဖွဲ့က မှော်ဝေလငါးကို သတ်ဖြတ်တာကိုကြည့်နေပြီးနောက် အချိန်အတော်ကြာကြက်သေသေနေမိသည်။ ျ
ယခုအချိန်ထိတိုင် သူတို့၏ မှော်ဝေလငါးများသည် HP (၃၀) ရာခိုင်နှုန်းသာလျော့ပြီး သူတို့၏ ရွက်လှေလေးများနှင့် အဖွဲ့ဝင်အရေအတွက်က သိသိသာသာဆုံးရှုံးသွားပြီ ဖြစ်၏။ သူတို့၏ ကုသသူများက ဝိညာဥ်ဓာတ်စွမ်းအားကုန်ခမ်းလုနီးပါး ဖြစ်နေ၏။ သူတို့က ဝိညာဥ်ဓာတ်စွမ်းအား ပြန်ဖြည့်သည့်ဆေးရည်နှင့် အထူးကိရိယာများကိုအားကိုးပြီး ထိန်းထားနိုင်ရုံမျှရှိသည်။ ပြောရန်မလို သူတို့တိုက်ပွဲကို ကြာရှည်ဆက်တိုက်လေ ဆုံးရှုံးမှုက ပိုကြီးမားလေပဲ ဖြစ်သည်။
” သေစမ်း … သူတို့တွေက မွန်းစတားတွေကို ပထမဆုံးသတ်နိုင်တဲ့သူ ဘာကြောင့်ဖြစ်ရတာလဲ … ”
အိုင်ဒန်တီကယ်ဆမ်းမားက ရေမျက်နှာပြင်အထက်၌ ရွှေရောင်အလင်းလုံးများမျောလွင့်နေတာကို မြင်တွေ့သည့်အချိန်၌ မျက်လုံးများနီရဲနေလေ၏။ ဖြတ်သန်းခြင်းဧကရာဇ်တို့အဖွဲ့၌ အဖွဲ့ဝင်အနည်းငယ်သာ ကျန်တော့တာကိုမြင်သည့်အချိန်၌ အေးစက်စက်ပြုံးကာ ပြောလိုက်တော့၏။
” ငါတို့ လမ်းကြောင်းကို ပြောင်းလိုက်မယ် … ဆိပ်ကမ်းက အိုင်တမ်ကိုရနိုင်သရွေ့ မှော်ဝေလငါးကို မသတ်ဘဲ ငါတို့ကျွန်းကို ရောက်နိုင်တာပဲ … ”
ယခုအချိန်တွင် ဖြတ်သန်းခြင်းဧကရာဇ်၏ ရေတပ်သင်္ဘောအစုက ယခင်က ဂုဏ်သရေကို အကြွင်းအကျန်မျှသာရှိတော့သည်။ တစ်ဖက်တွင်မူ သူ၏ ရေတပ်သင်္ဘောက ပုံသဏ္ဌာန်ကောင်းသေးသည်ဟု သတ်မှတ်၍ရသည်။ အရေအတွက် အားသာချက်ဖြင့် သူတို့က မှော်ဝေလငါး၏ ပစ္စည်းများကို ခိုးယူရာတွင် ပြဿနာမရှိလောက်ပေ။
အိုင်ဒန်တီကယ်ဆမ်းမား၏ ရေတပ်သင်္ဘောအစုက လှုပ်ရှားသည်နှင့် ဆိုင်းလန့်အန်ထရိုပီက သူ၏ ရေတပ်သင်္ဘောကို ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများဆီသွားရန် အမိန့်ပေးလိုက်သည်။
လွတ်လပ်ခြင်းမဟာမိတ်သည် လျှို့ဝှက်မြေထဲ၌ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ခြင်းကို တားမြစ်ထားသည့် စည်းမျဥ်းများ လက္ခာဏာရပ်များရှိမနေပေ။ ထိုမျှများပြားသည့်အမွေအနှစ်များဖြင့် ရေတပ်သင်္ဘောနှစ်ခုက တူညီသည့်အမွေအနှစ်ကို ရှာနိုင်ချေက နည်း၏။
