ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1234 လျှို့ဝှက်ခြေသိုင်းနည်းစနစ်
ရွက်တစ်ရာက ရှီဖုန်း အမိန့်ပေးသည့်ဗွီဒီယိုကို ကြည့်ပြီးနောက် သူမ၏ အမူအရာက တင်းမာမှုတို့တိုးလာ၏။
ခြောက်မြှောင့်ကြယ် ကျေးသွေးလောကသည် မြင့်မြတ်သောဘုရားကျောင်းအတွက် ထူးကဲ၏။ သူတို့တွင် ထူးကဲသည့်မှော်အစီအရင် ဒီဇိုင်းရှိ၏။ ယခုအချိန်ထိတိုင် ထိုအကြောင်းအရာကို အများရှေ့ တစ်ခါမှမကြေညာခဲ့ပေ။ သူမ မည်သို့ပင်ကြည့်ကြည့် ရှီဖုန်းက ခြောက်မြှောင့်ကြယ်ကျေးသွေးလောက၏ အားနည်းချက်ကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့တာ မဖြစ်နိုင်ပေ။
” ဒီကိစ္စကို အစည်းအရုံးခေါင်းဆောင်ဆီ တင်ပြရမဲ့ပုံပဲ … ”
ရွက်တစ်ရာ၏အကြည့်က ဗွီဒီယိုထဲရှိ ရှီဖုန်းပေါ်တွင်သာ ရောက်နေသည်။
အစက အစည်းအရုံးသည် ခြောက်မြှောင့်ကျေးသွေးလောကဖြင့် စီးပွားရှာရန် ရည်ရွယ်ထားခဲ့၏။ တစ်စုံတစ်ယောက်က အစီအရင်၏ အားနည်းချက်ကို ရှာတွေ့သွားခြင်းက အသေးအမွှားမဟုတ်ပေ။ ရွက်တစ်ရာက သူမ၏ အထက်လူကြီးကို ချက်ချင်းဆက်သွယ်လိုက်၏။
” စိတ်ဝင်စားစရာပဲ … ခြောက်မြှောင့်ကြယ်ကျေးသွေးလောကရဲ့ အားနည်းချက်ကို ရှာနိုင်တဲ့သူတစ်ယောက်က တကယ်ကြီးရှိနေတယ်ပေါ့ … ”
ဗွီဒီယိုထဲရှိ အပြာရောင်ဝတ်ရုံဖြင့် ချောမောခန့်ငြားသည့် လူတစ်ဦးက မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ဖြင့် ပြန်ပြောလိုက်လေ၏။
” ဒီလူက ပြဿနာပဲ … သူ့ကို နှိမ့်နှိမ့်ချချနေတက်ဖို့ သင်ခန်းစာပေးဖို့လိုတယ် … ဦးလေးလီနဲ့ တခြားသူတွေကို ပို့လိုက်မယ်လေ … အဲ့ဒီကစားသမားကို စောင့်ကြည့်ထား … ”
” ဦးလေးလီကို ပို့ပေးမှာလား … ”
ရွက်တစ်ရာက ပျော်ရွှင်မှုတို့ တိုးလာလေ၏။
” ကောင်းသားပဲ … ဦးလေးလီရဲ့ အကူအညီနဲ့ဆို ဒီကောင်တော့ ကံဆိုးမိုးမှောင်ကျပြီပဲ … ”
မြင့်မြတ်သောဘုရားကျောင်းသည် နှစ်စဥ်နှစ်တိုင်း ပါရမီရှင်များစွာကို စုဆောင်းထားသည့် စူပါအစည်းအရုံးတစ်ခု ဖြစ်သည်။ အစည်းအရုံးအတွင်း၌ နှစ်စဥ်နှစ်တိုင်း အလွန်ထူးချွန်ထက်မြတ်သည့် ကစားသမားများစွာ ပေါ်ထွက်လာနေသည်။ သို့သော် အချိန်၏ စမ်းသပ်ချက်ကို အမှန်တကယ်ခံနိုင်ရည်ရှိပြီး မြင့်မြတ်သောဘုရားကျောင်း၏ ပင်မထောက်တိုင်ဖြစ်လာသူများက အစည်းအရုံးအကြီးအကဲများ ဖြစ်လာ၏။ ဦးလေးလီက အစည်းအရုံးအကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။ သူက လွန်ခဲ့သည့် နှစ်ပေါင်းများစွာထဲက နယ်မြေတစ်ခုကို ဖမ်းဆုပ်နိုင်သည့် မွန်းစတားအိုကြီးတစ်ယောက် ဖြစ်သည်။
