ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1230 ကြောက်မက်ဖွယ်ကောင်းသော ကွာဟချက်
” သိပ်မြန်တာပဲ … ”
လူတိုင်းက အစွမ်းထက်သည့် ရန်သူတော်ကိုကြည့်နေသည့်ပမာ ရှီဖုန်းကို စိုက်ကြည့်နေကြ၏။
ရှီဖုန်းတစ်ယောက်ထဲသာရှိပြီး သူက စုစုပေါင်း HP ၏ (၂၅) ရာခိုင်နှုန်းအောက်သာ ရှိသော်ငြား သူတို့က အရေးနိမ့်နေသည့်ပမာ ခံစားနေရသည်။
သို့သော် ရှီဖုန်းသည် လူအုပ်ကြီးကို စီစဥ်ပေးရန် အချိန်မရှိပေ။ သူက နောက်ထပ်ပစ်မှတ်တစ်ခုဆီသို့ ဦးတည်သွားလိုက်၏။
” အားလုံးပဲ တိုက်ကြ သူ့ကို … ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားခွင့်မပေးနဲ့ … ”
အိုင်ဒန်တီကယ်ဆမ်းမားက အော်လိုက်လေ၏။
” ဆမ်းမား … လူတိုင်း သူ့ကို တိုက်ခိုက်မယ်ဆိုရင် ဖြတ်သန်းခြင်းဧကရာဇ်အဖွဲ့ကို ဘယ်သူက ဖြေရှင်းမှာလဲ … ”
ကောင်းကင်လှံက ဖြတ်သန်းခြင်းဧကရာဇ်တို့၏ ရေတပ်သဘေင်္ာအစုကို လက်ရှိ၌ ဖြေရှင်းနေသော သူတို့၏ ရေတပ်သင်္ဘောဝင်များကို မေးလိုက်လေ၏။
” သူတို့ကို လျစ်လျူရှုထားလိုက် … ဒီကောင်က ငါတို့ရဲ့ အရေးကြီးဆုံးပစ်မှတ်ပဲ … ”
အိုင်ဒန်တီကယ်ဆမ်းမားက ကောင်းကင်စပိုက်တာကို ကြည့်လိုက်လေ၏။ ဖြတ်သန်းခြင်းဧကရာဇ်သည် စစ်နီတုံးပေါ်ရှိ ငါးတစ်ကောင်သာဖြစ်၏။ ရှီဖုန်းကမူ မတူညီပေ။ သူတို့က သူ့ကို မြန်မြန်ဆန်ဆန်မတားမြစ်ပါက သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းအားက သူတို့ကို ဒုက္ခရောက်စေလိမ့်မည်။
အိုင်ဒန်တီကယ်ဆမ်းမား၏ အမိန့်အောက်တွင် သူ၏ ရေတပ်သင်္ဘောအဖွဲ့ဝင်များက ရှီဖုန်းကို အာရုံစိုက်လိုက်ကြ၏။
ကျန်ရှိသည့် က၀ားသမားအရေအတွက်က ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်တတိယမြောက်ရေတပ်သင်္ဘောအစုကို အာရုံလွဲထားနိုင်သည်။
အိုင်ဒန်တီကယ်ဆမ်းမား၏ ယူဆချက်က မှန်ကန်ပေ၏။ ထိပ်သီးကျွမ်းကျင်သူတစ်ဦးကတောင် များပြားလှသည့်သံချပ်ကာနှင့် အနီးကပ်ကစားသမားတစ်ရာကျော် ဝိုင်းတာခံထားရလျှင် တိုက်ခိုက်မှုတိုင်းကို ရှောင်ရှားနိုင်ရန် ခက်ခဲပေလိမ့်မည်။ တစ်ဖက်တွင် အနီးကပ်ကစားသမားများကလည်း စောင့်နေပြီး တိုက်ခိုက်ရန်အခွင့်အရေးတစ်ခုကို စောင့်စားနေကြတာဖြစ်သည်။ ရှင်သန်နိုင်မှုမြင့်မားသော လုပ်ကြံသတ်ဖြတ်ရေးသမားကတောင် သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