“ရွက် … ငါတို့တွေရော သွားသင့်လား … ”
ခေါင်းစွပ်ဖြင့်အမျိုးသမီးက ရွက်တစ်ရာကို မေးလိုက်၏။
” အမွေအနှစ်ကျွန်းပေါ်က အိုင်တမ်ကို ခိုးယူလို့ရရုံတင်မကဘူး အဲ့ဒီလူကိုလည်း သတ်နိုင်ပြီး တာဝန်ကိုအပြီးသတ်နိုင်မှာ … ”
ဖြတ်သန်းခြင်းဧကရာဇ်တို့ ရေတပ်သင်္ဘောအစုသည် မှော်ဝေလငါးကို ဦးစွာသတ်ဖြတ်ခဲ့ခြင်းက ကျန်သည့်ရေတပ်သင်္ဘောစုများကို အားသာချက်ရသွားစေသည်။ ကံဆိုးသည်မှာ ဆွဲထုတ်ခံလိုက်ရသည့်သံသည် ဦးစွာတူအထုခံချနေကြဖြစ်သည်။ မည်သည့်ကစားသမားများကမှ လူကောင်းမဟုတ်ကြချေ။ သူတို့က ဤအခွင့်အရေးကို အဘယ်ကြောင့် လက်လွတ်ခံမည်နည်း။
ရွက်တစ်ရာက ချက်ချင်းပြန်မပြောပေ။ ထိုအစား ဦးချိုတစ်ချောင်းရွက်လှေပေါ်၌ ရပ်နေသောရှီဖုန်းကို ကြည့်ပြီး သူမ၏ မျက်လုံးထဲ၌ စိတ်ခံစားချက်မျိုးစုံ ပေါ်နေလေ၏။
စဥ်းစားပြီးနောက် ရွက်တစ်ရာက ပြောလိုက်တော့၏။
” စောင့်ကြည့်အုံးမယ် … ”
ဖြတ်သန်းခြင်းဧကရာဇ်တစ်ယောက်ထဲသာဆိုလျှင် သူမက တွေဝေမနေဘဲ တိုက်ပွဲထဲဝင်ပါပေလိမ့်မည်။ သို့သော် ယခုမူ အမည်မသိရသည့် ရှီဖုန်းက ရှိနေ၏။ ရှီဖုန်းက လူတစ်ယောက်ထဲသာဖြစ်သော်ငြား သူမ တစ်စုံတစ်ခုကို ခံစားမိနေ၏။ ဆိုင်းလန့်အန်ထရိုပီနှင့် အိုင်ဒန်တီကယ်ဆမ်းမားက ရှီဖုန်း၏ လျှို့ဝှက်ချက်ကို မသိပေ။
ဝိညာဥ်ကမ္ဘာလုံးသည် နတ်ဆိုးနတ်ဘုရားကိုတောင် ရူးသွပ်သွားစေနိုင်သည့် အရေးပါသည့်ပစ္စည်းဖြစ်သည်။ ရှီဖုန်းက လက်ရှိနွင်ထိုအိုင်တမ်ကို သယ်ဆောင်ထားသည်။ လျင်မြန်နဂါးစပိဘုတ်နှင့် ဦးချိုတစ်ချောင်းရွက်လှေကဲ့သို့ တန်ဖိုးမဖြတ်နိုင်သည့်အရာကိုလည်း ထုတ်ပြခဲ့၏။ ထို့အပြင် သူက ဆင့်ခေါ်ခံသတ္တဝါကိုထိန်းချုပ်ရာ၌ စကေးများကိုပြသခဲ့ပြီး သားရဲကို ထူးကဲတိုက်ပွဲဝင်စွမ်းအား ထုတ်ဖော်နိုင်အောင် ထိန်းချုပ်ထား၏။ မြင့်မြတ်သောဘုရားကျောင်း၏ မွန်းစတားအိုကြီးများကတောင် ထိုသို့သောလုပ်ဆောင်ချက်ကို ပြီးမြောက်နိုင်မှာမဟုတ်ပေ။ သူမ မည်သို့ပင်ကြည့်စေကာမူ ရှီဖုန်းက ရိုးရှင်းသူမဟုတ်။ ယခုအချိန်တွင် သူ့ကို ဆန့်ကျင်ခြင်းက ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ပေ။်