ရှီဖုန်းသည် ပိုင်နက်နယ်ပယ်ကိုရောက်ရှိပြီးသည့် မွန်းစတားတစ်ရာဆိုလျှင်တောင် သူက ဦးလေးလီကိုမယှဥ်နိုင်ပေ။ ထို့အပြင် ဦးလေးလီတစ်ယောက်ထဲလာမှာမဟုတ်။ သူ့အဖွဲ့ဝင်များကလည်း သူနှင့်အတူ လိုက်ပါလာလိမ့်မည်။ ရွက်တစ်ရာက သူမ၏ လုံခြုံရေးအဖွဲ့ကို အကြောင်းကြားပြီး သူတို့ကိုလူခွဲစေကာ အနားယူသည့်ဧရိယာဆီသို့ သွားစေ၏။ ရှီဖုန်းပေါ်လာသည်နှင့် သူတို့က သူ့ကို အနီးကပ်စောင့်ကြည့်နေကြမှာပဲ ဖြစ်သည်။
ပင်လယ်နဂါးလျှို့ဝှက်မြေထဲတွင် အမွေအနှစ်အိုင်တမ်ကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူတို့က လျှို့ဝှက်မြေ အချိန်စေ့သည်နှင့် အနားယူသည့်ဧရိယာဆီသို့ အလိုအလျောက်ပို့ဆောင်ခံရမည်။ ကစားသမားများသည် လျှို့ဝှက်မြေကနေ ပြန်ထွက်ရန်အတွက် စမှတ်နေရာသို့ ပြန်သွားရန်လိုအပ်သည်။ မဟုတ်လျှင် သူတို့က ဤနေရာတွင် ပိတ်မိနေမှာဖြစ်ပြီး ပြန်ရောက်ခြင်းစာလိပ်သုံး၍မရပေ။ ထိုအချိန်ရောက်လျှင် ရှီဖုန်းက ခေါင်းစွပ်ဝတ်ထားလျှင်တောင် သူတို့က ရှီဖုန်းကို အမှတ်အသားပြုလုပ်ရန် ခြေရာခံကိရိယာတစ်ခု အသုံးပြုရုံသာဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း သူတို့က ကမ္ဘာအဆုံးထိသူပြေးလျှင်တောင် သူ့ကို ရှာတွေ့လိမ့်မည်။
ပြီးတော့ နင်ကိုသတ်ဖို့ အခွင့်အရေးမရလောက်တော့ဘူးလို့ ငါထင်နေတာ။ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် သိတာများလွန်းနေတဲ့အတွက် နင့်ကိုနင်ပဲ အပြစ်တင်ရမှာပဲ။
ရွက်တစ်ရာက ဖုန်းချပြီးနောက် ပြုံးလိုက်လေ၏။ ပြီးနောက် သူမအိတ်ထဲမှ အလွှာသုံးဆင့်ခေါ်ခြင်းစာလိပ်ကိုထုတ်ပြီး ဒုတိယအလွှာ၌ပေါ်လာသော မဟာအရှင်ကို ကြည့်လိုက်လေ၏။ အခု အမွေအနှစ်ကို တက်နိုင်သမျှမြန်မြန်ရအောင် လုပ်ရမယ်။
ကြယ်ကြွေမျှော်စင်၏ ပထမအလွှာတွင် ဆုလာဘ်များသာ ကစားသမားများကို စောင့်ကြိုနေ၏။ ဒုတိဟအလွှာသို့ရောက်ပြီးမှသာ စမ်းသပ်မှုက အမှန်တကယ်စတင်တာဖြစ်သည်။
