ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1239 အသန်မာဆုံး အမွေအနှစ်ကို ရရှိခြင်း
” ကောင်းလိုက်တာ … ထူးကဲလိုက်လေခြင်း … ”
ရိုင်းဘတ်၏ မျက်လုံးထဲ၌ ချီးကျူးရိပ်တစ်စွန်းတစ်စပေါ်လာ၏။ သူ ရှီဖုန်းကိုကြည့်သည့်ပုံက ယခင်နှင့် မတူတော့ပေ။ သူက အရည်အချင်းရှိသည့် ကျူနီယာတစ်ယောက်ကိုကြည့်သည့်ပမာ ရှီဖုန်းကိုကြည့်ခဲ့၏။
” သူက ဘယ်သူလဲ … ”
ဆိုင်းလန့်အန်ထရိုပီသည် ရှီဖုန်းကိုကြည့်နေစဥ် စိတ်မအေးနိုင်တော့ပဲ မယုံနိုင်သည့်အမူအရာ ရှိနေလေ၏။
သူက နောက်ဆုံးအခေါက်အမွေအနှစ်ကို ရှင်းလင်းပြီးမှ သူ၏ ကိုယ်ပိုင် တိုက်ပွဲဝင်နည်းစနစ်တစ်ခု ပြုလုပ်ရန် သင်ယူခဲ့တာပဲ ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ရန်က အလုပ်ထက် အပြောက ပိုလွယ်ပေ၏။ နတ်ဘုရားနယ်မြေထဲရှိ နည်းစနစ်များစွာက ပြင်းထန်လွန်းပြီး လူသားများ၏ သဘာဝလှုပ်ရှားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ ဦးနှောက်ပရိုဂရမ်သည် ခန္ဓာကိုယ်၏ ကြွက်သားများကိုထိန်းချုပ်ရန် လူတစ်ယောက်၏ အမူအကျင့်အလိုက် အချက်ပြနေကြဖြစ်ပြီး လုပ်ရပ်များပိုမြန်ဆန်ပြီး ထိရောက်စွာဆောင်ရွက်ခွင့် ပေးထား၏။
နတ်ဘုရားနယ်မြေ၏ အစွန်းတိုက်ပွဲဝင်နည်းစနစ်ကို လျင်မြန်စွာထုတ်ဖော်ချင်လျှင် သူတို့က ဦးနှောက်၏ အချက်ပြမှုကို ပြောင်းလဲနိုင်ရန် လိုအပ်သည်။
ဆိုင်းလန့်အန်ထရိုပီသည် သူ ယခုရှိနေသည့်နေရာကို ရရန်အတွက် သူ၏ အလေ့အထများကို ပြန်လည်ပုံသွင်းရန် တစ်လလုံးအချိန်ကုန်ခဲ့သည်။
ထိုသို့တိုင် သူ၏ လုပ်ဆောင်ချက်ကို အကြိမ်အနည်းငယ်မျှကြည့်ပြီးနောက် ရှီဖုန်းသည် စကေးကျွမ်းသည့်အခြေအနေထိရောက်အောင် ထပ်တူညီစွာ လုပ်ပြနိုင်၏။
” တစ်ယောက်ယောက်က စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပြီဆိုတော့ ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ … ”
ရိုင်းဘတ်က ကြေညာပြီး သူ၏လက်ကို ထပ်မံဝှေ့ရမ်းလိုက်သည်။
ရုတ်တရက် ဆိုင်းလန့်အန်ထရိုပီနှင့် ရက်တစ်ရာနှစ်ယောက်လုံးသည် ကြယ်ကြွေမျှော်စင်၏ အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရ၏။
မျက်တောင်တခက်အတွင်း ကစားသမားနှစ်ယောက်စလုံး နားနေသည့် ဧရိယာထဲ၌ ပေါ်လာသည်။
” တပ်မှူး ဘာကြောင့်ဒီလောက်စောစောထွက်လာတာလဲ … ”
အသက်ပြန်ရှင်ခြင်း ဘုရားကျောင်း၌ စောင့်ကြပ်နေသည့် စကော်ပီယန်သည် ရွက်တစ်ရာ ပြန်ပေါ်လာတာကိုမြင်ပြီး တအံ့တသြမေးလိုက်လေ၏။