ကံဆိုးသည်မှာ ရှီဖုန်းက သူတို့တွေးထင်ထားသကဲ့သို့ မဟုတ်ပေ။ လေစီးနင်းသူ၏ လှုပ်ရှားမှုအရှိန်တိုးလာသည်နှင့် အကွာအဝေးကျယ်အမျိုးအစားအတွက် ဓားသမားကို ပိတ်ဆို့ဖို့က အလွန်ခက်ခဲလာသည်။ ထို့အပြင် ရှီဖုန်း၏ အကျယ်အဝန်းက သင်္ဘော၏ ကုန်းပတ်တွင်သာ ကန့်သတ်ထားတာမဟုတ်ပေ။ သူက လေထဲသို့လည်း ပျံသန်းနိုင်၏။ ရန်သူများကို အလွယ်တကူ တိုက်ခိုက်ပြီး တိုက်ခိုက်မှုများကိုရှောင်တိမ်းကာ လှေထဲ၌ရပ်နေနိုင်၏။
ထို့အပြင် ရွက်လှေလေးပေါ်တွင် တိုက်ခိုက်ခြင်းက ရှီဖုန်းအတွက် သက်တောင့်သက်သာဖြစ်သည်။ ထိုကဲ့သို့နေရာ၌ ရန်သူများကို လိုက်ရန်မလိုအပ်ချေ။ သူက နောက်ထပ်ကစားသမားရှေ့သို့ ခြေလှမ်းအနည်းငယ်ဖြင့် အလွယ်တကူရောက်သွားနိုင်သည်။
ရှီဖုန်းက ကစားသမားတစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖြတ်လိုက်၏။ သူဓားတစ်ချက် လွှဲယမ်းလိုက်တိုင်း အိုင်ဒန်တီကယ်ဆမ်းမား၏ သင်္ဘေအစုမှတစ်ယောက်က အသက်ဆုံးရှုံးသွားလိမ့်မည်။ HP သုံးသောင်းခွဲကျော်သည့်တိုင် ရှေးစစ်သည်တော်များက ခြွင်းချက် မဟုတ်ပေ။
သူတို့အဆင့်ကြောင့် ကွာဟချက်ကြီး ရှိနေပြီးသားဖြစ်သည်။ ရှီဖုန်းသည် ကောင်းကင်နဂါး၏ စွမ်းအားကိုအသက်သွင်းပြီးနောက် သူ၏ ခွန်အားကလည်း (၁၅၀) ရာခိုင်နှုန်း တိုးသွားတော့၏။ ထို့အပြင် သူ့၌ ဒေါသကြီးသောအာဏာရှင်၏ အလိုအလျောက်စကေး သွေးခဲခြင်းရှိနေလေရာ သူ၏ ခွန်အားကို နောက်ထပ် (၂၀) ရာခိုင်နှုန်း၊ တိုက်ခိုက်မှုအရှိန်ကို (၃၀) ရာခိုင်နှုန်းတိုးစေပြီး လက်ခံ ရရှိသည့်ထိခိုက်မှုကို သူ့ HP (၅၀) ရာခိုင်နှုန်းအောက် ရောက်သည့်အချိန်၌ ထိခိုက်မှုလျော့ချခြင်း (၂၀) ရာခိုင်နှုန်း ရရှိသည်။
သူသည် HP မြင့်မားပြီး ခုခံမှုမြင့်မားသည့် ဒိုင်းစစ်သည်တော်များကို ဒိုင်းနံရံအချိန်မီမဖွင့်ခဲ့လျှင် ချက်ချင်း သတ်ဖြတ်နိုင်ပေ၏။
ဆယ်စက္ကန့်အတွင်း ရှီဖုန်းက ကစားသမား ဆယ့်တစ်ယောက်သတ်ဖြတ်ခဲ့သည်။ ထိုသို့တိုင် သူ၏ HPက မလျော့သွားပေ။ ထိုအစား ပြန်တက်လာလေ၏။
ကောင်းကင်နဂါး၏စွမ်းအားက သူ၏ HP ကို (၅၀၀) ရာခိုင်နှုန်း ခုခံမှုကို (၃၀၀) ရာခိုင်နှုန်းတိုးစေ၏။ ယင်းက သူ၏ အမြင့်ဆုံး HP ကို နှစ်သိန်းတစ်သောင်း ကျော်သွားစေသည်။ သူ၏ တိုက်ပွဲဝင်ပြန်တက်နှုန်းဖြင့် သူက ငါးစက္ကန့်လျှင် HP တစ်ရာခိုင်နှုန်းပြန်တက်၏။ သာမန်မြားများထိသွားသည့်အချိန်တွင် ရှီဖုန်းက (-၄၀၀) ထိခိုက်မှုဝန်းကျင်သာ ဖြစ်စေသည်။ ရေခဲမီး သို့မဟုတ် မီးလုံးများဖြစ်စေ ရှီဖုန်း၏ မြင့်မားသောမှော်ခုခံမှုကြောင့် သူတို့က ထိခိုက်အောင်သိပ်မလုပ်နိုင်ခဲ့ဘဲ တိုက်ခိုက်မှုတိုင်းက (-၂၀၀) မှ (-၃၀၀) ထိခိုက်မှုသာ ဖြစ်စေခဲ့သည်။