ဒုတိယအလွှာ၏ စမ်းသပ်မှုက ကစားသမားများသည် သူတို့ရှေ့၌ ပေါ်လာသော ကစားသမားများကို အနိုင်ယူရန်လိုအပ်၏။ သူတို့က စုစုပေါင်းမွန်းစတားသုံးကောင်ကို ရင်ဆိုင်ရမည်။ ပထမဆုံးမွန်းစတားက မျိုးနွယ်စုအကြီးအကဲ၊ ဒုတိယက အရှင်၊ တတိယက မဟာအရှင်တစ်ပါးဖြစ်သည်။ သူတို့သုံးကောင်လုံးက အဆင့်တူတွင်ရှိကြ၏။ စိန်ခေါ်သူများကလည်း အဆင့်တူကြသည်။ တစ်ကောင်ချင်းဆီက ယခင်အကောင်ထက် ပိုသန်မာလာ၏။ သို့သော် သူမ၏ စံသတ်မှတ်ချက်ရှိ ကျွမ်းကျင်သူများအဖို့ ထိုကစားသမားများကို တစ်ကိုယ်ထဲတိုက်ခိုက်ရခြင်းက သူတို့ပြင်ဆင်ထားခဲ့လျှင် ပြဿနာတစ်ရပ်မဟုတ်ပေ။ အဓိကပြဿနာအမှန်က သူတို့က ထိုမွန်းစတားကို မည်မျှမြန်မြန်ဆန်ဆန်အနိုင်ယူနိုင်မလဲဆိုတာပဲ ဖြစ်သည်။
ခြောက်မြှောင့်ကြယ်ကျေးသွေးလောကက ရှီဖုန်းကို ကြာမြင့်စွာမချုပ်နှောင်ထားနိုင်သော်ငြား ထိုမိနစ်အနည်းငယ်က သူ့ကို ယှဥ်ပြိုင်ပွဲကနေဖယ်ထုတ်ရန် လုံလောက်နေပြီးသား ဖြစ်၏။
ဒါက ကြယ်ကြွေမျှော်စင်အတွင်းပိုင်းက သိုလှောင်နေရာလား။ ရှီဖုန်းက မျှော်စင်၏ အတွင်းပိုင်းကို တိတ်တဆိတ် စစ်ဆေးလိုက်လေ၏။
ကြယ်ကြွေမျှော်စင်က အပြင်ဘက်တွင် ကြီးပုံပေါ်သော်ငြား သူ အဆောက်အဦထဲ ဝင်သွားပြီးနောက် ဘက်စကတ်ကွင်းအရွယ်အစားထက်မကြီးသည့် ရှင်းလင်းနေသောလေဟာနယ်ထဲတွင်ရှိနေကြောင်း သိလိုက်ရသည်။ နံရံပေါ်၌ ပုံအမျိုးမျိုးထွင်းထုထားသည့်အပြင် အခန်း၌ ဒုတိယအလွှာဆီသို့ ဦးတည်သွားသည့် လှေကားတစ်ခုသာ ပါဝင်သည်။
ဒီတော့ဒါက ဆုလာဘ်ကိုး။ ရှီဖုန်းက နံရံပေါ်ရှိ ထွင်းထုထားသည်များကို တစ်ချက်ကြည့်ပြီး အမူအရာက လေးနက်သွားတော့၏။ ဒီမျှော်စင်ရဲ့ပိုင်ရှင်က တကယ်သဘောထားကြီးတာပဲ။
နံရံပေါ်ရှိရုပ်လုံးများက ကျွမ်းကျင်ကစားသမားများစွာ လိုချင်နေကြသည့် လျှို့ဝှက်နည်းစနစ်ပင် ဖြစ်သည်။ ကံဆိုးသည်မှာ လျှို့ဝှက်နည်းစနစ်က ပြီးပြည့်စုံမှုမရှိချေ။
ရှီဖုန်း၏ စံသတ်မှတ်ချက်ဖြင့် တစ်ချက်ကြည့်ရုံနှင့် ဤလျှို့ဝှက်နည်းစနစ်က ပုံရိပ်ယောင်ခြေလှမ်းနှင့် ဆင်တူကြောင်း သူပြောနိုင်သည်။
သို့သော်ငြား အတိတ်တုန်းက သူသုံးခဲ့သော ပုံရိပ်ယောင်ခြေလှမ်းနှင့်ယှဥ်လျှင် ဤနေရာရှိဗားရှင်းက ပိုရိုးရှင်းပြီး ကောင်းမွန်၏။ ဤခြေသိုင်းကို သင်ယူနိုင်ခဲ့မည်ဆိုလျှင် ကစားသမားချင်းတိုက်ခိုက်ရာ၌ သူသေချာပေါက် အကျိုးရှိလိမ့်မည်။