ရွက်တစ်ရာသည် ဒုတိယအလွှာစမ်းသပ်မှုကို ပြီးမြောက်ခါစဖြစ်၏။ တတိယအလွှာစမ်းသပ်မှုာ ခက်ခဲမှုဖြင့် သူမသည် ရှင်းလင်းရန်အချိန်ပိုတောင် ယူသင့်သည်။ ထိုသို့တိုင် တတိယအလွှာသို့ရောက်တာ မိနစ်အနည်းငယ်မျှသာ ရှိသေး၏။ ပြန်ထွက်လာနှင့်ပြီး ဖြစ်နေသည်။
” အဲ့ဒီလူက အမွေအနှစ်ကိုရသွားပြီ … ”
ရွက်တစ်ရာက ထိုသို့ပြောပြီး မျက်မှောင်ကြုတ်လိုက်သည်။ မှော်အစီအရင်ထဲ၌ ရှီဖုန်း၏ လုပ်ဆောင်ချက်ကိုမြင်တွေ့သည့်အချိန်၌ သူမ၏ လက်အောက်ငယ်သားကို သတိပေးလိုက်သည်။
” သူထွက်လာဖို့ သိပ်မလိုတော့ဘူး … ထွက်လာပြီဆိုတာနဲ့ သူ့ကို စောင့်ကြည့်ထား … သူက သာမန်ကစားသမားတစ်ယောက် မဟုတ်ဘူး … ”
” တပ်မှူး စိတ်ချထားလိုက် … သူပေါ်လာတာနဲ့ ဝိညာဥ်မှတ်သားခြင်းစာလိပ်ကို သုံးလိုက်မယ် … သူပိုအစွမ်းထက်ရင်တောင် ငါးနာရီတာအတွက် ကျွန်တော်တို့ ခြေရာခံတဲ့နေရာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး … ”
စကော်ပီယန်က ပြောပြီး ရယ်မောလိုက်၏။
နတ်ဘုရားနယ်မြေထဲတွင် ကစားသမားတစ်ယောက်ကို ခြေရာခံရန် နည်းလမ်းများရှိပေ၏။ သို့သော် သူ့ကဲ့သို့ ကျွမ်းကျင်ခြေရာခံသူက လက်တစ်ဆုပ်စာသာ ရှိသည်။
သူ၏ ခြေရာခံအကူအမျိုးအစားသည် ပညာရှင်အဆင့် ဖြစ်ရုံသာမက သူသည် ရှေးဟောင်းအပျက်အစီးနယ်မြေထဲ၌ ဝိညာဥ်မှတ်သားခြင်းစာလိပ်ကိုထုတ်လုပ်ရန် ဒီဇိုင်းတစ်ခုလည်း ရလာခဲ့၏။ ဝိညာဥ်မှတ်သားခြင်းစာလိပ်သည် အသုံးပြုသူအား မှတ်သားခံရသောကစားသမား၏ ဝိညာဥ်ကို ထိန်းထားပေး၏။ ပစ်မှတ်မည်သည့်နေရာသို့သွားသွား စနစ်မြေပုံပေါ်၌ သူတို့ကို ရှာနိုင်မှာပဲ ဖြစ်သည်။ တစ်ခုတည်းသောအားနည်းချက်က ၎င်း၏ တိကျမှုနိမ့်ပါးခြင်း ဖြစ်သည်။ မြေပုံက ပစ်မှတ်၏တည်နေရာအကြမ်းဖျင်းကိုသာ ပြောနိုင်၏။ သို့သော် သူ၏ ပညာရှင်ခြေရာခံအကူအမျိုးအစားဖြင့် ထိုဟာကွက်ကို အလွယ်တကူဖြေရှင်းနိုင်သည်။
” မင်းဆီကို ဒါအပ်ထားလိုက်တော့မယ် … အခြားနေရာကိုသွားပြီး အမွေအနှစ်တွေ တက်နိုင်သမျှမြန်မြန်ယူရမယ် … ”
ရွက်တစ်ရာကပြောပြီး သူမ စိုးရိမ်ပူပန်တာ အနည်းငယ် များလွန်းနေသည်ဟု တွေးလိုက်သည်။ မည်သို့ပင် ပြောခဲ့ပြုခဲ့သည်ဖြစ်စေ မြင့်မြတ်သောဘုရားကျောင်း၏ ထိပ်တန်း လုပ်ကြံသတ်ဖြတ်ရေးသမားထဲမှ တစ်ဦးဖြစ်သည်။ သူ၏ စကေးနှင့် အမျိုးမျိုးသော ကိရိယာများဖြင့် သူ လိုက်တာ ခံရသည့်သူများ လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။