” ဒါပေမဲ့ … ”
အိုင်ဒန်တီကယ်ဆမ်းမားနှင့် ဆိုင်းလန့်အန်ထရိုပီတို့က မှော်ဝေလငါးပစ္စည်းများဆီ ချဥ်းကပ်သွားစဥ် ခေါင်းစွပ်ဖြင့်အမျိုးသမီးက စိုးရိမ်ပူပန်မှုတို့ တိုးလာလေ၏။
” တော်လောက်ပြီ … ငါဆုံးဖြတ်ပြီးသား … ငါတို့ကိုယ်ပိုင်မှော်ဝေလငါးကို ဖြေရှင်းတဲ့နေရာမှာပဲ အာရုံစိုက်ကြမယ် … အခွင့်အရေးရှိရင် ငါလက်လွတ်ခံမှာ မဟုတ်ဘူး … ”
ရွက်တစ်ရာက ထူးမခြားနာအမိန့်ပေးလိုက်လေ၏။
ထိုစဥ် မှော်ဝေလငါးသေသွားသည်နှင့် ရှီဖုန်းသည် ကျလာသည့်အိုင်တမ်များ၏ တည်နေရာဆီသို့ ဦးချိုတစ်ချောင်းရွက်လှေကို မောင်းနင်သွားပြီး မှော်ဝေလငါးက သူ့ကို နောက်တစ်ဆင့်တက်ရန် ထောက်ပံ့ပေးခဲ့သည့်အချက်ကို လျစ်လျူရှုထား၏။ လက်ရှိတွင် သူက အဆင့် (၅၁) ၏ (၂၄) ရာခိုင်နှုန်းတွင် ရှိနေသည်။ ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများက အဆင့် နှစ်ဆတက်သွားပြီး အဆင့် (၄၅) ရောက်သွား၏။
နတ်ဘုရားစွမ်းဆောင်ရည်ကြောင့် ဖြစ်ဟန်တူသည်။ မှော်ဝေလငါးက အိုင်တမ်သုံးဆယ်ကျော်ကျလာ၏။ ယင်းက လျှို့ဝှက်မြေထဲရှိမွန်းစတားတစ်ကောင်အတွက် ထိုက်တန်သောရိတ်သိမ်းမှု ဖြစ်သည်။
လျှို့ဝှက်မြေထဲရှိမွန်းစတားများသည် အဓိကအားဖြင့် နောက်ဆုံးရတနာအတွက် ကစားသမားများ၏ ထိုက်တန်မှုကို စစ်ဆေးတာပဲ ဖြစ်သည်။ ထို့ကြောင့် သူတို့က သာမန်ထက် EXP ပိုထောက်ပံ့ပေးနိုင်စဥ် ကျသည့်နှုန်းက နိမ့်ပါး၏။ ရေဇာငါးမန်းနှစ်ကောင်ကို ဥပမာယူနိုင်ပေ၏။ ငါးမန်းနှစ်ကောင်သည် စုစုပေါင်း အိုင်တမ်လေးခုသာ ကျလာခဲ့သည်။
မှော်ဝေလငါး၏ အိုင်တမ်သုံးဆယ်ကျော်က တစ်ကွဲတပြားဆီ ဖြစ်နေသော်ငြား အိုင်ဒန်တီကယ်ဆမ်းမားနှင့် ဆိုင်းလန့်အန်ထရိုပီတို့၏ ရေတပ်သင်္ဘောအစုက ဝေးလွန်းနေ၏။ သူတို့က အရှိန်အပြည့်ဖြင့် ရွက်လွှင့်လာလျှင်တောင် ရောက်လာဖို့အချိန်အနည်းငယ် ယူရအုံးပေမည်။ ရှီဖုန်းက အိုင်တမ်များအားလုံးကို ကောက်ယူရန် အချိန်လုံလောက်တာထက်ပို၏။