တိုက်ခိုက်နေသည့် ဆယ်စက္ကန့်တာအတွင်း ရှီဖုန်းက သုံးကြိမ်ထိခိုက်ခံရသည်။ သို့သော်ငြား သုံးချက်ထိသွားတာက အင်မတန်တန်ကြေးကြီး၏။ တိုက်ခိုက်မှုတိုင်းက ပင်လယ်၏အိမ် သန့်စင်ခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို ဆုံးရှုံးစေသည်။
” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … ကုသသူမရှိဘဲ သူရဲ့ HP က ဘယ်လိုလုပ်တိုးနေရတာလဲ …
အိုင်ဒန်တီကယ်ဆမ်းသည် ရှီဖုန်းက သူ၏ ရေတပ်သင်္ဘောစုအဖွဲ့ဝင်များကို သုတ်သင်နေတာကို သူကြည့်နေပြီး အရေပြားတို့ အေးစက်လာလေ၏။ သူက ဘယ်လိုမွန်းစတားမျိုးလဲ။
သူနှင့်အတူခေါ်လာသည့် ရေတပ်သင်္ဘောအစုဝင်တိုင်းက ကျွမ်းကျင်သူများဖြစ်ကြ၏။ ထိုသို့တိုင် ရှီဖုန်း၏ ဓားသွားအောက်တွင် သူတို့က ပါးလွှာသည့်စာရွက်များနှင့် မခြားတော့ပေ။
” ဒီအပေးအယူက ငါတို့အတွက် အကုန်အကျများစေတယ် … မောနင်း အဲ့ဒီလူကိုဖြေရှင်းဖို့ ကူညီပေး … ငါ လေဟာနယ်ခွင်းမြားကိုအသုံးပြုပြီး သူ့ကို အပြီးသတ်လိုက်မယ် … ”
ဆာဗေ့ဂျ်အမည်ရသော ရိန်းဂျားက သူ့ရှေ့ရှိ အစောင့်အရှောက်သူရဲကောင်းကို တီးတိုးပြောလိုက်၏။
” တစ်စက္ကန့်ပဲ … သူ့ကို တစ်စက္ကန့်လောက်ထိန်းထားဖို့ပဲ လိုတယ် … ”
” တစ်စက္ကန့်လား … ”
အစောင့်အရှောင်သူရဲကောင်းဖက်စ်မောနင်းက တွေဝေသွားလေ၏။ သူသည် မည်သည့်ကျွမ်းကျင်သူကိုမဆို ဆယ့်စက္ကန့်တာ အလွယ်တကူထိန်းထားနိုင်၏။ သို့သော် ရှီဖုန်းက သန်မာလွန်းနေ၏။ သူ၏ ရှေးစစ်သည်တော်စကေးဖြင့်တောင် ရှီဖုန်းကို ထိုမျှကြာကြာထိန်းထားနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
” ငါကြိုးစားကြည့်မယ် … ”
ဆာဗေ့ဂျ်က တုံ့ပြန်သည့်အနေဖြင့် ဘာမှမပြောတော့ပေ။ ထိုအစား သူ၏ အိတ်ထဲမှ ကြေးသွေးရောင်မြားတစ်စင်းကို ထုတ်လိုက်ပြီး ၎င်းပေါ်မှချိတ်ကို ဖယ်ရှားလိုက်၏။
ရိန်းဂျားအမျိုးအစားသည် ကျန်သည့်အမျိုးအစားများနှင့်မတူပေ။ ကစားသမား၏ အရည်အချင်းနှင့် လေးအပြင် သူတို့၏ မြားက သူတို့ထိခိုက်မှု မည်သို့ဖြစ်စေသည်ဆိုသည့် အခန်းကဏ္ဍ၌ ပါဝင်လေသည်။ အစွမ်းထက်သော မြားတစ်စင်းဖြင့် ပုံမှန်ထက် ပိုစွမ်းအားများသည့် တိုက်ပွဲဝင်စွမ်းအားကို အဆပေါင်းများစွာ ပြသနိုင်သည်။