ပြီးနောက် ရှီဖုန်းက ထိုနံရံကပ်ရုပ်ထုများကို ဗွီဒီယိုမှတ်တမ်းတင်လိုက်၏။ ဤနည်းဖြင့် သူ့အစည်းအရုံးအဖွဲ့ဝင်များက သင်ယူနိုင်မှာပဲ ဖြစ်သည်။
ပုံရိပ်ယောင်ခြေလှမ်းက ရှုပ်ထွေးသည့်နည်းစနစ်တစ်မျိုးမဟုတ်ပေ။ ယင်းက လေဟာနယ်ခြေလှမ်းထက် ပိုရိုးရှင်းပေ၏။ လုံလောက်သောအားစိုက်ထုတ်မှုဖြင့် တိကျသောအဆင့်ထိ ရောက်အောင် နည်းစနစ်ကို အလွယ်တကူဖမ်းဆုပ်နိုင်လိမ့်မည်။
” ဟမ် … ”
ရှီဖုန်းသည် ဗွီဒီယိုမှတ်တမ်းတင်ပုံကို ဖွင့်လိုက်သည့်အချိန်၌ တစ်စုံတစ်ခုလွဲချော်နေတာကို သတိပြုမိလိုက်၏။ သူက ခါးသက်စွာပြုံးကာ ပြောလိုက်တော့သည်။
” လုံလောက်သွားပြီပဲ … ပင်မနတ်ဘုရားစနစ်က ကစားသမားတွေကို လျှို့ဝှက်နည်းစနစ်တစ်ခု အလွယ်တကူရခွင့်ပေးမှာ မဟုတ်ဘူး … ”
သူက နံရံပေါ်ရှိအရာများကို မှတ်တမ်းတင်ရန်ကြိုးစားသောအခါ ဗွီဒီယိုက အမှောင်ထုသာ ပါဝင်သည်။ စနစ်က ကစားသမားများကို နည်းစနစ်မှတ်တမ်းတင်ခွင့်မပြုထားတာ သိသာ၏
” နှမြောစရာပဲ … ”
ရှီဖုန်းသည် နံရံပေါ်ရှိ ရုပ်ကြွများကို တစ်ချက်သာကြည့်ပြီး ဒုတိယအလွှာဆီသို့ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် တက်သွားလေ၏။
အချိန်လုံလုံလောက်လောက်ပေးခဲ့လျှင် သူက နည်းစနစ်များကို အလွန်လျင်မြန်စွာရနိုင်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် အေးအေးလူလူလုပ်မနေနိုင်ချေ။ ဆိုရလျှင် သူထက် ကျန်သည်ယှဥ်ပြိုင်သူများက စောနေပြီးသားဖြစ်၏။ သူက ပုံရိပ်ယောင်ခြေလှမ်းကိုသင်ယူရန် နာရီပေါင်းများစွာသုံးခဲ့လျှင် အမွေအနှစ်ကို မေးလိုက်ရလိမ့်မည်။
ဒုတိယအလွှာသို့ရောက်ချိန်တွင် ရှီဖုန်းက ဤနေရာရှိနယ်မြေသည် ပထမအလွှာထက် သုံးဆပိုကြီးမားကြောင်း သတိပြုမိလိုက်၏။ သုံးမီတာခန့်မြင့်မားပြီး ကြွက်သားများရှိသည့် အနက်ရောင်အရေပြားဖြင့် အော့ခ်တစ်ကောင်က အခန်းထဲတွင်ရပ်နေပြီး သူ့ကိုစောင့်နေသည်။ အော့ခ်က သူ့အရပ်နီးနီးမြင့်သည့် ကျောက်ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထား၏။
[ကျောက်နက်အော့ခ်၊ မျိုးနွယ်စုအကြီးအကဲ]
အဆင့် (၅၀)