” ပစ္စည်းတွေလွှဲပေး … မင်းတို့ကို လွှတ်ပေးမယ် … ”
ဦးစွာရောက်လာသည့် အိုင်ဒန်တီကယ်ဆမ်းမားက ရှီဖုန်းနှင့် ဖြတ်သန်းခြင်းဧကရာဇ်ကို ထုတ်ပြောလိုက်၏။ ါ
” မင်းမလွှဲပေးရင် မင်းတို့တွေ ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားလို့ရမှာ မဟုတ်ဘူး … မင်းတို့အိုင်တမ်တွေအားလုံး ကျတဲ့အထိ ငါ့လူတွေကို မင်းတို့ကို သတ်ခိုင်းလိုက်မယ် … ”
” ဆမ်းမား မင်းအရှက်မဲ့လွန်းတယ် … ငါတို့ လျှို့ဝှက်မြေထဲရောက်ပြီဆိုတာနဲ့ ကိုယ့်စွမ်းရည်ကို အားကိုးဖို့ပဲ သဘောတူထားတာမဟုတ်ဘူးလား … ဒီမှော်ဝေလငါးကို ငါတို့သတ်ခဲ့တယ် … ”
ဖြတ်သန်းခြင်းဧကရာဇ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အိုင်ဒန်တီကယ်ဆမ်းမား၏ အဖွဲ့ဝင်များက သူတို့ကို ဝိုင်းထားတာကို သတိပြုမိလိုက်သည်။ သူတို့က ယခုအချိန်တွင် တိုက်ခိုက်ရပေတော့မည်။်
ပင်လယ်နဂါးလျှို့ဝှက်မြေထဲ ဝင်ရောက်ပြီးနောက် ကစားသမားများသည် ပထမဆုံးခြောက်နာရီအတွင်း လျှို့ဝှက်မြေထဲမှ ထွက်မသွားနိုင်ပေ။ ယခုတစ်နာရီလောက်သာ ကုန်ဆုံးသေး၏။ အိုင်ဒန်တီကယ်ဆမ်းမား၏ ရေတပ်သင်္ဘောအစုရှိ ကစားသမားအရေအတွက်ဖြင့် သူက သူတို့ကို အကြိမ်ပေါင်းများစွာသတ်နိုင်ရန် စွမ်းအင်ရှိသည်။
” ဟား ဟား ဟား … ဧကရာဇ် ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအင်ပေါ် အားကိုးရမယ်လို့ ထောက်ခံထားပေမဲ့ တခြားသူရဲ့ သင်္ဘောကို လုယူခွင့်မရှိဘူးလို့ တစ်ခါမှမပြောဖူးဘူးလေ … ”
အိုင်ဒန်တီကယ်ဆမ်းမားက နှာခေါင်းရှုံ့လိုက်၏။
” ငါအခု အဲ့လောက်စိတ်မရှည်ဘူး … ငါ သုံးအထိရေမယ် … ပစ္စည်းတွေလွဲမပေးရင် ငါ့ကိုအညှာတာမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့ … ”
” တစ် … ”
” နှစ် … ”