ဦးလေးလီနှင့် ကျန်သည့်သူများ လှုပ်ရှားလျှင် ရှီဖုန်းအဖို့ သူ့၌ တောင်ပံပါပြီး ပြန်ပြေးမည်ဆိုလျှင်တောင် ထွက်ပြေးဖို့က အလွန်ခက်ခဲနေမှာပဲ ဖြစ်သည်။ ပြီးနောက် ရွက်တစ်ရာသည် သူမ၏ လက်အောက်ငယ်သားကို နောက်ထပ်လိုဏ်ဂူဆီသို့ ဦးဆောင်ခေါ်သွားလိုက်၏။
ဆိုင်းလန့်အန်ထရိုပီ၏ ရေတပ်သင်္ဘောအစုကလည်း တူညီပေသည်။ ဆိုရလျှင် ပင်လယ်နဂါးအမွေအနှစ်သည် အမွေအနှစ်တစ်ခုထက် ပိုရှိပေ၏။ သူတို့အချိန်ရှိသရွေ့ အလိုရှိသလောက် အမွေအနှစ်များရနိုင်သည်။
ကြယ်ကြွေမျှော်စင်၏ တတိယအလွှာ၌ ဆိုင်းလန့်အန်ထရိုပီနှင့် ရွက်တစ်ရာတို့ မျှော်စင်အပြင်ဘက်သို့ ပို့ဆောင်ခံရပြီးနောက် ရိုင်းဘတ်သည် ရှီဖုန်းကို တလက်လက်တောက်ပနေသော ရွှေရောင်ဘုရားကျောင်းဆီသို့ မှော်အစီအရင်တစ်ခုကနေ ဦးဆောင်ခေါ်သွားလိုက်သည်။
များစွာသော သလင်းထောက်တိုင်များသည် ဘုရားကျောင်းထဲ၌ ရှိနေပြီး ထောက်တိုင်တိုင်း၏ထိပ်၌ အိုင်တမ်တစ်ခုဆီ ရှိနေသည်။ အိုင်တမ်များသည် ကိရိယာများ၊ လက်နက်များ သို့မဟုတ် ချပ်ဝတ်တန်ဆာများဖြစ်ကြပြီး နတ်ဘုရားနယ်မြေထဲ၌ လက်ရှိ ထိပ်တန်းအမျိုးအစားများ ဖြစ်သည်။ ရှီဖုန်းသည် ဒုတိယအလွှာ၌ သူ မယူခဲ့သည့် လျှို့ဝှက်ခန္ဓာနည်းစနစ်ကိုတောင် တွေ့ခဲ့ ရ၏။
လွတ်လပ်ခြင်းမဟာမိတ်ရဲ့ အသက်သွေးကြောဆိုတော့ ထင်တဲ့အတိုင်းပဲ။
ပင်လယ်နဂါးလျှို့ဝှက်မြေက တကယ်ထူးကဲတာကို ရှီဖုန်း၏ အကြည့်တို့က တောက်ပသွားပြီး သူ့ရှေ့ရှိအမျိုးမျိုးသော အိုင်တမ်များကို ကြည့်နေလိုက်သည်။ သူနှင့်အတူ ဤနေရာရှိ အရာအားလုံးကို ယူသွားနိုင်မည်ဆိုလျှင် ဇီးရိုးဝင်း၏ခွန်အားက မြင့်တက်သွားပေလိမ့်မည်။
ရိုင်းဘတ်က ရှီဖုန်းကို ဘုရားကျောင်းအတွင်းရှိ ကျောက်ရုပ်ထုအတွင်းသို့ ဦးဆောင်ခေါ်သွား၏။ နတ်ရုမ်းများနှင့် ပုံရိပ်များစွာက ကျောက်တုံးပေါ်၌ ထွင်းထုထားပြီး ရှေးသမိုင်းကြောင်းကို ရေးဆွဲထားလေ၏။ ကျောက်တိုင်တစ်ခုလုံးက နတ်ဘုရားစွဲဆောင်ရည်များဖြင့် ဖြာထွက်နေ၏။ ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် ယင်းက ထူးကဲကြောင်း ရှီဖုန်း သိသည်။
” မင်းက အမွေအနှစ်စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့တယ် … ဒီတော့ ပင်လယ်နတိဘုရားရဲ့အမွေအနှစ်ကို ရယူနိုင်ပြီ … ဒါပေမဲ့ အမွေအနှစ်ကို ဆက်ခံနိုင် မဆက်ခံနိုင်ဆိုတာကတော့ မင်းရဲ့ အရည်အချင်းပေါ် မူတည်တယ် … ”