HP (၄၃ သိန်း/၄၃ သိန်း)
မှော်အရံအတားသည် တတိယအလွှာဆီသို့သွားသည့် လှေကားကို ပိတ်ထားလေ၏။ သူက အပေါ်မတက်ခင် ဤကျောက်နက်အော့ခ်ကို အနိုင်ယူရမှာ သိသာနေသည်။
ရှီဖုန်းသည် လှေကားဘေးရှိ ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်၏။ နောက်တစ်လွှာသို့ တက်ရန်လိုအပ်ချက်ကို ကျောက်တုံးပေါ်၌ မှတ်တမ်းတင်ထားပြီး စာရင်းတစ်ခုရှိနေလေ၏။
စာရင်း၌ ကစားသမားများ၏ အမည်မပါသော်ငြား ဒုတိယအလွှာရှိ ထိပ်တန်းကစားသမား ငါးယောက်၏ တိုးတက်မှုကို ပြသလိမ့်မည်။
လက်ရှိတွင် ပထမရထားသည့် ကစားသမားက မဟာအရှင်ကို တိုက်ခိုက်နေသေးဆဲဖြစ်ပြီး ၎င်း၏ HP (၉၆) ရာခိုင်နှုန်း ကျန်နေသေး၏။
ဒုတိယအဆင့်ကစားသမားကလည်း မဟာအရှင်ကို ရင်ဆိုင်နေပြီး ဘော့စ်က HP (၉၇) ရာခိုင်နှုန်းကျန်သေးသည်။
တတိယက HP (၁၂) ရာခိုင်နှုန်းကျန်ရှိသည့် အရှင်တစ်ပါးကို ရင်ဆိုင်နေတာ ဖြစ်သည်။
ဒီတော့ အခြေအနေက ဒီလိုကို။ ငါ နည်းနည်းမြန်မြန် လှုပ်ရှားရမဲ့ပုံပဲ။
မိတ်ဆက်ချက်ကိုဖတ်ရှုပြီးနောက် ရှီဖုန်းသည် အမှောင်ထုကျိမ်းစာကိုထုတ်ကာ အလွှာနှစ် တိုက်ပွဲဝင်နတ်ဆိုးကို ဆင့်ခေါ်လိုက်လေ၏။
ရှီဖုန်းကလည်း ရေခဲပြာနတ်ဆိုးမီးတောက်၊ ပုံရိပ်ယောင်သတ်ဖြတ်ခြင်း၊ နဂါးကိုးကောင်ပိုင်းဖြတ်ခြင်းတို့ကို အသက်သွင်းလိုက်သည်။
သာမန်ကျွမ်းကျင်သူများအဖို့ အဆင့်တူမျိုးနွယ်စုအကြီးအကဲတစ်ကောင်ကို တိုက်ခိုက်ရသည်က အလွန်ခက်ခဲလောက်သည်။ သို့သော် သူနှင့် ဒုတိယအလွှာစမ်းသပ်မှုရှိ ကျန်စိန်ခေါ်သူများက သာမန်ကျွမ်းကျင်သူများ မဟုတ်ပေ။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ဒုတိယအလွှာစစ်ဆေးမှုက ထိခိုက်မှုကို စမ်းသပ်ခြင်းသာ ဖြစ်သည်။ တိုက်ပွဲနတ်ဆိုးအမာခံတိုက်ထားမှုဖြင့် ရှီဖုန်းနှင့် သူ၏ ကိုယ်ခွဲက DPS ကိုအာရုံစိုက်နိုင်၏။ စက္ကန့်လေးဆယ်မပြည့်မီ၌ ကျောက်နက်အော့ခ်လဲကျသွားသည်။ သူ၏ ထိခိုက်မှုက ဇယားပေါ်၌ ပေါ်လာ၏။
ကျောက်နက်အော့ခ်၏ သေဆုံးခြင်းက EXP အနည်းငယ်သာပေးသည်။ အရှင်အဆင့် ကျောက်နက်စစ်သူကြီး ရှီဖုန်းရှေ့၌ ပေါ်လာရန် သိပ်မကြာလိုက်ပေ။
တခြားသော တစ်နေရာက ရွက်တစ်ရာနှင့် ဆိုင်းလန့်အန်ထရိုပီတို့က သူတို့ရှေ့ရှိ မဟာအရှင်ကို တိုက်ရိုက်တိုက်ခိုက်နေလေ၏။