သူနှင့် ဆိုင်းလန့်အန်ထရိုပီနှစ်ယောက်လုံးသည် ဖြတ်သန်းခြင်းဧကရာဇ်ာ၏ ပစ္စည်းများကိုလုယူရန် ရည်ရွယ်နေ၏။ သူ၏ ရေတပ်သင်္ဘောအစုက ဦးချိုတစ်ချောင်းရွက်လှေနားကပ်သွားသည်နှင့် သူက ထိုနေရာသို့ဦးစွာရောက်သွားသည်။ သို့သော် ဆိုင်းလန့်အန်ထရိုပီက တိုက်ပွဲထဲဝင်ပါလာလျှင် အခြေအနေက ပိုတောင်ရှုပ်ထွေးသွားပေလိမ့်မည်။ တိုက်ပွဲဖြစ်လျှင် သူက မြန်မြန်အဆုံးသတ်ရန်လိုအပ်၏။
ဖြတ်သန်းခြင်းဧကရာဇ်ကလည်း အိုင်ဒန်တီကယ်ဆမ်းမားသည် သူ၏ စကားအတိုင်း အပြည့်အဝဆောင်ရွက်မည်ဆိုတာ နားလည်ထား၏။ သူ့၌ အချိန်ဆွဲရန်နည်းလမ်းမရှိပေ။ သူက ရှီဖုန်းဘက်လှည့်ပြီး တိတ်တဆိတ်ပြောလိုက်၏။
” ညီအကိုရီဖုန်း စိတ်ချထားလိုက် … ကျုပ်အသက်ကို ပေးရမယ်ဆိုရင်တောင် အိုင်ဒန်တီကယ်ဆမ်းမားကို ဘာမှရသွားခွင့်မပေးဘူး … ပြီးမှ အိုင်ဒန်တီကယ်ဆမ်းမားကို အာရုံလွဲထားလိုက်မယ် … မင်းက ကျွန်းပေါ်သွား … ကျွန်းပေါ်ရောက်ပြီဆိုတာနဲ့ သူမင်းကို ထိတော့မှာမဟုတ်ဘူး … ”
ထိုစကားကိုကြားသောအခါ ရှီဖုန်းက စိတ်လှုပ်ရှားသွားသည်။ ထိုကဲ့သို့ အရေးကြီးသည့်အခြေအနေတွင်တောင် ဖြတ်သန်းခြင်းဧကရာဇ်က ခင်မင်ရင်းနှီးမှုကို အလေးထား၏။ အခြားသူသာဆိုလျှင် သူတို့သည် အစောထဲက ပစ္စည်းများလွဲပေးရန် သူ့ကိုအကြံပေးမှာပဲ ဖြစ်၏။ ဆိုရလျှင် သူတို့စာချုပ်အရ မှော်ဝေလငါး၏ ပစ္စည်းများက သူတစ်ယောက်ထဲသာပိုင်ဆိုင်ပြီး ဖြတ်သန်းခြင်းဧကရာဇ်က မပိုင်ဆိုင်ပေ။
” ရတယ် … ကျုပ်ခင်ဗျားနဲ့ တိုက်ခိုက်ပေးမယ် … အဆိုးဆုံးမှာ တစ်ခါသေရုံပေါ့ … ”
ရှီဖုန်းက ပြောပြီးရယ်မောလိုက်၏။
ဖြတ်သန်းခြင်းဧကရာဇ်ကလည်း ရှီဖုန်း၏ တုံ့ပြန်မှုကြောင့် စိတ်လှုပ်ရှားသွားစဥ် သူက တိုက်တွန်းလိုက်၏။
” မတုံးအနဲ့ … ပင်လယ်နဂါးလျှို့ဝှက်မြေထဲမှာ အသန်မာဆုံးအမွေအနှစ်ရှိတဲ့ အိုင်ဒန်တီကယ်ဆမ်းမားနဲ့ ရင်ဆိုင်နေရင် မင်းရဲ့ရွက်လှေလေးကိုတောင် ဆုံးရှုံးရနိုင်တယ် … ”
” ခင်ဗျားက ကျုပ်ကို စွန့်ပစ်လိုစိတ်မရှိဘဲ ကျုပ်ကို အညီအကိုတစ်ယောက်လို ဆက်ဆံနေမှတော့ ကျုပ်ရီဖုန်းကလည်း ခင်ဗျားကို ညီအကိုတစ်ယောက်လိုပဲ ဆက်ဆံရမှာပေါ့ … ကျုပ်က ညီအကိုတစ်ယောက်ကို ဘယ်တော့မှမစွန့်ပစ်ဘူး … ”