” ဒီလေဟာနယ်ခွင်းမြားတွေကို ပိတ်ဆို့နိုင်လိမ့်မယ်ဆိုတာ ငါမယုံဘူး … ”
ဆာဗေ့ဂျ်က ချိတ်ကိုဖယ်ရှားပြီးနောက် ယုံကြည်ချက်ရှိရှိပြောလိုက်လေ၏။
လေဟာနယ်ခွင်းမြားက ပြုလုပ်ထားသည့်အိုင်တမ်မဟုတ်ပေ။ ထိုအစား ရှေးဟောင်းအပျက်အစီးကနေ သူရလာခဲ့တာပဲ ဖြစ်၏။ မြင်ဖူးသမျှထဲမှာ အသန်မာဆုံးမြားတစ်စင်း ဖြစ်သည်။ ချိတ်ပိတ်မှုကို ဖယ်ရှားလိုက်သည်နှင့် မြားက ဖြစ်ပေါ်နေသော ဖိအားသည် မဟာအရှင်တစ်ဦးနှင့် ယှဥ်နိုင်ပေ၏။ ခမ်းနားသောအရှင်တစ်ဦးကို ဒဏ်ရာရစေဖိုကတောင် မြား၏ အာနိသင်များဖြင့် ပြဿနာတစ်ရပ်မဟုတ်ပေ။
” ဆာဗေ့ဂျ် အခုပဲ … ”
ဖက်စ်မောနင်းက အော်လိုက်လေ၏။ သူက ရှီဖုန်း သူ့အသင်းဖော်များထဲမှတစ်ယောက်ကို သတ်ဖြတ်ပြီးတာကို သတိပြုမိသည်နှင့် ချက်ချင်းပင် သူက ရှေ့တိုးပြီး ဓားသမားကို တိုက်ခိုက်လိုက်၏။ ရှီဖုန်းက ထိန်းချုပ်မှုဖယ်ရှားသည့်စကေး အသုံးပြုလျှင်တောင် လွတ်မြောက်နိုင်ချေမရှိပေ။ ရှီဖုန်းက အားသုံးပြီးသာ ဖြိုခွင်းနိုင်၏။
” ကောင်းတယ် … ”
ဆာဗေ့ဂျ်က လေဟာနယ်ခွင်းမြားတစ်စင်းကို ထုတ်ဖော်လိုက်၏။
ရွှီ …
ကြေးသွေးရောင်မြားက ရှီဖုန်းဆီသို့ ပျံဝင်သွားသည်။ လေဟာနယ်က အက်ကွဲသွားပြီး မြားက ဝီခနဲ ဖြတ်သွားလေ၏။
အလွှာလေးစကေးကတောင် လေဟာနယ်ခွင်းမြားနှင့်ယှဥ်လျှင် ဖြူရော်သွားစေ၏။
ရှီဖုန်း၏ အမူအရာသည် လျင်မြန်စွာ ချဥ်းကပ်လာသော ကြေးသွေးရောင်မြားကို သတိပြုမိသည့်အချိန်၌ သုန်မှုန်သွားလေ၏။ သူထိမှန်သွားလျှင် ကောင်းကင်ဘုံစွမ်းအားအသက်သွင်းထားလျှင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရလိမ့်အုံးမည်။
ရှီဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် မြားပေါ်၌ နဂါးဝင်သက်ငွေ့ကို အသက်သွင်းလိုက်သည်။ အလင်းတန်းက လေဟာနယ်ခွင်းမြားနှင့် ထိမိသွား၏။ ကံဆိုးသည်မှာ နဂါးဝင်သက်ငွေ့သည် ခဏဝာသာနှောင်နှေးစေနိုင်ပြီး လေဟာနယ်ခွင်းမြားက တန်ပြန်တိုက်ခိုက်မှုကို ချေမှုန်းလိုက်၏။
သို့သော်ငြား ရှီဖုန်းအတွက် ထိုအချိန်က ဖက်စ်မောနင်း၏ ထိန်းချုပ်ထားမှုမှ လွတ်မြောက်နိုင်ရန် လုံလောက်နေပြီးသား ဖြစ်သည်။ သူက ရှုပ်ထွေးဆန်းကြယ်သော ခြေသိုင်းကိုအသုံးပြုပြီး ပျောက်ကွယ်သွားလေ၏။