ရိုင်းဘတ်က ပြောလိုက်၏။ ပြီးနောက် ဂါထာတစ်ခုကို စတင်ရွတ်ဆိုလိုက်ရာ ကြီးမားသည့် ကျောက်တုံးကို ကျုံ့သွားစေ၏။ တဖြည်းဖြည်းချင်း လက်ဖဝါးအရွယ်အစားခန့်ရှိသည့် ကျောက်ပြားတစ်ချပ် ဖြစ်သွားတော့သည်။
” ဒါက ပင်လယ်နတ်ဘုရားရဲ့ အမွေအနှစ်အိုင်တမ်ပဲ … ဒါကို ဘယ်လိုအသုံးပြုမလဲဆိုတာက မင်းပေါ်မှာပဲ မူတည်တယ် … အမွေအနှစ်ကျောက်ပြားအပြင် မင်းက ပင်လယ်နတ်ဘုရားဘုရားကျောင်းရဲ့ အမှတ်တစ်သောင်း ဆုချီးမြှင့်ခံရမယ် … ပင်လယ်နတ်ဘုရားဘုရားကျောင်းထဲမှာရှိတဲ့ အိုင်တမ်တွေအတွက် အလှဲအလှယ်လုပ်ဖို့ ဒီအမှတ်တွေကို သုံးလို့ရတယ် … ဒီနေရာမှာပဲ အိုင်တမ်တွေကို လှဲလှယ်နိုင်တယ် … ဒါပေမဲ့ ဒီဘုရားကျောင်းထဲက ထွက်သွားပြီဆိုတာနဲ့ နောင်ကျ အဲ့ဒီအိုင်တမ်တွေကို ရတော့မှာမဟုတ်ဘူး … တခြားနေရာရဲ့ ပင်လယ်နတ်ဘုရားဘုရားကျောင်းထဲမှာပဲ မင်းအမှတ်တွေကို သုံးနိုင်မယ် … အခု ရွေးလို့ရပြီ … ဒီနေရာက ထွက်သွားချင်တယ်ဆိုရင် မှော်အစီအရင်ထဲဝင်လိုက် … ”
ထိုသို့ပြောပြီးနောက် ရိုင်းဘတ်က အလင်းတန်းအဖြစ်အသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့၏။
” နှမြောစရာပဲ … ဒီလိုဖြစ်မယ်မှန်းသိရင် ဒီကိုမလာခင် ပင်လယ်နတ်ဘုရားဘုရားကျောင်းရဲ့ အမှတ်တချို့ကို ရအောင်ယူခဲ့မှာ … ”
စစ်နတ်ဘုရား၏ ဘုရားကျောင်းကဲ့သို့ပင် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းသည် ကစားသမားများကို အမှတ်များရစေသည့် အမှတ်စနစ်တစ်ခု ရှိသည်။ ရုမ်းသလင်းတိုင်းကို ဥပမာယူနိုင်ပေ၏။ သလင်းတိုင်းသည် ဆယ်မှတ်ဖြင့် လှဲလှယ်နိုင်၏။ ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းအမှတ်များကို ရယူနိုင်ရန်အမြန်ဆုံးနည်းလမ်းထဲမှ တစ်ခုဖြစ်၏။
နောက်တစ်နည်းက ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းမှ အထူးတာဝန်များကို ပြီးစီးအောင်ဆောင်ရွက်တာပဲ ဖြစ်သည်။
အမှတ်တစ်သောင်းဟူသည့် ဆုလာဘ်ကြီးဖြစ်သည်။ သူသည် ထိုမျှများပြားသည့် အမှတ်များရရန်အတွက် မှော်သလင်းတစ်ထောင်သုံးရပေမည်။
” ထားလိုက်တော့ … အရင်ဆုံး ဘယ်လိုအိုင်တမ်တွေ ရနိုင်လဲဆိုတာ ကြည့်တာပေါ့ … ”
ရှီဖုန်းသည် သလင်းတိုင်များထဲမှ တစ်ခုဆီလျှောက်သွားပြီးနောက် အိုင်တမ်များ တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်၏။