ရှီဖုန်းက ခေါင်းခါပြီး ဖြတ်သန်းခြင်းဧကရာဇ်ကို ကြည့်လိုက်၏။
” ဒါ့အပြင် တိုက်ခိုက်ကြတဲ့အခါ ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ မသိသေးဘူးလေ … ”
” သုံး … ”
အိုင်ဒန်တီကယ်ဆမ်းမား၏ အမူအရာက ရှုံ့မဲ့သွားစဥ် ရှီဖုန်းနှင့် ဖြတ်သန်းခြင်းဧကရာဇ်က လက်လျှော့မည့်လက္ခာဏာမပြပေ။
” သူတို့ကို အကုန်ရှင်းပစ် … တစ်ယောက်မှ လွတ်မသွားစေနဲ့ … ”
အိုင်ဒန်တီကယ်ဆမ်းမားက အမိန့်ပေးလိုက်သည်နှင့် များစွာသောအမြောက်များ မြည်ဟီးလာပြီး အားလုံးက ဦးချိုတစ်ချောင်းရွက်လှေကို ချိန်ရွယ်လိုက်ကြ၏။
အိုင်ဒန်တီကယ်ဆမ်းမား၏ ရွက်လှေအဖို့ စပိဘုတ်များက ခြိမ်းခြောက်မှုမဟုတ်ပေ။ ဦးချိုတစ်ချောင်း ရွက်လှေပေါ်ရှိ ကစားသမားများ အသတ်ခံရသရွေ့ တိုက်ပွဲပြီးသွားလိမ့်မည်။
” မင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်တာပေါ့ … ”
ရှီဖုန်းက ပြုံးပြီး ကောင်းကင်ထဲတွင်ပြည့်နေသည့် အမြောက်ဆံများကို ကြည့်နေလိုက်သည်။ ပြီးနောက် အကျော်ဇေယျခုနှစ်ပါးလက်စွပ်ကို လျင်မြန်စွာအဆင့်မြင့်တင်လိုက်၏။
အကျော်ဇေယျခုနှစ်ပါးလက်စွပ်က ရှီဖုန်းမြင်ဖူးသမျှထဲတွင် အကောင်းဆုံးအံ့ဖွယ်လက်စွပ်ဖြစ်သည်။ ယင်းက ဝတ်ဆင်ထားသည့်ကစားသမားကို အကူအညီများစွာ ပေးနိုင်၏။
ရှီဖုန်းသည်လက်စွပ်ကို အဆင့်မမြင့်တင်တာ အချိန်အတော်ကြာပြီဖြစ်သည်။ အကျော်ဇေယျခုနှစ်ပါးလက်စွပ်၏ EXP အတွက် မြင့်မားသောလိုအပ်ချက်ကြောင့် သူသည် ယခုအချိန်ထိတိုင် အဆင့်မမြင့်တင်ခဲ့မိပေ။ ယခု သူက အဆင့် (၅၁) ရှိနေပြီဖြစ်ရာ သူကလက်စွပ်ကို အဆင့်စမြင့်နိုင်ပြီ ဖြစ်၏။
ချက်ချင်းပင် ရှီဖုန်းက မီး၏ရောင်ဝါ၊ မြေ၏ရောင်ဝါနှင့် မြေကမ္ဘာ၏ရောင်ဝါကို အလွှာတစ်သို့မြင့်တင်ပြီး မီးမုန်တိုင်း၊ လေစီးနင်းခြင်း၊ အကြွင်းမဲ့ခုခံခြင်းတို့ကို အလွှာတစ်သို့ မြင့်တင်လိုက်၏။ မျက်တောင်တခက်အတွင်း ရှီဖုန်းက အဆင့် (၅၀) ၏ နှစ်ရာခိုင်နှုန်းသို့ ကျသွားတော့သည်။