လေဟာနယ်ခြေလှမ်း
” သူပျောက်ကွယ်သွားတယ်လား … ”
ဖက်စ်မောနင်းက ဇဝေဇဝါဖြင့် အော်လိုက်လေ၏။
သူက ရှီဖုန်းကို ရှာနေသော်ငြား လေဟာနယ်ခွင်းမြားသည့် သူ့၏ သံချပ်ကာကို ထိုးဖောက်သွားသည်။ မြားသည် အစောင့်အရှောက်သူရဲကောင်းကို ချက်ချင်းသတ်ဖြတ်နိုင်ရုံသာမက ရွက်လှေလေးပေါ်၌ အပေါက်တစ်ပေါက်လည်း ဖြစ်စေခဲ့၏။
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … ”
ဆာဗေ့ဂျ်က သူ့မျက်လုံးသူ မယုံနိုင်ပေ။ လေဟာနယ်ခွင်းမြားက အင်မတန်မြန်ဆန်၏။ ရှီဖုန်း၏ အရှိန်က ကြောက်ဖို့ကောင်းနေစဥ် သူက မြားကို မရှောင်သင့်ပေ။ ရှီဖုန်းက လေဟာနယ်ခွင်းမြားကို ယာယီဟန့်တားရန် နဂါးဝင်သက်ငွေ့ကို အသုံးပြုခဲ့၏။ ပြီးနောက် ဖက်စ်မောနင်း၏ ထိန်းချုပ်ထားမှုကနေ လွတ်မြောက်ပြီး ရိန်းဂျား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အချိန်ဆွဲခဲ့သည်။
ထိုကဲ့သို့ ရဲတင်းပြီးကောင်းမွန်သောဗျူဟာကို သူမြင်တွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
” သူဘယ်မှာလဲ … ”
အိုင်ဒန်တီကယ်ဆမ်းမားက ဇဝေဇဝါဖြင့်ရေရွက်ပြောလိုက်၏။
ကုန်းပတ်ပိုင်းကို ရှာဖွေပြီးသည့်တိုင် သူက ရှီဖုန်း၏ အရိပ်အယောင်ကို မဖမ်းဆုပ်မိပေ။
သို့သော်ငြား အိုင်ဒန်တီကယ်ဆမ်းမားက ပြောပြီးသည်နှင့် အပြာရောင်ဓားရှည်က သူ၏ ရင်ဘက်၌ ပေါ်လာလေ၏။
” မင်း … ”
အိုင်ဒန်တီကယ်ဆမ်းမားက လှည့်ကြည့်လိုက်သည်။ သူသတိမပြုမိခင် ရှီဖုန်းက သူ့နောက်၌ ရပ်နေလေ၏။ ခေါင်းစွပ်ကြောင့် ရှီဖုန်း၏ သွင်ပြင်ကို သတိမပြုမိသော်ငြား ရှီဖုန်း သူ့ကို လောင်ပြုံးပြုံးနေမည်ဆိုတာ ပြောနိုင်၏။
တစ်ချိန်လုံး သူကသာလျှင် သူ့ကိုသူမုဆိုးဟု တွေးနေခဲ့တာ ဖြစ်သည်။ လက်တွေ့တွင် သူက သားကောင်ဖြစ်နေလေ၏။
အိုင်ဒန်တီကယ်ဆမ်းမား၏ HP က သုညသို့ရောက်သွားပြီးမှ သူက မွန်းစတား၏ သားရဲတွင်းသို့ ကျရောက်သွားတာကို သတိပြုမိလိုက်သည်။
အိုင်ဒန်တီကယ်ဆမ်းမား၏ သေခြင်းတရားက ရေတပ်သင်္ဘောစုအဖွဲ့ဝင်များကို ထိတ်လန့်သွားစေသည်။ ထိုမျှများပြားသည့်လူများထံမှ တိုက်ခိုက်မှုကိုခံယူရသော်ငြား ရှီဖုန်း၏ HP က အနည်းငယ်မျှ မလျော့ကျသွားရုံသာမက ထိုလူသည် သူတို့ခေါင်းဆောင်၏ အသက်ကိုလည်း နုတ်သွားခဲ့သည်။ ဤကဲ့သို့မွန်းစတားအးကို သူတို့ မည်ကဲ့သို့အနိုင်ယူရမည်နည်း။
” နောက်ဆုတ်ကြ … ”