မည်သူကမှ အမှောင်ထုကျမ်းစာမပိုင်ဆိုင်ထားသော်ငြား အလွှာသုံးဆင့်ခေါ်ခြင်းစာလိပ်ကို နှစ်ယောက်လုံးက အသုံးပြုပြီး သူတို့၏ ဆင့်ခေါ်ခံသတ္တဝါများကို အားကိုးကာ ရန်သူမဟာအရှင်၏ HP ကို ဖြိုချနေ၏။
” အဲဒီမြေခွေးအိုကြီးက မြန်လိုက်တာ … ”
ရွက်တစ်ရာက မဲ့ပြုံးပြုံးလိုက်ပြီး တတိယအလွှာဆီသို့ ဦးတည်သွားသည့် လှေကားဘေးရှိ ကျောက်ရုပ်ထုကို တစ်ချက်ကြည့်လိုက်၏။ လက်ရှိတွင် သူမက အဆင့်တစ်ရထားပြီး ကျောက်နက်မျိုးနွယ်အကြီးအကဲ၏ HP (၇၁) ရာခိုင်နှုန်းကျန်သေးသည်။ ဆိုင်းလန့်အန်ထရိုပီ မျိုးနွယ်စုအကြီးအကဲက HP (၇၂) ရာခိုင်နှုန်း ကျန်သေးသည်။ သူတို့ကြားထဲ၌ ကွာဟချက် တစ်ရာခိုင်နှုန်းသာ ရှိ၏။ ထိုအတိုင်းဆက်ဖြစ်ပွားလျှင် သူမက ဒုတိယအလွှာကို ပထမဆုံးရှင်းလင်းနိုင်သူဖြစ်ပေလိမ့်မည်။
ရွက်တစ်ရာက ကျောက်နက်မျိုးနွယ်စုအကြီးအကဲကို အပြီးသတ်ရန် နည်းလမ်းတစ်ခုစဥ်းစားနေစဥ် ဇယားပေါ်ရှိ ပဥ္စမနေရာက ပြောင်းလဲသွား၏။
ယခင်က ကြယ်ကြွေမျှော်စင်၏ နံပါတ်ခုနှစ်ဆယ်နှစ်က ပဥ္စမနေရာကို သိမ်းပိုက်ထား၏။ ထိုမဟာအရှင်က HP (၉၄) ရာခိုင်နှုန်း ကျန်သည်။ ယခုမူ ပဥ္စမနေရာကို သိမ်းပိုက်လိုက်သည့်သူက ဝင်လာသူ နံပါတ်တစ်ရာ့လေးဆယ့်တစ်ဖြစ်ပြီး သူတို့၏ မဟာအရှင်က HP (၉၃) ရာခိုင်နှုန်းကျန်သည်။
ရွက်တစ်ရာက ဝင်လာသည့်နံပါတ်ကို မြင်တွေ့သည့်အချိန်၌ ယင်းက ရှီဖုန်းမှန်း သိလိုက်သည်။ သို့သော် ကြောက်လန့်သွားရမည့်အစား သူမက ရယ်မောကာပြောလိုက်တော့၏။
” မြန်လိုက်တာ … ကံဆိုးတာက ရှင် သိပ်နောက်ကျသွားပြီ … ”
သူတို့က မျှော်စင်ထဲသို့ တစ်ပြိုင်နက်ထဲဝင်ရောက်ခဲ့မည်ဆိုလျှင် ရှီဖုန်းက သေချာပေါက် ခြိမ်းခြောက်နိုင်လိမ့်မည်။ သို့သော် ရွက်တစ်ရာက သူမရှေ့ရှိ ကျောက်နက်မျိုးနွယ်စုအကြီးအကဲပေါ် နောက်ထပ်စကေး အသုံးမပြုနိုင်သေးခင် စာရင်းက ထပ်မံပြောင်းလဲသွား၏။ ယခုအခေါက် နံပါတ်တစ်ရာ့လေးဆယ့်တစ်သည် တတိယနေရာသို့ခုန်တက်သွားပြီး သူ့မဟာအရှင်က HP (၈၇) ရာခိုင်နှုန်းသာ ကျန်တော့သည်။
ချက်ချင်းပင် မဟာအရှင်၏ HP က (၈၇) ရာခိုင်နှုန်းမှ (၈၂) ရာခိုင်နှုန်းသို့ ကျသွားပြီး သူ၏ HP ကျဆင်းသည့်နှုန်းက ကြောက်မက်ဖွယ်ကောင်းနေလေ၏။