ဘုရားကျောင်းထဲတွင် သလင်းတိုင်ရှစ်ဆယ့်ရှစ်တိုင် ရှိ၏။ ကံဆိုးသည်မှာ အချို့က လွတ်နေ၏။ လက်ရှိတွင် လှဲလှယ်ရန်အတွက် အိုင်တမ်ရှစ်ဆယ့်နှစ်မျိုးသာ ရသည်။ သူတို့ထဲ၌ ဈေးအပေါဆုံးအိုင်တမ်က အမှတ်ငါးထောင်ဖြစ်ပြီး သတ္ထုရိုင်းများတူးဖော်ရာ၌ ပိုလွယ်ကူစေသည့် ဆန်းကြယ်သမဏိရွေးချယ်မှုပင် ဖြစ်သည်။ ထိုကောက်ယူမှုကလည်း အဆင့်မြင့်သတ္ထုရိုင်းများ ရနိုင်ရန်အခွင့်အရေးရှိသည်။ လေလံတင်ခဲ့လျှင် ရွှေပြားရာကျော်ရနိုင်ပေ၏။ ဈေးအကြီးဆုံးအိုင်တမ်းက အမှတ်တစ်သိန်းတစ်သောင်းတစ်ထောင် ကျသင့်သည်။
ယင်းက အပိုင်းအစဒဏ္ဍာရီလာအိုင်တမ်ဖြစ်နေသောကြောင့် ကျန်သည့်အရာများထက် ထိုအိုင်တမ်ကို ပိုလိုချင်၏။ ဘုရားကျောင်းထဲတွင် တစ်ခုတည်းသော အပိုင်းအစဒဏ္ဍာရီလာအိုင်တမ် ဖြစ်သည်။ ထိုအိုင်တမ်က ပင်လယ်နတ်ဘုရား၏ဒိုင်းဟု ခေါ်၏။ ဒဏ္ဍာရီအဆင့်အဖြစ် မြင့်တင်၍လည်းရသည်။
ထူးကဲဒိုင်း၏ တန်ဖိုးက အဖွဲ့တစ်ခုအတွက်ဆို ပြောရန်မလိုပေ။ အစွမ်းထက်သော MT မရှိဘဲ အားကောင်းသောဘော့စ်ကို အနိုင်ယူခြင်းက စိန်ခေါ်ရာရောက်နေလိမ့်မည်။ MT တစ်ဦးက အပိုင်းအစဒဏ္ဍာရီလာဒိုင်းကို အသုံးပြုနိုင်ခဲ့မည်ဆိုလျှင် အစွမ်းထက်သောဘော့စ်ကို သတ်နိုင်ဖို့က ပိုလွယ်ကူသွားလိမ့်မည်။
သို့သော် ရှီဖုန်းသည် ဒိုင်းကို သရေကျရုံသာ တက်နိုင်၏။ ၎င်းကိုယူရန် အမှတ်များမလုံလောက်ချေ။ အရင်ဆုံး လျှို့ဝှက်ခန္ဓာနည်းစနစ်နဲ့ သွားတာပေါ့။ ရှီဖုန်းသည် သူစောစောတုန်းက မယူနိုင်ခဲ့သော လျှို့ဝှက်ခန္ဓာနည်းစနစ်ကို ချက်ချင်းထုတ်ယူလိုက်၏။
လျှို့ဝှက်ခန္ဓာနည်းစနစ်က အမှတ်သုံးထောင့်ခြောက်ရာကျသင့်သည်။ နည်းစနစ်တစ်ခု တန်ဖိုးများပုံအရ ၎င်းက တန်ကြေးဖြင့် သေချာပေါက်ထိုက်တန်သည်။ လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်သည် မှော်သလင်းသိန်းပေါင်းများစွာဖြင့် ရောင်းချ၏။ ထိုသို့တိုင် ဤနည်းစနစ်က ပိုတန်ဖိုးရှိပြီး ရုမ်းသလင်းသုံးရာခြောက်ဆယ်သာ ကျသင့်သည်။
ကျန်တဲ့အမှတ်တွေနဲ့ ဘာရွေးသင့်လဲ။ လျှို့ဝှက်ခန္ဓာနည်းစနစ်ကို ရယူပြီးနောက် ရှီဖုန်းက သူ၏ ရွေးချယ်မှုကို တွေးလိုက်၏။
ဤနေရာရှိ အိုင်တမ်တိုင်းက အစွမ်းထက်သည့် အံ့ဖွယ်လက်နက်များ၊ ချပ်ဝတ်တန်ဆာများ ချို့ယွင်းမှုမရှိပေ။
သူသည် ရှားပါးသည့်အလယ်အဆင့်မှော်အစီအရင်ဒီဇိုင်းများဖြင့် နောင်လှဲလှယ်နိုင်ပေ၏။ သို့သော် ကျန်ရှိသည့်အမှတ်ဖြင့် သူသည် အိုင်တမ်သုံးခုသာ ထက်ရွေးနိုင်တော့မှာ ဖြစ်သည်။