ထိုစကားကို မည်သူအော်လိုက်သည်မသိ။ သို့သော်ငြား လူတိုင်းက အမိန့်အတိုင်း အလိုလိုပင် လိုက်နာကြတော့၏။
” မင်းတို့က ထွက်ပြေးချင်တယ်လား … လွယ်မယ်များ ထင်နေလား … ”
ပြီးနောက် ရှီဖုန်းက သတ်ဖြတ်ခြင်းရောင်ခြည်ကိုမြင့်တင်ကာ လျှပ်စီးအစွန်းကို အသက်သွင်းလျက် ကစားသမားများကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
လျှပ်စီးအစွန်းက ရွက်ဆိုရန် (၀•၅) စက္ကန့်ကြာပြီး ၎င်းက ကျွမ်းကျင်ကစားသမားများကို ရင်ဆိုင်ရာ၌ အာနိသင်ကန့်သတ်ထားပေ၏။ ယခင်က သူပဲ့ပိုင်း၏ အလယ်တွင်ရပ်နေစဥ် ကစားသမားများစွာကို ထိစေမှာမဟုတ်ပေ။ သို့သော် ယခုအချိန်၌ သူက အစွန်း၌ ရပ်နေတာဖြစ်သည်။ လျှပ်စီးအစွန်း၏ အကျယ်အဝန်းက ရွယ်လှေလေးတစ်စင်းလုံးကို လွှမ်းမိုးနိုင်တာထက်ပိုသည်။ ထို့အပြင် ကစားသမားများက နောက်ကျောပေးပြီး ထွက်ပြေးနေကြရာ တိုက်ခိုက်မှုကို အကာအကွယ် လျှော့ချထားမိသည်။
မရေမတွက်နိုင်သည့် လျှပ်စီးများက သတ်ဖြတ်ခြင်းရောင်ခြည်ထဲမှ ပေါ်ထွက်လာ၏။ ကျွမ်းကျင်သူတချို့က လျင်မြန်စွာတုံ့ပြန်ပြီး အချိန်မီရှောင်တိမ်းခဲ့သော်ငြား အဖွဲ့၏ ကစားသမားတစ်ရာကျော်၏ တစ်ဝက်က ချက်ချင်း သေဆုံးခဲ့ကြ၏။
အသက်ရှင်သည့်လူများကလည်း လှေအောက်သို့ခုန်ချပြီးနေပြီ ဖြစ်သည်။
” သွားကြမယ် … ”
ရွက်လှေ၏ ကပ္ပတိန် အိုင်ဒန်တီကယ်ဆမ်းမား သေဆုံးပြီးနောက် ရှီဖုန်းက စိတ်ကျေနပ်စွာပြုံးလိုက်၏။ ယခုဆို အိုင်ဒန်တီကယ်ဆမ်းမား၏ ခွင့်ပြုချက်မရှိဘဲတောင် မည်သည့်ကစားသမားမဆို ရွက်လှေကိုအဝေးသို့မောင်းသွားနိုင်သည်။ ပြီးနောက် ရှီဖုန်းက အမွေအနှစ်ကျွန်းဆီသို့ ရွက်လွင့်လိုက်၏၀က
ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများကမူ ဦးချိုတစ်ချောင်းရွက်လှေနှင့် လျင်မြန်နဂါးစပိဘုတ်အောက် နီးကပ်စွာလိုက်ပါလာ၏။
ထိုစဥ် ဆိုင်းလန့်အန်ထရိုပီ၏ ရွက်လှေရောက်လာသည်။
” ကပ္ပတိန် ကျွန်တော်တို့တွေ သူ့နောက်လိုက်အုံးမှာလား … ”
အပြာရောင်မှော်ဝတ်ရုံဖြင့်လူက ခေါင်းဆောင်ကို မေးလိုက်၏။
” မေ့လိုက်တော့ တိုက်ပွဲက ပြီးသွားပြီ … ငါတို့ အဲ့ဒီလူကို တိုက်ခိုက်ရင် အဲ့ဒီကောင်မလေးက ငါတို့ကို အမြတ်ထုတ်သွားလိမ့်မယ် … ပြန်သွားပြီး မှော်ဝေလငါးကို အဆုံးသတ်ရအောင် … ”
ဆိုင်းလန့်အန်ထရိုပီက ခေါင်းခါပြီး ခပ်ဝေးဝေးသို့ရောက်သွားသော ရှီဖုန်းကို ကြည့်လိုက်၏။